← Chapters

အပိုင်း ၈၄၅-၈၄၈

Vol. 43 Ch. 845-848

အပိုင်း ၈၄၅-၈၄၈

Vol. 43 Ch. 845-848

အပိုင်း ( ၈၄၅ )

ဘယ်သူက ရှင့်အတွက် ကလေးမွေးပေးချင်နေလို့လဲ။

စမစ်သည် ယခု အမှန်တကယ်ပင် ထိတ်လန့်နေ‌လေသည်။

သူသည် ယဲ့ဖန်ဆီမှ ဈေးနှုန်းကို နှိမ်ချင်ခဲ့လေသည်။

ထိုအခါမှသာ သူသည် အနိမ့်ဆုံး ဈေးနှုန်းဖြင့် ထိုရွှေတုံးများကို သူ့ဆီမှ ဝယ်ယူရန် စိတ်ကူး ထားလေသည်။

ဤနည်းဖြင့် အခြေအနေကို အခွင့်ကောင်းယူပြီး ချေးငွေရယူရန် ဌာနချုပ်သို့ သွားနိုင်ပေမည် ဖြစ်လေသည်။

သို့သော် ဤယဲ့လူကြီးမင်းသည် မြေယာလုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း သာမက ရှေးဟောင်းပစ္စည်းလုပ်ငန်းတွင် ဖြစ်စေ အလွန် အင်အားကြီးလိမ့်မည်ဟု သူသည် ဘယ်တုန်းကမှ မတွေးခဲ့မိချေ။

ဤလုပ်ငန်းအားလုံးသည် ယဲ့ဖန် အပေါ်တွင်သာ မူတည်နေလေသည်။

ထို့အပြင် ချောင်ရှင်းဂိုဏ်းကိစ္စသည် သူ့အား ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့လေသည်။

ဤအရာသည် ယဲ့လူကြီးမင်း၏ စွမ်းဆောင်နိုင်ရည်များထဲမှ အပေါ်ယံ အရာတစ်ခုမျှသာ ဖြစ်သည်ဟု သူ ယုံကြည်နေလေသည်။

ယဲ့ဖန်မှ အမိန့်တစ်ခု ပေးပြီးသည်နှင့် သူတို့၏ Sotheby'sသည် ယန်းချန်မြို့တွင် ခြေတစ်လှမ်းပင် ချနိုင်လိမ့်မည် မဟုတ်ဟု ပြောခြင်းသည် ချဲ့ကား ပြောနေခြင်း မဟုတ်ချေ။

ဤကိစ္စကို ဌာနချုပ်မှ တွေ့ရှိပြီးသည်နှင့် သူ့ကို ပေါ့ပေါ့တန်တန် လွှတ်ထားပေးမည် မဟုတ်ချေ။

ထိုအချက်ကို တွေးမိပြီးနောက် သူသည် မျက်နှာပန်းလှရေးကို မစဉ်းစားနိုင်တော့ဘဲ ယောင်းရှုမင်းနှင့် တခြားသူတွေများကဲ့သို့ လျင်မြန်စွာ မြေပေါ် ၌ ဒူးထောက်လိုက်လေသည်။

" လူကြီးမင်းယဲ့၊ မိုက်မဲတဲ့ အမှားတစ်ခုကို လုပ်ခဲ့မိတယ်ဆိုတာ သဘောပေါက်ပါတယ်။ သဘောထားကြီးပေးပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် "

ယဲ့ဖန်၏ မျက်နှာပေါ်တွင် သရော်နေသော အပြုံးတစ်ခု သူ့အလိုလိုပင် ပေါ်လာလေသည်။

နိုင်ငံခြားသားတွေရဲ့ ဒူးတွေက ဒူးထောက်ဖို့ ခက်လွန်းတယ်လို့ ပြောခဲ့တာသူ မဟုတ်လား။

အခုတော့ ဒူးထောက်တဲ့ နေရာမှာ အရမ်းပဲကျွမ်းကျင်နေတာ မဟုတ်လား။

" မစိုးရိမ်ပါနဲ့၊ ကျွန်တော်က တွန့်တိုတတ်တဲ့သူ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ Sotheby's ကို ဘာမှလုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နောက်အခေါက်တွေမှာ ကျွန်တော့်ရဲ့ ပစ္စည်းတွေကို ခင်ဗျားတို့ရဲ့ Sothebyဆီ လွှဲပြောင်းပေးမှာ မဟုတ်တော့ဘူး "

စကားပြောပြီးတဲ့နောက် ထွက်သွားဖို့ တိုက်ရိုက် အချက်ပြသည့်အနေဖြင့် လက်ကို ဝှေ့ယမ်းလိုက်လေသည်။

စမစ်သည် မထခဲ့သေးပေ။

ယဲ့ဖန်သည် သူတို့အား အရှက်ရအောင် ပြုလုပ်မည်ဟု မပြောခဲ့သော်လည်း သူတို့အား ခွင့်လွှတ်သည်ဟူ၍လည်း မပြောခဲ့ပေ။

ထိုမပြတ်သားသော သဘောထားသည် ပို၍ပင် ထိတ်လန့်စရာကောင်းလေသည်။

အခြားလူများသည် လူကြီးမင်းယဲ့၏ သဘောထားကို တွေ့ကြပြီးဖြစ်၍ သူတို့ကို အလေးပေး ဆက်ဆံကြတော့မည် မဟုတ်ချေ။

ထို့အပြင် Sotheby'sသည်လည်း အနာဂတ်တွင် အလွန်ပင် ခက်ခဲလာလိမ့်မည် ဖြစ်ပေသည်။

" ယဲ့လူကြီးမင်း .............. "

သူသည် ပိုကောင်းသော စကားလုံးတချို့ကို ပြောချင်သေးသော်လည်း ယဲ့ဖန်သည် စိတ်မရှည် ဖြစ်လာလေသည်။

" ခင်ဗျားရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နောက်ထပ် နားမထောင်ချင်တော့ဘူး။ ဒေါသမထွက်လာခင် ချက်ချင်း ထွက်သွားသင့်တယ် "

စမစ်သည် ငိုမဲ့မဲ့ ဖြစ်လာကာ ချန်းချုံရှန်းဘက်အား အလောတကြီးဖြင့် လှည့်ကာ အကူအညီတောင်းလေသည်။

ချန်းချုံရှန်းသည် ရုတ်တရက် ခေါင်းကိုက်လာလေသည်။

သူသည် စမစ် ဤကဲ့သို့ ပြဿနာတက်နေသည်ကို တွေ့မြင်ရသည်မှာ အလွန်ပျော်ရွှင် သော်လည်း သူသည် Sotheby's ယန်းချန်မြို့ဌာနခွဲ၏ တာဝန်ရှိသူ ဖြစ်နေဆဲ ဖြစ်သည်။

ယန်းချန်မြို့ ဌာနခွဲကို စုပေါင်းကာ သပိတ်မှောက်ခဲ့လျှင် ဌာနချုပ်သို့ ရှင်းပြရန် ခက်ခဲပေလိမ့်မည်။

ချန်းချုံရှန်းသည် ကျည်ဆန်ကို ကိုက်ပြီး ရှေ့ဆက်သွားဖို့မှလွဲလို့ ရွေးချယ်စရာမရှိတော့ချေ။

" ညီလေးယဲ့၊ စမစ်က သူ့အမှားကို သိပြီးသွားပြီလေ။ မျက် ...... မျက်နှာသာလေး ပေးနိုင်မလား "

ထိုစကားများကို ပြောသောအခါ ယဲ့ဖန်သည် ငြင်းပယ်ရန် အသင့်ဖြစ်နေလေသည်။

သို့သော် ယဲ့ဖန်သည် ခဏတာမျှ တုန့်ဆိုင်းနေပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေသည်။

" အစ်ကိုချန်းက ပြောပေးနေတာမို့ သူ့ကို မျက်နှာသာ ပေးလိုက်မယ်။ သူ့ကို ထခိုင်းလိုက်တော့ "

ချန်းချုံရှန်းသည် ချက်ချင်းပင် ကျေးဇူးတင်ခဲ့လေသည်။

လူများစွာရှေ့တွင် ယဲ့ဖန်သည် ထိုကဲ့ပြောခဲ့ခြင်းကြောင့် စမစ်အား လုံလောက်သော မျက်နှာသာပေးရာ ရောက်လေသည်။

ချန်းချုံရှန်းသည် စမစ်ကို အလျင်အမြန် မျက်စပစ်ပြပေးလိုက်ပြီးနောက်တွင် စမစ်သည် ဒူးထောက်နေရာမှ သူ၏ဘေးသို့ အလွန်ပင် ရှက်ရွံ့စွာဖြင့် မတ်တပ်ရပ်နေလေသည်။

ဤအချိန်တွင် ယဲ့ဖန်သည် ဆက်လက်၍ ပြောလေသည်။

" ဒီရွှေတုံးတွေကို ခင်ဗျားတို့ဆီကို ဆက်အပ်နိုင်ပေမဲ့ အရင်ဈေးနှုန်းကိုတော့ လက်မခံနိုင်ဘူး "

