← Chapters

အပိုင်း ၈၃၇-၈၄၀

Vol. 42 Ch. 837-840

အပိုင်း ၈၃၇-၈၄၀

Vol. 42 Ch. 837-840

အပိုင်း ( ၈၃၇ )

ချီးပဲ၊ ဒီကမ္ဘာမှာ ဘာကို သရဲလဲ

ကံကောင်းထောက်မစွာဖြင့် ယဲ့ဖန်သည် ဤခရီးစဉ်၏ ရည်ရွယ်ချက်ကို အချိန်တိုင်း စွဲမှတ်ထားသောကြောင့် အလှတရားအပေါ် ယစ်မူးမသွားချေ။

အလွန်ဆုံးမှ မျက်စိတစ်မှိတ်သာ ကြာပြီး အသိ ပြန်နိုးကြားလာသည်။

ထို့နောက် သူသည် ကြိုးနောက်ကို ဆွဲကာ ရေတွင်းထဲသို့ ဖြည်းဖြည်းချင်း ဆင်းနေသည်။

ရှုကျင်းရှင်းသည် အစပိုင်းတွင် အနည်းငယ် တုန်လှုပ်သွားသော်လည်း ယဲ့ဖန်၏ ခန္ဓာကိုယ်မှ နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် သူမ၏ နှလုံးသားသည်လည်း အကြောင်းပြချက် မရှိဘဲ ငြိမ်သက်သွားခဲ့သည်။

ကြောက်ရွံ့မှု၏ နှလုံးသားသည် အနည်းငယ် ငြိမ်သက်သွားသော်လည်း အခြားအတွေးများ ထွက်ပေါ်လာပြန်သည်။

ရေတွင်းသည် အလွန်တိတ်ဆိတ်နေပြီး သူတို့နှစ်ဦး၏ မောဟိုက်သံများသာ ရှိနေသောကြောင့် သူမ အနည်းငယ် နီရဲကာ နှလုံးခုန်သွားသည်။

ယောက်ျားတစ်ယောက်နှင့် ဤကဲ့သို့ ထိစပ်လွန်းပြီး မရေရာသည့် ကိုယ်ဟန်အနေအထား ရှိနေသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ရေတွင်းမှာ မှောင်နေသည်။

မဟုတ်ပါက သူမ ရှက်ရွံ့မှုကြောင့် သေဆုံးသွားနိုင်သည်။

ယဲ့ဖန်သည် ဓာတ်မီးကို ကြိုတင်ပြင်ဆင်ထားပြီး ထုတ်ကာ ဖွင့်တော့မည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အပြင်ဘက်မှ ဝိုးတဝါးဖြစ်နေသော စကားသံအချို့ကို ကြားရသည်။

နှစ်ယောက်သား လန့်သွားသည်။

ဒီနေရာကို လုံခြုံရေးဝန်ထမ်းတွေက စစ်ဆေးတာလား။

သို့သော် ရီဖန်းသည် ထိုလူများ၏ စကားကို လျင်မြန်စွာ ကြားလိုက်ရသည်။

" တတိယမြောက်ညီလေး၊ မင်း ငါတို့ကို တလမ်းလုံးခေါ်လာတာ ဒီကိုတဲ့လား။ ဒီသရဲရှိတဲ့ နေရာမှာ ရတနာတွေ တကယ် ရှိနိုင်ပါ့မလား "

" ဒါကို နားမလည်ဘူးလား။ ဒါက ဘယ်မှာလဲ သိလာ "

" ဒါက တင်းရိချန်ရဲ့ အရင်စံအိမ် မဟုတ်ဘူးလား။ ဘယ်သူ မသိလို့လဲ "

" ဒါက တင်းရိချန်လေ။ ဒီလူက ဘာလုပ်လဲ သိလား "

" သူ ဘာလုပ်လဲဆိုတာ ငါဂရုမစိုက်ဘူး။ ငါနဲ့ဘာဆိုင်လို့လဲ "

" ဒီအဘိုးကြီးက သူ မသေခင်က အကျင့်ပျက်အရာရှိပဲ။ သူ့မိသားစုရဲ့ ပိုက်ဆံတွေက တစ်သက်လုံး မကုန်နိုင်လောက်အောင် များတယ်လို့ ပြောလို့ရတယ်။ ခြံထဲမှာ ရတနာတွေ ဝှက်ထားတယ်လို့ မထင်ဘူးလား "

" တတိယအစ်ကို၊ ဟာသမလုပ်ပါနဲ့။ ခြံထဲမှာ ဘယ်သူက ပိုက်ဆံ ဝှက်ထားမှာလဲ "

" ဟုတ်တယ်။ ဖွက်ချင်ရင် သုသာန်မှာ ဖွက်မှာပေါ့။ ငါတို့ သူ့သင်္ချိုင်းကို တူးရမယ်။ ငါတို့ ဒီကို မလာသင့်ဘူး "

" မင်းတို့နှစ်ယောက် ဒီကို လာတာတောင် အရမ်းလန့်နေတာ။ သင်္ချိုင်းကို သွားရဲလို့လား။ တော်ပြီ၊ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရပ်လိုက်ပြီး အဖိုးတန်တဲ့ အရာတွေ ရှိမရှိ အမြန်ရှာကြည့်လိုက် "

ခဏအကြာတွင် အပြင်ဘက်မှ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရပြီး ဓာတ်မီးအလင်းတန်း အနည်းငယ် ရံဖန်ရံခါ ထွက်ပေါ်လာသည်။

ယဲ့ဖန်သည် သူ့ခြေထောက်၏ ခွန်အားဖြင့် ရေတွင်းနံရံကို တွန်းကာ မျက်မှောင်ကြုတ်လိုက်သည်။

" သူတို့ ဒီကိုလာမယ်လို့ ထင်လား "

ရှုကျင်းရှင်း အနည်းငယ် စိတ်လှုပ်ရှားကာ မေးသည်။

" မလာလောက်ဘူး "

ယဲ့ဖန် မသေချာစွာ ခေါင်းခါလိုက်သည်။

သို့သော် သူတို့ စိုးရိမ်လေလေ အနီးကပ်လာလေလေ ဖြစ်သည်။

" ဘာလို့ ဒီမှာ ကြိုးရှိနေတာလဲ "

" ကြည့်ရတာ ကြိုးက အသစ်ဖြစ်ပုံရတယ်။ တစ်ယောက်ယောက်က ရေတွင်းထဲ ဆင်းတာလား "

" ညလယ်မှာ ရေတွင်းထဲ ဆင်းဖို့ ဘယ်သူအှ လုပ်မှာ မဟုတ်ဘူး "

" အဲ့တာကို ညဘက်မှ ဆင်းတယ်လို့ မပြောနိုင်ဘူး။ နေ့ခင်းဘက်ဝင်ပြီး ထွက်လာတုန်းက ဖယ်ဖို့မေ့သွားတာလည်း ဖြစ်နိုင်တယ် "

" ဘယ်လိုလဲ ...... အောက်ဆင်းကြည့်ရအောင်။ အထဲမှာ ရတနာတစ်ခုခုရှိနေရင် ဘယ်လိုလုပ်မလဲ "

" ဟ ဟ၊ အဲ့ဒီထဲမှာ သရဲတွေ ရှိနေရင်ရော ဘယ်လိုလုပ်မလဲ။ သရဲကားတွေကို မကြည့်ဖူးဘူးလား။ ဆံပင်ရှည်နဲ့ သရဲမတွေ ရေတွင်းထဲက ထွက်လာတာ "

" ညဉ့်နက်နေပြီ၊ မင်း တခြားက ပြောပါလား။ ငါကြောက်နေပြီ။ မင်းဘာလို့ သရဲအကြောင်း ပြောနေတာလဲ "

" မင်း ဘယ်လောက် သတ္တိရှိလဲ ကြည့်စမ်း။ မင်း ဒီဘဝမှာ မင်းကံကောင်းနိုင်မှာ မဟုတ်ဘူး။ ငါ မိန်းမကို မထိရတာ ရက်အတော်ကြာနေပြီ။ သရဲမရှိရင် ငါ့အတွက် ကောင်းမယ် "

" မင်းလည်း လူမဆန်တာပဲ။ သရဲမတွေကိုတောင် မလွှတ်ဘူး "

" ငါ အရမ်းအလျင်လိုနေတယ်။ သုတ်ကိုတောင် မလွှတ်တာကြာပြီ။ သရဲမတွေကို ထည့်ပြောမနေနဲ့ "

