← Chapters

အပိုင်း ၈၈၁-၈၈၄

Vol. 45 Ch. 881-884

အပိုင်း ၈၈၁-၈၈၄

Vol. 45 Ch. 881-884

အပိုင်း ( ၈၈၁ )

သူခိုးဘုရင်ဖြစ်ဖို့ အလားအလာရှိတယ်

သူသည် သူနှင့်တစ်ပါတည်း ယူလာသော အဝတ်အိတ်ကို အမြန်ထုတ်လိုက်ပြီး ထိုအံဆွဲထဲမှ ပစ္စည်းများကို ထည့်လျက် ဆက်၍ ရှာဖွေနေသည်။

ဒီတစ်ခါဖမ်းမိသည့် ငါးမှာ အတော်လေး ကြီးမားသည်ဟု ဆိုရပေမည်။

ထို့နောက် ဆက်၍ မွှေနှောက်ရှာဖွေရာမှ လက်ရေးလှစာလိပ်များ၊ ရှေးလက်ဝတ်ရတနာများအပါအဝင် ပစ္စည်းကောင်းများစွာ ရှာတွေ့ခဲ့သည်။

'သူဌေးဘုရင်လေး'ဟု အမည်တွင်သည့် သူ့လို လူတစ်ယောက်သည် သူခိုးပညာများ အထူးတလည် ကျွမ်းကျင်သည်သာမက အမြင်အာရုံမှာလည်း စူးရှထက်မြက်လှသည်။

ထိုရှေးဟောင်းပန်းချီများနှင့် လက်ရေးလှစာလိပ်များကို မြင်လိုက်သည်နှင့် အလွန်တန်ဖိုးရှိကြောင်း သူသိလိုက်သည်။

ဆယ်မိနစ်အတွင်းမှာပင် သူ ခိုးယူထားသော ပစ္စည်းများ၏ တန်ဖိုးမှာ သန်း၅၀နီးပါး ရှိလာလေသည်။

ထိုသည်မှာ သူ့၏ နဂိုက ကျဆင်းနေသော စိတ်ဓာတ်ကို ချက်ချင်း တိုးလာစေသည်။

ဒီနေ့ခရီးက တော်တော် အကျိုးရှိတာပဲ။

ကျိုးသွားတဲ့ကြမ်းအပေါက်ကို ဖာထေးဖို့ မျှော်လင့်ချက် ရှိသေးပုံရတယ်။

ထိုအကြောင်းကို သူ စဉ်းစားလိုက်မိသည့်အခါ ယဲ့ဖန်အား မုန်းတီးစွာကြည့်လျက် အံကြိတ်လိုက်မိသည်။

ထိုခွေးသားလေးသည် သူ့အား ရည်ရွယ်ချက်ရှိစွာဖြင့် တမင်တကာ ထောင်ချောက်ဆင်းလျက် သူ တွားဝင်လာမည့်အရေးကို စောင့်နေခဲ့တာဖြစ်ကြောင်း တဖြည်းဖြည်း နားလည်လာခဲ့သည်။

ထိုကောင်လေးမှ သူ့ဆီက ပိုက်ဆံတွေ အများကြီး မလိမ်ခဲ့လျှင် လက်ရှိ ခိုးယူရရှိသော ပစ္စည်းများမှာ သူ့အပိုင်သာ ဖြစ်မှာ ဖြစ်သည်။

သူ၏ ဆရာသခင်ကို ပြန်အစားထိုးပေးရန် လိုမည် မဟုတ်ချေ။

သူသည် ထိုအကြောင်းအား များများတွေး ဒေါသထွက်လေ ဖြစ်ရသည်။

'အဲ့ခွေးသား မင်း နောက်တစ်ခါ ငါနဲ့ထပ်မတွေ့စေနဲ့။ မဟုတ်ရင် မင်းကို ငါ ပေးဆပ်ရအောင် လုပ်ပေးမယ်'

လက်တုံ့ပြန်ရန်ကို တွေးတောရင်း အဝတ်ဗီရိုအကြီးကို ဖွင့်ကြည့်လိုက်မိပြီး အလွန်ထိတ်လန့်သွားရသည်။

ဗီရိုထဲတွင် တံဆိပ်ကပ်ထားသည့် အဝတ်အထည်များစွာ ချိတ်ဆွဲထားကာ အထည်များ အားလုံးပေါင်းလျှင် ယွမ်သိန်းဂဏန်းကျော်မက ရှိပေမည်။

သို့သော် ထိုသည်မှာ ချောင်ဝမ်းဟွေ့ တုန်လှုပ်သွားရသည့် အကြောင်းအရာမဟုတ်ပေ။

သူ့ဘဝကိုပင် သံသယဝင်မိသည်အထိ အံ့သြတုန်လှုပ်သွားစေသည်မှာ ဗီရိုထဲရှိ ပိုက်ဆံပုံကြီးကြောင့်ဖြစ်သည်။

ပိုက်ဆံအထပ်ကြီးမှာ တံတိုင်းနံရံကြီး တစ်ခုသဖွယ် အလွန်ကြည့်ကောင်းလှသည်။

ချောင်ဝမ်းဟွေ့သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ့တစ်ကိုယ်လုံး တုန်ရီသည်။

ငါချမ်းသာပြီ၊ ငါ ဒီတစ်ခါတော့ တကယ်ချမ်းသာပြီ။

ထိုသည်သာမက ချောင်ဝမ်းဟွေ့ စိတ်လှုပ်ရှားတုန်လှုပ်နေပြီး မကြာခင်တွင် အိပ်ခန်းကြီးထဲမှာသာမက စံအိမ်၏ အခြားအခန်းများတွင်ပါ ငွေများရှိနေကြောင်း သိလိုက်ရသည်။

ဤအိမ်ထဲ၌ ငွေသား အနည်းဆုံး သန်း ၅၀မျှ ရှိသည်ဟု ခန့်မှန်းရသည်။

သူသည် အိပ်မက်မက်နေသည်ဟုပင် ခံစားရသည်။

ဒါက ဘယ်ခေတ်မလို့လဲ။ ဘယ်သူက အိမ်မှာ ဒီလောက် ငွေသားပိုက်ဆံတွေ အများကြီး ထားထားတာလဲ။ ပြီးတော့ ဒီအိမ်က သူတို့ ပုံမှန်နေထိုင်တဲ့ အိမ်တောင် မဟုတ်ဘူး။

ထို သူဌေးကြီး၏ ချဲ့ကားလွန်းလှသော ချမ်းသာကြွယ်ဝမှုသည် သူ စိတ်ကူးယဉ်ထားသည်ထက် များစွာ ကျော်လွန်နေသည်။

