အပိုင်း ၈၆၅-၈၆၈
Vol. 44 Ch. 865-868
အပိုင်း ( ၈၆၅ )
ကိုယ့်မှာ အလှအပဆိုင်ရာ နည်းလမ်းတစ်ခု ရှိတယ်။
ချန်းရွှမ်သည် ကုမ္ပဏီမှ အပြေးအလွှား ပြေးလာခြင်း ဖြစ်နိုင်သည်။
သူမသည် အနက်ရောင်ဝတ်စုံကို ၀တ်ထားဆဲဖြစ်ပြီး စူပါမားကတ်မှ ဟင်းသီးဟင်းရွက်အိတ်ကြီးတစ်လုံးကို သယ်ဆောင်လာခဲ့သည်။
ဝင်လာပြီးသည်နှင့် ယဲ့ဖန်အတွက် အရသာရှိသည့် ညစာကို သူမကိုယ်တိုင် ချက်ပေးချင်သည်ဟု ပြောလေသည်။
ယဲ့ဖန်သည် သူမကို တားရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် သူမကို မဆွဲဆောင်နိုင်ခဲ့ချေ။
ထို့ကြောင့် သူမကို လွှတ်ထားလိုက်ရတော့သည်။
သူသည် သူမကို စိတ်ပူခြင်း မဟုတ်ဘဲ သူ မနက်ဖြန် အသက်ရှင်လျက် ထွက်မသွားနိုင်မည်ကို ကြောက်နေခြင်းသာ ဖြစ်သည်။
သူမရဲ့ ချက်ပြုတ်မှုမှာ ပြဿနာတစ်ခုခု ရှိလာနိုင်မလားဆိုတာ ဘယ်သူသိမှာလဲ။
" အခုတလော အလုပ်တွေ အရမ်းရှုပ်နေတာလား "
ယဲ့ဖန်သည် သူမနောက်သို့ လျှောက်သွားပြီး သွယ်လျသော ခါးလေးကို ဖက်ထားလိုက်သည်။
" ကံကောင်းလို့ ဌာနခွဲ ကုမ္ပဏီကို တည်ထောင်နိုင်လိုက်ပြီး မကြာခင် ပုံမှန်အတိုင်းလည်ပတ်နိုင်တော့မှာ "
ချန်းရွှမ်သည် ဟင်းချက်နေရင်း ပြုံးလျက် ပြန်ဖြေသည်။
သူမသည် ဟင်းချက်သည့် အေပရွန်ကို ၀တ်ထားသည်ဖြစ်၍ ထို၀တ်စုံသည် သူမနှင့် အလွန်လိုက်ဖက်ကာ တကယ့် အိမ်ထောင်ရှင်မလေး၊ မိခင်ကောင်းလေးနှင့် တူလှသည်။
ယဲ့ဖန်သည် သူမ၏ မျက်လုံးရှေ့တွင် ကျနေသော ဆံပင်အနည်းငယ်ကို သပ်လေးလိုက်သည်။
" မင်း အမြဲတမ်း အရမ်းအလုပ်များတာ။ အသက်မြန်မြန်ကြီးရင့်မလာဖို့ သတိထားဦး။ နောက်ကျ မင်းနဲ့ကိုယ် ဈေးဝယ်ထွက်တဲ့အခါ လူတွေက မင်းကို ကိုယ့်အမေလားလို့ မေးလိမ့်မယ် "
ချန်းရွှမ် ခါးနားက သူ့လက်ကို ပုတ်ထုတ်လိုက်သည်။
" မမှားပါဘူး၊ နင်ကမှ အသက်ပိုပိုကြီးလာတာ "
ယဲ့ဖန် သူမနဖူးကို ညွှန်ပြသည်။
" ကိုယ့်ကို မယုံရင် မင်းရဲ့ နဖူးပေါ်က ဒီအရေးအကြောင်းတွေကို ကြည့်လိုက် "
" အား "
ချန်းရွှမ်သည် သူ့လက်ကို အမြန်ဖြုတ်ကာ ဓားကိုကိုင်လျက် ရေချိုးခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။
သူမ ပါးစပ်ကလည်း တရစပ် ပြောနေသည်။
" ဘာလို့ အရေးအကြောင်းတွေ ရှိနေတာလဲ။ မဖြစ်နိုင်ဘူး ....... "
ခဏအကြာတွင် ဒေါသတကြီးဖြင့် ပြန်ထွက်လာသည်။
" ယဲ့ဖန်၊ နင်ငါ့ကို လိမ်ပြောတာလား။ အရေးအကြောင်းတွေ ဘယ်မှာရှိလို့လဲ "
ယဲ့ဖန် ဝမ်းသာအားရ ရယ်လိုက်သည်။
" ဒါက မင်းအတွက် သတိပေးချက်ပါ။ အနာဂတ်မှာ မင်း ဒီလောက် ဆက်တိုက် အလုပ်ရှုပ်နေတယ်ဆိုရင် အနှေးနဲ့အမြန် အရေးအကြောင်းတွေ ဖြစ်လာလိမ့်မယ် "
ချန်းရွှမ်သည် မီးဖိုချောင်သို့ ပြန်သွားပြီး ဟင်းချက်သည်။
" လျှောက်ပြောမနေနဲ့။ ငါ နေ့တိုင်း မျက်နှာကို ပေါင်းတင်တဲ့မက်စ် တပ်တယ်။ ငါ့ကိုယ်ငါ ကောင်းကောင်းလည်း ဂရုစိုက်တယ် "
ယဲ့ဖန် ဆိုးသွမ်းစွာ ပြုံးလိုက်သည်။
" မျက်နှာကို မက်စ်တပ်ရုံနဲ့ အဆင်မပြေဘူး။ ကိုယ့်မှာ အလှအပအတွက် နည်းလမ်းတစ်ခုရှိတယ်။ စမ်းကြည့်ချင်လား "
ချန်းရွှမ်၏ မျက်လုံးများ တောက်ပလာသည်။
ဒီကောင်လေး၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုသည် အလွန် ကောင်းသည်ဖြစ်ကြောင်း သူမ သိထားသည်။
သူ့တွင် လျှို့ဝှက်နည်းတစ်ခု ရှိကောင်းရှိနေနိုင်သည်။
" ပြောပြပါဦး။ ဘာနည်းလမ်းလဲ "
ယဲ့ဖန် သူမကို မျက်ခုံးပင့်ပြလိုက်သည်။
" အဲ့တာတွေကို များများစားရင် မင်းရဲ့ အလှအပကို ထိန်းသိမ်းနိုင်မယ်လို့ ကြားဖူးတယ် "
" အဲ့တာက ဘာလဲ "
ချန်းရွှမ်သည် ယဲ့ဖန် ဘာကိုဆိုလိုသည်မှန်း နားမလည်ပေ။
သို့သော် ယဲ့ဖန်၏ မျက်နှာပေါ်မှ လိမ္မာပါးနပ်သည့် အပြုံးကို မြင်လိုက်ရသည့်အခါ တစ်ခုခု မကောင်းတော့ကြောင်း သူမ သိလိုက်သည်။
ခဏကြာပြီးနောက် သူမ၏ အကြည့်တွေက တဖြည်းဖြည်း အောက်သို့ ရွေ့လာပြီး သူမ ချက်ချင်း သဘောပေါက်သွားသည်။
ကျန်းယုံထင်းသည် ဟိုတုန်းက သူမအား အင်တာနက်ပေါ်တွင် ထိုအကြောင်း မြင်ဖူးပြီး စားခဲ့ဖူးကြောင်း လျှို့ဝှက်စွာပြောခဲ့ဖူးသည်ကို သူမ ရုတ်တရက် သတိရမိလေသည်။
ထိုအရာသည် အလှအပအတွက် အသုံးပြုနိုင်သည်ဟု ဆိုကြလေသည်။
ထိုအချိန်တွင် သူမသည် ကျန်းယုံထင်းအား မသိဘဲ လျှောက်လုပ်သည်ဟုပင် ဆူပူခဲ့သည်။
" ယဲ့ဖန်၊ နင် ...... နင်ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်ဖို့ ကြိုးစားနေတာလား "
သူမသည် ချက်ချင်း ဒေါသတကြီးဖြင့် မျက်မှောင်ကြုတ်ကာ သူ့ကို စိုက်ကြည့်နေသည်။
" ကျွန်တော် ဘာမှမပြောရသေးတာကို အစ်မက အကုန်သိနေတာလား။ အမှန်တိုင်းပြော။ နေ့တိုင်း ဘာတွေ အလုပ်များနေတာလဲ "
ယဲ့ဖန်သည် ကစားပွဲကို ချက်ချင်း လှည့်လိုက်သည်။
ယဲ့ဖန်မှ ထိုသို့ ပြောသည့်အခါ ချန်းရွှမ်သည် ရှက်ရွံ့ဒေါသဖြစ်ခဲ့ရသည်။
" ထွက်သွားတော့။ ငါ နင့်ကို မတွေ့ချင်တော့ဘူး "
ထိုသို့ဖြင့် မီးဖိုချောင်ထဲမှ မောင်းထုတ်လိုက်သည်။
ယဲ့ဖန် ဧည့်ခန်းထဲသို့ ပြန်သွားပြီး သူ့ဖုန်းနှင့် ခဏဆော့နေရန်မှ လွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။
အတော်ကြာပြီးနောက် အစားအသောက်များ အဆင်သင့်ဖြစ်လာသည်။
ထိုအမျိုးသမီးလေးသည် သူ့အား တမင်တကာ လက်စားချေနေခြင်းလားဆိုသည်ကို သူ မသိတော့ချေ။
အကြောင်းမှာ ဟင်းတွေက အလွန်ငန်နေခြင်းကြောင့် ဖြစ်သည်။