ချန်းချုံရှန်းသည် အလျင်စလို ခေါင်းညိတ်လိုက်လေသည်။

" တကယ်တော့ အဲ့ဒီဈေးနှုန်းက လုံးဝလက်ခံလို့ မရဘူး။ ကျွန်တော့် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွှေတစ်တုံးကို ယွမ် ၁.၂သန်း ဈေးနှုန်းနဲ့ ဝယ်လိုက်ပါရစေ။ ညီလေးယဲ့အတွက် ပြဿနာမရှိစေရပါဘူး "

သူသည် ပြောနေစဉ် စမစ်ကိုကြည့်ရန် ခေါင်းကို လှည့်လိုက်လေသည်။

ပြောခဲ့တာကို ကန့်ကွက်ချင်တာရှိလား။

စမစ်သည်လည်း အလျင်အမြန်ပင် ပဲ့တင်ထပ် ပြောလိုက်လေသည်။

" ဟုတ်ပါတယ်၊ ဒီဈေးနှုန်းက သိပ်တရားမျှတပါတယ် "

ထိုပျော်စရာကောင်းသော ပွဲကိုကြည့်နေသည့် ရှုကျင်းရှင်းသည် ရယ်မိမလိုပင် ဖြစ်သွားလေသည်။

ဤလူသည် ယခင်က ဈေးနှုန်းကို ၈သိန်းအထိ လျှော့ချခဲ့သော်လည်း ယခုအခါတွင်မူ ၁.၂ သန်း အထိ မြှင့်လိုက်ရလေသည်။

ဈေးနှုန်းသည် တရားမျှတသည်ဟူ၍ပင် ပြောလာလေသည်။

မြင်ရသည်မှာ ရယ်စရာ ကောင်းလှလေသည်။

ယဲ့ဖန်သည် သဘောတူလက်ခံရန် အလျင်မလိုဘဲ ချန်းချုံရှန်းအား လေးနက်စွာဖြင့် ကြည့်လိုက်လေသည်။

" အစ်ကိုချန်း၊ ခင်ဗျားကို အခွင့်ကောင်းမယူချင်ပါဘူး။ ကျွန်တော် ရသင့်သလောက်ပဲ ယူမှာပါ "

ချန်းချုံရှန်းသည် သူ၏ လက်ကို အလျင်အမြန် လက်ဝှေ့ယမ်းလိုက်သည်။

" ညီလေးယဲ့၊ ကျေးဇူးပြုပြီး အဲ့လို မပြောပါနဲ့။ အခုပေးလိုက်တဲ့ ဈေးနှုန်းက တကယ်တော့ အရမ်းကို အကျိုးသင့် အကြောင်းသင့် ရှိပါတယ် "

" ငါတို့ ကောင်းမွန်စွာ လည်ပတ်နေသရွေ့ ဒီရွှေတုံးတွေရဲ့ အကျိုးသက်ရောက်မှုက သူ့ရဲ့ တန်ဖိုး ထက်များစွာ ကျော်လွန်နေမှာပါ "

စမစ်သည် ခေါင်းညိတ်လိုက်လေသည်။

" ဟုတ်တယ်၊ ဟုတ်တယ်၊ မန်နေဂျာချန်း ပြောတာမှန်တယ်"

သူတို့ပြောသည်ကို ကြားပြီးသည့် နောက်တွင် ယဲ့ဖန်သည် စကားအပို မပြောတော့ချေ။

" ဒါဆိုရင် အတည်ဖြစ်သွားပြီ။ ဒီရွှေတွေအားလုံးကို ယူသွားလိုက်ပါ။ "

ချန်းချုံရှန်းသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး ချက်ချင်း အကူအညီတောင်းခဲ့လေသည်။

အားလုံးပေါင်း တန်ချိန် ငါးထောင် ဖြစ်လေသည်။

ရှေးခေတ်မှ တိုင်းတာသော တန်ချိန်နှင့် ယနေ့ခေတ်တိုင်းတာသော တန်ချိန်သည် မတူသော်လည်း သူတို့ နှစ်ယောက်တည်း သယ်ဆောင်မသွားနိုင်ကြချေ။

" လူကြီးမင်းယဲ့က ဒီနေရာမှာ လုပ်ဆောင်ဖို့ ကိစ္စရှိနေသေးတာကြောင့် သူ့ကို စိတ်အနှောင့်အယှက် မပေးရအောင်။ ကျွန်တော်တို့ အရင်ဆုံး သွားကြမယ် "

ရှုမင်းယွမ်သည် ဤနေရာသို့လာရန် ရည်ရွယ်ချက်ကို အောင်မြင်ခဲ့ပြီး ဖြစ်သောကြောင့် ယဲ့ဖန်အား ရုတ်တရက်ပင် နှုတ်ဆက်စကားစကားဆိုလိုက်လေသည်။

ထူပေါရန်၊ ယောင်းရှုမင်း နှင့် အခြားသူများသည် ယဲ့ဖန်၏ အနားယူမှုကို ထပ်၍ မနှောင့်ယှက်ဝံ့တော့ကြချေ။

တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာရန် ထခဲ့ကြလေသည်။

လူများပြည့်ကျပ်နေသော အဆောင်သည် ချက်ချင်းပင် အလွတ်ဖြစ်သွားလေသည်။

ထိုအချိန်တွင် Sotheby'sမှ လူများ အချိန်ကိုက်ရောက်လာပြီး ရွှေများကို ရွှေ့ကြလေသည်။

" ညီလေးယဲ့၊ နောက်မှ ငွေလွှဲပေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ့မယ်။ ဒီနေ့ အစ်ကိုကို မျက်နှာသာ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နေမကောင်းတာ သက်သာလာတဲ့အခါကျရင် ညစာလိုက်ကျွေးပါမယ် "

ချန်းချုံရှန်းသည် ယဲ့ဖန်ကို ကျေးဇူးတင်စွာ ကြည့်နေလေသည်။

သူ့အား ယနေ့ မျက်နှာသာ အလုံအလောက် ပေးခဲ့ လေသည်။

သူသည် အနာဂတ်တွင် Sotheby'sတွင် ပိုမို ကြီးမား သော နေရာတစ်ခု ရရှိလိမ့်မည် ဟု ယုံကြည်နေလေသည်။

အစပိုင်းတွင် သူသည် ယဲ့ဖန် ငယ်ရွယ်စဉ်က အနည်းငယ်သာ ကူညီပေးခဲ့သော်လည်း ယခု သူ့အား ဤမျှလောက် ကြီးမားသော ကောင်းချီးတစ်ခုယူဆောင်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ယခုအချိန်တွင် လူဘယ်လောက်များများသည် ယဲ့ဖန်၏ မျက်နှာသာပေးခြင်း ခံချင်နေသည်ကို သူ မသိပေ။

ထိုလူများသည် နည်းလမ်းရှာတွေ့နိုင်ကြမည် မဟုတ်ချေ။

ထို့ကြောင့် သူသည် ယဲ့ဖန်နှင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးအား အလွန်ပင် နှစ်သက်ပြီး အလွန်အကျွံ အခွင့်အရေး မယူရဲချေ။

ယဲ့ဖန်သည် ချက်ချင်းထပြီး သူ့အား တံခါးနားထိလိုက်ပို့ပေးလေသည်။

ဤကဲ့သို့ ယဉ်ကျေးမှုမျိုးသည် ထိုလူများ အရင်က မကြုံဖူးသော အရာပင် ဖြစ်လေသည်။

စမစ်သည် ထိုမြင်ကွင်းကို သူ၏မျက်စိဖြင့် မြင်ပြီးနောက် အနာဂတ်တွင် ချန်းချုံရှန်းနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်သင့်သည်ကို သိရှိသွားလေသည်။

နှစ်ယောက်ထွက်ခွာသွားပြီးနောက် ယဲ့ဖန်အား အချိန်အတော်ကြာ စောင့်ဆိုင်းစေခြင်းမရှိဘဲ Sotheby'sထံမှ ပိုက်ဆံများ လက်ခံရရှိလေသည်။

ဤတစ်ကြိမ်တွင် သန်း ၆၀၀ကို တိုက်ရိုက် လွှဲလာလေသည်။

ထိုငွေသည် ယဲ့ဖန်၏ ၁၀ ဘီလီယံပြည့်ရန် ပို၍နီးကပ်သော ကြီးမားသည့် ခြေလှမ်းတစ်ခု ဖြစ်ပေသည်။

ရှုကျင်းရှင်းသည် ချက်ချင်းပင် ယဲ့ဖန်ဘက်သို့ ကပ်လိုက်လေသည်။

" ညသန်းခေါင်မှာ ဒီလို သရဲရှိတဲ့နေရာကို ရှင်နဲ့အတူ လိုက်ပေးခဲ့တာလေ။ တချို့ကို မျှဝေပေးသင့်တယ် မဟုတ်လား"

ယဲ့ဖန်သည် ခေါင်းညိတ်လိုက်လေသည်။

" ဖြစ်သင့်ပါတယ်။ အရင်က မင်းကို မပြောခဲ့ဖူးလား "