ထို့အပြင် စာကြည့်ခန်းထဲတွင်လည်း တန်ဖိုးကြီး လက်ရေးလှစာနှင့် ပန်းချီကားများစွာကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီး အနည်းဆုံး ယွမ် သန်း ၅၀ တန်ကြေးရှိကြောင်း သိရသည်။

ဇိမ်ခံနာရီများ၊ လက်ဝတ်ရတနာများနှင့် အခြားပစ္စည်းများအပြင် ယခုအကြိမ် ခိုးယူမှု စုစုပေါင်း ရလဒ်မှုမှာ သန်း ၁၅၀အထိ မြင့်မားနေသည်။

သူသည် ယိုယွင်းမှုကို ဖာထေးနိုင်ရုံသာမက သန်း၅၀ကျော် အသားတင်ငွေကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

သူသည် မထိန်းနိုင်လောက်အောင်ပင် စိတ်လှုပ်ရှားနေပြီ ဖြစ်သည်။

သူသည် အကြိမ်အနည်းငယ် ကျွမ်းပစ်လိုက်ပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားသည်။

သို့သော် ပြဿနာတစ်ခုကို သူ ချက်ချင်း သဘောပေါက်လိုက်သည်။

ဒီငွေသားတွေ၊ ရှေးဟောင်းပစ္စည်းတွေ၊ ပန်းချီကားတွေနှင့် ဇိမ်ခံပစ္စည်းတွေ အများကြီးကို သူ ဘယ်လို ထုတ်သယ်ရမှာလဲ။

သူသည် ခဏကြာ စဉ်းစားပြီးနောက် မျက်လုံးများ တောက်ပလာခဲ့သည်။

ထို့နောက် လှည့်ပြီး စံအိမ်ထဲမှ ထွက်လာခဲ့သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် သူ၏ လုပ်ရပ်ကို လျှို့ဝှက်စွာ ရိုက်ကူးနေကြရင်းမှ စိတ်ရှုပ်သွားကြသည်။

ထိုတစ်ယောက် ဘာလုပ်ရန် ကြိုးစားနေသည်ကို သူတို့မသိပေ။

သူတို့နှစ်ယောက် အံ့သြနေကြစဉ်တွင် အပြင်ဘက်မှ ကားသံကို ကြားလိုက်ရသည်။

ထို့နောက် ဧည့်ခန်းထဲသို့ Mercedes-Benz MPVအား မောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။

ချန်းဖေးအယ်သည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားရသည်။

" ဒီတစ်ယောက် ဒီတန်ဖိုးကြီးပစ္စည်းတွေကို သယ်ထုတ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား။ ဒါက စိတ်ကြီးဝင်လွန်းနေတာ မဟုတ်ဘူးလား "

ယဲ့ဖန်မှ မြူးရယ်သော အပြုံးမျိုးဖြင့် ပြုံးသည်။

" စိတ်ဝင်စားစရာပဲ "

သူတို့၏ ခန့်မှန်းချက်က မှန်လေသည်။

မကြာခင်မှာပင် ချောင်ဝမ်းဟွေ့မှ ငွေသားနှင့် ရှေးဟောင်းပန်းချီကားများကို ကားထဲသို့ ရွှေ့နေသည်အား တွေ့လိုက်ရသည်။

တစ်နာရီကျော်ကြာ တစ်ယောက်တည်း အပြန်ပြန်၊ အလှန်လှန် ဝင်ထွက်သယ်ယူပြီးနောက် အိမ်ထဲ၌ ရှိသော ပစ္စည်းများအားလုံးကို ကားထဲသို့ ရွှေ့လိုက်နိုင်သည်။

ဤတစ်ကြိမ်တွင် သူ၏ ရရှိမှုမှာ အတော်လေးများပြားသည်။

သို့သော် ချောင်ဝမ်းဟွေ့သည် ပစ္စည်းများကို ရွှေ့ပြီးနောက် ချက်ချင်း မထွက်သွားခဲ့ပေ။

ထိုအစား အိပ်ခန်းကြီးထဲသို့ ပြန်ဝင်သွားပြီး ပိုင်ရှင်၏ ဇိမ်ခံဝတ်စုံကို ရှာခဲ့သည်။

ထို့နောက် အနောက်တိုင်းဝတ်စုံပြည့်ကို ဝတ်ဆင်လျက် ခေါင်းမော့ရင်ကော့ကာ ပြန်ထွက်သွားခဲ့သည်။

ချန်းဖေးအယ် အံ့သြသွားရသည်။

" သူ ခြံတံခါးကနေ သူဌေးပုံစံနဲ့ ဖြတ်ဖို့တော့ ကြံစည်နေတာ မဟုတ်ဘူးမလား "

ယဲ့ဖန် မထိန်းနိုင်ဘဲ ရယ်မိသည်။

" ကြည့်ရတာ ဒီတစ်ယောက်က တော်တော်လေး ရဲတင်းပုံရတယ်။ သွားရအောင်၊ သူ့နောက်ကို လိုက်ကြမယ် "

ချန်းဖေးအယ် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

" အဲ့တစ်ယောက်က မောင်းထွက်သွားပြီ။ ကျွန်မတို့ လုံးဝ လိုက်မမီနိုင်လောက်ဘူး "

ယဲ့ဖန် ရယ်လိုက်သည်။

" သူတောင် မောင်းသွားနိုင်ရင် ကိုယ်တို့က ဘာလို့ မမောင်းနိုင်ရမှာလဲ "

ထိုသို့ပြောပြီးနောက် သူမကို လျစ်လျူရှုပြီး ကားဂိုဒေါင်ဆီသို့ ဦးစွာ လျှောက်သွားခဲ့သည်။

ဤအိမ်ပိုင်ရှင်သည် အမှန်တကယ်ပင် သူဌေးကြီးတစ်ဦးဖြစ်ကာ ကားဂိုဒေါင်ထဲတွင် ဇိမ်ခံကားများစွာကို ရပ်ထားသည်။

ယဲ့ဖန်သည် Maserati ပြိုင်ကားတစ်စီးကို ရွေးပြီးနောက် စတင်မောင်းခဲ့သည်။

ချန်းဖေးအယ်သည် သူ့ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်။

" ရှင့်မှာ သူခိုးဘုရင်ဖြစ်ဖို့ အလားအလာရှိတယ်လို့ ကျွန်မ ထင်တယ် "

