← Chapters

အပိုင်း ၈၄၉-၈၅၂

Vol. 43 Ch. 849-852

အပိုင်း ၈၄၉-၈၅၂

Vol. 43 Ch. 849-852

အပိုင်း ( ၈၄၉ )

ငါမင်းကို ဘယ်လိုကူညီပေးမလဲ ကြည့်ကြည့်လိုက်ပါ။

ဘရိုက်သည် ထပ်မံ၍ ဆူပူကြိမ်းမောင်းမရဲတော့သော်လည်း ယဲ့ဖန်ကို မကျေနပ်သော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေလေသည်။

သူသည် မျက်နှာကို မှတ်ထားပြီး နောက်အခါမှ လက်စားချေရန် စောင့်ချင်နေပုံရလေသည်။

ယဲ့ဖန်သည် လျစ်လျူရှုကာ ပြုံးလိုက်လေသည်။

" မင်း လက်စားချေချင်နေတာ မဟုတ်လား။ ငါ မင်းကို အခွင့်အရေးမပေးဘူးလို့ မပြောနဲ့။ မင်း ဘယ်သူ့ကိုရှာချင်လဲ။ ဘယ်အာဏာကို သုံးချင်လဲ၊ ငါဒီမှာစောင့်နေမယ်။ "

သူ့အား အလွန်နှိမ့်ချနေသည်ကို မြင်ပြီးနောက် ဘရိုက်သည် ချက်ချင်းပင် ဒေါသတကြီး ရယ်မောလေသည်။

" မင်းပြောတာနော်။ ငါဖုန်းဆက်ရမယ် "

ယဲ့ဖန်သည် သူ၏ လက်ကို မြှောက်လိုက်လေသည်။

" ကျေးဇူးပြုပြီး သွားလိုက်ပါ "

ဘရိုက်သည် စကားသိပ်မပြောတော့ဘဲ ဖုန်းခေါ်ရန် နေရာသို့သာ တိုက်ရိုက်သွားလိုက်လေသည်။

အမျိုးသမီးဝန်ထမ်းသည် ယဲ့ဖန်ဆီသို့ အလျင်အမြန် လျှောက်လာလေသည်။

" လူကြီးမင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် ဒီ ဘရိုက်မှာ နောက်ခံအများကြီး ရှိပုံရတယ်။ လူကြီးမင်း မြန်မြန် ထွက်သွားသင့်တယ်။ မဟုတ်ရင် ကြီးကြီးမားမား ဒုက္ခရောက်လိမ့်မယ်။ "

ယဲ့ဖန်သည် မထီမဲ့မြင် အပြုံးပြုံးလိုက်လေသည်။

" မင်းရဲ့ သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒုက္ခအကြီးကြီး လုပ်ရတာကို ကြိုက်တယ်။ ဒုက္ခက ပိုကြီးလေ ပိုကြိုက်လေပါပဲ။ "

ကောင်မလေးသည် ချက်ခြင်းပင် စိတ်ပူသွားလေသည်။

ယဲ့ဖန်သည် သူ့ကိုကူညီရန် ဘရိုက်ကို စိတ်အနှောင့်အယှက်ပေးခဲ့လေသည်။

သူမကြောင့် ဒုက္ခအကြီးအကျယ် ရောက်နေမည်ကို သူမ တကယ်ပင် မမြင်ချင်ပေ။

သို့သော် ဤကောင်လေးသည် လျစ်လျူရှုထားပုံရသောကြောင့် သူမ အရမ်းပင် စိုးရိမ်သွားလေသည်။

ဘေးပတ်ဝန်းကျင်တွင်ဤ စိတ်လှုပ်ရှားစရာကောင်းသောပွဲကို ကြည့်နေကြသော လူများသည် ယဲ့ဖန်ကို အလွန်ပင် သဘောကျနေကြပြီး အားလုံးက သူ့ကို ဖြောင်းဖျပြောနေကြလေသည်။

" လူငယ်လေး၊ မင်းဒီနေ့ဂကောင်းကောင်းလုပ်ခဲ့ပြီးပြီ။ မင်း ငါတို့ကို ကြည့်ကောင်းအောင် လုပ်ပြထားပြီးပြီ။ မင်းမြင်နေရတာပဲ လက်ခံနိုင်မယ်ထင်ပါတယ် "

" ဟုတ်တယ်၊ သူ တစ်ယောက်ယောက်ကို ခေါ်နေပုံရတယ်ထင်တယ်။ မြန်မြန်သွားသင့်ပြီ။ ဒါမှမဟုတ်ရင် မင်းထပ် ဒုက္ခရောက်လိမ့်မယ် "

" ဒီနိုင်ငံခြားသားက ဒီနေ့ ဆုံးရှုံးမှုကြီးကြီးမားမားနဲ့ ကြုံတွေ့ခဲ့ရပြီး သူ ဒါကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး။ ဒီကိစ္စက ကြီးကြီးမားမား အရှုပ်အထွေး ဖြစ်လာမှာကို စိုးရိမ်မိတယ်။"

" လူကောင်းတစ်ယောက်ဟာ အရှုံးကို ကို ဘယ်တော့မှ မခံစားရဘူး..."

ယဲ့ဖန်သည် သူတို့အားလုံးတွင် ရည်ရွယ်ချက်ကောင်းများရှိသည်ကို သိသော်လည်း သူသည် ထိုစကားများကို လျစ်လျူရှုပြီး ပြုံးပြနေလေသည်။

" သူဘာတွေဖြစ်လာမလဲ ကြည့်ချင်မိတယ် "

လူတိုင်းသည် ခေါင်းယမ်းကာ သက်ပြင်းချရုံသာ တတ်နိုင်လေသည်။

သူတို့က ငယ်လွန်းနေသေးတယ်။

ငယ်ငယ်တုန်းက ဒေါသမထွက်ခဲ့တာ ဘယ်သူရှိလို့လဲ။

ဒါပေမယ့် သူ အသက်ကြီးလာတာနဲ့အမျှ အဲဒီသတ္တိတွေက ပျောက်ကွယ်သွားပြီး ဘဝကြီးက ရှုပ်ယှက်ခတ်မှာတာတွေ ကိုယ့်ကိုယ်ကို ပညာရှိရှိနဲ့ ကာကွယ်မှာတွေပဲ ကျန်တော့မှာပဲ။

ဤအကြောင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်လေသည်။

အချိန်မတန်မီ လက်တွေ့ဘဝ၏ ရိုက်နှက်ခြင်းကို သူ့အား မခံစားစေချင်ကြပေ။

သူ၏ ရဲရင့်ခြင်းကို အချိန်ပိုကြာအောင် ထိန်းသိမ်းပေးရန် ကြိုးစားပေးနေကြခြင်းသည် သူတို့၏ စိတ်ထဲမှ အထောက်အပံ့ ပေးနေကြခြင်း ဖြစ်ပေမည်။

သို့သော် ဤကောင်လေး၏ ခေါင်းသည် အလွန်ပင် မာကျောပြီး မည်သူ၏ ဖြောင်းဖျမှုကိုမျှ နားမထောင်ချေ။

သူတို့သည်လည်း တခြားလုပ်ပေ;နိုင်စရာ မရှိနေချေ။

ထိုအချိန်တွင် ဘရိုက်သည် ပြန်ရောက်လာပြီး ယဲ့ဖန်ကို မုန်းတီးစွာကြည့်နေလေသည်။

" ခွေးကောင်၊ ငါ မင်းကို ဒီနေ့ တန်ရာတန်ကြေးပြန်ပေးရမယ်၊ ခဏစောင့်။ "

" ထပ်ပြီး ရိုင်းစိုင်းနေပြန်ပြီလား "

ယဲ့ဖန်သည် သူ၏ လက်ကို ထပ်မံ၍ မြှောက်လိုက်လေသည်။

ကြောက်လန့်တကြားဖြင့် နောက်ပြန်ဆုတ်သွားသည်မှာ သိသာထင်ရှားလှလေသည်။

ယဲ့ဖန်သည် ပြုံးလိုက်ပြီး မြှောက်ထားသော လက်အား အောက်သို့မချလိုက်ဘဲ ခေါင်းကို ကုတ်လိုက်လေသည်။

" စိတ်မပူပါနဲ့ မင်းခေါ်ထားတဲ့လူ ရောက်လာတဲ့အထိ ငါထပ်မရိုက်ပါဘူး "

ဘရိုက်သည် သက်ပြင်းတစ်ချက် ချမိသော်လည်း တစ်ချိန်တည်းမှာပင် သူ့ကို ပို၍ပင် မုန်းတီးလာလေသည်။

ယဲ့ဖန်၏ သေးငယ်သော အပြုအမူသည် သူ့အတွက် အကြီးမားဆုံး အရှက်ရမှု ဖြစ်မည်မှာ သေချာပင် ဖြစ်ပေသည်။

သူသည် မြင့်မြတ်သော နိုင်ငံသားတစ်ဦး ဖြစ်သော်လည်း ယခုအခါတွင် နိမ့်ကျသော တရုတ်အရူးတစ်ယောက်၏ အရှက်ကွဲခြင်းကို ခံနေရသည်မှာ ရှက်စရာကောင်းလွန်းလေလှသည်။