" ဒါဆိုမှ ငါ ဆီးသွားချင်နေပြီ။ ဆီးသွားလိုက်ရင် အဲ့သရဲမ သေနစ် သေသွားနိုင်တယ် "

ထိုစကားသံ ပြီးသွားသည်နှင့် တပြိုင်နက် ယဲ့ဖန်တို့ ရေတွင်း အပြင်ဘက်မှ ဘောင်းဘီ ကြယ်သီးဖြုတ်သံ ကြားလိုက်ရသည်။

ရှုကျင်းရှင်းသည် ချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားပြီး ယဲ့ဖန်ကို လျင်မြန်စွာ ကြည့်လိုက်သည်။

" ကျွန်မတို့ ဘာလုပ်သင့်လဲ "

ယဲ့ဖန် အံကြိတ်လိုက်မိသည်။

ဒီခွေးသားတွေက တကယ်ပါပဲ။

ခြံအကျယ်ကြီးကို ဆီးသွားဖို့ ဒီကို လာမှရမှာလား။

သူသည် ထိုလူယုတ်မာ သုံးယောက်ကို မည်သို့ ရှင်းရမည်ကို စဉ်းစားနေချိန် သူ့မျက်လုံးမှာ ရုတ်တရက် မှေးသွားပြီး အကြံဆိုးတစ်ခု ပေါ်လာသည်။

ထို့နောက် ရှုကျင်းရှင်း နားထဲသို့ စကားအနည်းငယ် တိုးတိုးပြောလိုက်သည်။

ရှုကျင်းရှင်းသည် ပထမတော့ ငြင်းဆိုလိုက်သည်။

သို့သော် သူမ မလုပ်လျှင် အပေါ်မှ လူတွေက မဖွယ်မရာတွေ လုပ်သည်ကို သူမ မြင်ပြီး ရှက်လို့ သေသွားနိုင်သည်။

ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် သူမ ခေါင်းညိတ်လိုက်သည်။

အပြင်မှ လူနှစ်ယောက်သည် စီးကရက်သောက်လျက် ခါးပတ်ကို ဖြုတ်ပြီး ရေတွင်းထဲသို့ ဆီးသွားတော့မည် ဖြစ်သည်။

ထိုအချိန်တွင် ရေတွင်းထဲမှ အမျိုးသမီးတစ်ဦး၏ အသံ ရုတ်တရက် ထွက်လာသည်။

" ငါ့ကို အသက်ပြန်ပေး ...... "

အသံသည် အလွန်ကျယ်လောင်ပြီး ရေတွင်း၏ ပဲ့တင်သံ သက်ရောက်မှုနှင့်အတူ အသံသည် ပို၍ပင် ကြောက်စရာကောင်းနေသည်။

အထူးသဖြင့် မှောင်မိုက်လွန်းသည့် နေရာ၌ တကယ်ပင် ခြောက်ခြားလွန်း၏။

သူတို့နှစ်ယောက် ချက်ချင်း တုန်တုန်ယင်ယင် ဖြစ်သွားကြပြီး အေးစက်သော လေစိမ်းများ ကျောပြင်မှ တိုက်ခတ်လာပြီး အတွင်းသို့ တန်းပြေးဝင်သွားကြသည်။

ဆီးထွက်ခါနီး ဆီးသွားချင်စိတ်ကို ချက်ချင်း မျိုသိပ်လိုက်ရသည်။

" အမေ၊ သရဲ "

သူတို့ထဲက တစ်ယောက်က ချက်ချင်း အော်ပြီး နောက်သို့ ပြန်ပြေးသည်။

နောက်တစ်ယောက်ကတော့ ပိုလို့ပင် သည်းမခံနိုင်ချေ။

သူ့ခြေထောက်တွေ ပျော့ခွေလာသည်နှင့်အမျှ ဒူးထောက်လိုက်မိပြီး သူ့ခြေဖဝါးတွေ တခဏချင်း စိုစွတ်လာခဲ့သည်။

ကျန်နေသည့်သူက မေးသည်။

" ဘာမှားလို့လဲ "

ပြေးလာသူသည် တုန်လှုပ်ခြောက်ခြားစွာ ပြောသည်။

" တတိယ...တတိယအစ်ကို၊ သရဲ ... သရဲရှိတယ် "

တတိယအစ်ကိုဆိုသူက သူ့ကို ချက်ချင်း ပါးရိုက်လိုက်သည်။

" ဘာကို သရဲလဲ။ ငါက ရုပ်ဝါဒီသမား။ ဒီလောကမှာ သရဲမရှိဘူး "

သူစကားမဆုံးခင် ဆံချည်မျှင်များ ရေတွင်းထဲက ထွက်လာသည်ကို သူတွေ့လိုက်သည်။

အတိအကျပြောရလျှင် လွင့်ထွက်လာတာ ဖြစ်သည်။

သူမ၏ လက်များသည် ဒေါင်လိုက် ပြုတ်ကျလာသောကြောင့် လွင့်နေသလို ဖြစ်နေသည်။

သူမ၏ ဆံပင်များမှာ မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ညလယ်တွင် အလွန်တောက်ပနေသည့် အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။

" ဘာလဲ …......... "

" ဘာလဲ …......... "

" ဘာလဲ …......... "

အော်ဟစ်သံ သုံးခု တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး သူခိုးသုံးဦး ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။

" မင်းက ဘယ်သူလဲ။ မင်း ငါအိပ်နေတာကို ဘာလို့ နှောင့်ယှက်နေတာလဲ။ အခု မင်း ဒီကိုရောက်လာမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့ ..... "

" ထိုသရဲမ"၏ အသံသည် ပို၍ပို၍ ကျယ်လောင်လာကာ သူတို့ သုံးယောက်သည် သေမတတ် ကြောက်လန့်ပြီး ခြံဝင်းနံရံဆီသို့ တစ်ယောက်ပြီး တစ်ယောက် ပြေးတက်သွားကြသည်။

လူတွေသည် အလျင်လိုနေသည့်အခါ အလွဲအမှားတွေ ဖြစ်တတ်သည်။

ယခင်က လျင်မြန်စွာ တက်နိုင်ခဲ့သော နံရံမှာ တက်လိုက်လျှင် ချော်ပြီး ပြန်ပြုတ်ကျကာ အလွဲလွဲအချော်ချော် ဖြစ်နေရသည်။

ခြံပြင်သို့ ခုန်ချပြီးနောက် သူတို့ သုံးယောက် အသက်မရှုရဲသေးဘဲ ရှေ့သို့ အပြင်းအထန် ဆက်ပြေးကြသည်။

အန္တရာယ်ဖြစ်တဲ့အခါ ဘယ်မှာ အလုံခြုံဆုံးလဲ။

ထိန်းသိမ်းရေးရုံးပေါ့။

တင်းရိချန်၏ နေထိုင်ရာစံအိမ် အနီးတွင် ထိန်းသိမ်းရေး ရုံးတစ်ခုရှိသည်။

သုံးယောက်သား မဆိုင်းမတွ ပြေးဝင်လာကြလေသည်။

အပိုင်း ( ၈၃၈ )

တကယ်ပဲ ငရဲလား။

ထိန်းသိမ်းရေးရုံးတွင် ညဆိုင်းဆင်းသည်က အရာရှိအနည်းငယ် ရှိသဖြင့် သူတို့သုံးဦး ထိတ်လန့်စွာ ပြေးဝင်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

သူတို့ထဲမှ နှစ်ယောက်သည် ဖိနပ်ပြတ်သွားပြီး နောက်တစ်ယောက်မှာ ဘောင်းဘီထဲမှ ဆီးနံ့တွေ လှိုင်ထွက်နေသညိ။

အရာရှိများသည် စိတ်ရှုပ်ထွေးနေပြီး ရှေ့တက်ကာ မေးမြန်ရန် ပြင်သော်လည်း သူတို့ သုံးဦးဘက်မှ စတင်ပြောလာသည်။

" သရဲ ..... သရဲ အဲ့ဒီမှာ သရဲရှိတယ် "

အရာရှိအနည်းငယ်သည် တစ်ယောက်ကိုတစ်ယောက် သံသယဖြင့် ကြည့်နေကြသည်။

ခေါင်းဆောင်ဟု ထင်ရသော ယောက်ျားတစ်ယောက်သည် သူတို့သုံးယောက်ဆီသို့ အလျင်အမြန် လျှောက်လာခဲ့သည်။

