← Chapters

အပိုင်း ၈၇၇-၈၈၀

Vol. 44 Ch. 877-880

အပိုင်း ၈၇၇-၈၈၀

Vol. 44 Ch. 877-880

အပိုင်း ( ၈၇၇ )

ငါးကြီးကြီး ဖမ်းချင်ရင် ကြိုးရှည်ရှည်ချရမယ်

" ၂ "

" ၂ "

" ၂ "

သူတို့သည် တောင်များနှင့် မြစ်များကိုပင် ကျော်ဖြတ်နိုင်သည့် အားမာန်ဖြင့် အားလုံးမှ တညီတညွတ်တည်း ကြွေးကြော်နေကြသည်။

ချန်းဖေးအယ်ပင်လျှင် ထိုပြင်းထန်သော လေထုကို ခံစားမိပြီး သူမ၏ နှလုံးသားသည် လည်ချောင်းထဲတွင် တစ်ဆို့နေပြီဖြစ်သည်။

ယဲ့ဖန်သည် ယွမ် ၄သိန်း လောင်းခဲ့သည်။

အကယ်၍ သူသည် ဤပွဲ၌ ရှုံးသွားခဲ့ပါက ယွမ် ၂သန်း ဆုံးရှုံးသွားပေလိမ့်မည်။

သူမသည် သူ၏ အမူအရာကို လျှို့ဝှက်စွာ စောင့်ကြည့်နေလျက် သူ့အတွက် စိတ်လှုပ်ရှားကြောက်ရွံ့နေခဲ့သည်။

သို့သော် ယဲ့ဖန်မှာတော့ အလွန်တည်ငြိမ်နေသေးသည်ကို သူမ တွေ့လိုက်ရသည်။

ယဲ့ဖန်၏ကံသည် မည်သို့ပင် ဖြစ်နေပါစေ သူ၏ တည်ငြိမ်သည့် စိတ်နေစိတ်ထားမှာတော့ အမှန်တကယ်ပင် ချီးကျူးထိုက်ပေသည်။

အကယ်၍ သူမသာ ဤမျှ များပြားသော ငွေကြေးပမာဏကို ဆုံးရှုံးလိုက်ပါက သူမ စိတ်တည်ငြိမ်အောင် ထိန်းနိုင်မည် မဟုတ်သည်မှာ သေချာလေသည်။

ကာစီနိုအတွင်းရှိ လေထုသည် အလွန်တင်းမာနေချိန်မှာပင် နောက်ဆုံးအန်စာတုံးနံပါတ်မှာ ပေါ်လာသည်။

' ၁ '

မူလမှ အသက်ဝင်နေခဲ့သော လေထုသည် ချက်ချင်းပင် အေးခဲသွားသည်။

လူတိုင်းမှာ ထိတ်လန့်သွားပုံရသည်။

သူတို့အားလုံး လှုပ်ရှားမှုမရှိ ရပ်တန့်သွားကြသည်။

အန်စာတုံးတွင် မျက်နှာခြောက်ဖက် ရှိလေသည်။

'၁'မှလွဲ၍ ကျန်သည့် ငါးဖက်စလုံး မည်သည့်ဂဏန်းကို ရသည်ဖြစ်စေ သူတို့ အနိုင်ရမည်ဖြစ်သည်။

သို့သော် ကောင်းကင်ဘုံမှ သူတို့နှင့် တမင်ကစားနေပုံရသည်။

နံပါတ် '၁' ရမည့် ဖြစ်နိုင်ခြေသည် အသေးငယ်ဆုံး ဖြစ်သည်။

အန်စာတုံး သုံးတုံးသည် ၅၊ ၄၊ ၁ တို့ဖြစ်ပြီး စုစုပေါင်း ၁၀ အထိသာရှိသည်။

ဂဏန်းအသေး

ယဲ့ဖန် နိုင်သွားသည်။

လူတိုင်းမှ သူ့ကို ကြောင်အစွာ ကြည့်နေကြသည်။

ဒီကောင်လေးက ထပ်ပြီး မှန်သွားတာလား။

အရင်က သူ အမြဲတမ်း ကံမကောင်းခဲ့ဘူး မဟုတ်လား။

ရုတ်တရက် ဘာလို့ ကိစ္စတွေက အပြောင်းအလဲတွေ ဖြစ်ကုန်တာလဲ။

လူတိုင်း၏ အံ့အားသင့်နေသော အမူအရာများနှင့် မတူဘဲ ယဲ့ဖန်မှာတော့ စိတ်လှုပ်ရှားစွာ ခုန်ပေါက်လျက် အော်ဟစ်လိုက်သည်။

" ထပ်ပြီး အနိုင်ရပြီကွ။ ဟားဟားဟား၊ ငါထပ်ပြီး အနိုင်ရပြီ ....... "

ချန်းဖေးအယ်သည်ပင် သူမ၏ မတွေ့တာကြာပြီဖြစ်သော အပြုံးတစ်ခုကို ထုတ်ဖော်ခဲ့သည်။

ဒီကောင်လေးက တကယ်ကံကောင်းတာပဲ။

ဒီတစ်ကြိမ်နဲ့ နောက်ထပ် ယွမ် ၄သိန်း ရသွားပြီ။

ဒီအတိုင်းသာ သူ့ရဲ့ မူလ ငွေအရင်းအနှီးကို မကြာခင် ပြန်ရနိုင်လောက်တယ်။

ထိုအချိန် စားပွဲမှ လူအနည်းငယ်သည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားတော့သည်။

သို့သော် အခြားသူများမှ သူတို့နေရာကို ချက်ချင်း အစားထိုးလိုက်ကြသည်။

ယဲ့ဖန်သည် နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့သော်လည်း ယခင်က အကြိမ်များစွာ ရှုံးနိမ့်ခဲ့သောကြောင့် သူသည် ထိုနှစ်ကြိမ်၌ ကံကောင်းသွားသည်ဟုသာ လူတိုင်းက ယူဆနေကြကာ နောက်တစ်ကြိမ်တွင် ထိုမျှ ကံကောင်းမည်မဟုတ်ဟု တွေးကြသည်။

ချောင်ဝမ်းဟွေ့ တုံ့ဆိုင်းသွားသည်။

သူသည် အစောက လဲလှယ်ခဲ့သော ၅သိန်းဖိုး တိုကင်ပြားများကိုလည်း ထပ်ပြီး ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

သူ ဒီနေ့တွင် ၁ သန်းနီးပါး ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

သူ ဆက်ကစားသင့်လား။

ယဲ့ဖန်သည် သူ တုံ့ဆိုင်းနေသည်ကို မြင်ပြီး ချက်ချင်း တိုက်တွန်းလိုက်သည်။

" ခင်ဗျား၊ ကစားနေတုန်းလား။ မကစားချင်တော့ဘူးဆိုရင် မြန်မြန်ဖယ်ပြီး တခြားသူတွေ လာဖို့ နေရာပေးလိုက် "

အခြားသူများကလည်း ဝင်ပြောကြသည်။

" ဟုတ်တယ်၊ ဒီမှာ ကစားဖို့ တန်းစီနေတဲ့လူတွေ ရှိသေးတယ် "

" လက်ပြတ်ဟွေ့၊ ငါ မင်းကို ကစားတာ ရပ်လိုက်ဖို့ အကြံပေးတယ်။ မဟုတ်ရင် မင်း အကုန်လုံး ပြန်ရှုံးနေလိမ့်မယ် "

" မကစားချင်ရင် မြန်မြန်ဆင်း၊ ငါတို့ကတော့ လက်တွေယားနေပြီ ........ "

ချောင်ဝမ်းဟွေ့ ရပ်လိုက်မည်ဟု ဆုံးဖြတ်ခါနီးတွင် လူများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရပြီးနောက် ချက်ချင်း ဒေါသူပုန်ထကြွလာခဲ့သည်။

အထူးသဖြင့် ယဲ့ဖန်ကဲ့သို့ ငတုံးမှ သူ့ကို နှိမ့်သည့်အခါ အတော်လေး အရှက်ရစရာကောင်းသည်ဟု ထင်မိသည်။

" ကစားမှာ၊ ငါမကစားဘူးလို့ ဘယ်သူပြောတာလဲ။ ဒီနေ့ အဆုံးထိ မင်းကို လိုက်ပို့ပေးမယ် "