လက်စားချေခြင်းမပြုပါက သင်သည် လူသားမဖြစ်နိုင်ဟုပင် ကျိန်ရဲလေသည်။

………………

စမစ်သည် ချန်းချုံရှန်းနှင့် ယန်းချန်မြို့ဌာနခွဲမှ အမှုဆောင်အဖွဲ့တစ်ဖွဲ့နှင့်အတူ ညစာ စားပြီးသွားပြီ ဖြစ်လေသည်။

ပွဲအပြီးတွင် စမစ်သည် အရင်က လွှမ်းမိုးချုပ်ကိုင်မှုရှိသည့် ပုံစံကို ရုတ်တရက်ပြောင်းလဲလိုက်ပြီး ချန်းချုံရှန်းအား မကြာခဏဆိုသလိုပင် အလေးပေးနေသည်ကို တွေ့ရှိလိုက်ရသဖြင့် ထိုအမှုဆောင်များသည် အံ့အားသင့်သွားကြလေသည်။

ဤလုပ်ရပ်သည် သူတို့အားလုံးကို ပဟေဌိဖြစ်သွားစေလေသည်။

မနက်ခင်းအချိန်တွင်ပင် စမစ်သည် ချန်းချုံရှန်းကို မကျေမနပ်ဖြစ်နေဆဲဖြစ်နေသည်ကို မှတ်မိလေသည်။

နေ့တစ်ဝက်ပြီးသွားသည်နှင့် သူသည် အဘယ့်ကြောင့် ရုတ်တရက် ပြောင်းလဲသွားရသနည်း။

သို့သော် ယနေ့ ချန်းချုံရှန်းထွက်သွားပြီး ရွှေတုံး ၅၀၀...၄၉၉တုံး ကို ပြန်ယူလာသည်ဟု သူတို့ ကြားပြီးလေသည်။

ထိုအရာကြောင့် စမစ်သည် သူ၏သဘောထားကို ရုတ်တရက် ပြောင်းလဲလိုက်ခြင်း ဖြစ်နိုင်လေသည်။

ထမင်းစားပြီးနောက် စမစ်သည် ချန်းချုံရှန်းကို လူကိုယ်တိုင် ပြန်မောင်းမို့ရန် ချက်ချင်း ဆန္ဒရှိခဲ့လေသည်။

သို့သော် ယခုအချိန်တွင် သူ့၏လက်ထောက် ဘရိုက် ဆီမှ ရုတ်တရက် ဖုန်းဝင်လာပြီး ဟိုတယ်ထဲတွင် တရုတ်အမျိုးသားတစ်ဦး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်ဟု ဆိုလေသည်။

ဤဘရိုက်သည် သူ၏လက်ထောက် ဖြစ်သော်လည်း၊ ဤလူသည် Sotheby'sတရုတ်ဒုတိယဥက္ကဌ၏ တူဖြစ်ပြီး ဂရုတစိုက် ကိုင်တွယ်ရမည် ဖြစ်လေသည်။

ချန်းချုံရှန်းကိုပင် တောင်းပန်ပြီး ဟိုတယ်သို့ အမြန်သွားလေသည်။

ဤကိစ္စကို ပိုမိုစွာ ပြည့်စုံရန် မည်သို့ ဖြေရှင်းနိုင်မည်ကို တစ်လမ်းလုံး တွေးနေလေသည်။

ဘရိုက်ကို ဤအခြေအနေမှ ရုန်းထွက်ဖို့ ကူညီရုံတင်သာမက ဒုဥက္ကဌရှေ့တွင် သူ့အတွက် စကားနည်းနည်းပြောခွင့်ပေးရန်ပါ စဉ်းစားနေလေသည်။

တရုတ်အမျိုးသားအကြောင်းအား သူသည် လုံးဝ ဂရုမစိုက်ချေ။

ယနေ့ ယဲ့ဖန်ကို သူသည် အနည်းငယ် ဒေါသထွက်နေသည် ဖြစ်သောကြောင့် ဤမျက်မမြင် တရုတ်အမျိုးသားကို လက်သီးအိတ်အဖြစ် သုံးရန် တွေးတောနေလေသည်။

တွေးနေရင်းဖြင့် အခင်းရာဖြစ်နေရာသို့ ရောက်လာလေသည်။

ထိုအချိန်၌ လူအများအပြားသည် စင်္ကြံတွင် စုဝေးမေကြပြီး အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုရန် ရောက်နေကြလေသည်။

ဤအရာသည် စမစ်၏ စိတ်အခြေအနေအား ပိုးဆိုးစေလေသည်။

အကယ်၍ ဤတရုတ်အမျိုးသားသည် ယနေ့တွင် တန်ရာတန်ကြေး ကြီးကြီးမားမား ပြန်မရပါက သူသည် မဟာအင်ပါယာနှင့် ရင်ဆိုင်ရတော့မည် ဖြစ်ပေသည်။

သူသည် အရှေ့တွင်ရှိသော လူများကို တွန်းပြီး ဝင်လာသောအခါ ဝက်ခေါင်းကဲ့သို့ ရိုက်ခံထားရသည့် ဘရိုက်ကို တွေ့လိုက်လေသည်။

" ဘရိုက်၊ မင်း ဘယ်လို အရိုက်ခံထားရတာလဲ။ ဒါက အရမ်းဆိုးတယ်။ "

ဘရိုက်သည် သူ့ကို မြင်သောအခါတွင် သူသည် မတတ်နိုင်လောက်အောင် ငိုမိလေသည်။

" လူကြီးမင်းစမစ်၊ မင်းသာမလာရင်၊ ငါဘုရားကိုပဲ သွားတွေ့ရတော့မယ် "

စမစ်သည် သူ၏ ပခုံးအား အလျင်စလို ပွတ်သပ်ပေးလိုက်လေသည်။

" စိတ်မပူပါနဲ့ ဘရိုက်၊ ဒါကိုဖြေရှင်းဖို့ ငါ့တာဝန်ထားလိုက်။ ငါ မင်းကို ဘယ်လို ကူညီနိုင်မယ်ဆိုတာ မင်းမြင်ရပါလိမ့်မယ် "

ဘရိုက်သည် စမစ် ၏စွမ်းရည်အပေါ် အလွန်ယုံကြည်မှုရှိပြီး သူ၏ဦးလေးဖြစ်သူသည် စမစ် လက်ထောက်အဖြစ်ထားရန်စီစဉ်ထားသောကြောင့် စမစ်ထံမှ ပိုမိုလေ့လာသင်ယူနိုင်စေရန် စီစဉ်ပေးထားခြင်း ဖြစ်လေသည်။

စမစ်သည် သူ၏ဝတ်စုံကို သပ်သပ်ရပ်ရပ် ၀တ်ထားကာ လေးနက်တဲ့ မျက်နှာဖြင့် လှည့်ပြီးမေးလိုက်လေသည်။

" ဘရိုက် ကို ဘယ်သူရိုက်တာလဲ။ မတ်တပ်ရပ်လိုက်ပါ။ "

သူပြောပြီးသည်နှင့် ဖြည်းညှင်းစွာ သူ၏မျက်နှာတွင် အပြုံးမပျက် ပြုံးပြကာ ထွက်လာသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရလေသည်။

" လူကြီးမင်းစမစ်၊ ကျွန်တော်တို့ ပြန်တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး။ "

စမစ်သည် ယဲ့ဖန်ကိုမြင်သောအခါတွင် အေးစက်သောချွေးများသည် သူ၏ ကျောပြင်ပေါ် ချက်ချင်းထွက်လာလေသည်။

သူသည် ဘရိုက် ကို အနိုင်ယူခဲ့တဲ့သူဖြစ်မည်လား။

အို ဘုရားသခင်၊ ကမ္ဘာကြီးက သေးလွန်းတယ်မဟုတ်လား။

ငါ ဘာလို့ ဒီစောက်နေရာကို ရောက်နေတာလဲ။

ဒီလူကို ဘာလို့ ဒီမှာတွေ့နေတာလဲ။

ဘုရားသခင်၊ ခင်ဗျားက ကျွန်တော်နဲ့ လာကစားနေတာလား။

မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော အတွေးများသည် သူ့စိတ်ထဲတွင် ပေါ်လာနေလေသည်။

အားသာချက်၊ အားနည်းချက်တွေကို ချိန်ဆပြီး ချက်ချင်းပဲ အပြီးသတ် ဆုံးဖြတ်ချက် ချခဲ့လေသည်။

ရုတ်တရက် လှပသောအလှည့်တစ်ခု၊ ညာလက်ကို မြင့်တင်လိုက်ကာ ပြီးပြည့်စုံသော ကာရာဘိုလာတစ်ခု ဖြစ်ပေါ်လာသည်။

ရိုက်လိုက်လေသည်။

ကျယ်လောင်သော ပါးရိုက်သံသာ် ဘရိုက်၏မျက်နှာအနှံ့သို့ ထိမှန်သွားလေသည်။

" လူမိုက်ကောင်၊ မင်း ဘယ်လောက်ဒုက္ခ ရောက်နေပြီလဲဆိုတာကို သိလား "