" မင်းတို့ ဘာဖြစ်သွားတာလဲ။ အတိအကျ ရှင်းပြလို့ ရမလား "

တတိယမြောက်အစ်ကိုဆိုသူက အရာရှိလက်မောင်းကို အမြန် ဆုပ်ကိုင်လိုက်သည်။

" အဲ့တာက တင်းရိချန်ရဲ့စံအိမ်မှာပါ။ အဲ့ဒီမှာ သရဲတွေ ရှိတယ် "

အရာရှိက သံသယကို ဝင်သွားသည်။

" တင်းရိချန်ရဲ့အိမ်ဟောင်းလား။ မင်းတို့ ဘာလုပ်နေတာလဲ၊ နောက်ကျနေပြီ "

သူတို့သည် လိမ်ညာရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ အမှန်တရားကို အမြန်ပြောခဲ့သည်။

" အထဲကိုဝင်ပြီး အဖိုးတန်ပစ္စည်းတစ်ခုခု ရှာတွေ့နိုင်မလားလို့ သွားတာပါ "

" ဒါပေမယ့် လိုက်ရှာနေတုန်း ဆံပင်တွေ ဖွာလန်နေတဲ့ သရဲမတစ်ကောင် ရေတွင်းထဲက ခုန်ထွက်လာတာကို ရုတ်တရက် တွေ့လိုက်ရတာ ...... "

ထိုစကားကို ပြောသောအခါတွင် သူ့မျက်လုံးများရှေ့တွင် သရဲမ ရောက်နေသည်ကို ထပ်မြင်လိုက်ရသလို သူ့မျက်နှာမှာ ရုတ်တရက် ဖြူဖျော့သွားပြန်ဆသည်။

အရာရှိက မျက်မှောင်ကြုတ်သည်။

ဒီကောင် ခုနက ပြောတာတွေက ပုံမှန်ပါပဲ။

ဘာလို့နောက်မှ ထရူးသွားတာလဲ။

ဘယ်က သရဲမလဲ။

ရေတွင်းထဲက ဘာထွက်လာတာလဲ။

ရှုပ်ယှက်ခတ်နေတာပဲ။

" မင်း အခုမှ ပစ္စည်းတွေ သွားခိုးတယ်လို့ ပြောတာလား "

အရာသည် ချက်ချင်းပင် သူ့စကားကို ထောက်လိုက်သည်။

" အဲ့တာက အဓိကမဟုတ်ဘူး။ အဓိကက အထဲမှာ သရဲတွေ ရှိနေတာ "

တတိယအစ်ကိုက ဆက်ရှင်းပြသည်။

အရာရှိ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။

ခိုးမှုသည် ကြီးမားသောကိစ္စ မဟုတ်သော်လည်း ယင်ကောင်မှာ ဘယ်လောက်ပင် သေးငယ်နေပါစေ ရောဂါပိုး သယ်လာမြဲဖြစ်သည်။

" ရှောင်ချန်၊ ရှောင်လီ၊ သူတို့ကို မှတ်တမ်းယူလိုက်။ ရာဇ၀တ်မှု ကျူးလွန်ရတဲ့ အကြောင်းရင်းနဲ့ လုပ်ငန်းစဉ်ကို သေသေချာချာ ရှင်းပြခိုင်းလိုက် "

သူ့ဘေးနားမှ လက်အောက်နှစ်ယောက်ကို ခေါင်းဆောင်က ချက်ချင်း အမိန့်ပေးလိုက်သည်။

ထိန်းသိမ်းရေး အရာရှိနှစ်ဦးသည် ချက်ချင်း ဘေးသို့ ရောက်ရှိလာပြီး သူတို့ သုံးဦးအား စစ်ကြောရေး ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

သူတို့ သုံးယောက် ထွက်သွားသည့်အခါ သတိထားဖို့ ပြောကြသည်။

" သရဲတွေရှိတယ်၊ ကျုပ်တို့ကို ယုံရမယ် ..... "

သူတို့သုံးယောက်အား ခေါ်သွားခံရသည်။

" ကပ္ပတိန်ကျန်း၊ သူတို့ပြောခဲ့တာတွေက မှန်တယ်လို့ ထင်လား ...... တင်းရိချန်ရဲ့ အိမ်ဟောင်းမှာ သရဲရှိတာလား "

ကပ္ပတိန်ကျန်းက သူ့ကို ပြန်ကြည့်သည်။

" သူတို့က စိတ်မနှံ့ဘူးကွ။ ငါတို့က စီးပွားရေးသမားတွေဆိုတာ မမေ့နဲ့ "

လက်အောက်ငယ်သားက အတင်း ပြုံးလိုက်သည်။

" ဒါက နည်းနည်း ရယ်စရာကောင်းမှန်း သိပါတယ်။ ဒါပေမယ့် သူတို့ပြောတဲ့ စကားတွေက အရမ်း လေးနက်နေတာကို မြင်တော့ စိတ်ထဲမှာ နည်းနည်း တုန်လှုပ်သွားသလို ခံစားရတယ် "

ကျန်းသွေ့က အေးစက်စွာ အော်ဟစ်လိုက်သည်။

" သူတို့က အပြစ်မကင်းတဲ့စိတ်နဲ့ သူခိုးလို့ ခေါ်တယ်။ သူတို့ စိတ်ထဲမှာ သရဲတွေ ရှိနေတော့ အရာရာတိုင်းက သူတို့အတွက် သရဲတစ္ဆေတွေလို ဖြစ်နေတာ "

လက်အောက်ငယ်သားက သူ့ကို ချက်ချင်း နားချသည်။

" သူ့စကားတွေက နည်းနည်း မှန်နေတဲ့ပုံရတော့ သွားကြည့်သင့်လား "

ကပ္ပတိန်ကျန်းက သူတို့ကို ဒေါသတကြီး ကြည့်နေသည်။

" ဘာကြည့်မှာလဲ။ သရဲလား၊ သွားချင်ရင် သွား "

စကားပြောပြီးနောက် စစ်မေးခန်းဆီသို့ လှည့်ကြည့်လိုက်သည်။

ပင်ပန်းသွား၍ ပြန်အိပ်ရန် သွားခဲ့သည်။

....................................................

တစ်ချိန်တည်းမှာပင် တင်းရိချန်၏ အိမ်နောက်ဖေးတွင် ရှုကျင်းရှင်းသည် ရူးသွားမတတ် အချိန်အတော်ကြာအောင် ရယ်မောနေခဲ့သည်။

ထိုလူကြီးသုံးယောက် ဆီးထွက်သည်အထိ ကြောက်လန့်နေသည်ကို မြင်ရတာ ရယ်စရာကောင်းလေသည်။

ယဲ့ဖန်သည် သူမ၏ ရယ်မောမှုကြောင့် ကူးစက်ခံခဲ့ရပြီး ခဏတာ ရယ်မောလိုက်သည်။

" မင်းကို ကြည့်စမ်း။ သူတို့ ဘယ်လောက်တောင် ကြောက်နေလဲ။ ဖိနပ်တောင် ပျောက်သွားတယ် "

ရှုကျင်းရှင်း ဒေါသတကြီး စိုက်ကြည့်လေသည်။

" အဲ့တာ ရှင့်ရဲ့ အကြံဆိုးပဲ မဟုတ်လား "

သရဲအဖြစ် ဟန်ဆောင်ခိုင်းသည်မှာ အဆင်ပြေလေသည်။

သို့သော် သူသည် သူမကို လေထဲမြောက်တက်စေရန် အောက်က ပင့်တင်ခဲ့သေးသည်။

ယဲ့ဖန်သည် ထိုကိစ္စကို အလေးအနက်မထားတော့ချေ။

" အဲ့တာက မင်း ကောင်းကောင်း သရုပ်ဆောင်ခဲ့လို့ပါ။ အထူးသဖြင့် 'ငါ့အသက်ကို ပြန်ပေး'လို့ ပြောတုန်းက ကိုယ်တောင် အံ့သြသလို ဖြစ်သွားသေးတယ် "

" မင်းသမီးမဖြစ်ချင်တာ နှမြောစရာပဲ "

ထိုအချိန်တွင် ရှုကျင်းရှင်းသည် သတိမထားမိသော်လည်း ယခု သူမ တွေးမိသည့်အခါ သူမ ကောင်းစွာ သရုပ်ဆောင်ခဲ့သည်။

