အပိုင်း ၈၅၇-၈၆၀
Vol. 43 Ch. 857-860
အပိုင်း ( ၈၅၇ )
ဒီဆေးစာက သေချာပေါက် နာမည်ကြီးဆရာဝန်ဆီက။
ထိုအမှုဆောင်များသည် ယဲ့ဖန်၏ အစီအစဉ်ကို စောင့်မျှော်နေခဲ့တာဖြစ်သည်။
သို့သော် သူတို့ ကြားပြီးသည့်နောက် ရယ်စရာ ဖြစ်လာသည်။
ချီချန်းဖုန်းသည် ယဲ့ဖန်ကို ရက်စက်စွာ နှောင့်ယှက်ကာ ဖြတ်ပြောပြန်သည်။
" လူငယ်တွေ ရည်မှန်းချက် အရမ်းကြီးတာ နားလည်နိုင်ပေမယ့် ကုမ္ပဏီတစ်ခုက ဒီလိုလည်ပတ်ရတာ မဟုတ်ဘူး။ မင်းပြောတဲ့အတိုင်းလုပ်ဖို့ ငွေဘယ်လောက်လိုလဲ မင်းသိလား။ ပိုက်ဆံက ဘယ်က လာမှာလဲ။ လေတိုက်တာနဲ့ ရမှာလား "
တခြားသူများသည် ဘာမှ မပြောကြသော်လည်း သူတို့အားလုံး၌ တူညီသော သဘောထား ရှိနေသည်။
ယဲ့ဖန် မသိမသာ ပြုံးလိုက်သည်။
" ရေရှည်စီမံကိန်းအကြောင်း ပြောနေတာပါ။ လက်ရှိအခက်အခဲတွေကို ပြေလည်အောင် ကုမ္ပဏီကို ဘယ်လိုကူညီရမလဲဆိုတာတော့ စက်မှုခေတ်ရောက်နေပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ နည်းလမ်းဟောင်းတွေကို မသုံးသင့်တော့ဘူး။ ဖျော်ပြီး သောက်ရ လွယ်ကူတဲ့ ဆေးဝါးအသစ်တွေကို အမြောက်အမြားထုတ်လုပ်နိုင်စေဖို့ ဆေးညွှန်းကို အရင်ဆုံး စံသတ်မှတ်ရပါမယ် "
ထိုတစ်ကြိမ်တွင် အထွေထွေမန်နေဂျာ မာကျန်းက သူ့ကို ဖြတ်ပြောသည်။
" ယဲ့လူကြီးမင်း၊ ငါတို့လည်း ဒီပြဿနာကို အရင်က စဉ်းစားဖူးပေမယ့် လက်လွှတ်လိုက်ဖို့က လွဲပြီး ငါတို့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး "
ယဲ့ဖန် မျက်ခုံးပင့်လိုက်သည်။
" ဘာအကြောင်းကြောင့်လဲ "
မာကျန်း သက်ပြင်းချကာ ကူကယ်ရာမဲ့ဖြင့် ပြောသည်။
" ဆေးဝါးအသစ်လုပ်ဖို့ သုတေသနလုပ်ရတာနဲ့ တီထွင်ဖန်တီးဖို့က အချိန်ကြာပြီး ရင်းနှီးမြှုပ်နှံမှုကလည်း ကြီးတာကြောင့် ရလဒ်ကောင်းကို လွယ်လွယ်နဲ့ မြန်မြန် ရရှိနိုင်မှာ မဟုတ်ပါဘူး "
" ရှန်းနုန် ဆေးဝါးကုမ္ပဏီက ရင်းနှီးမြှုပ်နှံရေး ကွင်းဆက်မှာလည်း အဆင်မပြေတဲ့အပြင် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ရင်းနှီးမြုပ်နှံဖို့အတွက်လည်း ငွေအများကြီး မရှိပါဘူး "
သူ စကားပြောပြီးသည်နှင့် ချီချန်းဖုန်းနှင့် အခြားသူများကလည်း လိုက်ပြောကြသည်။
" တချို့လူတွေက ငါတို့အားလုံးကို ရှေးဟောင်းပစ္စည်းလို့ ထင်နေကြတာလား။ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲ မသိဘူး ထင်နေလား။ ဘယ်လိုဟာသလဲ "
" ငါတို့လည်း ပြောင်းလဲချင်ပေမယ့် အခြေအနေတွေက ခွင့်မပြုဘူး။ မဟုတ်ရင် သေမှာကို ဘယ်သူက ထိုင်စောင့်နေမှာလဲ "
" ငါတို့က အသက်ကြီးပေမယ့် ဦးနှောက်ပျက်သွားတာ မဟုတ်ဘူး။ သေချာပေါက် အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုရဲ့ အကျိုးကျေးဇူးတွေကို သိတာပေါ့။ ဒါပေမယ့် သိတော့လည်း ဘာလုပ်ရမှာလဲ။ သုတေသနနဲ့ ဖွံ့ဖြိုးရေးအတွက် ပိုက်ဆံမရှိရင် အရာအားလုံးက အချည်းနှီးပဲ "
" တကယ်လို့ ငါတို့သာ ဆေးဝါးအသစ်ကို တီထွင်နိုင်ရင် ငါတို့ရဲ့ ရှန်းနုန် ဆေးဝါးကုမ္ပဏီက အလှည့်အပြောင်း လုပ်နိုင်မှာ ဆိုပေမဲ့ ငါတို့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ဘယ်သူက ရင်းနှီးမြှုပ်နှံချင်မှာလဲ "
သူတို့ထဲမှ အနည်းစုသည် နာကြည်းနေသည့် ဇနီးမယားတွေကဲ့သို့ ညည်းညူကြသည်။
ရှန်းနုန် ဆေးဝါးသည် ရေရှည်စီမံကိန်းအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ရန် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုကို မတတ်နိုင်ဘူးဟု အခြေခံအားဖြင့် ဆိုကြသည်။
ယဲ့ဖန်သည် ထိုပြဿနာကို သဘာဝကျစွာ သိလေသည်။
ဆေးစျေးကြီးလွန်း၍လည်း လူနာတော်တော်များများမှ ညည်းညူကြသည်။
သို့သော် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီများသည် ကူကယ်ရာမဲ့ကြသည်မှာ ဆေးဝါးထုတ်လုပ်ရာ၌ ကနဦး ရင်းနှီးမြုပ်နှံမှုမှာ ကြေးကြီးပြီး အချိန်ကြာမြင့်သောကြောင့် ဖြစ်သည်။
ထို့အပြင် မည်သို့ပင် ဆိုစေကာမူ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းသည် ရလဒ်ကို မမြင်နိုင်သောကြောင့် သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် ကုန်ကျစရိတ်သည် အလွန်ကြီးမားပါသည်။
ထိုအခါ ဆေးဝါးများ အလွန်စျေးကြီးပြီး လူနာများမှ မဝယ်ကြသောအခါ အချို့သော ဆေးဝါးကုမ္ပဏီများမှာ ဒေဝါလီခံသွားရခြင်း ဖြစ်သည်။
ရှန်းနုန်ဆေးဝါးကုမ္ပဏီ၏ လက်ရှိ အကြီးမားဆုံးအခက်အခဲမှာ ပုံစံဟောင်းသည် အလုပ် မလုပ်နိုင်တော့ဘဲ ပုံစံအသစ်အား စမ်းကြည့်ရန်လည်း ပိုက်ဆံမရှိခြင်း ဖြစ်သည်။
သေခြင်းတရားကို ထိုင်စောင့်ရုံသာ တတ်နိုင်ကြသည်။
" ကုမ္ပဏီရဲ့ အသွင်ကူးပြောင်းမှုအတွက်ပဲ ခင်ဗျားတို့ တာဝန်ယူဖို့ လိုပါတယ်။ ဆေးစာရဲ့ စံချိန်စံညွှန်း ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီးတော့က ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ် "
ယဲ့ဖန် ထိုစကားကို ပြောပြီးသည်နှင့် အမှုဆောင်ဝန်ထမ်းများအားလုံး အံ့အားသင့်စွာ မတ်တပ်ထရပ်လိုက်ကြသည်။
" မင်း အတည် လေးလေးနက်နက် ပြောနေတာလား "
ချီချန်းဖုန်းသည် ယဲ့ဖန်အား သံသယဖြင့် ကြည့်နေကာ အဓိပ္ပါယ်မရှိ လျှောက်ပြောနေခြင်းလားဟု တွေးနေမိသည်။