ယဲ့ဖန် ပြုံးလိုက်သည်။

" ကိုယ်သာ သူခိုးဖြစ်ချင်ရင် သူတို့ ဘာမှတောင် လုပ်ရမှာ မဟုတ်ဘူး။ ကားပေါ်တက် "

ချန်းဖေးအယ် ဘာမှပြန်မပြောဘဲ ကားရှေ့ခရီးသည်ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

ယဲ့ဖန်မှ ချက်ချင်း ကားကို မောင်းလိုက်ပြီး အရှေ့မှ မောင်းသွားသော MPVကားနောက်ကို အမှီလိုက်သည်။

သေချာစွာပင် တံခါးနားမှ လုံခြုံရေးအစောင့်မှာ သူတို့ကို မတားချေ။

သူတို့ကို ဦးပင်ညွှတ်လိုက်သေးသည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ခြေရာခံရာတွင် ကျွမ်းကျင်သူများဖြစ်သည်။

သူတို့သည် ချောင်ဝမ်းဟွေ့ကို သတိမထားမိစေဘဲ ထပ်ကြပ်မကွာ လိုက်လာသည်။

သို့သော် သူတို့နှစ်ယောက်ကို ထူးဆန်းစေသည်မှာ ချောင်ဝမ်းဟွေ့သည် အားကန်၏ စံအိမ်သို့ ချက်ချင်း ပြန်မသွားခြင်း ဖြစ်သည်။

ထိုအစား သူသည် 'ကျင်းဟောင်'ဟု ခေါ်သည့် ဇိမ်ခံဟိုတယ်တစ်ခုဆီသို့ သွားခဲ့သည်။

ကားကို ဟိုတယ်အဝင်တံခါးဝ၌ ရပ်နားပြီးနောက် သူသည် ခေါင်းမော့ရင်ကော့လျက် ဝင်သွားသည်။

" သူက ဒီမှာ ဘာလုပ်မှာလဲ "

ချန်းဖေးအယ် စိတ်ရှုပ်သွားသည်။

" သူက အခုလေးတင် ပိုက်ဆံအများကြီး ရှာလာတာလေ။ သေချာတာပေါ့၊ သူက ဒီမှာ အပန်းဖြေဖို့လေ "

ယဲ့ဖန် သူမကို လှည့်ကြည့်လိုက်သည်။

ယဲ့ဖန်၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။

" မင်းအရင်က ပြောခဲ့သလိုပဲ ကာစီနိုနယ်မြေမှာ ဖျော်ဖြေရေးနယ်ပယ်က အရမ်းတိုးတက်နေတယ်မလား "

ချန်းဖေးအယ် ချက်ချင်း မျက်လုံးပြူးသွားသည်။

" ယောက်ျားတိုင်း ဒီလိုတွေပဲ။ ဆက်ပြီး ရိုက်နေဖို့ မလိုတော့ဘူးလို့ ထင်တယ်။ သူ့ကို တိုက်ရိုက် ပြောလို့ရတယ် "

သို့သော် ယဲ့ဖန်သည် သူမ၏ အမြင်ကို သဘောမတူခဲ့ပေ။

" ဒီလောက် အထောက်အထားလေးနဲ့က သူ့ကို ခြိမ်းခြောက်ဖို့ မလုံလောက်ဘူး။ သူ့အနောက်ကို လိုက်ကြည့်ရအောင် "

ထို့နောက် ကားပေါ်မှ အရင်ဆင်းလိုက်သည်။

ချန်းဖေးအယ်သည်လည်း သူ့အနောက်ကို လိုက်ရန်မှလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

သူတို့နှစ်ယောက် ဟိုတယ်ထဲသို့ လျှောက်သွားသည့်အခါ ချောင်ဝမ်းဟွေ့သည် ဧည့်ကြိုကောင်တာ၌ အခန်းတစ်ခန်း ယူပြီး အခန်းကတ်ကို ကိုင်လျက် ဓာတ်လှေကားထဲသို့ လျှောက်ဝင်သွားသည်။

ယဲ့ဖန်သည် ဧည့်ကြိုကောင်တာဆီသို့ အမြန်လျှောက်သွားပြီး ဧည့်ကြိုကောင်မလေး မျက်နှာရှေ့၌ ဝန်ထမ်းကတ်တစ်ခုကို ဝှေ့ယမ်းပြလိုက်သည်။

" ကျွန်တော်တို့က တာဝန်ကျစုံစမ်းရေးရုံးကပါ။ အဲ့ဒီလူက လူသတ်မှုနဲ့ သံသယရှိပါတယ်။ ကျွန်တော်တို့ လောလောဆယ် စုံစမ်းစစ်ဆေးနေဆဲပါ။ အခု သူ ယူထားတဲ့ အခန်းနံပါတ်က ဘယ်လောက်လဲ "

ဧည့်ကြိုကောင်မသည် သူ့စကားကြောင့် အံ့ဩသွားသည်။

" ဟုတ် ...... ဟုတ်ကဲ့ … အခန်း ၉၀၂ပါ "

ယဲ့ဖန်သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူမကို လေးနက်စွာ ဆက်ကြည့်နေသည်။

" သူ့အခန်းရဲ့ အခန်းအပိုကတ်တစ်ခု ရှိတယ်မဟုတ်လား။ အခုချက်ချင်းပေး "

ဧည့်ကြိုကောင်မလေးသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။

" အဲ့တာက မဖြစ်နိုင်ပါဘူး။ ဟိုတယ်မှာက ဧည့်သည်တွေအတွက် စည်းကမ်း ....... "

ယဲ့ဖန်သည် သူမစကားကို ပြီးအောင် မစောင့်ဘဲ ချက်ချင်း ဖြတ်ပြောလိုက်သည်။

" ဒီလူက အရမ်းကြီးတဲ့ အမှုတွေမှာ ပါဝင်နေတဲ့ လူသတ်သမားပါ။ အခန်းကတ်ကို မလွှဲပေးရင် လူသတ်သမားကို ဝှက်ပေးရာ ရောက်ပါတယ်။ ဝှက်ပေးမှုအတွက် မင်းကို ငါတို့က တရားစွဲမှာပါ။ မြန်မြန်လုပ် "

ဧည့်ကြိုသည် သူ၏ ဆူပူကြိမ်းမောင်းမှုကြောင့် အလွန်ထိတ်လန့်သွားပြီး အခန်း ၉၀၂၏ အခန်းအပိုကတ်ကို အမြန် လွှဲပေးလိုက်သည်။

ထိုမှသာ ယဲ့ဖန်မှ ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

" ကျွန်တော်တို့ စုံစမ်းရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလူသတ်သမားကို ဖမ်းမိရင် မင်းအနေနဲ့ ကုသိုလ်ကောင်းမှု ရမှာပါ "