ဘရိုက်သည် လုံးဝပင် အံသြသွားလေသည်။

ယဲ့ဖန်သည် သူ့ကို ရိုက်နှက်သည်မှာ အဆင်ပြေသေးလေသည်။

သို့သော် သူ့၏ အရင်းနှီးဆုံး ရဲဘော် စမစ်သည် အဘယ့်ကြောင့် သူ့အား ရိုက်နှက်ရသနည်း။

ဘရိုက်သာမကဘဲ ဟိုတယ်မန်နေဂျာ ၊ အမျိုးသမီးဝန်ထမ်း၊ ဘရိုက်၏နောက်တွင် လိုက်ပါလာသော ဦးနှောက်မရှိသည့် အမျိုးသမီးနှင့် ပတ်ဝန်းကျင်မှ စိတ်လှုပ်ရှားစွာ ကြည့်ရှုနေသူများ အားလုံးသည် အံ့ဩသွားကြလေသည်။

ဘရိုက်သည် ဤကိစ္စကို ကိုင်တွယ်ရန် တစ်ယောက်ယောက်ကို ခေါ်ခဲ့သည်ကို သူတို့ကြားလေသည်။

တစ်ချို့သည် ဤအရာကို စောင့်မျှော်နေကြလေသည်။

တစ်ချို့မှာ စိုးရိမ်ပြီး တစ်ချို့မှာ စိတ်မသက်မသာဖြစ်နေကြလေသည်။

သို့သော် ယခုအချိန်မှာတွင် အရာအားလုံးသည် ရှုပ်ထွေးသွားလေသည်။

စမစ်ဟု အမည်ရသည့် နိုင်ငံခြားသားသည် ဘရိုက် ၏ဒေါသကို ထုတ်ဖော်ရန် ဤနေရာတွင် ရောက်ရှိနေချင်းဖြစ်ပေသည်။

အဘယ်ကြောင့် ရုတ်တရက် အချင်းချင်း သတ်နေကြသနည်း။

အပိုင်း ( ၈၅၀ )

လူကြီးမင်းယဲ့က ဘယ်တော့မှ အမှားမလုပ်ဘူး။

တကယ်တော့ စမစ်သည် ဤကဲ့သို့ ပါးရိုက်လိုက်သော်လည်း သူသည် စိုးရိမ်ပူပန်နေလေသည်။

ဘရိုက်သည် ဒုဥက္ကဌ၏ တူဖြစ်ပြီး၊ ဤရိုက်နှက်မှုသည် ဒုဥက္ကဌကို အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စေပေလိမ့်မည်။

သို့သော် အဆုံးတွင် သူသည် ဤကဲ့သို့ လုပ်ရန်ပင် ရွေးချယ်ခဲ့လေသည်။

ဒုဥက္ကဌသည် သာ့ယင်းရုံးချုပ်သို့ ပြန်လည် ရွှေ့ပြောင်းလာမည်ဟု မကြာသေးမီက ကြားသိရသောကြောင့် ဒုဥက္ကဌရာထူးသည် လစ်လပ်သွားမည် ဖြစ်ပေသည်။

သူ့၏ အရည်အချင်းနှင့် ခွန်အားများဖြင့် ဤရာထူးအတွက် တိုက်ပွဲဝင်ရန် အခွင့်အရေး မရှိချေ။

သို့သော် ယဲ့ဖန်ကဲ့သို့ ခိုင်မာသော ပံ့ပိုးကူညီမှု ရှိပါက အထက်အရာရှိများသည် ဂရုတစိုက် စဉ်းစားပေးကြပေလိမ့်မည်။

ဤအရာသည် အမှန်တကယ်ဆိုလျှင် ကြီးမားသောအလောင်းအစားတစ်ခုပင်ဖြစ်လေသည်။

အလောင်းအစားတွင် အနိုင်ရသွားပါက တောက်ပသောအနာဂတ်ဖြင့် ဒုဥက္ကဌအဖြစ် ရာထူးတိုးမြှင့်ခံရမည် ဖြစ်ပေသည်။

ရှုံးသွားမည်ဆိုလျှင် အနာဂတ်တွင် ခုံတန်းလျားပေါ်တွင်သာ ထိုင်ရတော့မည် ဖြစ်ပေသည်။

" ဘရိုက်၊ မင်း ဒူးထောက်ပြီး မင်းရဲ့အမှားတွေကို လူကြီးမင်းYeကို ဝန်ခံသင့်တယ်လို့ ထင်တယ်။ မင်းရဲ့ပြစ်မှုတွေကို သူခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်တယ်။ "

ဘရိုက်သည် သူ့ကို မယုံကြည်နိုင်စွာ ကြည့်လေသည်။

" မင်းဘာပြောတာလဲ၊ မင်း ငါ့ကို ဒူးထောက်ခိုင်းလိုက်တာလား။ စမစ်၊ မင်းဘာတွေပြောနေတာလဲ မင်းသိလား။ ငါ့ဦးလေးကို ဒီအကြောင်းပြောပြတာကို မင်းယုံမှာလား။ "

စမစ်သည် သူပြောနေသည်ကို ပြီးအောင်မစောင့်ဘဲ နောက်တစ်ကြိမ် ပါးရိုက်လိုက်လေသည်။

" မင်းဦးလေး ဒီအကြောင်းကို သိတယ်ဆိုရင်တောင် ငါ့လုပ်ရပ်ကို အရမ်းသဘောတူမှာပဲ။ ဒူးထောက်လိုက် "

သူစကားပြောနေစဉ်တွင် ဘရိုက်ကို မြေပြင်ပေါ်သို့ တွန်းပို့လေသည်။

ထို့နောက် သူသည် ယဲ့ဖန်ကို သတိထားပြီး ကြည့်လေသည်။

" လူကြီးမင်းယဲ့၊ ဘရိုက်ကိုယ်စား မင်းကို တောင်းပန်ပါတယ်၊ ငါ့...လူကြီးမင်းချန်အတွက် သူ့ကို ခွင့်လွှတ်ပါ "

ယဲ့ဖန်သည် သူ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေလေသည်။

" အကြောင်းပြချက်ကို အရင်မမေးတော့ဘူးလား။ ငါ့အမှားဖြစ်သွားရင် ဘယ်လိုလုပ်မလဲ "

စမစ်သည် သူ၏ လက်ကို အမြန် ဝှေ့ယမ်းလိုက်လေသည်။

" လူကြီးမင်းယဲ့က ဘယ်တော့မှ အမှားလုပ်မှာ မဟုတ်ဘူး။ ဒီ ****က အမှားအရင် လုပ်ထားတာပဲ ဖြစ်ရမယ်။ လူကြီးမင်းယဲ့က သူ့အတွက် သင်ခန်းစာတစ်ခု သင်ပေးခဲ့တာပါပဲ "

ယဲ့ဖန်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဘရိုက်ကို တစ်ချက်ကြည့်လိုက်လေသည်။

" သို့သော် သူသည် ငါ့ကို တန်ရာတန်ကြေး ပေးမယ်လို့ ပြောပြီး ငါ့ကို အခုပဲ ခြိမ်းခြောက်ထားတာ၊ မင်းအတာကို မလုပ်တော့ဘူးလား "

စမစ်သည် ပို၍ ထိတ်လန့်သွားပြီး ခေါင်းကို အလျင်စလို ခါလိုက်လေသည်။

" လူကြီးမင်းယဲ့၊ ဟာသလုပ်နေတာကို ရပ်လိုက်ပါတော့။ ကျွန်တော် မင်းကို ဘယ်လိုလုပ် တိုက်ခိုက်ရဲပါ့မလဲ။ "

သူသည် ပြောပြီးပြီးချင်းပင် ဘရိုက်ကို အလျင်စလို ကန်ထုတ်လိုက်လေသည်။

" မင်း မြန်မြန် လူကြီးမင်းယဲ့ကို မတောင်းပန်ဘူးလား။ ယန်းချန်မြို့မှာ မင်းတကယ် သေချင်နေတာလား။ "

ဘရိုက်သည်လည်း ထက်မြက်သူတစ်ဦး ဖြစ်ပေသည်။

စမစ်သည် ယဲ့ဖန်ကို အလွန်ကြောက်နေသည်ကို မြင်လိုက်ရသဖြင့် သူသည် ယခုတစ်ကြိမ်တွင် ဒေသခံသူဌေးကို စော်ကားမိခြင်းဖြစ်မည်ကို သိသောကြောင့် ယဲ့ဖန်ကို လျင်မြန်စွာ တောင်းပန်လိုက်လေသည်။

" လူကြီးမင်းယဲ့၊ ကျွန်တော် မင်းကို အလေးအနက် တောင်းပန်ပါတယ်။ ငါ့ရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပါ "

ဤအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ အားလုံးသည် အံ့အားသင့်သွားလေသည်။

ဤနိုင်ငံခြားသားသည် ယခုအချိန်လေးတွင်ပင် မာနကြီးပြီး စိုးမိုးနေသော်လည်း အနည်းငယ် ကြာပြီးချိန်တွင် လက်လျှော့လိမ့်မည်ဟု မမျှော်လင့်ထားပေ။