ဆေးအသစ်တီထွင်ဖို့ ဘယ်လောက်တောင် ခက်ခဲလိုက်လဲ။
သူတစ်ယောက်တည်း ထိန်းနိုင်ပါ့မလား။
ဒါက ဘယ်လိုဟာသမျိုးလဲ။
ယဲ့ဖန် ပေါ့ပါးစွာ ပြုံးလိုက်ပြီး ရှန်းနုန်ဆေးဝါးကုမ္ပဏီ၏ မူရင်းဆေးစာမှ စာရွက်သုံးပိုင်းကို ထုတ်ကာ ပြုပြင်ခဲ့သည်။
ချီချန်းဖုန်း စိတ်မရှည်စွာ လျှောက်သွားကာ စစ်ဆေးကြည့်ချင်သည်။
သို့သော် ယဲ့ဖန်သည် ဖော်မြူလာသုံးခုကို ထိန်းသိမ်းထားသည်။
" ကျွန်တော်က လူတိုင်းကို မယုံကြည်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်နေတယ်။ ခင်ဗျားတို့ တစ်ယောက်ချင်းစီတိုင်းက လျှို့ဝှက်ကို မပေါက်ကြားစေကြောင်း သဘောတူညီချက်ကို အရင်ဆုံး လက်မှတ်ရေးထိုးရမယ်။ ဖော်မြူလာတွေ မပေါက်ကြားစေရဘူးလို့ ကတိပေးရမယ် "
ချီချန်းဖုန်းနှင့် တခြားသူများသည် သူတို့ကို မယုံကြည်ကြောင်း တွေ့လိုက်ရသည့်အခါ အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။
သို့သော် သူတို့အားလုံးသည် ဆေးဝါးကို အစွဲအလမ်းကြီးပြီး ယဲ့ဖန် မည်သို့သော ဆေးစာအသစ်ကို လုပ်နိုင်သည်အား သိလိုသောကြောင့် လျှို့ဝှက်ချက် ထိန်းသိမ်းရေးသဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
ထိုမှသာ ယဲ့ဖန်သည် ဆေးစာသုံးစောင်ကို သူတို့ထံ လွှဲပြောင်းပေးခဲ့သည်။
ဆေးစာများတွင် ရေးထားသော ဆေးဖက်ဝင်အပင်များ၏ အမည်များသာမက ဆေးဖက်ဝင် အပင်တိုင်း၏ ပြုပြင်ဖန်တီးမှု နည်းပညာအပြင် ဆေးဖက်ဝင်အပင်များ၏ အချိုးအစား စသည်တို့လည်း ပါဝင်သည်။
ချီချန်းဖုန်းနှင့် အခြားသူများသည် ထိုဆေးညွှန်း သုံးမျိုးသည် အအေးမိခြင်း၊ ဒဏ်ဖြစ်ခြင်းနှင့် အစာမကြေခြင်းအတွက်ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။
အအေးမိသောဆေးကို ဆေးလုံးများအဖြစ်ပြုလုပ်မည်ဖြစ်ပြီး ဒဏ်ရာအတွက် ဆေးကို ပလာစတာများ ကပ်ခြင်းအဖြစ် ပြုလုပ်ကာ အစာကြေဆေးကို ဆေးပြားများအဖြစ် ပြုလုပ်မည် ဖြစ်သည်။
ထိုတရုတ်ဆေးပညာရှင်ကြီးများသည် ပထမဆေးစာကို ဖတ်ပြီးသောအခါ တုန်လှုပ်ခြောက်ခြားသွားကြသည်။
သူတို့သည် တရုတ်တိုင်းရင်းဆေးပညာတွင် ဆယ်စုနှစ်များစွာ နှစ်မြှုပ်ခဲ့ပြီး ဆေးဖက်ဝင်အပင်များ၏ ဂုဏ်သတ္တိများကို တုနှိုင်းမရနိုင်သော နားလည်မှုများ ရှိကြသည်။
ယဲ့ဖန်၏ ဆေးညွှန်းသည် ဆေးပညာသီအိုရီနှင့် လုံးဝ ကိုက်ညီပြီး ဆေးအချိုးအဆ အသုံးပြုမှုသည်လည်း တွေးမရနိုင်အောင် ဖြစ်သည်။
သို့သော် စဉ်းစားကြည့်ပါက ကျိုးကြောင်းဆီလျော်လှသည်။
အချို့သော ဆေးဝါးများသည် ဉာဏ်ကြီးရှင်ဆန်လှသည်။
" အိုဘုရာရေး၊ အရင်က ဒီဆေးစာမှာ ဘီဇောနဲ့ အာဂတ်စနာကို ထည့်ဖို့ ဘာကြောင့် မစဉ်းစားခဲ့မိတာလဲ။ ဒါက ဉာဏ်ကြီးရှင်အတွေးပဲ "
" တကယ်တော့ ဒီဆေးညွှန်းက အရမ်းကို အံ့သြစရာကောင်းလွန်းတယ်။ ဆေးစာက တစ်ခုခု လွဲချော်နေပုံပေါ်တယ်လို့ အမြဲလိုလိုခံစားမိနေတာ အံ့သြစရာမရှိတော့ဘူး။ ဒီနေ့ နောက်ဆုံးတော့ နားလည်သွားပြီ "
" ဒီဆေးစာ ဖတ်ပြီးတာနဲ့ အရင်တုန်းက ဆေးစာအုပ်တွေမှာ အကုန်ဖတ်ဖူးတာကို သိလိုက်ရတယ်။ ငါ ဘာလို့ အဲ့တာကို မစဉ်းစားမိခဲ့တာလဲ "
" ဒီဆေးစာက နာမည်ကြီး ဆရာဝန်တစ်ယောက်ရဲ့ ဆေးစာပဲ "
ကိုယ်ခံပညာကို အစွဲအလမ်းကြီးသူသည် ရုတ်တရက် ကိုယ်ခံပညာ လျှို့ဝှက်လက်စွဲကျမ်းစာအုပ်ကို ရရှိသွားသလို ဖြစ်နေသည်။
ထိုအခိုက်အတန့်တွင် သူတို့ မည်မျှ ထိတ်လန့်သွားသည်ကို တွေးကြည့်နိုင်သည်။
ခဏအကြာတွင် ချီချန်းဖုန်းသည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
" ဒါ …... မင်း ဒီဆေးစာကို တကယ် ညွှန်းခဲ့တာလား။ ဒါမှမဟုတ် တခြားတစ်ယောက်ဆီကလား "
ယဲ့ဖန် သူ့မေးခွန်းကြောင့် ရယ်မောမိသွားသည်။
" ဆေးညွှန်းကိုပြောင်းလိုက်တော့ အားလုံးကြည့်နေကြတာပဲ မဟုတ်ဘူးလား "
" ကျွန်တော်က ခင်ဗျားရဲ့ ဆေးစာကို တစ်ယောက်ယောက်နဲ့ ကြိုတင်ခိုးယူခိုင်းပြီး ဒီနေ့ ခင်ဗျားကိုပြဖို့ တခြားတစ်ယောက်ကို ပြုပြင်ခိုင်းထားတယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား "
ဤသို့ ပြောပြီးနောက် အခြားသူများလည်း ရယ်မောကြသည်။
ထိုဖော်မြူလာသုံးမျိုးကို ရှန်းနုန် ဆေးဝါး၏ ဖော်မြူလာများနှင့်အညီ ပြုပြင်ခဲ့သည်။
မူလ ဆေးညွှန်းများ အားလုံးသည် အဓိကလျှို့ဝှက်ချက်များဖြစ်ပြီး ပြင်ပလူမှ ထိုအချက်အလက်များကို ကြိုပြီး မရနိုင်ချေ။
ယဲ့ဖန်သည် ဆေးညွှန်းအား ပြောင်းလဲလိုက်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို သူတို့အားလုံး ကိုယ်တိုင် မျက်စိဖြင့် မြင်ခဲ့ကြရသည်။
ယဲ့ဖန်ကို ဘယ်သူကမှ လမ်းညွှန်မှု မပေးခဲ့ပေ။
ထိုအချက်က သူတို့ကို မယုံနိုင်စရာ ကောင်းသည်ဟု ခံစားရစေသည်။
သူအသက်က ဘယ်လောက်ရှိပြီမလို့လဲ။
သူ့ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက ဘယ်လိုလုပ်ပြီး ဒီလောက် ကောင်းနေနိုင်တာလဲ။
ဒီလူကြီးတွေတောင် ပညာနိမ့်ကျမှုကြောင့် အရှက်ရမိတယ်။
အပိုင်း ( ၈၅၈ )
မင်းရဲ့ဆေးက တကယ့် အံ့ဖွယ်ပဲ။
" ဒီဆေးနည်းက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ဘယ်လောက်ထိ ထိရောက်မှုရှိလဲတော့ မသိဘူး "
အားလုံး စိတ်လှုပ်ရှားနေချိန် အမှုဆောင်အရာရှိတစ်ယောက်မှ ရုတ်တရက် မေးခွန်းတစ်ခု ထုတ်လိုက်သည်။
