အပိုင်း ၈၅၃-၈၅၆
Vol. 43 Ch. 853-856
အပိုင်း ( ၈၅၃ )
ဘယ်ကနေ သတ္တိရလာတာလဲ။
ယဲ့ဖန် တုန်လှုပ်သွားသည်။
ထိုမေးခွန်းကို သူ ဘယ်လိုဖြေရမယ်မှန်း မသိချေ။
ရှန်းဘုရင်၏ ရတနာမြေပုံသည် အလွန်တန်ဖိုးရှိသည်။
သို့သော် သူ့အနေဖြင့် 'ရတနာမြေပုံ အခိုးခံလိုက်ရသည်'ဟု တည့်တိုး ပြောလိုက်လျှင် သူ့ကို အရူးတစ်ယောက်ဟု ဆက်ဆံခံရနိုင်သည်။
" စျေးကြီးလား၊ အဖိုးတန်လား "
လုံခြုံရေးမှူးက စိတ်မရှည်တော့ပေ။
" ဈေးကြီးရင် ရဲဝန်ထမ်းရုံးကို ဖုန်းဆက်ပြီး စောင့်ကြည့်ကင်မရာတွေကို လာစစ်ဆေးခိုင်းလို့ရတယ် "
" တန်ဖိုးမရှိရင်တော့ ရှာစရာ မလိုဘူး "
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
" ဒါက သိပ်တန်ဖိုးကြီးတာမဟုတ်ပေမယ့် ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်။ ခြွင်းချက်အနေနဲ့ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "
ယဲ့ဖန်သည် စကားပြောနေစဉ်တွင် အိတ်ကပ်ထဲမှ ငွေစက္ကူအနည်းငယ်ကို ထုတ်ကာ လုံခြုံရေးမှူး လက်ထဲသို့ ထည့်ပေးလိုက်သည်။
လုံခြုံရေးမှူး၏ မျက်လုံးများ တောက်ပလာပြီး အိတ်ကပ်ထဲသို့ ပိုက်ဆံကို ထည့်လိုက်သည်။
သို့သော် သူသည် ခေါင်းခါနေဆဲ ဖြစ်သည်။
" မဖြစ်ဘူး၊ လူတိုင်းက ဒီစောင့်ကြည့်ကင်မရာကို ကြည့်လို့ ရနိုင်မှာ မဟုတ်ဘူး။ ဧည့်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ရမယ် "
ယဲ့ဖန် အနည်းငယ် စိုးရိမ်နေမိသည်။
သူ့တွင် အချိန်မရှိပေ။
သူ့လက်ထဲ၌ ရှိနေသည့် ပိုက်ဆံအားလုံးကို ပေးလိုက်သည်။
" ဒါဆို အခု ကြည့်ခွင့်ပေးလို့ ရပြီလား "
ငွေစက္ကူအထပ်လိုက်သည် အနည်းဆုံး ယွမ်ထောင်ဂဏန်းခန့် တန်ဖိုးရှိသည်။
လုံခြုံရေးအစောင့်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
" ချမ်းသာတဲ့သူတွေက မတူဘူးဘဲ။ ပေါ့ပေါ့ပါးပါးနဲ့ ငါတို့ရဲ့ လစဉ်လစာလောက်ကိုတောင် ပေးနိုင်တယ် "
ယဲ့ဖန် သည်းခံနိုင်စွမ်း သိပ်မရှိပေ။
" သူခိုးက ထွက်သွားတာ သိပ်မကြာသေးဘူးလို့ သံသယရှိတယ်။ မြန်မြန်ကြည့်မှရမယ် "
လုံခြုံရေးမှူးသည် သူ့ကို အေးဆေးစွာပင် ကြည့်နေဆဲဖြစ်သည်။
" အလျင်လိုနေတာလား။ ဒါဆိုရင် ဒီငွေက မလုံလောက်ဘူး "
" တကယ်လို့ မင်းအတွက် စောင့်ကြည့်ရေး ဗီဒီယိုဖိုင်တွေကို သီးသန့် ကြည့်ခွင့်ပေးလိုက်တဲ့အကြောင်း အထက်လူကြီးတွေက သိသွားရင် အကျိုးဆက်ကို ငါ မခံနိုင်ဘူး။ မင်းငါ့ကို ယွမ်တစ်သိန်းလောက်တော့ အနည်းဆုံးပေးသင့်တယ် "
ယဲ့ဖန်သည် အလွန်ချမ်းသာပြီး အလျင်လိုနေမှန်း ထိုလုံခြုံရေးမှူးက ထင်ရှားစွာ မြင်လိုက်ရသည်။
ထို့ကြောင့် သူသည် အခွင့်ကောင်းယူကာ မတန်တဆ ဈေးတောင်းချင်နေသည်။
ယဲ့ဖန် သူ့ဒေါသကို ထိန်းကာ ခေါင်းညိတ်ပြသည်။
" ကိစ္စမရှိဘူး။ ဒါပေမယ့် အခု ပိုက်ဆံအများကြီး ပါမလာဘူး။ စောင့်ကြည့်ရေးမှတ်တမ်းကို အရင်ကြည့်ရအောင်။ သူခိုးကို ဖမ်းပြီးရင် ခင်ဗျားကို ကျွန်တော် သေချာရှင်းပေးမယ် "
လုံခြုံရေးမှူးသည် ချက်ချင်း ဟွန်းခနဲ နှာမှုတ်ကာ လှောင်ပြောင်လိုက်သည်။
" မင်း ငါ့ကို အရူးလို့ တကယ် ထင်နေတာလား။ မင်း သူတို့ကို ဖမ်းမိတဲ့အခါကျ ငါတို့ကို တစ်ချက်တောင် လှည့်ကြည့်မှာတဲ့လား "
" စောင့်ကြည့်ရေး ဗီဒီယိုဖိုင်ကို ကြည့်ချင်ရင် ကြည့်လို့ရတယ်။ အရင်ဆုံး ယွမ် ၁သိန်းတော့ ယူလာခဲ့။ မဟုတ်ရင် မင်းလာခဲ့တဲ့လမ်းအတိုင်း ပြန်သွားလိုက် "
ယဲ့ဖန်၏ မျက်နှာ အမူအရာ မည်းမှောင်သွားသည်။
" ခင်ဗျား မစုံစမ်းပေးချင်တာ သေချာလား "
လုံခြုံရေးမှုးသည် သူ့ကို ခြိမ်းခြောက်ရဲသည်ကို ကြားပြီးသည့်နောက် သူက ချက်ချင်း လှောင်ပြောင်လိုက်သည်။
" မင်းက ငါ့ကို ခြောက်ဖို့ ကြိုးစားနေတာလား။ ဒါဆိုလည်း ငါ ဒီမှာ တစ်ခါတည်း ပြောလိုက်မယ်။ ငါ မင်းကို စုံစမ်းခွင့် မပေးနိုင်ဘူး။ ဘယ်သူတွေပဲ လာလာ၊ အလုပ်မဖြစ်ဘူး "
သူသည် ချမ်းသာသော သူရဲဘောကြောင်သူများကို ကြုံဖူးသည်မှာ များလှပြီ ဖြစ်သည်။
ဒီနေ့တွင် နောက်ဆုံး၌ သူတို့ကို ဖြုတ်ချနိုင်သည့် အခွင့်အရေးကို ရပြီဖြစ်သည်။
သူသည် ဖော်မပြနိုင်သော သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။
ယဲ့ဖန် သူနှင့် စကား ထပ်မပြောတော့ချေ။
သူ့ဖုန်းကို ထုတ်လိုက်ပြီး တာဝန်ခံ မန်နေဂျာကျန်းကို ဖုန်းဆက်လိုက်သည်။
.........................................................