သို့သော် သူမ၏ မျှော်တကြီး ဖြစ်နေသော အမူအရာကို မြင်သောအခါ သူ၏ ထိုအတွေးကို ပယ်ဖျက်လိုက်သည်။
ဒါက သူမရဲ့ ဟင်းချက်တဲ့ ပုံမှန်စံနှုန်းလား။
" အရသာ ဘယ်လိုနေလဲ "
ချန်းရွှမ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
" ဘုရားသခင်က တရားမျှတတယ်ဆိုတာ ကိုယ်ယုံကြည်တယ် "
ယဲ့ဖန် မရှင်းလင်းစွာ ပြောလိုက်သည်။
" ဘာကိုဆိုလိုတာလဲ "
ချန်းရွှမ် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
" သူက မင်းအတွက် ပြတင်းပေါက်တစ်ခု ဖွင့်ပေးတဲ့အခါ မင်းဆီက တံခါးတစ်ခုကို ပိတ်သွားလိမ့်မယ်။ မင်းကို အလှတရားနဲ့ ဉာဏ်ပညာကို ပေးပြီးတဲ့အခါ တခြားအရာတွေ ယူသွားလိမ့်မယ် "
ယဲ့ဖန်သည် ဆက်လက်၍ သွယ်ဝိုက်လျက်သာ ပြောနေသည်။
ဥက္ကဌချန်းရဲ့ ဉာဏ်ရည်ဥာဏ်သွေးနဲ့ သူ ပြောနေတဲ့ ဆိုလိုရင်းကို သူမ ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ။
" အစားအသောက်က ဆိုးလွန်းတယ်လို့ ပြောနေတာလား "
ယဲ့ဖန်သည် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။
" အဲ့ ..... အဲ့တာက အရသာမကောင်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် .... ဖြစ်နိုင်တာက .... မင်းရဲ့ ပုံမှန်အဆင့်အတိုင်း မချက်ခဲ့လို့ ဖြစ်မှာပါ "
သူ့စကားသည် သူ့ဆန္ဒကို အနည်းငယ် ဆန့်ကျင်နေသော်လည်း ယနေ့ညတွင် ခံစားရမည့် ပျော်ရွှင်လေး မပျောက်သွားစေရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။
ချန်းရွှမ် စိတ်ကျေနပ်မှု မရသော်လည်း ယဲ့ဖန်၏ ရှင်းပြချက်ကို ကျေနပ်စွာ လက်ခံလိုက်လေသည်။
" အဲ့တာ ငါက ပုံမှန်အတိုင်း ချက်နေတာကို နင်က လာနှောင့်ယှက်နေလို့ "
ယဲ့ဖန် အမြန် ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ် ဟုတ်တယ် အဲ့တာ ကျွန်တော့်အပြစ်ပါ "
ချန်းရွှမ်သည် ပန်းကန်ပြားများကို ချက်ချင်း ထောက်ပြသည်။
" ဒါဆို အပြစ်ပေးတဲ့ အနေနဲ့ ဒီဟင်းတွေ အကုန်လုံး စားရမယ် "
ယဲ့ဖန်သည် အလွန် အားကိုးရာမဲ့ ဖြစ်နေခဲ့သည်။
" ဟုတ်ပါပြီ၊ ကျွန်တော် စားပါ့မယ် "
ယဲ့ဖန်သည် စားနေသည်နှင့် သူ့စိတ်ထဲတွင် လှောင်ရယ်နေလိုက်သည်။
အပြစ်ပေးတာတဲ့လား။
အရမ်းကောင်းတယ်။
အခု ပိုစားတိုင်း၊ နောက်တစ်မိနစ်လောက်ကြာတာနဲ့ မင်းကို အပြစ်ကောင်းကောင်း ပြန်ပေးပြမယ်။
သူ့စိတ်ကူးက လှသော်လည်း လက်တွေ့က ရက်စက်လှသည်။
သူသည် အလုတ်တစ်ရာကျော်ကို စားနိုင်သော်လည်း ချန်းရွှမ်မှာ တစ်ဝက်ပင် မခံနိုင်ပေ။
" ရှောင်ဖန်၊ ဒီတစ်ခါ ကာစီနိုနယ်မြေကို သွားရတာ တကယ်ကို လုံခြုံရဲ့လား "
ချန်ရွှန်း၏ မျက်နှာသည် နီမြန်းလျက် သူ့လက်မောင်းကြားတွင် လှဲနေသည်။
ထိုအချိန်တွင် သူမသည် CEOကြီးတစ်ယောက်၏ အရောင်အဝါ မရှိတော့ချေ။
မိန်းကလေးငယ်လေး တစ်ယောက်၏ အနေအထားလေးသာ လုံးဝ ရှိနေသည်။
" စိတ်မပူပါနဲ့၊ ကိုယ်နဲ့ လိုက်မယ့် သူငယ်ချင်းကလည်း အရမ်းသန်မာတာ။ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်လို့ရတယ် "
ယဲ့ဖန် သူမနဖူးပေါ်မှ ကျနေသည့် ဆံပင်တွေကို ဖယ်ပေးပြီး ချွေးတွေကို သုတ်ပေးလိုက်သည်။
" နင့်သူငယ်ချင်းက ယောက်ျားလေးလား။ မိန်းကလေးလား "
အမျိုးသမီးတစ်ဦး၏ ထူးခြားသော အာရုံခံနိုင်စွမ်းဖြင့် သူမသည် အဓိကအချက်ကို ချက်ချင်း ဆုပ်ကိုင် မေးမြန်းခဲ့သည်။
" ဘာလဲ။ ယောက်ျားလေးလား မိန်းကလေးလားဆိုတာ အရေးကြီးလို့လား "
ယဲ့ဖန် ရယ်မောလိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။
" ဒါဆို မိန်းကလေး မဟုတ်လား။ သူမက လှတယ်မလား "
ချန်းရွှမ်၏ လှပသော မျက်လုံးလေးများက သူ့ကို တည့်တည့်စိုက်ကြည့်နေသည်။
" ဟားဟားဟား၊ တရုတ်ပြည်ရဲ့ နေရာတိုင်းမှာ အလှလေးတွေ ရှိတယ်လို့ ထင်နေတာလား။ စဉ်းစားကြည့်ပါဦး၊ သိုင်းအစွမ်းထက်တဲ့ မိန်းကလေးတစ်ယောက်က ရုပ်ရည် ချောမောနိုင်ပါဦးမလား။ သူက ကိုယ့်ထက်တောင် သန်မာသေးတယ် "
ယဲ့ဖန်သည် ချန်ဖေးအယ်၏ ချောမောလှပသော ရုပ်အသွင်အပြင်ကို တွေးပြီး သူ့နှလုံးသားဖြင့် ဆန့်ကျင်သည့် အရာတစ်ခုကို ပြောလိုက်သည်။
" ကောင်းပြီလေ။ လှတယ်ဆိုရင်တောင် ရပါတယ်။ နင့်ကို ယုံတယ် "
ချန်းရွှမ် ချိုသာစွာ ပြုံးပြပြီး စိတ်သက်သာရာ ရသွားသည်။
" ဟုတ်တယ်။ သူမက ဘယ်လောက်ပဲ လှနေပါစေ ကိုယ့် မမရွှမ်လောက် လှနိုင်ပါ့မလား။ လာ၊ ထပ်လုပ်ရအောင် "
ယဲ့ဖန် ပြောရင်းဖြင့် သူ့လက်များက လှည့်ကွက်တွေကို ပြန်လည် စတင်ကစားတော့သည်။
ထိုအချိန်တွင် ချန်းရွှမ်၏ ဖုန်းသည် မသင့်လျော်သည့် အချိန်၌ မြည်လာလေသည်။
ချန်းရွှမ် ဖုန်းကို ကောက်ကိုင်ကြည့်လိုက်သည်။
ထို့နောက် သူ့ကို ပြုံးပြကာ တောင်းပန်လိုက်သည်။
" ယုံထင် ခေါ်တာပဲ။ ကုမ္ပဏီမှာ တစ်ခုခုဖြစ်နေတာ ထင်တယ်။ ငါအရင်သွားရမယ် "
စကားပြောရင်း သူမ အဝတ်အစားတွေ ပြန်ဝတ်နေသည်။
ယဲ့ဖန် စိတ်ပျက်သွားသော်လည်း မတ်တပ်ရပ်ပြီး သူမကို လိုက်ပို့ပေးသည်။
ချန်းရွှမ် လှည့်ပြီး ထွက်မသွားခင် နှစ်ယောက်သား တံခါးဝ၌ ခဏအကြာ နှုတ်ဆက်နေကြသည်။
ယဲ့ဖန် တံခါးပိတ်ပြီး ပြန်အိပ်တော့မည် ဖြစ်သည်။
ထိုအချိန် လက်ကလေးတစ်ဖက်က ရုတ်တရက်ဆိုသလိုပင် တံခါးကို လှမ်းဆွဲတားလိုက်သည်။
ထို့နောက် ဖန်းကျန်းဝူမှ မျက်နှာငယ်လေးဖြင့် ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
" သခင်၊ ဝန်ဆောင်မှုတစ်ခုခု လိုသေးလား "
...................................................