ဤသည်မှာ လူစုလူဝေး၏ စိတ်အားထက်သန်မှုအချို့ကို ငြိမ်းသတ်စေသော ရေအေး ဖြစ်သွားစေသည်။
မာကျန်းသည် ခဏ စဉ်းစားပြီး ဥပဒေရေးရာဌာန အကြီးအကဲ ဟန်ကျီချုံကို ရုတ်တရက် ညွှန်ပြလိုက်သည်။
" ရှောင်ဟန် အအေးမိနေတာ နှစ်ရက်ရှိပြီမဟုတ်လား။ ဒါဆို ယဲ့လူကြီးမင်းရဲ့ ဆေးစာအရ အကျိုးသက်ရောက်မှုကို စမ်းသပ်ဖို့ သူ့ကို ဆေးပေးကြည့်ပါလား "
ဟန်ကျီချုံ ခါးသက်စွာ ပြုံးရုံကလွဲပြီး ဘာမှ မတတ်နိုင်ပေ။
" ကျွန်တော့်ကို ဝက်တစ်ကောင်လို သုံးနေတာလား "
မာကျန်း ရယ်မောလိုက်သည်။
" ပိုအရေးကြီးတာကို စဉ်းစားလိုက်ပါလား။ ဒီဆေးက တကယ်ထိရောက်ကြောင်း သက်သေပြနိုင်ရင် မင်းက ငါတို့ကုမ္ပဏီအတွက် သူရဲကောင်းတစ်ယောက် ဖြစ်လာမှာ "
ဟန်ကျီချုံ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်တော့သည်။
" ဒါဆို ကျွန်တော် ဓာတ်ခွဲခန်းကြွက် ဖြစ်ပေးပါ့မယ် "
အမှုဆောင်အရာရှိများ အားလုံး စိတါသက်သာရာ ရသွားကြသည်။
ထိုအချိန် ချီချန်းဖုန်းက ရုတ်တရက် ပြောလာသည်။
" ငါ့ဗိုက်က သိပ်မကောင်းဘူး။ ရောဂါဟောင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ပြန်စလာတာ။ ဒီဆေးရဲ့ အာနိသင်ကို စမ်းကြည့်မယ် "
အားလုံးသည် သူ့ကို ထူးဆန်းစွာ ကြည့်နေကြသည်။
အဘိုးအိုက ယဲ့ဖန်ကို မကျေနပ်နေတာလေ။
အခု သူက ဆေးကို စစ်ကြည့်ချင်နေပြီလား။
ချီချန်းဖုန်း၏ မျက်နှာသည် နီရဲသွားသည်။
" ကြီးကြီးကျယ်ကျယ်တွေ ပြောတတ်တဲ့ အသုံးမကျတဲ့ကောင်တွေကို ငါ သည်းမခံနိုင်ဘူး "
" ဒါပေမဲ့ ယဲ့လူကြီးမင်းက တကယ်ကို အရည်အချင်းရှိတာကြောင့် သူ့ကို လေးစားမိပါတယ "
ယဲ့ဖန် သူ၏ ခေါင်းမာပုံကို သဘောကျသွားသည်။
အနည်းဆုံးအနေဖြင့် သူသည် ကိစ္စကြီးကို နားလည်သူ ဖြစ်ပြီး သူ၏ ကိုယ်ရေးကိုယ်တာ ကြိုက်နှစ်သက်မှုနှင့် မကြိုက်မှုများအရ အလုပ်အပေါ် ထိခိုက်စေမည် မဟုတ်ပေ။
မဟုတ်ပါက ကုမ္ပဏီ၏ စီမံခန့်ခွဲမှုကိုပါ ပြောင်းလဲရန် ယဲ့ဖန် စဉ်းစားရလိမ့်မည်။
" ဒါဆို ဒဏ်ပျောက်ဆေးက ...... "
အားလုံးသည် သူ့ခြေထောက်ကို စိုက်ကြည့်နေကြသည်ကို သိလိုက်ရပြီး မာကျန်း တစ်ခုခုပြောတော့မည် ဖြစ်သည်။
ထိုပုံစံက သူ့ဆံပင်တွေကို အဆုံးထိ ထောင်မတ်သွားစေသည်။
" ဆေးစစ်ဖို့ ကျွန်တော့်ခြေထောက်တွေကို ရိုက်ချိုးဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား "
တက်ရောက်လာကြသည့် လူအားလုံးသည် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
သူတို့သည် နောက်ပြောင်နေကြသည်သာ ဖြစ်သည်။
မာကျန်း၏ ခြေထောက်တွေကို တကယ် ရိုက်ချိုးပြီး ဆေးပြန်ကုသရန် ဆိုသည်မှာ သူတို့အတွက် မဖြစ်နိုင်ချေ။
ကံကောင်းစွာဖြင့် သူတို့ကုမ္ပဏီ၌ ဓာတ်ခွဲခန်းရှိသည်။
စမ်းကြည့်ရန် ကြွက် သို့မဟုတ် ယုန်ဖြူတစ်ကောင်ကို ရှာနိုင်သည်။
ထိုအစီအစဥ်များကို ပြုလုပ်ပြီးနောက် လူတိုင်းသည် အနည်းငယ်မျှော်လင့်ထားသော်လည်း အနည်းငယ် ကြောက်ရွံ့နေကြသေးသည်။
ဤဆေးညွှန်းသုံးမျိုး ထိရောက်မှု ရှိမရှိအပေါ် မူတည်ပြီး ကုမ္ပဏီသည် ရှင်သန်နိုင်မည် ဖြစ်သည်။
" ယဲ့လူကြီးမင်း၊ ဒီနေ့ နောက်ကျနေပြီ။ မင်းပြန်သွားဖို့ မလိုဘူး။ ကုမ္ပဏီမှာ အဆောင်တစ်ခု ရှိတယ်။ မနက်ဖြန် ဆေးရဲ့ အာနိသင်ကို တွေ့ပြီးရင် အသေးစိတ်ကို ဆွေးနွေးကြတာပေါ့ "
မာကျန်း အရာအားလုံးကို စီစဉ်ပြီးသည့်အခါ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
ည ၉ နာရီ ထိုးနေပြီ ဖြစ်သည်။
ယဲ့ဖန်သည်လည်း အချိန်ကို ကြည့်ပြီးသည့်အခါ သဘောတူ ခေါင်းညိတ်လိုက်သည်။
ကုမ္ပဏီ၏ ကော်ဖီဆိုင်တွင်သာ ထမင်းစားပြီးနောက် အနားယူရန် မာကျန်း စီစဉ်ပေးထားသည့် အိပ်ဆောင်သို့ ပြန်လာခဲ့သည်။
နောက်နေ့မနက် တစ်စုံတစ်ယောက်မှ သူ့တံခါးကို လာခေါက်သည့်အခါ သူ နိုးလာသည်။
" ယဲ့လူကြီးမင်း၊ တံခါးဖွင့်ပါဦး။ ယဲ့လူကြီးမင်း ........ "
ယဲ့ဖန်သည် အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်ပြီး တံခါးဖွင့်ရန် ထလိုက်သည်။
ထို့နောက် ချီချန်းဖုန်း၊ မာကျန်းနှင့် အခြားသူများ တံခါးအပြင်ဘက်တွင် ရပ်နေသည်ကို သူတွေ့လိုက်ရသည်။
လူတိုင်းက စိတ်လှုပ်ရှားနေပုံရသည်။
" ဘယ်နှစ်နာရီရှိပြီလဲ။ ခင်ဗျားတို့ ဘာတွေအလျင်လိုနေကြတာလဲ "
ထို့နောက် ယဲ့ဖန်သည် အချိန်ကို ကြည့်လိုက်သည်။
မနက်ခြောက်နာရီသာ ရှိသေးသည်။
ဒီလူတွေ ရက်စက်လွန်းတာပဲ။
ချီချန်းဖုန်း သူ့လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ငါ့ဘဝမှာ ဘယ်သူ့ကိုမှ မချီးကျူးဖူးပေမယ့် မင်းကို ငါ တကယ်သဘောကျတယ်။ ဒူးထောက် အရိုအသေ ပေးချင်တဲ့အထိ အရမ်းသဘောကျတယ် "
ထိုအဘိုးအို ယဲ့ဖန်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ယဲ့ဖန် ချက်ချင်းပင် ကြက်သီးထသွားသည်။
သူ့လက်ကို အမြန်ဆွဲထုတ်လိုက်သည်။
" ဘာဖြစ်တာလဲ "
ချီချန်းဖုန်း၏ အသံသည် စိတ်လှုပ်ရှားမှုကြောင့် တုန်နေသည်။
" မနေ့ညက မင်းပေးတဲ့ဆေးကို ငါသောက်ပြီး ချက်ချင်း အိပ်ပျော်သွားတယ် "
" နောက်ဆုံးကျ ရုတ်တရက် ဗိုက်ထဲ မသက်မသာခံစားရပြီး ညတစ်ဝက်လောက်အထိ အိပ်ပြီးတဲ့နောက် အိမ်သာကို ပြေးပြီး ငါ့အညစ်အကြေးတွေ အကုန်မည်းနေတယ် .....