ကျန်းရှိန်းသည် အထွေထွေမန်နေဂျာ ရုံးခန်းထဲတွင် စကားပြောနေခဲ့သည်။
အထွေထွေမန်နေဂျာ ချုံရွေ့၏ စကားအရ မူလ မန်နေဂျာ ဟွမ်းရှန်းသည် အလုပ်ထြုတ်ခံလိုက်ရပြီး ဟိုတယ်သည် မန်နေဂျာအသစ်ကို ခန့်ရန် ကြံရွယ်နေသည်။
ဟိုတယ်၏ တာဝန်ခံမန်နေဂျာဖြစ်သော သူသည်လည်း မန်နေဂျာအလောင်းအလျာ စာရင်းထဲတွင် ရှိသည်။
သို့သော် သူသည် အတွေ့အကြုံ နည်းသေးသည့်အပြင် နောက်ခံအင်အား မတောင့်သည့်အတွက် သူ၏ အခွင့်အရေးမှာ အတော်လေး နည်းပါးလေသည်။
ကျန်းရှိန်းသည် အတော်လေး စိတ်ဆင်းရဲနေချိန်၌ ယဲ့ဖန်ဆီမှ ရုတ်တရက် ဖုန်းဝင်လာသည်ကို မြင်လိုက်ရသည်။
သူ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး ချုံရွေ့ကို အမြန်ပြောလိုက်သည်။
" အထွေထွေမန်နေဂျာ ချုံရွေ့၊ ယဲ့လူကြီးမင်းက ကျွန်တော့်ကို ဖုန်းခေါ်နေပါတယ်။ အရေးကြီးတာတစ်ခုခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဖုန်းကိုင်လိုက်သင့်တယ်လို့ ထင်ပါသလား "
ချုံရွေ့ တုန်လှုပ်သွားသည်။
" အဲ့ဒီ ယဲ့လူကြီးမင်းက မင်းကိုခေါ်တာလား။ သေချာပေါက် ကိုင်ရမှာပေါ့။ သူ့မှာ လိုအပ်တာများ တစ်ခုခုရှိလားလို့ မေးပြီး ရှိရင်လည်း အကောင်းဆုံး ဖြည့်ဆည်းပေးလိုက် "
ယဲ့လူကြီးမင်းသည် နိုင်ငံခြားကုမ္ပဏီကြီး၏ အမှုဆောင်အကြီးအကဲဖြစ်သူ စမစ်ကဲ့သို့လို လူကပင် ကြောက်ရသူ ဖြစ်သည်။
သူ့၌ အင်အားကြီးနောက်ခံ ရှိသည်မှာ သေချာနေသည်။
ကျန်းရှိန်းသည် ချက်ချင်း ကျားရေခြုံကာ အဓိပ္ပာယ်ရှိသော အမူအရာဖြင့် ပြောလိုက်သည်။
" ဒီယဲ့လူကြီးမင်းက ကျွန်တော့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အရမ်းသဘောကျတာ ဖြစ်နိုင်ပါတယ်။ မန်နေဂျာရာထူးက ကျွန်တော့်အတွက် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့တောင် ပြောခဲ့သေးတယ်။ ဟားဟားဟား၊ သူက နောက်နေတာမှန်းတော့ ကျွန်တော် သိပါတယ် "
အထွေထွေမန်နေဂျာချုံ၏ အမူအရာ ပြောင်းသွားသည်။
ထိုဧည့်သည်တော်မှ ဤကဲ့သို့ ပြောလျှင် မန်နေဂျာရာထူးကို သူ ပြန်စဉ်းစားရပေတော့မည်။
ကျန်းရှိန်းသည် သူ့ပန်းတိုင် ရောက်နေပြီဆိုသည်ကို သိလိုက်ရသည်။
ထို့ကြောင့် ရုံးခန်းထဲမှ အမြန်ထွက်လာပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။
သို့သော် ယဲ့ဖန်၏ စကားကို ကြားလိုက်သည့်အခါ သူ၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။
သူသည် လုံခြုံရေးအခန်းဆီသို့ အမြန်ပြေးသွားခဲ့ရသည်။
လုံခြုံရေးအခန်းသို့ အလျင်အမြန် ပြေးလာသောအခါ လုံခြုံရေး အစောင့်အုပ်စုမှာ ဖဲရိုက်နေကြသည်ကို တွေ့လိုက်ရသည်။
ဂုဏ်ထူးဆောင် ယဲ့လူကြီးမင်းကို လူတိုင်းက လျစ်လျူရှုထားကြသည်။
သူသည် ချက်ချင်း စိတ်တိုသွားကာ တံခါးကို ဆောင့်ကန်ပြီး တွန်းဖွင့်လိုက်သည်။
လုံခြုံရေးမှူးက ချက်ချင်း ကျိန်ဆဲတော့သည်။
" နောက်ထပ် အရူးတစ်ယောက်လား။ မင်းမှာ လက်မရှိဘူးလား ....... "
လုံခြုံရေးမှူးသည် စကားပြောနေစဉ် လှည့်ကြည့်လိုက်သည့်အခါ ကျန်းရှိန်း၏ နက်မှောင်နေသော မျက်နှာကို တွေ့လိုက်ရသည်။
လုံခြုံရေးမှူးမှာ တုန်လှုပ်သွားသည်။
သူသည် စီးကရက်ကို ပါးစပ်ထဲမှ အမြန်ပစ်ချပြီး မြေကြီးပေါ်မှ ကုန်းထလိုက်သည်။
" တာဝန်ခံမန်နေဂျာကျန်း ဘာလို့ ဒီကိုရောက်နေတာလဲ "
သူသည်လည်း သတင်းကို ကောင်းကောင်း သိထားသူ ဖြစ်၏။
မူလမန်နေဂျာ Xiang ဟွမ်းသည် ဂုဏ်ထူးဆောင် ဧည့်သည်တော်တစ်ဦးကို စော်ကားခဲ့ပြီး ဟိုတယ်မှ အလုပ်ထုတ်ခံခဲ့ရကြောင်း ကြားသိထားသည်။
ထို တာဝန်ခံမန်နေဂျာကျန်းသည် မန်နေဂျာအဖြစ် ရာထူးတိုးရန် အလားအလာ အလွန်ကောင်းသည်။
ထို့ကြောင့် သတိထားရပေမည်။
ကျန်းရှိန်းသည် နက်မှောင်သော မျက်နှာထားဖြင့် လျှောက်လာသည်။
" အလုပ်ချိန်အတွင်း မင်းတို့ကို ဘယ်သူက ဖဲရိုက်ခိုင်းတာလဲ။ ဒီနေ့ ဖဲရိုက်တာကို ပါတဲ့သူတိုင်း လုပ်အားခ ယွမ် ၂၀၀ လစာထဲက အနှုတ်ခံရမယ် "
လုံခြုံရေးအစောင့်အဖွဲ့၏ မျက်နှာများမှာ သိသာစွာ ပြောင်းလဲသွားသည်။
သူတို့၏ လစဉ်လစာမှာ ယွမ်နှစ်ထောင်မှ သုံးထောင်သာရှိသည်။
ယွမ်နှစ်ရာသည် ရက်ပေါင်းများစွာ၏ လစာကို ကာမိရန် လုံလောက်သည်။
လုံခြုံရေးတပ်မှူးသည် သွက်လက်စွာ ပြုံးပြလိုက်သည်။
" မန်နေဂျာကျန်း၊ ကျွန်တော်တို့ ညီအစ်ကိုတွေ ပျင်းနေတော့ တစ်ဝိုင်းလောက် ကစားနေတာပါ "
" စိတ်မပူပါနဲ့၊ အလုပ်ကို မထိခိုက်စေပါဘူး "
ကျန်းရှိန်း သူ့စကားကို ကြားပြီးနောက် ဒေါသ ပိုထွက်သွားသည်။
" အလုပ် မထိခိုက်ဘူးတဲ့လား။ ဧည့်သည်က ပစ္စည်းတစ်ခုခု ပျောက်နေပြီ။ အဲ့တာက မင်းရဲ့အလုပ်ကို မထိခိုက်စေဘူးလို့ မင်း ပြောရဲသေးတာလား "
လုံခြုံရေးမှူးသည် ဘေးမှာ ရပ်နေသည့် ယဲ့ဖန်ကို ချက်ချင်း ကြည့်လိုက်သည်။
ဒါဆို ဒီကောင်က တာဝန်ခံမန်နေဂျာကျန်းကို ခေါ်လိုက်တာလား။
အစောကတည်းက တာဝန်ခံမန်နေဂျာကျန်းကို သိတယ်လို့ ပြောခဲ့မယ်ဆို ပြဿနာက ဒီလောက်များမှာ မဟုတ်ဘူးမလား။
သူသည် စိတ်ထဲ၌ ကျိန်ဆဲနေချိန်တွင် ကျန်းရှိန်း၏ နောက်ဆက်တွဲစကားမှာ သူ့အတွက် ရေခဲလှိုဏ်ဂူထဲသို့ ကျသွားသလို ခံစားလိုက်ရသည်။
" ယဲ့လူကြီးမင်းက ငါတို့ဟိုတယ်ရဲ့ VIPဆိုတာ မင်း သိလား။ Xiang ဟွမ်းက ယဲ့လူကြီးမင်းကို စော်ကားခဲ့တဲ့အတွက် အလုပ်ထုတ်ခံခဲ့ရတယ်။ မင်း သူ့လို လမ်းကို လိုက်ချင်တာလား "