ထိုသို့ပြောပြီးနောက် ချန်းဖေးအယ်ကို ဆွဲထုတ်ကာ ထွက်ခွာသွားခဲ့သည်။

ချန်းဖေးအယ်သည် ထိုလူ၏ လှည့်စားနိုင်စွမ်းကို ကြောက်ရွံ့နေပြီ ဖြစ်သည်။

ဇာတ်လမ်းကို ရေးရန်ပင်မလိုဘဲ လိမ်ညာခဲ့သည်။

" သွားကြရအောင်။ အဲ့လူ အခန်းထဲမဝင်ခင် ကိုယ်တို့က အခန်းထဲ အရင်ဝင်ရမှာ "

ယဲ့ဖန်မှ သူမကို တိုက်တွန်းရင်း ဓာတ်လှေကားဆီသို့ အမြန်လျှောက်သွားသည်။

" ဒါပေမယ့် သူက ဟိုမှာ ရောက်နေပြီ။ ကျွန်မတို့က သူ့ထက် ဘယ်လိုလုပ် မြန်နိုင်မှာလဲ "

ချန်းဖေးအယ်သည် ဓာတ်လှေကား၏ အလွှာပြ မျက်နှာပြင်ကို ညွှန်ပြလိုက်သည်။

ထိုအချိန်၌ ဓာတ်လှေကားသည် တတိယထပ်တွင် ရပ်သွားသည်။

" ဓာတ်လှေကားနဲ့တက်ဖို့ နောက်ကျသွားပြီ။ လှေကားနဲ့ တက်ရအောင် "

ယဲ့ဖန်သည် သူမနှင့် စကားပြောရန် အချိန်မရှိပေ။

သူသည် လှေကားဆီသို့ အမြန်သွားကာ လျင်မြန်စွာ တက်လေသည်။

သူ၏ ကာယကြံ့ခိုင်မှုသည် သာမန်လူများထက် သာလွန်သည်။

မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ လှေကားထစ်များကို အလွန်လျင်မြန်စွာ တက်နေသည်။

လုံခြုံရေးအဖွဲ့၏ ထိပ်တန်းတစ်ဦးအနေဖြင့် ချန်းဖေးအယ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာလည်း အလွန်ကောင်းမွန်သည်။

သူမသည် သူ့ထက် နှေးကွေးသည်တော့ မဟုတ်ချေ။

သူတို့နှစ်ယောက်သည် လုံးဝ မနားဘဲ ကိုးထပ်သို့ တန်းတက်လာခဲ့ကြသည်။

ထိုအချိန်တွင် ဓာတ်လှေကားသည် ၆ထပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ချောင်ဝမ်းဟွေ့သည် ထွက်လာတော့မည်ဖြစ်သည်။

အချိန်မဖြုန်းဘဲ အခန်း၉၀၂ကို အမြန်ရှာတွေ့ပြီး အခန်းကတ်ကို ပွတ်ဆွဲလိုက်သည်။

တံခါးသည် ချက်ချင်း ပွင့်သွားလေသည်။

ယဲ့ဖန်တို့နှစ်ယောက်သည် အလျင်အမြန် ပြေးဝင်ကာ တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဓာတ်လှေကားတံခါးပွင့်လာပြီး ချောင်ဝမ်းဟွေ့သည်လည်း ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

အပိုင်း ( ၈၈၂ )

***မှာလည်း သိက္ခာရှိတယ်၊ ဟုတ်ပြီလား။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ အခန်းထဲသို့ ဝင်လိုက်သည့်အခါ ဟိုတယ်အခန်းမှာ ဧည့်ခန်းပါဟိုတယ်အခန်းကြီးတစ်ခုဖြစ်မှန်း သိလိုက်ရသည်။

အခန်းတစ်ခုလုံးသည် အနီရောင်ရင့်ရင့် အရောင်အနေအထား ရှိနေပြီး အမြင်အာရုံသည် အလွန်ရှင်းလင်းခြင်း မရှိသည့်အပြင် မရေရာသော လေထုကို ဖြစ်ပေါ်စေသည်။

ကုတင်နှင့် မနီးမဝေးတွင် ရေချိုးကန်ကြီးတစ်ခုရှိနေသည်။

ရေချိုးကန်ထဲတွင် ရေများပြည့်နေပြီး အနီရောင်ပန်းပွင့်လွှာများက ရေပေါ်တွင် ပေါ်လွင့်နေသည်။

အလွန်စိတ်တက်ကြွစေနိုင်သည်ဟု ဆိုနိုင်သည်။

သူတို့နှစ်ယောက်သည် အခန်းထဲသို့ ဝင်လာပြီးနောက် အမြန်လှည့်ပတ်ကြည့်သည့်အခါ အခန်းတစ်ခုလုံးတွင် ပုန်းစရာနေရာ မရှိသည်ကို တွေ့လိုက်ရသည်။

" ကျွန်မတို့ ဘာလုပ်သင့်လဲ "

ချန်းဖေးအယ်သည် အပြင်ဘက်မှ ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသည်။

သူမသည် ချက်ချင်းပင် စိုးရိမ်လာသည်။

ယဲ့ဖန် လှည့်ကြည့်လိုက်ပြန်သည်။

နောက်ဆုံးတွင် သူ၏ အကြည့်များမှာ ဧည့်ခန်းထဲမှ ရေချိုးကန်ကြီးဆီသို့ ရောက်သွားသည်။

" ဒီမှာ ပုန်းရအောင် "

ချန်းဖေးအယ် တုံ့ဆိုင်းသွားသည်။

" ဒီမှာက ..… အရမ်းအန္တရာယ်များတယ် မဟုတ်ဘူးလား "

ရေချိုးကန်ကြီးသည် လူနှစ်ယောက်ဆန့်သည်အထိ ကျယ်ဝန်းသော်လည်း ချောင်ဝမ်းဟွေ့မှ ရေချိုးရန် ဝင်လာပါက မဖြစ်ပေ။

ယဲ့ဖန် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။

" ဒီမှာကလွဲလို့ တခြားပုန်းစရာနေရာ ရှိသေးလို့လား "