နောက်နေ့မနက်တွင် ယဲ့ဖန်သည် ချန်းဖေးအယ်နှင့် တွေ့ဆုံရန် လေဆိပ်သို့ အပြေးအလွှား သွားသောအခါ သူ့အခြေအနေမှာ အတော်လေး အားယုတ်နေခဲ့သည်။
ချန်းရွှမ် မနေ့ညက ထွက်သွားပြီးနောက် သူ ကောင်းမွန်စွာ အနားယူနိုင်မည်ဟု သူ ထင်ခဲ့သည်။
သို့သော် တွယ်ကပ်နေတတ်သော ကြောင်လေးတစ်ကောင်ဖြစ်သည့် ဖန်းကျန်းဝူမှ ထပ်ရောက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။
သခင်အနေဖြင့် သူ့အိမ်သို့ အရင်ရောက်လာသော အစေခံအား သနားညှာတာ ဆုချသည့်အနေဖြင့် သဘာဝအတိုင်း ဆုချရမည်ဖြစ်သည်။
ညဒုတိယပိုင်းတွင် ယဲ့ဖန်သည် ကြိုး၏ အဆုံးတွင် ရှိနေပြီဖြစ်ပြီး လက်လျှော့ချင်လာသည်။
သို့သော် ထိုအခိုက်အတန့်တွင် ရက်ပေါင်းများစွာ မတွေ့မြင်ခဲ့ရသော ဖုန်းကျင်းရီသည် သူ မနက်ဖြန် သွားမည့်သတင်းကို ကြားပြီး အပြေးလာခဲ့သည်။
သူ့အား ခစားရန် သူမဘက်မှ အစပြုပြီး ရောက်လာသော ကိန္နရီလေးကို မျက်နှာလွှဲခဲပစ် မလုပ်နိုင်ပေ။
တစ်ယောက်တည်းကိုပဲ မျက်နှာသာပေး၍ မရသောကြောင့် နောက်ထပ် ဒုက္ခလှလှလေးကို ဖြတ်သန်းခဲ့ရသည်။
ဖုန်းကျင်းရီ ပထမဆုံးအကြိမ်၌ ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ခဲ့ချေ။
ဤတစ်ကြိမ်တွင် သူမသည် အရည်အချင်းပြည့်မီသော 'အငယ်အနှောင်း'အသွင်ကို ပြီးပြည့်စုံစွာ ရရှိသွားပြီး တိုက်ခိုက်ရေးစွမ်းရည်ကို နောက်ဆုံးတွင် ပြသခဲ့သည်။
တကယ်ကို ပြင်းထန်ခဲ့သည်။
ဖန်းကျင်းဝူ၏ အနိုင်ယူလိုစိတ်ကိုလည်း သူမက နှိုးဆွခဲ့ပြီး သူတို့ နှစ်ဦးသည် ယဲ့ဖန်ကို တပြိုင်နက် စတင်ခစားလာခဲ့သည်။
ယဲ့ဖန်သည် အိပ်ခန်းတွင်း နည်းပညာပုံစံ ၇၂မျိုးကို အသုံးပြုခဲ့သော်လည်း မိန်းမလှလေးနှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရင်း သူ သေလုနီးပါး ဖြစ်ခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ယောက်ျားတစ်ယောက်အဖြစ် မျက်နှာဆယ်နိုင်ခဲ့ပြီး သူတို့နှစ်ဦးကို ဝလင်စွာ ကျွေးမွေးနိုင်ခဲ့သည်။
ချန်ဖေးအယ်သည် ယဲ့ဖန်မှ ချောင်ကျနေသော မျက်နှာဖြင့် နှုတ်ပင်မဆက်နိုင်သည်ကို မြင်နေရသည်။
" ရှင် ကျွန်မစကား နားမထောင်ဘူပဲ။ မနေ့ညက ကောင်းကောင်း အနားမယူခဲ့ရဘူးမလား "
အပိုင်း ( ၈၆၆ )
စုံတွဲအဖြစ် ဟန်ဆောင်ခြင်း။
ယဲ့ဖန် သမ်းဝေလိုက်သည်။
" မင်းတို့လို တစ်ယောက်တည်းသမားတွေ နားမလည်နိုင်တဲ့ အရာတွေ ရှိတယ် "
ချန်ဖေးအယ် ဟွန်းခနဲ အသံပြုပြီး ချက်ချင်း ပြောလိုက်သည်။
" မင်းရဲ့ ကောင်မလေးတွေအတွက် စီစဉ်ပြီးပြီလား။ ကျွန်မတို့ရဲ့ လုံခြုံရေးအဖွဲ့ကနေ ကာကွယ်ပေးဖို့ လူလွှတ်ပေးရဦးမလား "
ယဲ့ဖန်သည် ဒီအကြိမ် ယန်းချန်မြို့မှ ထွက်ခွာသည့်အခါ နျုံစစ်သွမ်းနှင့် အခြားရန်သူများသည် သူ့အနီးနားရှိ လူများကို ပစ်မှတ်ထားမည် မဟုတ်ကြောင်း အာမခံရန် ခက်ခဲလေသည်။
ထိုအချက်ကို သူ သတိထားရပေမည်။
" မလိုအပ်ဘူး။ ကိုယ် စီစဉ်ထားပြီးသား "
သူမ၏ ကြင်နာမှုကို ချက်ချင်း ငြင်းပယ်လိုက်သည်။
အမှန်တွင် သူနှင့် ရင်းနှီးသည့် မိန်းကလေးများထဲမှ ကျူးရှောင်ကျောင်း၏ လုံခြုံရေးသည် သူစိုးရိမ်ရန် လိုသည့်အရာ မဟုတ်ချေ။
အနည်းဆုံး တရုတ်နိုင်ငံအတွင်း၌ သူမကို ဘယ်သူကမှ မထိရဲလောက်ကြသည်မှာ သေချာသည်။
ရှုကျင်းရှင်း၏ မိသားစုသည်လည်း တောင်ပိုင်းကွမ်တုန်းပြည်နယ်တွင် ဒေသခံအာဏာရှင်တစ်ဦး ဖြစ်လေသည်။
ဧကရာဇ်ကို ဘယ်သူက စော်ကားရဲမှာလဲ။
တခြားမိန်းကလေးများသည်လည်း ထူးခြား သော မိသားစုနောက်ခံများ ရှိကြသည်။
ထို့ကြောင့် သူတို့အတွက် စိတ်ပူရန် မလိုချေ။
တစ်ဦးတည်းသော အန္တရာယ်ရှိသူမှာ ချန်းရွှမ် ဖြစ်သည်။
သူတို့နှစ်ဦးသည် အလွန်ရင်းနှီးကြပြီး သူမတွင် ခိုင်မာသော နောက်ခံမရှိပေ။
သူမသည် ယဲ့ဖန်အား ကလဲ့စားချေရန် ပစ်မှတ်ဖြစ်လာနိုင်ဖွယ် ရှိသည်။
ထို့ကြောင့် သူသည် ဖန်းကျင်းဝူအား ဒီနေ့မနက်တွင် လျှို့ဝှက်ကာကွယ်ပေးရန် စီစဉ်ခဲ့ပြီးဖြစ်သည်။
သူမ၏ ခွန်အားဖြင့် လူတစ်ဦးကို ကာကွယ်ရန် လုံလောက်သည်ထက် ပိုလေသည်။
ချန်ဖေးအယ်သည် ယဲ့ဖန်မှ စီစဉ်ထားပြီးသား ဖြစ်သည်ကို တွေ့လိုက်ရသည်၊ဒ။
ထို့ကြောင့် သူမ နောက်ထပ် ဘာမှပြန်မပြောတော့ဘဲ လက်မှတ်ကို သူ့ဆီ ပေးလိုက်သည်။
ယဲ့ဖန် လက်မှတ်ကိုယူပြီး ကြည့်လိုက်သည်။
သူ့အမည်မှာ အတုဖြစ်နေပြီး နာမည်သည် ဖန်ယဲ့ ဖြစ်နေသည်။
သူ့နာမည်နှင့် ဆန့်ကျင်ဘက် လုပ်ထားတာဖြစ်ရမည်။
ထို့နောက် ချန်ဖေးအယ်မှ သူ့ကို ရှင်းပြသည်။
" ဒါက လျှို့ဝှက်စစ်ဆင်ရေး တစ်ခုပဲ။ လုပ်ဆောင်ချက် မအောင်မြင်ရင် လုံခြုံရေးအဖွဲ့က ကျွန်မတို့ကို အသိအမှတ် ပြုမှာ မဟုတ်ဘူး "
" ရှင်က ယန်းချန်မြို့ကလာတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူဖြစ်ပြီးတော့ ကျွန်မက ရှင့်ရဲ့ ချစ်သူကောင်မလေး။ ကျွန်မတို့ အတူတူ အားလပ်ရက် အပန်းဖြေဖို့ လာခဲ့တာ ...... "
ယဲ့ဖန်သည် သူမ၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင် သူ့လက်ကို ပုခုံးပေါ် ကျွမ်းကျင်စွာ တင်လိုက်သည်။