လုံခြုံရေးမှူး၏ ခြေထောက်များသည် ပျော့ခွေသွားကာ လဲကျမတတ် ဖြစ်သွားခဲ့သည်။
အပိုင်း ( ၈၅၄ )
သုံးပေတူးပြီး ရှာပေးမယ်။
မန်နေဂျာဟွမ်း စိတ်အနှောင့်အယှက် ပေးခဲ့သော ဧည့်သည်တော်မှာ အမှန်တကယ်ပင် ဤလူငယ်လေး ဖြစ်နေမည်ဟု လုံခြုံရေးမှူးသည် အိပ်မက်ပင် မမက်ခဲ့ပေ။
အစောကတည်းက သိထားလျှင် တစ်ဖက်လူကို ပြဿနာရှာဖို့ မပြောနှင့် ထိုလူငယ်လေးကို အဘိုးဟုပင် အော်ခေါ်ကာ ဦးချမိလောက် သည်။
ယဲ့ဖန်အား ပြဿနာဖြစ်စေခဲ့သော မန်နေဂျာဟွမ်း၏ နောက်မှလိုက်သွားသော လုံခြုံရေးအစောင့်များသည်လည်း အလားတူ အလုပ်ထုတ်ခံခဲ့ရသည်။
အကယ်၍ ထိုလူများသည် ဤနေရာတွင် ရှိနေသေးပါက သူတို့ ယဲ့ဖန်ကို ချက်ချင်း မှတ်မိလောက်သည်။
" ယဲ့ ...... ယဲ့လူကြီးမင်း ..... "
သူသည် ယဲ့ဖန်အား တောင်းပန်လိုသော သဘောဖြင့် ခက်ခဲစွာ အပြုံးမျက်နှာကို ထုတ်ဖော်လိုက်သည်။
သို့သော် ယဲ့ဖန်သည် လက်ရှိတွင် သူနှင့် အချိန်ဖြုန်းရန် ပျင်းကာ တကယ်လည်း အချိန်မရှိပေ။
" မိုက်မဲတဲ့ စကားတွေ ရပ်ပြီး စောင့်ကြည့်မှတ်တမ်းကို မြန်မြန်ဖွင့် "
လုံခြုံရေးမှူးက အမြန် ခေါင်းညိတ်လေသည်။
" ဖွင့်၊ ဖွင့်၊ အမြန် ဖွင့်ကြစမ်း "
လုံခြုံရေးမှူးသည် စကားပြောနေစဉ်တွင် ယဲ့ဖန်အတွက် စောင့်ကြည့်မှတ်တမ်းကို လူကိုယ်တိုင် ချိန်ညှိနိုင်ရန် ကူညီပေးခဲ့သည်။
ထိုအခါမှ ကျန်းရှိန်း သက်ပြင်းချနိုင်တော့သည်။
ယဲ့ဖန်အား မျက်နှာလုပ်သော အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ဟွမ်းရှန်းက သူတို့ကို မတင်းကြပ်ဘဲ လျစ်လျူရှုထားတာကြောင့် ဒီလိုဖြစ်ပြီး သတိစည်းကမ်း မဲ့နေကြတာပါ "
" ကျွန်တော် မန်နေဂျာဖြစ်လာရင် သေချာပေါက် ပြင်ဆင်ပေးပါ့မယ် "
ယဲ့ဖန်သည် သူ ဘာကိုဆိုလိုသည်မှန်း သိသည်။
သို့သော် အခုအခါ သူနှင့် စကားပြောရန် အချိန်မရှိသဖြင့် မှတ်တမ်းကြည့်ရန် မော်နီတာဆီကိုသာ အမြန် လျှောက်သွားသည်။
ထိုအချိန်တွင် လုံခြုံရေးအစောင့်သည် ယဲ့ဖန် အခန်းအထပ်ရှိ စောင့်ကြည့်ကင်မရာ မှတ်တမ်းကို ထုတ်ကာ ဂရုတစိုက် စစ်ဆေးနေသည်။
" ပြီးခဲ့တဲ့ ရက်တွေကို မကြည့်နဲ့။ ဒီနေ့ကိုပဲ စစ်ကြည့်လိုက် "
ယဲ့ဖန်သည် လုံခြုံရေးမှူးများမှာ သူစရောက်သည့် နေ့မှစပြီး မှတ်တမ်းကို ကြည့်ရန် ပြင်နေသည်ကို မြင်လိုက်ရသည်။
လုံခြုံရေးမှူးသည်လည်း ဘာမှ မပြောရဲဘဲ ဒီနေ့၏ စောင့်ကြည့်မှတ်တမ်းကို အမြန်ဖွင့်နေသည်။
" ရှေ့ကို မြန်မြန်ရစ် "
ယဲ့ဖန် အမိန့်ပေးပြန်သည်။
လုံခြုံရေးမှူးသည် ဗီဒီယို၏ အမြန်နှုန်းကို အလျင်အမြန် အရှိန်မြှင့်လိုက်သည်။
သို့သော် ယဲ့ဖန်သည် အလွန်နှေးသည်ဟု ခံစားမိနေဆဲ ဖြစ်သည်။
ထို့ကြောင့် သူသည် ကိုယ်တိုင် ဝင်ပါကာ အမြန်နှုန်းကို ၁၆ဆအထိ မြှင့်တင်ခဲ့သည်။
လုံခြုံရေးအခန်းမှ လူများမှာ လန့်ဖျပ်သွားကြသည်။
ဒီလောက်မြန်တဲ့ အရှိန်နဲ့ သူတို့ ဘာကို မြင်နိုင်မှာမလို့လဲ။
မှတ်တမ်းထဲတွင် စင်္ကြံလမ်း၌ လူများ ရံဖန်ရံခါ ပေါ်လာသည်။
သို့သော် ဗီဒီယို၏ အရှိန်နှုန်းကြောင့် သူတို့သည် ပေါ်လာသည်နှင့် တပြိုင်နက် ဖြတ်ခနဲ ပျောက်သွားကြသည်။
ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။
သို့သော် ယဲ့ဖန်၏ မျက်လုံးများတွင်တော့ ထိုအရာများသည် အလွန်ရှင်းလင်းနေသည်။
လူတိုင်း၏ အရပ်အမြင့်၊ ခန္ဓာကိုယ်ပုံသဏ္ဍာန်၊ လှုပ်ရှားမှု၊ အဝတ်အစားတွေ၏ အရောင်ကအစ အလွန် ရှင်းလင်းသည်။
နောက်ဆုံး ယဲ့ဖန် နေ့လယ်ခင်း ပြန်ရောက်မလာခင် ဆယ်မိနစ်အလို၌ သန့်ရှင်းရေးအ၀တ်အစားဝတ်ထားသည့် အမျိုးသားတစ်ယောက် ရုတ်တရက် စောင့်ကြည့်ရေးကင်မရာမှာ ပေါ်လာလေည်။
ယဲ့ဖန် ချက်ချင်းရပ်လိုက်ပြီး ရှေ့ကို အမြန်လျှောက်သွားကာ ထိုလူ၏ လှုပ်ရှားမှုတိုင်းကို စိုက်ကြည့်နေသည်။
ထိုလူက သန့်ရှင်းရေးလှည်းကို တွန်းပြီး အလျင်မလိုလဲ လမ်းလျှောက်လာသည်။
သို့သော် သူ့မျက်လုံးတွေက ဘယ်ညာကို ရံဖန်ရံခါ ကြည့်နေသည်။
အနီးနားမှ အခြေအနေကို စောင့်ကြည့်နေသည်မှာ သိသာလေသည်။
မကြာမီတွင် သူသည် ယဲ့ဖန်၏ အခန်းတံခါးဆီသို့ ရောက်လာပြီး အိတ်ကပ်ထဲမှ အခန်းသော့ကတ်ကို ထုတ်ကာ တံခါးကို ဖွင့်လိုက်ပြီး အခန်းထဲသို့ ချောမွေ့စွာ လျှောက်သွားသည်။
ယဲ့ဖန် ချက်ချင်း လှည့်ကြည့်လိုက်ပြီး ကျန်းရှိန်းကို ကြည့်လိုက်သည်။
" ဒါက ခင်ဗျားတို့ရဲ့ သန့်ရှင်းရေးလား "
ကျန်းရှိန်း အမြန် ခေါင်းခါလိုက်သည်။
" မဟုတ်ပါဘူး၊ ကျွန်တော်တို့ သန့်ရှင်းရေးတွေက မိန်းမတွေချည်းပါ "
" ပြီးတော့ လူကြီးမင်းရဲ့ ခွင့်ပြုချက်မရှိဘဲ လူကြီးမင်းရဲ့ အခန်းထဲကို ဘယ်သူ့ကိုမှ ဝင်ခွင့် မပြုဘူးလို့ ဟိုတယ်ကို အတိအကျ သတင်းပေး ရှင်းပြပြီးပါပြီ။ အဲ့တာကြောင့် ဒီအချိန်မှာ လူကြီးမင်းရဲ့ အခန်းအတွက် သန့်ရှင်းရေးဝန်ထမ်းကို ကျွန်တော်တို့ မစီစဉ်ထားပါဘူး "
ယဲ့ဖန် ပို၍ပင် မျက်မှောင်ကြုတ်လာသည်။
" ဒါဆို ငါ့အခန်း သော့ကတ်ကို ဘယ်လို ရသွားတာလဲ "
ကျန်းရှိန်းသည် သူ့နဖူးမှ ချွေးအေးများကို အလျင်အမြန် သုတ်လိုက်သည်။
" စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ့မယ်။ ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခုကို သေချာပေါက် ပေးမှာပါ "