သရုပ်ဆောင်ဖြစ်ဖို့ အလားအလာ ရှိသည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။

သူမ ကျေနပ်နေမိသည်။

" ကောင်းပြီ၊ စိတ်မဆိုးပါနဲ့။ ကိုယ်တို့မှာ လုပ်စရာ ရှိသေးတယ် "

သူခိုးသုံးယောက်ကြောင့် အချိန်များစွာ နှောင့်နှေးသွားခဲ့သည်။

" သူတို့ ထပ်ပြီး လူခေါ်မလာလောက်ဘူးမဟုတ်လား "

ရှုကျင်းရှင်း အနည်းငယ် စိုးရိမ်နေသေးသည်။

" စိတ်မပူပါနဲ့၊ သတ္တိအခါ တစ်ရာပေးတောင် နောက်တစ်ခါ ဒီကို ထပ်မလာနိုင်တော့ဘူး "

ယဲ့ဖန် စကားပြောပြီးနောက် သူ့လက်တွေကို ပြန်ဖွင့်လိုက်သည်။

ထိုအခါ မိန်းကလေးရှုသည် စလော့တစ်ကောင်လို ယဲ့ဖန်ကို ကျွမ်းကျင်စွာ ဖက်ထားပြီး ကြိုးဖြင့် ဆင်းကြသည်။

သူတို့နှစ်ယောက် ထင်ထားသည်ထက် ပိုနက်သည့် ရေတွင်းထဲကို ပြန်ဝင်သွားကြသည်။

သူတို့သည် ဆယ်မီတာကျော်အထိ ဆင်းနေတာ ဖြစ်သော်လည်း အဆုံးကို မရောက်သေးချေ။

ထိုအချိန်တွင် ယဲ့ဖန်သည် လေထဲတွင် ရုတ်တရက် ရပ်လိုက်ပြီး သူ့ဘေးရှိ ရေတွင်းနံရံကို ခေါက်လိုက်သည်။

ရှုကျင်းရှင်း နားမလည်သဖြင့် မေးသည်။

" ဘာဖြစ်နေတာလဲ "

ယဲ့ဖန်က ပြောသည်။

" ဒီရေတွင်းရဲ့ နံရံက အခေါင်းပေါက်ပဲ "

ရှုကျင်းရှင်းသည် ထက်မြက်သူဖြစ်ပြီး သူမ၏ မျက်လုံးများသည် ချက်ချင်းတောက်ပလာတော့သည်။

" အထဲမှာ တစ်ခုခု ဝှက်ထားတာလား "

ယဲ့ဖန် စကားအများကြီးမပြောဘဲ သူ့ကျောပေါ်ရှိ ဂေါ်ပြားကို ဆွဲယူလိုက်သည်။

" ဖွင့်ကြည့်လိုက်တာပေါ့ "

စကားပြောရင်း ရေတွင်းနံရံကို ထိုးချလိုက်သည်။

သူသည် အလွန်အင်အားကြီး၍ အနည်းငယ်သော ထိုးနှက်ရုံဖြင့် အပြာရောင်အုတ်ဖြင့်ပြုလုပ်ထားသော ရေတွင်းနံရံကို ဖောက်လိုက်နိုင်သည်။

ဝုန်း ....

အပြာရောင်အုတ်ခဲတစ်ပုံသည် ချက်ချင်း ပြိုကျသွားပြီး အတွင်းဘက်တွင် လျှို့ဝှက်နေရာတစ်ခု ပေါ်လာသည်။

ယဲ့ဖန်သည် ချက်ချင်းပင် ဓာတ်မီးကို ယူကာ အထဲကို လှမ်းထိုးကြည့်ပြီးနောက် အတွင်းတွင် မဟော်ဂနီရောင် သေတ္တာနှစ်လုံးကို သပ်ရပ်စွာချထားသည်အား တွေ့လိုက်ရသည်။

မဟော်ဂနီ သေတ္တာများသည် တစ်မီတာစတုရန်းပတ်လည်ရှိပြီး ကြေးနီသော့ခလောက်များဖြင့် သော့ခတ်ထားသည်။

" မင်း အရင်ဝင်လိုက် "

ယဲ့ဖန်သည် ရှုကျင်းရှင်းအား ဝင်ရန် တွန်းပို့ပေးလိုက်သည်။

ရှုကျင်းရှင်း ရှက်နေသော်လည်း သူမသည် ဤအချိန်တွင် များစွာသော အကြောင်းအရာများကို ဂရုမစိုက်နိုင်ဘဲ ပထမဆုံး အထဲသို့ တိုးဝင်လိုက်သည်။

ယဲ့ဖန်လည်း အနောက်မှ တက်လာသည်။

ထိုမှသာ သူတို့နှစ်ဦးသည် လျှို့ဝှက်အခန်းမှာ ဆယ်မီတာ စတုရန်းပတ်လည်ခန့် ကျယ်ဝန်းကြောင်း ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

လိုဏ်ခေါင်းထဲတွင် ထိုသေတ္တာနှစ်လုံးမှ လွဲ၍ အခြား မည်သည့်အရာမှ မရှိပေ။

" ဒီအဘိုးကြီးတင်းက ကပ်စီးကုတ်တာပဲ။ ဒီလို ကြီးမားတဲ့ ရတနာအိမ်ကြီးထဲမှာ ရွှေငွေ ရတနာတွေ ထပ်မထည့်ဘဲ ဒီသေတ္တာနှစ်လုံးပဲ ထားတာလား "

ယဲ့ဖန် မကျေမနပ် ဖြစ်နေသည်။

" သေတ္တာကို မြန်မြန်ဖွင့်ပြီး အထဲမှာ ဘာတွေပါလဲ ကြည့်ရအောင် "

ရှုကျင်းရှင်း၏ စူးစမ်းလိုစိတ်သည် တစ်ဖန် နိုးကြားလာပြီး သူမ အလျင်အမြန် တိုက်တွန်းလိုက်သည်။

ယဲ့ဖန်သည် ကြေးနီသော့ခလောက်၏ တည်ဆောက်ပုံကို လေ့လာရန် စိတ်မ၀င်စားသောကြောင့် ဂေါ်ပြားဖြင့် ရိုက်ချလိုက်သည်။

နှစ်အတော်ကြာပြီးနောက် ကြေးဝါသော့ခလောက်သည် ယိုယွင်းနေပြီး ချက်ချင်း ပြုတ်ကျသွားသည်။

သေတ္တာအဖုံးကို ဖယ်ကာ အတွင်းဘက်သို့ ထွန်းကြည့်ရန် ဓာတ်မီးကို ယူလိုက်သည်။

ထို့နောက် နှစ်ယောက်သား တပြိုင်နက်တည်း မျက်လုံးပြူးသွားကြသည်။

တကယ်ပဲ ငရဲလား။

ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့၏ မျက်လုံးများသည် ရွှေရောင်အစက်များအဖြစ်သို့ ပြောင်းလဲသွားတော့မည် ဖြစ်သည်။

အကြောင်းမှာ ဤသစ်သားသေတ္တာထဲ၌ ရွှေများအပြည့် ရှိနေခြင်းကြောင့် ဖြစ်သည်။

မြင်ကွင်းမှာ တကယ် အံ့အားသင့်စရာ ကောင်းသည်။

ယဲ့ဖန်သည် ယခုအခါ အာဏာရှိသူဌေးကြီးအဖြစ် သတ်မှတ်ခံထားရပြီး သူ့လက်ထဲတွင် အရေးကြီးဆုံးအရာမှာ ငွေဖြစ်သည်။

သို့သော် ငွေစက္ကူ မည်မျှပင် ရှိပါစေ ရွှေကဲ့သို့ တုန်လှုပ်စရာ မရှိချေ။

အထူးသဖြင့် မျက်စိရှေ့တွင် ရွှေအပုံလိုက် အများကြီးရှိနေသည်။

အပိုင်း ( ၈၃၉ )

အဲ့တာ မကြားဘူးပေမယ့် ဝယ်ချင်တယ်။

ရှုကျင်းရှင်း လက်လှမ်း ရွှေတုံးကို ကိုင်လိုက်ရာ အတော် လေးလံနေသည်။

" ဒီတစ်တုံးက ဘယ်လောက် အလေးချိန်ရှိလဲ "

ယဲ့ဖန်လည်း တစ်တုံးကို ကိုင်ပြီး ကြည့်လိုက်သည်။

" ဒါက ၁၂ကျင်းရှိတယ် "