" ဒါက အတွဲအဖြစ် ဟန်ဆောင်တာပဲ မဟုတ်လား။ ကိုယ် ဒီလိုမျိုးကို ကောင်းကောင်း ကျွမ်းတယ် "
ချန်ဖေးအယ်သည် သူ၏ သိမ်ဖျင်းသော အပြုအမူကြောင့် အနည်းငယ် စက်ဆုပ်သွားပြီး ချက်ချင်း လက်ကို ဖယ်လိုက်ချင်သည်။
" သရုပ်ဆောင်ရမယ်ဆိုမှတော့ ပိုပြီးတော့ ပီပြင်အောင် ကြိုးစားရမှာပေါ့။ လေဆိပ်မှာ ကာစီနိုရုံကလူတွေ မင်းကို စောင့်ကြည့်မနေလောက်ဘူးဆိုတာ မင်း ဘယ်လိုသိလဲ။ တောင်းပန်တာထက် ကာကွယ်တာ ပိုကောင်းတယ်၊ ရဲဘော် "
ယဲ့ဖန်၏ လမ်းညွှန်မှုအောက်တွင် ချန်ဖေးအယ်သည် တားဆီးခြင်း မရှိတော့ဘဲ သူ့ကို ပွေ့ဖက်ရန် ခွင့်ပြုလိုက်သည်။
သူမသည် ယနေ့တွင် ခါတိုင်းနှင့် မတူအောင် ဝတ်ဆင်ထားသည်။
သူမသည် ယောက်ျားဆန်သော အဝတ်အစားများ မဝတ်ထားချေ။
ထိုအစား သူမသည် ဒူးဖုံးလောက်ရှိသည့် အနက်ရောင် စကတ်တိုကို ၀တ်ထားသည်။
ယဲ့ဖန်၏ အမြင်အရ ထိုပုံစံမှာ အနည်းငယ် ရှေးရိုးဆန်လွန်းနေသေးသည်။
ပိုတိုရင် ပိုကောင်းမယ်။
သူမသည် ကိုယ်ခံပညာကို အချိန်အတော်ကြာ လေ့ကျင့်ထားသောကြောင့် သူမ၏ ရှည်လျားသော ခြေတံများသည် ခွန်အားအပြည့်ဖြစ်နေပုံ ပေါ်သည်။
ကြွက်သားများ ထင်းလွန်းနေသည် မဟုတ်သလို သိသာထင်ရှားသော ကြွက်သားများတော့ မရှိပေ။
သူမသည် ဒေါက်မြင့်ဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။
ဒေါက်ဖိနပ်သည် အလွန်မမြင့်သော်လည်း သူမသည် ထိုသို့ ဖိနပ်မျိုးကို ဝတ်လေ့မရှိသည်မှာ သိသာထင်ရှားနေပြီး လမ်းလျှောက်သည့်ပုံစံမှာလည်း ထူးဆန်းနေသည်။
" အစ်မ၊ နောက်ဆိုလည်း ဒီလိုမျိုး ဆက်ဆီကျအောင် ဝတ်လို့ မရဘူးလား "
ယဲ့ဖန် သည်းမခံနိုင်တော့ဘဲ ပြောလိုက်မိသည်။
" ဝတ်ချင်တယ်လို့ ထင်နေလား။ ဒီလိုမျိုးကို ကပ္ပတိန်က ဝတ်ခိုင်းလို့။ ဒါက ရန်သူကို ရှုပ်ထွေးစေမယ်လို့ သူမက ပြောတယ် "
ချန်ဖေးအယ် မကျေမနပ်ဖြစ်မိသည်။
" ဟုတ်တယ်၊ ဒီအပြုအမူက တကယ်ကို စိတ်ရှုပ်စရာ ကောင်းတယ် "
ယဲ့ဖန် သူ့နှုတ်ခမ်းကို ဖိလိုက်ပြီး ဘာမှ မပြောတော့ချေ။
မကြာမီမှာပင် လေယာဉ်ပေါ်ရမည့် ကြေညာချက်ကို ကြေငြာပြီးနောက် ယဲ့ဖန်နှင့် ချန်ဖေးအယ်တို့သည် သူတို့၏ ခရီးဆောင်အိတ်ကို ယူဆောင်လျက် လေယာဉ်ပေါ် တက်ခဲ့သည်။
သူတို့ နာရီဝက်လောက် စကားမပြောဖြစ်ခဲ့ကြချေ။
သူတို့၏ လေယာဉ်သည် ကာစီနိုနယ်မြေလေဆိပ်၌ ဆင်းသက်ခဲ့သည်။
ချန်ဖေးအယ်၏ အဆိုအရ လုံခြုံရေးအဖွဲ့သည် သူတို့အတွက် ဟိုတယ်တစ်ခု စီစဉ်ပေးထားပြီး ဖြစ်သည်။
သူတို့နှစ်ယောက်သည် လေဆိပ်မှ ထွက်ခွာပြီးနောက် ဟိုတယ်သို့ တက္ကစီဖြင့် သွားခဲ့ကြသည်။
သို့သော် သူတို့နှစ်ဦး ဟိုတယ်သို့ ရောက်သည့်အခါ အနည်းငယ် အံ့သြသွားကြသည်။
ဟိုတယ်၏ အဆင့်အတန်းမှာ အတော်လေးမြင့်သည်။
ကြယ်စုဝေးဟု ခေါ်သော ကြယ်ငါးပွင့်ဟိုတယ်တစ်ခု ဖြစ်သည်။
သို့သော် သူတို့အား ရှက်စေသည့်အရာမှာ လုံခြုံရေးအဖွဲ့သည် သူတို့နှစ်ဦးအတွက် အခန်းတစ်ခန်းတည်းသာ စီစဉ်ပေးထားခြင်းဖြစ်သည်။
ချန်ဖေးအယ် ထိတ်လန့်သွားပြီး ဖုန်းခေါ်ရန် ဖုန်းကို အမြန်ထုတ်လိုက်သည်။
သို့သော် ရလဒ်မှာ ထင်ထားသလို မဟုတ်မှန်း သိသာထင်ရှားသည်။
မည်းနက်နေသော မျက်နှာထားဖြင့် သူမ အမြန်ပြန်လာခဲ့သည်။
" ကျွန်မတို့က သမီးရည်းစား နှစ်ယောက်အဖြစ် ဟန်ဆောင်ထားတာမလို့ တစ်ခန်းတည်း နေရမယ်။ ကျွန်မတို့ သီးသန့်နေရင် မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ တခြားသူတွေက သတိထားမိသွားမှာ စိုးရိမ်လို့ ...... "
ယဲ့ဖန်သည် ထိုကိစ္စကို ကန့်ကွက်ခြင်းမျိုး မရှိချေ။
" ကိုယ် ဂရုမစိုက်ပါဘူး။ ဘယ်သူနဲ့ အိပ်ရလဲ အရေးမကြီးဘူး "
ချန်ဖေးအယ်သည် ထိုစကားကို ကြားသောအခါ သူမသည် ချက်ချင်းပင် သူ့ကို ပြင်းထန်စွာ စိုက်ကြည့်နေလိုက်သည်။
အထူးသဖြင့် မနေ့ညက ထိုကောင်လေးနှင့် အိပ်ခဲ့သည့် အမျိုးသမီး ဘယ်နှစ်ယောက်ရှိမည်ကို တွေးလိုက်မိသည်။
သို့သော် အဖွဲ့အစည်းမှ စီစဉ်ပေးထားခြင်း ဖြစ်သောကြောင့် သူမသည် အမိန့်ကိုသာ နာခံခဲ့ရသည်။
အခန်းကတ်ကို ရပြီးနောက် သူမသည် ခရီးဆောင်အိတ်တွေကို ယဲ့ဖန်ဆီသို့ ပစ်ထားခဲ့ကာ တစ်ယောက်တည်း အခန်းဆီသို့ လျှောက်သွားခဲ့သည်။
ဒါက ချစ်သူကောင်မလေးတွေရဲ့ ပုံစံနဲ့ တူတယ် မဟုတ်လား။
ယဲ့ဖန်သည် သူမ၏ လှပသော နောက်ကျောကို ကြည့်လိုက်သည်။
သူ့နှုတ်ခမ်းထောင့်မှာ တွန့်ကွေးသွားသည်။
အခန်းတစ်ခန်းထဲမှာ ယောက်ျားနဲ့ မိန်းမ တစ်ယောက်စီပဲ ရှိမှာ။
ဘာမှမဖြစ်ခဲ့ဘူးဆိုရင် အဲ့ယောက်ျားအတွက် အရမ်းရှက်စရာကောင်းနေမှာ မဟုတ်ဘူးလား။
အပိုင်း ( ၈၆၇ )
တစ်ခုခုတော့ မှားနေပြီလို့ ထင်တယ်။
လုံခြုံရေးအဖွဲ့မှ စီစဉ်ပေးထားသည့် အခန်းမှာ အတော်လေး ကျယ်ဝန်းသည်။
သို့သော် အနည်းငယ် အဆင်မပြေဖြစ်စေခဲ့သည်။
အခန်းထဲ၌ ကုတင်ကြီး တစ်လုံးတည်းသာ ရှိသည်။
ထို့အပြင် ဤကဲ့သို့ အခန်းမျိုးအား စုံတွဲများမှ နားရက်တွင် လာရောက်အပန်းဖြေရာ၌ သုံးသည့်ပုံစံမျိုး ဖြစ်သည်။
အခန်းအတွင်းပိုင်းကိုလည်း မရေရာသောလေထုဖြင့် အလှဆင်ထားသောကြောင့် အခန်းတွင်းရှိ လူများကို မတတ်နိုင်ဘဲ ဝင်လာသည်နှင့် စိတ်ကို လှုပ်ရှားလာစေနိုင်သည်။