သူသည် ဒေါသတကြီး ချက်ချင်း ထရပ်ပြီး ကာစီနိုမှ စားပွဲထိုးကို လှမ်းအော်လိုက်သည်။

" ငါ့အတွက် နောက်ထပ် ယွမ်၅သိန်းဖိုး ..... မဟုတ်သေးဘူး ၁သန်းဖိုး တိုကင်ပြား လဲပေး "

လူတိုင်းမှာ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။

ကြည့်ရတာ ဒီတစ်ယောက်တော့ လွတ်ထွက်ကုန်ပြီ ထင်တယ်။

သူက တစ်ကြိမ်တည်းနဲ့ တိုကင်ပြားတွေ အများကြီးကို လဲပစ်ခဲ့တာ။

ယဲ့ဖန်၏ မျက်နှာပေါ်တွင် မသိသာသော အပြုံးတစ်ခု ဖြတ်ပြေးသည်။

ဒီတစ်ယောက်က ငါးစာတော့ မိသွားပြီ။

သို့သော် ယဲ့ဖန်သည် ငါးဖမ်းနည်းနှင့် ပတ်သက်၍ အလွန်ရှင်းလင်းစွာ သိသည်။

ကြိုးရှည်ရှည်ချမှ ငါးကြီးကြီးကို ဖမ်းနိုင်မည်ဖြစ်သည်။

ငါးသည် အစာကို ဟပ်သောအခါ တန်းပြီး မဆွဲသင့်ပါ။

ထိုအခါ ငါးသည် ရုန်းကန်ပြီး ငါးမျှားချိတ်မှ လွတ်သွားနိုင်သည်။

မှန်ကန်သောနည်းလမ်းမှာ ဖြည်းဖြည်းချင်း ဆွဲလာပြီး ခြင်းတောင်းထဲသို့ ဖြည်းညှင်းစွာဆွဲယူခြင်း ဖြစ်သည်။

ထို့ကြောင့် ယဲ့ဖန်သည် ပွဲ၏ ဖြစ်စဉ်များကို ဆက်လက် ထိန်းချုပ်ခဲ့သည်။

သူသည် တစ်ကြိမ် နှစ်ကြိမ် နိုင်ပြီးနောက် လေးငါးပွဲမျှမက ဆက်တိုက် ရှုံးပေလိမ့်မည်။

ယေဘူယျအားဖြင့် တွက်ကြည့်လျှင် သူသည် အနိုင်ရသည်ထက် ပိုရှုံးလိမ့်မည်။

နာရီဝက်ကြာပြီးနောက် ယဲ့ဖန်၏ စားပွဲပေါ်မှ တိုကင်ပြားများ အကုန်ပျောက်သွားသည်။

ချန်းဖေးအယ်သည် လုံးဝ စကားမပြောနိုင်တော့ပေ။

ဒီကောင်စုတ်လေးက သူ့ပိုက်ဆံတွေ အကုန်လုံး ရှုံးသွားတာလား။

ယဲ့ဖန်သည်လည်း 'စိတ်ဓာတ်ကျ'သည့်အမူအရာဖြစ်နေသည်။

ထို့နောက် တင်ကို ခါပြီး မတ်တပ်ရပ်လိုက်သည်။

" ထားလိုက်ပါတော့၊ မကစားတော့ဘူး။ ဒီနေ့ တကယ်ကံမကောင်းဘူး။ ခင်ဗျားတို့ပဲ ရှေ့ဆက်ပြီး ကစားလိုက်ကြဦး "

ဒီလို 'အသားများတဲ့သိုးကြီး' ခြံထဲက လွတ်သွားတော့မှာကို ဘယ်လိုလုပ် လွှတ်ထားရမှာလဲ။

ထိုအခါ ကစားဝိုင်းမှ လူများအားလုံးသည် မတ်တပ်ထရပ်ပြီး သူ့ကို သွေးဆောင်နားချကြသည်။

" မင်း ဘာလို့ ဒီလောက်တောင် အလျင်လိုနေတာလဲ။ နောက်ထပ် နည်းနည်းလောက် ကစားကြရအောင် "

" ဟုတ်တယ်။ လူတိုင်းက ပျော်နေကြတာလေ။ မင်းထွက်သွားရင် ဘယ်လောက်တောင် စိတ်ပျက်စရာဖြစ်လိုက်မလဲ "

" ဒါဆိုရင်ရော ဘယ်လိုထင်လဲ။ ကြေး ဘယ်လောက်ကြီးချင်လဲ။ ငါတို့ မင်းစကားကို နားထောင်မယ် ဟုတ်ပြီလား "

" ဟုတ်တယ် ငါတို့ မင်းကို အဆုံးထိ လိုက်ပို့ပေးမယ် ........ "

ချောင်ဝမ်းဟွေ့သည်ပင် ယဲ့ဖန်ကို ဆွဲဆောင်ရန် မတ်တပ်ထရပ်လိုက်သည်။

သူသည် အချိန်တိုလေးအတွင်းမှာပင် ယွမ်၂သိန်းကျော် ရရှိခဲ့သည်။

သူ အခုမှ အနိုင်ရနေတာလေ။

ဒီကောင်ကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ လွှတ်ပေးရမှာလဲ။

လူတိုင်း၏ ဖြားယောင်းမှုကို ယဲ့ဖန် ကြားသောအခါ သူသည် သူတို့ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။

" ခင်ဗျားတို့နဲ့ မကစားချင်ဘူး။ ခင်ဗျားတို့ကြေးက အရမ်းသေ့တယ်။ လာ့စ်ဗေးဂတ်စ်မှာရှိတုန်းက သန်းဆယ်ဂဏန်းတန်တဲ့ ကစားပွဲတွေ ဆော့လာခဲ့တာ။ ဒီလိုအသေးစားဂိမ်းတွေက တကယ် ပျင်းစရာကောင်းလွန်းတယ် "

ထိုစကားကို လူတိုင်း ကြားသောအခါ မျက်လုံးပြူးသွားကြသည်။

သူ့ရဲ့ ဒီလောက်ညံ့တဲ့ အရည်အချင်းတွေနဲ့ လာ့စ်ဗေးဂတ်ကို ဘာကိစ္စသွားရတာလဲ။

သန်းဆယ်ဂဏန်း လောင်းကြေးတဲ့လား။

ကြွားတာ လွန်နေပြီ မဟုတ်ဘူးလား။

သို့သော်လည်း တစ်ဖက်သားမှ ကြွားသည်ဖြစ်စေ၊ မကြွားသည်ဖြစ်စေ သူတို့မှ ထိုကဲ့သို့ ဖြေလိုက်နိုင်ရန် မဖြစ်ပေ။

သူတို့သည် ထိုကဲ့သို့ သန်းဆယ်ဂဏန်းအဆင့် လောင်းကစားကို မကစားနိုင်ကြပေ။

ယဲ့ဖန်မှ လူတိုင်းကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

" ခင်ဗျားတို့က မကစားနိုင်မှ ခင်ဗျားတို့ကို အဖော်မပြုပေးတော့ဘူး။ ခင်ဗျားတို့အားလုံးက ကျုပ်အချိန်တွေကို ဖြုန်းတီးဖို့ မထိုက်တန်ဘူး "

ထို့နောက် သူသည် ချန်းဖေးအယ်နှင့်အတူ ထွက်သွားရန် ပြင်ဆင်ခဲ့သည်။

ထိုအချိန်တွင် ချောင်ဝမ်းဟွေ့မှ ရုတ်တရက် ထတားလိုက်သည်။

" လောင်းကြေး ဆယ်သန်း ဟုတ်တယ်မလား။ ငါ မင်းနဲ့ ကစားပေးမယ် "

အပိုင်း ( ၈၇၈ )

လူပြိန်းနှစ်ယောက်ကြားက ထိပ်တိုက်ရင်ဆိုင်မှု

ချောင်ဝမ်းဟွေ့၏ စကားကို ကြားပြီးနောက် အားလုံး အံ့ဩသွားကြသည်။

" ငါကြားတာ မှားသွားတာလား။ လက်ပြတ်ဟွေ့က သန်းဆယ်နဲ့ချီပြီး တကယ်ကြီး အလောင်းအစား လုပ်ချင်နေတာလား "

" ဒီကောင် ရူးနေတာလား။ ပိုက်ဆံအများကြီး ဘယ်ကရလာတာလဲ "