စကားပြောနေစဉ် အနောက်ဘက်မှ ရွှေကို ထုတ်လိုက်လေသည်။

ရှုကျင်းရှင်းသည် ခဏတာမျှ အံ့သြသွားလေသည်။

" ရှင် ရှင်... တစ်ကယ်ကြီး ခိုးထားတာလား "

ယဲ့ဖန်သည် ချက်ချင်းပင် စိတ်မသာမယာဖြစ်သွားလေသည်။

" အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။ သူတို့ကိုယ်တိုင် ရွှေ့ကြတုန်း မတော်တဆ ကျကျန်ခဲ့တာကို ယူထားလိုက်ရုံပဲ။ "

ထို့နောက် သူမ၏ လက်ထဲသို့ ရွှေတုံးကို ထည့်လိုက်လေသည်။

ရှုကျင်းရှင်းသည် ရွှေကို တင်းကျပ်စွာ ကိုင်ထားလေသည်။

ထိုအရာသည် သူမ၏ ပထမဆုံး စူးစမ်းရှာဖွေရေး အမှတ်တရတစ်ခု ဖြစ်လေသည်။

ထို့ကြောင့် သူမသည် ထိုအရာကို ကောင်းစွာ ထိန်းသိမ်းထားရမည် ဖြစ်ပေသည်။

ဤအချိန်တွင် ယဲ့ဖန်သည် ပြုံးကာ ပြောလိုက်သည်ကို သူမ ကြားလိုက်လေသည်။

" မင်းရဲ့ သားသမီးတွေအတွက် မိသားစုအမွေခံအဖြစ် ထားခဲ့လို့ရတယ်"

ရှုကျင်းရှင်းသည် အနည်းငယ်ရှက်သွားကာ ဒေါသတကြီး ကြည့်လိုက်လေသည်။

" ဘယ်သူက ရှင့်ရဲ့ ကလေးကို မွေးပေးချင်နေလို့လဲ။ "

စကားပြောပြီးနောက် လျင်မြန်စွာ ထွက်ပြေးသွားလေသည်။

ယဲ့ဖန်သည် သူမ ထွက်သွားသည့် ဘက်သို့ ကြောင်အစွာ ကြည့်နေလေသည်။

ကိုယ့်အတွက် မွေးပေးရမယ်လို့ ပြောလိုက်မိလို့လား။

အပိုင်း ( ၈၄၆ )

ငါ့ရဲ့ ကိစ္စမှာ ဝင်ရောက်စွက်ဖက်ရဲတဲ့သူကို တကယ်တွေ့ချင်မိတယ်။

ရှုကျင်းရှင်း ထွက်သွားသည်နှင့် တပြိုင်နက် ကျောင်းဖုလင်၊ လော့ကျင်းယွမ်နှင့် ကျုံးဟိုင်မြို့မှ လက်အောက်ငယ်သားဟောင်းများသည် သူ့ကို တွေ့ရန် ဆေးရုံသို့ လာချင်သည်ဟု တစ်ယောက်ပြီး တစ်ယောက် ဖုန်းခေါ်ကြလေသည်။

ယဲ့ဖန် ရုတ်တရက် ခေါင်းကိုက်လာလေသည်။

ဆေးရုံတွင် မနေနိုင်တော့ဘူးဟု ခံစားလာရလေသည်။

ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူဆီသို့ လာ၍ ညည်းတွားမည့်သူ မည်မျှ ရှိနိုင်မည် မသိနိုင်ချေ။

ထိုလူများ၏ ကြင်နာမှုကို ချက်ခြင်းပယ်ချပြီး ဆေးရုံဆင်းရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို လူကိုယ်တိုင် သွားရောက်လုပ်ဆောင်ကာ ဆေးရုံမှ မဆင်းမီ ကျူးရှောင်ကျောင်းကို သွားရောက်တွေ့ဆုံလေသည်။

နောက်ဆုံးတွင် သူမသည် ပြင်းထန်တဲ့ရောဂါမှ ပြန်လည်သက်သာလာခဲ့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။

သူသည်လည်း သူမအား အနှောက်အယှက်မပေးတော့ဘဲနှင့် ကျောက်ရှဝူအား အကြောင်းတစ်ခုခုရှိလျှင် ဖုန်းခေါ်ရန် ပြောပြီးနောက် အမြန်ပင် ထွက်သွားလေသည်။

ဟိုတယ်သို့ ပြန်သောလမ်းတွင် သူသည် အကြမ်းဖျဉ်း တွက်ချက်နေလေသည်။

ယခုတစ်ကြိမ်၌ ကျောက်လောင်းကစာဝိုင်းတွင် ၁.၁ဘီလီယံကျော် အမြတ်အစွန်းရခဲ့ပြီး ရွှေတုံးများမှ နောက်ထပ် သန်း ၆၀၀ ရရှိခဲ့လေသည်။

ရှန်းနုန်ဆေးဝါးကုမ္ပဏီကို ထည့်မတွက်လျှင်ပင် ရက်အနည်းငယ်အတွင်း သူ ငွေသား ၁.၇ ဘီလီယံကျော်ကို ရရှိခဲ့လေသည်။

လက်ရှိတွင် သူသည် သူ၏ ပန်းတိုင် ဖြစ်သည့် ၁၀ ဘီလီယံနှင့် ၄.၄ဘီလီယံကျော်သာ ဝေးကွာပြီး အောင်ပွဲ၏ အရုဏ်ဦးကို သူမြင်နေရပြီ ဖြစ်လေသည်။

ကျန်ငွေများကို ဖယ်ထုတ်နိုင်သရွေ့ နက်နဲသော စကန်ဖတ်စစ်ဆေးခြင်း လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်နိုင်ပြီး ရှန်းဘုရင်၏ လျှို့ဝှက်ရတနာများကို စူးစမ်းရှာဖွေနိုင်မည် ဖြစ်ပေသည်။

ပစ်မှတ်သည် ပို၍နီးကပ်လာသည်နှင့်အမျှ သူသည် လျှို့ဝှက်ရတနာသိုက်၌ မည်သည့်လျှို့ဝှက်ချက်များ ရှိနေမည်ကို ပို၍ သိချင်လာလေသည်။

နေကိုးလုံး သိုင်းကျမ်းလိုတွေ ရှိနေမည်လား။

လေ့ကျင့်စဉ်တစ်ခုတည်းနဲ့ ကောင်းကင်ကို ထိုးဖောက်ပြီး မြေကြီးကို ထိုးဖောက်နိုင်တဲ့ လမ်းကြောင်းအားလုံးကို ရနိုင်မည်လား။

ထိုအရာများသည် သူအလိုရှိသော စိတ်ကူးယဉ် အတွေးများသာ ဖြစ်ပေသည်။

သူ၏ နက်နဲသော စကန်ဖတ်ခြင်း လုပ်ဆောင်ချက်ကို ၁၀ကီလိုမီတာ အဆင့်အထိ အဆင့်မြှင့်ထားသော်လည်း ရှန်းဘုရင်၏ လျှို့ဝှက်ရတနာ နေရာကို မထောက်လှမ်းနိုင်သေးပေ။

အကယ်၍ ရှာဖွေတွေ့ရှိနိုင်မည်ဆိုလျှင်ပင် ချောမွေ့စွာ ဝင်ရောက်နိုင်မည် မဟုတ်သေးချေ။

အောင်မြင်စွာ ဝင်နိုင်ခဲ့မည်ဆိုလျှင်ပင် အတွင်းထဲ၌ စစ်မှန်သော ရတနာများ မရှိနိုင်ချေ။

ဤအရာတွင် ပြောင်းလဲမှုများစွာ ရှိနေဆဲဖြစ်လေသည်။

တွေးတောရင်း ဟိုတယ်သို့ အမြန်ပြန်ခဲ့လေသည်။

ကားပါကင်တွင် ကားကိုရပ်ပြီးနောက် ဟိုတယ်ဧည့်ခန်းထဲသို့ တန်းမတ်စွာ လျှောက်သွားလေသည်။

ဓာ်တ်လှေကားကို တန်းစီ စောင့်ဆိုင်းနေစဉ် ရွှေရောင်ဆံပင်နှင့် မျက်လုံးအပြာ နိုင်ငံခြားသားတစ်ဦးသည် တရုတ်မိန်းကလေးကို ပွေ့ချီကာ လမ်းလျှောက်လာနေလေသည်။

ပီကေကို သူ၏ ပါးစပ်ထဲတွင် ဝါးနေရင်း နိုင်ငံခြားသားသည် လက်တစ်ဖက်ကို မိန်းကလေး၏ ကော်လံပေါ်တွင် တင်ထားလေသည်။

မိန်းကလေးသည် သူမ၏မျက်နှာပေါ်တွင် နာကျင်သော အမူအရာရှိနေသော်လည်း မျက်နှာချိုသွေးသည့် အသွင်ကိုပြသရန် သူမ အကောင်းဆုံး ကြိုးစားနေဆဲ ဖြစ်လေသည်။