ထို့ပြင် သူသည် ဒူးထောက်ကာ အနှိမ့်ချဆုံးနည်းဖြင့် ဝန်ခံလေသည်။

ဤအရာသည် လူတိုင်း၏ မျှော်မှန်းချက်ထက် အမှန်တကယ်ကို ကျော်လွန်နေပြီဖြစ်လေသည်။

ဖြစ်နိုင်ချေများစွာကို တွေးခဲ့ကြသော်လည်း အဆုံးသတ်သည် ဤကဲ့သို့ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

အားလုံး အံ့အားသင့်နေကြချိန်တွင် အားလုံးသည် ယဲ့ဖန်ကို ကြည့်နေကြလေသည်။

ဒီလူငယ်က ဘယ်သူလဲ။

ဒီနိုင်ငံခြားသားနှစ်ယောက်က ဘာလို့ ကြောက်နေတာလဲ။

ယန်းချန်မြို့တွင် ရှိသော မိသားစုကြီးတစ်ခု၏ ကလေးတစ်ယောက် ဖြစ်နိုင်ပါသလား။

ဒါမှမဟုတ် စူပါသူဌေးရဲ့သားလား။

ငယ်ရွယ်နုပျို ချောမောကာ အစွမ်းထက်လွန်းပြီး နိုင်ငံခြားသားတစ်ဦးကို ဒူးထောက်ကာ ကရုဏာတရားကို တောင်းရမ်းရန် အတင်းအကျပ်ခိုင်းစေနိုင်သည့် ယဲ့ဖန်သည် အမျိုးသားများအတွက် အကောင်းဆုံးစံပြပုံစံပင် ဖြစ်လေသည်။

ဤအဖြစ်အပျက်ဖြစ်ပွားရာ နေရာရှိ အမျိုးသမီးအများအပြားသည် ၎င်းတို့၏မျက်လုံးများတွင် ထူးဆန်းသောအကြည့်များ ရှိနေကြလေသည်။

ဘရိုက်သည် လူအများရှေ့တွင် ယခုကဲ့သို့ အရှက်ရစေသော စကားလုံးများ ပြောရခြင်းကို မုန်းတီးနေလေသည်။

သို့သော် ယခုအချိန်တွင် မပြဝံ့သည့်အတွက်ကြောင့် ယခုအချိန်တွင်မူ သူ၏ မုန်းတီးမှုများကို နှိမ့်ချပြီး နောင်အခါမှ လက်စားချေရန် အခွင့်အရေးကို ရှာနေလေသည်။။

သူသည် ခေါင်းငုံ့ထားသောကြောင့် ယဲ့ဖန်သည် သူ၏ အမူအရာကို မမြင်နိုင်သော်လည်း သူ့ထံမှ ထွက်လာသည့် လူသတ်ရန် ရည်ရွယ်ချက်ကို အလွယ်တကူ ခံစားလိုက်ရလေသည်။

သေချာသည့်အရာမှာ ဤလူသည် အလွန်ပင် လက်မခံနိုင်ဘဲ လက်တုံ့ပြန်ရန် နောက်ထပ်အခွင့်အရေးကို စောင့်ချင်နေလေသည်။

သူ၏ မျက်နှာတွင် ဖျော့တော့သော အပြုံးတစ်ခုဖြင့် သူ၏ ကိုယ်ထဲမှ ငွေပင်အပ်တစ်ချောင်းကို ထုတ်လိုက်ပြီး ရှေ့ကို အမြန်လျှောက်သွားတယ်။

" လူကြီးမင်းဘရိုက်၊ ကျေးဇူးပြု၍ မြန်မြန်လုပ်ပါ။ မင်းက လူကြီးမင်းစမစ်နဲ့ သက်ဆိုင်တဲ့အတွက်၊ ငါ လူကြီးမင်းစမစ်ကို မျက်နှာသာပေးပြီး၊ အရင် မကျေနပ်ချက်တွေကို ရှင်းပစ်ပေးမယ်။ "

သူသည် ဘရိုက်ကို ထောက်ပံ့ပေးကာ သူ၏ ဝမ်းဗိုက်အောက်ပိုင်းရှိ လျှို့ဝှက်နေရာကို ငွေအပ်ဖြင့် ထိုးဖောက်ပြီး အမြန်ဆွဲထုတ်လိုက်လေသည်။

အမျိုးသားတစ်ယောက်သည် ယောက်ျားဖြစ်ရခြင်း အကြောင်းရင်းမှာ အဓိကအားဖြင့် ကျောက်ကပ် qi လုံလောက်မှုကြောင့်ဖြစ်ပေသည်။

ကျောက်ကပ် qi မလုံလောက်ပါက သူသည် အားနည်းပြီး တဖြည်းဖြည်းဖြင့် အားနည်းလာမည်၊ သို့မဟုတ်လျှင် တိုက်ရိုက်ပင် yangဖြစ်လာပေမည်။

ယဲ့ဖန် အပ်ဖြင့် ထိုးလိုက်သော နေရာသည် ကျောက်ကပ် qiများ စုထားသည့် နေရာဖြစ်ပေသည်။

မီးပုံးပျံတွင် အပေါက်ဖောက်ထားသကဲ့သို့ပင် အတွင်းမှ လေများ ဆက်တိုက် ယိုစိမ့်နေလေသည်။...

သားသမီးမြေးမြစ်များကို ဖြတ်တောက်ပစ်သည့် နည်းဗျူဟာသည် ရက်စက်လွန်းပေသည်။

ယဲ့ဖန်သည် ရန်သူများကို မည်သည့်အခါမျှ သနားညှာတာခြင်း မရှိပေ။

သူ့ကိုယ်သူ သတ်သေရန် မစဉ်းစားခဲ့ဘူးဆိုလျှင် ဤနည်းလမ်းကို ကျင့်သုံးမည် မဟုတ်ချေ။

ဘရိုက်သည် မည်သည့်အရာကိုမျှ သတိမထားမိဘဲ တမင် လက်စားချေရန် စဉ်းစားနေဆဲဖြစ်လေသည်။

ဤနေရာ၌ ရုတ်တရက် လက်ဆွဲနှုတ်ဆက်မှုတစ်ခု ရှိခဲ့လေသည်။

ဤအရာသည် ဟိုတယ်မန်နေဂျာကို အနည်းငယ် စိတ်ရှုပ်စေသွားလေသည်။

သူအား ဘရိုက်အတွက် ရပ်တည်ပေးရန် အထက်လူကြီးများသည် အမိန့်ပေးခဲ့လေသည်။

ရလဒ်အနေဖြင့် ဘရိုက်သည် ဒူးထောက်ကာ ဝန်ခံခဲ့ရပြီး သူ့ကို အတွင်းရော အပြင်တွင်ပါ လူသားဆန်မှု ပျောက်ဆုံးသွားလေသည်။

မည်သူမျှ မကြည့်နေချိန်တွင် ခိုးထွက်ရန် ကြိုးစားနေလေသည်။

ဤအချိန်တွင် ယဲ့ဖန်သည် ရုတ်တရက်ပြောခဲ့လေသည်။

" တကယ်တော့ လူကြီးမင်း ဘရိုက်နဲ့ ကျွန်တော် နားလည်မှုလွဲတာလေးတစ်ခုပဲရှိတော့တယ်။ တကယ်လို့ ခင်ဗျား ဒါကို အပြစ်တင်ချင်ရင်တော့ အပြစ်တင်လို့ရပါတယ်။ ဟိုတယ်မန်နေဂျာက လုံခြုံရေးအစောင့်အနည်းငယ်ကို ခေါ်လာပြီး ကိစ္စတွေ ရှုပ်လာလို့ ပိုဆိုးသွားစေတာပဲ။ ”

စမစ်ကို ပြောနေခြင်း ဖြစ်သော်လည်း မန်နေဂျာသည် သူ၏ အသက်တစ်ဝက်လောက်ထိပင် ကြောက်လန့်နေပြီး မြေပြင်ပေါ် ကမန်းကတန်း ဒူးထောက်ထိုင်ချလိုက်လေသည်။

" လူကြီးမင်းယဲ့၊ လူကြီးမင်းစမစ်၊ လူကြီးမင်းဘရိုက်၊ ကျွန်တော်က တောက်တိုမယ်ရ လုပ်ရတဲ့ ဇာတ်ကောင်ငယ်လေးပါပဲ၊ ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးပါ "

စမစ်သည် ယဲ့ဖန်ကို ဘာမှ မလုပ်ဝံ့သော်လည်း ဟိုတယ်မန်နေဂျာလေးကို အလေးအနက်မထားသေးဘဲ ယဲ့ဖန်ကို ချက်ချင်းပြောလေသည်။

" လူကြီးမင်း သူ့ကို နှုတ်ဆက်ပြီး ချက်ချင်း ထွက်သွားဖို့ ပြောလိုက်ပါ။ "