" သူ့ရဲ့ အမှိုက်စွမ်းရည်နဲ့ သန်းဆယ်ဂဏန်းကြေးအထိ လောင်းကစား လုပ်ရဲသေးတာလား။ အားလုံး ဆုံးရှုံးသွားမှာ မကြောက်ဘူးလား "

" သူ ဘယ်နှစ်ခါ ဒေဝါလီခံရလို့လဲ။ ရှုံးတာနဲ့ ခိုးလိုက်ရင် ရနေတာပဲ "

" သူ အရင်တုန်းက အများကြီး ရှုံးထားတာ။ ဒီနေ့ သူ့ထက် ပိုဆိုးတဲ့သူနဲ့ တွေ့ဖို့က မလွယ်ဘူး။ ဆိုတော့ သူက လွယ်လွယ်နဲ့ လက်မလွှတ်ချင်ဘူး ဖြစ်နေတာ "

" သူတို့နှစ်ယောက် ကစားရင် လက်ပြတ်ဟွေ့က အနိုင်ရဖို့ အခွင့်အရေးရှိတယ် ထင်တယ် ........... "

သူတို့ပြောသည်မှာ မှန်သည်။

ချောင်ဝမ်းဟွေ့သည်လည်း ထိုကဲ့သို့ တွေးသည်။

ချောင်ဝမ်းဟွေ့သည် လောင်းကစားကို စွဲလမ်းသူ ဖြစ်သည်။

သို့သော် သူ၏ အရည်အချင်းများမှာ ညံ့ဖျင်းလွန်းလေသည်။

သူသည် အချိန်တိုင်း ရှုံးတတ်ည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် သူသည် အနည်းဆုံး သန်းဆယ်နှင့်ချီ၍ ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

ယနေ့တွင် သူ့ထက် အားနည်းကာ ပျော့ညံ့သူနှင့် တွေ့ဆုံခဲ့သည်။

ဤတွေ့ဆုံမှုမှာ မလွယ်ကူလှချေ။

သူသည် ဤကဲ့သို့ ကောင်းကင်ဘုံမှ ပေးသော အခွင့်အရေးကို လက်မလွှတ်ချင်ပေ။

သူ့သခင်သည် မကြာသေးမီမှ 'စီးပွားရေးသဘောတူညီချက်တစ်ခု' ပြီးမြောက်ခဲ့ပြီး တာဝန်ထမ်းဆောင်ခ ယွမ် သန်း၁၀၀ကျော် ရရှိခဲ့သည်။

ထိုပိုက်ဆံကို သူသည် ယာယီသိမ်းဆည်းထားပြီး ယာယီအသုံးပြုနိုင်မည်လည်း ဖြစ်သည်။

ယဲ့ဖန်သည် တစ်စုံတစ်ယောက်မှ လောင်းကြေး ၁၀သန်းအား လက်ခံရဲလိမ့်မည်ဟု မထင်ခဲ့ပေ။

မယုံကြည်သော အမူအရာဖြင့် သူ့ကိုကြည့်လိုက်သည်။

" ခင်ဗျား ..... ခင်ဗျား အဲ့လောက်ကြေးနဲ့ ကစားချင်တာလား "

ချောင်ဝမ်းဟွေ့မှ ဒေါသတကြီး မေးစေ့ကို မော့လိုက်သည်။

" ဘာလဲ။ မင်းက စိန်ခေါ်တာကို လက်မခံရဲဘူးလား "

ယဲ့ဖန် တုံ့ဆိုင်းသွားသည်။

" အဲ့လို မဟုတ်ဘူး။ ခ ..... ခင်ဗျားမှာ ငွေအများကြီးရှိလို့လား "

ချောင်ဝမ်းဟွေ့သည် ချက်ချင်း သူ့အိတ်ကပ်ထဲမှ ဘဏ်ကတ်ကို ထုတ်ကာ လောင်းကစားဝိုင်းပေါ်သို့ ပစ်ချလိုက်သည်။

" ဒီကတ်ထဲမှာ သန်း ၁၀၀ကျော်ရှိတယ်။ မင်းမှာ အရည်အချင်းရှိရင် လာပြီးတော့ အနိုင်ယူလိုက် "

ကာစီနိုထဲမှ တခြားလူ အားလုံးသည် သူ့ဘဏ်ကတ်ကို ပူလောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

ကံမကောင်းစွာဖြင့် သူတို့တွင် အရင်းအနှီးငွေ အလုံအလောက်မရှိကြ၍ ပါဝင်ကစားခွင့် မရှိခဲ့ကြချေ။

ယဲ့ဖန်သည် 'ခက်ခဲသော အခြေအနေ'သို့ အတင်းအကြပ် တွန်းပို့ခံခဲ့ရပြီး အံကြိတ်ရုံသာ တတ်နိုင်ခဲ့သည်။

" ဒါဆို စည်းကမ်းချက်တွေကို ရှင်းထားရမယ်။ ကျွန်တော်တို့ တစ်ယောက်စီက အန်စာခွက်တစ်ခု ယူထားပြီး ဘယ်သူက နံပါတ်အများဆုံးရလဲဆိုတာကို ကြည့်ရမယ်။ တစ်ဝိုင်းကို ၁၀ သန်း။ ရှုံးရင် ချက်ချင်း ငွေလွှဲ။ အကြွေးမထားရဘူး "

ချောင်ဝမ်းဟွေ့ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ပြဿနာမရှိဘူး။ မင်းပြောတဲ့အတိုင်း လုပ်မယ် "

ယဲ့ဖန်သည် ယခုအချိန်တွင် အခြားသော 'ဆင်ခြေ'များကို ရှာမရတော့ဘဲ ကစားဝိုင်းတွင်သာ ထိုင်နေလိုက်ရတော့သည်။

ချန်းဖေးအယ်သည် ယဲ့ဖန်မှ ယွမ်သန်းပေါင်းများစွာဖြင့် အမှန်တကယ် လောင်းကစားလုပ်တော့မည်ကို မြင်ပြီး သူ့လက်ကို အမြန်ဆွဲလိုက်သည်။

" ရှင် ရူးနေလား။ ရှုံးတာ နည်းသေးတယ်လို့ ထင်နေလို့လား "

ဒီကောင်လေး ဆက်ရှုံးပါက သရုပ်ဆောင်ရန်ပင် လုံးဝ မလုပ်နိုင်တော့မည်ကို သူမ စိုးရိမ်နေမိသည်။

ထိုမြင်ကွင်းကို မြင်လိုက်ပြီး အားလုံးမှ မထိန်းနိုင်ဘဲ ရယ်မောလိုက်ကြသည်။

သူ့မိန်းကလေးကတောင် သူနိုင်မယ်လို့ မယုံဘူးထင်တယ်။

ယဲ့ဖန် အနည်းငယ် 'ဒေါသ'ထွက်သွားသည်။

သူသည် သူမကို တွန်းဖယ်လိုက်သည်။

" မိန်းမတွေက ဆံပင်သာရှည်တာ ဗဟုသုတကတော့ တိုတာပဲ။ မင်းဒီမှာရပ်နေလို့ ငါ့ကံကအရမ်းဆိုးနေတာ ထင်တယ်။ ထွက်သွား "

ချန်းဖေးအယ်သည် သူမ၏ ကြင်နာသော ရည်ရွယ်ချက်များကို မြည်း၏အသည်း၊ အဆုတ်များကဲ့သို့ အဖြစ်မရှိသလို သဘောထားသည်ကို မြင်လိုက်ရပြီး သူမ ချက်ချင်း ဒေါသပေါက်ကွဲသွားသည်။

သူမသည် ဒေါသတကြီးဖြင့် ချက်ချင်း ဘေးသို့ လျှောက်သွားကာ ဖယ်နေပြီး သူ့ကို ဂရုမစိုက်တော့ချေ။

ယဲ့ဖန် နောက်ပြန်လှည့်ပြီး ချောင်ဝမ်းဟွေ့ကို ကြည့်လိုက်သည်။

" ကောင်းပြီ၊ စကြရအောင် "

ထိုအချိန်တွင် တစ်စုံတစ်ယောက်မှ သူတို့နှစ်ယောက်ရှေ့သို့ အန်စာတုံးနှစ်ခွက်ကို တွန်းပေးပြီး စောင့်မျှော်ကာ ဝိုင်းအုံထားကြသည်။

