← Chapters

ထူးဆန်းသော ကျေးရွာ

Vol. 147 Ch. 2087

ထူးဆန်းသော ကျေးရွာ

Vol. 147 Ch. 2087

သီးသန့်စာသင်ကျောင်းရှေ့တွင် ဆယ်ကျော်သက်လေးများ ရှိနေသည်။ သူတို့၏ အကြည့်များက ထူးဆန်းသော ဖြစ်စဉ်ကို စူးစိုက်ကြည့်နေကြ၏။ သူတို့ အကြည့်များက သန့်စင်နေ၏။ တစ်စုံတစ်ယောက်က အသံနိမ့်နိမ့်နှင့် ပြောလိုက်သည်။ "အရမ်းလှတယ်။ ဒီလိုမျိုးကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ။"

"ဆရာ.. ကျွန်တော် ကြားဖူးတာတော့ ကြီးမြတ်တဲ့ ကြမ္မာကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက် ရွာထဲကို ဝင်လာမှသာ ဒီလို နတ်သဘာဝဖြစ်စဉ်တွေ ဖြစ်တတ်တာလို့ ကြားဖူးတယ်။ ဘယ်သူရောက်လာတာလဲဆိုတာ သိလား။" လူငယ်တစ်ယောက်က မေးလိုက်သည်။

သီးသန့်ကျောင်းမှ ဆရာသည် အကြည့်ကို ပြန်ရုတ်လိုက်ပြီး လူငယ်များကို ကြည့်လိုက်သည်။ သူက ပြုံးကာ ခေါင်းကို ယမ်းရင်း ပြောလိုက်၏။ "မသိသေးပါဘူး။ သူတို့တွေ ရွာထဲဝင်လာပြီးရင် သိရမှာ မဟုတ်ဘူးလား။"

လူငယ်လေးများက ပြုံးလိုက်သည်။ သူတို့သည် ဆရာက သူတို့အား စနောက်နေကြောင်း သိကြသည်။

"ဆရာ ကျွန်တော်တို့ ရွာအဝင်ကို သွားကြည့်လို့ရမလား။" တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။

"အင်း... ကျွန်တော်တို့လည်း သွားကြည့်ချင်တယ်။" လူငယ်လေးများက အလွန် ငယ်ရွယ်ပြီး သူတို့က စူးစမ်းချင်စိတ် အပြည့်နှင့် ဖြစ်သည်။ တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ပြီး ထူးဆန်းသည့် အလင်းက သူတို့ ခန္ဓာကိုယ်ပေါ်တွင် စီးဆင်းနေ၏။ ချက်ချင်းပင် နတ်အလင်းများက လေဟာနယ်တွင် စီးဆင်းလာသည်။ ၎င်းက နှိုင်းယှဉ်၍ မရအောင် တောက်ပလင်းလက်လာသည်။ ကျောင်းဝန်းအတွင်းရှိ မေပယ်သစ်ပင်က အလှပဆုံး အနီရောင်မေပယ်ရွက်များနှင့် တူညီစွာ တောက်ပလင်းလက်လာ၏။

"ထိုင်ကြ။" အကြီးအကဲက တင်းမာစွာ ပြောလိုက်သည်။ လူငယ်လေးများက ချက်ချင်းပင် နာခံစွာ ပြန်ထိုင်လိုက်ကြပြီး ခေါင်းငုံ့ထားကြသည်။ သူတို့သည် အကြီးအကဲအား ကြောက်ရွံ့ပုံရသည်။

"သင်ခန်းစာပဲ ဆက်လုပ်ကြတာပေါ့။" အကြီးအကဲက မည်သို့မှ မဖြစ်သကဲ့သို့ ပြောလိုက်သည်။ သူက ရွာအတွင်းမှ သဘာဝဖြစ်စဉ်ကို မမြင်သကဲ့သို့ပင် ဖြစ်၏။ လူငယ်လေးများသည် သူတို့ဆရာက ထိုသို့ ပြုမူနေသည်အား မြင်သောအခါ စိတ်ပျက်လက်ပျက် ဖြစ်သွားကြပြီး နာခံစွာ ပြန်ထိုင်လိုက်ကြသည်။ သူတို့က ပုံမှန် လုပ်ဆောင်ရမည့် သင်ခန်းစာများကို ပြန်လည် လုပ်ဆောင်လိုက်ကြသည်။ စာသင်ကျောင်းထဲမှ အသံများကို ကြားနေရ၏။

