← Chapters

အပိုင်း ၈၄၁-၈၄၄

Vol. 43 Ch. 841-844

အပိုင်း ၈၄၁-၈၄၄

Vol. 43 Ch. 841-844

အပိုင်း ( ၈၄၁ )

မင်းမှာ ရတနာတွင်းကြီး ရှိနေတာလား။

ချန်းချုံရှန်းသည် ရွှေတုံးများကို စိုက်ကြည့်နေလေသည်။

" ဒါက... အနည်းဆုံး တစ်ရာလောက် ရှိတယ် မဟုတ်လား။ ဒီလောက်ရွှေတွေ အများကြီးကို ပထမဆုံး မြင်ဖူးတာပဲ။ တကယ့်ကို အံ့မခန်းပဲ "

သူ၏ စကားမဆုံးခင် ရှုကျင်းရှင်းသည် ကုတင်အောက်မှ အလားတူ အိတ်လေးလုံးကို ထုတ်လိုက်လေသည်။

ချန်းချုံရှန်းသည် ထိုဖြစ်ရပ်ကို မြင်လိုက်သောအခါ သူသည် ထိတ်လန့်သွားလေသည်။

ကျန်တဲ့ အိတ်လေးလုံးမှာလည်း ရွှေတွေ ပါနေတာလား။

ဒါက မဖြစ်နိုင်ဘူးလေ။

ဟုတ်တယ်မလား။

သူသည် အိတ်လေးလုံးကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် တောက်ပနေသော ရွှေတုံးများကို တွေ့လိုက်ရလေသည်။

ထို့နောက် သူသည် သူ၏ အနောက်တွင်ရှိသော ကုလားထိုင်ပေါ်သို့ လဲကျသွားပြီး ယဲ့ဖန်အား မယုံကြည်နိုင်စွာ ကြည့်နေလေသည်။

" ညီလေးယဲ့၊ ဒီရွှေတွေ အားလုံးကို ဘယ်ကရခဲ့တာလဲ "

ယဲ့ဖန်သည် သူ၏ မေးခွန်းကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်လေသည်။

" အစ်ကိုချန်း၊ စည်းမျဥ်းတွေကို သိသင့်တယ် "

ထိုအခါမှသာ ချန်းချုံရှန်းသည် အသိစိတ်ဝင်လာပြီး လျင်မြန်စွာ တောင်းပန်ခဲ့လေသည်။

" ညီလေးယဲ့၊ တောင်းပန်ပါတယ်။ ငါအရမ်းတုန်လှုပ်သွားလို့ အသိစိတ်လွတ်သွားလို့ပါ။ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် ........ "

ဤလုပ်ငန်း၏ စည်းမျဉ်းများအရ ရောင်းချသူအား ပစ္စည်း၏ ဇာစ်မြစ်ကို မေးမြန်းခွင့်မပြုချေ။

သူသည် စည်းကမ်းကို ဖောက်ဖျက်ခဲ့ပြီး ဖြစ်လေသည်။

စမစ်သည် ဤအဖြစ်အပျက်မှ မည်သို့ အခွင့်အရေးယူရမည်ကို စဉ်းစားနေခဲ့လေသည်။

Sotheby'sလေလံအိမ်မှ ဤရွှေတုံးငါးရာကို ရနိုင်ခဲ့မည်ဆိုလျှင် ထိုကိစ္စသည် ကြီးကျယ်သော အောင်မြင်မှုတစ်ခုဖြစ်ပေမည်။

ချန်းချုံရှန်းသည် လက်ရှိအချိန်တွင် ယဲ့ဖန်အား မရည်ရွယ်ဘဲ စော်ကားမိသွားသည်ကို မြင်လိုက်ရသဖြင့် သူသည် အလွန်ပင် ဝမ်းသာသွားလေသည်။

သူ့အတွက် အခွင့်အရေး ရရှိသွားလေသည်။

ဤအကြောင်းအား တွေးကာ သူသည် ချန်းချုံရှန်းကို အလျင်အမြန် တွန်းထုတ်လိုက်ပြီး ယဲ့ဖန်အား ပြုံးပြလိုက်လေသည်။

" မင်္ဂလာပါ ယဲ့လူကြီးမင်း၊ ကျွန်တော်က Sotheby's တရုတ်ရုံးရဲ့ ဒါရိုက်တာ ဝီလီယံ စမစ်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ "

ယဲ့ဖန်သည် ဤလူအား သတိထားမိနေသည်မှာ ကြာနေလေပြီ ဖြစ်သည်။

ထိုလူသည် ပထမဆုံး ဝင်လာချိန်တွင် သူ့အား အထင်အမြင်သေးစွာ ကြည့်နေခဲ့လေသည်။

သို့သော် ယခုအခါတွင် ရွှေတုံးများကို မြင်သောအခါ ရုတ်တရက် စိတ်အားထက်သန်လာလေသည်။

ထိုကဲ့သို့ လူမျိုးသည် အကျိုးအမြတ်မရလျှင် နိုးကြားတက်ကြွမည့်သူ မဟုတ်ချေ။

" မင်္ဂလာပါ "

ယဲ့ဖန်သည် အမူအရာ တည်တည်ဖြင့် ခေါင်းညိတ်လိုက်လေသည်။

" မန်နေဂျာချန်းက စကားမှားပြီး ပြောမိလိုက်တာပါ။ သူ့ကိုယ်စား တောင်းပန်ပါတယ်။ မင်း အဲ့ဒါကို စိတ်ထဲမထားမိဖို့ ငါမျှော်လင့်ပါတယ် "

စမစ်သည် ခေါင်းဆောင်တစ်ဦးအနေဖြင့် ချန်းချုံရှန်းကိုယ်စား ဝင်ပြောလိုက်လေသည်။

သို့သော် ချန်းချုံရှန်းသည် ထိုအပြုအမူအား မနှစ်မြို့ချေ။

သူနှင့် ယဲ့ဖန်ကြားရှိ ဆက်ဆံရေးတွင် စကားတစ်ခွန်းကြောင့် ဘယ်သောအခါမှ စိတ်ဆိုးမည် မဟုတ်ချေ။

ထိုစမစ်ဆိုသူသည် တခြားသူ၏ ကိစ္စတွင် ဝင်ရောက် စွက်ဖက်နေသည်မှာ သိသာ ထင်ရှားလှလေသည်။

သူ၏ အတွေ့အကြုံအရ စမစ်သည် အခွင့်အရေးကောင်း ယူချင်နေသည်မှာ သေချာလှလေသည်။

သို့သော်လည်း တခြားတစ်ဖက်လူမှာ အထက်လူကြီးဖြစ်နေလေသည်။

သူသည် ထိုအကြောင်းအရာအား ထုတ်ပြောချင်လျှင်ပင် ပြောနိုင်မည် မဟုတ်ချေ။

ယခုအချိန်သည် ယဲ့ဖန်၏ စိတ်နေသဘောထားပေါ်တွင်သာ မူတည်နေသည်။

ယဲ့ဖန်မှ ရွှေတုံးပေးခြင်းကို ခံလိုက်ရသူသည် အခွင့်အရေးထူးကြီးကို လက်ခံရရှိလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ယဲ့ဖန်သည် စမစ်ကို အေးဆေးတည်ငြိမ်စွာဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်လေသည်။

" အဲ့လိုပြောလိုက်တာက ကျွန်တော်နဲ့ အစ်ကိုချန်းကြားက ဆက်ဆံရေးကို နားမလည်သေးလို့ဖြစ်မယ် “

" အစ်ကိုချန်းက ကျွန်တော် ဘာမှမဖြစ်မြောက်သေးခင် အချိန်ကတည်းက ကျွန်တော့်ကို ကူညီခဲ့တာ။ ကျွန်တော်တို့ရဲ့ ခင်မင်မှုမှာ ကျွန်တော်က သူ့ကို စိတ်ဆိုးမယ်လို့ ခင်ဗျားထင်လား "

သူပြောသည့် စကားသည် စမစ်ကို သူ၏ သဘောထားကို သေချာစွာ ပြသနေခြင်း ဖြစ်လေသည်။

ယခုအချိန်တွင် မျက်နှာသာရရှိနေသူမှာ ချန်းချုံရှန်းပင် ဖြစ်သည်။

ထို့ကြောင့် စမစ်သည် သူ့နေရာသူ သိရမည် ဖြစ်ပေသည်။

ချန်းချုံရှန်းသည် ချက်ချင်းပင် ရင်ထဲထိသွားပြီး ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

သူသည် ယဲ့ဖန် နာမည်ရရန် ကြိုးစားနေချိန်ကည်းကပင် ယဲ့ဖန်နှင့် မိတ်ဆွေဖွဲ့ခဲ့ပြီး သူ့အား မည်သည့်အချိန်တွင်မျှ ပစ်မထားခဲ့ပေ။

ထိုအရာများသည် သူ၏ ဘဝ၌ လုပ်ဖူးသမျှ အရာများထဲတွင် ပညာအရှိဆုံး ဆုံးဖြတ်ချက် ဖြစ်ကောင်းဖြစ်နိုင်လေသည်။