ယဲ့ဖန်သည် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်လေသည်။

" လူကြီးမင်းစမစ်ရဲ့ အဆိုပြုချက်က အရမ်းကောင်းတယ်လို့ ထင်ပါတယ်။ မင်းလည်း သူတို့ရဲ့ ဟိုတယ်အတွက် တွေးပေးနေတာပဲ။ ဒီလိုလူမျိုးကို မထုတ်ရင် သူတို့ဟိုတယ်ရဲ့ ပုံရိပ်ကို ထိခိုက်စေလိမ့်မယ် "

သူတို့နှစ်ယောက်ကြား စကားအနည်းငယ်ပြောရုံဖြင့် မန်နေဂျာ၏ ကံကြမ္မာသည် ဆုံးဖြတ်ပြီး ဖြစ်လေသည်။

မန်နေဂျာသည် စကားမပြောဘဲ မြေပြင်ပေါ်တွင် လဲလျောင်းကာ ထိတ်လန့်တုန်လှုပ်သွားရလေသည်။

ရုတ်တရက် အော်ဟစ်ချီးမွမ်းသံများ ထွက်လာလေသည်။

ကြီးစိုးနေသော နိုင်ငံခြားသားများသည် မုန်းတီးစရာကောင်းပြီး ဤအနိုင်ကျင့်သည့် ခွေးခြေထောက်များသည် ပို၍ပင် မုန်းစရာကောင်းလှသည်။

ခွေးခြေထောက်၊ ဒါနဲ့ပဲ ထိုက်တန်တယ်။

အပိုင်း ( ၈၅၁ )

ညဆို တစ်ယောက်တည်း နေတာလား။

ယဲ့ဖန်သည် ထိုနေရာ၌ ကိစ္စကို ဖြေရှင်းပြီးသည့်နောက် အခန်းသို့ ပြန်တော့မည့်အချိန်တွင် အသက်၃၀ဝန်းကျင် ယောက်ျားကြီးတစ်ယောက် လျင်မြန်စွာ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်တော်က ကျန်းရှိန်းပါ။ ဒီဟိုတယ်ရဲ့ တာဝန်ခံမန်နေဂျာ ဖြစ်ပါတယ်။ ဟိုတယ်အစား ကျွန်တော်ရဲ့ ရင်ထဲက တောင်းပန်မှုကို ဖော်ပြချင်ပါတယ်။ စိတ်မပူပါနဲ့၊ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး သေချာပေါက် လေးလေးနက်နက် ဖြေရှင်းလိုက်ပါမယ် "

ထိုလူသည် ရောက်လာပြီးသည်နှင့် ယဲ့ဖန်၏ လက်အား လက်နှစ်ဖက်လုံးဖြင့် တင်းကြပ်စွာ ကိုင်ထားသည့်အပြင် မျက်နှာတွင်လည်း ဖြောင့်မတ်သည့် အမူအရာရှိနေသည်။

သို့သော် ယဲ့ဖန် စိတ်ထဲတွင်တော့ ကြိတ်အထင်သေးမိသည်။

ထို တာဝန်ခံမန်နေဂျာဆိုသူသည် ရောက်နေသည်မှာ အချိန် အတော်ကြာပြီဖြစ်သည်။

သို့သော် သူသည် အဝေးတစ်နေရာတွင်သာ ပုန်းလျက် အခြေအနေ ကြည့်နေခဲ့လေသည်။

သူ့ကို မမြင်ဘူးလို့ ထင်နေတာလား။

ပြဿနာသည် ဖြေရှင်းခါနီးပြီး မန်နေဂျာ အလုပ်ဖြုတ်ခံရတော့မည်ကို မြင်ပြီးသည့်အခါမှ အပြေးထွက်လာသည်၊

ဒါကို ဓားခုတ်ကောင် ပုရစ်ဖမ်းတဲ့ နည်းလမ်းလို့ ပြောရမယ် မဟုတ်လား။

သို့သော် ယဲ့ဖန် ဤကဲ့သို့ အကွက်မြင်တတ်သည့် လူမျိုးကို မကြိုက်သည်တော့ မဟုတ်ချေ။

ထိုပုံစံကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ခြင်းဟု သတ်မှတ်နိုင်သည်။

အနည်းဆုံးအနေဖြင့် သူသည် အလျင်စလို ဆုံးဖြတ်ပြီး အသေခံတပ်သား မလုပ်ဖို့ တွေးနိုင်သည်အထိ ဉာဏ်လျင်လေသည်။

" တာဝန်ခံမန်နေဂျာကျန်းက မကြာခင် ရာထူးတိုးတော့မှာ မဟုတ်လား။ ဒါဆို ကျွန်တော်က ခင်ဗျားကို ကြိုတင်ပြီး ဂုဏ်ပြုထားပါတယ် "

နူးညံ့သော အပြုံးမျက်နှာဖြင့် ယဲ့ဖန်သည် ကျန်းရှိန်းကို ဂုဏ်ပြုလေသည်။

မြေပြင်ပေါ်တွင် ခွေးသေတစ်ကောင်လို ဒူးထောက်နေဆဲဖြစ်သော ဟိုတယ်မန်နေဂျာသည် ကျန်းရှိန်းကို ကြမ်းကြုတ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ့အစား တစ်ဖက်လူကို စော်ကားထားရလေသည်။

သို့သော် သူကတော့ အခုမှ ကြွေပြီးသား အသီးကို အတိုင်းသား ကောက်စားချင်နေသည်။

သို့သော် သူသည်လည်း သူ၏ မန်နေဂျာ ရာထူးမှာ လုံးဝ အဆုံးသတ်သွားပြီဖြစ်ကြောင်း အသေအချာ သိထားလေသည်။

ထိုအခါ ကျန်းရှိန်းသည် သူ့ရာထူးနေရာအား ယူသွားမည်မှာ အင်မတန် သေချာနေသည်။

သူတို့နှစ်ယောက်၏ ကံကြမ္မာ အပြောင်းအလဲ၏ ကွာဟချက်မှာ အတော် ကြီးမားလေသည်။

ယဲ့ဖန်၏ ဂုဏ်ပြုသံကို ကြားပြီးနောက် ကျန်းရှိန်းသည် ချက်ချင်းပင် ဖိနပ်လျက်တော့မည့် အမူအရာကို ပြသတော့သည်။

" ရာထူးတက်ရင်တောင် ဒါတွေ အားလုံးက ယဲ့လူကြီးမင်းကြောင့်ပါ။ လူကြီးမင်းက ကျွန်တော်တို့ ဟိုတယ်ရဲ့ ဝန်ဆောင်မှုကို မကျေနပ်တာများရှိရင် ပြောပါ။ ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး လူကြီးမင်း စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးပါမယ် "

ထိုသို့ပြောပြီး အိတ်ကပ်ထဲမှ လိပ်စာကတ်ကို ထုတ်ပြီး ယဲ့ဖန်ဆီ လက်လှမ်းလိုက်သည်။

အပြုံးမပျက်ဘဲ ယဲ့ဖန်မှ သူ၏ အကဲပို ကမ်းလှမ်းချက်ကို လက်ခံလိုက်သည်။

" အဲ့တာဆို ကျန်းမန်နေဂျာကို အရင် ကျေးဇူးတင်ထားရမှာပဲ။ အခုတော့ မကျေနပ်တာ မရှိပါဘူး။ ဒါဆို ဘာမှ လုပ်စရာ မရှိတော့ရင် အခန်းကို အရင်ပြန်သွားလိုက်ဦးမယ် "

လိပ်စာကတ်ကို ယူပြီးနောက် ယဲ့ဖန် သူ၏ အခန်းဆီသို့ ချက်ချင်း လှည့်ပြီး လမ်းလျှောက်သွားသည်။

ကျန်းရှိန်း မျက်လုံးဝေ့လိုက်ပြီး ဓာတ်လှေကားမှ မိန်းကလေးအကူကို နားသို့ ကပ်ပြီး တစ်ခုခုပြောလိုက်သည်။

ထိုစကားကို ကြားပြီးနောက် သူမ၏ ပါးပြင်သည် ချက်ချင်း နီမြန်းသွားသည်။

ပြီးသည်နှင့် ခေါင်းကိုလှည့်ကာ ယဲ့ဖန်၏ ကျောကို ကြည့်လျက် ရှက်နေပုံရသည်။

ကျန်းရှိန်းသည် သူမကို အလောတကြီး တွန်းလိုက်သည်။

" မင်းကို ယဲ့လူကြီးမင်းက ကယ်ထားတာလေ။ မင်းက ပြန်မပေးဆပ်သင့်ဘူးလား "

" အဲ့ဒီအပြင် ငယ်ငယ်ရွယ်ရွယ်နဲ့ ချောပြီး စွမ်းအားကြီးတဲ့ ယဲ့လူကြီးမင်းလို မကောင်းမှုတွေ မကြိုက်တဲ့လူလေ "

ထိုမိန်းကလေးက တုံ့ဆိုင်းသွားပြန်သည်။

သို့သော် နောက်ဆုံးတွင် သူမခေါင်းကို လှည့်ပြီး ယဲ့ဖန် အနောက်ကို လိုက်သွားခဲ့သည်။

ကျန်းရှိန်း သူ့လက်တွေကို စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်သည်။