ကော်ဖီစားပွဲပေါ်တွင်လည်း အိမ်သာသုံးစက္ကူ၊ သုတ်ရန် မျက်နှာသုတ်ပုဝါ၊ ကွန်ဒုံးစသည်ဖြင့် အစုံအလင် ထားရှိနေသည်။
ချန်ဖေးအယ်၏ လှပသော မျက်နှာသည် အနည်းငယ် နီမြန်းသွားသည်။
သို့သော် သူမသည် အေးစက်သည့်ပုံစံ ဟန်ဆောင်နေသည်။
သူမ အခု အလွန်သံသယဖြစ်နေပြီ ဖြစ်သည်။
ကပ္ပတိန်က သူမကို တမင်တကာ လှည့်စားနေတာလား။
ထိုသည်မှာ အဆင်မပြေဆုံးအပိုင်းဟု သူမ ထင်ခဲ့သည်။
သို့သော် တကယ့် အဆင်မပြေမှုသည် ရောက်မလာသေးပေ။
တိုက်ဆိုင်စွာပင် သူတို့၏ ခရီးဆောင်အိတ်များသည် အရောင်သာမက ပုံစံပါ တစ်ထပ်တည်းနီးပါး တူနေပြီး တစ်ချို့နေရာများတွင်သာ အနည်းငယ် ကွဲလွဲမှု ရှိသည်။
အစပိုင်းတွင် သူတို့ နှစ်ယောက်သည် ကိုယ့်ခရီးဆောင်အိတ်ကိုယ် ယူကြသည်။
သို့သော် အစောက သူမသည် ခရီးဆောင်အိတ်အားလုံးကို ယဲ့ဖန်ဆီ ပစ်ပေးခဲ့သောကြောင့် နှစ်လုံးမှာ ရောသွားကြတော့သည်။
ယဲ့ဖန်သည် သူ၏ 'ကိုယ်ပိုင်' ခရီးဆောင်အိတ်ကို ဖွင့်လိုက်သောအခါ အနက်ရောင် အပေါ်ဝတ်တစ်ခု ချက်ချင်း ထွက်လာ၍ ခဏတာ အံ့အားသင့်သွားသည်။
ချန်ဖေးအယ်သည် နေရာတွင်ပင် ကြောင်အလျက် အံ့အားသင့်သွားခဲ့သည်။
တုံ့ပြန်နိုင်ရန် သူမ အချိန်အတော်ကြာ ယူခဲ့ရသည်။
" ရှင် ..... ကျွန်မအိတ်ကို ဘယ်သူက ဖွင့်ခိုင်းလို့လဲ "
ချက်ချင်း ထအော်ပြီး ယဲ့ဖန်ကို တွန်းထုတ်ဖို့ ပြေးသွားလိုက်သည်။
ထို့နောက် သူမသည် ခရီးဆောင်အိတ်ကို ဖုံးအုပ်လိုက်သည်။
သူမ၏ မျက်နှာလှလှလေးသည် နားရွက်တွေအထိ နီရဲနေပြီ ဖြစ်သည်။
ယဲ့ဖန် သူ့လက်တွေကို ဆန့်တန်းပြီး သင်္ချာပုစ္ဆာကို ဖြေရှင်းနေပုံ လုပ်နေသည်။
သူ့မျက်နှာတွင် ပဟေဠိဆန်နေသည့် အမူအရာရှိနေသည်။
" အရွယ်အစားက မမှန်ဘူးထင်တယ် "
ချန်ဖေးအယ်သည် ထိုစကားကို ကြားသောအခါတွင် သူမ ပြေးပုန်းရန် တွင်းရှာချင်နေပြီး သူ့ကို ချက်ချင်း စိုက်ကြည့်နေလိုက်သည်။
" ရှင် ဘာပြောလိုက်တာလဲ "
ယဲ့ဖန်သည် ဘာမှမဖြစ်ခဲ့သလို သူမရင်ဘတ်ကို စိုက်ကြည့်လိုက်သည်။
" ကိုယ်ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် အဲ့လောက် ကျပ်တာနဲ့ အရမ်းဒုက္ခမပေးပါနဲ့ "
ချန်ဖေးအယ်သည် ယဲ့ဖန်ကို အသေကိုက်သတ်ပစ်ချင်နေသလို အံကြိတ်ထားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအခိုက်အတန့်တွင် အလျင်အမြန် မြည်လာသော ဖုန်းမြည်သံသည် အဆင်မပြေ ဖြစ်နေသော လေထုကို ချိုးဖျက်ပစ်လိုက်သည်။
ချန်ဖေးအယ် ဖုန်းကိုင်ပြီး တစ်ဖက်လူနှင့် စကားအနည်းငယ် တိုးတိုး ပြောနေသည်။
ထို့နောက် ဖုန်းချလိုက်ပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ကာစီနိုမှာ ကျွန်မတို့ စီစဉ်ထားတဲ့ သတင်းပေးက အားကန်ရဲ့ သဲလွန်စတွေ တွေ့တယ်လို့ ဖုန်းဆက်ပြောတယ် "
ယဲ့ဖန်သည် ချက်ချင်း လေးနက်လာသည်။
" ဒါဆို ကိုယ်တို့ အခုသွားကြမှာလား "
ချန်ဖေးအယ် ခေါင်းညိတ်လိုက်သည်။
" သတင်းပေးသူနဲ့ အရင်တွေ့ပြီးမှ နောက်တစ်ဆင့်ကို ဆွေးနွေးကြရအောင် "
သူတို့နှစ်ယောက် တခြားဘာမှ မပြောကြတော့ပေ။
သူတို့ ချက်ချင်း ထွက်ခွာပြီး တက္ကစီတစ်စီးကို လှမ်းခေါ်ကာ သဘောတူချိန်းဆိုထားသည့်နေရာသို့ တည့်တည့်တန်းတန်း သွားကြသည်။
ယာဉ်မောင်းသည် လီဗာကို နင်းပြီး ဆယ်မိနစ်မပြည့်မီ လိုရာခရီးသို့ ရောက်စေခဲ့သည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ကားပေါ်မှ ဆင်းပြီးနောက် ပြောထားသည့် နေရာသည် ရပ်ကွက်ဟောင်းတစ်ခုဖြစ်ကြောင်း သိလိုက်ကြသည်။
အဆောက်အဦးများသည် ၁၉၂၀ သို့မဟုတ် ၁၉၃၀ပိုင်းလောက်မှ အဆောက်အဦးများ ဖြစ်လောက်သည်။
အိမ်များသည် ဟောင်းနေသော်လည်း လမ်းများမှ အလွန်သန့်ကြသည်။
လမ်းပေါ်တွင် သူတို့နှင့်အတူ ခရီးသွားများစွာ ရှိသည်။
ထိုအဆောက်အဦးဟောင်းများကို ဓာတ်ပုံရိုက်နေကြသည်။
သူတို့နှစ်ဦးသည် သတင်းပေးသူကို ဆက်သွယ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် ဆံပင်အဝါရောင်ရှိသော အမျိုးသားတစ်ဦး ရုတ်တရက် လမ်းလျှောက်လာသည်။
" မင်းတို့ နှစ်ယောက်က ပြည်မကြီးကလား "
ယဲ့ဖန် သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။
" ဟုတ်တယ် ဘာဖြစ်လို့လဲ "
ထိုလူသည် သူတို့နှစ်ယောက်ကို ပြန်ကြည့်နေသည်။
အထူးသဖြင့် ချန်ဖေးအယ်ကို စက္ကန့်အနည်းငယ်ကြာ ပြန်ကြည့်သည်။
" မင်းတို့နှစ်ယောက် မင်းတို့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် လက်ဆောင်တွေ ဝယ်ချင်ကြသေးလား "
ယဲ့ဖန်သည် ယဉ်ကျေးသိမ်မွေ့သည့်ပုံစံ ဆက်ဟန်ဆောင်နေသည်။
" သေချာပေါက် ပေးရမှာပေါ့။ ဘာလက်ဆောင် ပေးရမလဲဆိုတာ မသိသေးဘူး "
ထိုလူ၏ မျက်လုံးများ တောက်ပလာသည်။
" ဒီမှာ ပစ္စည်းဟောင်းတွေရှိတယ်။ မင်း အဲ့တာတွေကို သဘောကျမှာ သေချာတယ်။ ငါ့နောက် လိုက်ခဲ့လိုက် "
ချန်ဖေးအယ်သည် ယဲ့ဖန်၏ လက်ကို အမြန် ဆွဲလိုက်သည်။
" ကျွန်မတို့မှာ တာဝန်တစ်ခု ရှိသေးတယ်။ နောက်ထပ် ဒုက္ခမဖြစ်စေနဲ့ "
ယဲ့ဖန် သူမကို ပြုံးပြလိုက်သည်။