စမစ်၏ မျက်နှာအမူအရာသည် မကောင်းလှပေ။

သို့သော် သူသည် သူ၏ မပျော်ရွှင်သည့် ခံစားချက်များအား မျိုသိပ်ထား၍ ဆက်ပြောလေသည်။

" ယဲ့လူကြီးမင်းနဲ့ မန်နေဂျာချန်းတို့ရဲ့ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကို ကျွန်တော် သိပ်စိတ်မဝင်စားပါဘူး။ ဒါပေမယ့် နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုပဲဖြစ်ဖြစ် စီးပွားရေးစိတ်ဓာတ်ရှိရမယ်။ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို အလွဲသုံးစားလုပ်ပြီး ကုမ္ပဏီရဲ့ အကျိုးစီးပွားကိုထိခိုက်စေတဲ့ အရာတွေကို လုပ်လို့မရဘူး။ ငါ မှန်တယ်မလား။ မန်နေဂျာချန်း "

ပြောပြီးသည့်နောက်တွင် ချန်းချုံရှန်းအား လှည့်ကြည့်လိုက်လေသည်။

ချန်းချုံရှန်း၏ မျက်နှာသည် ရုတ်တရက် အမူအရာ ပျက်သွားလေသည်။

" စမစ်၊ အဲ့တာက ဘာကိုဆိုလိုတာလဲ။ "

" ဒီနေ့ ရှင်းရှင်းလင်းလင်း ပြောကြရအောင်။ ကုမ္ပဏီအကျိုးစီးပွားကို ထိခိုက်အောင် ငါ ဘာလုပ်ခဲ့လို့လဲ "

စမစ်သည် သူ၏ လက်များကို အလျင်စလို ဝှေ့ယမ်းလိုက်လေသည်။

" မင်းလုပ်ခဲ့တယ်လို့ ငါမပြောဘူး။ ငါ မင်းကို သတိပေးရုံပဲ "

" လွန်ခဲ့တဲ့ လအနည်းငယ်က ဘဏ္ဍာရေးအသုံးစရိတ်တွေကို လေ့လာကြည့်လိုက်တော့ ယဲ့လူကြီးမင်းကို ပေးခဲ့တဲ့စျေးနှုန်းက နောက်ဆုံးလေလံဈေးနဲ့ အတူတူပဲ ဆိုတာတွေ့လိုက်ရတယ်။ ဒါဆို ငါတို့လေလံအိမ်က ဘာဝင်တော့မှာလဲ။ မေတ္တာတရားအတွက် လျှပ်စစ်ဓါတ်အားလား "

ချန်းချုံရှန်းသည် ချက်ချင်း ငြင်းလိုက်လေသည်။

" ဘာလို့လဲဆို ယဲ့လူကြီးမင်းရဲ့ ပစ္စည်းတွေက အကောင်းတကာ့ အကောင်းဆုံးတွေပဲ။ သူက လေလံအိမ်ကို ပေးတယ်ဆိုတာလဲ ငါ့မျက်နှာကြောင့်ပဲ "

" ဒီလေလံပွဲတွေကနေ ငါတို့က ပိုက်ဆံမရှာနိုင်ပေမယ့် အဲ့ဒီကနေ ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်တဲ့ အကျိုးသက်ရောက်မှုရှိတယ်လေ။ အဲ့တာက မေတ္တာတရားအတွက်လို့ မင်း ဘယ်လိုလုပ် ပြောနိုင်တာလဲ "

စမစ်က ချက်ချင်းပင် ဟက်ကနဲ ရယ်လိုက်လေသည်။

" အတိတ်အကြောင်း မင်းကို ငါမငြင်းချင်ပေမယ့် နောင်မှာ မင်းဒီလို မင်းလုပ်ချင်တာကို လုပ်ခွင့်မပေးနိုင်ဘူး "

" လူကြီးမင်းယဲ့ရဲ့ ရွှေတုံးတွေကို ငါတို့ လက်ခံနိုင်ပေမယ့် ဈေးနှုန်းကိုတော့ ပြန်ညှိနှိုင်းရပါမယ် "

ထို့နောက် ယဲ့ဖန်ကို လှည့်ကြည့်လိုက်လေသည်။

" ကျုပ်မှာ အစီအစဉ် နှစ်ခုရှိတယ်။ ဘယ်တစ်ခုကို ရွေးမလဲဆိုတာ ယဲ့လူကြီးမင်း အပေါ်မှာ မူတည်တယ် "

ယဲ့ဖန်သည် သူ့ကို တည်ငြိမ်စွာ ကြည့်နေလေသည်။

" ပြောကြည့်ပါ "

စမစ်သည် သူ၏လက်ညှိုးကို ဖြည်းညှင်းစွာ မြှောက်လိုက်လေသည်။

" ပထမအစီအစဥ်က ဒီရွှေတုံးတွေကို လေလံတင်ဖို့ ကျုပ်တို့ဆီ ပို့ပေးဖို့ပါပဲ။ ကြိုက်သလို ကြမ်းခင်းစျေးနှုန်း သတ်မှတ်နိုင်ပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ လေလံဌာနက ကော်မရှင်ခ ၁၀ရာခိုင်နှုန်း ယူမှာပါ "

ယဲ့ဖန်သည် ခေါင်းငုံ့ပြီး တွက်ကြည့်လိုက်လေသည်။

ရွှေတုံးတစ်ခုစီ၏ စျေးနှုန်းသည် ၁.၁ သန်းဖြစ်ပါက ရွှေတုံးငါးရာသည် သန်း ၅၅၀ ရှိပေမည်။

သူတို့သည် ၁၀% ကော်မရှင်ခယူလျှင် သူသည် အနည်းဆုံး သန်း ၅၀ ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။

သူ၏ အနောက်တွင် ရပ်နေသော ချန်းချုံရှန်းသည် ရုတ်တရက် ထိတ်လန့်သွားလေသည်။

" စမစ်၊ ဒါက ဘာကိုဆိုလိုတာလဲ သိလား "

သူသည် ယဲ့ဖန်အတွက်ချည်း တွေးနေခြင်းမဟုတ်ဘဲ လေလံအိမ်အတွက်လည်း တွေးနေခဲ့လေသည်။

ယဲ့ဖန်အား စော်ကားခြင်းသည် လေလံအိမ်အတွက် အရည်အသွေးမြင့် ကုန်ပစ္စည်း အရင်းအမြစ်ကို ဆုံးရှုံးစေမည်မှာ အသေအချာပင် ဖြစ်လေသည်။

ရေရှည်တွင်လည်း အလွန် အန္တရာယ် ရှိနိုင်လေသည်။

ဒီကောင်က တကယ်ကို အမြင်ကျဉ်းတာပဲ။

အပိုင်း ( ၈၄၂ )

လူကြီးမင်းယဲ့ ထင်မြင်ချက်က ကျွန်တော်တို့ ရှုမိသားစုရဲ့ ထင်မြင်ချက်

စမစ်သည် ယဲ့ဖန်အား ဆက်လက်၍ စူးစိုက်ကြည့်နေသောကြောင့် ချန်းချုံရှန်း၏ မျက်နှာအား ဂရုမစိုက်မိပေ။

" ပထမအစီအစဉ်ရဲ့ အချိန်က နည်းနည်းကြာနိုင်ပါတယ်။ ရှားပါးတဲ့ အရာတွေက ပိုဈေးကြီးတယ်ဆိုတဲ့ မူကို နားလည်သင့်ပါတယ်။ တကယ်လို့ မင်းက တစ်ချိန်တည်းမှာ ရွှေတုံးတွေကို ထုတ်ပြလိုက်မယ်ဆိုရင် တန်ဖိုးက အကြီးအကျယ် လျော့နည်းသွားလိမ့်မယ်။ အသုတ်ခွဲပြီး လေလံတင်ပေးရမယ် "

ယဲ့ဖန်သည် သူ့အား အေးဆေးတည်ငြိမ်စွာဖြင့် ကြည့်လိုက်လေသည်။

" ဘယ်လောက်ကြာမလဲ "

စမစ်သည် ထိုအကြောင်းအား အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် အဖြေပေးလိုက်လေသည်။

" အနည်းဆုံး တစ်နှစ် ဒါမှမဟုတ် အဲ့ထက်မကဘူး "

ယဲ့ဖန်၏ ပါးစပ်ထောင့်သည် ကွေးသွားပြီး ဟက်ခနဲ ရယ်လိုက်ကာ ဆက်၍ မေးလိုက်လေသည်။

" ဒုတိယအစီအစဉ်ကရော ဘယ်လိုလဲ "

စမစ်သည် သူ၏ ဒုတိယမြောက် လက်ချောင်းကို ထပ်မံ မြှောက်လိုက်လေသည်။

" ဒုတိယ အစီအစဉ်က ကျွန်တော်တို့ရဲ့ Sotheby'sလေလံတင်အိမ်က ရွှေတုံးတစ်တုံးကို ၈၀၀,၀၀၀ဈေးနဲ့ ဝယ်ယူမှာဖြစ်တယ်။ ရွှေတုံးတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒါတွေက ငါတို့ လေလံအိမ်ရဲ့ ကိစ္စဖြစ်သွားပြီ။ ယဲ့လူကြီးမင်းကတော့ မင်းရဲ့ ပိုက်ဆံကို ချက်ချင်း ရနိုင်ပါတယ် "

ယဲ့ဖန်သည် ထိုအရာများကို ကြားပြီးသည့်နောက်တွင် သူ၏ မျက်နှာပေါ်ရှိ လှောင်ပြောင်သည့် အမူအရာမှာ ပိုမို ပြင်းထန်လာလေသည်။

" ကျွန်တော်သိသလောက်ဆိုရင် ဒီလိုရွှေမျိုးရဲ့ တန်ဖိုးက အနည်းဆုံး ၁.၁ သန်းရှိတယ်။ ကျွန်တော့်ကို အရူးလုပ်နေတာလား။ "