( ၆၀၀ဂရမ် )

ရှုကျင်းရှင်း သူ့ကို အံ့အားသင့်စွာ ကြည့်နေသည်။

" ဘယ်လိုသိတာလဲ "

ယဲ့ဖန် သူမကို အောက်ခြေသို့ ညွှန်ပြလိုက်သည်။

" အောက်ခြေမှာ ရေးထားတယ် "

ရှုကျင်းရှင်းသည် ချက်ချင်းပင် မျက်လုံးပြူးသွားသည်။

" ဒါဆို ဒီရွှေထည်က ဘယ်လောက်တန်လဲ "

" အရင်က ရှန်းကျင်းလေလံအိမ်မှာ လေလံပွဲတစ်ခုရှိခဲ့ဖူးတယ်။ ချင်မင်းဆက်က ရွှေထည် ၁ကျင်းကို ၁.၁သန်းလောက်နဲ့ လေလံတင် ရောင်းချခဲ့တာ မှတ်မိတယ် "

ယဲ့ဖန် နောက်ထပ်သေတ္တာကို ဖွင့်ရင်း ပြန်ဖြေလိုက်သည်။

ထိုသေတ္တာမှာသည် ရွှေထည့်ထားသော သေတ္တာတစ်လုံးလည်း ဖြစ်သည့်အတွက် အံ့သြစရာ မဟုတ်ပေ။

" တစ်ကျင်းကို ၁.၁ သန်းလောက် တန်နိုင်တယ်။ ဒါဆို ဒီသေတ္တာထဲမှာ ရွှေဘယ်နှစ်ကျင်းလောက် ရှိလဲ "

ရှုကျင်းရှင်း အံ့သြစွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။

" ဒီထဲမှာ ကျင်း၂၀၀ ကျော်လောက် ရှိရမယ် "

ယဲ့ဖန်သည် သေတ္တာနှစ်လုံးမှာ ကျင်း ၄၀၀မှ ၅၀၀ခန့် ရှိသင့်သည်ဟု အကြမ်းဖျင်း ခန့်မှန်းသည်။

ရှုကျင်းရှင်းသည် စိတ်ထဲမှ တွက်ချက်မှုတစ်ခုပြုလုပ်ပြီးနောကိ သူမ၏ ပါးစပ်လေးမှာ ပို၍ ကျယ်လာသည်။

" ဆိုလိုတာက ဒီရွှေသေတ္တာ နှစ်လုံးက သန်း၅၀၀ကျော်နဲ့ ရောင်းလို့ ရတာလား "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" အဲ့လောက်နီးပါးပဲ "

ရှုကျင်းရှင်း သူ့ကို မသင်္ကာသော အမူအရာဖြင့် ကြည့်သည်။

" အမှန်တိုင်းပြော။ ရေတွင်းထဲမှာ ရတနာ ရှိတယ်ဆိုတာ ဘယ်လို သိတာလဲ "

ဤအချက်မှာ အနည်းငယ် မယုံနိုင်စရာ ဖြစ်သည်။

ရွှေများကို အတော်နက်သည့် နေရာ၌ ဝှက်ထားသောကြောင့် ရွှေပိုင်ရှင်မှ လွဲ၍ မည်သူမျှ မသိနိုင်ပေ။

သို့သော် ယဲ့ဖန်မှာ အတိအကျ သိနေသည်။

ဤသည်ကို သာမာန်သဘောဖြင့် ရှင်းပြ၍ မရချေ။

" သေချာ နားထောင်ချင်လား "

ယဲ့ဖန် သူမကို တိတ်တဆိတ် ကြည့်နေသည်။

ဤအကြည့်သည် ရှုကျင်းရှင်းကို ကြက်သီးထစေသည်။

ရတနာ ရှာပြီးနောက် အဝေမငှ၍ အချင်းချင်း သတ်ကြသည့် ဇာတ်လမ်းများစွာကို သူမ ကြားဖူးသည်။

သူမသည် ရွှေကို ယူရန် မရည်ရွယ်ထားသည့်အပြင် ယဲ့ဖန်မှ သူမကို မထိခိုက်စေကြောင်း သိသော်လည်း သူမ လန့်နေမိသေးသည်။

" ဟားဟားဟား၊ ကိုယ် မင်းကို နောက်နေတာပါ။ တကယ်တော့ ကိုယ်လည်း မတော်တဆ သတင်းရခဲ့တာ။ အဲ့တာကြောင့် ကံစမ်းချင်တာ ဆိုပေမယ့် တကယ်ကြီး ရှာတွေ့ဖို့ မမျှော်လင့်ထားဘူး "

ယဲ့ဖန်သည် ချက်ချင်း သူ၏ အပြုံးကို ပြန်လည်ရရှိလာကာ ပေါ့ပါးစွာ ပြောလိုက်သည်။

ရှုကျင်းရှင်း၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့် သူသည် လိမ်ညာပြောဆိုနေသည်ကို သဘာဝကျစွာ သိသော်လည်း တစ်ဖက်မှ မပြောချင်နေသောကြောင့် ထပ်မေးရန် စိတ်မ၀င်စားတော့ပေ။

" ရွှေတွေ အများကြီးကို ဘယ်လိုသယ်မှာလဲ "

" ကိုယ် အိတ်တစ်ခုကို ယူလာသေးတယ်။ အိတ်ထဲမှာ အရင်ထည့်လိုက် "

ယဲ့ဖန်သည် ကြိုတင် ပြင်ဆင်ထားသော အိတ်ကို ထုတ်ယူလိုက်ပြီး နှစ်ယောက်သား ရွှေများကို ထည့်လိုက်ကြသည်။

အိတ်၏ အရည်အသွေးမှာ စိုးရိမ်စရာဖြစ်၍ တစ်လုံးထဲမှ အများကြီးထည့်လို့ မရချေ။

မဟုတ်ပါက ပျက်လွယ်လိမ့်မည်။

သူတို့နှစ်ယောက် ရေတွက် ထုပ်ပိုးပြီး နောက်ဆုံး အိတ်တစ်ခုစီ၌ ရွှေအချောင်းတစ်ရာပါသည့် စုစုပေါင်း အိတ်ငါးလုံး ရလာသည်။

သူတို့ နှစ်ယောက်လုံးတွင် စုစုပေါင်း ရွှေတုံးငါးရာ ရှိသည်။

ယဲ့ဖန်သည် ဤတာဝန်၏ ရရှိမှုကို အလွန်ကျေနပ်နေသေးပြီး ရှုကျင်းရှင်းအား ပြုံးလျက်ပြောသည် ။

" ကိုယ် အရင်တက်သွားလိုက်မယ်။ ဒီအိတ်တွေကို အောက်ကနေ ကြိုးနဲ့ ချည်ပေးလိုက် "

ရှုကျင်းရှင်းသည် ထိုစကားကို ကြားသောအခါ သူမ တုံ့ဆိုင်းသွားသည်

" ကျွန်မကို ဒီမှာ တစ်ယောက်တည်း ထားခဲ့မလို့လား "

ယဲ့ဖန် သူမပုခုံးပေါ်၌ လက်တင်လိုက်သည်။

" မင်းက အဲ့လိုမိန်းမ မဟုတ်တော့ဘူး။ စူးစမ်းရှာဖွေသူပဲ "

" စူးစမ်းရှာဖွေသူတွေက ရဲရင့်တဲ့ နှလုံးသား ရှိရမယ်။ မင်းလုပ်နိုင်မယ်လို့ ကိုယ် ယုံကြည်တယ် "

ထိုစကား ပြောပြီးသောအခါ လျှို့ဝှက်ခန်းမှ ထွက်လာပြီး ကြိုးဖြင့် ပြန်တက်လာသည်။

ရှုကျင်းရှင်း သူမကိုယ်သူမ အားတင်းလိုက်သော်လည်း သူမ အနည်းငယ် စိတ်လှုပ်ရှားနေသေးသည်။

ငါ အရင်က နေ့တိုင်း စူးစမ်းဖို့ အပြင်ထွက်ဖို့ မျှော်လင့်ခဲ့ပေမယ့် အခုတော့ နောက်ဆုံး အခွင့်အရေး ရနေပြီကို ကြောက်နေရင် ယဲ့ဖန်က ရယ်လိမ့်မယ်။