သီးသန့်ကျောင်း၏ အပြင်ဘက်မှ ရွာသားများက အသံများ ထွက်ပေါ်လာနေသည့် ကျောင်းသို့ ကြည့်လိုက်ကြသည်။ တောက်ပသည့် ရွှေရောင်အလင်းများက ထိုနေရာမှ တောက်ပလာနေကြသည်။ မရေတွက်နိုင်သော သင်္ကေတများက ကောင်းကင်တွင် မျောလွင့်နေကြသလို ထင်မှတ်ရသည်။

….

သီးသန့်ကျောင်းအတွင်းနှင့်မတူဘဲ ရွာသားများသည် ဝင်ပေါက်တွင် စုစည်းနေကြ၏။

ယခု လေးမျက်နှာကျေးရွာ၏ ဝင်ပေါက်၌ လူ အများအပြား ရှိ​နေကြသည်။ ရွာသားများအပြင် အပြင်ဘက်မှ တန်ခိုးရှင်များလည်း ရှိသည်။ နှစ်ဖက်အဖွဲ့ကို ခွဲခြားရန်မှာ အလွန် လွယ်ကူလှသည်။

ရွာသားများအားလုံးက ပြောင်အင်္ကျီများကို ဝတ်ဆင်ထားကြသည်။ ကျေးရွာအတွင်းတွင် မည်သည့် တောက်ပြောင်သော အဝတ်အစားမှ မရှိပေ။ အပြင်ဘက်မှ လူများအတွက် လေးမျက်နှာကျေးရွာသို့ ဝင်ရောက်နိုင်သည့် မည်သူမဆို သာမန်လူမဖြစ်နိုင်ချေ။ ထို့ကြောင့် သူတို့ အဝတ်များက အလွန် တောက်ပြောင်ပြီး သူတို့ အရှိန်အဝါများက ထူးချွန်ပြောင်မြောက်ပေသည်။

ထို့ကြောင့် နှစ်ဖက်လူများကြား ကွာခြားမှုက အလွန် သိသာပြီး သူတို့အား အကြည့်တစ်ချက်နှင့် ခွဲခြား ပြောနိုင်သည်။

နောက်ဆုံးတွင် လူတစ်စုက ကျေးရွာ၏ အဝင်ပေါက်တွင် ပေါ်ပေါက်လာသည်။ သူတို့တွင် လူနှစ်ယောက်သာ ပါဝင်သည်။ လူတစ်ယောက်က ချောမောပြီး နောက်တစ်ယောက်မှာ သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာသည့် အကြီးအကဲတစ်ယောက်ဖြစ်သည်။

ထိုနှစ်ယောက်ကို မြင်သောအခါ ရွာသားများက သူတို့ မည်သည့်နေရာမှ လာသည်ကို အကြမ်းဖျင်းခန့်မှန်းနေကြသည်။ ထိုလူငယ်လေးက အဓိကအင်အားစုတစ်ခုမှ ဖြစ်နိုင်ပြီး အကြီးအကဲက သူ့အစေခံ ဖြစ်နိုင်သည်။

ထိုလူငယ်လေးနောက်မှ တစ်ယောက်တည်းသာ လိုက်ပါလာရာ ထိုအကြီးအကဲသည် သာမန်မဟုတ်ဟု ဆိုလိုပေသည်။ သူက သေချာပေါက် အလွန် ထူးချွန်သောသူ ဖြစ်နိုင်သည်။

လူငယ်လေးထံ၌လည်း အလွန် အစွမ်းထက်သော ကျင့်ကြံခြင်း ရှိသည်။ သူ၏ အရှိန်အဝါနှင့် သူက ငြိမ်သက်စွာ ရပ်နေလျှင်ပင် ထူးခြားသူ ဖြစ်နေပြီ ဖြစ်၏။