အကယ်၍ သူကမ်းလှမ်းခဲ့သော ဈေးနှုန်းအတိုင်း သဘောတူလိုက်မည်ဆိုလျှင် အနည်းဆုံး ယွမ်သန်း ၁၅၀ ဆုံးၡုံးသွားပေလိမ့်မည်။

ထိုလူသည် အခွင့်ကောင်း ယူလွန်းနေလေသည်။

စမစ်သည် သာမန်အမူအရာနှင့်ပင် ဖြစ်နေဆဲ ဖြစ်လေသည်။

" ယဲ့လူကြီးမင်း၊ ကျုပ်တို့ရဲ့ Sotheby'sက လွဲပြီး တောင်ပိုင်းကွမ်တုန်းပြည်နယ်တစ်ခုလုံးမှာ ဒီလိုရွှေတုံးတွေ အများကြီးကို ချက်ချင်း လက်ခံနိုင်ဖို့ ခွန်အားရှိတဲ့ တခြားကုမ္ပဏီ မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ် "

ယဲ့ဖန်၏ မျက်လုံးများသည် နက်မှောင်လာလေတော့သည်။

" ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား "

ချန်းချုံရှန်းသည် ချက်ချင်းပင် စိုးရိမ်ပူပန်လာပြီး လေထုကို လျော့ကျစေရန် လျင်မြန်စွာ မတ်တတ်ရပ်လိုက်လေသည်။

" လူကြီးမင်းစမစ် ဆိုလိုတာ အဲ့လိုမဟုတ်ပါဘူး "

သို့သော် စမစ်သည် ချန်းချုံရှန်း၏ စကားကို လုံးဝ လက်မခံဘဲ စကားစ ဝင်ဖြတ်လိုက်လေသည်။

" ဒါက ကျုပ် ဆိုလိုတာပဲ "

" ယဲ့လူကြီးမင်းက ကျုပ်တို့ Sotheby'sရဲ့ အင်အားကို ကောင်းကောင်း သိထားသင့်ပါတယ်။ တကယ်လို့ ကျုပ်တို့နဲ့ ပူးပေါင်းမလုပ်ဘူးဆိုရင် တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာရှိတဲ့ တခြား လေလံအိမ်တွေက ခင်ဗျားတို့ရဲ့ ပစ္စည်းတွေကို လက်ခံရဲမှာ မဟုတ်ဘူးဆိုတာ ရဲရဲကြီး ပြောရဲတယ် "

ယဲ့ဖန်သည် သူ၏ သိသာလှသော ခြိမ်းခြောက်မှုကို ကြားလိုက်ရသောအခါ ဒေါသတကြီးဖြင့် ရယ်လိုက်လေသည်။

" တကယ်လား။ အဲ့တာဆို လောင်းကြမလား။ Sotheby'sမှာ ခင်ဗျားမပါဘဲ ဒီပစ္စည်းတွေကို ရောင်းနိုင်မလားဆိုတာ ကြည့်ကြရအောင် "

ချန်းချုံရှန်းသည် ဟော့ပေါ့အိုးပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် အလွန် ပူပြင်း စိုးရိမ်ပူပန်နေပြီ ဖြစ်လေသည်။

စမစ် မသိသော်လည်း သူသည် ယဲ့ဖန်၏ စွမ်းရည်ကို ကောင်းစွာ သိလေသည်။

အနည်းဆုံးဆိုရလျှင် ကျုံးဟိုင်မြို့နှင့် ယန်းချန်မြို့တွင် အကြွင်းမဲ့ခွန်အား ရှိလေသည်။

သူတို့သည် ယဲ့ဖန်နှင့် အမှန်တကယ် အပြိုင်အဆိုင် ဖြစ်ခဲ့မည်ဆိုလျှင် အဆုံးတွင် Sotheby'sသည် အကြီးအကျယ် ထိခိုက်မှု အများဆုံး ရရှိမည်ဖြစ်ပေသည်။

နျုံစစ်သွမ်း၊ ကောင်းကျူမင်းနှင့် ရီမိသားစုတို့ထံမှ ရခဲ့သော သင်ခန်းစာများသည် ချန်းချုံရှန်း၏ စိတ်ထဲတွင် ရှင်းလင်းစွာ မြင်ယောင်နေဆဲပင် ဖြစ်လေသည်။

" စမစ်၊ ကျွန်တော်က ယန်းချန်ဌာနခွဲရဲ့ တာဝန်ခံ ပုဂ္ဂိုလ်ပါ။ ဒီမှာ ခင်ဗျား ဆုံးဖြတ်လို့မရဘူး "

သူသည် ယဲ့ဖန်၏ အခြေအနေအား စိုရိမ်နေလေသည်။

ယဲ့ဖန်မှာလည်း သူ့အား အေးစက်စွာ ကြည့်နေလေသည်။

စမစ်သည်လည်း သူ့အား အေးအေးဆေးဆေး ကြည့်ကာ ပြောလိုက်လေသည်။

" အခု ကျုပ် အရမ်း သံသယဖြစ်မိတယ်။ ခင်ဗျားက သူနဲ့ လျှို့ဝှက်ပူးပေါင်းပြီး ကုမ္ပဏီရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် အရာကို လုပ်နေတာလား "

" ခင်ဗျား က အခု တိတ်တိတ်ဆိတ်ဆိတ်နေပြီး ဌာနချုပ်ရုံးရဲ့ စုံစမ်းစစ်ဆေးမှုကို ခံယူဖို့ စောင့်နေလိုက်တော့။ "

ချန်းချုံရှန်းသည် အကြီးအကျယ် ဒေါသထွက်သွားလေသည်။

" ကျုပ် ချန်းချုံရှန်းက တည်ကြည်တဲ့ အသိစိတ်ရှိတယ်။ ကုမ္ပဏီအတွက် အန္တရာယ်ရှိတဲ့ ဘယ်အရာကိုမှ ကျုပ် တစ်ခါမှ မလုပ်ဖူးဘူး။ ခင်ဗျား ဘယ်လိုတောင် မဟုတ်မမှန် ပြေနိုင်ရတာလဲ "

" တောင်ပိုင်းကွမ်တုန်းပြည်နယ် ဌာနခွဲရဲ့ တာဝန်ရှိသူတစ်ယောက်ကို အဲ့လိုမျိုး လုပ်ချင်တိုင်း လုပ်လို့ရမလား။ ကျုပ် နှုတ်ထွက်တယ် "

ထိုသို့ ပြောလိုက်သောအခါ စမစ်သည် အနည်းငယ် တုန်လှုပ်သွားလေသည်။

သူသည် စွမ်းဆောင်ရည်ကျဆင်းမှုအတွက် အကြောင်းအရင်းများကို စုံစမ်းစစ်ဆေးရန်သာ ဌာနချုပ်ရုံးသို့ ချန်းချုံရှန်းအား စေလွှတ်ခြင်းဖြစ်လေသည်။

သို့သော် ဤနေရာတွင် ထိုကိစ္စရပ်များအား ကြားဝင်ဆောင်ရွက်ခွင့် မရှိချေ။

အကယ်၍ ဌာနခွဲမှူး ချန်းချုံရှန်းသည် နုတ်ထွက်ရန် အတင်းအကြပ် ပြုလုပ်ခဲ့မည်ဆိုလျှင် ရုံးချုပ်အား ရှင်းပြရန် ခက်ခဲပေလိမ့်မည်။

တစ်ချိန်တည်းတွင် သူသည် အနည်းငယ် အဖြေရှာမိနေလေသည်။

ဤလူငယ်၏ မျိုးရိုးနာမည်သည် အဘယ်ကြောင့် ထူးဆန်းစွာ ယဲ့မျိုးရိုး ဖြစ်နေရသနည်း။

ချန်းချုံရှန်းသည် ထိုလူငယ်အား စိတ်အနှောင့်အယှက်ပေးရမည်ထက် အဘယ်ကြောင့် နုတ်ထွက်ချင်နေရသနည်း။

သူ ဆက်လက်၍ အဖြေရှာနေဆဲအချိန်တွင် တံခါးခေါက်သံသည် ရုတ်တရက် ထွက်ပေါ်လာလေသည်။

ရှုကျင်းရှင်းသည် ချက်ချင်းပင် တံခါးကို ဖွင့်ရန် သွားခဲ့ပြီး လူနှစ်ယောက် တံခါးအပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လေသည်။

ထိုနှစ်ယောက်အနက် တစ်ယောက်မှာ အသက်ခြောက်ဆယ်ခန့်ရှိပြီး တရုတ်မျက်နှာပေါက်ဖြင့် ခန့်ညားသော အသွင်အပြင်ရှိပေသည်။

တခြားတစ်ယောက်မှာ အနည်းငယ် ပို၍ ငယ်ရွယ်လေသည်။

အသက်သုံးဆယ်အရွယ် ပတ်ဝန်းကျင်ခန့် ရှိလေသည်။

သူ့ထံမှ မကောင်းသော ခံစားချက်ရလေသည်။

အထူးသဖြင့် ရှုကျင်းရှင်းသည် သူနှင့် မျက်လုံးချင်း ဆုံသောအခါ အလွန် စိတ်အနှောင့်အယှက် ဖြစ်စေသည့် မကောင်းသော ခံစားချက်များကို ခံစားရလေသည်။

အသက်ကြီးသူသည် ရိုသေလေးစားစွာဖြင့် မေးမြန်းလိုက်လေသည်။

" မင်္ဂလာပါ။ လူကြီးမင်း ယဲ့ဖန် ဒီမှာ ရှိနေလား "