ပြောပြီးသည်နှင့် ဘေးကို အလျင်စလို လျှောက်သွားကာ ဖုန်းခေါ်လိုက်သည်။
ယဲ့ဖန်သည် စောင့်ကြည့်မှတ်တမ်းကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။
ထိုလူသည် ဝင်ပြီး ဆယ်မိနစ်လောက်ကြာသည့်အခါ စောင့်ကြည့်မှတ်တမ်း၌ ယဲ့ဖန် သူကိုယ်တိုင်ပေါ်လာပြီး ဘရိုက်နှင့် ဓာတ်လှေကားထဲမှ လူတွေ ထွက်လာသည်။
နောက်ဘာဆက်ဖြစ်မည်ဆိုတာ သူ သိထားပြီး ဖြစ်၍ အမြန် အရှိန်ပြန်တင်လိုက်သည်။
စမစ် ရောက်ရှိလာသည့်အချိန်ကို အမြန်ကျော်ပြီး လူအုပ်ကြီး များလာသည်နှင့်အမျှ ထိုလူသည် နောက်ဆုံးတွင် သူ့အခန်းထဲမှ ထွက်လာကာ ဖရိုဖရဲဖြစ်နေသော အခြေအနေကို အခွင့်ကောင်းယူပြီး သူ့အနောက်မှ ဖြတ်လျှောက်သွားခဲ့သည်။
ထိုအချိန်က စမစ်နှင့် ဘရိုက်တို့သည် သူ၏ အာရုံအားလုံးကို ဆွဲဆောင်ထားခဲ့သည်။
ထို့ကြောင့် ထိုလူကို သတိမထားမိပေ။
ထိုအချက်ကို သိပြီးနောက် ဒေါသစိတ်ဖြင့် ချက်ချင်း အံကြိတ်လိုက်သည်။
ထိုအချိန်တွင် ကျန်းရှိန်းသည် ဖုန်းခေါ်ဆိုပြီးနောက် ပြန်လာခဲ့သည်။
" လူကြီးမင်း၊ ကျွန်တော် စစ်ဆေးပြီးပါပြီ "
" မနေ့က ညသန်းခေါင်မှာ ဝန်ထမ်းတစ်ယောက်က တာဝန်ချိန်ကနေ နာရီဝက်လောက် တိတ်တိတ်လေး ထွက်သွားတယ်လို့ ဧည့်ကောင်တာ ဝန်ထမ်းက ပြောပါတယ်။ အဲ့ဒီအချိန်ကို အခွင့်ကောင်းယူပြီး ကတ်ကို ခိုးသွားတာလို့ ခန့်မှန်းရပါတယ် ...... "
ထိုစကားကို ပြောပြီး သူ့မျက်နှာမှာ ဖြူဖျော့နေပြီ ဖြစ်သည်။
" စိတ်မပူပါနဲ့၊ ယဲ့လူကြီးမင်း။ ကျွန်တော်တို့ ဟိုတယ်က ဒီကိစ္စကို အဆုံးထိ တာဝန်ယူမှာပါ "
ယဲ့ဖန် သူတို့အပေါ် ဒေါသထွက်ပြရန် စိတ်မ၀င်စားချေ။
တစ်ဖက်သူသည် သာမန်သူခိုး မဟုတ်သည်မှာ သိသာထင်ရှားပြီး စိတ်ပိုင်းဆိုင်ရာ တွက်ချက်မှုနှင့် မရည်ရွယ်ထားသော တိုက်ခိုက်မှုကို ဟိုတယ်မှ လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။
အပြစ်တင်ရမည်ဆိုလျှင် ပေါ့လျော့လွန်းသည့်အတွက် သူ့ကိုယ်သူသာ အပြစ်တင်ရမည်။
ဤအချိန်ကာလများ အတွင်းတွင် အရာအားလုံးသည် ချောမွေ့နေခြင်းကြောင့် သူသည် အနည်းငယ် သတိလက်လွတ် ဖြစ်ခဲ့သည်။
ကံကောင်းစွာဖြင့် အချိန်မီ ပြန်လာနိုင်ခဲ့သည်။
အချိန်သာ အနည်းငယ် ပိုကြာနေလျှင် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံ တစ်ခုမှပင် ကျန်မည် မဟုတ်ပေ။
ဒီတစ်ကြိမ်သည် သူ့အတွက် သင်ခန်းစာတစ်ခုဟု မှတ်ယူနိုင်ပြီး ထိုအဖြစ်မျိုး ထပ်မဖြစ်စေရန် အချိန်တိုင်း သတိကပ်နေရတော့မည်။
ထို့နောက် ဗီဒီယိုကို ကူးယူပြီး ကျောင်းဖုလင်ဆီသို့ ဦးစွာ ပေးပို့ခဲ့သည်။
ကျောင်းဖုလင်သည် ထိုအကြောင်းကို ကြားပြီးနောက် ချက်ချင်း လေးနက်စွာ ပြန်ဖြေလိုက်သည်။
" ယဲ့ညီလေး၊ စိတ်မပူပါနဲ့။ ဒီလူက နန်းယွဲ့ပြည်နယ်မှာ ရှိနေသရွေ့ မင်းအတွက် ရှာပေးဖို့ ငါ မြေထဲ သုံးပေတူးဆို တူးပေးမယ် "
ဖုန်းချသွားပြီးနောက် ဗီဒီယိုကို ကောင်းဟူဆီသို့ ထပ်ပို့ပေးခဲ့သည်။
ကြောင်မှာ ကြောင်နည်းလမ်း ရှိသလို ကြွက်မှာလည်း ကြွက်နည်းလမ်း ရှိသည်။
ယဲ့လူကြီးမင်းထံမှ တစ်စုံတစ်ခု ပျောက်ဆုံးသွားကြောင်း ကောင်းဟူ ကြားသောအခါ ဒေါသတကြီးဖြစ်ပြီး ယဲ့ဖန်အား ချက်ချင်း ကတိပေးခဲ့သည်။
" ၂၄ နာရီအတွင်း အဲ့ခွေးသားကို မဖမ်းနိုင်ရင် ကျွန်တော့်ရဲ့ ခေါင်းကို ယဲ့လူကြီးမင်းရဲ့ အခန်းတွင်း အလှအိုးအဖြစ် သုံးရအောင် ပေးပါမယ် "
ယဲ့ဖန် စကားမပြောနိုင်ပင် ဖြစ်သွားရသည်။
" မင်းခေါင်းကို ဘာလို့ လိုချင်ရမှာလဲ "
" ဒီလူကိုတွေ့ရင် သူ့ကိုမသတ်နဲ့။ ဒီကိုခေါ်လာခဲ့။ ကိုယ်တိုင် စစ်ဆေးမေးမြန်းမယ် "
သူ ဖုန်းချလိုက်ပြီးနောက် မန်နေဂျာကျန်း နှင့် သူ့ဘေးနားရှိ လုံခြုံရေးမှူးတို့သည် ဖြူဖျော့နေသော မျက်နှာဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူတို့သည် နေရာမှာတင် ရှိနေကြပြီး ယဲ့ဖန်၏ ဖုန်းခေါ်ဆိုမှု ဖြစ်စဉ်တစ်ခုလုံးကို နားထောင်ပြီးနောက် ယဲ့လူကြီးမင်း၏ စွမ်းအင်မှာ မည်မျှထိ ကြောက်စရာကောင်းကြောင်း သိလိုက်ရသည်။
ပထမအကြိမ် ဖုန်းခေါ်ဆိုမှုတွင် သူတို့သည် တစ်ဖက်လူ၏ အမည်ကို မသိသော်လည်း "အဲ့လူက နန်းယွဲ့ပြည်နယ်မှာ ရှိနေသရွေ့ မင်းအတွက် ရှာပေးဖို့ မြေကြီးထဲ သုံးပေတူးဖို့လိုရင် တူးမယ်"ဟု သတ္တိရှိရှိ ပြောရဲသည်မှာ သာမန်လူ လုံးဝ မဟုတ်ချေ။
ထိုသည်မှ ယဲ့လူကြီးမင်း၏ အစွမ်းမှာ မည်မျှထိ ကြောက်စရာကောင်းသည်ကို မြင်နိုင်သည်။
မထင်မှတ်စရာကောင်းစွာဖြင့် သူသည် စူပါဘော့စ်ကြီးများ၏ အထက်မှ ဘော့စ်အကြီးစား ဖြစ်နေသေးသည်။
အပိုင်း ( ၈၅၅ )
ရှန်းနုန်ဆေးဝါးကုမ္ပဏီအား ဝယ်ယူခြင်း။
လုံခြုံရေးအခန်းမှ ထွက်သွားပြီးနောက် ယဲ့ဖန်သည် သူ့အခန်းသို့ ပြန်သွားခဲ့သည်။
ကျန်သည့် လျှို့ဝှက်ရတနာ မြေပုံအပိုင်း ၅ ခုကို စားပွဲပေါ်တင်ပြီး ခဏ စောင့်ကြည့်ပြီးနောက် ဖုန်းကို ထုတ်ကာ အရန်အဖြစ် ဓာတ်ပုံအချို့ ရိုက်ယူထားလိုက်သည်။
ထို့နောက် ကျန်သော အပိုင်းအစငါးခုကို သာမန်အရာဝတ္ထုများတွင် ဝှက်ထားခဲ့သည်။
ကော်ဖီစားပွဲပေါ်ရှိ မဂ္ဂဇင်းထဲ၌ တစ်ခု။
ခေါင်းအုံးထဲ၌ တစ်ခု။
ဆိုဖာကူရှင်အောက်တွင် တစ်ခု .........