ထိုအချက်ကို တွေးပြီး သူမစိတ်ထဲမှ ကြောက်စိတ်တွေကို ချက်ချင်းဖယ်ထုတ်လိုက်ပြီး အိတ်ကိုချည်ဖို့ လျှောက်သွားကာ ကြိုးကိုဆွဲပြီး ယဲ့ဖန်ကို အကြောင်းကြားလိုက်သည်။

ရွှေအချောင်းတစ်ရာပါသော အိတ်ကို ယဲ့ဖန်က အမြန်ဆွဲတင်လိုက်သည်။

သူတို့နှစ်ဦးသည် အတူတူ ပူးပေါင်းဆောင်ရွက်ကြပြီး ခဏအကြာတွင် အိတ်ငါးအိတ်လုံးကို သယ်ထုတ်နိုင်ခဲ့သည်။

နောက်ဆုံး၌ ယဲ့ဖန်မှ ရှုကျင်းရှင်းကို ကြိုးဖြင့် ဆွဲတင်လိုက်သည်။

နှစ်ခါကို ဆင်းတက်ပြီးနောက် ဦးခေါင်းနှင့် ခန္ဓာကိုယ်များတွင် မြေကြွက်နှစ်ကောင်ကဲ့သို့ ဖုန်မှုန့်များနှင့် ဖုံးလွှမ်းသွားသည်။

နှစ်ယောက်သား ရှက်ကိုးရှက်ကန်းဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရေတွင်း၏ အဝတွင် ချက်ချင်း လှဲချကာ ရယ်မောလိုက်ကြသည်။

ယခုတစ်ကြိမ် ရတနာ လိုက်လံရှာဖွေခြင်းသည် အန္တရာယ်တစ်စုံတစ်ရာ မကြုံတွေ့ရသော်လည်း သူတို့နှစ်ဦးမှာ ရဲဘော်ရဲဘက်များကဲ့သို့ တိတ်တဆိတ် နားလည်မှု ရခဲ့သည်။

" ယဲ့ဖန် ကျေးဇူးတင်ပါတယ် "

" ကျေးဇူးတင်စရာ မလိုဘူး မဟုတ်လား "

" ကျွန်မ အမြဲတမ်း စူးစမ်းလေ့လာသူ ဖြစ်ချင်ပေမယ့် အခွင့်အလမ်းကို ရှာမတွေ့ခဲ့ဘူး။ ရှင်က ကျွန်မရဲ့ လမ်းပြဖြစ်ပေးပြီး ပထမဆုံးခြေလှမ်းကို လှမ်းနိုင်အောင် ကူညီပေးခဲ့တယ်လေ "

" မင်းအစ်ကိုသိရင် သူက ကိုယ့်အရေခွံကို ုတ်ချွတ်ပစ်လိမ့်မယ် "

" ဟားဟား၊ စိတ်မပူပါနဲ့။ ကျွန်မ ရှင့်ကိုကာကွယ်ပေးမယ် "

" ဒါဆို မင်းစကား တည်ရမယ် "

" ဒါဆို ဒီတစ်ခေါက်ရော ကျွန်မနဲ့ ဘယ်လောက်ခွဲဝေဖို့ စီစဉ်ထားလဲ "

" မနေ့က မင်းအတွက် ကိုယ် ပိုက်ဆံအများကြီး ရှာပေးခဲ့တယ်လေ။ ဒီတစ်ခါ မခွဲတော့ဘူးလားလို့ "

" တစ်ခြံဆို တစ်ခြံပဲလေ။ ဒီတစ်ခါ ကျွန်မ ရှင့်ကို အများကြီး ကူညီပေးခဲ့တယ်။ သူတို့ကို ကြောက်အောင် သရဲအဖြစ် ကျွန်မ ဟန်ဆောင်မပေးဘူးဆိုရင် ရှင့်ကို တွေ့သွားလိမ့်မယ် "

" ကောင်းပြီလေ၊ ဒါက မင်းရဲ့ ပထမဆုံးဆိုတော့ ဒါကို အမှတ်တရ လက်ဆောင်အဖြစ် ရွှေတစ်တုံး ပေးမယ် "

" ဟွန့်၊ ကပ်စေးကုတ် "

နှစ်ယောက်သား စကားတွေချည်း ပြောနေကြသည်။

အကြောင်းတစ်ခုခုကြောင့် လေထုကို စောစီးစွာ မဖျက်ဆီးချင်ကြချေ။

ထိုအခိုက်အတန့်တွင် ယဲ့ဖန်၏ နားထဲတွင် စနစ်မှ အချက်ပေးချက်တစ်ခု ထွက်ပေါ်လာသည်။

[ ရတနာ လိုက်လံရှာဖွေခြင်း တာန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သော လက်ခံသူအား ဂုဏ်ပြုပါသည်။ စနစ်မှ ဆုလာဘ် - ရှန်းနုန်ဆေးဝါးအုပ်စု တန်ဖိုး ၆.၅ ဘီလီယံ ...... ]

ထိုဆုလာဘ်ကို ယဲ့ဖန် ကြားသောအခါ အံ့အားသင့်သွားသည်။

ဒါကမှ တကယ့်ဆုလာဘ်ပဲ။

ထိုဆုကြေးငွေနှင့် နှိုင်းယှဉ်ပါက ရွှေအတုံး၅၀၀သည် ရိုးရှင်းသော အမြည်းသာဖြစ်သည်။

"ကျင်းရှင်း၊ ရှန်းနုန်ဆေးအုပ်စုကို ကြားဖူးလား "

ရုတ်တရက် မေးလိုက်သည်။

ရှုကျင်းရှင်းသည် ချိုမြိန်သော လေထုထဲတွင် နှစ်မြုပ်နေခဲ့သည်။

သူ့ကြောင့် ရုတ်တရက် ပျက်စီးသွားသောအခါ သူမ အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။

" ကျွန်မ မကြားဖူးဘူး။ ဘာကိစ္စရှိလို့လဲ "

" ကိုယ်လည်း မကြားဘူးပေမယ့် ဝယ်ချင်လို့ "

" ........ "

ရှုကျင်းရှင်းသည် သူ့၏ တွေးခေါ်ပုံမှာ အဆင့်ကျော်လွန်းသည်ဟု ခံစားမိပြီး သူမ လုံးဝ မလိုက်နိုင်တော့ပေ။

ကုမ္ပဏီနာမည်တောင် မကြားဖူးသေးဘဲ ဝယ်ချင်တာလား။

ယဲ့လူကြီးမင်းသာ ဤသို့ အံ့သြစရာကောင်းသည်ကို လုပ်နိုင်ကြောင်း ခန့်မှန်းနိုင်သည်။

အပိုင်း ( ၈၄၀ )

ဒါက တကယ်ကို မျက်စိကျိန်းစေနိုင်တာပဲ

တစ်ဖက် Sotheby၏ ယန်းချန်မြို့ ရုံးရှိ အစည်းအဝေးခန်းထဲတွင် လေထုအခြေအနေမှာ စည်းချက်မညီပေ။

နိုင်ငံခြားမှ တရုတ်ရုံးချုပ် ဒါရိုက်တာ ဝီလီယံစမစ်သည် တရုတ်စကားဝဲဝဲဖြင့် ပြောနေပြီး လူတိုင်းကို ဒေါသထွက်နေသည်။

" ခင်ဗျားတို့ ဘာလုပ်နေကြလဲ မသိတော့ဘူး။ ဒီနှစ်ဝက်ရဲ့ လုပ်ဆောင်ချက်က ဘာလို့ ဒီလောက်ထိ ဆိုးဆိုးဝါးဝါး ကျဆင်းနေရတာလဲ။ အခု ရှင်းပြချက် ပေးကြ "

ယန်းချန်မြို့ ဌာနခွဲမှ အမှုဆောင်အရာရှိများ အားလုံးသည် နှုတ်ဆိတ်နေပြီး သူတို့ကို အပြစ်တင်ခွင့် ပေးထားလိုက်သည်။

ဘယ်သူကမှ စကားမပြောသည်ကို မြင်လိုက်ရပြီး ဝီလီယံစမစ်က ဘယ်ဘက်ခြမ်းမှာ ထိုင်နေသည့် ချန်းချုံရှန်းကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

" ချန်း၊ မင်း ကျုံးဟိုင်ကနေ ယန်းချန်ကို ပြောင်းရွှေ့လာရတဲ့ အကြောင်းရင်းက စွမ်းဆောင်ရည် ကျဆင်းနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ပဲ။ ဒါပေမယ့် ဒီအချိန်တွေမှာ မင်း ဘာတွေ လုပ်နေတာလဲ။ မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ ဘာလို့ မမြင်ရတာလဲ "