ယဲ့ဖန် သူ့ကို အလျင်စလို နှောင့်ယှက်လိုက်သည်။
" အသေးစိတ်အကြောင်း မပြောလည်း ရပါတယ်။ ရလဒ်ကိုပဲ ပြောပြပါ "
ချီချန်းဖုန်း ချောင်းဟန့်လိုက်သည်။
" နောက်ဆုံးကျ ဝမ်းသွားပြီးနောက် ခန္ဓာကိုယ်က လန်းဆန်းလာပြီး ဗိုက်ထဲမှာလည်း ပူလာသလို ခံစားလိုက်ရတယ်။ အတော်လေးကို သက်တောင့်သက်သာရှိခဲ့တယ် "
" မင်းရဲ့ ဒီဆေးက အံ့ဖွယ်အာနိသင်ရှိတာပဲ "
သူ့ဘေးမှ အကြီးတန်း အမှုဆောင် တစ်ယောက်ကလည်း ခေါင်းညိတ်ပြသည်။
" လွန်ခဲ့တဲ့ နှစ်ရက်လောက်က ငါ့မိန်းမ ဗိုက်က မသက်သာဘူး ဖြစ်နေတာ။ မနေ့ညက အိမ်ကို ဆေး ယူသွားပေးလိုက်တယ်။ ဆေးသောက်ပြီးတဲ့နောက် အကျိုးသက်ရောက်မှုက ဥက္ကဌချီနဲ့ အတူတူပဲ "
" မင်းရဲ့ဆေးက တကယ်ကို အံ့သြစရာပဲ "
ရှိနေကြသော အမှုဆောင်အရာရှိများသည်လည်း အလွန်စိတ်လှုပ်ရှားနေကြသည်။
ဤဆေးဖြင့် သူတို့ကုမ္ပဏီကို ကယ်တင်နိုင်မည် ဖြစ်သည်။
သို့သော် ယဲ့ဖန်က 'အိုး၊ အခြားကိစ္စ ရှိသေးသလား။ မရှိရင် အရင်အိပ်လိုက်ဦးမယ်' ဟူ၍သာ ပြန်ဖြေကြားခဲ့သည်။
ချီချန်းဖုန်းနှင့် အခြားသူများ၏ မျက်နှာများသည် တုန်လှုပ်သွားကြသည်။
ဒီလူက ဘာလဲ။
သူတို့အားလုံးကတော့ အရမ်းစိတ်လှုပ်ရှားနေတာကို သူက တကယ်ပဲ အိပ်ချင်နေတာလား။
ထိုအချိန်တွင် ဥပဒေရေးရာဌာနမှ အကြီးအကဲ ဟန်ကျီချုံ ပြေးလာသည်ကို သူတို့ တွေ့လိုက်ရသည်။
" ယဲ့လူကြီးမင်း၊ သတင်းကောင်း၊ သတင်းကောင်း။ မင်းရဲ့ဆေးက တကယ်ကို အံ့မခန်းပဲ "
ယဲ့ဖန် သူ့မျက်လုံးတွေကို မှိတ်ထားရုံကလွဲပြီး မတတ်နိုင်ပေ။
" ဖြည်းဖြည်းသက်သာ ပြောလို့ မရဘူးလား "
ဟန်ကျီချုံသည် ဘာဖြစ်နေမှန်း မသိသည့်အတွက် သူ့အခြေအနေကို လူတိုင်းအား ပြောပြလိုက်သည်။
" မနေ့ညက အိမ်ပြန်ပြီးတာနဲ့ ပေးထားတဲ့ ဆေးကို သောက်ပြီး အိပ်ရာဝင်လိုက်တယ်။ အဆုံးကျ နှစ်နာရီမပြည့်ခင် အိပ်ပျော်သွားပြီးနောက် ချွေးတွေ ထွက်လခဲ့တယ်။ ဘာလို့ထင်လဲ "
ချီချန်းဖုန်း အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
" ငါတို့ပ မင်းနဲ့ စကားဝှက်တိုင်း လုပ်နေတာ မဟုတ်ဘူးလေ။ အကျိုးသက်ရောက်မှုက ဘယ်လိုလဲ။ ငါတို့ကို မြန်မြန်ပြော "
ဟန်ကျီချုံသည် သူ၏ စိတ်လှုပ်ရှားမှုကို မျိုသိပ်လိုက်သည်။
" အအေးမိတာ လုံးဝသက်သာသွားပြီ။ လန်းဆန်းပြီး အားအင်တွေပြည့်နေသလို ခံစားရတယ် "
" ဆေးတစ်လုံးတည်းနဲ့ အားလုံးကောင်းသွားတာ။ ဒါက တွေ့ဖူးသမျှ အအေးမိဆေးတွေထဲမှာ အကောင်းဆုံးဖြစ်နိုင်တယ်။ စျေးကွက်ထဲရောက်သွားရင် အကြိတ်အနယ် ရောင်းရလိမ့်မယ် "
သူ ပြောပြီးသည့်နောက် အားလုံးမှာ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။
လူတိုင်း၏ မျက်နှာသည် ကလေးများလို အပြုံးများဖြင့် ပြည့်နှက်နေသည်။
ရှန်းနုန် ဆေးဝါးကုမ္ပဏီသည် နေဝင်ချိန်နှစ်များတွင် ဖြစ်နေခဲ့သည်။
လူတော်တော်များများမှာ အလုပ်ထွက်သွားပြီး တခြားအလုပ်များ ရှာကြသည်။
သူတို့သည်သာ ကုမ္ပဏီအတွက် နက်နဲသော ခံစားချက်များ ရှိနေပြီး ကယ်တင်ချင်သောကြောင့်သာ ဒီမှာပဲ တစ်ချိန်လုံး ဆက်နေခဲ့တာ ဖြစ်သည်။
သို့သော် သူတို့သည် အရင်က လုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့် စိုးရိမ်ရုံသာ တတ်နိုင်ကြသည်။
သို့သော် ယဲ့ဖန်၏ ရုတ်တရက် ပေါ်ထွက်လာမှုက သူတို့ကို မျှော်လင့်ချက်ပေးလေသည်။
ပျမ်းမျှအသက် ခြောက်ဆယ်ကျော်ရှိသော လူအိုကြီးအုပ်စုသည် ငယ်ရွယ်နုပျိုသော တက်ကြွမှုများဖြင့် ရုတ်တရက် တောက်ပလာခဲ့ကြသည်။
လူတိုင်းတွင် အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ယဲ့လူကြီးမင်း၏ ဦးဆောင်မှုအောက်တွင် ရှန်းနုန် ဆေးဝါးကုမ္ပဏီသည် သေချာပေါက် ဂုဏ်အရှိန်အဝါနှင့် ရောင်ခြည်ကို ပြန်လည် ရရှိလိမ့်မည်ဟု ယုံကြည်ကြသည်။
အပိုင်း ( ၈၅၉ )
နာမည်ကြီး အနုပညာရှင်
မနေ့ညက ခြေထောက်နာသွားသော ယုန်လေးသည်လည်း လိမ်းဆေးအသစ်ကို သုံးပြီးနောက် အမြန်ပြန်ကောင်းလာကြောင်း ဓာတ်ခွဲခန်းမှ သတင်းပေးပို့ခဲ့သည်။
သူတို့၏ လက်ရှိ ခန့်မှန်းချက်များအရ ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာဖွယ်ရှိသည်။
ချီချန်းဖုန်းနှင့် တခြားသူများသည် ဤကဲ့သို့ ရလဒ်များကို အမှန်တကယ် မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း သတင်းထွက်လာချိန်၌ သူတို့မှာ အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။
" ယဲ့လူကြီးမင်း၊ မင်းက တကယ်ပဲ ရှန်းနုန်ဆေးဝါးကုမ္ပဏီရဲ့ ကယ်တင်ရှင်ပဲ။ ရှန်းနုန်ဆေးဝါးကုမ္ပဏီမှာရှိတဲ့ လူတိုင်းကိုယ်စား မင်းကို ငါ အရိုအသေပေးပါမယ် "
ချီချန်းဖုန်းသည် ပြောသည့်အတိုင်း ဒူးထောက်ကာ အရိုအသေပေးတော့မည် ဖြစ်သည်။
ယဲ့ဖန် သူ့ကို အမြန်တားလိုက်သည်။
" ဥက္ကဌချီ၊ ခင်ဗျား ဘာလုပ်နေတာလဲ "
ချီချန်းဖုန်း သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