ယဲ့ဖန်သည် ကျောင်းတက်နေချိန်တွင် ဤကဲ့သို့ အမျိုးသမီးတော်တော်များများကို မြင်ဖူးပြီး အားလုံးသည် နိုင်ငံခြားသားများ၏ အမှိုက်များကဲ့သို့ စုပြုံနေကြလေသည်။

သူ သိသလောက် ဆိုရမည်ဆိုလျှင် ကျုံးဟိုင်တက္ကသိုလ်တွင် ကိုယ်ဝန်ရှိနေပြီဖြစ်သော မိန်းကလေး အများအပြား ရှိလေသည်။

ရလဒ်အနေဖြင့် ထိုလူယုတ်မာ ရည်းစားများသည် သူတို့ကို စော်ကား၍ သူတို့နိုင်ငံသို့ ပြန်သွားကြကာ မိန်းကလေးများသည်သာ အကျိုးဆက်များကို တိတ်တဆိတ် ခံစားကြရလေသည်။

ထိုအမျိုးသမီးများကို ဖော်ပြရန် အလွန်အကျွံဖြစ်သော စကားလုံးများကို မသုံးချင်သည့်အတွက် သူ့၏ အပြစ်ဟုသာ ခံယူလိုက်လေသည်။

ထိုအချိန်တွင် ဓာတ်လှေကားတံခါး ပွင့်လာလေသည်။

ဓာတ်လှေကားတွင် တာဝန်ပေးအပ်ခြင်းခံရသော အမျိုးသမီးငယ်တစ်ဦးသည် အတွင်း၌ မတ်တပ်ရပ် လိုက်ပါနေလေသည်။

" ဓာတ်လှေကားမှ ကြိုဆိုပါတယ်။ ဘယ်အထပ်ကို တက်ချင်ပါသလဲ "

ထိုအမျိုးသမီးသည် ထူးခြားစွာ မလှပနေသော်လည်း သူမ၏ မျက်နှာပေါ်ရှိ အပြုံးသည် အလွန်ပင် ချိုသာကာ တခြားသူများအား ရုတ်တရက် ခံစားချက်ကောင်းမွန်လာအောင် လုပ်နိုင်လေသည်။

ထို့အပြင် ခန္ဓာကိုယ် အပေါ်ပိုင်းရှိ အဖြူရောင်အင်္ကျီနှင့် ကားစွင့်သော ရင်ဘတ်ဖြင့် သူမ၏ အသွင်အပြင်သည် အမှန်တကယ်ပင် ကောင်းမွန်လှလေသည်။

သူမသည် အပြာရောင် စကတ်တိုနှင့် သူမ၏ ဖြောင့်တန်းနေသော ခြေထောက်များပေါ်တွင် အနက်ရောင်ခြေအိတ်ကို ၀တ်ထားသည်မှာ အလွန်ပင် ဆွဲဆောင်မှုရှိနေလေသည်။

ရောက်ရှိလာသော အမျိုးသားများသည် ဓာတ်လှေကားထဲသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်သွားကာ သူတို့၏ အလွှာများကို ပြောကြလေသည်။

ပီကေဝါးနေသော နိုင်ငံခြားသားသည် ထိုအမျိုးသမီး၏ နောက်တွင် ရပ်နေပြီး သူမ၏ ခန္ဓာကိုယ်ကို သရုပ်ပျက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

သူသည် ကြည့်ရုံဖြင့် မလုံလောက်သည်ဟု ခံစားမိသည့်အတွက်ကြောင့် လက်ဖြင့် ထိတွေ့လိုက်လေသည်။

" ဘာလုပ်တာလဲ "

ကောင်မလေးသည် ရုတ်တရက် အော်ဟစ်ပြီး သူ့ကို ထိတ်လန့်စွာ ကြည့်နေလေသည်။

သို့သော် နိုင်ငံခြားသားသည် ရှက်ရွံ့မှုကို လုံးဝမခံစားရဘဲ သူ၏ မျက်နှာပေါ်တွင် အပြုံးဖြင့် လှမ်းကြည့်နေဆဲဖြစ်ပေသည်။

ကောင်မလေးသည် အနည်းငယ် အနှောင့်အယှက်ဖြစ်သွားသည်မှာ သိသာသော်လည်း မည်သို့ ဖြေရှင်းရမည်ကို မသိချေ။

ဓာတ်လှေကားတွင် စီးနှင်းလိုက်ပါလာသူအနည်းငယ်သည် မျက်မမြင်များကဲ့သို့ ဘာကိုမျှ မမြင်လိုက်သည့်ပုံစံဖြင့် နေနေကြလေသည်။

သူတို့သည် ဓာတ်လှေကားကိုသာ ကြည့်နေကြပြီး သူတို့နှင့် မသိသော အမျိုးသမီးအတွက် မည်သူမျှ မရပ်တည်ပေးကြဘဲ နိုင်ငံခြားသားအား လွှတ်ထားပေးကြလေသည်။

နိုင်ငံခြားသားများနှင့် ပတ်သက်သည့် ကိစ္စများကို ကောင်းစွာ မကိုင်တွယ်ပါက သူတို့အတွက် ကြီးမားသော ပြဿနာများ ဖြစ်စေနိုင်လေသည်။

နိုင်ငံခြားသား၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသော မိန်းကလေးသည်လည်း ဤဖြစ်ရပ်အား မမြင်ချင်ယောင်ဆောင်ကာ ခွင့်ပြုပေးနေလေသည်။

အမျိုးသမီးဝန်ထမ်းသည် စိတ်တည်ငြိမ်အောင်ထားကာ ဘေးဘက်သို့ ရွှေ့ရန်မှတပါး ရွေးချယ်စရာမရှိပေ။

နိုင်ငံခြားသားသည် ထိုလုပ်ရက်ကို မြင်သောအခါ ဘေးသို့ရွှေ့သွားသည်ကို လက်မခံနိုင်ဖြစ်လျက် သူ၏ လက်ကို ပို၍ တင်းစွာဆန့်လိုက်ပြီး ကောင်မလေးကို ညှစ်လိုက်လေသည်။

နောက်ဆုံးတွင် ကောင်မလေးသည် သည်းမခံနိုင်တော့ဘဲ ခေါင်းကို လှည့်ကာ ပြောလိုက်လေသည်။

" လူကြီးမင်း၊ ကျေးဇူးပြုပြီး လေးစားမှုရှိပါ "

နိုင်ငံခြားသားသည် အရှက်မဲ့စွာ တရုတ်စကား မပီမသဖြင့် ပြန်ပြောလေသည်။

" ယောက်ျားတစ်ယောက်ရဲ့ ပစ္စည်းက မိန်းမတစ်ယောက်အတွက် အလေးစားဆုံး အရာပဲ "

ကောင်မလေးသည် သူ၏အတွေးအမှားကြောင့် ချက်ချင်းပင် စိတ်အနှောင့်အယှက် ဖြစ်သွားလေသည်။

" ရှင် ထပ်လုပ်မယ်ဆိုရင် လုံခြုံရေးအစောင့်ကို ခေါ်လိုက်မယ် "

နိုင်ငံခြားသားသည် သူမ ခြိမ်းခြောက်သည်ကို ကြားပြီးနောက် အသိစိတ်လွတ်လာလေသည်။

" လုံခြုံရေးအစောင့်ကို ခေါ်လိုက်။ မြန်မြန်ခေါ်လိုက်။ ဘယ်သူကများ ငါတို့လို နိုင်ငံခြားသားတွေရဲ့ ကိစ္စမှာ ဝင်စွက်ဖက်ရဲလဲဆိုတာ သိချင်တယ်။ "

ကောင်မလေးသည် ဤစကားကို ကြားသောအခါ ဒေါသစိတ်များ ပိုတိုးလာလေသည်။

အမှန်ဆိုလျှင် ဟိုတယ်များသည် နိုင်ငံခြားသားများနှင့် ဆက်ဆံရာတွင် အလွန်ပင် သတိထားရလေသည်။

အရက်မူးနေသော နိုင်ငံခြားသားသည် ဟိုတယ်စားပွဲထိုးကောင်မလေးကို အခန်းထဲသို့ဆွဲခေါ်ကာ အဓမ္မပြုကျင့်လုနီးပါးဖြစ်ခဲ့သည့် နောက်ဆုံးအကြိမ်ကို သတိရမိလေသည်။

တရုတ်ယောက်ျားလေးသာဖြစ်မည်ဆိုလျှင် ဟိုတယ်သည် ထိုကိစ္စကို ဖြေရှင်းပြီးသား ဖြစ်ပေလိမ့်မည်။

သို့သော် ထိုအချိန်တွင် ဟိုတယ်မှ မဖြေရှင်းပေးရုံသာမက စားပွဲထိုးကောင်မလေးကို ခြိမ်းခြောက်လှည့်စားကာ ထိုကိစ္စကို အသေးအဖွဲအဖြစ် ပြောင်းလဲခဲ့လေသည်။