လူငယ်လေးက ထိုလူအုပ်ကြီးအား မြင်သည့်အခါ သိပ်မအံ့သြသွားပေ။ သူ့ အမူအရာက အလွန် တည်ငြိမ်ပြီး သူက သူတို့ကို တစ်ချက်သာ ကြည့်လိုက်သည်။ သူက ကောင်းကင်မှ သဘာဝဖြစ်စဉ်ကို ကြည့်လိုက်ပြီး ထိုသည်အား မြင်သောအခါ ခပ်ရေးရေး ပြုံးလိုက်သည်။

ရှင်းလင်းစွာပင် လေးမျက်နှာကျေးရွာက သူနှင့် မစိမ်းသက်ပေ။ အနည်းဆုံး သူက ဤနေရာသို့ ယခင်က ရောက်ဖူးပြီး ဤနေရာအကြောင်း အတော်များများ သိသည်။

"သူလည်း လာတာပဲ။" အပြင်လူများက လူငယ်လေးအား မြင်သည့်အခါ ထူးဆန်းသည့်အမူအရာ ဖြစ်လာကြသည်။ သို့သော် သူတို့က ချက်ချင်း ပုံမှန် ပြန်ဖြစ်သွား၏။ ပြိုင်ပွဲက အလွန် ပြင်းထန်လှသည်။ ရောက်ရှိလာသူများမှာ ပို၍ ပို၍ ထူးချွန်သူများ ဖြစ်ကြသည်။ ယခု ဤပုဂ္ဂိုလ်သည်ပင် လေးမျက်နှာကျေးရွာ၌ ထွက်ပေါ်လာသည်။

နတ်သဘာဝဖြစ်စဉ်နှင့် အနီရောင်မေပယ်များ ကောင်းကင်တစ်ခွင်ပြည့်နေသည်မှာ အံ့သြစရာမရှိတော့ပေ။

"ဘယ်သူလဲ။ ဘယ်ကနေ လာတာလဲ။" ရွာသားတစ်ယောက်က မေးလိုက်သည်။ အပြင်လူများက ထိုလူငယ်လေးကို သိသော်လည်း ရွာသားများက မသိပေ။

"မျိုးရိုးနာမည်က လု ပါ။ အဆင့်မြင့်ကောင်းကင်ကိုးလွှာက လာတာပါ။" လူငယ်က ပြောလိုက်သည်။ လေးမျက်နှာကျေးရွာမှ လူများသည် သူ ပြောသည်အား ကြားသောအခါ ထူးဆန်းသော အမူအရာတို့ ထုတ်ပြလာခဲ့သည်။

သူ့ မျိုးရိုးအမည်မှာ လု ဖြစ်သည်။

သူက အဆင့်မြင့်ကောင်းကင်ကိုးလွှာ မှ လာခြင်း ဖြစ်သည်။

ရှန်ချင်းနယ်မြေအတွင်း သူ့ မျိုးရိုးက လု ဟု ထိုလေသံမျိုးနှင့် ပြောရဲသည့် တန်ခိုးရှင်မှာ ထိုကလန်မှ လာခြင်း ဖြစ်ရမည်။ ထိုသူသည် ရှန်ချင်းနယ်မြေ၏ အဆင့်မြင့်ကောင်းကင်ကိုးလွှာမှ  ဖြစ်ရုံမက သူက အဆင့်မြင့်ကောင်းကင်တတိယအလွှာမှ လာခြင်း ဖြစ်သည်။

ရွာသားများက အပြင်လောကအကြောင်း မသိကြသော်လည်း ရှန်ချင်းနယ်မြေ၏ အင်အားစုကြီးများနှင့် အလွန် ရင်းနှီး၏။ သူတို့က ရွာသားများနှင့် ရင်းနှီးသော ပတ်သတ်မှု ရှိသည်။

"မင်း ကျုပ်ရဲ့ အိမ်မှာ ဧည့်သည်အဖြစ် လိုက်နေဖို့ ဆန္ဒရှိလား။" ရွာသားတစ်ယောက်က ရှေ့သို့ တက်လာပြီး မေးလိုက်သည်။

အခြား ရွာသားများကလည်း ဖိတ်ကြားချက်များ ကမ်းလှမ်းကြ၏။ သူတို့သည် ထိုလူငယ်လေး သူတို့ အိမ်သို့ လာရောက်တည်းခိုစေချင်ပုံရလေသည်။