" ရှန်းနုန်ဆေးဝါးကုမ္ပဏီကို ငါတို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေက တည်ထောင်ခဲ့တာပါ။ ငါတို့ရဲ့ သားသမီးတွေလိုပါပဲ "
" ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒီ 'ကလေး'က တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတာကို မြင်နေရတယ်။ ငါတို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေလည်း စိတ်ပူနေကြပေမယ့် ငါတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက ဆုံးခန်းတိုင်နေပြီ ........ "
လွန်ခဲ့သည့် နှစ်အနည်းငယ်က ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခကို တွေးကြည့်သောအခါတွင် မတတ်နိုင်ဘဲ ဝမ်းနည်းပူဆွေးမိကြသည်။
ချီချန်းဖုန်းသည် ယဲ့ဖန်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
" ဒါပေမယ့် မင်းရောက်လာတာက ငါတို့ကို မျှော်လင့်ချက်တွေ ပေးတယ် "
" ရှန်းနုန်ဆေးဝါးကုမ္ပဏီရဲ့ ဂုဏ်ကျက်သရေကို ငါတို့မြင်နိုင်သရွေ့ ငါတို့တွေ ချက်ချင်း သေသွားရင်တောင် ထိုက်တန်ပါတယ် "
ယဲ့ဖန်သည် သူ့စကားများမှ ရိုးသားမှုကို ခံစားနိုင်သည်။
" အားလုံးပဲ ကျေးဇူးပြုပြီး ဒီလို မပြောပါနဲ့။ ဆေးဝါး ဖွံ့ဖြိုးတိုးတက်ရေးက ပထမအဆင့်ပဲ ရှိပါသေးတယ်။ ထုတ်လုပ်မှုနဲ့ စီမံခန့်ခွဲမှုက လူတိုင်းအပေါ်မှာ မူတည်နေပါတယ်။ ရှန်းနုန်ဆေးဝါးကုမ္ပဏီရဲ့ တက်ကြွမှုကို ပြန်လည်ရရှိဖို့ လူတိုင်း ရွှင်လန်းနေကြမယ်လို့ မျှော်လင့်ပါတယ် "
မာကျန်းသည်လည်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်သည်။
" အရင်တုန်းက ကုမ္ပဏီမှာ မျှော်လင့်ချက်မရှိဘူးလို့ ငါတို့အားလုံး ထင်ခဲ့ကြတာ။ ဒါကြောင့် ငါတို့ အလုပ်တွေ ရှုပ်ယှက်ခတ်နေတော့တယ်။ အခု နောက်ဆုံးတော့ မျှော်လင့်ချက်ကို မြင်လိုက်ရတော့ ကုမ္ပဏီကို ချက်ချင်း ပြန်လည်ဖွဲ့စည်းပြီး ကြီးမားတဲ့ လည်ပတ်မှုတစ်ခုအတွက် ပြင်ဆင်သွားမှာပါ "
ယဲ့ဖန်သည် သူတို့၏ အာမခံချက်ကို အလွန်ကျေနပ်သည်။
" အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုက ပထမအဆင့်ပဲ။ စျေးကွက်ရှာဖွေရေးကို ဆက်လက်လုပ်ဆောင်ဖို့ လိုသေးတယ် "
" ငါတို့ကို ထောက်ခံအားပေးဖို့ နာမည်ကြီးပြီး အရည်အသွေးမြင့်တဲ့ အနုပညာရှင်ကို ရှာနိုင်ရင် အကောင်းဆုံးပဲ။ ဒါမှ ငါတို့ရဲ့ ထုတ်ကုန်တွေက လူငယ်တွေအတွက်လည်း ပိုသင့်လျော်ကောင်း သိကြမှာ "
" လူငယ်တွေက အနာဂတ်ပဲ။ သူတို့ကို ဖမ်းဆုပ်ထားနိုင်သရွေ့ ရှန်းနုန်ဆေးဝါးကုမ္ပဏီ ဒက အချိန်အတော်ကြာအောင် ရှင်သန်နေနိုင်မှာပါ "
မာကျန်းသည် ချက်ချင်းပင် ခေါင်းကို ကုတ်ခြစ်လိုက်သည်။
" ဒါပေမယ့် ကျွန်တော်တို့က ပစ္စည်းအတွက် ကြေညာပြောဆိုပေးတဲ့သူကို တစ်ခါမှ မတွေ့ဖူးဘူး။ လူငယ်တွေက ဘယ်လို နာမည်ကြီးတွေကို ကြိုက်ကြလဲ ဆိုတာလည်း မသိဘူး။ ပြီးတော့ အဲ့လို ပြောရေးဆိုခွင့်ရှိသူ ကြေညာသူကို ငှားတာက ငွေအများကြီး ကုန်တယ်မဟုတ်လား "
သူတို့ကို အစိုးရိမ်ဆုံး ဖြစ်သည်။
ရှန်းနုန် ဆေးဝါးကုမ္ပဏီသည် စျေးကွက်ရှာဖွေရေးအတွက် ငွေကြေးများစွာ သုံးစွဲရန် မတတ်နိုင်ပေ။
ယဲ့ဖန် ခဏလောက် စဉ်းစားလိုက်သည်။
" ဒီကိစ္စကို ကျွန်တော့်ဆီ အပ်ထားလိုက်ပါ "
ထို့နောက် သူ့ဖုန်းကို ထုတ်ပြီး ရှချူးကို ဖုန်းဆက်လိုက်သည်။
.........................
ရှချူးသည် လတ်တလောတွင် အထူးသဖြင့် အလုပ်များနေခဲ့သည်။
" အိပ်မက်သယောင် "ဇာတ်ကား ရိုက်ကူးရေး ပြီးသွားခဲ့ပြီး သူမ၏ ဖျော်ဖြေပွဲ ခရီးစဉ်အတွက် ပြန်လည် ပြင်ဆင်တော့မည်လည်း ဖြစ်သည်။
ဒီနေ့ကဲ့သို့ နားရက်တစ်ရက် ရရန်မှာ မလွယ်၍ အိပ်ချင်နေသည်။
သို့သော် ၆ နာရီတွင် ဖုန်းမြည်သံကြောင့် သူမ နိုးလာသည်။
ချက်ချင်း ဒေါသတကြီးနှင့် ထိုလူကို ကြိမ်းမောင်းရန် ဖုန်းကိုင်လိုက်သည်။
သို့သော် ခေါ်ဆိုသူအမည်ကို တွေ့သောအခါ သူမ၏ ဒေါသသည် ချက်ချင်း ပျောက်ကွယ်သွားပြီး အဆုံးမဲ့ ပျော်ရွှင်မှုဖြင့် အစားထိုးလာခဲ့သည်။
" အစ်မဝမ်၊ အစ်မဝမ်၊ သူက ညီမကို ခေါ်တယ်။ သူက တကယ်ပဲ ညီမကို သူ့ဘက်က စခေါ်တယ် "
အခန်းထဲမှ အပြေးထွက်လာပြီး တခြားအခန်းမှာ အိပ်နေသည့် အစ်မဝမ်ကို တံခါးခေါက် ပြောလိုက်သည်။
အစ်မဝမ်သည် ဖွာနေသော ဆံပင်များဖြင့် ထွက်လာခဲ့သည်။
" ဘာဖြစ်နေတာလဲ၊ မမလေးရှ။ ဒီနေ့ ကောင်းကောင်းရော အနားယူချင်ရဲ့လား။ ဘာလို့ အစောကြီး ထနေတာလဲ "
ရှချူးသည် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးရှေ့တွင် ဖုန်းကို ဝှေ့ယမ်းပြလိုက်သည်။
" သူ ညီမကို ခေါ်တယ်။ တကယ် သူ ညီမကို သူ့သဘောနဲ့သူ ခေါ်လာတာ "
အစ်မဝမ်သည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားသည်။
" ဖုန်းဆက်လိုက်ရုံနဲ့ အရမ်းစိတ်လှုပ်ရှားဖို့ လိုလို့လား "