စမစ်ကဲ့သို့သော Sotheby's နိုင်ငံခြား၏ အကြီးတန်းအမှုဆောင် အရာရှိပင် ထိုလူငယ်လေးကို လေးစားကြရသည်။

'ဟိုဘက်ကသာ သဘောကျသွားရင် ငါတော့ ရွှေပေါင်လုံးကြီးကို ဖက်မိသွားမှာပဲ'

ယဲ့ဖန် ထွက်သွားသည်နှင့် စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြသော လူများသည်လည်း လူစုခွဲကြတော့သည်။

သူတို့သည် ယခု ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် အကြောင်းအရာများကို အသံတိုးတိုးဖြင့် ပြောဆိုနေကြဆဲ ဖြစ်ပြီး သူတို့၏ မျက်နှာ အမူအရာများတွင် စိတ်လှုပ်ရှားနေကြပုံဖြင့် ပြောဆိုနေကြသည်။

ဤအကြောင်းကို အချိန်အတော်ကြာ ကြွားလုံးထုတ်ရန် လုံလောက်သည်ဟု ခန့်မှန်းရသည်။

စမစ်သည် လူစုခွဲပြီးသည်ကို စောင့်နေသည်။

ထို့နောက် ခေါင်းကို လှည့်ကာ ဘရိုက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

" မင်းအခန်းကို အရင်ပြန်သွားလိုက်။ နောက်မှ မင်းကို အသေးစိတ်ပြောမယ်။ တိုတိုပြောရရင် မင်းကြောင့် ငါ့ကို ဒုက္ခမဖြစ်စေရဘူး "

ဘရိုက်သည် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

ယနေ့ စမစ်၏ ကိုင်တွယ်ဖြေရှင်းပုံကို အလွန် မကျေနပ်နေသည်မှာ သိသာသည်။

ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ တရုတ်ကောင်မလေးကို ဖက်ပြီး ထွက်သွားသည်။

...................................

ယဲ့ဖန်သည် သူ့အခန်းတံခါးဆီသို့ လျှောက်သွားသည်။

အခန်းထဲသို့ ဝင်ရန် တံခါးဖွင့်ခါနီး၍ ဓာတ်လှေကားမှ ဝန်ဆောင်မှုပေးသည့် အမျိုးသမီးဝန်ထမ်းက သူ့နောက်ကို လိုက်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

" တခြား ကိစ္စရှိသေးလို့လား "

ယဲ့ဖန် ရပ်ပြီး မေးရုံသာ တတ်နိုင်သည်။

ထိုကောင်မလေးမှာ အနည်းငယ် ရှက်သွားပုံရသည်။

" ဒီနေ့ ကျွန်မကို ကယ်တင်ပေးခဲ့တဲ့ ယဲ့လူကြီးမင်းကို တကယ် ကျေးဇူးတင်ပါတယ်။ လူကြီးမင်းကြောင့်သာ မဟုတ်ရင် ကျွန်မ ဘယ်လိုလုပ်ရမယ်မှန်း မသိဘူး "

ယဲ့ဖန် သူ့လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။

" ရပါတယ်။ ဒါက နည်းနည်းပဲ အားစိုက်ထုတ်ရတာပါ။ ဘယ်သူပဲဖြစ်ဖြစ် ရပ်ပြီး ကြည့်နေမှာ မဟုတ်ဘူး "

ထိုကောင်မလေးက ခေါင်းညိတ်လေသည်။

ထို့နောက် သူမ သတ္တိမွေးကာ မေးရန် အားထုတ်လိုက်သည်။

" လူကြီးမင်း၊ ည တစ်ယောက်တည်း နေတာပါလား "

ယဲ့ဖန် သူမ ဘာကြောင့် မေးသည်ကို မသိသော်လည်း ရိုးသားစွာ ခေါင်းညိတ်ပြသည်။

" ဟုတ်တယ်၊ ဘာဖြစ်လို့လဲ "

ထိုကောင်မလေးသည် အောက်နှုတ်ခမ်းကို ကိုက်ထားသည်။

" တကယ်လို့ ယဲ့လူကြီးမင်းက ကျွန်မကို မကြိုက်တာမျိုး မရှိရင် ကျွန်မ ဒီည ဒီမှာ အဖော်ပြုနေနိုင်ပါတယ် "

သူမ ပြောနေသည်မှာ အလွန်ရှင်းလင်းနေသည်။

ယဲ့ဖန် သူမ ဘာဆိုလိုလဲဆိုတာ နားမလည်ဘဲ နေပါ့မလား။

သူ၏မျက်နှာ အနည်းငယ် တွန့်သွားသည်

" မင်းရဲ့ အလှကြောင့် ကယ်ခဲ့တယ်လို့ ထင်နေတာ မဟုတ်ဘူးမလား "

ကောင်မလေးသည် စိတ်လှုပ်ရှားပြီး လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။

" အဲ့လိုပြောတာ မဟုတ်ပါဘူး ..... ကျွန်မက ... ကျွန်မကို ကယ်ခဲ့ပေးတာလို့ ဝမ်းသာပေမယ့် ပြန်မပေးဆပ်နိုင်လို့ပါ ....... "

သူမ၏ စိတ်ရှုပ်ကာ ကြောက်လန့်နေသည့် အကြည့်ကို မြင်ပြီး ယဲ့ဖန် ချက်ချင်း မေးလိုက်သည်။

" အဲ့ဒီ မန်နေဂျာကျန်းက မင်းကို လာခိုင်းတာလား "

ထိုကောင်မလေးက ခဏ ထိတ်လန့်သွားသည်။

" ရှင် ....... ဘယ်လိုသိလဲ "

ယဲ့ဖန်သည် ချက်ချင်း အေးစက်စွာ ဟွန်းခနဲ နှာမှုတ်လိုက်သည်။

ထိုမန်နေဂျာကျန်းသည် သူ့ကို မျက်နှာလုပ်ချင်နေသည်မှာ ထင်ရှားနေပြီး ထိုကောင်မလေး၏ ကျေးဇူးကို အခွင့်ကောင်းယူကာ "အိပ်ရာပေါ် ထိုးကျွေးသည့်အကွက်"ကို ယူလိုက်တာ ဖြစ်သည်။

" ဒီလိုညစ်ပတ်တဲ့ လှည့်ကွက်တွေ ထပ်ပြီးကစားမယ်ဆို မန်နေဂျာလုပ်ဖို့ စဉ်းစားမနေနဲ့လို့ ပြန်ပြောလိုက် "

ကောင်မလေးသည် ချက်ချင်းပင် တုန်ယင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် ယဲ့ဖန်၏ လုပ်ရပ်ကို ချီးမွမ်းလိုက်သည်။

သို့သော် တစ်ချိန်တည်းတွင် သူမသည် အနည်းငယ် မကျေမနပ် ဖြစ်မိသွားသည်။

သူမက ဆွဲဆောင်မှု မရှိလို့ တစ်ဖက်လူက အထင်သေးသွားတာလား။

" ကောင်းပြီ၊ လျှောက်တွေးမနေနဲ့။ မြန်မြန်ပြန်သွား "

ယဲ့ဖန်သည် ချက်ချင်း နှင်ထုတ် အမိန့်ပေးလိုက်သည်။

အပိုင်း ( ၈၅၂ )

သေသည်ထက် ပိုဆိုးခြင်း

ကောင်မလေးသည်လည်း ခေါင်းညိတ်ပြရုံမှ လွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

ထို့နောက် လှည့်ထွက်သွားသည်။

သူမ၏ သေးသွယ်သော ကျောပြင်ကို ကြည့်လိုက်ပြီး ယဲ့ဖန် အနည်းငယ် နောင်တရသွားသည်။

အတိအကျပြောရမည်ဆိုလျှင် ထိုကောင်မလေးသည် အတော် ကြည့်ကောင်းသည်။

ရှုကျင်းရှင်းနှင့် ကျူးရှောင်ကျောင်းတို့ ကဲ့သို့ ထိပ်တန်း အလှမယ်လေးများလောက် မလှသော်လည်း သူမတွက် သာမန်ထက် သာလွန်သော အနေအထား ရှိနေသေးသည်။

ပို၍ ရှားပါးသည်မှာ သူမ၏ ကိုယ်လုံးအသွင်အပြင် ဖြစ်သည်။

မဟုတ်ပါက ဘရိုက်၏ မကောင်းသော အတွေးတွေကို နှိုးဆွရန် မဖြစ်နိုင်ချေ။

ထို့ပြင် သူမသည် တံခါးရှေ့ဝသို့ ကိုယ်တိုင် ရောက်လာခဲ့သည်။

ထို့ကြောင့် ငြင်းပယ်ခံရလိုက်သည်မှာ သနားစရာဖြစ်သည်။

သို့သော် သူသည် လက်တွေ့ကျသူဖြစ်ပြီး ကူညီခြင်းအတွက် မကောင်းသောအကြံ မရှိပေ။

သူ့အိမ်ရှေ့ကို ရောက်လာတဲ့ အမျိုးသမီးတိုင်းကို လက်ခံလိုက်ရင် သူက ဘယ်လိုလူ ဖြစ်သွားမှာလဲ။

ကြုံတဲ့သူ ဝင်နားနိုင်တဲ့ ဇရပ်မလို့လား။

ယဲ့ဖန် သူ့အတွေးနှင့်သူ ပြုံးပြီး ခေါင်းယမ်းကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။

.....................................................