" သွားကြည့်ရအောင်ပါ။ အချိန်အများကြီး မယူပါဘူး "
သူတို့ ချက်ချင်း သူ့နောက်ကို လိုက်သွားကြသည်။
ချန်ဖေးအယ်သည်လည်း သူ့နောက်ကို လိုက်ရန်ကလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
သူတို့နှစ်ယောက် ထိုလူနောက်သို့ လိုက်ကာ လမ်းကြားထဲသို့ အမြန်ဝင်သွားကြသည်။
လမ်းကြားထဲ၌ ခိုးကြောင်ခိုးဝှက်ဖြင့် လူနှစ်ယောက်က စောင့်နေသည်။
သူတို့ နှစ်ယောက် ဝင်လာသည်ကို မြင်ပြီး သူတို့၏ မျက်လုံးတွေ ချက်ချင်း တောက်ပသွားသည်။
တြိဂံလိုမျက်လုံးတစ်စုံဖြင့် လူတစ်ယောက်က အရင်မေးသည်။
" မင်းတို့နှစ်ယောက် ပစ္စည်းကြည့်ဖို့လား "
" ခင်ဗျားတို့မှာ ဘာပစ္စည်းတွေရှိလဲ။ တန်ဖိုးမရှိတဲ့ အမှိုက်တွေဆို ထုတ်ဖို့ မလိုအပ်ဘူး "
ယဲ့ဖန်သည် လူချမ်းသာပုံစံ လုပ်လိုက်သည်။
သူသည် ငွေများစွာ ရှိသည်ကို ထိုလူမိုက်များ မသိမည်ကို စိုးရိမ်နေပုံရသည်။
" စိတ်မပူပါနဲ့၊ ငါ မင်းတို့နှစ်ယောက်ကို ကျေနပ်စေမယ်လို့ အာမခံတယ် "
ထိုလူက ပြောသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ့နောက်မှ လူနှစ်ယောက်သည် ချက်ချင်းပင် အိတ်ကြီးတစ်အိတ်ကို သယ်လာသည်။
တြိဂံလိုမျက်လုံးဖြင့် အမျိုးသားသည် အဝတ်အိတ်ဇစ်ကို ဆွဲဖွင့်လိုက်သည်။
ယဲ့ဖန်နှင့် ချန်ဖေးအယ်တို့သည် အိတ်အတွင်း၌ ကျောက်စိမ်းများကို တွေ့လိုက်ရသည်။
အထဲ၌ ကျောက်စိမ်းပစ္စည်း မျိုးစုံ ရှိသည်။
" ဒါတွေကို မင်းတို့ မြင်လား။ ဒါတွေက ပြည်မကြီးမှာ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့ ရတနာတွေပဲ "
ထိုလူက သူတို့နှစ်ယောက်ကို ဆက်ရောင်းသည်။
ယဲ့ဖန်သည် ထိုပစ္စည်းများကို နက်နဲသော စကန်ဖတ် စစ်ဆေးခြင်းဖြင့် ကြည့်ပြီးသားဖြစ်သည်။
အထဲမှာရှိသည့် ပစ္စည်းများသည် ဖန်အပိုင်းအစများသာ ဖြစ်ပြီး စစ်မှန်သည့် ပစ္စည်းတစ်ခုမှ မရှိချေ။
သို့သော်လည်း ယဲ့ဖန်သည် ထိုလူကို တည်ငြိမ်စွာ ကြည့်နေသေးသည်။
" ခင်ဗျားရဲ့ ဒီပစ္စည်းတွေက အစစ်လား၊ အတုလား ဘယ်သူက သိမှာလဲ။ အတုဆိုရင်ရော။ ကျွန်တော်တို့က ခင်ဗျားကို ဘယ်မှာ သွားရှာရမှာလဲ "
ထိုလူသည် ယဲ့ဖန်၏ စကားကို ကြားပြီး အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
" ဘယ်လိုလုပ် အဲ့လို ပြောရတာလဲ။ ကာစီနိုမယ်မြေက မင်းတို့ ပြည်မကြီးနဲ့ တူတယ်လို့ မင်း ထင်နေလား။ အဲ့မှာတော့ နေရာတိုင်းမှာ အတုတွေလေ။ ဒီအရာတွေ အားလုံးကို နိုင်ငံခြားကနေ စုဆောင်းထားတာ။ နိုင်ငံခြားသားတွေက အတုလုပ်မှာလား "
ယဲ့ဖန်၏ မျက်လုံးများသည် လှောင်ပြောင်သရော်မှုများဖြင့် တောက်ပနေသော်လည်း သူ ခေါင်းညိတ်ပြလိုက်ဆဲဖြစ်သည်။
" ကောင်းပြီ၊ နှစ်ခုလောက် ရွေးရအောင် "
ထိုလူသည် ချက်ချင်းပင် ဝမ်းသာသွားကာ အိတ်ကို အမြန်လွှဲပေးလိုက်သည်။
ချန်ဖေးအယ်သည် ထိုပစ္စည်းများကို မသိစိတ်မှ လှမ်းယူလိုက်မိသည်။
သို့သော် သူမ အဝတ်အိတ်ကို လှမ်းယူတော့မည့် အချိန်တွင် ထိုအမျိုးသားက ရုတ်တရက် လွှတ်ချလိုက်သည်။
ခလွမ်း ......
ထိုအဝတ်အိတ်သည် ရုတ်တရက် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး အတွင်းမှ ကျောက်စိမ်းကွဲသံများ ထွက်ပေါ်လာသည်။
" အိုး၊ ဘုရားရေ "
ထိုသုံးယောက်သည် အော်ဟစ်ပြီး စစ်ဆေးရန် ရှေ့သို့ ဆက်သွားကြသည်။
ချန်ဖေးအယ်လည်း အနည်းငယ် အံသြသွားသည်။
ထိုအခြေအနေတွေ ဘာကြောင့် ရုတ်တရက် ဖြစ်သွားသည်ကို သူမ မသိပေ။
ယဲ့ဖန်သည်သာ ဘာတွေဖြစ်နေမှန်း သိလေသည်။
သူတို့ သုံးယောက်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။
ထိုသုံးယောက်သည် အဝတ်အိတ်ကို ဖွင့်ပြီး စစ်ဆေးသည်။
'ကျောက်စိမ်း'အများစုသည် ပျက်စီးကျိုးပဲ့သွားခဲ့ပြီး ပြုပြင်၍ မရလောက်တော့ပေ။
တြိဂံပုံစံ မျက်လုံးရှိသော အမျိုးသားသည် ဒေါသတကြီး ထရပ်ပြီး ချန်းဖေးအယ်ကို ကြည့်လိုက်သည်။
" မင်း ငါတို့ ကျောက်စိမ်းတွေကို ချိုးလိုက်တာ။ စျေးနှုန်းအတိုင်း လျော်ကြေးပေးရမယ် "
ချန်ဖေးအယ်သည် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
" ရှင့်ရဲ့ ကျောက်စိမ်းကို ကျွန်မက ချိုးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ရှင်ကသာ မတော်တဆ ပြုတ်ကျသွားတာလေ။ ဘာလို့ ကျွန်မကို အပြစ်တင်နေတာလဲ "
ထိုတြိဂံပုံစံဖြင့် မျက်လုံးရှိသော ယောက်ျားသည် အံကြိတ်ကာ သူမကို စိုက်ကြည့်နေသည်။
" မဟုတ်တာ လျှောက်ပြောနေတာပဲ။ ငါ မင်းကို ကမ်းပေးပြီးပြီ။ မင်းဘာမင်း တင်းတင်းကြပ်ကြပ် မဆုပ်ကိုင်ထားတာ။ ငြင်းဖို့ကြိုးစားတုန်းလား "
ချန်ဖေးအယ်သည် လုံခြုံရေးအဖွဲ့၏ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးဖြစ်သည်။
လှည့်စားခံရကြောင်း သူမ သိလိုက်ပြီးဖြစ်သည်။
" ဘာပဲဖြစ်ဖြစ် ဒါက ကျွန်မနဲ့ မဆိုင်ပါဘူး။ ကျွန်မကို အပြစ်မတင်နဲ့ "
ထိုသို့ပြောပြီးနောက် သူမသည် ယဲ့ဖန်ဘက်သို့ လှည့်လိုက်သည်။
" သွားကြရအောင် "
ယဲ့ဖန် သဘောမတူခင်မှာပင် သူတို့သုံးယောက်သည် သူတို့နှစ်ယောက်ကို ဝိုင်းထားလိုက်သည်။