ရှုကျင်းရှင်းသည် ချက်ချင်းပင် ပြန်မေးလိုက်လေသည်။

" ဟုတ်ကဲ့။ ဘာလုပ်ချင်လို့ပါလဲ "

အသက်ကြီးသည့် ပုဂ္ဂိုလ်မှ ပြန်မဖြေကြားမီ ယဲ့ဖန်၏ အသံကို ကြားလိုက်ရလေသည်။

" ကိုယ့်ကို ရှာနေတာလား။ သူတို့ကို ဝင်ခိုင်းလိုက် "

ရှုကျင်းရှင်းသည် ချက်ချင်းပင် နောက်သို့ ဆုတ်ပေးလိုက်ပြီး ထိုနှစ်ယောက်ကို ဝင်ခွင့်ပြုလိုက်လေသည်။

ထိုနှစ်ယောက်ကို ယဲ့ဖန် မြင်သောအခါ ခဏတာမျှ အံ့သြမှင်သက်သွားလေသည်။

အသက်ကြီးသည့် ပုဂ္ဂိုလ်အား သူ မသိချေ။

သို့သော် အသက်သုံးဆယ်အရွယ် အမျိုးသားသည အရင်အချိန်များက သူနှင့် ချန်းရွှမ်အား အဆက်အပြတ် အနှောင့်အယှက်ပေးခဲ့သော ရှုပင်း ဖြစ်လေသည်။

မြေလေလံတင်ရောင်းချပြီး အချိန်၌ သူသည် ယဲ့ဖန်အား လိမ်လည်သွားပြီးနောက် တစ်ခါမျှ မတွေ့ရတော့ချေ။

ထိုလူနှစ်ယောက်သည် အဘယ်ကြောင့် ဒီနေ့ သူ့ဆီသို့ ရုတ်တရက် ရောက်လာကြသည်ကို သူ မသိချေ။

အသက်ကြီးသည့် ပုဂ္ဂိုလ်သည် ဆေးရုံအခန်းထဲသို့ ဝင်လာပြီး စကားပြောရန် ပြင်လေသည်။

ထိုအချိန်တွင် စမစ်သည် ရုတ်တရက် အံ့အားသင့်သွားလေသည်။

" လူကြီးမင်းရှု၊ တကယ်ပဲ ခင်ဗျားလား "

အသက်ကြီး ပုဂ္ဂိုလ်သည် သူ၏ ခေါင်းကို လှည့်ကာ သံသယဖြစ်နေသည့် အမူအရာဖြင့် မေးလိုက်လေသည်။

" မင်းက ဘယ်သူလဲ "

သူသည် ယဲ့ဖန်၏ ဆေးရုံခန်းတွင် ထိုနိုင်ငံခြားသားအား မြင်တွေ့လိုက်ရသည် ဖြစ်သောကြောင့် ယဲ့ဖန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိလိမ့်မည်ဟု တွေးမိသောအခါတွင် သူသည် လျစ်လျူရှုမထားရဲပေ။

စမစ်သည် ရှေ့သို့ အလျင်အမြန် လျှောက်သွားပြီး ထိုသူ၏ လက်ကို ဆွဲကာ ပြောလေသည်။

" လူကြီးမင်းရှု၊ ကျွန်တော့်ကို မမှတ်မိဘူးလား။ ကျွန်တော်က ဝီလီယံစမစ်ပါ။ အရင်က သူဌေးချင်းရဲ့ ပါတီမှာ တွေ့ဖူးကြတယ်လေ "

အသက်ကြီးသော ပုဂ္ဂိုလ်သည် အချိန်ခဏကြာ ပြန်လည်တွေးတောခဲ့သော်လည်း မမှတ်မိခဲ့ချေ။

ထိုပါတီတွင် နိုင်ငံခြားသား များစွာရှိခဲ့သောကြောင့် သူ မမှတ်မိနိုင်ချေ။

ထိုပုဂ္ဂိုလ်၏ အတွေးထဲ၌......

ဘယ်လိုပဲဖြစ်ဖြစ် ဒီနိုင်ငံခြားသားတွေ အကုန်လုံးက တူနေတာပဲ။

နာမည်တွေကလဲ ဆင်တူနေကြတာကို ဘယ်သူလဲဆိုတာ ပြောဖို့ ခက်တယ်။

သို့သော် ထိုလူမှ ထိုအကြောင်းအရာများကို ပြောနေသောအခါ သူသည် ရောသွားသည့်ပုံ ဟန်ဆောင်ရုံမှ တစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

" အို၊ လူကြီးမင်းစမစ်ပဲ၊ မင်္ဂလာပါ၊ မင်္ဂလာပါ။ ခင်ဗျားနဲ့ လူကြီးမင်းယဲ့တို့ မိတ်ဆွေဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး "

စမစ်သည် ဤလူကြီးမင်းရှု၏ ခွန်အားကို သိရှိထားလေသည်။

အထူးသဖြင့် ပင်းချန်မြို့တွင် ကြီးမားသော သြဇာလွှမ်းမိုးမှု ရှိလေသည်။

Sotheby'sသည် ပင်းချန်မြို့တွင် ဌာနခွဲတစ်ခုတည်ထောင်ရန် ပြင်ဆင်နေပြီး လူကြီးမင်းရှုကဲ့သို့ ဒေသခံအကြီးအကဲတစ်ဦး၏ အကူအညီ လိုအပ်သောကြောင့် သူ့အား အလွန်ပင် လေးစားလေသည်။

သို့သော် အသက်ကြီးပုဂ္ဂိုလ်၏ မေးခွန်းကို ကြားရသောအခါ သူသည် ရှက်ကိုးရှက်ကန်းဖြင့် ရယ်လိုက်လေသည်။

" မိတ်ဆွေတွေလို့ မဆိုနိုင်ပါဘူး။ လူကြီးမင်းယဲ့နဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကို စေ့စပ်ညှိနှိုင်းနေတာပါ။ ဒါပေမဲ့ လူကြီးမင်းယဲ့မှာ ကျွန်တော်တို့ရဲ့ Sotheby'sနဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေ အများကြီးရှိပုံရတယ်။"

သူသည် ယခုအချိန်ထိ ယဲ့ဖန်၏ သဘောထားကို အနည်းငယ် ကျေနပ်မှုမရှိသေးကြောင်း ထိုစကားမှ ကြားနိုင်လေသည်။

ထိုအကြောင်းအရာကို ကြားသောအခါ အသက်ကြီးသော ပုဂ္ဂိုလ်၏ ပြုံးရယ်နေသော မျက်နှာသည် ရုတ်တရက် ညှိုးသွားပြီး ချက်ချင်းပင် သူ၏ လက်ကို ပြန်လည် ဆွဲယူလိုက်လေသည်။

သူသည် စမစ်နှင့် ပတ်သက်ရန် ထိတ်လန့်နေပြီး ယဲ့ဖန် ဒေါသထွက်မည်ကိုလဲ ကြောက်ရွံ့နေသည်မှာ သိသာထင်ရှားလေသည်။

" ကျွန်တော်တို့ရဲ့ ရှုမိသားစုက လူကြီးမင်းယဲ့ကို ခေါင်းဆောင်အဖြစ် သဘောထားတယ်။ နောက်ပြီး လူကြီးမင်းယဲ့ရဲ့ ထင်မြင်ချက်က ကျွန်တော်တို့ရဲ့ ရှုမိသားစုရဲ့ ထင်မြင်ချက်ပဲ "

သူ၏ စကားများကို စမစ်ကြားသောအခါ စမစ်၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားလေသည်။

အပိုင်း ( ၈၄၃)

ကျွန်တော့် စကားတွေက အဲ့လောက် အသုံးဝင်တာလား။

" လူကြီးမင်းရှု၊ ခင်ဗျား ဘာပြောတာလဲ "

စမစ်သည် ချက်ချင်းပင် စိုးရိမ်လာလေသည်။

အကယ်၍ သူသည် လူကြီးမင်းရှုကို အမှန်တကယ် စိတ်ဆိုးစေခဲ့လျှင် ပင်းချန်မြို့သို့ ဝင်ရောက်မည့် Sotheby's၏ အစီအစဉ်သည် သေချာပေါက် အတားအဆီး ဖြစ်ပေလိမ့်မည်။

ထိုအရာများကို သူသည် တာဝန်ခံနိုင်မည် မဟုတ်ချေ။

အသက်ကြီးရင့်သော ပုဂ္ဂိုလ်သည် သူ့အား လျစ်လျူရှုလိုက်ကာ ယဲ့ဖန်ဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး လေးစားစွာ ပြောဆိုခဲ့လေသည်။

" လူကြီးမင်းယဲ့ ကျွန်တော်က ပင်းချန်မြို့က ရှုမိသားစုရဲ့ ခေါင်းဆောင် ရှုမင်းယွမ်ပါ "

ယဲ့ဖန်သည် ပေါ့ပါးစွာ ခေါင်းညိတ်လိုက်လေသည်။

" မင်္ဂလာပါ။ လူကြီးမင်းရှု၊ ကျွန်တော် လုပ်ပေးနိုင်တာ တစ်ခုခုများ ရှိနေသလား "

" ကျွန်တော့်ရဲ့သားက လူကြီးမင်းယဲ့ကို အရင်က မတော်တဆ ထိခိုက်စေခဲ့ပြီး သူ့ကို သင်ခန်းစာတစ်ခုလည်း ပေးခဲ့တယ်လို့ ကြားပါတယ် "