ဟိုတယ်မှ လူများသည် သူ့အခန်းထဲသို့ လက်လွတ်စပယ် မဝင်ရဲကြချေ။
သူ့အခန်းထဲသို့ ဝင်နိုင်သူများသည် မည်မျှပင် ခက်ခဲအောင် ဖွက်ထားသည်ဖြစ်စေ ရှာတွေ့နိုင်မှာ ဖြစ်သည်။
ထို့ကြောင့် မြေပုံ အပိုင်းအစများကို ထိုသို့ သာမန်အရာဝတ္ထုများကြား၌ ထည့်ထားခြင်းက ပိုကောင်းလေသည်။
စိတ်ရှုပ်ထွေးစေမည့် အကျိုးသက်ရောက်မှုတစ်ခု ဖြစ်သွားနိုင်သည်။
ထို့နောက် ရေနွေးကြမ်းအိုး တည်ပြီး ကျောင်းဖုလင်နှင့် ကောင်းဟူတို့ထံမှ သတင်းကို စောင့်မျှော်နေခဲ့သည်။
ထိုအချိန်၌ သူ့ဖုန်းမှ ရုတ်တရက် မြည်လာသည်။
အမည်မသိ နံပါတ်တစ်ခု ဖြစ်နေခဲ့သည်။
ယဲ့ဖန်သည် သူ့ဖုန်းကို စိုက်ကြည့်ရင်း မရေမတွက်နိုင်သော အတွေးများ ပေါ်လာသည်။
သူ့မြေပုံကို ခိုးယူတဲ့သူ ဖြစ်နေမလား။
အကျပ်ကိုင်ဖို့ လုပ်ချင်နေတာလား။
အဲ့တာဆို သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား။
သို့သော် ဖုန်းကို ကောက်ကိုင်လိုက်သောအခါ တစ်ဖက်မှ ပြောလာသော စကားများကြောင့် အနည်းငယ် ကြောင်အသွားသည်။
" မင်္ဂလာပါ၊ ဒါက ယဲ့ဖန်လူကြီးမင်း ဟုတ်ပါသလား။ ကျွန်တော်တို့က ရှန်းနုန်ဆေးဝါးကုမ္ပဏီကပါ။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို ဝယ်ယူထားတဲ့အကြောင်း သတင်းရရှိထားပါတယ်။ ရှယ်ယာ လွှဲပြောင်းဖို့ အချိန်ရှိလားလို့ပါ "
ယဲ့ဖန်သည် လက်ရှိအချိန်ကို ကြည့်လိုက်သည်။
နေ့လည် သုံးနာရီသာ ရှိသေးသည်။
ကျောင်းဖုလင်နှင့် ကောင်းဟူတို့ထံမှ အချိန်အတော်ကြာသည် သတင်းရမည် မဟုတ်သေးပေ။
ထိုသို့ဖြင့် ချက်ချင်း သဘောတူလိုက်သည်။
မနေ့ည ဆေးရုံမှ ပြန်လာပြီးနောက် ရှန်းနုန်ဆေးဝါးကုမ္ပဏီအကြောင်း အချက်အလက်များကို အင်တာနက်၌ စစ်ဆေးပြီးသွားပြီ ဖြစ်သည်။
ထိုကုမ္ပဏီသည် တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ နာမည်ကြီး ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်ကြောင်း သူ သိထားသည်။
ထိပ်ဆုံးသည့် ရောက်သောအချိန်များ၌ တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ ယဉ်ကျေးမှု အထင်ကရတစ်ခုပင် ဖြစ်လာခဲ့သည်။
ကံမကောင်းစွာဖြင့် ဘာမှန်း မသိရသေးသောအကြောင်းပြချက်ကြောင့် ကုမ္ပဏီသည် လက်ရှိနှစ်များအတွင်း ဆုတ်ယုတ်လာခဲ့သည်။
ယခုအခါ ထိုကုမ္ပဏီနှင့် ပတ်သက်သော သတင်းများအကြောင်းပင် သိပ်မရှိတော့ပေ။
ရှန်းနုန်ဆေးဝါးကုမ္ပဏီသို့ ယဲ့ဖန် ရောက်လာသောအခါ အုံ့မှိုင်းသောလေထုကို သူ ခံစားမိသည်။
ထိုကုမ္ပဏီနေရာသည် ဟောင်းနွမ်းနေသော အဆောက်အဦး အနည်းငယ်ရှိသော ကြီးမားသည့် ဝင်းကြီးတစ်ခု ဖြစ်သည်။
လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က ဖြစ်ခဲ့လျှင် ကောင်းမွန်ပေလိမ့်မည်။
သို့သော် ယနေ့ခေတ်၏ ယန်းချန်၌ရှိသော အထပ်မြင့်များမှာ အနည်းငယ် ပိုမိုက်လေသည်။
တံခါးနားမှ လုံခြုံရေးအစောင့်သည် သူ့ကိုပင် မမြင်နိုင်ချေ။
ခြံဝင်းထဲသို့ အတားအဆီးမရှိ ဝင်လာခဲ့သည်။
ဆေးဝါးကုမ္ပဏီ၏ ပင်မအဆောက်အဦးထဲသို့ ဝင်လိုက်သောအခါ ဝဖြိုးသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် ဧည့်ကြိုစားပွဲခုံတွင် ဆွယ်တာအင်္ကျီတစ်ထည် ထိုးနေသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖန် လမ်းလျှောက်ဝင်လာပြီး မေးလိုက်သည်။
" မင်္ဂလာပါ၊ ဥပဒေဌာနကို ဘယ်လို သွားရမလဲ "
" တတိယထပ်ကို လှေကားနဲ့ တက်ပြီး ဒုတိယတံခါးကျ ညာဘက်ကွေ့လိုက် "
ထိုအမျိုးသမီးသည် ခေါင်းပင် မထောင်ဘဲ ပေါ့ပါးစွာ ပြန်ဖြေသည်။
ယဲ့ဖန်လည်း အများကြီး မပြောခဲ့ချေ။
တတိယထပ်ကို တက်သွားပြီး 'ဥပဒေရေးရာဌာန' ဆိုင်းဘုတ်နှင့် တံခါးကို ခေါက်လိုက်သည်။
ခဏကြာပြီးနောက် ညှိုးငယ်နေသော မျက်နှာဖြင့် လူတစ်ယောက်ရောက်လာပြီး တံခါးကို ဖွင့်ပေးသည်။
" ယဲ့လူကြီးမင်း၊ ဟုတ်တယ်မလား။ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ "
ယဲ့ဖန် အခန်းထဲ ဝင်လာသည့်အခါ ဆိုဖာပေါ်၌ သက်ကြီးရွယ်အိုတချို့ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ယောက်ျားကြီးများ၊ မိန်းမကြီးများ ရှိလေသည်။
အငယ်ဆုံးမှာ အသက်ငါးဆယ်ကျော်လောက် ဖြစ်သည်။
ထိုလူများသည် ယဲ့ဖန် ဝင်လာသည်ကို မြင်သောအခါ တစ်ချိန်တည်းမှာပင် မျက်မှောင်ကြုတ်သွားကြသည်။
ယဲ့ဖန်သည် ငယ်လွန်းသည်ဟု ခံစားမိကြသည်။
ယဲ့ဖန်အတွက် တံခါးဖွင့်ပေးသောလူသည် သူ့ကိုယ်သူ မိတ်ဆက်သည့် ပထမဆုံးသူ ဖြစ်သည်။
" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ငါ့နာမည် ဟန်ကျီချုံပါ။ ငါက ရှန်းနုန်ဆေးဝါးကုမ္ပဏီ ဥပဒေရေးရာဌာနရဲ့ မန်နေဂျာပါ "
ထို့နောက် ဆိုဖာအလယ်တွင် ထိုင်နေသော အဘိုးအိုကို ညွှန်ပြလိုက်သည်။
" ဒါက ရှန်းနုန်ဆေးဝါးကုမ္ပဏီ ဥက္ကဌဖြစ်ပြီး လက်ရှိ အကြီးအကဲသမားတော် ဖြစ်တဲ့ ချီချန်းဖုန်းပါ။ ဒါက .......... "
ထိုလူက တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ပေးသည်။
ထိုလူများ အားလုံးသည် ရှန်းနုန်ဆေးဝါးကုမ္ပဏီ၏ အဓိကခေါင်းဆောင်များ ဖြစ်ကြသည်။
ယဲ့ဖန်သည် ထိုလူများနှင့် လက်ဆွဲနှုတ်ဆက်ပြီး နှိမ့်ချသော ပုံပေါက်စေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
သို့သော် ထိုလူများသည် သူ့အပေါ် အလွန်မဖော်ရွေကြသည်မှာ ထင်ရှားလှသည်။