သူ့အမေးကို ရင်ဆိုင်ရင်း ချန်းချုံရှန်းသည် ထိုအရာကို မရှောင်နိုင်ကြောင်း သိသည့်အတွက် ဂရုတစိုက်ဖြင့် ပြောရမည် ဖြစ်သည်။

" ဒါရိုက်တာစမစ်၊ ကျေးဇူးပြုပြီး သေချာစဉ်းစားကြည့်ပေးပါဦး။ ယန်းချန်မြို့က နေရာကျဉ်းကျဉ်းလေးဖြစ်ပြီးတော့ လေလံပွဲတွေလည်း သိပ်မများပါဘူး။ ရုံးချုပ်က ပစ္စည်းကောင်းတွေ ရှိတိုင်း ရှန်းကျင်းမြို့ကို ပို့ပေးပါတယ်။ သူတို့က ကျွန်တော်တို့ဘက်ကို ဘယ်တော့မှ ဂရုမစိုက်ပါဘူး။ လေလံပွဲတွေ ရဖို့အတွက် သူငယ်ချင်းတစ်ယောက်ဆီကိုတောင် အကူအညီ တောင်းခဲ့ရပါသေးတယ်။ ဒီထပ်ပိုပြီး မတက်နိုင်တော့ပါဘူး ...... "

သူစကားဆုံးအောင် မစောင့်ဘဲ စမစ်က သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

" ဒီအကြောင်းပြချက်တွေကို ငါမကြားချင်တော့ဘူး။ မင်းငါ့ကို ဘယ်လိုဖြေရှင်းချက် ပေးမှာလဲ "

ချန်းချုံရှန်း မျက်မှောင်ကြုတ်လိုက်သည်။

" စွမ်းဆောင်ရည် ကျဆင်းရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ မကြာသေးမီက လေလံတင်ရောင်းချခဲ့တဲ့ လေလံပွဲမှာ ရှေးဟောင်းပစ္စည်း၊ လက်ရေးလှနဲ့ ပန်းချီကားတွေပဲ ဖြစ်နေလို့ပါ။ အသစ်အဆန်းတွေ မရှိပါဘူး။ ဖောက်သည်ဟောင်းတွေကလည်း ပစ္စည်းတွေ ထပ်နေရင် ဝယ်ချင်မှာ မဟုတ်ပါဘူး။ အ့တာကို ဖြေရှင်းချင်ရင် အသစ်တစ်ခုခု ရှာရမှာပါ "

စမစ်က သူ့အဖြေကို မကျေနပ်ချေ။

" ဒါဆို မင်းတွေ့ပြီလား "

ချန်းချုံရှန်းသည် မတတ်နိုင်ဘဲ လှောင်မိသည်။

" အဲ့တာက ဘယ်လိုလုပ် လွယ်မှာလဲ။ ရုံးချုပ်က ယန်းချန်ဌာနခွဲကို ဘယ်တုန်းကမှ ဂရုမစိုက်ဘူး။ စွမ်းဆောင်ရည် ပြနိုင်တယ်ဆိုတာကိုပဲ သူတို့ သိတာ ....."

ဘုန်း ......... "

စမစ်သည် စားပွဲကို ရိုက်ချလိုက်ပြီး သူ့ကို စိုက်ကြည့်နေသည်။

" ရုံးချုပ်ကို တာဝန်ပုံမချနဲ့။ အားလုံးက ရုံးချုပ်ပေါ်မှာပဲ မူတည်နေတယ်ဆိုရင် ငါ မင်းကို ဒီမှာ ဘာလုပ်ရတော့မှာလဲ။ ဝက်တွေပဲ မွေးထားလိုက်တာ ပိုကောင်းဦးမယ် "

ရှိနေကြသော အကြီးတန်း အမှုဆောင်အရာရှိများ အားလုံးသည် သူ့စကားကို ကြားသောအခါတွင် သူတို့၏ မျက်နှာ၌ အကျည်းတန်သော အမူအရာပေါ်လာသော်လည်း စကားမပြောရဲကြပေ။

သို့သော် ချန်းချုံရှန်းသည် သူ၏ အကျင့်ဆိုးများကို ထိန်းမထားနိုင်သောကြောင့် စားပွဲကို ရိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

" ရုံးချုပ်က အမြဲတမ်း ဘက်လိုက်နေပြီး ကောင်းတဲ့အရာတွေကို တခြားဌာနခွဲတွေမှာ လေလံတင်ထားတယ်။ ဒီဘက်ကို လုံးဝ ဂရုမစိုက်ဘူး။ အဲ့တာဆို ရုံးချုပ်ကို ဘာအတွက် လိုအပ်တော့မှာလဲ "

သူပြောသည့် စကားကြောင့် လူတိုင်း ချက်ချင်း အံ့အားသင့်သွားသည်။

သူ၏ စကားများသည် "ပုန်ကန်ခြင်း"နှင့် တူညီနေပြီ ဖြစ်သည်။

စမစ်သည်လည်း ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ချန်းချုံရှန်းကို အေးစက်စွာ ကြည့်နေသည်။

" ချန်း၊ မင်းစကားကို ပြန်သိမ်းရင် ပိုကောင်းမယ်။ ဒါမှမဟုတ် ငါ အမှန်အတိုင်း ရုံးချုပ်ကို အစီရင်ခံလိုက်မယ်။ အကျိုးဆက်က ဘာဖြစ်မယ်ဆိုတာ မင်းသိလား "

ချန်းချုံရှန်းက အေးစက်စွာ နှာမှုတ်လိုက်သည်။

" ဘာပဲဖြစ်ဖြစ် ကြိုက်သလို သတင်းပို့။ ပြောချင်တာ အဲ့တာပဲ "

" ပြဿနာဖြေရှင်းစေချင်ရင် ရတယ်။ ဒါပေမယ့် မင်းတို့ရဲ့ စောက်ပြဿနာတွေကို ငါနဲ့ ငါ့ရဲ့ လက်အောက်ငယ်သားတွေအပေါ် အားလုံးကို လာမပုံချနဲ့ "

စမစ်သည် ထပ်ပြောချက်သော်လည်း အစည်းအဝေးခန်းမကို ရုတ်တရက် လာခေါက်သည့် ချန်းချုံရှန်း၏ လက်ထောက်မှာ ခေါင်းငုံ့နေသည်ကို တွေ့လိုက်ရသည်။

" ချန်းလူကြီးမင်း၊ ယဲ့လူကြီးမင်းက ဆေးရုံကို လာတွေ့ခိုင်းထားပါတယ်။ သူ့မှာ ရတနာတွေရှိလို့ အဲ့တာတွေကို ကျွန်တော်တို့ လေလံတင်ဖို့ ပေးချင်နေတာပါ "

ချန်းချုံရှန်း ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ၊ မင်းငါ့အတွက် ကားတစ်စီး စီစဉ်ပေး။ ငါ ချက်ချင်း သွားလိုက်မယ် "

စမစ်က သူ့ကို ချက်ချင်း တားလိုက်သည်။

" ချန်း၊ ငါတို့ပြဿနာ မပြေလည်သေးဘူး။ မင်းဘယ်သွားမလို့လဲ "

ချန်းချုံရှန်း သူ့ကို ဒေါသတကြီးဖြင့် ကြည့်သည်။

" ဒီပြဿနာကို မဖြေရှင်းဘူးလား။ ပြဿနာကို ကူညီဖြေရှင်းပေးနိုင်တဲ့သူကို သွားရှာရမယ် မဟုတ်ဘူးလား "

" အရင်က ငါ့သူငယ်ချင်းရဲ့ အကူအညီကြောင့် မဟုတ်ရင် ဌာနခွဲရဲ့ စွမ်းဆောင်ရည်က ပိုတောင် ဆိုးသွားလိမ့်ဦးမယ် "

စမစ်က သူ့ကို ခဏ စိုက်ကြည့်နေသည်။

" ငါ မင်းနဲ့လိုက်ခဲ့မယ်။ မင်းပြောခဲ့တဲ့ ဒီသူငယ်ချင်းရဲ့ ထူးခြားချက်တွေကို ငါ ကြည့်ချင်ပါသေးတယ် "