ရှုမင်းယွမ်သည် သူ၏ ဘေးတွင်ရှိနေသော ရှုပင်းချန်ကို ချက်ချင်း ဆွဲထုတ်လိုက်လေသည်။

" လူကြီးမင်းကို တောင်းပန်ဖို့အတွက် ဒီတစ်ကြိမ်မှာ သူ့ကို ဒီနေရာ ခေါ်လာခဲ့တာပါ။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပြီး ကျွန်တော်တို့ရဲ့ ရှုမိသားစုကို အသက်ရှင်ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ် "

ထိုသို့ပြောပြီးနောက် သူသည် ရှုပင်းချန်ကို လျင်မြန်စွာ တစ်ချက် ကြည့်လိုက်လေသည်။

ရှုပင်းချန်သည် ယဲ့ဖန်ကို ဦးညွှတ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။

" လူကြီးမင်းယဲ့ ၊ ကျွန်တော် အရင်က အမှန်တရားကို မမြင်နိုင်လောက်အောင် ကန်းနေလို့ပါ။ ဒီတစ်ချိန်မှာတော့ ကျွန်တော့်ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ် "

အဖေနှင့် သား ပြောနေသည်များကို ကြားရသောအခါ ယဲ့ဖန်မှလွဲ၍ အခန်းထဲရှိ လူတိုင်းသည် အနည်းငယ် တုန်လှုပ်သွားကြလေသည်။

အထူးသဖြင့် စမစ်သည် အံ့သြသွားပြီး သူသည် ပါးစပ်အဟောင်းသားပင် ပွင့်သွားလေသည်။

ပင်းမြို့တွင် အကြီးအကျယ် သြဇာလွှမ်းမိုးနေတဲ့ ထိုလူကြီးမင်းက ယဲ့ဖန်ကို ကိုယ်တိုင် တောင်းပန်ခဲ့တယ်တဲ့လား။

ဒါက မယုံနိုင်စရာပဲ မဟုတ်လား။

ဒီလူငယ်က ဘယ်သူလဲ။

ဘယ်လောက် ဂုဏ်သိက္ခာ ကြီးမားနေလို့လဲ။

ယဲ့ဖန် နားထောင်ပြီးသည့်နောက်တွင် ထိုလူနှစ်ယောက် လာရောက်ရသည့် ရည်ရွယ်ချက်ကို နားလည်သွားပြီး ချက်ချင်းပင် လက်ကို ဝှေ့ယမ်းလိုက်လေသည်။

" လူကြီးမင်းရှု၊ ဘာလို့ ဒီလိုလုပ်နေတာလဲ။ ဒီနေ့ ခင်ဗျားတို့သာ မလာဘူးဆိုရင် ဒီအကြောင်းကို မေ့သွားလောက်ပြီ။ "

" လူကြီးမင်းက စိတ်သဘောထား ပြည့်ဝပါတယ်။ ဒါကြောင့် ဒီလို အသေးအဖွဲကိစ္စတွေကို စိတ်ထဲထားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ တခြားသူတွေကတော့ အဲ့ဒီလို မထင်ကြဘူး "

ရှုမင်းယွမ်သည် မတက်နိုင်သော်လည်း ခါးသက်သက်ပြုံးကာ ပြောလိုက်လေသည်။

" ကျွန်တော်တို့ရဲ့ ရှုမြေယာလုပ်ငန်းက အစက ယန်းချန်မြို့ထဲကို ဝင်ချင်ခဲ့ပေမဲ့ ဒေသခံမြေယာလုပ်ငန်းလုပ်ငန်းရှင်တွေက ကျွန်တော်တို့က လူကြီးမင်းယဲ့ကို စိတ်ဆိုးအောင်လုပ်ခဲ့တဲ့အတွက် သူတို့က ပူးပေါင်းဆောင်ရွက်ဖို့ မလုပ်ရဲကြဘူးလို့ ပြောကြတယ်။ နောက်ဆုံး နည်းတစ်နည်းအနေနဲ့ လူကြီးမင်းဆီကိုပဲ လာပြီး တောင်းပန်တာပါ “

ယဲ့ဖန်သည် သူ၏ နှာခေါင်းကို ထူးဆန်းသော မျက်နှာထားဖြင့် တို့ထိနေလေသည်။

" သူတို့က ခင်ဗျားတို့နဲ့ ပူးပေါင်းမလုပ်ဆောင်တာကို ကျွန်တော့်ကို လာတောင်းပန်တော့ ဘာအကျိုးရှိမှာလဲ "

ရှုမင်းယွမ်သည် လျင်မြန်စွာ ရှင်းပြလေသည်။

" တကယ်ကို အကျိုးရှိတာပေါ့။ လူကြီးမင်းနဲ့ ကျွန်တော်တို့ရဲ့ ရှုမိသားစုက အာဃာတာတွေ မရှိကြတော့ပဲ ပြေလည်နေပြီလို့ အဲ့လူတွေကြားကို စကားဖြန့်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။ အဲ့တာမှ အဲ့ဒီလူတွေက ကျွန်တော်တို့ကို နောက်တစ်ခေါက် ခက်ခဲအောင် မလုပ်ကြမှာ “

ယဲ့ဖန်သည် တွေးတောနေလေသည်။

" ကျွန်တော့်ရဲ့ စကားတွေက ဒီလောက် ထိရောက်မှုရှိသလား "

ရှုမင်းယွမ်သည် ယဲ့ဖန် မသိချင်ဟန်ဆောင်နေသည်လား တကယ်မသိသည်လားဆိုသည့် အရာကို မသိတော့ချေ။

ထို့ကြောင့် ဆက်ပြောလိုက်လေသည်။

" လူကြီးမင်းရဲ့ စကားတွေက ယန်းချန်မြို့ မြေယာလုပ်ငန်းမှာ အတော်လေးကို နေရာယူနိုင်တယ်ဆိုတာကို မသိဘူးဆိုလို့ အံ့ဩမိပါတယ်။ လူကြီးမင်း စကားတစ်ခွန်းပြောလိုက်တာနဲ့ ဘယ်သူက မျက်နှာသာ မပေးရဲဘဲ နေနိုင်မှာလဲ "

သူ၏ ရှင်းပြချက်ကို ကြားရသောအခါ လူအတော်များများ တုန်လှုပ်သွားပြန်သည်။

ယဲ့ဖန်သည် ယန်းချန်မြို့တွင် အခြေအနေ ကောင်းနေသည်ကို ရှုကျင်းရှင်းသိထားသော်လည်း ယဲ့ဖန်သည် ဤမျှလောက် ချမ်းသာကြွယ်ဝမည်ဟု တစ်ခါမျှပင် မစဉ်းစားမိခဲ့ချေ။

အနည်းဆုံးဆိုရလျှင် မြေယာလုပ်ငန်း၌ သူ့အား အကြီးအကဲအဖြစ် သတ်မှတ်ထားကြပြီး ဖြစ်လေသည်။

ဘေးဘက်တွင် ရပ်နေသော စမစ်သည် အစပိုင်းတွင် ထိုအကြောင်းအရာများကို မယုံကြည်ခဲ့ပေ။

လူငယ်လေးတစ်ယောက်က အမှန်ပဲ ဒီလောက် ကြီးမားတဲ့ သြဇာလွှမ်းမိုးမှု ရှိနေတာတဲ့လား။

ယခုအချိန်မှသာ ထိုကိစ္စ၏ အရေးကြီးမှုကို သူ သဘောပေါက်သွားတော့သည်။

သူ အကြီးအကဲတစ်ယောက်ကို တကယ် စိတ်ဆိုးစေမိခဲ့ပြီလား။

ချန်းချုံရှန်းသည် စမစ်အား မကျေမနပ်ဖြစ်နေလေသည်။

" အခု ဒါတွေကို ခင်ဗျားဘယ်လို ဖြေရှင်းမလဲဆိုတာ ကြည့်ရအောင် "

စမစ်သည် သူ၏အမှားကို သဘောပေါက်ခဲ့သော်လည်း ဝန်ခံရန် ဆန္ဒမရှိသောကြောင့် ခေါင်းမာစွာ ဆက်၍ ပြောဆိုနေလေသည်။

" အဟမ်း၊ သူက မြေယာလုပ်ငန်းမှာ ဩဇာလွှမ်းမိုးရှိတယ်ဆိုတော့ရော လေလံအိမ်ကို ဘာများထိခိုက်သွားမှာမလို့လဲ "

ချန်းချုံရှန်းသည် ဤလူ၏ မသိနားမလည်မှုအား ဆက်လက်ချေပဖို့ ပြင်လေသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် အခန်းတံခါးကို ခေါက်ပြန်သည်။

ထို့နောက် ချက်ချင်းပင် ထူပေါရန်သည် ကျောက်ကုန်သည် အနည်းငယ်နှင့်အတူ ဝင်ရောက်လာလေသည်။

" ဆရာကြီး ကျောက်မျက်ရတနာလုပ်ငန်းကို ကိုယ်စားပြုတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တချို့က ဆရာကြီးကို တွေ့ဖို့ လာကြတာပါ "

" ဆရာကြီး သက်သာရဲ့လား "

" ဆရာကြီးက ကျွန်တော်တို့ ကျောက်မျက်ရတနာ လုပ်ငန်းရဲ့ မျှော်လင့်ချက်ပ။ ကျန်းမာရေးကို သေချာ ဂရုစိုက်ရမယ် "

" ဆရာကြီးကို ဒီလိုမြင်လိုက်ရတော့ ငိုချင်လာမိတယ် ....... "