ရှချူး ပျော်ရွှင်စွာ ပြုံးလိုက်သည်။
" ဘာလို့ အစောကြီး ဖုန်းဆက်တယ် ထင်လဲ။ သူ ညီမနဲ့ စျေးဝယ်ထွက်ချင်တာလား "
" ဒါဆို ဘာဝတ်သွားသင့်တယ် ထင်လဲ။ ဆံပင်ကို ဘယ်လိုပြင်ရမလဲ "
အစ်မဝမ် ချက်ချင်း မျက်လုံးပြူးသွားသည်။
" မြန်မြန် ဖုန်းဖြေလိုက်ပါဦး။ မဟုတ်ရင် သူက ဖုန်းချသွားလိမ့်မယ် "
ရှချူးသည် နောက်ဆုံးတွင် တုံ့ပြန်နိုင်ခဲ့ပြီး သူမ၏ ဆံပင်ကို ခါဖြီးလိုက်သည်။
" အစ်မဝမ် အခု ညီမ ရုပ်ဆိုးနေလား။ အရင်ဆုံး မိတ်ကပ်လိမ်းရမလား "
အစ်မဝမ် ပြောစရာစကားပင် မဲ့သွားရသည်။
" ဒါက ဖုန်းခေါ်ဆိုမှုတစ်ခုပဲလေ။ ကင်မရာမှာတောင် မပေါ်ဘူး။ နင် ဘာကို ကြောက်နေတာလဲ။ မြန်မြန်ဖြေလိုက် "
ရှချူး နောက်ဆုံးတွင် ငြိမ်သက်သွားသည်။
ယဲ့ဖန်က ဖုန်းမချခင်မှာ သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး နူးညံ့စွာ ဖြေလိုက်သည်။
" ဟယ်လို၊ ယဲ့လူကြီးမင်း။ ရှင် ကျွန်မကို ဘာလို့ ခေါ်တာလဲ "
ထို့နောက် ယဲ့ဖန်၏ အသံကို သူမကြားလိုက်ရသည်။
" မင်း အလုပ်များနေတာ မဟုတ်လား "
ရှချူးသည် သူမအား စျေးဝယ်ထွက်ရန် သေချာပေါက် တောင်းဆိုတော့မည်ဟု ခံစားနေရသည်။
သူမ ခေါင်းကို တဆတ်ဆတ် ခါလိုက်သည်။
" မဟုတ်ပါဘူး၊ လုံးဝ မများဘူး "
ယဲ့ဖန် စကားမဆက်ခင် ခဏ စဉ်းစားလိုက်သည်။
" ဒီလိုပါ။ ကိုယ် ဆေးဝါးကုမ္မဏီတစ်ခုကို ၀ယ်ခဲ့တာ။ သူတို့က ဆေးဝါးအသစ်တချို့ကို စတင်ထုတ်လုပ်တော့မှာဆိုတော့ ကြေညာပေမဲ့သူ အရေးပေါ်လိုအပ်နေတာ။ မင်းအကြောင်း ကိုယ် ချက်ချင်းစဉ်းစားမိတာနဲ့ .......... "
သူ့စကား မပြီးခင် ရှချူးက ခေါင်းညိတ်သဘောတူလိုက်သည်။
" ကောင်းပြီ၊ ကျွန်မ သဘောတူတယ် "
အစ်မဝမ် ထိတ်လန့်သွားသည်။
ရှချူး၏ မန်နေဂျာအနေဖြင့် သူမသည် ရှချူး၏ စိတ်ဝင်စားမှုကို ဦးစားပေးရမည် ဖြစ်သည်။
ကုမ္ပဏီ၏ သူဌေးဖြစ်လျှင်တောင် ငြင်းခုံရန်လိုအပ်လျှင် ငြင်းခုံရမည်။
ဒီမိုက်မဲတဲ့ ကောင်မလေးက ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ။
ရှချူးသည် သူမကို လျစ်လျူရှုပြီး ထွက်သွားခဲ့သည်။
သူမ အဆင်သင့်ဖြစ်နေပြီ ဖြစ်သောကြောင့် ယဲ့ဖန် ပြင်ဆင်ထားသော အကြောင်းပြချက်များမှာ အသုံးမဝင်တော့ပေ။
" ဘယ်ကုမ္ပဏီလဲလို့ ဘာလို့ မမေးတာလဲ။ ဘာထုတ်ကုန်လဲ။ စိတ်ချရပါ့မလားရော "
ရှချူး ချိုသာစွာ ပြုံးလိုက်သည်။
" ဒါက ရှင့်ရဲ့ ကုမ္ပဏီဆိုတော့ ထုတ်ကုန်နဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူးလို့ ယုံကြည်ပါတယ် "
ယဲ့ဖန်သည် ခဏမျှ တုံ့ဆိုင်းသွားသည်။
" ဒါပေမယ့် ဒီကုမ္ပဏီက အခု အခက်အခဲတွေ ကြုံနေတော့ အခကြေးငွေ မပေးနိုင်မှာကို စိုးရိမ်မိတယ် .......... "
ရှချူး နားလည်စွာ ခေါင်းညိတ်လိုက်သည်။
" ကျွန်မ သိပါပြီ။ ရှင့်အတွက် အခမဲ့ ကြေညာပေးနိုင်ပါတယ် "
ဘေးမှာရပ်နေသည့် အစ်မဝမ်သည် စိုးရိမ်တကြီးဖြင့် ခြေထောက်ကို လှမ်းနင်းလိုက်သည်။
သူမသည် တကယ့် ပြောမရတဲ့ ကောင်မလေး ဖြစ်သည်။
ထိုဆေးအား ထောက်ခံခြင်းသည်ပင် အလွန်ကြီးမားသော အန္တရာယ်ဖြစ်နေပြီဖြစ်၍ သူမ အလွန်သတိရှိရန် လိုသည်။
ထို့အပြင် ရှချူး၏ လက်ရှိအခြေအနေအရ ထောက်ခံချက်ကြေးမှာလည်း အလွန်မြင့်မားသည်။
အဲ့ဒါကို ဒီကောင်မလေးက ဘယ်လို လွယ်လွယ်နဲ့ သဘောတူနိုင်ရတာလဲ။
သို့သော် သဘောတူလိုက်ပြီး ဖြစ်သည်။
သူမ ဘာဆက်လုပ်နိုင်ဦးမှာမလို့လဲ။
ကံကောင်းထောက်မစွာဖြင့် ယဲ့ဖန်သည် စည်းကမ်းများကို သိလေသည်။
သူမကို အလကားလုပ်ခိုင်းတာ မဟုတ်ချေ။
" ဒါပေါ့၊ မင်းကို သေချာပေါက် အလကား ထောက်ခံခွင့် မပြုနိုင်ဘူး။ ထောက်ခံပေးတဲ့ အခကြေးငွေကို ပေးရမယ်။ ဒါပေမယ့် လောလောဆယ်တော့ ကြေးက အရမ်းကြီးမှာ မဟုတ်ဘူး "
" ပထမတစ်နှစ်စာ လက်မှတ်ထိုးလို့ရတယ်။ ကုမ္ပဏီမှာ လုံလောက်တဲ့ ရံပုံငွေရှိလာတဲ့အခါ ထပ်ပြီး လက်မှတ် ရေးထိုးနိုင်တယ် "
ရှချူးသည် ကန့်ကွက်ခြင်းမရှိပေ။
ယဲ့ဖန်ကုမ္ပဏီကို ထောက်ခံပေးရသည်ကို သူမ လုပ်ရသည်ထက် ပိုပျော်လေသည်။
ဘေးမှာ ရပ်နေသည့် အစ်မဝမ်သည်လည်း သက်ပြင်းချမိသည်။
နည်းနည်းလျော့တာက တစ်ပြားမှ မရတာထက် ပိုကောင်းပါတယ်။
ထို့အပြင် သူမသည် ယဲ့ဖန်၏ အင်အားကို ယုံကြည်သည်။
ထိုဆေးဝါးကုမ္ပဏီမှာ ပြာပုံထဲမှ ပြန်လည်ရှင်သန်လာမည်မှာ သေချာသည်။
ရှချူးသည် ထိုဆေးဝါးကုမ္မဏီမှ အကျိုးအမြတ်ရနိုင်သည်။
ငွေနှင့် တိုင်းတာလို့ မရသည့် တန်ဖိုးတချို့ရှိလာမည်။
ယဲ့ဖန် ဖုန်းကို ချလိုက်ပြီးနောက် မျှော်လင့်နေသော လူအုပ်ကို လှည့်ကြည့်လိုက်သည်။
" ရှချူးက ပြောရေးဆိုခွင့်ရှိသူ ဖြစ်ပေးဖို့ သဘောတူလိုက်တယ်။ ပထမတစ်နှစ် စာချုပ်ချုပ်မယ်။ ထောက်ခံကြေး ၂သန်းပဲပေးမယ် "
လူတိုင်း မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားကြသည်။
သူတို့ ဘယ်လောက်ပဲ မသိနားမလည်ပါစေ ရှချူးအကြောင်းကို အားလုံး ကြားဖူးကြသည်။