ချန်းဖေးအယ်သည် အနည်းငယ် ချီတုံချတုံ ဖြစ်နေသေးသည်။

ထိုအချိန်တွင် အခန်းအပြင်ဘက်မှ သော့ကတ်ပြားကို ပွတ်ဆွဲသံကို သူမ ကြားလိုက်ရသည်။

ချောင်ဝမ်းဟွေ့ ဝင်လာနေသည်မှာ ထင်ရှားသည်။

ယဲ့ဖန်သည် တခြားဘာမှပြောရန် အချိန်မရှိတော့ဆပ။

သူမ၎ခါးကို ပွေ့ဖက်ပြီး ရေချိုးကန်ထဲသို့ လှဲအိပ်လိုက်သည်။

သို့သော်လည်း ချန်းဖေးအယ်မှာ အလွန်မြန်ဆန်ရှုပ်ထွေးသော အခြေအနေကြောင့် အသက်အောင့်ထားရန် သူမ အသက်မရှူခဲ့ရပေ။

ရေချိုးကန်ထဲသို့ ဝင်လိုက်သည်နှင့် ရေအလုံးလိုက် လည်ချောင်းထဲ ဝင်လာပြီး မသိစိတ်မှ ထလိုက်ရန် ရုန်းကန်နေမိသည်။

ယဲ့ဖန်သည် ဂရုမစိုက်နိုင်တော့ပေ။

သူမ၏ ပါးစပ်လေးကို နမ်းလိုက်ပြီး သက်တောင့်သက်သာဖြစ်စေရန် လေမှုတ်ထုတ်ပေးလိုက်သည်။

ချန်းဖေးအယ်သည် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားသည်။

သူမရဲ့ ပထမဆုံးအနမ်းကို ဒီအတိုင်း ဆုံးရှုံးလိုက်ရပြီလား။

ဒီကောင်စုတ်က သူမကို အခွင့်ကောင်းယူနေတာပဲ။

အကယ်၍ ချောင်ဝမ်းဟွေ့သည် အပြင်ဘက်တွင် ရှိနေခြင်းမဟုတ်ပါက သူမ သူ့ကို အသေသတ်လိုက်မည် ဖြစ်သည်။

ချောင်ဝမ်းဟွေ့သည် အခန်းထဲသို့ ဝင်လာပြီး ပတ်လည်ကို ကြည့်လိုက်သည်။

အခန်းပတ်ဝန်းကျင် အနေအထားကို သူ အတော်လေး ကျေနပ်နေသည်။

ထို့နောက် ကုတင်ပေါ်ထိုင်လိုက်ကာ ဖုန်းထုတ်ပြီး ဖုန်းဆက်လိုက်သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် 'ငွေက ပြဿနာမဟုတ်ဘူး ...... အကောင်းဆုံးပဲ လိုချင်တယ်' ဆိုသည့် ဝိုးတဝါး အသံကိုသာ ကြားနေရသည်။

ဒီတစ်ယောက် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

သူတို့နှစ်ယောက်သည် ရှုပ်ထွေးနေပြီး နားမလည်နိုင်ကြပေ။

သို့သော် ထိုမေးခွန်း၏ အဖြေကို မကြာမီတွင် ရလာခဲ့သည်။

ခဏအကြာတွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။

ချောင်ဝမ်းဟွေ့မှ တံခါးကို သွားဖွင့်ပေးလိုက်သည်။

ထိုမှသာ ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ထိုအခွင့်အရေးကို ယူပြီး သူတို့၏ ခေါင်းများကို ရေထဲမှ ထုတ်လိုက်ကြသည်။

သူတို့နှစ်ယောက်သည် အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်ကြသည်။

ထို့နောက် အလွန်ဆွဲဆောင်မှုရှိစွာ ၀တ်စားထားသော အမျိုးသမီးတစ်ဦး ဝင်လာသည်ကို တွေ့လိုက်ရသည်။

" ဒီက သူဌေးချောင်များလား။ အစ်ကိုဖေးက ကျွန်မကို လာခေါ်ခိုင်းလို့ပါ "

ချောင်ဝမ်းဟွေ့သည် သူမကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

" အထဲဝင်ခဲ့ "

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ရေချိုးကန်ထဲသို့ အမြန်ပြန်ဝင်သွားသည်။

သူတို့သည် ထူးဆန်းသော အကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

အဖြေမှာ သိသာလေသည်။

ထိုချောင်ဝမ်းဟွေ့ တဏှာများနေသည်မှာ ထင်ရှားနေသည်။

သူသည် ငါးကြီးတစ်ကောင်ကို ဖမ်းမိပြီး ငွေများစွာရခဲ့သည်။

ထို့နောက် အပျော်ရှာရန် ဟိုတယ်သို့ ချက်ချင်း ပြေးလာသည်။

ချန်းဖေးအယ်သည် ယောက်ျားများအားလုံးသည် မကောင်းသည့်သူများဟူသော သဘောဖြင့် ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

ယဲ့ဖန် စွပ်စွဲခံနေရသည်။

သူနဲ့ ဘာဆိုင်လို့လဲ။

အပြင်မှ လှုပ်ရှားမှုများကို နားစွင့်ထောင်ပြီးနောက် ရေထဲမှ ခေါင်းကို ဖြည်းညှင်းစွာ မြှောက်ပြီး ဓာတ်ပုံရိုက်ရန် ဖုန်းကို ထုတ်လိုက်သည်။

ချန်းဖေးအယ် အံ့သြသွားသည်။

ရေချိုးကန်မှာ ကုတင်နှင့် အလွန်နီးလေသည်။

ဒီကောင်လေးက မိသွားမှာကို မကြောက်ဘူးလား။

ကံကောင်းစွာဖြင့် အခန်းထဲရှိ အလင်းရောင်မှာ လွန်စွာ မှိန်ဖျော့နေသည်။

ဂရုမစိုက်ပါက ရေချိုးကန်ထဲမှ လူခေါင်းကို သတိထားမိရန် ခက်ပေလိမ့်မည်။

အခေါ်ကောင်မလေးသည် ဝင်လာသည်နှင့် တပြိုင်နက် ကုတင်ပေါ်တွင် ဆွဲဆောင်မှုရှိသော ကိုယ်ဟန်အနေအထားဖြင့် ထိုင်လိုက်သည်။

" သူဌေး၊ ဘယ်လိုမျိုး ကစားချင်တာလဲ။ သာမန်ရိုးကျလား ဒါမှမဟုတ် အသစ်အစမ်းတစ်ခုခု လိုချင်တာလား "

ထိုမိန်းကလေးမှာ အတော်လေး ကြည့်ကောင်းလေသည်။

အခြားလူသာ ဖြစ်ပါက ခံနိုင်ရည်ရှိလောက်မည် မဟုတ်ပေ။

သို့သော် ချောင်ဝမ်းဟွေ့သည် သူမ၏ ချွဲနွဲ့သော အပြုအမူကို မကျေနပ်ပေ။

" မင်း ဒီထက်ပိုပြီး ဟိတ်ဟန်ထားလို့ ရမလား။ အထိမခံ မိန်းကလေးပုံစံမျိုးလေ "