လူအနည်းစု ဝင်လာသည်နှင့် ချက်ချင်း ယဲ့ဖန်အား နေထိုင်ကောင်းသည်လားဟု နှုတ်ဆက်ကြလေသည်။

တချို့သည် သူတို့၏ ဖခင် သေဆုံးသွားသကဲ့သို့ပင် ထိုနေရာတွင် ငိုနေကြလေသည်။

စမစ်၏ မျက်လုံးများသည် ရုတ်တရက် မှုန်မှိုင်းလာလေသည်။

ကျောက်သမားများသည် သူတို့၏ လေလံအိမ်များနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိကြပြီး လက်ဝတ်တန်ဆာအချို့ကို လေလံတင်လေ့ရှိကြသည်။

သူတို့ထဲမှ ကျောက်သမား အများအပြားကို သူသိလေသည်။

သူတို့ အားလုံးသည် လက်ဝတ်ရတနာလုပ်ငန်းတွင် အရေးကြီးသော ပုဂ္ဂိုလ်များ ဖြစ်ကြလေသည် ။

အထူးသဖြင့် မန်ကျူးရတနာလုပ်ငန်း ကဲ့သို့သော လက်ဝတ်ရတနာ လုပ်ငန်းကြီး၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ထူပေါရန်သည် သူ့အတွက် သူစိမ်းတစ်ဦး လုံးဝ မဟုတ်ချေ။

အကယ်၍ ရှုမင်းယွမ်သည်သာ ယဲ့ဖန် ကို လေးစားသမှု ရှိနေသည် ဆိုလျှင် အဆင်ပြေနေသေးသည်။

သို့သော် သူမေးချင်တာများ ရှိနေလေသေးသည်။

ဒီလူတွေ အားလုံးက လက်ဝတ်ရတနာလုပ်ငန်းကဆို သူ့ကို ဘာလို့ ဒီလောက် လေးစားနေကြတာလဲ။

ဒူးထောက်ကာ အရိုအသေပေးတော့မည့် ခံစားချက်မျိုးပင် ရနေလေသည်။

" ထူ... ဒုဥက္ကဌထူက သူ့ကို ဆရာကြီးယဲ့လို့ ဘာလို့ခေါ်တာလဲ "

စမစ်သည် ထူပေါရန်ကို လျင်မြန်စွာ ဆွဲခေါ်လိုက်လေသည်။

" ဆရာကြီး "ဟူသော ဂုဏ်တံဆိပ်သည် ရိုးရှင်းသော နာမည်တပ်ပေးထားမှုဖြင့် ဖြစ်နိုင်မည် မဟုတ်ချေ။

ယဲ့ဖန်၏ အခန်းတွင် သူ့ကို တွေ့လိုက်ရသောအခါ ထူပေါရန်သည် ယဲ့ဖန်နှင့် ဆက်ဆံရေးကောင်းရှိသည်ဟု ထင်ပြီး ချက်ချင်းပင် စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်လေသည်။

" ဆရာကြီးယဲ့ရဲ့ ကျောက်လောင်းကစားစွမ်းရည်တွေက ထူးချွန်လို့လေ။ ' ဆရာကြီး ' ဆိုတဲ့ ဂုဏ်ပုဒ်ကတောင် သူရဲ့ စွမ်းရည်တွေနဲ့ မထိုက်တန်ဘူး "

ထို့နောက် သူသည် ကျောက်လောင်းကစားပွဲမှ ယဲ့ဖန်၏ မှတ်တမ်းကို ကွက်ကွက်ကွင်းကွင်းပင် ဖော်ပြလေသည်။

စမစ်သာမက ဘေးတွင်ရှိနေသော ချန်းချုံရှန်းနှင့် ရှုမင်းယွမ်တို့ပင် စကားမပြောနိုင်ကြတော့သည်အထိ ထိတ်လန့်သွားကြလေသည်။

သူတို့သည်လည်း ပညာရှိသည့်သူများ ဖြစ်သည့်အတွက် ၁၀၀%အထိ ကျောက်အောင်နိုင်ရန် မည်မျှ ခက်ခဲကြောင်း သိကြလေသည်။

ယဲ့ဖန်သည် ကျောက်တုံးမှ ရွှေအဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် နတ်ဘုရားပင် ဖြစ်လေသည်။

ဤအကြောင်းအရာသည် အနည်းငယ် မယုံနိုင်စရာကောင်းသော်လည်း ထူပေါရန်နှင့် တခြားသူများသည် လိမ်ပြောနေခြင်းမဟုတ်သည်မှာ သေချာလေသည်။

သူတို့ပြောသည့် အတိုင်းသာဆိုလျှင် ယဲ့ဖန်ကို လက်ဝတ်ရတနာလုပ်ငန်းမှာတွင် နတ်ဘုရားတစ်ပါးဟု ယူဆထားကြသည်မှာ အသေအချာပင်ဖြစ်သည်။

ယဲ့ဖန်ကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းသည် ရတနာလုပ်ငန်းမှ သူ့ကိုယ်သူ ဖြတ်တောက်နေခြင်းပင် ဖြစ်နေမည်။

စမစ်သည် နောက်ဆက်တွဲ ဆိုးကျိုးများကို စဉ်းစားမိသည်နှင့် သူ၏ နဖူးတွင် ချွေးများစိုလာလေသည်။

ထူပေါရန်သည် ယဲ့ဖန်၏ ဘုန်းကျက်သရေရှိသော အောင်မြင်မှုများကို ဂုဏ်ယူစွာ မြှောက်ပင့်ပြောဆိုနေလေသည်။

သူသည် စမစ် မျက်နှာမကောင်းနေသည်ကို ရုတ်တရက် မြင်သောအခါ ချက်ချင်းပင် မေးမြန်းလိုက်လေသည်။

" လူကြီးမင်းစမစ်၊ မင်းရဲ့ မျက်နှာက ဘာလို့ ဒီလောက် မကောင်းနေရတာလဲ။ မင်း နေမကောင်းဘူးလား။ "

စမစ်သည် ခါးသက်စွာ ပြုံးလိုက်လေသည်။

" မဟုတ်ပါဘူး၊ ကျွန်တော်...... လူကြီးမင်းယဲ့ ကို မတော်တဆ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိခဲ့လို့ပါ...... လူကြီးမင်း "

အပိုင်း ( ၈၄၄ )

ရွှေတုံးတွေအကြောင်း ပြန်ပြောကြရအောင်။

ထူပေါရန်သည် သူနှင့် အလွန်နီးကပ်နေသော်လည်း ထိုအကြောင်း ကြားသောအခါ လျင်မြန်စွာ နောက်ဆုတ်သွားပြီး သူ့ထံမှ အတော်အတန် ဝေးကွာသွားသည်။

တခြား ကျောက်မျက်ရတနာလုပ်ငန်းရှင်များသည်လည်း ရှောင်သွားကြလေသည်။

သူတို့သည် ကပ်ဆိုးထံမှ ပုန်းနေသကဲ့သို့ ရှောင်ကြဉ်သွားကြလေသည် ။

ထူပေါရန်၏ စိတ်တွင် အနှောင့်အယှက်ဖြစ်လာလေသည်။

သူသည် ဤလူမှာ ဆရာကြီးယဲ့နှင့်ကောင်းမွန်သော ဆက်ဆံရေးရှိသည်ဟု ထင်ခဲ့လေသည်။

ထို့ကြောင့် သူနှင့် နွေးထွေးစွာ စကားပြောခဲ့လေသည်။

သူသည် ဆရာကြီးယဲ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်ဆိုသည့် အကြောင်းကို သိခဲ့မည်ဆိုလျှင် သူတို့ကြားတွင် ရှင်းလင်းသော စည်းတားထားရန် စမစ်အား နှစ်ချက်မျှ ရိုက်လိုက်သင့်ပေသည်။

အခုတော့ နောက်ကျလွန်းပြီ ဖြစ်လေသည်။

…...

စမစ်သည် ယခုအချိန်တွင် အကြပ်အတည်းထဲသို့ ရောက်နေလေသည်။

သူသည် အကြီးအကဲတစ်ဦးကို အနှောင့်အယှက်ပေးခဲ့မိသည်ကို သူသိသွားပြီးဖြစ်သော်လည်း သူ၏ ခေါင်းကို ဦးညွှတ်ပြီး လူများစွာရှေ့ တွင် သူ၏ အမှားကို ဝန်ခံမည်ဆိုလျှင် ထိုအရာသည် အလွန်ပင် ရှက်စရာကောင်းနေပေလိမ့်မည်။

သူ တွန့်ဆုတ်နေချိန်တွင် နောက်ထပ် လူတစ်စုသည် အပြင်မှ ဝင်လာကြသည်။

ရှေ့တွင် လျှောက်လာနေသူသည် အနည်းငယ် ဝသော လူတစ်ယောက်ဖြစ်ပေသည်။

စမစ်သည် ထိုသူမှာ ယန်းချန်မြို့ရှိ ခရမ်းရောင်ဝါးရုံပိုင်ရှင် ယောင်းရှုမင်းဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် အသိအမှတ်ပြုနိုင်လိုက်လေသည်။

အခြားသူများသည်လည်းလည်း ယန်းချန်မြို့ရှေးဟောင်းပစ္စည်း အသိုင်းအဝိုင်းတွင် လူသိများသော ပုဂ္ဂိုလ်များဖြစ်ကြလေသည်။

မြေယာလုပ်ငန်း၊ ကျောက်မျက်ရတနာအသိုင်းအဝိုင်းတို့နှင့် နှိုင်းယှဉ်ကြည့်လျှင် ရှေးဟောင်းအသိုင်းအဝိုင်းသည်လည်း သူတို့၏ လေလံတင်အိမ်များနှင့် ပို၍ ရင်းနှီးသောဆက်ဆံရေးရှိသည်။

ထိုရှေးဟောင်းပစ္စည်းဆိုင်များသည်လည်း သူတို့၏ အဓိက ထုတ်ကုန် အရင်းအမြစ် ဖြစ်ပေသည်။

ဤရှေးဟောင်းဆိုင်များနှင့် ဆက်သွယ်ပြီး လေလံတင်ပစ္စည်းအချို့ကို ထုတ်ပေးခြင်းသာ ဖြစ်သည်။

တစ်နေ့တွင် ဤရှေးဟောင်းဆိုင်များသည် လေလံအိမ်ကို စုပေါင်း၍ သပိတ်မှောက်လိုက်ပါက လေလံအိမ်သည် အရှုံးများမည်မှာ သေချာပေသည်။

" လူကြီးမင်းယောင်း ......."