ယခု သူမ နှောင့်ယှက်ခံနေရသည်ကိုလည်း ထိုစားပွဲထိုးမလေး ခံရသည်လောက်မရှိဟုဆိုကာ ဟိုတယ်သည် မသိချင်ယောင်သာ ဆောင်ပေလိမ့်ပေမည်။

သူတို့သည် သူမအား ဝင်ရောက်စွက်ဖက်သည်ဟုပင် ထင်ကောင်းထင်ကြပေလိမ့်မည်။

အကျိုးဆက်များကို တွေးတောကာ သူမသည် နှုတ်ဆိတ်နေပြီး ဆက်လက်တောင့်ခံနေရန်သာ ရွေးချယ်ခဲ့လေသည်။

နိုင်ငံခြားသားသည် ချက်ခြင်းပင် ကျေနပ်စွာ ပြုံးပြပြီး အခွင့်ကောင်းယူရန် သူ၏ လက်ကို ဆက်လက် ဆန့်ထုတ်ရန် ပြင်နေလေသည်။

ထိုအချိန်တွင် ဘေးတွင်ရှိနေသည့် ယဲ့ဖန်သည် သည်းမခံနိုင်တော့ဘဲ လမ်းလျှောက်လာပြီး သူတို့နှစ်ဦးကြားတွင် ရပ်လိုက်သည်။

ကောင်မလေးသည် သူ့ကို ကျေးဇူးတင်စွာနဲ့ ချက်ချင်းပြန်ကြည့်လေသည်။

ဒီလို တာဝန်ယူတတ်တဲ့သူ ရှားနေပြီ။

ပြီးတော့ သူက အရမ်းချောတယ်။

" ခွေးမသား၊ မင်း "

နိုင်ငံခြားသားသည် ယဲ့ဖန်၏ နှောင့်ယှက်မှုကို ခံခဲ့ရပြီးနောက် ညစ်ညမ်းသော စကားတစ်ခွန်းကို ချက်ချင်း ပြောလိုက်လေသည်။

" ပါးစပ်ကို သန့်ရှင်းအောင်ထား "

ယဲ့ဖန်သည် သူ့နှင့် အကျွမ်းဝင်သောသူ မဟုတ်သည့်အတွက် သူ့အား တိုက်ရိုက် ပြန်ပြောလိုက်လေသည်။

" မင်းရဲ့ကိစ္စမဟုတ်ရင် ဝင်မပါတာ ပိုကောင်းမယ်၊ ငတုံးဝက် "

သူသည် သတ္တိရှိရှိ တုံ့ပြန်တာကို မြင်သောအခါ နိုင်ငံခြားသားသည် ချက်ချင်း နှာခေါင်းကို လက်ညှိုးထိုးပြီး ကျိန်ဆဲလေသည်။

သူသည် ၁.၉ မီတာနီးပါး အရပ်အမြင့်ရှိကာ ယဲ့ဖန်ထက် ဆယ်စင်တီမီတာခန့် ပိုမြင့်ပြီး ကြွက်သားများ အလွန်တောင့်တင်းသောကြောင့်လူတိုင်းကို ဖိနှိပ်နိုင်မည်ဟု ခံစားနေရခြင်း ဖြစ်လေသည်။

အပိုင်း ( ၈၄၇ )

လူငယ်များသည် ရဲရင့်ခြင်းကို နှစ်သက်ကြလေသည်။

"ဘာလဲ…"

နိုင်ငံခြားသား၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားပြီး နာကျင်စွာ အော်ဟစ်နေလေသည်။

သူ၏ လက်ထဲတွင်ပွေ့ချီထားသော အမျိုးသမီးသည် ချက်ချင်းပင် အော်လိုက်လေသည်။

" အား၊ တစ်ယောက်ယောက်ကို ရိုက်လိုက်တယ်။ နိုင်ငံခြားသား တစ်ယောက်ကို ရိုက်လိုက်တာ... "

အမျိုးသမီးဝန်ထမ်းသည်လည်း ထိတ်လန့်သွားလေသည်။

သူမသည် နိုင်ငံခြားသား၏ အရှုပ်အယှက်ကို ဖယ်ရှားပစ်ချင်ရုံသာဖြစ်ပြီး ကိစ္စများကို ကြီးမားသွားအောင် မလုပ်ချင်ပေ။

မဟုတ်ပါက သူမ ဖြေရှင်းနိုင်တော့မည် မဟုတ်ချေ။

ဓာတ်လှေကားရှိ ခရီးသည်များသည် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားကြလေသည်။

ဒီလူ တကယ် လုပ်ရဲတာလား။

နိုင်ငံခြားသားသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ယဲ့ဖန်၏ မျက်နှာအား ထပ်၍ လက်သီးဖြင့် ချက်ချင်း ထိုးလိုက်လေသည်။

ယဲ့ဖန်သည် သက်ညှာမပေးဘဲ သူ့ ဆီသို့ ဦးတည်လာသည့် လက်သီးကို တိုက်ရိုက် ဆုပ်ကိုင်လိုက်ပြီး အနည်းငယ် လိမ်လိုက်သဖြင့် နိုင်ငံခြားသား၏ မျက်နှာသည် ချက်ခြင်းပင် ရှုံ့မဲ့လာလေသည်။

သူ မအော်နိုင်ခင်တွင်ပင် ယဲ့ဖန်သည် သူ့ကို ခြေထောက်နှင့် ကန်လိုက်ရာ နိုင်ငံခြားသားသည် ဒူးထောက်ပြီး နာကျင်စွာ အော်ဟစ်လေသည်။

ဓာတ်လှေကားရှိလူများ အံ့ဩသွားကြလေသည်။

" တကယ်ပဲ သူ့ကိုသတ်ဖို့ သတ္တိရှိတာလား "

" ဒီကောင်လေးက စိတ်မြန်လွန်းတယ်၊ ဒီလိုလုပ်လိုက်ရင် ဘယ်လောက် ဒုက္ခရောက်မယ်ဆိုတာ မသိဘူးလား "

" ဟုတ်တယ်၊ နိုင်ငံခြားသားနဲ့ ပတ်သက်မိရင် ဒီကိစ္စက ဖြေရှင်းဖို့ သိပ်လွယ်မှာ မဟုတ်ဘူး။ "

“ လူငယ်တွေက သတ္တိရှိရတာကို ကြိုက်ကြတယ်။ ဒီတစ်ခါတော့ သူအတွက် ဆုံးရှုံးမှုကြီးမှာ စိုးရိမ်မိတယ်… ”

နိုင်ငံခြားသားနှင့်အတူ ဝင်လာတဲ့ အမျိုးသမီးသည် ယဲ့ဖန်ကို ချက်ချင်းပင် ဒေါသတကြီး ဆဲဆိုနေလေသည်။

" လူယုတ်မာ၊ ရှင် လူတစ်ယောက်ကို ဘယ်လိုတောင် ရိုက်ရဲရတာလဲ။ ရှင် ဒီနေ့ သေပြီသာမှတ်လိုက်တော့။ သတ္တိရှိရင် ထွက်မသွားနဲ့။ "

သူမ၏ ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ရသောအခါ ယဲ့ဖန်သည် ဟက်ခနဲ ရယ်လိုက်လေသည်။

" လူတိုင်းကို မင်းလိုပဲလို့ ထင်နေလား။ နိုင်ငံခြားသားတွေမြင်ရင် ဒူးထောက်ပြီးတောင် လျက်ပေးပြီး တရုတ်လူမျိုးတွေနဲ့ တွေ့ရင်တော့ မင်းက မောက်မာသွားတာလား။ မင်းအတွက် စကားတစ်ခွန်းရှိတယ်။ စျေးပေါတဲ့အပျက်မ "

" လူယုတ်မာ၊ ငါ့ကို ကဲ့ရဲ့နေတာလား "

ထိုအမျိုးသမီးသည် အရူးတစ်ယောက်ကဲ့သို့ လက်ငါးချောင်းကို ချက်ချင်းဖြန့်ကာ ယဲ့ဖန်အား လှမ်းဆွဲလိုက်လေသည်။

ယဲ့ဖန်သည် ဤကဲ့သို့သော မိန်းမမျိုးကို သနားစိတ်မပြဘဲ ပါးရိုက်လိုက်လေသည်။

အမျိုးသမီးသည် လည်နေသော ဂျင်နှင့်ပင်လေတူသည်။

သူမသည် မြေပြင်ပေါ်သို့ မလဲကျမီ နှစ်ကြိမ်ခန့် လည်သွားကာ ပက်လက်လန်ကျသွားလေသည်။

ထို့နောက် သူသည် ပူလောင်နေသော ပါးပြင်များကို ဖုံးကာ ယဲ့ဖန်အား မယုံကြည်နိုင်စွာ စိုက်ကြည့်လေသည်။

" ရှင်က မိန်းကလေးကို ရိုက်လိုက်တာလား။ အဟင့် ဟင့်၊ တရုတ်ယောက်ျားလေးတွေက လူကြီးလူကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်တော့မှ သင်ယူကြမှာ မဟုတ်ဘူး။"