ဒီတိုက်ပွဲက စိတ်ဝင်စားစရာ ကောင်းလွန်းတယ်။

ဤပွဲသည် ကံဆိုးသူနှစ်ယောက်ကြားမှ ပြိုင်ဆိုင်မှုဖြစ်ပြီး သန်းဆယ်နှင့်ချီသော အလောင်းအစားလည်း ဖြစ်သည်။

ရယ်ရမလား ငိုရမလား မသိရချေ။

ချောင်ဝမ်းဟွေ့သည် စကားတစ်ခွန်းမျှ မပြောဘဲ သူ့အရှေ့တွင်ရှိသော အန်စာခွက်ကို စတင်လှုပ်ယမ်းလိုက်သည်။

အတွင်းရှိ အန်စာတုံးများမှ ထွက်လာသော ပြတ်သားသည့် အသံသည် လူတိုင်း၏ နှလုံးသားခုန်သံကို မြန်ဆန်စေသည်။

ဒုန်း

အန်စာတုံးခွက် ရပ်သွားသည်နှင့် သူက ယုံကြည်ချက်ရှိသော အပြုံးဖြင့် ဖွင့်လိုက်သည်။

၄၊ ၄၊ ၆

စုစုပေါင်း ၁၄ မှတ်ဖြင့် ဂဏန်းကြီးရသွားလေသည်။

အားလုံးမှ ယဲ့ဖန်ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်နေကြသည်။

ဒီကောင်လေးက ဒီတစ်ပွဲအတွက် အခက်တွေ့နေတာ ဖြစ်နိုင်တယ်။

ယဲ့ဖန်သည် ချောင်ဝမ်းဟွေ့၏ နံပါတ်များကို မြင်ပြီးနောက် သူ၏ အမူအရာမှာ လေးနက်သွားသည်။

သူသည် အန်စာခွက်ကို အတော်ကြာသည်အထိ မကိုင်ပေ။

ထိုပုံစံကို မြင်သည့် လူအားလုံးသည် ချက်ချင်း သူ့ကို တိုက်တွန်းလိုက်ကြသည်။

" ဘာကိုစောင့်နေတာလဲ။ မြန်မြန်လှုပ်လေ "

" ဟုတ်တယ်။ သူက ၁၄ မှတ်ရနေပြီ။ မင်းက စကားပြန်ပြောင်းချင်နေတာလား "

" ဒီမှာ စောင့်ကြည့်နေတဲ့သူတွေ အများကြီးပဲ။ မင်း စကားပြန်ပြောင်းရဲရင် ငါတို့ ဘယ်သူမှ သဘောတူမှာ မဟုတ်ဘူး "

" အမှန်ပဲ၊ တစ်ချီကို ၁၀သန်း။ ဒါက မင်းကိုယ်တိုင် ချမှတ်ထားတဲ့ စည်းကမ်းပဲ။ မင်းစကားပြန်ပြောင်းဖို့ မစဉ်းစားနဲ့ "

ယဲ့ဖန်သည် အားကိုးရာမဲ့သော အမူအရာဖြစ်နေသည်။

သို့သော် သူသည် အန်စာခွက်ကို ကောက်ယူပြီး ကိုးရိုးကားရားနိုင်စွာဖြင့် ခါယမ်းလိုက်သည်။

အန်စာခွက်ကို လှုပ်ခါနေသည့် သူ၏ အဆင်မပြေသော အနေအထားကို ကြည့်လိုက်သည်နှင့် သူသည် သူသစ် ဖြစ်ကြောင်း သိသာလွန်းလှသည်။

လူတိုင်း သူ့ကို ရယ်ကြသည်။

လာ့စ်ဗေးဂတ်စ်ကို ရောက်ဖူးတယ်လို့ သူဘယ်လိုတောင် ကြွားရဲတာလဲ။

ဘေးမှာထိုင်နေသည့် ချန်းဖေးအယ်ပင် အနည်းငယ် ဒေါသထွက်သွားသော်လည်း ယဲ့ဖန် ထပ်ပြီး ရှုံးမည်ကို စိုးရိမ်၍ ခေါင်းလေးထောင်ကာ ကြည့်နေမိသည်။

ယဲ့ဖန်၏ လက်သည် မလှုပ်တော့ဘဲ ရပ်သွားသည်။

သို့သော် သူသည် ချက်ချင်း ဖယ်မပေးပေ။

ချွေးသုတ်ရန် တစ်ရှူးတစ်ခုကို ထုတ်လိုက်သည်။

အားလုံးသည် သောကများနေကြပြီး သူ့ကို ဖွင့်ပြရန် တိုက်တွန်းကြတော့သည်။

" မြန်မြန်ဖွင့်လိုက်လေ။ မင်း ဘာကို စောင့်နေတာလဲ "

" မင်း အန်စာတုံးတွေကို လှုပ်တာ ကြည့်ရတာတောင် ရက်စက်ရာရောက်နေပြီ ဒီထက်ပိုပြီး မြန်မြန် မပြနိုင်ဘူးလား "

" ယောက်ျားလေးက ဘာလို့ ဒီလောက်တောင် ကွေ့ဝိုက်နေရတာလဲ "

" မြန်မြန်ဖွင့် ......... "

လူတိုင်း၏ နှလုံးသားများ လည်ချောင်းထဲတွင် တစ်ဆို့နေသလို ဖြစ်နေချိန် ယဲ့ဖန်သည် အန်စာခွက်ကို အမြန် ဖွင့်ပြလိုက်သည်။

၅

၅

၅

အန်စာတုံး သုံးလုံးသည် စုစုပေါင်း ၁၅မှတ်ဖြစ်ပြီး ချောင်ဝမ်းဟွေ့ထက် အနည်းငယ်သာ ပိုကြီးသည်။

အာမေဋိတ်သံများ မထွက်လာခင် လူတိုင်း အံ့ဩသွားကြသည်။

" ဘုရားရေ၊ သူ့ကံက ကောင်းကင်ကို အံတုလွန်းတယ် မဟုတ်ဘူးလား။ ဒါက ၁မှတ်တည်း ပိုကြီးတာ မဟုတ်ဘူးလား "

" ဘာလဲ ဟ၊ သူက ဒီလိုနဲ့ ၁၀သန်း အနိုင်ရသွားတာလား။ ၁၀သန်းတောင်လေ ....... "

" ဒါက အရမ်းစိတ်လှုပ်ရှားစရာ မကောင်းဘူးလား။ ငါ့နှလုံးသားက မခံနိုင်တော့ဘူး "

" လက်ပြတ်ဟွေ့ရဲ့ ကံက အရမ်းဆိုးတာပဲ။ ဒီလိုတောင် ရှုံးရတယ်လို့ ....... "

အားလုံး၏ တံတွေးများသည် နေရာတိုင်းသို့ ပျံ့လွင့်နေသော်လည်း ချောင်ဝမ်းဟွေ့သည် ထိုနေရာတွင် ကြောင်အစွာဖြင့်သာ ရပ်နေချိန်ပြီး အချိန်အတော်ကြာသည်အထိ အာရုံများ ပြန်မကပ်လာပေ။

ရှုံးတာလား။

သူ တကယ် ရှုံးသွားတာလား။

ဒါ သန်းဆယ်ချီတန်တဲ့ လောင်းကစားပဲ။

ဒါကို သူ ချက်ချင်း ရှုံးသွားတာလား။

ထိုထိုးနှက်ချက်မှာ ပြင်းထန်လွန်း၍ သူ့ဦးနှောက်ပါ အလုပ်မလုပ်တော့သည်အထိ လုံးဝအံ့အားသင့်သွားခဲ့သည်။

ယဲ့ဖန်သည် အစတွင်တော့ မကြည့်ရဲသလိုပုံစံ ဟန်ဆောင်ခဲ့သည်။

သို့သော် လူတိုင်း၏ အာမေဋိတ်သံကို ကြားပြီးနောက် လှည့်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ခုန်ပေါက်သွားတော့သည်။

" နိုင်သွားတာလား။ ငါ နိုင်သွားတာလား "