စမစ်သည် ယောင်းရှုမင်းအား နှုတ်ခွန်းဆက်ရန် ရှေ့သို့ တက်သွားလေသည်။

သို့သော် တခြားတစ်ဖက်မှ သူများသည် သူ့အား လျစ်လျူရှုထားကြပြီး ယဲ့ဖန်ဆီသို့ လျင်မြန်စွာ လျှောက်သွားကြကာ မြေပြင်ပေါ်၌ ဒူးထောက်လိုက်လေသည်။

" လူကြီးမင်းယဲ့၊ ကျေးဇူးပြုပြီး လမ်းပြပေးပါ "

အခြားသော ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူများသည်လည်း တညီတညွတ်တည်း ဒူးထောက်ကြလေသည်။

ထိုမြင်ကွင်းသည် အလွန်ပင် ထိတ်လန့်စရာကောင်းသည့်အတွက် ရှိနေသည့် လူအားလုံးသည် ထိတ်လန့်သွားကြလေသည်။

ဘာတွေဖြစ်နေကြတာလဲ။

ယဲ့ဖန်သည် အလွန်ပင် တွေဝေသွားလေသည်။

" သူဌေးယောင်း၊ ဘာကို ဆိုလိုတာပါလဲ "

ယောင်းရှုမင်းသည် ခါးသီးစွာ ငိုကြွေးလေသည်။

" အဲ့ဒီနေ့က လူမင်းကို စိတ်ဆိုးအောင်လုပ်လိုက်မိတယ်။ အဲ့တာပြီးတော့ ချောင်ရှင်းက ကျွန်တော်တို့ဆိုင်ကို နေ့တိုင်းရောက်လာပြီး ပြဿနာရှာတယ်။ ရက်အနည်းငယ်လောက်အထိ ပုံမှန်အတိုင်း ဆိုင်မဖွင့်နိုင်ဘူး "

" ဒီလို ဆက်လုပ်ဆောင်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စီးပွားရေးပျက်ရပါတော့မယ် "

အခြားသော ရှေးဟောင်းရောင်းဝယ်သူ အတော်များများသည်လည်း ထိုအတိုင်း နောက်မှ လိုက်ပါခဲ့ကြသည်။

" ကျွန်တော်တို့က ယောင်းရှုမင်းတို့ ဆိုင်နဲ့ စီးပွားရေးလုပ်ငန်းတချို့ရှိခဲ့လို့ မှီခိုနေရတာပါ။ ကျွန်တော်တို့ကိုလည်း ပစ်မှတ်ထားခံနေရပါတယ်။ ပြဿနာရှာဖို့ ကျွန်တော်တို့ရဲ့ ဆိုင်တွေကိုလဲ နေ့တိုင်းရောက်လာကြတယ် “

" ကျွန်တော်တို့ ဆိုင်မှာလဲ အလားတူပါပဲ။ သူတို့ရောက်လာတဲ့အခါ လူတွေကို ရိုက်တာ ဒါမှမဟုတ် ပစ္စည်းတွေကို ဖျက်ဆီးတာမျိုး မလုပ်ကြပါဘူး။ ဒါပေမယ့် ဝယ်သူတွေ ရောက်လာတဲ့အခါကျရင် သူတို့ကို စိုက်ကြည့်ကြတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ ဆိုင်ထဲမှာ ပစ္စည်းတွေ မဝယ်ရဲတဲ့ အထိ ကြောက်လန့်နေကြတယ် "

" ခရမ်းရောင်ဝါးရုံဆိုင်နဲ့ စီးပွားရေးလုပ်သမျှ ကာလပတ်လုံး ယန်းချန်မြို့မှာ လုပ်လို့ ရမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ "

" လူကြီးမင်းယဲ့၊ ကျွန်တော်တို့ကို အသက်ရှင်ခွင့်ပေးပါ။ ကျွန်တော်တို့အားလုံးက အတူတကွ အသက်ရှင်နေကြရတာပါ "

ထိုလူများ၏ တိုင်ကြားချက်ကို ကြားရသောအခါ ရှိနေသည့်သူတိုင်းသည် ထူးဆန်းသော မျက်နှာထားများ ရှိကြလေသည်။

ထိုလူများသည် အလွန် အထက်စီးဆန်လွန်းကြသည် မဟုတ်လား။

ဒါက ခရမ်းရောင်ဝါးရုံဆိုင်နဲ့ ဆက်စပ်နေတဲ့ လူအားလုံးကို မောင်းထုတ်ဖို့ လုပ်နေတာပဲ။

ယဲ့ဖန်သည် ထိုသူတို့နှင့် ပတ်သက်၍ တစ်စုံတစ်ရာရှိနေသည်ကို သူတို့ ပို၍ အံ့အားသင့်သွားကြလေသည်။

အဲ့ဒီလူတွေက ဘာလုပ်ခဲ့ကြတာလဲ။

စီးပွားရေးပိုင်ရှင်တစ်ဦးသည် ထိုကိစ္စတွင် ဝင်ပါလိုက်သည်နှင့် သူတို့၏ ဆိုင်တံခါးများကို ပိတ်ပြီး စီးပွားရေးပျက်မည်ဖြစ်ကြောင်း သူတို့ ကောင်းစွာ သိထားကြသည်။

ထိုအကြောင်းကို ရှင်းလင်းစွာ စဉ်းစားပြီးတဲ့နောက်တွင် ယဲ့ဖန်ကို ပို၍ လေးစားမိကြလေသည်။

တခြားတစ်ဖက်ကို စိတ်ကျေနပ်နိုင်စေရန် မပြုလုပ်နိုင်လျှင်ပင် သူ့အားစိတ်အနှောင့်အယှက် ဖြစ်အောင်တော့ မပြုလုပ်သင့်ပေ။

စမစ်သည် ယခုအချိန်တွင် စကားပြောရန် အလွန်ပင် ကြောက်နေသည်။

နောက်ဆုံးတွင် သူသည် ဘယ်လိုလူမျိုးအား စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိသွားသည်ကို သူ နားလည်သွားလေသည်။

သူသည် ယဲ့ဖန်အား အကယ်၍ Sotheby'sအား အနှောင့်အယှက်ပေးလျှင် တောင်ပိုင်းကွမ်တုန်းပြည်နယ်တစ်ခုလုံးမှ သူ့အား ထိခိုက်လိမ့်မည်ဟု ခြိမ်းခြောက်ခဲ့မိလေသည်။

ယခုတွင် ထိုစကားများသည် ရယ်စရာတစ်ခုမျှသာ ဖြစ်ပုံရတော့လေသည်။

ယဲ့ဖန် စကားတစ်ခွန်း ပြောလိုက်သည်နှင့် Sotheby'sသည် ယန်းချန်မြို့တွင် ခြေလှမ်းတစ် လှမ်း ချရန်ပင်လျှင် စဉ်းစားနိုင်မည် မဟုတ်တော့ချေ။

လေလံအိမ်အတွက် ဤမျှ အစွမ်းထက်သော ရန်သူတစ်ဦးကို စုဆောင်းခဲ့မိကြောင်း ဌာနချုပ်က သိသွားမည်ဆိုလျှင် စမစ်သည် လွတ်ငြိမ့်ချမ်းသာခွင့် ရတော့မည် မဟုတ်ချေ။

တစ်ဖက်တွင် ချန်းချုံရှန်းသည် ယဲ့ဖန်၏ လွှမ်းမိုးနိုင်မှုကို အံ့အားသင့်ခဲ့ရလေသည်။

သို့သော် ဤညီလေးသည် မထင်ထားနိုင်လောက်အောင်ပင် အောင်မြင်မှုများကို မကြာခဏ ရရှိခဲ့ပြီး သူသည်လည်း ဤကဲ့သို့ ဖြစ်ရပ်များနှင့် အကျွမ်းတဝင်ရှိလှလေပြီ ဖြစ်လေသည်။

သူသည် ဝမ်းသာပီတိဖြစ်နေလေသည်။

အခု စမစ် ဘယ်လို အဆုံးသတ်သွားမလဲဆိုတာ ကြည့်ကြတာပေါ့။

ယောင်းရှုမင်းနှင့် တခြားသူများ၏ တိုင်ကြားချက်များကို နားထောင်ပြီးသည့်နောက် ယဲ့ဖန်သည် မျက်မှောင်ကြုတ်လိုက်လေသည်။