ချန်းချုံရှန်းသည် သူနှင့် အပိုစကား ပြောဆိုရန် ပျင်းလွန်းလေသည်။

ထို့ကြောင့် တည့်တိုးသတိပေးထားလိုက်သည်။

" အနောက်က လိုက်ချင်ရင် မတားဘူး။ ဒါပေမယ့် အဲ့ဒီသူငယ်ချင်းက ဒေါသကြီးတယ်။ သူ့ကို အခုနက လေသံနဲ့ ပြောရဲရင် အာမခံပေးနိုင်မှာ မဟုတ်ဘူး။ နှင်ထုတ်ခံရမှာ "

ထိုစကားပြောပြီးနောက် အစည်းအဝေးခန်းမှ ဦးစွာ ထွက်လာခဲ့သည်။

စမစ်က လှောင်ပြောင်ပြီး ချက်ချင်း အနောက်မှ လိုက်သွားခဲ့သည်။

သူသည် ချန်းချုံရှန်းကို သံသယဝင်နေခဲ့သည်။

ချန်းချုံရှန်းသည် Sotheby'sနှင့် သက်ဆိုင်သည့် အရာများကို အမြတ်အစွန်းအတွက် အခြားလေလံအိမ်များသို့ တမင်ရောင်းစားနေသလားဟု သံသယဖြစ်မိသည်။

ထိုသူ၏ သူငယ်ချင်းဆိုသည်မှာ ဤကိစ္စ၌ ပါဝင်နေခြင်း ဖြစ်နိုင်သည်။

အနောက်မှလိုက်ပြီး သူတို့ ဘာအကွက် ကစားမည်ကို သိချင်နေသည်။

..............................................

ယဲ့ဖန်သည် ဆေးရုံခန်းထဲတွင် ရှုကျင်းရှင်း နှင့် မနေ့ညကအကြောင်း စကားစမြည်ပြောနေသည်။

ထိုအချိန်တွင် ဆေးရုံခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။

ချန်းချုံရှန်း အမြန်ဝင်လာသည်ကို တွေ့လိုက်ရသည်။

" ယဲ့ညီလေး၊ မင်း ဆေးရုံတက်တာ ငါ့ကို ဘာလို့ မပြောခဲ့တာလဲ "

" ဒီနေ့ မခေါ်ရင် မင်း ဆေးရုံတက်ရမှန်းတောင် မသိလောက်ဘူး "

စမစ်သည် သူ့နောက်မှ ဝင်လာပြီး ဆေးရုံကုတင်ပေါ်ရှိ ယဲ့ဖန် လှဲနေသည်ကို တွေ့လိုက်ရပြီး သူ့နှလုံးသားထဲ၌ ပို၍ပင် မုန်းတီးလာခဲ့သည်။

သူက အရမ်းငယ်တာပဲ။

ဒီလို လူငယ်က ကောလိပ်တောင် မပြီးသေးတာ ဖြစ်နိုင်တယ်။

သူ့လို ကလေးက ဘယ်ကနေ ပစ္စည်းကောင်း ရနိုင်မှာလဲ။

ချန်းချုံရှန်းသည် ထိုလူငယ်အပေါ် မျှော်လင့်ချက် ထားပြီး ဌာနခွဲ၏ စွမ်းဆောင်ရည်အား ဆက်လက် ကျဆင်းနေစေခဲ့သည်မှာ အံ့သြစရာ မရှိတော့ချေ။

ယဲ့ဖန် သူ့ကို နှုတ်ဆက်ဖို့ ချက်ချင်း ထလိုက်သည်။

" အစ်ကိုချန်း၊ စိတ်မပူပါနဲ့။ ကျွန်တော် နေကောင်းပါတယ်။ ဆေးရုံက ဆင်းတာလည်း ကြာပါပြီ။ ဒါပေမယ့် ရွှေ့ဖို့ အရမ်းပျင်းလို့ "

ချန်းချုံရှန်းသည် သူ့အကြောင်းပြချက်မှာ ချက်ချင်း လက်မြှောက်သွားရသည်။

ထို့နောက် စကားအနည်းငယ် ထပ်ပြောခဲ့ပြီး အဓိက အကြောင်းအရာကို ပြောလိုက်သည်။

" မင်း ငါတို့ဆီမှာ လေလံတင်ဖို့ အပ်ချင်တဲ့ ရတနာတစ်သုတ် ရှိတယ်လို့ လက်ထောက်ကို ပြောတယ်မလား။ ဘယ်လို ရတနာတွေလဲ "

ယဲ့ဖန်သည် ရည်ရွယ်ချက်ရှိရှိ ချက်ချင်း ပြန်ဖြေမယ့်အစား ဘေးမှာ ရှိနေသည့် ရှုကျင်းရှင်းကို မျက်စိမှိတ်ပြလိုက်သည်။

ရှုကျင်းရှင်းသည် အပြင်လူများ အရှေ့တွင် ရှိနေသောအခါ သူမသည် သူ့ကို အလွန်မျက်နှာသာပေးကာ သူ့လက်ထောက်အဖြစ် ချက်ချင်း လုပ်ဆောင်ခဲ့သည်။

ဆေးရုံကုတင်အောက်မှ အိတ်ကို ဆွဲထုတ်လိုက်သည်။

စမစ်သည် မျှော်လင့်နေဆဲ ဖြစ်သော်လည်း ထိုရုပ်ဆိုးသော အိတ်ကို မြင်ပြီးနောက် သူ မျှော်လင့်ချက် မရှိတော့ပေ။

အလှည့်စားခံရသည့် ခံစားချက်ရှိ၍ သူသည် ယဲ့ဖန်ကို ခါးသီးစွာ စိုက်ကြည့်နေလိုက်သည်။

ချန်းချုံရှန်းမှာတော့ မကြိုက်တာ မရှိချေ။

သူသည် ယဲ့ဖန်ကို ကောင်းကောင်း သိသည်။

သာမာန်ရတနာတစ်ခု ဖြစ်လျှင် လူကိုယ်တိုင် လာယူခိုင်းမည် မဟုတ်ပေ။

အိတ်ဇစ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

ထို့နောက် ချက်ချင်းပင် သူတို့ရှေ့၌ ရွှေတုံး အပုံလိုက် ပေါ်လာသည်။

ခဏပင် မျက်လုံးကို အမြန် မှိတ်ထားလိုက်ရပြီး မျက်နှာတစ်ပြင်လုံး မယုံနိုင်မှုဖြင့် ပြည့်နှက်နေသည်။

ဒါက တကယ်ကို မျက်စိကျိန်းစရာပဲ။

တကယ်တွင် ရွှေထည်ပစ္စည်းဆိုသည်မှာ ရှားပါးပစ္စည်း မဟုတ်ချေ။

ချန်းချုံရှန်းနှင့် စမစ်တို့ နှစ်ဦးစလုံးသည် ထိုအရာနှင့် ရင်းနှီးသည်မှာ ကြာပြီဖြစ်သည်။

သို့သော် ဤမျှ ပမာဏအများကြီးကို ညည်းမခံနိုင်ပေ။

သူတို့ အရင်က မြင်ဖူးသည်မှာ ရွှေတုံးတစ်တုံးတည်းသာ ဖြစ်ကြသည်။

လက်ရှိ သူတို့ရှေ့၌ ပျက်စီးနေသည့် အိတ်ထဲတွင် အများကြီးရှိနေသည်။

အမြင်အာရုံဖြင့် စစ်ဆေးမှုအရ အနည်းဆုံး အတုံးတစ်ရာရှိကြောင်း သိရသည်။

ထိုသည်က သူတို့ကို တုန်လှုပ်စေသည်။

စမစ်သည် ချန်းချုံရှန်းထက်ပင် ပို၍ စိတ်လှုပ်ရှားနေပြီး ရွှေတုံးကို လှမ်းယူကာ အသေအချာ စစ်ဆေးကြည့်ပြီး အစစ်ဖြစ်ကြောင်း သေချာသွာူသည်။

" အိုမိုင်ဂေါ့။ ဒါတွေက အစစ်တွေလား။ ငါ့မျက်လုံးတွေကိုတောင် မယုံနိုင်ဘူး "

သူ ယဲ့ဖန်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည့်အခါ သူ့မှာ အရင်ကလို မထီမဲ့မြင်ပြုမှုမျိုး မရှိတော့ချေ။

သို့သော် စူးစမ်းချင်စိတ်အပြည့် ဖြစ်သွားသည်။

ဒီလူငယ်လေးက ရွှေတွေ အများကြီး ဘယ်က ရလာတာလဲ။

All Chapters