ယဲ့ဖန်၏ အမူအရာကို ကြည့်ပါက သူတကယ် နိုင်မည်ဟု မယုံကြည်ထားကြောင်း သိသာလေသည်။

ဘေးတွင်ရပ်နေသည့် ချန်းဖေးအယ်လည်း သက်ပြင်းချလိုက်သည်။

ဤ၁၀သန်းအဆင့် လောင်းကစားသည် စိတ်လှုပ်ရှားစရာ ကောင်းလွန်းသည်။

သူမ၏ လက်ဖဝါးများတွင် ချွေးများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ယဲ့ဖန်သည် ဤအချီတွင် အနိုင်ရခဲ့သည်။

ဒီကောင်လေးက တကယ်ကံကောင်းတာပဲ။

အောင်ပွဲခံပြီးနောက် ယဲ့ဖန်သည် ချောင်ဝမ်းဟွေ့ဘက်သို့ လှည့်သွားခဲ့သည်။

" ရှုံးရင် ပိုက်ဆံ ချက်ချင်း လွှဲပေးပါ ...... "

အပိုင်း ( ၈၇၉ )

ဒါကို လူပြိန်းလို့ ခေါ်လို့လား။

ချောင်ဝမ်းဟွေ့လည်း ချွေးများ စိုရွှဲနေပြီ ဖြစ်သည်။

ထိုငွေများကို သူ့သခင်မှ ခေတ္တ သိမ်းဆည်းခိုင်းထားတာဖြစ်ပြီး သူသည် တစ်ကြိမ်တည်းဖြင့် ၁၀သန်း ဆုံးရှုံးသွားစေခဲ့သည်။

သူ့သခင် သိသွားပါက သူ့ကို လွယ်လွယ်ဖြင့် လွှတ်ပေးမည် မဟုတ်သည်မှာ သေချာလေသည်။

သို့သော် သူသည် လူအများအရှေ့တွင် သူ့စကားကို ပြန်မပြောင်းနိုင်ပေ။

သူ ထိုကဲ့သို့ အမှန်တကယ် လုပ်ခဲ့မည်ဆိုလျှင် သူ အနာဂတ်၌ ကာစီနိုမြို့တော်တွင် ရှင်သန်နိုင်မည် မဟုတ်ချေ။

ယဲ့ဖန်၎ တိုက်တွန်းမှုအောက်တွင် နောက်ဆုံး၌ သူ ဖုန်းကို ထုတ်ကာ ဘဏ်ထဲသို့ ငွေလွှဲပေးလိုက်သည်။

ယဲ့ဖန်သည် ငွေလွှဲကို လက်ခံရရှိပြီးနောက် ချက်ချင်း ပြုံးလိုက်သည်။

ပွဲကြည့်နေသော လူများအားလုံး မနာလို ဖြစ်သွားကြသည်။

" တစ်ချီတည်းနဲ့ ၁၀သန်း၊ ၁၀ သန်း အနိုင်ရတာ။ ဒါက အရမ်းမိုက်လွန်းတယ်၊ မဟုတ်လား "

" လက်ပြတ်ဟွေ့၊ ဒီတစ်ကြိမ်ခါ အကြီးအကျယ် ရှုံးသွားတာပဲ "

" ဟိုကောင်လေးကို သူက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်နေတာ မဟုတ်ဘူးလား။ နောက်ဆုံးတော့ သူကိုယ်တိုင် ပြန်ထိသွားပြီ။ ဟားဟားဟား .......... "

" ကြည့်ရတာ သူကမှ လူပြိန်းလိုပဲ ...... "

အားလုံးမှ ချောင်ဝမ်းဟွေ့ကို လှောင်ပြောင်ကြသည်။

ချောင်ဝမ်းဟွေ့သည် ထိုစကားကို ကြားသောအခါ အလွန်ဒေါသထွက်သွားသည်။

သူသည် ယဲ့ဖန်ကို သွေးကဲ့သို့ရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

" ဆက်လုပ် "

သူသည် ထို၁၀သန်းကို တတ်နိုင်သမျှ မြန်မြန် ပြန်ရရမည်။

မဟုတ်ပါက သူ့သခင်ကို ပြန်ပြောနိုင်မှာ မဟုတ်ချေ။

သူသည် အန်စာခွက်ကို ချက်ချင်း ဆွဲကိုင်လိုက်ပြီး ဆတ်ခနဲ မဖွင့်မီ ပြင်းထန်စွာ ခါယမ်းလိုက်သည်။

၃

၅

၆

စုစုပေါင်း ၁၄ မှတ်ရပြန်သည်။

ယဲ့ဖန်သည် ဤတစ်ကြိမ်တွင် အချိန်ဖြုန်းမနေပေ။

သူသည် အန်စာခွက်ကို ကိုင်လိုက်ပြီး နှစ်ကြိမ် လှုပ်လိုက်ပြီးနောက် ဖြည်းညှင်းစွာဖွင့်လိုက်သည်။

၄

၅

၆

ကံစီမံရာအတိုင်း ၁၅ မှတ်ရသွားပြန်သည်။

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူ ထပ်ပြီး အနိုင်ရသွားတာလား။

သူသည် နောက်ထပ် ယွမ် ၁၀သန်းကို လွယ်ကူစွာ အနိုင်ရနိုင်ခဲ့သည်။

ဒီငွေကို အရမ်းလွယ်လွယ်ကြီး ရနေတာ မဟုတ်ဘူးလား။

ချောင်ဝမ်းဟွေ့သည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူသည် ယဲ့ဖန်ကို သေမတတ် စိုက်ကြည့်နေသည်။

သူ့စိတ်မှာလည်း ဗလာဖြစ်နေသည်။

သူရှုံးသွားပြီ၊ သူ တကယ် ထပ်ရှုံးတာလား။

ယဲ့ဖန်သည် စားပွဲကို ပုတ်လိုက်ပြီး သူ့ကို ပြုံးလျက် ကြည့်လိုက်သည်။

" ငွေလွှဲပေး "

ချောင်ဝမ်းဟွေ့၏ အမြင်တွင် ယဲ့ဖန်၏ အပြုံးသည် သူ့ကို လှောင်ပြောင်နေသည့်ပုံ ပေါ်နေ၍ သူ့ကို ဒေါသပိုထွက်စေသည်။

ထို့နောက် ဘာမှပြန်မပြောဘဲ ယဲ့ဖန်ဆီသို့ နောက်ထပ် ၁၀သန်း လွှဲလိုက်ရသည်။

" ထပ်ဆော့ "

သူသည် တဖြည်းဖြည်းဖြင့် စိတ်လွတ်လာပြီ ဖြစ်သည်။

နှစ်မိနစ်အတွင်းမှာပင် သန်း၂၀ ဆုံးရှုံးခဲ့ရသည်။

မည်သူမဆို စိတ်လွတ်သွားနိုင်သည်။

၉ နဲ့ ၁၀

၁၂ နဲ့ ၁၃

၁၇ နဲ့ ၁၈

စသည်ဖြင့် သရဲမှ ထိန်းချုပ်နေသကဲ့သို့ ယဲ့ဖန်သည် ကစားပွဲတိုင်းတွင် တစ်ဖက်သူထက် တစ်မှတ်သာလျက် အနိုင်ရရှိသည်။

ယခုအချိန်တွင် အနည်းငယ် ထက်မြက်သောသူများသည် ထိုလူသစ်ကလေးမှာ ကျားကို စားရန် ဝက်တစ်ကောင်အဖြစ် ဟန်ဆောင်ထားတာဖြစ်ကြောင်း ပြောနိုင်နေပြီ ဖြစ်သည်။

ဒါက ဘယ်လိုလုပ် လူသစ်ဖြစ်နိုင်မှာလဲ။

သူက လောင်းကစားသမားတွေရဲ့ ဘုရားသခင်ပဲ၊ မဟုတ်ဘူးလား။

တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ဖြစ်လျှင် ကျိုးကြောင်းဆီလျော်သည်ဟု ဆိုနိုင်သေးသည်။

သို့သော် သူသည် အချိန်တိုင်း တစ်ဖက်သူထက် တစ်မှတ်ကလေး ကပ်၍ ပိုကြီးနေတတ်သည်။

ထိုအခါ ကံတရားဟု ပြော၍ မရနိုင်တော့ပေ။

အားလုံးသည် သရဲတစ္ဆေ မြင်နေရသကဲ့သို့ ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

ချန်းဖေးအယ်ပင်လျှင် လုံးဝ အံ့အားသင့်သွားရသည်။

ဒီကောင်လေးက ရည်ရွယ်ချက်ရှိရှိ ရှုံးအောင် လုပ်နေခဲ့တာလား။

ဒါဆို သူ့ရဲ့ လောင်းကစားစွမ်းရည်က အရမ်းကောင်းတာလား။

ကောင်းလွန်း၍ လှည့်စားနေသည်ဟုပင် ထင်ရသည်။

သို့သော် ဘေးရှိ ပွဲကြည့်ပရိသတ်များကသာ ရှင်းလင်းစွာ မြင်နေရသော်လည်း ပါဝင်သည့် ကစားသမားမှာတော့ မမြင်နိုင်ခဲ့ပေ။

ချောင်ဝမ်းဟွေ့သည် ထိုအချိန်တွင် လုံးဝ ရူးနေပြီဖြစ်သည်။

သူသည် ရှုံးခဲ့သော ငွေများကို ပြန်ရရန်သာ အာရုံစိုက်နေပြီး ထိုအဖြစ်ကို လုံးဝ သတိမထားမိချေ။

ဆယ်ကြိမ်မြောက် ငွေလွှဲပြီးနောက် ........