ယဲ့ဖန်သည် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ပြီး သူ့ကို စိုက်ကြည့်နေသော နိုင်ငံခြားသားကို ညွှန်ပြလိုက်လေသည်။

" လူမြင်ကွင်းမှာ တခြားသူတွေကို ကိုယ်ထိလက်ရောက် စော်ကားနေတာ၊ အဲ့တာမျိုးကိုလူကြီးလူကောင်းလို့ ခေါ်တာလား။ တကယ်လို့ လူကြီးလူကောင်းရှိရင်တောင် မင်းလို **အတွက် မဟုတ်ဘူး၊ သာမန်မိန်းမတွေအတွက်ပဲ။ "

အမျိုးသမီးသည် “ခွေးမ” ဟု ကြိမ်းမောင်းခံရပြီးနောက် ချက်ချင်းပင် ဒေါသထွက်သွားသော်လည်း နောက်တစ်ကြိမ် ထပ်မပြောဝံ့တော့ပေ။

ထိုအချိန်တွင် ယဲ့ဖန်၏ အထပ်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

" ဒီတစ်ခါက မင်းကို သင်ခန်းစာ နည်းနည်းလေးပေးလိုက်ရုံပဲ၊ နောက်တစ်ခေါက်ဆိုတာမျိုး မရှိစေနဲ့ "

ယဲ့ဖန်သည် နိုင်ငံခြားသားအား အေးတိအေးစက် စကားတစ်ခုခုပြောကာ လွှတ်ပေးလိုက်ပြီး ဓာတ်လှေကားထဲမှ လှည့်ထွက်သွားလေသည်။

နိုင်ငံခြားသားက ဒေါသမထွက်နေဘူးလား။

ဒီလိုမျိုးပဲ သူ့ကို ထွက်သွားခွင့် ပေးလိုက်တာပေါ့။

" လူယုတ်မာကောင်၊ မင်းငါ့ကိုရိုက်တယ်၊ မင်းဒီလိုထွက်သွားချင်လား "

ဤအဖြစ်အပျက်အား မြင်သောအခါ ဓာတ်လှေကားထဲတွင် စီးနှင်းလိုက်ပါလာသူများသည် ကြည့်စရာ ပွဲကောင်း ရှိနေသေးသည်ကို သိလိုက်ကြသည့်အတွက် သူတို့သည် ထွက်ခွာရန် အလျင်စလိုမဖြစ်ကြဘဲ စိတ်လှုပ်ရှားစရာများအားကြည့်ရန် လိုက်လာခဲ့ကြလေသည်။

အမျိုးသမီး ဝန်ထမ်းသည် ကြောက်လန့်နေသော်လည်း သူ့ကြောင့် ဤအရာများ ဖြစ်သွားသည့်အတွက် အပြင် လိုက်ထွက်ဖို့ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

ယဲ့ဖန်သည် ရပ်လိုက်ပြီး နိုင်ငံခြားသားကို လှည့်ကြည့်လိုက်လေသည်။

" မင်းက တခြား ဘာလိုချင်သေးတာလဲ။ "

နိုင်ငံခြားသားသည် ယဲ့ဖန်ကို မရိုက်နိုင်ကြောင်း သိသည့်အတွက် ချက်ချင်းပင် လှောင်ရယ်ကာပြောဆိုလေသည်။

“ ငါ ဟိုတယ်မန်နေဂျာကို အခု အကြောင်းကြားမယ်၊ သူတို့ ငါ့ကို ဒီကိစ္စအတွက် ရှင်းပြချက်ပေးရလိမ်မယ်။ ”

ပြောပြီးနောက် သူ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ဖုန်းခေါ်လိုက်လေသည်။

ဟိုတယ်သည် နိုင်ငံခြားသားများ၏ ကိစ္စကို အလွန်အလေးထားလေသည်။

ဟိုတယ်တွင် နိုင်ငံခြားသားတစ်ယောက် အရိုက်ခံရသည်ကို ကြားလိုက်ရသောအခါ ကောင်းကင်ကြီး ပြိုလဲလုနီးနီး ခံစားသွားရလေသည်။

ငါးမိနစ်မပြည့်ခင်အချိန်တွင် အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အမြန်လမ်းလျှောက်လာသည်ကို တွေ့လိုက်ရလေသည်။

သူ၏ နောက်တွင် ဟိုတယ်လုံခြုံရေး အစောင့်များစွာ ပါရှိလေသည်။

သူ ရောက်လာပြီးနောက်တွင် ယဲ့ဖန်ကို ပထမဦးစွာ အေးစက်သောအကြည့်ဖြင့် ကြည့်ခဲ့သော်လည်း သူသည် နိုင်ငံခြားသားဘက်သို့ လှည့်လာသောအခါတွင် ချက်ချင်းပင် ကျွန်တစ်ယောက်သို့ ဆောင်သွားလေသည်။

" လူကြီးမင်းဘရိုက်၊ လူကြီးမင်း ကျွန်တော်တို့ဟိုတယ်မှာ မကောင်းတဲ့ အတွေ့အကြုံရခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ဟိုတယ်ကိုယ်စား လူကြီးမင်းကို တောင်းပန်ချင်ပါတယ်။ "

ဘရိုက်ဟု ခေါ်သော နိုင်ငံခြားသားသည် ချက်ချင်းပင် စကားဖြတ်ပြောလိုက်လေသည်။

" ဒါတွေ မကြားချင်ဘူး။ ဒီလူယုတ်မာကို မင်းတို့ ဘယ်လို လုပ်မလဲဆိုတာပဲ သိချင်တယ် "

အမှန်ဆိုလျှင် ယဲ့ဖန်သည် အခုချိန်ထိ အားများစွာ မသုံးထားသောကြောင့် သူသည် မည်သည့်ဒဏ်ရာမျှ မရရှိနေပေ။

သို့သော် သူသည် တရုတ်နိုင်ငံတွင် မောက်မာနေကျ ဖြစ်လေသည်။

သူသွားလေရာ၌ ဒူးထောက်ကာ အရိုအသေပေးခံရသော်လည်း ယနေ့တွင် တရုတ်နိုင်ငံမှ လူတစ်ဦးသည် လူမြင်ကွင်းတွင် သူ့အား အရှက်ရစေခဲ့လေသည်။

သူသည် ဤကိစ္စအား မည်သို့ ကြေအေးပေးနိုင်ရမည်နည်း။

မန်နေဂျာက အနည်းငယ် တွန့်ဆုတ်သွားလေသည်။

ဟိုတယ်တွင် တည်းခိုနိုင်သော သူများသည် သာမန်လူများ မဟုတ်ချေ။

အထူးသဖြင့် ဤအထပ်သည် အဆင့်မြင့်ဆုံးအခန်းဖြစ်ပြီး ဤနေရာ၌ နေထိုင်နိုင်သူများ၏ အဆင့်အတန်းသည် ပို၍ပင် ထူးကဲသာလွန်ကြလေသည်။

သူသည် နိုင်ငံခြားသားများကို မစော်ကားရဲပေ။

ထိုသို့သော ဧည့်သည်များကိုလည်း မစော်ကားရဲပေ။

သူ တွန့်ဆုတ်နေသည်ကို မြင်သောအခါ ဘရိုက်သည် ပို၍ပင် ဒေါသထွက်လာလေသည်။

" ငါက Sotheby's တရုတ်ရဲ့ အကြီးတန်းအမှုဆောင်တစ်ယောက်ပဲ မင်းက ငါ့အတွက် ကျေနပ်လောက်မယ့် အဖြေတစ်ခု မပေးနိုင်ဘူးဆိုင် မင်းရဲ့ သူဌေးကို ရှင်းပြဖို့ပဲ ငါပြောရလိမ့်မယ်။ သွားပြီ "

မန်နေဂျာသည် ဇောချွေးများ ရုတ်တရက် ထွက်လာလေသည်။

သူဌေးက တစ်ဖက်အား အမှားပြုလုပ်မိမည်ကို စိုးရိမ်သောကြောင့် သူ့အား ဤကိစ္စကို ကိုင်တွယ်ရန် တွန်းအားပေးခဲ့လေသည်။

နိုင်ငံခြားသား၏ ဒေါသကို တတ်နိုင်သမျှ မဖြေဖျောက်နိုင်ခဲ့ပါက သူသည် အလုပ်ပြုတ်လိမ့်မည် ဖြစ်လေသည်။

ဤအကြောင်းအား တွေးပြီးနောက် သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ အံကြိတ်ကာ ယဲ့ဖန်ကို လှည့်ကြည့်လိုက်လေသည်။

" လူကြီးမင်း၊ လူကြီးမင်း ဘရိုက်ကို ချက်ချင်း တောင်းပန်ပြီး သူ့ကို လျော်ကြေးငွေ ပမာဏတစ်ခု ပေးလိုက်ပါ။ မဟုတ်ရင် ငါတို့ ဟိုတယ်က ဒီကိစ္စကို အလေးအနက်ထားပြီး ကိုင်တွယ်ရပါလိမ့်မယ်။ "

အမျိုးသမီးဝန်ထမ်းသည် ယဲ့ဖန်အတွက် ရှင်းပြရန် အရှေ့သို့ အလျင်အမြန် ပြေးလာလေသည်။

" မန်နေဂျာ၊ ဒီလူကြီးမင်းက ကျွန်မကို ကူညီဖို့ ဒီမှာ ရောက်နေတာ..."