ထိုစကားကို အပျော်မယ်ကောင်မလေးမှ ကြားသည့်အခါ ချက်ချင်း ရယ်လိုက်သည်။

" သူဌေး၊ ရှင် နောက်နေတာလား။ အဲ့လို အနေအထား သိုသိပ်တဲ့မိန်းကလေးက ကျွန်မတို့လို လုပ်ငန်းခွင်မှာ ရှိနိုင်ပါ့မလား "

ချောင်ဝမ်းဟွေ့သည် အနည်းငယ် စိတ်မပျော်မရွှင်ဖြစ်သွားသည်။

" အဲ့လိုပုံစံ ဟန်ဆောင်လို့ မရဘူးလား "

အပျော်မယ်ကောင်မလေးသည် ကူကယ်ရာမဲ့စွာ နှုတ်ခမ်းစူလိုက်သည်။

" ရှင်က သူတော်စင်တစ်ယောက်လို ဟန်ဆောင်နေတာပဲ၊ ကောင်းပြီလေ "

သူမသည် စကားပြောနေစဉ်တွင် သူမ၏ ဆွဲဆောင်မှုရှိသော ဟန်ပန်ကို ဖယ်လိုက်ပြီး ဟိတ်ဟန်ကြီးပြီး အနေကြီးသည့် မိန်းမပျိုလေးပုံစံ ဟန်ဆောင်လိုက်တော့သည်။

ချောင်ဝမ်းဟွေ့ ကျေနပ်သွားသည်။

သူသည် လှည့်လိုက်ပြီး သူနှင့်အတူ သယ်လာသည့် သေတ္တာကို ဖွင့်လိုက်သည်။

ထိုထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပြီး ထိုကောင်မလေးအား ပေးလိုက်သည်။

" ဒါကို ဝတ်လိုက် "

ထိုမိန်းကလေးသည် အိပ်ရာပေါ်မှ အထူးပစ္စည်းတစ်ခုဟု ထင်ပြီး ထိုပစ္စည်းကို ယူရန် လက်လှမ်းတော့မည်ဖြစ်သည်။

သို့သော် ပစ္စည်းကို အသေအချာ မြင်လိုက်ရသည့်အခါ သူမ ချက်ချင်း ထိတ်လန့်သွားသည်။

" အား ...... ဒါ ...... ဒါကြီးက ဘာကြီးလဲ "

ထိုအရာသည် လူတစ်ယောက်၏ ဦးခေါင်းနှင့်တူပြီး အမှန်မှာ အမျိုးသမီးတစ်ယောက်၏ ခေါင်းပုံစံဖြစ်သည်။

ထိုခေါင်းတွင် ပျော့ပျောင်းသော ဆံပင်ရှည်များ ပါနေပြီး အပျော်မယ်ကောင်မလေးမှာ ချက်ချင်းပင် သေမတတ် ကြောက်လန့်သွားခဲ့သည်။

ချောင်ဝမ်းဟွေ့သည် သူမကို မကျေမနပ် ကြည့်နေသည်။

" ဒါက ရာဘာမျက်နှာဖုံးတစ်ခုပဲ။ ဘာတွေ အဲ့လောက် ကြောက်နေတာလဲ "

ချောင်ဝမ်းဟွေ့သည် ပြောသည့်အတိုင်း သူမကို ရာဘာခေါင်းစွပ်အား ပြလိုက်သည်။

တကယ်တွင်လည်း မျက်နှာဖုံးတစ်ခုသာ ဖြစ်လေသည်။

အတွင်းပိုင်းသည် အခေါင်းပေါက်ဖြစ်ပြီး ခေါင်းပေါ်တွင် ဝတ်ဆင်နိုင်လေသည်။

ထိုမြင်ကွင်းသည် ရေချိုးကန်ထဲမှ ပြပွဲကြည့်နေသည့် ယဲ့ဖန်အား ရယ်ချင်စရာ ဖြစ်စေခဲ့သည်။

သူ့ရယ်သံကို ထိန်းမနိုင်ပင် ဖြစ်သွားသည်။

ချောင်ဝမ်းဟွေ့ရဲ့ ဝါသနာက တကယ်ကို နှာဘူးဆန်တာပဲ။

အပျော်မယ်ရှာတယ်ဆိုရင်လည်း ရှာပေါ့။ ဘာလို့ သူမကို စီလီကွန်ခေါင်း မျက်နှာဖုံးကြီး စွပ်ခိုင်းရတာလဲ။

ဒါက ဘယ်လို ဝါသနာမျိုးကြီးလဲ။

ချန်းဖေးအယ်လည်း မထိန်းနိုင်တော့ချေ။

သူမ ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ပြီး ထူးဆန်းသော အမူအရာဖြင့် ထိုမြင်ကွင်းကို ကြည့်လိုက်သည်။

ထို အပျော်မယ်ကောင်မလေးမှာ ဒေါသထွက်နေမှန်း သိသာသည်။

သူမသည် 'အပျော်မယ်' ဖြစ်သော်လည်း အပျော်မယ်သည်လည်း ဂုဏ်သိက္ခာရှိသည် မဟုတ်လား။

ညနက်သန်းခေါင် ခေါ်ပြီး မျက်နှာဖုံး တပ်ခိုင်းထားတာလား။

ဒါက စော်ကားတာ မဟုတ်ဘူးလား။

" တောင်းပန်ပါတယ်၊ ရှင့်ရဲ့ အကြိုက်ပုံစံ လိုက်မလုပ်ပေးနိုင်ဘူး။ တခြားလူ ပြောင်းသင့်တယ် ထင်ပါတယ် "

အပျော်မယ် ကောင်မလေးသည် ပြောပြီးသည်နှင့် သူမ၏ အိတ်ကို ချက်ချင်းကောက်ကိုင်ပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။

ချောင်ဝမ်းဟွေ့သည် သူမအား အလျင်အမြန် မတားခဲ့ပေ။

သူသည် သူ့သေတ္တာထဲမှ ငွေစက္ကူအမြောက်အများကို ဖြည်းညှင်းစွာထုတ်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။

" မင်းက ဒီပိုက်ဆံတွေကို မလိုချင်ဘူးဆိုမှတော့ တခြားသူတွေကို ယူခိုင်းလိုက် "

အပျော်မယ်မိန်းကလေးသည် ငွေစက္ကူအမြောက်အများကို တွေ့လိုက်သောအခါ သူမ၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။