" မင်းတို့က ငါတို့ ကျောက်စိမ်းတွေကို ချိုးပြီး ငွေမပေးဘဲ ထွက်သွားချင်တာလား "
ချန်ဖေးအယ်လည်း ဒေါသထွက်သွားသည်။
" ထွက်သွားလိုက်။ ရှင်တို့ ဆက်ပြီး နှောင့်ယှက်ရင် ယဉ်ကျေးနေမှာ မဟုတ်ဘူး "
သူမသည် မိန်းကလေးဖြစ်ပြီး အလွန်လည်း လှပသည်။
သူမသည် သူတို့အား မကြောက်ရွံ့စေပေ။
သူတို့ သုံးယောက်သည် မကြောက်ကြဘဲ မောက်မာသည့် အပြုံးတွေပင် ပေါ်လာသည်။
" ဟမ်း၊ မင်းက ငါတို့ ကျောက်စိမ်းတုံးကို ချိုးခဲ့တာပဲ။ မင်းဘယ်ကိုသွားနေပါစေ ငါတို့ လိုက်မယ်။ ဒီနေ့ ပိုက်ဆံရှင်းပေးရင် ဒီနေရာကနေ ထွက်သွားဖို့ မစဉ်းစားနဲ့ "
တြိဂံမျက်လုံးဖြင့် ယောက်ျားသည် ကျောက်စိမ်းများကို ချိုးလိုက်သည် ဟူသော အချက်အပေါ် မကျေမနပ် ဖြစ်နေသေးပြီး မှန်ကန်သော လေသံဖြင့် ပြောလိုက်သည်။
ချန်ဖေးအယ် ငြင်းခုံချင်သော်လည်း ယဲ့ဖန်မှ ရုတ်တရက် သူမကို တားလိုက်ပြီး သူတို့ သုံးယောက်ကို လှည့်ကြည့်လိုက်သည်။
" ဒါဆို ခင်ဗျားတို့က ဘယ်လောက်လိုချင်တာလဲ "
အပိုင်း ( ၈၆၈ )
မိန်းမရေ၊ ကိုယ့်ကို ကာကွယ်ပေးပါဦး။
တြိဂံမျက်လုံးဖြင့်လူက သူတို့ကို ဂရုတစိုက်ကြည့်နေသည်။
" မများပါဘူး၊ ယွမ် ၁သိန်းပဲ"
တောင်းဆိုသည်မှာ များလွန်းသည်ဟု ခံစားမိ၍ ထိုလူက အမြန် ပြန်ရှင်းပြသည်။
" အခု ခွဲလိုက်တဲ့ ကျောက်စိမ်းတွေက အကောင်းဆုံးထဲက အကောင်းဆုံးတွေပဲ။ အဲ့တာတွေကို ဝယ်တုန်းက ယွမ် ၂သိန်းကျော်ကုန်တယ် ........ "
ယဲ့ဖန်သည် သူ ရှင်းပြသည်ကို မစောင့်ချေ။
သူ့ဘက်က အစပြုပြီး ပြောလိုက်သည်။
" ၁သိန်းလား၊ မရဘူး ...... "
တြိဂံမျက်လုံးဖြင့်လူ၏ အမူအရာမှာ မည်းမှောင်သွားကာ ဒေါသတကြီး ဖြစ်လာတော့သည်။
သို့သော် ယဲ့ဖန်မှ ဆက်ပြောသည်။
" ကျွန်တော်တို့က ခင်ဗျားကို ဆုံးရှုံးနစ်နာခွင့် မပြုပါဘူး။ ခင်ဗျားက ယွမ် ၂သိန်း သုံးထားမှတော့ ယွမ်၂သိန်း ပြန်လျော်ပေးတာက သဘာဝကျပါတယ် "
သုံးယောက်သား ချက်ချင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့သည် ဈေးအမြင့်ကြီး တောင်းပြီး နေရာမှာတင် ပိုက်ဆံအနည်းငယ် ပြန်ပေးရန် ပြင်ဆင်ထားသည်။
သို့သော် ထိုအရူးက ဈေးမဆစ်ရုံတင်မကဘဲ သူ့ဘက်မှ စျေးပိုပေးဖို့ ပြောလာမည်ဟု မမျှော်လင့်ထားချေ။
ဤကဲ့သို့ အရူးမျိုးကို သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်သည်။
ချန်ဖေးအယ် ချက်ချင်း ထိတ်လန့်သွားသည်။
" ရှင် ဘာတွေပြောနေတာလဲ။ ကျွန်မ လုံးဝမချိုးဘူး ........ "
တြိဂံမျက်လုံးဖြင့် ယောက်ျားသည် ယဲ့ဖန် စကားပြန်ပြောင်းသွားမည်ကို စိုးရိမ်သည့်အတွက် သူမစကားကို ချက်ချင်း ဖြတ်ပြောလိုက်သည်။
" ဒီညီငယ်လေးပြောတာ အရှင်းဆုံးပဲ။ နောက်တစ်ခုက ကျွန်တော်တို့ အားလုံးက လူကောင်းတွေပါ။ မင်းတို့အတွက် ခက်ခဲတဲ့အရာတွေကို ငါတို့ မလုပ်ချင်ဘူး "
" ပိုက်ဆံပေးရင် ငါတို့ အနာဂတ်မှာ သူငယ်ချင်းဖြစ်လာလိမ့်မယ်။ နောက်ဆို မင်းတို့ ကာစီနိုနယ်မြေကို ထပ်ရောက်လာရင် ငါ့ကို လာရှာလိုက် "
ယဲ့ဖန် ပြုံးလိုက်သည်။
" ကိစ္စမရှိပါဘူး။ ဒါပေမယ့် ဒီကျောက်စိမ်းပစ္စည်းတွေကို အရင်စစ်ကြည့်ရမယ် "
" အမှန်တိုင်းပြောရရင် ကျွန်တော်က ရှေးဟောင်းပစ္စည်းဆိုင် ပိုင်တယ်။ အဲ့တာကြောင့် ဒီပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိတယ်။ အစစ်ဖြစ်တယ်လို့ အတည်ပြုနိုင်သရွေ့ ငွေကို ချက်ချင်း လွှဲပေးမယ် "
သူတို့ သုံးယောက်သည် မူလက ပြုံးနေသော်လည်း ထိုစကားကို ကြားသောအခါတွင် သူတို့၏ မျက်နှာများသည် ချက်ချင်း မည်းမှောင်သွားသည်။
" ကောင်လေး၊ ဒါက ဘာကိုဆိုလိုတာလဲ။ ငါတို့က မင်းကို လိမ်ညာနေတယ်လို့ မင်းက သံသယရှိနေတာလား "
အစောက သူတို့ကို ခေါ်လာသည့် ဆံပင်အဝါဖြင့်လူသည် ယဲ့ဖန်ကို မကျေမနပ်ဖြင့် ချက်ချင်း ကြည့်လိုက်သည်။
ယဲ့ဖန် တည်ငြိမ်စွာ ပြုံးလိုက်သည်။
" သေချာပေါက် ခင်ဗျားတို့ရဲ့ ဇာတ်ကောင်ကို ယုံပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သေရင်တောင် အကြောင်းပြချက်မရှိဘဲ မသေနိုင်ဘူး မဟုတ်လား "
ယဲ့ဖန်သည် စကားပြောနေရင်း ကျောက်စိမ်းအပိုင်းအစတစ်ခုကို ကောက်ယူရန် ငုံ့လိုက်သည်။
ထို့နောက် သူ့အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
" တစ်ခုခုတော့ မှားနေပြီ "
တြိဂံမျက်လုံးဖြင့် ယောက်ျား၏ အမူအရာသည် ချက်ချင်းပင် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။
" ဘာမှားလို့လဲ "
ယဲ့ဖန်သည် 'မသိနားမလည်သည့်ပုံစံ' ဟန်ဆောင်ကာ ပြောသည်။
" ဒါက ဖန်နဲ့တူတယ်။ ကျောက်စိမ်း လုံးဝ မဟုတ်လောက်ဘူး "
ချန်ဖေးအယ် သူတို့ သုံးယောက်ကို ဒေါသတကြီး ကြည့်လိုက်သည်။
" ရှင်တို့က ကျွန်မတို့ကို လှည့်စားဖို့ ဖန်တွေကို သုံးခဲ့တာလား "
သူတို့ အကြံအစည် ပေါ်သွားသည်ကို တွေ့လိုက်ရသဖြင့် သူတို့ သုံးယောက်သည် ဆက်ဟန်ဆောင်နေရန် စိတ်မ၀င်စားနိုင်တော့ပေ။
သူတို့အိတ်ကပ်ထဲမှ ဓားတိုတွေကို ထုတ်ပြီး ယဲ့ဖန်တို့ကို ညွှန်ပြလိုက်သည်။