" သူတို့ကို ပြဿနာတွေ လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ကျွန်တော်က မေပယ်ရွက်ဆိုင်ရဲ့ အကြီးအကဲပါ။ စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ ဘယ်တော့မှ အစလုပ်မှာ မဟုတ်ဘူး "

ယောင်းရှုမင်းသည် အလျင်စလို ခေါင်းညိတ်လိုက်သည်။

" လူကြီးမင်းယဲ့ရဲ့ လှုံ့ဆော်မှု မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့ရဲ့ လူတွေက မင်းကို မျက်နှာသာပေးချင်နေကြတယ်လို့ ထင်ရတယ်။အဲ့တာကြောင့် ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ခဲ့ကြတာ "

" ကျွန်တော်တို့က ဆရာကြီးကနေ သူတို့ကို ထပ်ပြီး ပြဿနာတွေ မလုပ်ဖို့ ပြောစေချင်တာပါ။ အနာဂတ်မှာ မေပယ်ရွက်ဆိုင်က ယန်းချန်မြို့ထဲ ဝင်ရောက်နိုင်ဖို့အတွက် ကျွန်တော်တို့က ကြိုးစားကြမှာပါ "

အခြား ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူများသည်လည်း ခေါင်းညိတ်ကြလေသည်။

ယဲ့ဖန်သည် ခဏတာ စဉ်းစားပြီးနောက် သူ၏ ဖုန်းကို ချက်ချင်းထုတ်ပြီးနောက် ကောင်းဟူကို ခေါ်လိုက်လေသည်။

ဖုန်းဝင်သွားပြီးနောက် ကောင်းဟူ၏ အသံသည် ချက်ချင်းထွက်လာလေသည်။

" လူကြီးမင်းယဲ့၊ အမိန့်ရှိပါ။ "

ယဲ့ဖန်သည် ချက်ချင်းပင် ဆူပူကြိမ်းမောင်းလိုက်လေသည်။

" ကောင်းဟူ၊ သေချင်နေတာလား။ ခရမ်းရောင်ဝါးရုံဆိုင်မှာ ပြဿနာရှာဖို့ လူလွှတ်ဖို့ ဘယ်သူ မင်းကို ပြောတာလဲ "

နေရာ၌ လူတိုင်းသည် ထိတ်လန့်သွားကြလေသည်။

ဖုန်း၏ အခြားတစ်ဖက်မှ တစ်ဦးသည် ခေါင်းဆောင်တို့၏ ခေါင်းဆောင်ဖြစ်လေသည်။

အခြားသူများသည် ဤအဖြစ်အပျက်ကို မြင်ရသောအခါ ယဲ့ဖန်ကို ဘိုးဘေးအဖြစ် ဦးညွတ်ချင်သွားသည်။

ဤယဲ့လူကြီးမင်းသည် အလွန်ပင် အာဏာရှိလှလေသည်။

သူသည် တစ်ဖက်သူအား ပြစ်တင်ပြောဆိုနေခဲ့လေသည်။

သို့သော် သူတို့ကို ပို၍ ထိတ်လန့်စေသည့် အရာမှာ တစ်ဖက်မှ ကောင်းဟူသည် ဒေါသထွက်ခြင်းမဖြစ်ဘဲ တုန်လှုပ်ခြင်းသာ ဖြစ်နေလေသည်။

" လူကြီးမင်းယဲ့၊ ဒီရှေးဟောင်းပစ္စည်းတွေက လူကြီးမင်းကို စိတ်အနှောင့်အယှက်ပေးပြီး မေပယ်ရွက်ဆိုင်ကို ယန်းချန်မြို့ထဲ မဝင်အောင် တားဆီးခဲ့တာပါ။ တကယ်ကို မခံမရပ်နိုင် ဖြစ်ရပါတယ်။ အဲ့တာကြောင့် သူတို့ကို ပညာပေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်တာပါ "

" ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ဘယ်သူ့ကိုမှ မထိခဲ့ပါဘူး "

" ကောင်းပြီ။ မစိုးရိမ်နဲ့၊ မင်းရဲ့ လူတွေကို မြန်မြန် ပြန်ခေါ်လိုက်။ ပြီးရင် နောက်ဆိ အဲ့နေရာတွေကို သွားခွင့်မပေးဘူး။ ကျွန်တော့်ရဲ့ နောက်မှာ ခင်ဗျားရင် ဘယ်လိုကိုင်တွယ်ပြမလဲဆိုတာ ကြည့်လိုက် "

" ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ၊ လူကြီးမင်းယဲ့၊ ဒေါသမထွက်ပါနဲ့။ ကျွန်တော် သူတို့ကို ပြန်ခေါ်လိုက်ပါမယ် "

ယဲ့ဖန်သည် ဖုန်းကို ချလိုက်ပြီး ယောင်းရှုမင်းနှင့် အခြားသူများကို ကြည့်ဖို့ လှည့်လိုက်လေသည်။

" မစိုးရိမ်နဲ့တော့၊ နောက်ထပ် ပြဿနာ ဖြစ်အောင် လုပ်ရဲတော့မှာ မဟုတ်ဘူး "

ထို့နောက် လူတစ်စုလုံးသည် သူ့ကို ကြောင်အစွာ စူးစိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။

အလွန် ရှုပ်ထွေးနေသော မျက်လုံးများ၊ လေးစားနေမှုများ၊ ထိတ်လန့်တုန်လှုပ်ချောက်ချားမှုများ၊ သံသယများနှင့် မြှောက်ပင့်နေမှုများ......

" အများကြီး...... ကျေးဇူးတင်ပါတယ်၊ လူကြီးမင်းယဲ့၊ ကျေးဇူးတင်ပါတယ် "

ယောင်းရှုမင်းသည် ပထမဆုံး တုံ့ပြန်ခဲ့သူ ဖြစ်ခဲ့ ပြီး ယဲ့ဖန်ကို လျင်မြန်စွာပင် ကျေးဇူးတင်ခဲ့ပြီး အခြားသူများသည်လည်း အလျင်အမြန်ပင် နောက်မှလိုက်ကာ ကျေးဇူးတင်ကြလေသည်။

ဤအခိုက်အတန့်တွင် စမစ်သည် နောက်ဆုံး၌ မခံနိုင်တော့ဘဲ တဖြည်းဖြည်းချင်း ဖြတ်လျှောက်သွားလေသည်။

" လူကြီးမင်းယဲ့.... ဒါတွေအားလုံးက နားလည်မှုလွဲနေခဲ့ကြတာတွေပဲ။ အခု ရွှေတုံးတွေအကြောင်း ပြောကြရအောင်။ "

သူသည်အမှန်တကယ်ပင် တောင်းပန်ချင်သော်လည်း လူအများရှေ့တွင် မျက်နှာမပျက်ချင်ဘဲ မျက်နှာပန်းလှချင်နေလေသည်။

ယဲ့ဖန်သည် ဟက်ခနဲ ရယ်လိုက်လေသည်။

" ဘာအကြောင်း ပြောစရာရှိသေးလို့လဲ။ ကျွန်တော့်ပစ္စည်းတွေကို မကြိုက်တဲ့အတွက် ခင်ဗျားကိုတောင်းပန်ပြီး ပြောနေမှာ မဟုတ်ဘူး။ "

ယဲ့ဖန်၏ သဘောထားကို ကြားကြပြီးနောက် သူ၏ ဘက်မှ လိုက်ပြောကြလေသည်။

" ကျွန်တော်တို့ ရှုမိသားစုက လူကြီးမင်းယဲ့ဘက်မှာ အခိုင်အမာရှိပါတယ်။ လူကြီးမင်းယဲ့ရဲ့ ရန်သူတိုင်းဟာ ကျွန်တော်တို့ ရှုမိသားစုရဲ့ ရန်သူပါ "

ရှုမင်းယွမ်သည် ကြော်ငြာချက်တစ်ခုကို ဦးဆောင်ပြုလုပ်ခဲ့ပြီးနောက် စမစ်ကို တည်ငြိမ်စွာ စူးစိုက် ကြည့်လိုက်လေသည်။

" ကျွန်တော်တို့ရဲ့ မန်ကျူးရတနာလုပ်ငန်းကလည်း ဆရာကြီးယဲ့ကို ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အဖြစ် ယူဆထားပါတယ်။ ဆရာကြီးယဲ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတာဟာ ကျွန်တော်တို့ရဲ့ မန်ကျူးရတနာလုပ်ငန်းကို စိတ်အနှောင့်အယှက်ပေးတာနဲ့ အတူတူပါပဲ "

ထူပေါရန်သည် သဘောတူလိုက်ပြီး သူ၏ နောက်ရှိ ကျောက်သမားများသည်လည်း ခေါင်းညိတ်လိုက်ကြလေသည်။

" ကျွန်တော်တို့ရဲ့ ခရမ်းရောင်ဝါးရုံဆိုင်ကလဲ ယဲ့လူကြီးမင်းရဲ့အမိန့်ကို နာခံပါတယ်။ ဆရာကြီး အမိန့်ပေးလိုက်တာနဲ့ Sotheby'sလေလံတင်အိမ်ကို ပူးတွဲ သပိတ်မှောက်နိုင်ပါတယ် "

ယောင်းရှုမင်းသည် ဦးဆောင်ခဲ့ပြီး တခြားရှေးဟောင်းဆိုင်များသည်လည်း သူတို့၏ သဘောထားများကို ပြသခဲ့လေသည်။

Sotheby's လေလံတင်အိမ်သည် အများပြည်သူ၏ အပြစ်တင်ရှုတ်ချသည့် ပစ်မှတ်ဖြစ်လာလေသည်။

All Chapters