သို့သော် လူငယ်လေးက အဖြေပြန်မပေးပေ။ လူအများက သူ့ကို ဖိတ်ကြားနေကြသော်လည်း သူက တိတ်ဆိတ်စွာရပ်နေပြီး တစ်ခုခုကို စောင့်ဆိုင်းနေပုံရ​လေသည်။

ထိုအချိန်တွင် လူတစ်ယောက်က လူအုပ်အပြင်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။ ထိုလူက အလွန် သာမန်ဆန်ပုံရလေသည်။ သူက လူငယ်​လေးအား ကြည့်ကာ ပြောလိုက်သည်။ "ကျုပ် မျိုးရိုးက ဖန်း ပါ။ ကျုပ် သားက အခု ရွာရဲ့ သီးသန့်ကျောင်းမှာ တက်နေတယ်။ အကယ်၍ ကျုပ်တို့ အိမ်ကိုသာ ဧည့်သည်အဖြစ် လာမယ်ဆိုရင် သေချာပေါက် ပျော်စရာပါပဲ။"

လူငယ်လေးက တစ်ဖက်လူကို ကြည့်လိုက်သည်။ သူတို့ မျက်လုံးများက ဆုံမိသွားပြီး လူငယ်လေးက အပြုံးနှင့် ဖြေလိုက်သည်။ "ဒါဆိုရင်တော့ နှောက်ယှက်မှုအတွက် တောင်းပန်ပါတယ်။"

"ကျေးဇူးပြုပြီး ဒီလမ်းကို ကြွပါ။" တစ်ဖက်လူက လက်ဟန်အမူအရာပြကာ ဖိတ်ခေါ်လိုက်သည်။ ထို့နောက် သူတို့က အတူတူ ထွက်ခွာသွားကြ၏။

"တစ်ယောက်ယောက် လာနေတယ်။" သူတို့ ထွက်ခွာသွားပြီးနောက် လူအုပ်ကြီးက နောက်ထပ် လူတစ်စု ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ကြရသည်။ ဤတစ်ကြိမ်၌ ခေါင်းဆောင်မှာ အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမက ထူးထူးခြားခြား လှပပြီး အလွန်

ဆွဲဆောင်မှု ရှိ၏။

"အန်းရော့ဆု" တစ်စုံတစ်ယောက်က ထွက်ပေါ်လာသော အမျိုးသမီးကို မှတ်မိလိုက်သည်။ သူမသည်လည်း ထူးချွန်ထက်မြက်သူတစ်ယောက် ဖြစ်သည်။

ယခင်ကဲ့သို့ပင် လူအများက သူမကို သူတို့အိမ်သို့ ဖိတ်ခေါ်ခဲ့ကြပေမယ့် ဤအမျိုးသမီးသည်လည်း တူညီသော ဆုံးဖြတ်ချက်ကိုသာ ပြုလုပ်ခဲ့သည်။

ရွာသားများက စတင် စိတ်ပျက်လာကြသည်။ သို့သော် အပြင်လူများက ထိုနေရာ၌ ရပ်နေဆဲ ဖြစ်သည်။ သူတို့သည် ထွက်သွားသော ပုံရိပ်များကို ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်က ပြောလိုက်၏။ "သူတို့နှစ်ယောက်လည်း လာတယ်။ ဒီတစ်ခေါက်ကတော့ စိတ်လှုပ်ရှားစရာပဲ။"

"ဒါက စိတ်ဝင်စားစရာ ဖြစ်လိမ့်မယ်။" လူတစ်စုက ပြောရင်း ထွက်ခွာသွားလေသည်။ အနီရောင်မေပယ်ရွက်များက ဆက်လက်၍ အပြည့်အဝ ပွင့်လန်းနေဆဲ ဖြစ်သည်မှာ မီးကဲ့သို့ နီစွေးနေသည်။ လေးမျက်နှာကျေးရွာမှ လူများသည် အနီရောင်မေပယ်များ မည်သူ့အတွက် ပွင့်လန်းနေသည်ကို ဆွေးနွေးနေကြသည်။