အထူးသဖြင့် ဥက္ကဌ ချီချန်းဖုန်းဆိုသူမှာ အမြင်မကြည်ကြောင်း တန်းပြောနိုင်သည်။
" ငါတို့ကုမ္ပဏီကို ဝယ်တဲ့သူက အရမ်းငယ်မှန်း သိခဲ့ရင် ငါ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး "
ယဲ့ဖန် မျက်ခုံးပင့်လိုက်သည်။
" ဥက္ကဌချီ၊ ခင်ဗျားမှာ စိုးရိမ်စရာရှိလား။ ပြောလိုက်ပါ "
ချီချန်းဖုန်း ဘေးတွင် ထိုင်နေသောလူသည် အကျည်းတန်သော စကားများ မပြောရန် သူ့အား အချက်ပြသည့်အနေဖြင့် သူ့အင်္ကျီလက်ကို အလျင်အမြန် ဆွဲလိုက်သည်။
သို့သော် ချီချန်းဖုန်းမှာ သူ့သတိပေးချက်ကို ဂရုမစိုက်ချေ။
သူသည် ယဲ့ဖန်အား တုံ့ဆိုင်းခြင်း မရှိဘဲ ဆက်ကြည့်နေခဲ့သည်။
" မင်းတို့လူငယ်တွေ ဘာတွေတွေးနေတယ်ဆိုတာ ငါသိတယ်။ ငါတို့လို လူအိုကြီးတွေက အတွေးတွေ နောက်ကျပြီး အသစ်အသစ်ဖြစ်တဲ့ အရာတွေကို လက်မခံနိုင်ဘူးလို့ တွေးနေကြတာ "
" ရှန်းနုန် ဆေးဝါးကုမ္မဏီကို မင်း တာဝန်ယူပြီးတဲ့နောက်လည်း မင်းက ရုတ်တရက်ဆန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိမ့်မယ်လို့ ငါ ထင်တယ်။ စီမံခန့်ခွဲရေးဝန်ထမ်းတွေပဲဖြစ်ဖြစ်၊ ကုမ္ပဏီလည်ပတ်မှုပုံစံပဲဖြစ်ဖြစ်၊ အနောက်တိုင်းဆေးပညာကိုပဲ အပြည့်အဝ သုံးမှာ မဟုတ်လား "
သူ့မေးခွန်းကို ကြားပြီးနောက် ယဲ့ဖန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
" လောလောဆယ် ကျွန်တော့်မှာ သီးသန့် အစီအစဉ်တွေ မရှိပါဘူး။ ဒါပေမယ့် ကုမ္ပဏီကိုတောင် ကျွန်တော်က ၀ယ်လိုက်ရတာဆိုတော့ မူရင်းပုံစံနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိမယ်ထင်ပါတယ်။ အဲ့တော့ ချိန်ညှိမှုတွေ လုပ်ဖို့က လိုအပ်မှာပါ ........ "
သူ့စကား မပြီးခင်မှာပင် ချီချန်းဖုန်း ချက်ချင်း ဒေါသထွက်သွားသည်။
သူသည် စားပွဲကို ကျယ်လောင်စွာ ရိုက်ချလိုက်သည်။
" ငါတို့ နည်းလမ်းပုံစံနဲ့ ပြဿနာရှိနေတယ်လို့ ဘယ်သူပြောလဲ။ လူငယ်တွေက တရုတ်ဆေးပညာရဲ့ လေးနက်မှုကို နားမလည်ဘဲ တိုင်းတစ်ပါးအရာတွေကိုပဲ မျက်စိစုံမှိတ် ကိုးကွယ်နေတယ်ဆိုတာ ထင်ရှားနေတာပဲ။ ငါတို့ကပဲ စာအုပ်ကြီးသမားတွေလား။ ဒါမှမဟုတ် မင်းတို့ကပဲ စာအုပ်ကြီးသမားတွေလား "
ယဲ့ဖန်သည် သူ့ကို ဒီလောက်ထိ အထိမခံ ဖြစ်နေမည်ဟု မမျှော်လင့်ထားချေ။
သူ့အမူအရာမှာ နက်မှောင်သွားသည်။
သူပြောသည့်စကားမှာ အမှားအယွင်းမရှိဘူးဟု ခံစားမိသည်။
ရှန်းနုန်ဆေးဝါးကုမ္ပဏီသည် ဝယ်ယူခြင်း ခံရသည့်အဆင့်သို့ ရောက်ရှိသွားခြင်းမှာ ပြဿနာများစွာ ရှိနေသည်ဟု ဆိုလိုလေသည်။
ပြဿနာကို မရှာဘဲ မဖြေရှင်းရင် ဆက်ပြီး ပိုက်ဆံ အဆုံးရှုံးခံမှာလား။
ထိုအချိန်တွင် ချီချန်းဖုန်းဘေး၌ ထိုင်နေသောလူသည် လေထုကို အမြန် ဝင်ဖြေလျှော့ပေးသည်။
" ဟားဟားဟား၊ ဒါကို နောက်မှ ဆွေးနွေးကြရအောင်။ လက်လွှဲခြင်းလုပ်ငန်းစဉ်ကို အရင် အပြီးသတ်ကြတာပေါ့ "
ယဲ့ဖန်သည် ထိုလူမှာ ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ မာကျန်း ဖြစ်သည်ဟု ကြားသိထားသည်။
ထိုသူသည် အသက်ငါးဆယ်ကျော်အရွယ်ဖြစ်ပြီး ကျန်လူများကြား ငယ်ရွယ်သူတစ်ဦးဟု ယူဆနိုင်သည်။
ထိုလူမှ ဝင်ပြောပြီးသည့်နောက် အခန်းတွင်း လေထုမှာ အနည်းငယ် ပိုကောင်းလာသည်။
ထို့နောက် လူတိုင်းက လွှဲပြောင်းရေးအတွက် တာဝန်ယူကြသည်။
ယဲ့ဖန်သည် ထိုအရာများနှင့် အလွန်ရင်းနှီးနေပြီ ဖြစ်သည်။
သို့သော် ချီချန်းဖုန်းနှင့် တခြားအကြီးအကဲများမှာ အနည်းငယ် ရှုပ်ထွေးသွားကြသည်။
သူတို့အား ဥပဒေအဖွဲ့မှ များစွာသော အရာများကို သတိပေးရသည်။
ထိုသို့ဖြင့် အဆုံးသတ်နိုင်ခဲ့သည်။
နာရီဝက်အတွင်း ပြီးမြောက်မည့်ကိစ္စမှာ တစ်နာနီးပါး ကုန်ဆုံးခဲ့သည်။
" ယဲ့လူကြီးမင်း၊ ညစာစားချိန်နီးနေပြီ။ ငါတို့ဘာလို့ အတူတူ ထမင်းမစားကြတာလဲ "
မာကျန်းသည် လွှဲပြောင်းရေး ပြီးသည်နှင့် ချက်ချင်း အကြံပြုလိုက်သည်။
သို့သော် သူ့ဘေးတွင်ရှိနေသည့် ချီချန်းဖုန်းသည် အလွန်မပျော်ရွှင်ကြောင်း ရှင်းလင်းစွာ မြင်နေရသော်လည်း သူသည် ဘာမှ ဝင်မပြောပေ။
ယဲ့ဖန် စကားပြောရန် ပြင်လိုက်သည်။
ထိုအချိန်တွင် အခန်းတံခါးကို ရုတ်တရက်တွန်းဖွင့်ခံလိုက်ရသည်။
" ဥက္ကဌ၊ ပြီးခဲ့တဲ့လရဲ့ စွမ်းဆောင်ရည် စာရင်းဇယားတွေ ထွက်နေပါပြီ။ တောင်ပိုင်းကွမ်တုန်းပြည်နယ်က ကျွန်တော်တို့ရဲ့ စျေးကွက်ဝေစုက ပိုကျလာပြီး ၃% အောက်ကို ကျဆင်းသွားပါတယ် "
အနည်းငယ် ပြေပြစ်လာသော အခန်းတွင်း လေထုသည် ရေခဲမှတ်သို့ ပြန်လည် ကျဆင်းသွားပြန်သည်။
အပိုင်း ( ၈၅၆ )
အတွေ့အကြုံ နုနယ်သည့် အကြံပြုချက်တစ်ခု။
လွှဲပြောင်းမှု ပြီးသွားသည်နှင့် တပြိုင်နက် တစ်ဖက်မှ ထိုသတင်း ထွက်ပေါ်လာသည်။
ရှန်းနုန်ဆေးဝါးကုမ္ပဏီ၏ အဆင့်မြင့်အရာရှိများ အားလုံး အရှက်ရသွားခဲ့သည်။
" ဟမ်း၊ ဒီခေတ်လူတွေက ဘယ်လိုဆေးက ကောင်းမှန်း မသိကြဘူး။ သူတို့က တိုင်းတစ်ပါးအရာတွေကိုပဲ မျက်စိစုံမှိတ် ကိုးကွယ်ဖို့ကိုပဲ သိကြတာ "
ချီချန်းဖုန်း ရှက်ရွံ့သွားပြီး ချက်ချင်း ဒေါသတကြီး ပြောလိုက်သည်။
အခြား ကုမ္ပဏီအမှုဆောင် အရာရှိများကလည်း သဘောတူကြောင်း ခေါင်းညိတ်သည်။
" ဟုတ်တယ်၊ ငါတို့ရဲ့ တရုတ်မူပိုင်ဆေးက စျေးသက်သက်သာသာနဲ့ ထိရောက်တယ်။ ဒါပေမယ့် အဲ့ဒီလူတွေက အနောက်တိုင်းဆေးတွေကိုပဲ ယုံကြည်ပြီး ငါတို့ရဲ့ရတနာတွေကို စွန့်ပစ်ပစ္စည်းအဖြစ် သတ်မှတ်ကြတာ "