ငွေစက္ကူများသည် အနည်းဆုံး သောင်းဂဏန်းမျှ ရှိသည်ကို တွေ့နိုင်သည်။

မျက်နှာဖုံး တပ်ထားရုံပဲ မဟုတ်လား။

ငွေနဲ့ ယှဉ်ရင် ဂုဏ်သိက္ခာကရော ဘာမလို့လဲ။

သူမ အမြန်ပြန်ပြေးပြီး မျက်နှာဖုံးကို ဝတ်လိုက်သည်။

သူမ၏ အသွင်အပြင်သည် သိသိသာသာ ပြောင်းလဲသွားသည်။

ချောင်ဝမ်းဟွေ့သည် သူမ၏ လက်ရှိအသွင်အပြင်ကို မြင်သောအခါတွင် သူ၏ အကြည့်များသည် စူးရှလာသည်။

သူ ရေရွတ်လိုက်သည်။

" သခင်ကြီးမိန်းမ "

အပိုင်း ( ၈၈၃ )

ဒါက မင်းရဲ့သခင်အပေါ် သစ္စာရှိပုံလား။

ချောင်ဝမ်းဟွေ့၏ ရော်ဘာမျက်နှာဖုံးသည် အလွန်လက်တွေ့ဆန်သည်ဟု ဆိုရမည်ဖြစ်သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်၏ အမြင်တွင် ထိုခေါင်းစွပ်မှာ လူအစစ်နှင့် တူလွန်းပြီး အပြစ်အနာအဆာ တစ်စုံတစ်ရာကိုပင် မမြင်နိုင်ပေ။

မသိလျှင် အပျော်မယ်ကောင်မ၏ မျက်နှာပုံစံမှာ ထိုပုံစံဟု ထင်ရနိုင်သည်။

ထိုကဲ့သို့ အစစ်နှင့်တူသည့် မျက်နှာဖုံးတစ်ခုသည် အလွန်စျေးကြီးမည် ဖြစ်သည်။

သို့သော် ယဲ့ဖန်တို့နှစ်ယောက်အတွက် ထူးဆန်းစေခဲ့သည်မှာ ထိုမျက်နှာဖုံး၏ အသွင်အပြင်ကြောင့် ဖြစ်သည်။

ထိုမျက်နှာဖုံးသည် ထူးခြားပြီး လှပနေခြင်း မရှိပေ။

ပြောရလျှင် ကြည့်လိုက်ပါက အနည်းငယ်မျှပင် မျက်နှာဖုံး၏မျက်နှာပုံစံသည် သာမန်သာဖြစ်နေသည်။

ချောင်ဝမ်းဟွေ့သည် မျက်နှာဖုံး ပြုလုပ်ရန် ပိုက်ဆံများစွာ အကုန်ခံထားသော်လည်း ထိုပုံစံမှာ သာမန်ရုပ်ရှည်အဆင့်သာရှိသော အမျိုးသမီးတစ်ဦး ဖြစ်နေသည်။

ဒီမျက်နှာဖုံးမှာ မပြောနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေတာလား။

'သခင်ကြီးမိန်းမ'ဟု ခေါ်လိုက်သည်ကို ယဲ့ဖန်တို့နှစ်ဦး ကြားလိုက်သည့်အခါ သူတို့နှစ်ဦးသည် အခြေအနေကို သဘောပေါက်သွားလေတော့သည်။

ဒါဆို ဒီကောင်က သူ့သခင်ရဲ့ မိန်းမကို စိတ်ကူးယဉ်နေတာလား။

ဒါက တကယ်ကို အကြီးစား သစ္စာဖောက်တာပဲ။

သူ့တပည့်က သူ့မိန်းမအကြောင်း စိတ်ကူးယဉ်ပြီး စီလီကွန်မျက်နှာဖုံးတောင် လုပ်ထားမှန်း သိရင် အားကန် ဘယ်လိုတွေးမလဲ မသိဘူး။

" သခင်မ၊ အားဟွေ့က သခင်မကို ဘယ်လောက်ချစ်လဲ သိလား။ ကျွန်တော်က ဟိုခွေးအိုကြီးထက် ဘယ်နားက မသာလို့လဲ။ သူက အပြင်မှာ မိန်းမဘယ်နှစ်ယောက်တောင်ရှိလဲ သိလား။ ဒါပေမယ့် ကျွန်တော်ကတော့ သခင်မကိုပဲ ချစ်တာ ....... "

ချောင်ဝမ်းဟွေ့သည် အပျော်မယ်မိန်းကလေး၏ ပုခုံးကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး ရင်တွင်းဖြစ်များကို စတင်ပြောလာသည်။

အပျော်မယ်ကောင်မလေးမှာ ထိတ်လန့်သွားသည်။

သူမအား သခင်မအဖြစ် ဆက်ဆံသည့် ထူးဆန်းသော ဖောက်သည်တစ်ယောက်နှင့် ဤကဲ့သို့သော ပုံစံဖြင့် တွေ့ဆုံရသည်မှာ အမှန်တကယ်ပင် ပထမဆုံးအကြိမ် ဖြစ်သည်။

သို့သော် ငွေကြေးများစွာ ကမ်းလှမ်းထားသည့်အတွက် သူမသည်လည်း မငြင်းဆန်နိုင်ဘဲ ပူးပေါင်းဆောင်ရွက်ခဲ့ရသည်။

သူမသည် ချက်ချင်း လက်လှမ်းပြီး ချောင်ဝမ်းဟွေ့၏ ဆံပင်ကို ထိလိုက်သည်။

" အားဟွေ့၊ ငါက မင်းသခင်ရဲ့မိန်းမ။ ငါတို့ ဒီလိုမျိုး ကိစ္စတွေကို လုပ်လို့ မရဘူး "

'သခင်ရဲ့မိန်းမ'မျက်နှာကို စိုက်ကြည့်ရင်းဖြင့် ချောင်ဝမ်းဟွေ့၏ တစ်ကိုယ်လုံးမှာ ဆတ်ခနြ့ တုန်လှုပ်သွားသည်။

" ဘာလို့မဖြစ်ရမှာလဲ။ သူ့ရဲ့ ပညာတွေအားလုံးကို လေ့လာပြီးပြီ။ ကိုယ်ပိုင်ဂိုဏ်းကိုလည်း အချိန်မရွေး ထောင်နိုင်တယ်။ သူက သခင်မကို ပေးနိုင်တာ ကျွန်တော်လည်း ပေးနိုင်တယ် "