" ထပ်လောင်းမယ် "

ယဲ့ဖန်ကို စိုက်ကြည့်ရင်း သူ အံကြိတ်လိုက်သည်။

သူသည် အန်စာကို ထပ်ကစားချင်သည်။

သို့သော် ထိုတစ်ကြိမ်၌ ယဲ့ဖန်သည် အန်စာခွက်ကို မထိခဲ့ချေ။

တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူ့ကို ကြည့်နေသည်။

" ခင်ဗျား ရှုံးနေတာတာ သန်း ၁၀၀ ရှိပြီ။ ခင်ဗျားရဲ့ ကတ်ထဲမှာ ပိုက်ဆံရှိသေးရဲ့လား "

ထိုအခါမှ ချောင်ဝမ်းဟွေ့ အသိစိတ်ဝင်လာသည်။

သူပင် မသိလိုက်ဘဲ သန်း၁၀၀ အမှန်တကယ် ဆုံးရှုံးသွားခဲ့သည်။

ထိုဘဏ်ကတ်တွင် သန်း၁၀၀ကျော်နှင့် ပိုက်ဆံအနည်းငယ်သာ ရှိခဲ့ပြီး ယခုအခါ ပိုက်ဆံအနည်းငယ်သာ ကျန်တော့သည်။

ထိုသည်ကို တွေးပြီး ချွေးအေးများ ထွက်လာသည်။

ထိုငွေများကို သူ့သခင်မှ သူ့အား ခဏသိမ်းထားပေးရန် ပြောခဲ့သည်။

သို့သော် သူက တကယ်ကြီး အကုန်လုံး သုံးကာ ရှုံးနိမ့်ခဲ့ရသည်။

သူ့သခင်သည် ထိုအကြောင်းကို သိသွားပါက သူ့ကို အပိုင်းပိုင်း ခုတ်ထစ်လိမ့်မည်။

" ခွေးသား၊ မင်း ငါ့ကို လှည့်စားတာ ........ "

သူ ရုတ်တရက် ခေါင်းမော့ပြီး ယဲ့ဖန် ကို ကြည့်လိုက်သည်။

သူသည် စိတ်လွတ်ပြီး တွေ့ရာကို ကိုက်တော့မည့် သားရဲကောင်ကြီးနှင့် တူလေသည်။

ယဲ့ဖန်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။

" ရှုံးတာနဲ့ ဘာလို့ စကားကို ပြန်ပြောင်းချင်နေတာလဲ။ ကြည့်နေတဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော် လှည့်စားတာ ဘယ်သူမြင်လို့လဲ။ လူတိုင်းကို မျက်ကန်းတွေလို့ ထင်နေလို့လား "

ပတ်ဝန်းကျင်ရှိ လူတိုင်းမှ ခေါင်းညိတ်ကာ လက်ခံကြသည်။

" မှန်တယ်။ ဒီမှာ ကြည့်နေတဲ့သူ အများကြီးရှိတယ်။ သူ လုံးဝ မလှည့်စားဘူး "

" သူ့ရဲ့ အရည်အချင်းက အရမ်းကောင်းတယ်လို့ပဲ ပြောရမယ်။ မင်း ကံမကောင်းတာလို့ပဲ မှတ်လိုက်ပါ "

" လူတစ်ယောက်ကို အပြစ်တင်ချင်ရင် မင်းရဲ့ ညံ့ဖျင်းတဲ့ အရည်အချင်းတွေကြောင့်နဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်နိုင်တယ်။ တခြားသူတွေကို ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ "

" လက်ပြတ်ဟွေ့၊ မင်းရှုံးရင်တောင် တရားမျှတရမယ်။ သူများတွေကို နှောင့်ယှက်နေစရာ မလိုဘူး "

" မင်းရဲ့ လောင်းကစား စိတ်ဓာတ်က အရမ်းဆိုးနေတယ်ဆိုရင် နောက်ဆို ဘယ်သူက မင်းနဲ့ကစားရဲမှာလဲ "

လူတိုင်းသည် သန်း၁၀၀ အနိုင်ရထားသည့် ယဲ့ဖန်ကို မနာလို ဖြစ်ကြသော်လည်း တရားမျှတစွာ ဝင်ပြောပေးကြသည်။

ချောင်ဝမ်းဟွေ့သည်လည်း ယဲ့ဖန်၏ လှုပ်ရှားမှုများကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သောကြောင့် သိသည်။

တစ်ဖက်လူသည် မည်မျှပင်ပဲ ကျွမ်းကျင်နေပါစေ သူ့မျက်စိအောက်တွင် လှည့်စားနိုင်မည် မဟုတ်ချေ။

သို့သော် ဤတစ်ကြိမ်တွင် သူ၏ ဆုံးရှုံးမှုမှာ ဆိုးရွားလွန်းလှသည်။

သူ၏သခင် ပြန်ရောက်လာပါက သူ မည်သို့ ရှင်းပြရမည်ကို မသိပေ။

ယဲ့ဖန် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

" ခင်ဗျားမှာ ကစားဖို့ ပိုက်ဆံမရှိရင် ဒီနေ့ထားလိုက်။ ခင်ဗျားမှာ ပိုက်ဆံရှိတဲ့အခါ လာရှာလို့ရတယ် "

ချောင်ဝမ်းဟွေ့ အမြန်ထရပ်လိုက်သည်။

" မသွားနဲ့ ....... "

ယဲ့ဖန်သည် ခြေလှမ်းကို ရပ်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။

" တခြားတစ်ခုခုရှိသေးလို့လား "

အပိုင်း ( ၈၈၀ )

သူခိုးဘုရင်လေး၏ ဂုဏ်သတင်း

ချောင်ဝမ်းဟွေ့မှာ စိတ်ပူပန်နေပုံရသည်။

" မင်း ....... မင်း ငါ့ကို ပိုက်ဆံပြန်ပေးနိုင်မလား။ ဒီငွေက ငါ့သခင်ပိုင်တာ။ ငါ့သခင်သိရင် ငါ့ကို ခွင့်မလွှတ်မှာကို ကြောက်ရတယ် ...... "

ထိုစကားကို ယဲ့ဖန် ကြားသည့်အခါ သူ့အမူအရာမှာ နက်မှောင်သွားသည်။

" အဲ့တာက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ လောင်းကစားလုပ်ရင် အရှုံးကို ဝန်ခံတဲ့စိတ် ရှိရမယ်။ ရှုံးပြီးတာနဲ့ ဘယ်လိုလုပ် ပြန်တောင်းရတာလဲ "

လောင်းကစားရုံရှိ အခြားလူများကလည်း သူ့စကားကြောင့် အလွန်ဒေါသထွက်သွားကြသည်။

" လက်ပြတ်ဟွေ့၊ ဒါက ဘယ်လို အဓိပ္ပာယ်မရှိတာလဲ။ ရှုံးပြီးရင် ဘယ်လိုလုပ် ပြန်တောင်းနိုင်မှာလဲ "

" ဟုတ်တယ်။ ကာစီနိုရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ဖို့ ကြိုးစားနေတာလား "

" ဒီညီလေးက သဘောတူရင်တောင် ငါတို့ သဘောမတူဘူး "