ဘရိုက်သည် သူ့အခန်းသို့ ပြန်ရောက်သောအခါ သူသည် ဒေါသအတော်ထွက်နေပြီ ဖြစ်သည်။

ယနေ့ ကြုံရသော အဖြစ်အပျက်သည် သူ့ဘဝတွင် အကြီးမားဆုံး အရှက်ရမှုဟု ဆိုနိုင်သည်။

နိမ့်ကျသော တရုတ်အမျိုးသားတစ်ဦးကိုပင် ဒူးထောက်ထိုင်လိုက်သည်။

ယခု စဉ်းစားကြည့်ရင်း မုန်းတီးမှုဖြင့် အံကြိတ်မိသည်။

" လူကြီးမင်းဘရိုက်၊ ဘာလို့ ဒီလို နိမ့်ကျတဲ့ တရုတ်လူမျိုးတွေကို ဂရုစိုက်ရနေမှာလဲ။ ဒေါသထွက်ဖို့တောင် မတန်ဘူး "

ထိုတရုတ်အမျိုးသမီးသည် ဘရိုက် အနားသို့ ကပ်ရန် အစပြုပြီး သူ့ကို ဆက်တိုက် ပွတ်သပ်နေခဲ့သည်။

ဘရိုက်က သူမကို ငုံ့ကြည့်လိုက်သည်။

" မင်းလည်း တရုတ်ဘဲ မဟုတ်ဘူးလား။ ဒါဆို မင်းလည်း နိမ့်ကျတာပေါ့ "

ထိုအမျိုးသမီးသည် ချက်ချင်းပင် ခယစွာ ပြုံးပြသည်၊

" ကံကြမ္မာဆိုးကြောင့်ပါ။ ကျွန်မမိဘတွေက ကျွန်မကို ဒီမှာ ပစ်သွားတော့ ရွေးစရာ မရှိဘူး "

" ဒါပေမယ့် ကျွန်မ စိတ်နှလုံးသားက ဒီမှာ မဟုတ်ဘူး။ မယုံရင် ကြည့် "

ထိုသို့ပြောပြီး သူမ၏ လည်ပင်းမှ ရင်ညွှန့်ကို မြင်ရစေရန် လှစ်ဟလိုက်သည်။

ဘရိုက်သည် အတွင်းဘက်မှ အဖြူရောင်ပန်းပွင့်လေး နှစ်မွှာကို ကြည့်ပြီး သူမကို ဆိုဖာပေါ် ချက်ချင်း တွန်းချလိုက်ကာ မခတ် ကြည့်နေသည်။

ထိုအမျိုးသမီးသည် ချစ်စရာကောင်းသော အပြုံးကို ထုတ်လွှတ်နေပြီး သူမ၏ အဝတ်အစားများကိုပင် သူမကိုယ်တိုင် ချွတ်ပစ်လိုက်သည်။

သို့သော် အချိန်အတော်ကြာသည်အထိ စောင့်ပြီးသော်လည်း သူ့ဘက်မှ မလှုပ်ရှားသည်ကို တွေ့လိုက်ရသည်။

သူမ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ဘရိုက်သည် မှုန်ကုပ်နေသော မျက်နှာဖြင့် ထိုနေရာတွင်သာ ကြောင်အအ ရပ်နေပြီး နောက်ထပ် လှုပ်ရှားမှုများ မပြုပေ။

" ဘရိုက်လူကြီးမင်း၊ ဘာဖြစ်လို့လဲ "

ထိုအမျိုးသမီးက မေးလေသည်။

သူမသည် အစပြုပြီး ထပ်မံ ချဉ်းကပ်ပြန်လေသည်။

" ရပါတယ် ဘရိုက်လူကြီးမင်းက ဟိုလူယုတ်မာကောင်ကြောင့် ဒေါသထွက်နေတာဖြစ်မယ်။ ဒါကို စိတ်ထဲမထားပါနဲ့။ မနက်ဖြန် နေလို့ ကောင်းသွားလိမ့်မယ် "

သူမသည် မူလက ဆင်ခြေရှာလိုပြီး သူ့ကို အရှက်မကွဲစေခြင်းသာ ဖြစ်သည်။

သို့သော် ဘရိုက်သည် အခုအချိန်တွင် ရူးသွပ်နေသူ ဖြစ်ပြီး ချက်ချင်း သူမကို ပါးရိုက်လိုက်သည်။

" ခွေးမ၊ မင်းက ငါ့ကို လှောင်ရယ်နေတာလား "

ထိုအမျိုးသမီးသည် ပြင်းထန်စွာ ပါးရိုက်ခံလိုက်ရသည်။

သို့သော် သူမသည် မကျေမနပ် မဖြစ်ရဲဘဲ အလျင်စလို ရှင်းပြသည်။

" ဘရိုက်လူကြီးမင်း၊ ကျွန်မ ပြောချင်တာ အဲ့လို မဟုတ်ပါဘူး။ ကျွန်မ ပြောချင်တာက ...... "

သူမ၏ စကားမဆုံးခင်တွင် ဘရိုက်က သူမကို ထပ်ပြီး ပါးရိုက်လိုက်သည်။

" နိမ့်ကျတဲ့ တရုတ်မျိုးစေ့က ငါ့ကို ပြက်ရယ်ပြုဖို့ဖို့ ဘယ်လိုကနေ သတ္တိရှိလာတာလဲ "

စကားပြောလေလေ ဒေါသကြီးလေလေ ဖြစ်လာသည်။

ချက်ချင်းပင် ယဲ့ဖန်ထံမှ ခံခဲ့ရသော သူရဲဘောကြောင်မှုနှင့် သူ၏ ကိုယ်အောက်ပိုင်း ရုတ်တရက် လုပ်ဆောင်ချက် မရှိတော့မည်ကို ကြောက်စိတ်ဝင်လာသည်နှင့် တပြိုင်နက် ထိုမိန်းကလေး၏ မျက်နှာကို

တစ်ချက်ပြီး တစ်ချက် ထိုးလိုက်သည်။

ငွေအမြောက်အမြား သုံးစွဲပြုပြင်ထားသော ထိုမိန်းကလေး၏ မျက်နှာသည် မမှတ်မိနိုင်အောင်ပင် အရိုက်ခံရတော့သည်။

သူမသည် အစပိုင်းတွင် တောင်းပန်နေခဲ့သော်လည်း မကြာမီတွင် အသက်ရှူသံ ဖျော့တော့ပြီး မော့မြောသွားခဲ့သည်။

ဘရိုက်သည် သူမကို အမှိုက်လို စွန့်ပစ်လိုက်ပြီး သူ့ဟာသူ အဝတ်အစားလဲကာ အောက်ပိုင်းကို စစ်ဆေးရန် ဆေးရုံသို့ အမြန်ထွက်သွားခဲ့သည်။

.....................................................

ယဲ့ဖန် အခန်းထဲ ပြန်ရောက်ပြီးနောက် အရင် ရေချိုးလိုက်သည်။

လွန်ခဲ့သည့် နှစ်ရက်က ဆေးရုံတွင် သန့်ရှင်းရေး ကောင်းမွန်စွာ မလုပ်နိုင်သဖြင့် သူ့ခန္ဓာကိုယ်မှာ အနံ့အသက် ဆိုးနေသည်။

ရေချိုးပြီးသည်နှင့် ချက်ချင်း ပြန်ထွက်လာပြီး ခဏ တီဗီကြည့်ရန် ဖွင့်တော့မည် ဖြစ်သည်။

ထိုအချိန်၌ သူ့မျက်လုံးများ ရုတ်တရက် အေးစက်သွားသည်။

တီဗီ၏ အောက်ခံစားပွဲ အံဆွဲမှာ လုံး၀အတိ ပိတ်ထားခြင်း မရှိသည်ကို တွေ့လိုက်ရသည်။

၁ စင်တီမီတာလောက် ပွင့်ဟနေသည်။

အကယ်၍ အခြားသူတစ်ယောက်သာ ဖြစ်နေလျှင် ထိုမူမမှန်သည့် အရာကို သေချာပေါက် မြင်နိုင်မည် မဟုတ်ချေ။

သို့သော် သူ၏ မှတ်ဉာဏ်မှာ အံ့သြစရာကောင်းလှသည်။

သူ ထွက်သွားချိန်၌ အံဆွဲကို လုံးဝ ပိတ်ထားသည်ကို သူ အသေအချာ မှတ်မိလေသည်။

ထိုအခါ ဖြစ်နိုင်ချေတစ်ခုသာ ရှိတော့သည်။

တစ်စုံတစ်ယောက်က သူ့အခန်းထဲကို ဝင်သွားခြင်း ဖြစ်သည်။

ဒါဆို မကောင်းတော့ဘူး။

ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိလိုက်ပြီး ကြောက်စိတ်ကြောင့် သူ့ကျောပြင်၌ ချွေးအေးတွေ ထွက်လာသည်။