" ကောင်လေး၊ ပိုက်ဆံနည်းနည်းလောက်နဲ့ ပြီးသင့်တာကို မင်းတို့က ဘာလို့ ဒီလောက် ကန်းနေရတာလဲ "
" အခု ၂သိန်းနဲ့ မလုံလောက်သေးဘူး။ ၅သိန်း မထုတ်ပေးရင် ထွက်သွားဖို့တောင် မစဉ်းစားနဲ့ "
တြိဂံပုံမျက်လုံးရှိသော အမျိုးသား၏ မျက်နှာတွင် ဆိုးသွမ်းသောအကြည့် ပေါ်လာသည်။
သူ့လက်ထဲရှိ ပြောင်လက်နေသည့် ဓားဖြင့် တွဲမြင်နေရသည်မှာ တကယ့်ကို ကြောက်ဖို့ကောင်းလှသည်။
ထိုပုံစံကို ယဲ့ဖန် မြင်လိုက်သည်နှင့် ချက်ချင်း ထအော်ပြီး ချန်ဖေးအယ် အနောက်မှာ ပုန်းနေလိုက်သည်။
" မိန်းမ၊ ကိုယ့်ကို ကာကွယ်ပါဦး "
ချန်ဖေးအယ် ချက်ချင်း မျက်လုံးပြူးသွားသည်။
ဒီအချိန်မှာတောင် ဒီတစ်ယောက်က ဆော့ကစားနေတုန်းပဲ။
တြိဂံမျက်လုံးဖြင့် ယောက်ျားသည် ယဲ့ဖန်၏ သူရဲဘောကြောင်သည့် အကြည့်ကို မြင်လိုက်ပြီး ချန်ဖေးအယ်ကို ချက်ချင်း ရိုင်းစိုင်းစွာ ပြုံးပြလိုက်သည်။
" အလှလေး၊ ဒီလို လူယုတ်မာမျိုးက မင်းနဲ့ လုံးဝ မထိုက်တန်ဘူး။ မင်း ဘာလို့ ငါ့နောက် မလိုက်တာလဲ။ အဲ့တာဆို ယွမ်၅သိန်းက မင်းလေးအတွက်ပဲ "
ချန်ဖေးအယ်၏ အေးစက်သော အကြည့်သည် သူတို့ သုံးယောက်လုံးကို လွှမ်းခြုံသွားသည်။
" ရှင်တို့ ဒါမျိုးတွေ အများကြီး လုပ်ဖူးမယ်ထင်တယ်၊ မဟုတ်လား "
တြိဂံပုံ မျက်လုံးများ မှိန်းနေကာ သူ့လက်ထဲရှိ လိပ်ပြာဓားနှင့် ကစားနေသည်။
" ဟုတ်တယ်။ မင်းတို့ ပြည်မကြီးကလူတွေ ဘယ်သူက ဒီလောက် မိုက်မဲခိုင်းလို့လဲ။ အဲ့တော့ ငါ မင်းတို့ကို မလှည့်စားရင် ဘယ်သူက လှည့်စားမှာလဲ "
သူ့ဘေးနားမှ ဂတုံးနှင့်လူကလည်း ရယ်သည်။
" လွန်ခဲ့တဲ့ နှစ်ရက်က ပြည်မကြီးကလာတဲ့ မိန်းကလေးတစ်ယောက် ပိုက်ဆံမတတ်နိုင်လို့ ငါတို့သုံးယောက်နဲ့ တစ်ညလောက် ကစားလိုက်တာ နောက်နေ့ ခြေထောက်တွေတောင် ပျော့ခွေသွားတယ် ဟားဟား ..... "
ဆံပင်ရွှေရောင်နှင့် လူက ချန်ဖေးအယ်ကို လောဘကြီးစွာ ကြည့်နေသည်။
" မင်းက အဲ့ဒီပြည်မကြီးက မိန်းကလေးထက် အများကြီး ပိုလှတယ်။ မင်း ငါတို့ သုံးယောက်နဲ့ တစ်ညလောက် ကစားပေးရင် မင်းတို့ကို ငါတို့က ကျေကျေနပ်နပ်နဲ့ ကျေအေးပေးလိုက်မယ် "
" ဟားဟားဟား ....... "
သုံးယောက်သား ရယ်မောလိုက်ကြသည်။
ချန်ဖေးအယ်သည် ဒေါသထိန်းနိုင်သူ မဟုတ်ချေ။
သူမ စိတ်လွတ်သွားလျှင် ယဲ့ဖန်ပင် အနည်းငယ် ကြောက်ရသည်။
သူတို့ သုံးယောက် ပြောဆိုနေသံများကို ကြားလိုက်ရပြီး သူမ မခံနိုင်တော့ချေ။
သူမသည် တိုက်ရိုက် ခုန်တက်ပြီး ရွှေရောင်ဆံပင်ဖြင့်လူ၏ မေးစေ့ကို ပြင်းထန်စွာ ကန်ထုတ်လိုက်သည်။
သူမ၏ ပေါက်ကွဲမှုသည် ရုတ်တရက်ဆန်ပြီး မြန်ဆန်လွန်းသောကြောင့် သူတို့ သုံးယောက်မှာ အချိန်မီ မတုံ့ပြန်နိုင်ကြချေ။
ရွှေရောင်ဆံပင်ဖြင့် လူသည် လေထဲတွင် ၃၆၀ ဒီဂရီ လည်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျပြီး မူးလဲသွားသည်။
ချန်ဖေးအယ်၏ ကန်ချက်သည် မည်မျှ အစွမ်းထက်သည်ဆိုတာ သိသာလေသည်။
တြိဂံမျက်လုံးနှင့် ကတုံးတို့သည် အစပိုင်းတွင် ထိတ်လန့်သွားကြသော်လည်း ချက်ချင်း တုံ့ပြန်လိုက်ကြသည်။
" ခွေးမ၊ မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါတို့က ဖြည့်ဆည်းပေးမယ် "
သူတို့နှစ်ယောက်သည် ဒေါသတကြီးဖြင့် အော်ဟစ်ပြီး လက်ထဲမှ ဓားမြှောင်တွေကို ချက်ချင်း ထုတ်ကာ ချန်းဖေးအယ်ဆီ ပြေးတက်သွားသည်။
ချန်ဖေးအယ်သည် လုံခြုံရေးအဖွဲ့အတွက် အထူးရွေးချယ်ခံခဲ့ရသောကြောင့် သူမ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
လူဆိုးနှစ်ယောက်နှင့် ဆက်ဆံရသည်မှာ သူမ၏ လက်ဖဝါးကို လှန်လိုက်သလိုပင် လွယ်ကူလှသည်။
သူမသည် မရှောင်ဘဲ ရှေ့သို့ တိုးလာကာ တြိဂံမျက်လုံးရှိသော အမျိုးသား၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
ဖြတ်ခနဲ ဆွဲလိုက်ပြီး သူ့လက်ထဲမှ ဓားမြှောင်က ပြုတ်ကျသွားသည်။
ထို့နောက် သူမသည် လက်မောင်းကို ဆွဲကိုင်လိုက်ရာ ဟန်ချက်ပျက်ပြီး တစ်ဖက်လူမှ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားခဲ့သည်။
ထိုအချိန်တွင် ဓားမြှောင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီး ဖြစ်နေပြီဖြစ်သည်။
ချန်းဖေးအယ်သည် ဓားကို သူမ၏ ခြေဖျားဖြင့် ကန်ထည့်လိုက်ပြီး ဓားမြှောင်သည် သူမ၏ လက်ထဲတွင် ဖမ်းမိသွားပြန်သည်။
ကတုံးဖြင့် လူသည်လည်း လက်ထဲတွင် ဓားမြှောင်တစ်ချောင်းကို ကိုင်ထားသည်။
ချန်းဖေးအယ်သည် ခေါင်းပင် မလှည့်ချေ။
သူမလက်ထဲရှိ ဓားမြှောင်ကို ဆွဲကိုင်လိုက်ပြီး ကတုံး၏ လက်ကောက်ဝတ်ကို တိကျစွာ ထိုးလိုက်သည်။
" အား ....... "
ကတုံးသည် ချက်ချင်း နာကျင်စွာ အော်ဟစ်လိုက်သည်။
သူ နောက်ပြန်မဆုတ်နိုင်ခင် ချန်ဖေးအယ်မှ သူ့ကို ဖမ်းထားလိုက်သည်။
နှစ်ယောက်စလုံးသည် လက်နှစ်ဖက်ကို နောက်ပစ်ထားရပြီး ဖုန်မှုန့်များဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှိသည်။
တိုက်ပွဲသည် တစ်မိနစ်မပြည့်ဘဲ ပြီးဆုံးသွားသည်။
ယဲ့ဖန်သည် ထိုပွဲကို ကြည့်ပြီး လက်ခုပ်တီးကာ ချီးကျူးမိသည်။
တကယ်ကို အသားစားဒိုင်နိုစောမပဲ။