" မင်းမှာ ဒီလိုမျိုး ပြောရဲတဲ့ မျက်နှာရှိသေးတာလား။ မင်းက တကယ့်ယောက်ျားမှ ဟုတ်သေးရဲ့လား ....... "

ချောင်ဝမ်းဟွေ့လည်း သူ့စကားမှာ အနည်းငယ် ရယ်စရာကောင်းနေမှန်း သိသည်။

ထိုကောင်လေးသည် သူ့ဆီမှ ငွေများစွာ အနိုင်ရရှိခဲ့ပြီး သန်း၁၀၀ ကျော်သည်အထိ များပြားလှသည်။

သူ့ကို ဘယ်လိုလုပ် ပြန်ပေးမှာလဲ။

သို့သော် သူ့တွင် တခြားရွေးချယ်စရာ မရှိချေ။

သူသည် မြေပြင်ပေါ်တွင် လျင်မြန်စွာ ဒူးထောက်လိုက်ပြီး ယဲ့ဖန်အား ငုံ့ကြည့်လိုက်သည်။

" တောင်းပန်ပါတယ် မင်းကို ငါ အကြွေးတင်တယ်လို့ သဘောထားလိုက်ပါ။ အနာဂတ်မှာ မင်းကို ဖြည်းဖြည်းချင်း ပြန်ဆပ်မယ်။ ဒါပေမဲ့ ဒီငွေတွေကတော့ ငါ့သခင်ဟာတွေ မလို့ပါ။ ကျေးဇူးပြုပြီး ငါ့ကို အရင်ပြန်ပေးပါ ........ "

ယဲ့ဖန်မှ မတုန်လှုပ်ပေ။

တစ်ဖက်သူကို အေးစက်စွာ ကြည့်နေသည်။

" ဒီငွေက ဘယ်သူပိုင်တာဖြစ်ဖြစ် ခင်ဗျားက ပွဲထဲမှာ ဒီငွေကို သုံးခဲ့ပြီးပြီ။ ခင်ဗျားကိုယ်တိုင် ဒီငွေကို အလွဲသုံးစားလုပ်ခဲ့တာ။ ပိုက်ဆံပြန်ရဖို့ ခိုးတာဖြစ်ဖြစ်စေ လုတာဖြစ်ဖြစ် ကျွန်တော်နဲ့ မဆိုင်ဘူး "

ထိုသို့ဖြင့် ချက်ချင်း လှည့်ပြီး ချန်းဖေးအယ်ကို ပြောလိုက်သည်။

" သွားကြရအောင် "

ချန်းဖေးအယ်သည် အမြန်လမ်းလျှောက်ပြီး သူ့လက်မောင်းကို ချိတ်ကာ အတူတူ ထွက်လာခဲ့သည်။

ချောင်ဝမ်းဟွေ့သည် ကြောင်အအဖြင့် ဒူးထောက်လျက် ရှိနေသည်။

ယဲ့ဖန် ၏ 'မရည်ရွယ်သော' သတိပေးချက်အပြီးတွင် သူ ချက်ချင်း သတိကပ်လာခဲ့သည်။

ဟုတ်တယ်၊ ငါခိုးလို့ရတာပဲ။

..........................

" မဆိုးဘူး။ ရှင် လောင်းကစားမှာ ဒီလောက်တော်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါနဲ့ ကျားစားဖို့ ဝက်တစ်ကောင်လို ဟန်ဆောင်နေတာလား "

ချန်းဖေးအယ် အံ့အားသင့်စွာ အော်ဟစ်လျက် သူတို့နှစ်ဦးသည် အဝေးသို့ ထွက်ခွာသွားခဲ့ကြသည်။

သူမ၏ လှပသော မျက်လုံးလေးများသည် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။

ယဲ့ဖန်မှ မသိမသာ ပြုံးလိုက်သည်။

" ပိုက်ဆံ အချီကြီးမရှုံးရင် ငါးကြီးကြီးကို ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ "

ချန်းဖေးအယ်သည် ယဲ့ဖန်၏ နည်းလမ်းများကို နောက်ဆုံးတွင် တွေ့ကြုံခံစားခဲ့ရသည်။

သူသည် ချောင်ဝမ်းဟွေ့ကို မသိမသာ လှည့်စားခဲ့ပြီး ယွမ်သန်း၁၀၀ကို လိမ်လည်ခဲ့သည်။

ထိုနည်းလမ်း၊ ထိုလှည့်စားချက်တို့မှာ တကယ်ပင် ကြောက်စရာကောင်းလှသည်။

" ဒါဆို ရှင့်ရဲ့ နောက်ထပ်အစီအစဥ်က ဘာလဲ "

ထိုအဖြစ်အပျက်များ ပြီးသည့်နောက် ယဲ့ဖန်၌ အရန်အစီအစဉ်တစ်ခု ရှိသည်ဆိုတာ သူမ သိလိုက်သည်။

ထို့ကြောင့် သူမ ချက်ချင်း မေးလိုက်သည်။

" ဒီ ချောင်ဝမ်းဟွေ့က အားကန်ရဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်ထားတာ။ သူ့သခင် ပြဿနာရှာမှာကို ကြောက်ပြီး ငွေကို ပြန်ရှာနိုင်မယ့် နည်းလမ်းကို သူ သေချာပေါက် တွေးနေလိမ့်မယ်။ သူဘယ်လိုလုပ်မယ် ထင်လဲ "

ယဲ့ဖန်မှ တိုက်ရိုက်မဖြေပေ။

သူက ထိုအစား မေးခွန်းတစ်ခု ပြန်မေးလိုက်သည်။

ချန်းဖေးအယ် မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားလိုက်သည်။

" သူက ခိုးတာ အတော်ဆုံးပဲ။ ဒါပေမယ့် ဒီလောက်ကြီးတဲ့ ငွေကွာဟချက်ကို ဖြည့်ဖို့က လွယ်မှာ မဟုတ်ဘူး "

ယဲ့ဖန် ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။

" အဲ့တာက တကယ် မလွယ်လောက်ဘူး။ ဒါပေမယ့် ချောင်ဝမ်းဟွေ့က အရင်က နေရာတော်တော်များများကို ရောက်ဖူးပြီးသားဆိုတော့ ငွေရနိုင်တဲ့ နေရာတွေကို သိမယ်လို့ ကိုယ်ယုံကြည်တယ်။ ကိုယ်တို့က သူ့နောက်ကို လိုက်ဖို့ပဲ လိုတော့တာ။ ပြီးကျ ဘာဆက်ဖြစ်မလဲဆိုတာ အလိုအလျောက် သိလာလိမ့်မယ် "

ချန်းဖေးအယ်မှ သဘောတူကြောင်း ခေါင်းညိတ်သည်။

သူတို့နှစ်ယောက်သည် ချက်ချင်း အမှောင်ထဲတွင် ပုန်းနေပြီး ချောင်ဝမ်းဟွေ့ ပေါ်လာရန် စောင့်နေကြသည်။

ခဏကြာပြီးနောက် ချောင်ဝမ်းဟွေ့သည် စိတ်ပျက်လက်ပျက်ဖြင့် ကာစီနိုထဲမှ ထွက်လာသည်ကို တွေ့လိုက်ရကာ သူသည် တက္ကစီခေါ်ပြီး ထွက်ခွာသွားခဲ့သည်။

သူတို့ နှစ်ယောက်သည် တက္ကစီကို ချက်ချင်း လှမ်းခေါ်ပြီး ယာဉ်မောင်းကို အနောက်မှ လိုက်ခိုင်းသည်။

ထိုသို့ဖြင့် ကားနှစ်စီးသည် တစ်စီးနောက် တစ်စီး မောင်းလာကာ ဆင်ခြေဖုံးရပ်ကွက်တစ်ခုစီသို့ ရောက်သွားကြသည်။

ဇိမ်ခံအိမ်ကြီးတစ်ခုရှေ့တွင် ရပ်ထားသော တက္ကစီတစ်စီးကို တွေ့လိုက်ရသည်။

ယဲ့ဖန်သည် ကားကို ရပ်ခိုင်းလိုက်ပြီး ချန်းဖေးအယ်နှင့်အတူ ဆင်းလိုက်သည်။

ထိုစံအိမ် အ၀င်ဝတွင် လုံခြုံရေးမှာ အလွန်တင်းကြပ်လေသည်။

ချောင်ဝမ်းဟွေ့သည် ချက်ချင်းဝင်ရန် မရွေးချယ်ဘဲ လှည့်ပတ်သွားကာ ကောင်းကင်ပြာ မှောင်လာမည့်အချိန်ကို စောင့်မျှော်နေသည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည်လည်း အလျင်စလို မလုပ်ပေ။