" ဟူး၊ အနောက်တိုင်းဆေးက အရှေ့တိုင်းကို ပြန့်နေပြီ။ မီဒီယာနဲ့ ပညာရှင်တွေကလည်း အခုဆို အနောက်တိုင်းဆေးပညာကိုပဲ အာရုံစိုက်လာကြတာ။ ငါတို့ရဲ့ တရုတ်ဆေးပညာအတွက် နေရာက ဘယ်မှာလဲ "
" အင်အားပိုင်းမှာတော့ ကျွန်တော်တို့ ရှုံးတာမဟုတ်ပေမယ့် တိုင်းတစ်ပါးအရာတွေကို ကိုးကွယ်တဲ့ လူတွေရဲ့ အယူဝါဒကြောင့်ပဲ။ ငါတို့ဘိုးဘေးတွေ ချန်ရစ်ခဲ့တဲ့ ကောင်းကွက်တွေကို ဘယ်သူမှ မယုံကြဘူး။ ဘယ်လောက်သနားစရာကောင်းလိုက်လဲ "
" ဟား၊ ဒီလူတွေက ငါတို့ရဲ့ ထုတ်ကုန်တွေကို မရွေးချယ်တာက ဆုံးရှုံးမှုပဲ။ အနောက်တိုင်းဆေးကို မြည်းစမ်းကြည့်တဲ့အခါ တရုတ်ဆေးက ဘယ်လောက် ကောင်းတယ်ဆိုတာ သူတို့ သိလာလိမ့်မယ် "
" လူတော်တော်များများက ငါတို့က ပညာရူးတွေလို့ ပြောကြတယ်။ ငါတို့က ပညာရူးတွေ မဟုတ်ဘူး "
တရုတ်ဆေး ဆရာဝန်အိုကြီးအုပ်စုသည် လက်ရှိ လူမှုအသိုက်အဝန်းအကြောင်း ပြောသည့်အခါ သူတို့အားလုံးမှာ ဒေါသဖြစ်နေပုံ ရသည်။
သို့သော် ယဲ့ဖန် သူတို့ ပြောနေသည်များကို ဘယ်လိုပင် နားထောင်နေပါစေ သူတို့ဆီမှ ပြဿနာအကြောင်း တွေးတောနေသည်ကို မကြားမိချေ။
သူတို့သည် လူနာများ၊ ပညာရေးအသိုင်းအဝိုင်းနှင့် လူ့အဖွဲ့အစည်းများကိုသာ ထောက်ပြ အပြစ်တင်နေခဲ့သည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းခါမိလိုက်သည်။
သူ့အမြင်အရ ထိုလူကြီးများသည် အလွန်တော်သည့် တရုတ်ဆေးပညာရှင်ကြီးများ ဖြစ်နိုင်သည်။
သို့သော် သူတို့သည် စီမံခန့်ခွဲရေး၌ ကောင်းမွန်သူတွေ မဟုတ်ကြချေ။
လုပ်ငန်း စီမံခန့်ခွဲရေးနိုင်သည့် သူတစ်ဦးသည် သုံးစွဲသူများမှ သူတို့၏ ထုတ်ကုန်များကို နားလည်သဘောပေါက်စေရန်နှင့် အဆင်မပြေမှုများ ကြုံတွေ့ရသောအခါတွင်လည်း ပြဿနာအားလုံးကို သုံးစွဲသူများထံ တွန်းပို့မည့်အစား မည်ကဲ့သို့ ဖြေရှင်း မြှင့်တင်ရမည်ကို ထည့်သွင်းစဉ်းစားသူသာ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နှုတ်ဆိတ်နေခဲ့သော မာကျန်းသည် ရုတ်တရက် ဝင်ပြောသည်။
" ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာကို စဉ်းစားသင့်တယ် ထင်တယ်။ ဘယ်သူက တာဝန်ယူသင့်တယ် ဆိုတာပဲ ငြင်းခုံနေလို့ မရလောက်ဘူး "
ယဲ့ဖန်သည် ထိုစကားကို ကြားသောအခါ မတတ်နိုင်ဘဲ ထိုလူကို ကြည့်မိလေသည်။
ထိုအထွေထွေမန်နေဂျာ မာကျန်းသည် ဤလူအိုကြီး အုပ်စုကြားတွင် ခြွင်းချက်ဖြစ်ပုံရသည်။
သို့သော် ကွဲထွက်နေသူကို ဖယ်ကျဉ်ကြသည်မှာ ထုံးစံဖြစ်သည်။
ထိုလူ ပြောပြီးသည်နှင့် ချက်ချင်း အခြားသူများ၏ အာရုံစိုက်ခြင်းကို ခံရသည်။
" ငါကတော့ မင်းပြောတာကို သဘောမတူဘူး။ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကို ရှာဖွေဖော်ထုတ်မှ ပြဿနာရဲ့ အဖြေကို ရှာတွေ့နိုင်မှာ "
" ငါတို့ ဘာလုပ်သင့်တယ်ဆိုတာ စဉ်းစားထားပေမယ့် လူနာက ဝယ်မှာမဟုတ်ဘူး။ ငါတို့က ဘာလုပ်နိုင်ဦးမှာလဲ "
" မှန်တယ်။ ထုတ်ကုန်ရဲ့ ထုပ်ပိုးမှုပုံစံကိုလည်း ပြောင်းထားပြီး ကြော်ငြာတွေလည်း လုပ်တဲ့အပြင် ဈေးနှုန်းကိုလည်း လျှော့ချထားသေးတယ်။ ငါတို့ လုပ်သင့်လုပ်ထိုက်တဲ့ နည်းလမ်းတွေ အကုန်လုံးကို လုပ်ပေးထားပေမယ့် ဘယ်သူမှ မဝယ်ဘူး "
" ဒါက လူ့အဖွဲ့အစည်းအတွင်းက မကောင်းတဲ့ အငွေ့အသက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုပဲ။ တရုတ်ဆေးဝါး လုပ်ငန်းတစ်ခုလုံးက ကျဆင်းနေပြီ။ ငါတို့ တစ်ခုတည်း မဟုတ်ဘူး "
" ဟုတ်တယ်၊ တရုတ်ဆေး ကုမ္မဏီတော်တော်များများ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာပဲ ပိတ်သွားကြတယ်။ ငါတို့ကုမ္ပဏီကပဲ ဆက်ပြီး ထိန်းထားတာကိုက အံ့ဖွယ်တစ်ခု ဖြစ်နေပြီ ....... "
ယဲ့ဖန်သည် သူတို့၏ ငြင်းခုံမှုကို နားထောင်ရန် စိတ်မ၀င်စားနိုင်ပေ။
ဘေးနားသို့ လျှောက်သွားပြီး စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို စတင် ဖတ်နေသည်။
ထိုစာရွက်များရှိ အချက်အလက်များသည် ရှန်းနုန် ဆေးဝါး၏ ပင်မလျှို့ဝှက်ချက် အချို့ဖြစ်ပြီး ဆေးဝါးဖော်မြူလာများ၊ ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှု ပုံစံများ စသည်တို့ ပါဝင်သည်။
ယဲ့ဖန်သည် စာများကို အလွန်လျင်မြန်စွာ ဖတ်နိုင်ပြီး အခြေခံအားဖြင့် စာကြောင်းဆယ်ကြောင်းကို တစ်ချက်တည်းဖြင့် ကြည့်နိုင်သည်။
နာရီဝက်အကြာတွင် ထိုလူအိုကြီး အုပ်စုသည် ငြင်းခုံမှု ပြီးဆုံးလုနီးပါး ဖြစ်လာခဲ့သည်။
ယဲ့ဖန်သည်တော့ ကုမ္ပဏီ၏ လည်ပတ်မှုပုံစံကို အခြေခံ နားလည်သွားသည်။
" အားလုံးပဲ။ ကျွန်တော့်မှာ မရင့်ကျက်တဲ့ အကြံပြုချက်လေးတစ်ခု ရှိတယ် "
စာရွက်များကို ချလိုက်ပြီး အမှုဆောင်အဖွဲ့ကို လှည့်ကြည့်လိုက်သည်။
ချီချန်းဖုန်း မရယ်ဘဲ မနေနိုင်ချေ။
" ဒီမှာ ကောင်လေး၊ မင်း မစုံစမ်းထားရင် မင်းမှာ ပြောပိုင်ခွင့်မရှိဘူး။ ရှန်းနုန် ဆေးဝါးကုမ္ပဏီကို မင်းက အခုလေးတင်ပဲ ဝယ်ထားတာ။ ကုမ္ပဏီအကြောင်းကို လုံးဝ မသိသေးဘူး။ ဘယ်လိုလုပ် အသုံးဝင်တဲ့ အကြံပြုချက်တွေကို ပေးနိုင်မှာလဲ "
တခြားသူများမှာ ချီချန်းဖုန်းလောက် ရန်လိုသည် မဟုတ်သော်လည်း ယဲ့ဖန်မှ အဖိုးတန် အကြံဉာဏ်များ ပေးနိုင်လိမ့်မည်ဟု မထင်ကြပေ။