မန်နေဂျာသည် ချက်ချင်း ခေါင်းလှည့်ပြီး သူမကို စိုက်ကြည့်လေသည်။

" မင်း စကားများရမယ့် နေရာလား "

ကောင်မလေးသည် စကားမပြောနိုင်လောက်အောင်ပင် ကြောက်သွားလေသည်။

ယဲ့ဖန်သည် မန်နေဂျာအား ငြိမ်သက်စွာ ကြည့်နေလိုက်လေသည်။

" ငါတကယ်ကြားချင်နေတာ၊ မင်း ငါ့ကို ဘယ်လိုအလေးအနက်ထားပြီး ကိုင်တွယ်မယ်ဆိုတာကို"

အပိုင်း ( ၈၄၈ )

ဒါက မှော်ပညာမဟုတ်ဘူး။ အောက်လမ်းပညာပဲ။

ယဲ့ဖန်သည် သဘောထား တင်းမာလွန်းပြီး မိမိကိုယ်ကို ယုံကြည်မှုရှိကို မြင်ပြီးနောက် မန်နေဂျာသည် နောက်တစ်ကြိမ် တုံ့ဆိုင်းသွားပြန်သည်။

ခဏတာမျှ စဉ်းစားပြီးနောက် သူသည် ယဲ့ဖန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး အသံကို နှိမ့်ကာပြောလေသည်။

" လူကြီးမင်း၊ နိုင်ငံခြားသားတွေ ပါ၀င်တဲ့ အရာအားလုံးက အရမ်းဒုက္ခများတယ်ဆိုတာ လူကြီးမင်းသိထားသင့်တယ်။ ရှိုးလေးပဲလုပ်လိုက်ပါ။ သူ့ကို တောင်းပန်ပြီး သူ့ကို ပိုက်ဆံနည်းနည်းလောက် လျော်ကြေးပေးလိုက်ပါ။ အားလုံးအဆင်ပြေပါတယ်။ ဒီပွဲကိုနိုင်ဖို့ ကိုယ့်အတွက်ကို ဒုက္ခခံစရာ မလိုပါဘူး။ "

သူသည် ယဲ့ဖန်အတွက် တွေးပေးနေသကဲ့သို့ ပြုမူလျှင် တစ်ဖက်လူသည် လက်ခံမည်ဟု ယုံကြည်နေလေသည်။

မထင်မှတ်ထားစွာပင် ယဲ့ဖန်၏ မျက်နှာသည် အေးစက်လာလေသည်။

" မင်းက ခွေးဖြစ်ရတာ ကြိုက်တယ်၊ ဒါ မင်းရဲ့ ကိုယ်ပိုင်အကြိုက်ပဲ "

" ဒီကိစ္စက လူကြီးမင်းအတွက် အရေးမကြီးပေမယ့် ကျွန်တော့်အတွက် အရေးကြီးတယ် "

" ကျွန်တော် အားလုံးကို လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ ငုံ့ခံမနေနိုင်ဘူး။ အထူးသဖြင့် နိုင်ငံခြားသားတွေကို။ "

သူပြောသည့်စကားသည် အလွန်ပြင်းထန်ပြီး အခင်းဖြစ်ပွားရာနေရာရှိ လူအများအပြားက ချက်ချင်း လက်ခုပ်တီးပေးချင်ကြသော်လည်း အဆုံးတွင် ထိန်းထားကြလေသည်။

မန်နေဂျာ၏ ပါးပြင်များ လှုပ်ယမ်းသွားသည်။

ဤကလေးဆီမှ စကားအပိုများ ကြားရမည်ဟု သူ မမျှော်လင့်ထားပေ။

ဤအရာသည် ပြဿနာဖြစ်တော့မည်ပင် ဖြစ်သည်။

ဘရိုက်သည် သူ့၏ စွမ်းဆောင်ရည်ကို သိသာထင်ရှားစွာ မကျေမနပ်ဖြစ်ပြီး ချက်ချင်းဆိုသလိုပင် မကျေနပ်စွာ ပြောဆိုလာလေသည်။

" ဒါက မင်းရဲ့ဟိုတယ်က ငါ့ကိုပေးခဲ့တဲ့ အဖြေပဲလား။ ဒီကိစ္စကို ဖြေရှင်းဖို့ ရဲကိုဖုန်းခေါ်ဖို့ လိုပုံရတယ်။ "

ဤကိစ္စသည်အမှန်တကယ်ပင် ကြီးမားလာလျှင်သည် စီးပွားရေးလုပ်၍ မရနိုင်တော့မည်ဖြစ်ကာ မန်နေဂျာသည် ဤစကားအား ကြားလိုက်သည်နှင့် ချက်ချင်းပင် စိုးရိမ်သွားလေသည်။

ဤအကြောင်းအား တွေးမိပြီး ချက်ချင်းပင် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားကာ ယဲ့ဖန်ကို စိုက်ကြည့်လိုက်လေသည်။

" ကောင်လေး၊ ငါ မင်းကို အခွင့်အရေး ပေးခဲ့တယ်၊ ဒါပေမယ့် မင်းက ကျေးဇူးမတင်နိုင်ဘူး။ ဒါကြောင့် ငါ့ကို အပြစ်မတင်နဲ့ "

ပြောပြီးသည်နှင့် သူ၏ နောက်တွင်ရှိသော လုံခြုံရေးအစောင့်များကို ချက်ချင်းပင် ဝှေ့ယမ်းပြလိုက်ပေသည်။

“ သူ့ကို လုံခြုံရေးအခန်းကို ခေါ်သွားပြီး သေချာဂရုစိုက်လိုက်ပါ ”

လုံခြုံရေးအစောင့်များသည် ယဲ့ဖန်ဆီသို့ ချက်ချင်း ပြေးလာကြလေသည်။

ကြည့်ရှုနေသူများသည် ဘေးတစ်ဖက်တစ်ချက်စီသို့ ရှောင်ထွက်သွားကြလေသည်။

ယဲ့ဖန်ကို စာနာမိသော်လည်း နှောင့်ယှက်ခံရမှာကို ကြောက်ကြလေသည်။

ထို့နောက် ဘရိုက်သည် ရက်စက်ယုတ်မာစွာ ပြုံးပြလေသည်။

" ဒီခွေးမသားက ငါ့ရဲ့ ကို လာကန်ရဲတာပဲ။ မင်းတို့ သူ့ကို ဖမ်းလိုက်။ ငါ ဒီနေ့ ဝိုင်သောက်ဖို့ သူ့ရဲ့ လျှာကို ဖြတ်ပစ်လိုက်မယ် "

သူ၏ ဘေးနားရှိ အမျိုးသမီးသည် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးနေလေသည်။

" ရိုက်ပြီး သတ်ပစ်လိုက်၊ နိုင်ငံခြားသားတွေကို စော်ကားခြင်းရဲ့ အကျိုးဆက်တွေကို သိအောင်ပြောပြလိုက် "

ခွေးခြေထောက်တပ်ထားသော လုံခြုံရေးအစောင့်များသည် နိုင်ငံခြားသားများကို ကျွေးမွေးခြင်းမှာ ၎င်းတို့၏ ဂုဏ်ကျက်သရေတက်သကဲ့သို့ ချက်ချင်းပင် အားအင်အပြည့် ဖြစ်လာလေသည်။

လုံခြုံရေးအစောင့်တစ်ယောက်သည် အတက်ကြွဆုံးဖြစ်ပြီး ယဲ့ဖန်၏ပခုံးကို ဦးစွာဆွဲကိုင်လိုက်လေသည်။

ဤကဲ့သို့ အားနည်းသော ကြက်တစ်ကောင်အား ရင်ဆိုင်ရန် ယဲ့ဖန်သည် လှုပ်ရှားမှုပြုလုပ်ရန်ပင် မလိုအပ်ဘဲ သူ၏ပခုံးကိုသာ အနည်းငယ် လှုပ်ရှားလိုက်လေသည်။

လုံခြုံရေးအစောင့်သည် ဘာမျှမရှိနေသည့် နေရာအား ဆွဲမိပြီး ကိုယ့်ခြေထောက်နှင့်ကိုယ် ချိတ်မိကာ တစ်ဖက်မှ ပြေးလာသည့် လုံခြုံရေးအစောင့်နှင့် ချက်ချင်း တိုက်မိသွားလေသည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ယောက်သည် ယဲ့ဖန်၏ ညာဘက်ခြမ်းမှ ပြေးလာလေသည်။

ယဲ့ဖန်သည် ခြေတစ်လှမ်းစာ အနည်းငယ် နောက်သို့ ဆုတ်ကာ ခြေထိုးရန် ခြေထောက်အား အနည်းငယ် ဆန့်လိုက်လေသည်။