အဆင့်မြင့်ကောင်းကင်တတိယအလွှာမှ ထူးချွန်ထက်မြက်သော လူငယ်အတွက်လား။ သို့မဟုတ် ပြိုင်ဘက်ကင်း အလှရှင် အန်းရော့ဆုအတွက်လား။

သူတို့ ထွက်သွားပြီး မကြာခင် နောက်ထပ်လူတစ်စုက ကောင်းကင်၏ မှုန်မှိုင်းမှိုင်းအလင်းကြားမှ ပေါ်ပေါက်လာပြီး ရွာ၏ ဝင်ပေါက်၌ ရပ်နေခဲ့သည်။ သူတို့က ရီဖူရှင်းတို့အဖွဲ့ပင် ဖြစ်လေသည်။

ထိုအနီးဝန်းကျင်တွင် လူများ ရှိနေဆဲဖြစ်သည်။ သူတို့က ရီဖူရှင်းတို့ဘက်သို့ ကြည့်လိုက်ကြ၏။ သူတို့ မျက်လုံးများ၌ ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ ယခု ရောက်လာသည်မှာ လူအများကြီး ဖြစ်ပေသည်။ ဤလူစုက အရေအတွက် အတော်လေး များလှသည်။

ရီဖူရှင်းသည်လည်း တူညီစွာပင် ဤတောင်ပေါ်ရွာအား မော့ကြည့်လိုက်၏။

အနီရောင်မေပယ်များက ကောင်းကင်ကို ဖုံးလွှမ်းထားသည်။ ဤနေရာတစ်ခွင်မှ နိယာမက အပြင်လောကနှင့် မတူညီပုံရလေသည်။

ဤနေရာက သေးငယ်ပြီး အမှီအခိုကင်းသော နေရာဖြစ်သည်ဟု ရီဖူရှင်းက တွေးလိုက်သည်။ အပြင်လောကမှ တစ်စုံတစ်ယောက်က လေးမျက်နှာကျေးရွာကို မမြင်နိုင်ပေ။ လျှောက်လမ်းကို ​ဖြတ်ကျော်နိုင်သူသာ ဤနေရာသို့ ရောက်ရှိနိုင်သည်။ ဤနေရာက အမှန်တကယ် ထူးခြားဆန်းကြယ်လှသည်။

ဒဏ္ဍာရီများက ပြောကြသည်မှာ အရှင်ဒွန်ဟောင်သည်ပင် တစ်ချိန်က လေးမျက်နှာကျေးရွာ၌ ကျင့်ကြံခဲ့သည်ဟု ဖြစ်သည်။

ထိုအချိန်၌ တစ်စုံတစ်ယောက် လက်ကို နောက်ပစ်ကာ လျှောက်လာနေသည်။ သူက ရီဖူရှင်းတို့အား ကြည့်ကာ မေးလိုက်၏။ "မင်းက ဘယ်သူလဲ။ ဘယ်ကနေ လာခဲ့တာလဲ။"

"တုန်းဟွာနယ်မြေက လာတဲ့ ရီဖူရှင်းပါ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ တစ်ဖက်လူက သူ့ကို ကိုးယို့ကားယားနိုင်သော အမူအရာနှင့် ကြည့်လိုက်သည်။ ရီဖူရှင်းက အမှန်တကယ်ပင် အလွန် ဝေးကွာသော နေရာမှ လာခဲ့သူ ဖြစ်သည်။ သူက ဤနေရာသို့ လမ်းစဉ်အခွင့်အလမ်းများ ရရှိရန် ရောက်လာပုံရ၏။ သို့သော် ထိုအရာမျိုးက မည်သို့ လွယ်လွယ်ရနိုင်ပါမည်နည်း။

သူက မည်သည့်စကားကိုမှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားသည်။ အခြားသူများသည်လည်း ရီဖူရှင်း၏ စကားကို ကြားပြီးနောက် ထပ်အရေးမလုပ်တော့ဘဲ လှည့်ထွက်သွားကြသည်။ သူတို့သည် ဤအဖွဲ့က ယခင် အဖွဲ့နှစ်ခုနှင့် တူညီသော အကြောင်းပြချက်ကြောင့် ရောက်လာကြောင်း ထင်ထားသော်လည်း ကြည့်ရသည်မှာ သူတို့ အတွေးလွန်နေပုံရ၏။

***

All Chapters