နေ့စဉ် ရုပ်မြင်သံကြားကို ဖွင့်လိုက်သည်နှင့် သူမ၏ ကြော်ငြာများ၊ သတင်းများကို မြင်နေရသည်။
ထိုမိန်းကလေးသည် လက်ရှိတွင် ရေပန်းအစားဆုံး အမျိုးသမီး အနုပညာရှင်ဆိုသည်ကို လူတိုင်း သိကြသည်။
ထိုအဆင့်ရှိ နာမည်ကြီးတစ်ယောက်အား ငှားရမ်း လက်မှတ်ထိုးကြေးမှာ အနည်းဆုံး ၁၀သန်းမှ သန်းရာနှင့် ချီသည်အထိ ရှိလိမ့်မည်။
စူပါစတားတစ်ဦးထံမှ ထိုသို့သော ဆက်ဆံမှုမျိုး ရရှိမည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ယဲ့ဖန်သည် ဖုန်းခေါ်ဆိုရုံဖြင့် အမှန်တကယ် ဖြေရှင်းပေးခဲ့ပြီး အလွန်နည်းသော စျေးနှုန်းဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ဤသည်မှာ သူတို့ ယဲ့ဖန်၏ ခွန်အားကို နောက်တစ်ကြိမ် ခံစားခွင့်ရလိုက်ခြင်း ဖြစ်သည်။
ကုမ္ပဏီအား ယဲ့ဖန်ဆီသို့ လွှဲပြောင်းပေးနိုင်ခဲ့ခြင်းမှာ ကောင်းမွန်သော ပုံရိပ်နှင့် အနာဂတ်အတွက် လမ်းစ ဖြစ်ကောင်း ဖြစ်နိုင်လေသည်။
အပိုင်း ( ၈၆၀ )
ယဲ့လူကြီးမင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး
ထိုအကြောင်းကို လူတိုင်းက တွေးပြီး ရင်ခုန်နေကြသည်။
ကျောင်းဖုလင်ထံမှ ရုတ်တရက် ဖုန်းဝင်လာသောအခါ ယဲ့ဖန်သည် သူတို့နှင့် အသေးစိတ်အချက်အလတ်အချို့ကို ဆွေးနွေးတော့မည် ဖြစ်သည်။
" ယဲ့ညီလေး၊ အဲ့ဒီလူက ယန်းချန်မြို့ထဲက ခိုးထွက်နေပြီ။ ငါတို့ လိုက်မမီလိုက်ဘူး "
" သူ့ကို လိုက်ပို့တဲ့လူကို ကောင်းဟူရဲ့ လူတွေက ဖမ်းပြီး ခေါ်သွားကြတယ် "
" ဒီတစ်ခါတော့ ငါ မင်းကို မကူညီနိုင်ခဲ့တဲ့အတွက် တကယ် တောင်းပန်ပါတယ် "
ကျောင်းဖုလင်သည် ထိုကိစ္စကြောင့် သိသာစွာ အရှက်ရနေပြီး ဖုန်းဖြင့် အမြန်တောင်းပန်ခဲ့သည်။
ယဲ့ဖန်သည် ထိုသတင်းကို ကြားသောအခါ သူ စိတ်မပျော်ရွှင်သော်လည်း ကျောင်းဖုလင်ကို နှစ်သိမ့်ပေးနေဆဲ ဖြစ်သည်။
" အစ်ကိုကျောင်း၊ အဲ့လို ပြောမနေပါနဲ့။ ဒီလူတွေက သူတို့ရဲ့ ထွက်ပြေးရာလမ်းကြောင်းကို ကြိုတင်စီစဉ်ထားတာ သေချာတယ်။ တစ်ညလုံး ကောင်းကောင်း မအိပ်ရသေးဘူးမလား။ မြန်မြန်နားပါ "
ကျောင်းဖုလင် သက်ပြင်းချလိုက်သည်။
" ကောင်းပြီ၊ ငါ တခြားဘာမှ မပြောချင်ဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဒီခွေးသား ဘယ်သွားသွား သူ့ကို ဖမ်းမိဖို့ ငါကူညီမယ် "
သူတို့နှစ်ယောက် ခေါ်ဆိုမှု မပြီးဆုံးမီ အချိန်အနည်းငယ်ကြာအောင် စကားစမြည် ပြောခဲ့ကြသည်။
သူဖုန်းချလိုက်သည်နှင့် ကောင်းဟူမှ ဖုန်းဆက်လာသည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်က အလုပ်ကို ကောင်းကောင်း မလုပ်နိုင်ဘဲ အဲ့ဒီခွေးသားကို လွတ်အောင် ထားလိုက်မိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ "
ယဲ့ဖန်သည် ကျောင်းဖုလင်ထံမှ သတင်းကို ကြားသိထားပြီး ဖြစ်၍ အနည်းငယ် ငြိမ်သက်နေသည်။
" လူတစ်ယောက်ကို မင်းတို့ ဖမ်းမိလိုက်တယ်လို့ ငါ ကြားထားတယ်။ သူ့ဆီက အချက်အလက်တစ်ခုခု ရသေးလား "
ကောင်းဟူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
" ကျွန်တော်တို့ သူ့ကို စစ်ဆေးမေးမြန်းနေတာ ကြာပါပြီ။ ဒါပေမယ့် ဒီကောင်က တော်တော်လေး နှုတ်လုံနေတာ။ သူ့ကို အသေသတ်ရင်တောင် ဘာမှ မပြောလောက်ဘူး "
ယဲ့ဖန် မျက်မှောင်ကြုတ်ပြီး ခဏ စဉ်းစားလိုက်သည်။
" လိပ်စာ ပို့ပေး၊ ကိုယ်တိုင် သွားစုံစမ်းမယ် "
ထို့နောက် ဖုန်းချလိုက်သည်။
ကောင်းဟူမှ လိပ်စာကို သူ့ဖုန်းဆီသို့ ပို့လိုက်သည်။
ယဲ့ဖန် ချက်ချင်း ထရပ်ပြီး ချီချန်းဖုန်းနှင့် တခြားသူများကို ညွှန်ကြားလေသည်။
" အစီအစဥ်ကို အရင်ဆက်လုပ်ပါ။ တစ်ခုခုဖြစ်ရင် ကျွန်တော့်ကို ဆက်သွယ်လိုက်။ လုပ်စရာလေး ရှိသေးလို့ အရင်သွားလိုက်ဦးမယ် "
ချီချန်းဖုန်းသည် ကုမ္ပဏီအမှုဆောင်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ကုမ္ပဏီမှ လိုက်ပို့ခဲ့သည်။
ကုမ္ပဏီမှ ဝန်ထမ်းများသည် လူငယ်တစ်ဦးနှင့်အတူ ခေါင်းဆောင်အဖွဲ့ကို တွေ့သောအခါ အနည်းငယ် အံ့သြသွားကြသည်။
ထို့အပြင် ပုံမှန်တွင် ထိုခေါင်းဆောင်များသည် တစ်စုံတစ်ဦးအပေါ် ပိုက်ဆံအကြွေးတင်ထားသကဲ့သို့ ဝမ်းနည်းသည့်ပုံ ပေါက်နေတတ်သည်။
သို့သော် ဒီနေ့တွင်တော့ လူတိုင်း၏ မျက်နှာတွင် ပျားရည်စားထားသကဲ့သို့ ပျော်ရွှင်သည့်အပြုံးများနှင့် ပြည့်နေခဲ့သည်။
ထိုအချက်က ချက်ချင်း သူတို့ကို သံသယနှင့် မသေချာ မရေရာမှုများ ဖြစ်စေခဲ့ပြီး အားလုံးကလည်း ထိုလူငယ်လေး၏ အမည်နှင့် ရာထူးကို မှန်းဆနေခဲ့ကြသည်။
ယဲ့ဖန်သည် သူတို့၏ စိတ်ဓာတ်ကို မြှင့်တင်ရန် သူတို့အား မိန့်ခွန်းပြောရန် စီစဉ်ခဲ့သည်။
သို့သော် ယခုအခါ ထိုတာဝန်များကို ချီချန်းဖုန်းနှင့် အခြားသူများထံသာ လွှဲပြောင်းပေးနိုင်ခဲ့သည်။
" ယဲ့လူကြီးမင်း၊ မင်း မနေ့က ရောက်လာတုန်းက ငါ မင်းကို မလေးစားခဲ့ဘူး။ ငါက အသက်ကြီးပြီး ခေါင်းက မမှန်ဘူး။ မင်းငါ့ကို အပြစ်တင်မှာ မဟုတ်ဘူးလို့ ငါမျှော်လင့်ပါတယ် "