အမှောင်ထဲမှ ကြည့်နေကြသည်။

မီးများထွန်းလာသည့်အခါ ကောင်းကင်မှာ မှောင်နေပြီ ဖြစ်သည်။

ထို့နောက် ချောင်ဝမ်းဟွေ့သည် စံအိမ်ရာဘက်သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ချက်ချင်း သူ့နောက်ကို လိုက်သွားခဲ့သည်။

ချောင်ဝမ်းဟွေ့သည် ဗီလာ၏ အနောက်ဘက်နံရံသို့ ရောက်ရှိလာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

ဘယ်သူမှ မရှိသည်ကို မြင်ပြီး နံရံကို ကျော်တက်သွားသည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ဒီတစ်ယောက်ရဲ့ အရည်အချင်းက မဆိုးဘူးဘဲ။

သူခိုးဘုရင်ငယ်လေးဆိုတဲ့ ဂုဏ်သတင်းနဲ့ ညီသားပဲ။

သူတို့နှစ်ယောက်သည် ဆယ်စက္ကန့်ကျော်လောက် ခြားပြီးမှ လိုက်သွားသည်။

ချောင်ဝမ်းဟွေ့သည် တံတိုင်းကို ကျော်တက်ပြီးနောက် အထဲသို့ မဝင်မီ ခပ်လှမ်းလှမ်းတွင် အကဲခတ်လမ်းလျှောက်နေသည်ဟု ခန့်မှန်းကြသည်။

တိုက်ဆိုင်စွာပင် ချောင်ဝမ်းဟွေ့သည် ဗီလာကို လှည့်ပတ်ပြီးနောက် စံအိမ်ထဲသို့ ဦးတည်သွားသည်ကို တွေ့လိုက်ရသည်။

သူတို့နှစ်ယောက်သည် သူ့နောက်ကို တိတ်တဆိတ် လိုက်လာပြီး မကြာခင်တွင် မှောင်မည်းနေသည့် အိမ်ကြီးတစ်ခုရှေ့သို့ ရောက်လာသည်။

ချန်းဖေးအယ်သည် ချက်ချင်းပင် သူမ၏ ဖုန်းကို ထုတ်လိုက်ပြီး အထောက်အထားများကို စတင် မှတ်တမ်းတင်ခဲ့သည်။

ချောင်ဝမ်းဟွေ့သည် သူ့အိတ်ကပ်ထဲမှ လက်အိတ်တစ်စုံကို ထုတ်ကာ ဝတ်လိုက်သည်။

ထို့နောက် ဝိုင်ယာကြိုးတစ်ချောင်းကို ရှာပြီး စံအိမ်တံခါးဆီသို့ လျှောက်သွားခဲ့သည်။

အချိန်ခဏကြာ ချိန်ညှိပြီးနောက် စံအိမ်တံခါးကို အလွယ်တကူ ဖွင့်လိုက်သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ထိုလူ၏ ထူးချွန်သည့် စွမ်းရည်ကြောင့် သူတို့ အံ့ဩသွားကြသည်။

ထိုအဆင့်မြင့်အိမ်ကြီးရှိ သော့ခတ်မှုများသည် အလွန်တိကျကာ အဆင့်မြင့်သည်။

ဝိုင်ယာကြိုးနှင့် ဖွင့်ရန် အလွန်ခက်လေသည်။

သို့သော် ချောင်ဝမ်းဟွေ့မှာတော့ လက်ဖမိုးမှ လက်ဖဝါးသို့ လှန်လိုက်သလိုသာ ဖြစ်သည်။

ဒီလူ၏ ခိုးယူမှုစွမ်းရည်မှာ ပြင်းထန်လွန်းသည်ဟု ဆိုနိုင်သည်။

သူ့ရဲ့ ဒီစွမ်းရည်က လောင်းကစားမှာ တစ်ဝက်လောက် ရှိရင်တောင် သူ ဒီလောက် ဆိုးဆိုးရွားရွား ရှုံးမှာ မဟုတ်ဘူး။

ချောင်ဝမ်းဟွေ့သည် ဗီလာထဲသို့ ဝင်နေပြီဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ယဲ့ဖန်တို့မှ ချက်ချင်း သူ့နောက်သို့ လိုက်သွားကြသည်။

ချောင်ဝမ်းဟွေ့သည် ဗီလာထဲသို့ ၀င်သွားပြီးနောက် ပစ္စည်းများကို ရှာဖွေရန် အလျင်စလို မလုပ်ခဲ့ပေ။

ထိုအစား သူသည် ရေခဲသေတ္တာထဲမှ ကိုလာတစ်ဗူးကို ထုတ်ပြီး ဆိုဖာပေါ်၌ သက်တောင့်သက်သာ လှဲကာ သောက်လိုက်သည်။

သူသည် ဤနေရာကို အချိန်အတော်ကြာ သိနေခဲ့ပြီး အိမ်ပိုင်ရှင်၏ အခြေအနေကိုလည်း သေချာသိထားသည်။

ဤစံအိမ်ကြီးကို ပြည်မကြီးမှ ချမ်းသာသည့် စီးပွားရေးသမားတစ်ယောက်က ဝယ်ခဲ့ခြင်း ဖြစ်သည်။

ထိုသူဌေးကြီးသည် လောင်းကစားလုပ်ရန် ကာစီနိုသို့ မကြာခဏ ရောက်လာတတ်သည်။

ဟိုတယ်၌ တည်းခိုရသည်မှာ အဆင်မပြေဖြစ်သောကြောင့် စံအိမ်ကို ဝယ်ထားခဲ့သည်။

အမှန်တွင် သူသည် အကွက်ရွှေ့ချင်သည်မှာ ကြာပြီဖြစ်သော်လည်း သူ့သခင်မှ အချိန်တစ်ခုအတွင်း နေရာတိုင်း၌ ပြဿနာမရှာရန် တားခဲ့သည်။

သူသည် ထိုအချိန်တွင် အဲ့ဒီစိတ်ကူးကို စွန့်လွှတ်ထားခဲ့ရသည်။

သို့သော် ယနေ့တွင် သူသည် သူ့သခင်၏ သန်း၁၀၀ကျော်ကို ဆုံးရှုံးခဲ့သည်။

ထို့ကြောင့် သူ ဂရုမစိုက်နိုင်တော့ဘဲ ကြိုပြီး လှုပ်ရှားရတော့သည်။

အချိုရည်သောက်ပြီးနောက် လက်စမကျန်စေရန် ဂရုတစိုက် ပြန်ရှင်းပြီး အဖိုးတန်ပစ္စည်းများကို ရှာဖွေတော့သည်။

အိပ်ခန်းကြီးထဲသို့ ရောက်လာပြီး ကုတင်ဘေးမှ စားပွဲကို ဆွဲဖွင့်လိုက်ရာ သူ ချက်ချင်း ပင် အံ့ဩသွားရသည်။

ကုတင်ဘေးရှိ စားပွဲတွင် ဇိမ်ခံနာရီများနှင့် လက်ဝတ်ရတနာများ ပြည့်နေသော အံဆွဲတစ်ခုရှိသည်။

အလျင်အမြန်ထုတ်ပြီး ရေတွက်ကြည့်လိုက်လေသည်။

ထိုနာရီတွေဟာ သိန်းပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာတန်သည့် ဇိမ်ခံပစ္စည်းများဖြစ်ပြီး လက်ဝတ်ရတနာတွေကလည်း ဈေးကြီးလှသည်။

ဒီအံဆွဲတစ်ခုတည်းဖြင့် အနည်းဆုံး သန်း၂၀မှ သန်း၃၀ အထိ တန်နိုင်သည်။

သူ၏ ဦးရေပြား ထုံသွားသလိုပင် ခံစားလိုက်ရသည်။

သူတကယ်ကို ငါးကြီးကြီးတစ်ကောင် ဖမ်းမိသွားတာပဲ။

All Chapters