လုံခြုံရေးအစောင့်သည် ခြေချော်သွားကာပြီး ရှေ့တွင်ရှိသော လုံခြုံရေးအစောင့် နှစ်ယောက်နှင့် တိုက်မိသွားလေသည်။

ယဲ့ဖန်သည် သူ၏ လက်များကိုပင် လှုပ်ရှားရန် မလိုဘဲ လုံခြုံရေးအစောင့်များသည် ရှုပ်ယှက်ခက်ကြနေပြီး သူတို့ကို ဒဏ်ရာ အနည်းငယ်ရအောင် ရှင်းပစ်လိုက်လေသည်။

ကြည့်ရှုနေသူအားလုံးသည် အံသြသွားကြလေသည်။

" သူ ဘယ်လို ရှင်းလိုက်တယ်ဆိုတာကို မင်းမြင်လိုက်လား။ ငါ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ "

" ဘာလို့ မှော်ဆန်သလို ခံစားနေရတာလဲ။ သူ ဘယ်လို လှုပ်ရှားနေတယ်ဆိုတာ ကျွန်တော် မမြင်လိုက်ဘူး။ လုံခြုံရေး အစောင့်တွေက ပြေးထွက်နေပြီ "

“ တကယ်လို့ ကိုယ့်မျက်စိနဲ့ မမြင်ရရင် ဒီလုံခြုံရေး အစောင့်တွေနဲ့ အပေးအယူလုပ်ထားသလားလို့ တွေးနေမိမှာပဲ "

" ငါ့မျက်လုံးကိုတောင် မယုံနိုင်ဘူး... "

လူတိုင်းသည် ဤအံ့ဖွယ်မြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး ယဲ့ဖန်ကို တစ်ဖန်ပြန်ကြည့်ကာ သရဲတစ္ဆေမြင်နေရသလိုပင် ဖြစ်နေကြလေသည်။

မန်နေဂျာအပြင် ဘရိုက်နှင့် ဦးနှောက်မရှိသော မိန်းကလေးတို့ အတွက် ပို၍ပင် ထိတ်လန့်စရာပင်ကောင်းလှလေသည်။

ဘယ်လိုလူမျိုးကို စော်ကားခဲ့ကြတာလဲ။

ယဲ့ဖန်သည် လုံခြုံရေးအစောင့်များကို ကျော်ဖြတ်ကာ မန်နေဂျာဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလေသည်။

မန်နေဂျာသည် ချက်ချင်းပင် ကြောက်လန့်စွာဖြင့် ပြန်ပြောလေသည်။

" မင်း...ဒီကို မလာနဲ့။ ငါ ရဲခေါ်လိုက်မယ်..."

ယဲ့ဖန်အတွက် ရယ်စရာကောင်းနေလေသည်။

" မင်းကပဲ လုံခြုံရေးအစောင့်တွေကို ခိုင်းထားထားတာ မဟုတ်လား။ ငါက ရဲကိုတောင် မခေါ်သေးရသေးဘူး။ ဒါပေမယ့် မင်းလို ဗီလိန်ကပဲ အရင်ဆုံး တိုင်မယ်လုပ်နေသေးတယ်။ "

မန်နေဂျာသည် ချက်ချင်းပင် အော်ငိုလေသည်။

" ငါ... ငါ့မှာ ရွေးစရာမရှိဘူး။ မင်းတို့နှစ်ယောက်က ဘိုးဘေးတွေပဲလေ။ မင်းတို့နှစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ငါမလုပ်ရဲပါဘူး။ "

ယဲ့ဖန်၏ မျက်လုံးများသည် တဖြည်းဖြည်းနှင့် စူးရှလာလေသည်။

" ဒါပေမယ့် အခု မင်းငါ့ကို စိတ်ဆိုးသွားအောင်လုပ်ပြီးသွားပြီ။ အခု ဘာလုပ်သင့်တယ် ထင်လဲ။ "

မန်နေဂျာသည် သူ၏ မျက်နှာကို အံကြိတ်ကာ သူ့ကိုယ်သူ ပါးရိုက်လိုက်လေသည်။

မျက်နှာကို ဘယ်ပြန် ညာပြန် ဆက်ရိုက်ကာ တစ်ချိန်တည်းမှာပင် ဆက်တိုက် ပြောနေလေသည်။

" ကျွန်တော် သေသင့်ပါတယ်၊ ကျွန်တော်မှာ ကန်းနေတဲ့ မျက်လုံးတွေ ရှိနေလို့ပါ။ဒီ ခွေးမျက်လုံးတွေက လူတွေကို ရှုံ့ချမိတာပါ..."

အမျိုးသမီးဝန်ထမ်းသည် ဤအဖြစ်အပျက်ကို ကြောင်အစွာ စိုက်ကြည့်နေမိလေသည်။

ဤမန်နေဂျာသည် သူတို့ရှေ့တွင် ရှိနေချိန်တွင် အမြဲတမ်း မာနကြီးသည့် ပုံပေါက်သော်လည်း ယနေ့ကဲ့သို့ အဖြစ်အပျက်မျိုးနှင့် တွေ့ရမည်ဟု သူမ မမျှော်လင့်ထားမိချေ။

ယဲ့ဖန်သည် ဤအလုပ်သမားများအတွက် ဒေါသထွက်နေလေသည်။

ငါ ဒီလို ဖြစ်ရပ်မျိုးကို သည်းမခံနိုင်ပေမယ့် ဝမ်းသာမိတယ်။ ဒါကို ဘယ်လိုလုပ်သင့်လဲ။

ယဲ့ဖန်သည် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီးနောက် ဘရိုက်ကို လှည့်ကြည့်လိုက်လေသည်။

ဘရိုက်သည် သူ့အား လှမ်းကြည့်နေသည်ကို မြင်သောအခါ ကြောက်လန့်တကြားဖြင့် နောက်ပြန်ဆုတ်သွားလေသည်။

" မင်း ဘာလုပ်ချင်တာလဲ။ ငါက Sotheby'sလေလမ်အိမ်ရဲ့ အမှုဆောင်တစ်ယောက်ပဲ။ မင်း ငါ့ကို လာထိဖို့ လုပ်ရဲလား..."

သူ၏ စကားမဆုံးခင် ယဲ့ဖန်သည် သူ့အား ပါးရိုက်လိုက်ပြီး ဖြစ်လေသည်။

ဤတစ်ကြိမ်တွင် သူသည် ခွန်အားအနည်းငယ်ကို အသုံးပြုကာ ဘရိုက်ကို တိုက်ရိုက် ရိုက်လိုက်လေသည်။

နိုင်ငံခြားသားသည် မျက်လုံးများ ပြူးသွားကာ သွားနှစ်ချောင်းပင် သူ့ပါးစပ်မှ ထွက်သွားပြီး သူ၏ မျက်နှာတစ်ဝက်သည် ချက်ချင်း ဖောင်းတက်လာလေသည်။

သူ၏ ဘေးရှိ မန်နေဂျာသည် လှုပ်ရှားမှုများ ရပ်တန့်နေခဲ့သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တုန်ယင်စွာဖြင့် ပြောလိုက်လေသည်။

" လူယုတ်မာကောင်၊ မင်းသေပြီပဲ "

ဘရိုက်သည် ယဲ့ဖန်ကို ရက်စက်သော မျက်လုံးများဖြင့် ကြည့်ကာ သူ့ပါးစပ်တွင် သွေးများ ပြည့်နှက်နေပြီး အနည်းငယ် ကြောက်စရာကောင်းနေပုံရလေသည်။

ယဲ့ဖန် က စကားမပြောဘဲ တိတ်ဆိတ်စွာ ရိုက်လိုက်ပြန်သည်။

" သေနာကောင်… "

ရိုက်လိုက်ပြန်သည်။

"မင်းသေပြီ..."

ရိုက်လိုက်ပြန်သည်။

သူ ကျိန်ဆဲလိုက်တိုင်း ယဲ့ဖန်သည် သူ့ကို ပါးရိုက်ပြီး ခဏအတွင်းမှာပင် ဘရိုက်သည် ပျော့ဖတ်လာလေသည်။

ဤအချိန်တွင်ပင် သူသည် အဖြစ်မှန်ကို နောက်ဆုံး၌ သဘောပေါက်သွားလေသည်။

ဤကလေးသည် သူအရင်တွေ့ဖူးသော တရုတ်လူမျိုးတွေများနှင့် မတူချေ။

သူ၏ စိတ်ထဲတွင် ယဲ့ဖန်ကို မုန်းတီးနေသေးသော်လည်း ကျိန်ဆဲရန် မလုပ်ရဲတော့ချေ။

ဤနေရာရှိ လူတိုင်းသည် ထိတ်လန့်စွာ ငေးကြည့်နေကြပြီး ဤလူကို ဖော်ပြရန် မှန်ကန်သော စကားလုံးများ ရှာမတွေ့ကြချေ။

လူဆိုးတွေထက်တောင် ပိုဆိုးနေသေးတယ်။

ဒါပေမယ့် ကြည့်ရတာ မိုက်တယ်၊ ဘာလို့ပါလိမ့်။

All Chapters