တစ်ယောက်ယောက်မှ သူ့အခန်းထဲ ဝင်ပြီး တစ်ခုခု ခိုးတာ ဖြစ်နိုင်သည်။

သို့သော် သူ့ပစ္စည်းများမှာ မပျောက်နေသဖြင့် ချက်ချင်း သတိမထားမိခဲ့ပေ။

ဆိုလိုသည်မှာ တစ်ဖက်သူသည် ငွေကြေးအတွက် ခိုးယူခြင်း မဟုတ်ပေ။

ထိုလူမှာ တခြားရည်ရွယ်ချက် ရှိနေသည်။

ရှန်းဘုရင်ရဲ့ ရတနာမြေပုံပဲ။

သူသည် ဘေးကင်းစေရန်အတွက် လျှို့ဝှက်နေရာအချို့တွင် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာ မြေပုံခြောက်ခုကို တစ်နေရာစီ၌ ဝှက်ထားခဲ့သည်။

တစ်ဖက်သား၏ ရည်ရွယ်ချက်ကို သိပြီးနောက် မြေပုံ အပိုင်းအစများကို အလျင်အမြန် ရှာယူလိုက်သည်။

၅ခုသည် လုံခြုံစွာ ရှိနေသေးသည်၊

သို့သော် ယဲ့ဖန်သည် ဆိုဖာပေါ် လှဲချလိုက်ပြီး ဆိုဖာအောက်ခြေတွင် ကပ်ထားသော မြေပုံအပိုင်းအစကို လှမ်းယူသော်လည်း မရှိတော့သည်ကို တွေ့လိုက်ရသည်။

ထိုနေရာ၌ မရှိတော့ခြင်းက သူ့ကို ချွေးအေး ထွက်လာစေသည်။

သူသည် ၁၀ဘီလီယံကို ရှာပြီး နက်နဲသော စကင်ဖတ် စစ်ဆေးခြင်း လုပ်ဆောင်ချက်ကိုအဆင့်မြှင့်တော့မည် ဖြစ်သည်။

ထို့နောက် သူသည် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာကို ရှာဖွေနိုင်တော့မည်။

သို့သော် ဤအရေးကြီးအခိုက်အတန့်တွင် ရတနာမြေပုံမှာ ပျောက်ဆုံးသွားရသည်။

သူ့ကိုယ်သူ စိတ်အေးအောင်ထားပြီး ဖြစ်နိုင်ခြေကို တွေးတောနေသည်။

နောက်ဆုံး ကောက်ချက်အရ သူခိုးသည် သိပ်မကြာခင်က ထွက်သွားခဲ့တာ ဖြစ်နိုင်သည်။

ထိုခိုးသူသည် ခြေရာလက်ရာ မချန်ထားတာကြောင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်ဆိုသည်မှာ ထင်ရှားလေသည်။

သူသည် ကျွမ်းကျင်သူတစ်ဦး ဖြစ်သောကြောင့် ဖွက်ထားသော မြေပုံတစ်ခုကို ရှာဖွေနိုင်လျှင် အခြားအပိုင်းအစများကိုလည်း တွေ့ရှိနိုင်မည်ဖြစ်သည်။

ဒါဆို ဘာလို့ တစ်ခုပဲ ယူသွားရတာလဲ။

ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။

အဲ့တာက အချိန်မလောက်လို့ဘဲ။

သူခိုးက အခုလေးတင် ရတနာမြေပုံကို လာရှာတာ ဖြစ်နိုင်သည်။

ထိုအချိန်တွင် သူသည် သူခိုး၏ လုပ်ရပ်ကို အမှတ်မထင် ရပ်တန့်စေခဲ့မိသည်။

အပြင်ဘက်၌ ဘရိုက်နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့လေသည်။

သူသည် ကိုးထပ်တွင် နေထိုင်သည့်အတွက် ထ်ုသူခိုးသည် ပြတင်းပေါက်မှ ခုန်ချပြီး လွတ်မြောက်ရန်မှာ မဖြစ်နိုင်ချေ။

စင်္ကြံလမ်းအတိုင်းသာ ထွက်သွားနိုင်မှာ ဖြစ်သည်။

ထိုအချိန်တွင် အပြင်၌ ပွဲကြည့်နေကြသူ အများကြီးရှိသည်။

ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်အတွင်း ပွဲကြည့်သူများကြားမှ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ယဲ့ဖန် ချက်ချင်း အဝတ်အစားကို ဝတ်ပြီး အခန်းထဲမှ ထွက်လာသည်။

စင်္ကြံလမ်းတွင် စီစီတီဗီ စောင့်ကြည့်ရေး ကင်မရာများ တပ်ဆင်ထားရှိသည်။

ထို့ကြောင့် လုံခြုံရေးအခန်းမှ စစ်ဆေးနိုင်လေသည်။

ထိုလူကို အမြန်ဆုံး ရှာရမည်။

Yang ချန်းgထဲမှ လွတ်မြောက်ရန် အခွင့်အရေး မပေးနိုင်ပေ။

မဟုတ်ပါက ပင်လယ်ထဲ နစ်မြုပ်သွားသည့် ကျောက်တုံးလို ဖြစ်သွားပြီး ဘာသတင်းအစအနမှ ရှိတော့မည် မဟုတ်ချေ။

ပထမထပ်ရှိ လုံခြုံရေးအခန်းသို့ ရောက်သောအခါ လုံခြုံရေးအစောင့်အချို့သည် ဖဲချပ် ဆော့ကစားနေကြသည်။

တစ်ခန်းလုံးမှာလည်း မီးခိုးတွေနှင့် ပြည့်နေသည်။

ယဲ့ဖန်က တံခါးကို ပြင်းထန်စွာ တွန်းဖွင့်လိုက်ပြီး သူတို့ကို မျက်မှောင်ကြုတ် ကြည့်လိုက်သည်။

" ဒီမှာ ဘယ်သူတာဝန်ရှိလဲ "

ဝင်လာသူသည် ဒီဇိုင်နာတံဆိပ် တပ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ထူးခြားသော ကိုယ်ရောင်ဝါ ရှိနေသည်ကို လုံခြုံရေးအစောင့်များက မြင်သောအခါ ခေါင်းဆောင်ပိုင်းထဲမှလူ ရောက်လာသည်ဟု ထင်ကြသည်။

သူတို့လက်ထဲမှ ဖဲချပ်ကတ်များကို အလျင်စလို ပစ်ချပြီး ဆေးလိပ်မီး ငြှိမ်းသတ်ရန် စီးကရက်ကို မြေပြင်ပေါ်သို့ ပစ်ချကာ နင်းချေလိုက်သည်။

ဦးထုပ်စောင်းထားပြီး ယိုရွဲနေသည့် အဝတ်အစားနှင့် အမျိုးသားတစ်ဦးမှ အလျင်အမြန် ထရပ်လိုက်သည်။

ရှပ်အင်္ကျီ ကြယ်သီးကို တပ်ပြီး တလေးတစား ပြန်ဖြေသည်။

" ကျွန်တော်က ဒီက တာဝန်ရှိသူပါ။ လူကြီး .... လူကြီးမင်းအတွက် ဘာများ လုပ်ပေးရမလဲ "

ယဲ့ဖန်သည် သူ့ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောပြလိုက်သည်။

" ကျွန်တော့် ပစ္စည်းတစ်ခု ပျောက်သွားတယ်။ စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးချင်တယ် "

မူလက အထိတ်တလန့် ဖြစ်နေကြသော လုံခြုံရေးအစောင့်များမှာ သူ့ကို ကြောင်အစွာ ကြည့်နေကြသည်။

ခေါင်းဆောင် မဟုတ်ဘူးလား။

" မင်း …... မင်းက ခေါင်းဆောင် မဟုတ်ဘူးလား "

လုံခြုံရေးမှူးသည် သူ့ကို သံသယဖြင့် ကြည့်နေသည်။

" ကျွန်တော်ပုံစံက ခင်ဗျားအတွက် ခေါင်းဆောင်တစ်ယောက်လို ဖြစ်နေလို့လား "

ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိဘဲ ပြန်မေးခွန်းထုတ်လိုက်သည်။

တာဝန်ခံလုံခြုံရေးမှူးသည် ချက်ချင်း သက်ပြင်းချပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

" မင်းက ခေါင်းဆောင် မဟုတ်ဘူးဘဲ။ မင်းမှာ ဒီလိုလုပ်ဖို့ ဘယ်က အခွင့်အာဏာ ရလာတာလဲ "

ယဲ့ဖန် ပြောစရာ စကားမဲ့သွားသည်။

အာဏာရှိတဲ့သူပုံပေါက်တာနဲ့ လာပြီး အပြစ်တင်လို့ မရဘူး မဟုတ်လား။

လုံခြုံရေးမှူးသည် ကုလားထိုင်ပေါ် ထိုင်လိုက်ပြီး အေးဆေးစွာ ရေနွေးကြမ်း သောက်လိုက်သည်။

ထို့နောက် မျက်လုံးထောင့်မှ သူ့ကို လှမ်းကြည့်လိုက်သည်။

" ဘာတွေ ပျောက်သွားတာလဲ။ စျေးကြီးတာလား "

" ........ "

All Chapters