ကုမ္ပဏီ၏ ကျဆင်းနေသော စွမ်းဆောင်ရည်ကို ကယ်တင်နိုင်ရန် သူတို့သည် မရေမတွက်နိုင်သော နည်းလမ်းများစွာကို စဉ်းစားခဲ့ကြသော်လည်း မည်သည်ကမှ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
ဒီကလေးရဲ့ ချက်ကြိုးကတောင် မခြောက်သေးဘူး။
သူက နည်းလမ်းရှာနိုင်မှာတဲ့လား။
ယဲ့ဖန် မသိမသာ ပြုံးလိုက်သည်။
" ဟုတ်ပါတယ်၊ ကျွန်တော်က ဒီမှာလူသစ်ပါ။ ကုမ္ပဏီအပေါ် ကျွန်တော်ရဲ့ နားလည်မှုက ခင်ဗျားတို့လောက် မသေချာပါဘူး။ ဟါပေမဲ့ ကျွန်တော် အရင်က ကုမ္ပဏီတစ်ချို့ကို လည်ပတ်အောင် လုပ်ဖူးခဲ့တော့ ကျွန်တော့်မှာ ခင်ဗျားတို့အတွက် မတူညီတဲ့ ရှုထောင့်က အကြံဉာဏ်တချို့ကို ပေးနိုင်မှာပါ "
ချီချန်းဖုန်း ဆိုဖာပေါ် ပြန်ထိုင်ပြီး ရေနွေးကြမ်း သောက်လိုက်သည်။
" ဒါဆိုလည်း ယဲ့လူကြီးမင်းရဲ့ အမြင်ကို ကြားချင်ပါသေးတယ် "
သူသည် ထိုသို့ ပြောလိုက်သော်လည်း သူ့လေသံမှာ အနည်းငယ် သဘောမကျကြောင်း သေချာနေသည်။
သူ့မြေးနှင့် အသက်တူလောက်သာ ရှိသော ထိုလူငယ်လေးအား အလေးအနက် မထားသည်မှာ ထင်ရှားလေသည်။
အခြားသူများကလည်း ယဲ့ဖန် ပြောမည်ကို ကြားလို၍ ထိုင်ကြသည်။
ယဲ့ဖန်သည် စားပွဲပေါ်ရှိ စာရွက်စာတန်းများကို လက်ဖြင့်ပုတ်ကာ ပြောလိုက်သည်။
" ကျွန်တော် ကုမ္ပဏီရဲ့ လုပ်ငန်း လည်ပတ်မှုပုံစံကို အခုပဲကြည့်လိုက်တယ်။ တရုတ်တိုင်းရင်းဆေးပညာကို စံတစ်ခုတည်းနဲ့ အသုံးပြုနေဆဲဖြစ်တာကို တွေ့လိုက်ရတယ်။ ဆေးဆိုင်တိုင်းမှာ ဆရာဝန်ရှိတယ်။ လူနာတွေက ဆရာဝန်ဆီလာပြတဲ့အခါ သူတို့ရဲ့ ရောဂါလက္ခဏာတွေအရ ဆေးပေးလိမ့်မယ် ...... "
သူ့စကား မပြီးခင် ချီချန်းဖုန်းက သူ့ကို နှောင့်ယှက်လိုက်သည်။
" ဒီပုံစံက ဘာဖြစ်နေလို့လဲ။ ငါတို့ ဒီပုံစံနဲ့ပဲ ဆယ်စုနှစ်များစွာ လည်ပတ်ခဲ့တာ။ ငါတို့က တောင်ပိုင်းကွမ်တုန်းပြည်နယ်ရဲ့ ယဉ်ကျေးမှုနာမည်တစ်ခုတောင် ဖြစ်လာခဲ့သေးတာ။ ငါတို့ အထွတ်အထိပ်ရောက်တုန်းက မင်းက အိမ်မှာ သေးတွေနဲ့ ဆော့နေတုန်းပဲ ရှိဦးမှာ "
အခြားသော အမှုဆောင်များသည်လည်း အခွင့်ကောင်းယူကာ ကျယ်လောင်စွာ လှောင်ရယ်မောကြသည်။
ယဲ့ဖန် သူတို့ထံမှ အထင်သေးခံရသော်လည်း ဒေါသအရိပ်အယောင် မပြခဲ့ပေ။
သူသည် ဖြည်းညှင်းစွာ ဆက်ပြောသည်။
" ဟုတ်ပါတယ်။ ဒီပုံစံမှာ အားသာချက်တွေရှိတယ်။ ဒါပေမယ့် အားနည်းချက်တွေကလည်း အရမ်းသိသာနေတယ်။ အကြီးမားဆုံးပြဿနာကတော့ စံချိန်စံညွှန်းတွေက တူညီမှုမရှိလို့ပဲ "
" အခု ဒီကုမ္ပဏီရဲ့ ဆေးဆိုင်တိုင်းမှာရှိတဲ့ ဆရာဝန်တွေက လူနာတွေကို သူတို့ရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ဆေးပေးလိမ့်မယ် "
" ဒါက ပြဿနာကို ဖန်တီးတာပဲ။ လူနာက ဒီဆေးဆိုင် ဒီဆရာဝန်ဆီက ဆေးနှစ်လုံးပဲ လိုပေမဲ့ တခြားဆေးဆိုင်မှာကျ ဆေးသုံးဘလေးလုံး လိုအပ်နိုင်တယ် "
" ဒီဆေးဆိုင်တွေက ရှန်းနုန်ဆေးဝါးကုမ္ပဏီအောက်မှာ ရှိနေတာကြောင့် ရေရှည်မှာ အဲ့တာက ကျွန်တော်တို့ရဲ့ ကုမ္ပဏီ ပုံရိပ်နဲ့ ဂုဏ်သိက္ခာအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာလိမ့်မယ်။ ကျွန်တော် ပြောတာ မှန်ရဲ့လား "
ယဲ့ဖန်သည် ပြောပြီးသည်နှင့် ချီချန်းဖုန်းနှင့် အခြားလူများကို ချက်ချင်းကြည့်လိုက်သည်။
ချီချန်းဖုန်းသည် ချက်ချင်း လှောင်ပြောင်ပြီး ပြောလိုက်သည်။
" မင်းကုသတဲ့ လူနာကိုပေးမဲ့ အရေအတွက်ကို ဘယ်လို တိုင်းတာနိုင်မှာလဲ "
" လူနာတွေရဲ့ အခြေအနေက မတူဘူး။ အဲ့တော့ သေချာပေါက် သူတို့အတွက် မှန်ကန်တဲ့ဆေးကို ညွှန်းပေးရမှာပေါ့။ ဆေးပမာဏက သေချာပေါက် ကွဲပြားပါလိမ့်မယ် "
ယဲ့ဖန် ပေါ့ပါးစွာ ပြုံးလိုက်သည်။
" ဒါပေမယ့် ကျွန်တော်တို့က ဆေးဝါးကုမ္ပဏီတစ်ခုပါ။ ဆေးရုံတစ်ခုမဟုတ်ပါဘူး။ ဆေးဝါးနဲ့ ဆေးကို ခွဲခြားဖို့ လိုမယ်ထင်တယ်။ ရောဂါကုသတဲ့သူတွေက ရောဂါတွေကိုပဲ ကုသကြပြီး ဆေးဝါးပြုလုပ်သူတွေက ဆေးဝါးကိုပဲ ပြုလုပ်ကြတယ်။ နှစ်ခုကို ပေါင်းစပ်လိုက်ရင် တခြားသူတွေနဲ့ ယှဉ်ပြိုင်ဖို့ နေနေသာသာ အတိုင်းအတာတစ်ခုတောင် ရဖို့ မဖြစ်နိုင်ပါဘူး "
ယဲ့ဖန် ပြောပြီးသည်နှင့် အခန်းကြီးမှာ ချက်ချင်း တိတ်ဆိတ်သွားသည်။
နှောင့်ယှက်ကာ ဖြတ်ပြောခြင်းကို နှစ်သက်သည့် ချီချန်းဖုန်းပင်လျှင် ချက်ချင်း မငြင်းဆန်နိုင်ခဲ့ပေ။
ခေါင်းကို သံရိုက်ခံလိုက်ရသည်မှာ ရှင်းနေသည်။
ရှန်းနုန်ဆေးဝါးကုမ္ပဏီ၏ အကြီးတန်း အမှုဆောင်အရာရှိများသည် ထိုလူငယ်လေးထံမှ ဦးခေါင်းအား သံရိုက်ခံရမည်ဟု မမျှော်လင့်ထားကြပေ။
မတတ်နိုင်ဘဲ ထိုကောင်လေးအား အမြင်တစ်မျိုးဖြင့် ကြည့်မိကြသည်။
သို့သော် သူတို့သည် ကိုယ်တိုင်ပါးရိုက်ပြီး ရှုံးနိမ့်ကြောင်း ဝန်ခံရန် အနည်းငယ် ခက်လေသည်။
ထို့နောက် အထွေထွေမန်နေဂျာ မာကျန်းက မေးလေသည်။
" ယဲ့လူကြီးမင်း၊ ဒါဆို မင်းရဲ့ သီးခြားအစီအစဉ်တွေက ဘာလဲ "
ယဲ့ဖန်သည် ထိုလူကို နောက်တစ်ကြိမ်အနည်းငယ် ကြည့်လိုက်သည်။
" ကျွန်တော့်ရဲ့ အစီအစဉ်က ရှန်းနုန် ဆေးဝါးကုမ္ပဏီကို တရုတ်ဆေးလုပ်ငန်း နယ်ပယ်တစ်ခုလုံးမှာရှိတဲ့ စူပါအကြီးစား ကော်ပိုရေးရှင်းကြီးအဖြစ် ပြောင်းလဲဖို့ပါ။ အဲ့ထဲမှာ တရုတ်ဆေးဖက်ဝင်အပင်တွေကို စိုက်ပျိုးတာတို့၊ စိုက်ပျိုးရေးနဲ့ စီမံဆောင်ရွက်ခြင်းအပြင် ဆေးဝါးများ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အရောင်းကွန်ရက်၊ တရုတ်ဆေးပညာ ဆေးရုံတွေနဲ့ အခြားအရာတွေရော ပါဝင်ပါတယ် ..... "