ချီချန်းဖုန်းသည် ယဲ့ဖန်အား ကားဆီသို့ လိုက်ပို့လိုက်သည့်အခါ မတတ်နိုင်ဘဲ သူ တောင်းပန်ရသည်။
မာကျန်းနှင့် အခြားသူများ အနည်းငယ် အံ့သြသွားကြသည်။
ချီချန်းဖုန်းသည် အများအားဖြင့် ပညာမာနကြီးသူ ဖြစ်ပြီး သူ့တစ်သက်တွင် ဘယ်သူ့ကိုမှ ခေါင်းငုံ့မခံခဲ့ဖူးပေ။
ဤကဲ့သို့ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ယဲ့ဖန်သည် သူ့လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။
" ဥက္ကဌချီ၊ ဒီလိုမျိုး ပြောစရာမလိုပါဘူး။ ခင်ဗျားရဲ့ နေရာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့အားလုံးက တစ်လှေတည်းပေါ်မှာ ရှိနေကြတာပါ။ ရှန်းနုန်ဆေးဝါးကုမ္ပဏီရဲ့ အနာဂတ်တွင် ခင်ဗျားတို့ကို အားကိုးပါတယ် "
ချီချန်းဖုန်းနှင့် အခြားသူများက တစ်ညီတည်း ပြန်ဖြေကြသည်။
" ကျွန်တော်တို့ ယဲ့လူကြီးမင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး "
ယဲ့ဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် တခြားဘာမှ ပြန်မပြောဘဲ မောင်းထွက်သွားသည်။
ချီချန်းဖုန်းနှင့် တခြားသူများသည် အဝေးသို့ မောင်းထွက်သွားသော ကားကိုကြည့်ပြီး ခံစားချက်ပေါင်းများစွာ ပြည့်နှက်လာသည်။
" စာအုပ်တစ်အုပ်ကို သူ့ရဲ့အဖုံးနဲ့ အကဲဖြတ်လို့မရဘူး။ ဒီယဲ့လူကြီးမင်းက ငယ်သေးပေမယ့် သူ့ရဲ့ ခွန်အားနဲ့ စိတ်သဘောထား ကျယ်ပြောမှုက ငါတို့တွေတောင် ယှဉ်လို့မရတဲ့ အရာပဲ "
" အရင်တုန်းကတော့ ပါရမီရှင်တွေ ရှိနေတာကို မယုံဘူး။ ဒီနေ့တော့ ဉာဏ်ကြီးရှင်က ဘာလဲဆိုတာကို နောက်ဆုံးတော့ ငါသိလိုက်ပြီ "
" ငါဆို့ သူ့အသက်ကို မေ့သွားပြီး ငါတို့နဲ့တောင် မယှဉ်နိုင်တဲ့ ရင့်ကျက်မှုတွေရှိတယ်လို့ ခံစားရတယ် "
" သူက ငါတို့မြေးနဲ့ အသက်အရွယ်တူပေမယ့် သူပြသခဲ့တဲ့ ခွန်အားနဲ့ စွမ်းရည်တွေက ငါတို့ကို တကယ်ကို အထင်ကြီးစေတာပဲ "
" အဲ့ဒီလို ပါရမီရှင်ကပဲ ရှန်းနုန် ဆေးဝါးကို အသက်ပြန်ရှင်အောင် ဆောင်ရွက်ပေးနိုင်မှာ မဟုတ်လား "
..................................................
ယဲ့ဖန်သည် ကောင်းဟူ၏ လိပ်စာအတိုင်း သင်္ဘောကျင်းနှင့် မဝေးသော ဂိုဒေါင်သို့ မောင်းသွားခဲ့သည်။
ဂိုဒေါင်၏ အဝင်ဝတွင် ချောင်ရှင်းဂိုဏ်းဝင် နှစ်ဦး ရှိသည်။
ယဲ့ဖန်ကို တွေ့သောအခါ သူတို့နှစ်ဦးသည် သူ့ဆီသို့ အမြန်ပြေးလာကာ ကားတံခါးကိုဖွင့်ပေးကြသည်။
" ကောင်းဟူ ဘယ်မှာလဲ "
" ဆရာတို့က သူ့ကို အထဲမှာ စစ်ဆေးမေးမြန်းနေတုန်းပါ။ ဒါပေမယ့် အဲ့ကောင်ရဲ့ ပါးစပ်က အရမ်းတင်းနေတယ်။ လူတစ်ဝက်နီးပါး သေသွားပေမယ့် စကားတစ်ခွန်းမှ မပြောဘူး ........ "
ယဲ့ဖန်အား ဂိုဒေါင်ထဲသို့ ခေါ်သွားရင်း ထိုလူက ပြန်ဖြေသည်။
ချောင်ရှင်း Gangသည် လက်ရှိတွင် အသွင်ပြောင်းရန် အစွမ်းကုန် ကြိုးစားနေသည်။
ထိုဂိုဒေါင်ကို ကုန်ပစ္စည်း သိုလှောင်ရန် ငှားရမ်းထားပြီး ပင်လယ်သို့ ထွက်ရန် အဆင်သင့်ဖြစ်နေသည်။
ကုန်သေတ္တာမျိုးစုံနှင့် ပြည့်နေသည်။
ထိုအချိန် ဂိုဒေါင်အလယ်တွင် လူတစ်ဦးသည် ဂိုဒေါင်၏ သံတန်းမှ ကြိုးဖြင့် ဆွဲထားခံနေရသည်။
တစ်ကိုယ်လုံး ပျော့ဖတ်သည်အထိလည်း ရိုက်နှက်ခံထားရသည်။
သွေးများသည် ဘောင်းဘီမှ မြေပြင်ပေါ်ထိ စီးကျနေသည်။
ကောင်းဟူ သူ့လက်ထဲ၌ ကြာပွတ်ကို ကိုင်ထားပြီး သူ့ကို အဆက်မပြတ်ရိုက်နေသည်။
ချောင်ရှင်းဂိုဏ်းမှ လူများစွာကလည်း သူ့ကို ဝိုင်းရံ၍ ကျိန်ဆဲနေကြသည်။
ယဲ့ဖန် ဝင်လာသည်ကို မြင်ပြီး ကောင်းဟူ သူလုပ်နေတာတွေကို ရပ်လိုက်ကာ ရှက်စိတ်ဖြင့် ခေါင်းငုံ့လိုက်သည်။
" ယဲ့လူကြီးမင်း၊ ဟိုကောင်ကို မဖမ်းနိုင်ရင် ခေါင်းကို ပေးမယ်လို့ မင်းကို ကတိပြုထားပါတယ်။ ကျွန်တော့်ကိုသာ သတ်လိုက်ပါ "
ယဲ့ဖန် သူ့ပုခုံးကို ပုတ်လိုက်သည်။
" အဲ့တာကလပေါ့လျော့မှုကြောင့် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လို့ရမှာ။ ခင်ဗျားကို ဘယ်လို အပြစ်တင်ရမှာလဲ။ အတတ်နိုင်ဆုံး လုပ်ခဲ့တာ သိတယ် "
ကောင်းဟူသည် ချက်ချင်း ရင်ထဲထိသွားသည်။
အကယ်၍ ကောင်းကျူမင်းသာ ဖြစ်ပါက သူ့ကို လွယ်လွယ်နှင့် လွှတ်ထားမှာ မဟုတ်ချေ။
ယဲ့ဖန်သည် အရိုက်ခံရသူဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
" မင်း သိသမျှ ပြောပြရင် ဒဏ်ရာတွေကို ချက်ချင်း ကုပေးပြီး ငွေတစ်ထောင်ပေးမယ် "
ထိုလူ၏ မျက်လုံးများသည် သွေးများဖြင့် ဖုံးလွှမ်းနေသည်။
အချိန်အတော်ကြာပြီးနောက် မျက်လုံးများကို အားယူဖွင့်ကာ သူ့ကို မော့ကြည့်လိုက်သည်။
" ဟားဟားဟား၊ ဒါဆို ချောင်ရှင်းဂိုဏ်းက လူတွေ အားလုံးက ကြောင်ပေါက်လေးရဲ့ စကားကို နားထောင်နေကြတာလား။ ရယ်ရင်း သေတော့မယ် ဟား ....... "
ကောင်းဟူသည် ချက်ချင်း ဒေါသတကြီးဖြစ်သွားကာ ထပ်မံ ရိုက်နှက်ခဲ့သည်။