အပျော်မယ်မိန်းကလေးသည်လည်း ဇာတ်ရှိန်တက်ပြီး ရုန်းကန်တော့လေသည်။

" ဒါပေမယ့် ငါတို့ အတူရှိနေရင် တခြားသူတွေက ဘယ်လိုထင်မလဲ။ ငါက မင်းသခင်ရဲ့မယားပါ ........... "

ချောင်ဝမ်းဟွေ့ ချက်ချင်း အော်ပြောလိုက်သည်။

" ကျွန်တော် ဂရုမစိုက်ဘူး။ တခြားသူတွေက သူတို့ ပြောချင်တာ ပြောနိုင်တယ်။ ကျွန်တော် သခင်မကိုကြိုက်တယ်။ သခင်မကို ကျွန်တော့်မိန်းမ ဖြစ်စေချင်တယ် "

ထိုသို့ဖြင့် ထိုကောင်မလေးကို ကုတင်ပေါ်သို့ တွန်းချလိုက်သည်။

ချန်းဖေးအယ်သည် ထိုမြင်ကွင်းကို မြင်သောအခါ သူမ၏ လှပသောမျက်နှာလေးသည် ချက်ချင်းပင် နားရွက်ဖျားဆီထိ နီရဲလာပြီး ရေချိုးကန်ထဲသို့ ဖြည်းညှင်းစွာ ပြန်နစ်မြုပ်သွားခဲ့သည်။

ယဲ့ဖန်မှာတော့ စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေသည်။

ဒီလို ဆွဲဆောင်မှုရှိတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမျိုးကို ဘယ်မှာမှ မတွေ့နိုင်ဘူးလေ။ ဟုတ်တယ်မလား။

ဒါပေမယ့် ဒီကောင်က တကယ် စိတ်ဝင်စားစရာ လုံးဝ မကောင်းဘူးဘဲ။

အစကနေ အဆုံးထိ ရက်စက်ကြမ်းကြုတ်တဲ့ အင်အားနဲ့ပဲ ဖိနှိပ်ပြီး အသုံးပြုနေတာ။

နူးညံ့ညင်သာပြီး မိန်းကလေးတွေကို သာယာမှုပေးဖို့ဆိုတာ ဘာမှန်း သူမသိဘူးလား။

အဲ့တာကမှ နှစ်ဦးနှစ်ဖက် ကောင်းမှာလေ။

အပျော်မိန်းကလေးသည် အတော်လေး သည်းခံနေရပြီး ချောင်ဝမ်းဟွေ့နှင့် ပူးပေါင်းရန်မှာ သူမအတွက် အလွန်ခက်လဲလှသည်။

တခြားမိန်းကလေးသာ ဆိုလျှင် သူ၏ ဒဏ်ကို လုံးဝ ခံနိုင်ရည်ရှိလောက်မည် မဟုတ်ပေ။

သို့သော် ချောင်ဝမ်းဟွေ့မှာတော့ သူမ၏ သခင်မမျက်နှာဖြင့် တုံ့ပြန်နေမှုကို အလွန်အမင်း သဘောတွေ့နေသည်။

ရေထဲ၌ ပုန်းနေသည့် ချန်းဖေးအယ်မှာ နွေလယ်ခေါင်တွင် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူမ၏ အသက်ရှုသံမှာလည်း ပုံမှန်မဟုတ်တော့ဘဲ ရေထဲတွင် နေရခက်လာကာ ချက်ချင်း ဂဏာမငြိမ် ဖြစ်သွားရသည်။

ထို့ကြောင့် သူမ အသက်ရှူမရတော့၍ ရေချိုးကန်ထဲမှ တွားသွားထွက်လိုက်သည်။

အရှေ့သို့ အသည်းအသန် အားသွန်ခွန်စိုက် လုပ်နေသော ချောင်ဝမ်းဟွေ့သည် အသံတစ်ခုကို ကြားလိုက်ရပြီး မသိစိတ်မှ တစ်ချက် လှမ်းကြည့်လိုက်မိသည်။

ယဲ့ဖန်သည်လည်း ဆက်၍ ပုံးကွယ်မနေနိုင်တော့ကြောင်း သိလိုက်ရပြီး ပေါ်ထင်စွာဖြင့် ပြောလိုက်သည်။

" ခင်ဗျား အနေအထားလေးတောင် မပြောင်းတော့ဘူးလား "

ထိုကဲ့သို့ ရုတ်တရက် ထွက်လာသော အသံကြောင့် အိပ်ရာပေါ်မှ နှစ်ယောက်မှာ တစ်ဝက်တစ်ပျက်ဖြင့် သေမတတ် ကြောက်လန့်သွားကြသည်။

ရေချိုးကန်ထဲမှ ပေါလောပေါ်နေသည့် လူခေါင်းနှစ်လုံးကို မြင်လိုက်ရပြီး အတော်ပင် ထိတ်လန့်တုန်လှုပ် ကြောက်သွားသည်။

ချောင်ဝမ်းဟွေ့ တုန်လှုပ်သွားသည်။

အပျော်မယ်ကောင်မလေးသည်လည်း ကြောက်လန့်တကြား အော်လိုက်သည်။

သူမသည် ယနေ့တွင် ထူးဆန်းသော အကြိုက်နှင့် ဖောက်သည်တစ်ဦးကို ပထမဆုံးတွေ့ဆုံခဲ့ပြီး ယခုအခါ ထပ်ပြီး သဘာဝလွန်မြင်ကွင်းကို သူမ ကြုံတွေ့ခဲ့ရသည်။

သူမသည် ပုံမှန်မဟုတ်လွန်းသော အခြေအနေများ ဆက်တိုက် ကြုံနေရ၍ စိတ်ရူးပေါက်မတတ် ဖြစ်နေတော့သည်။

ချန်းဖေးအယ်၏ မျက်နှာသည်လည်း နီရဲနေပြီး ပေါက်ထွက်မတတ် ဖြစ်နေသည်။

သူမသည် ယဲ့ဖန်ကို မုန်းတီးစွာဖြင့် စိုက်ကြည့်ပြီးနောက် သူမ၏ အကြည့်ကို အခြားနေရာသို့ အမြန်ပြောင်းလိုက်သည်။

ယဲ့ဖန် မတ်တပ်ထရပ်ပြီး ရေချိုးကန်ထဲမှ ထထွက်လိုက်သည်။

ယဲ့ဖန်သည် ဓာတ်ပုံရိုက်ရန် သူ့ဖုန်းကို ထုတ်လိုက်သည်။

ထို့နောက် စိတ်ရှည်စွာဖြင့် နည်းလမ်းပြပြီး ရှင်းပြသင်ကြားလေသည်။

" ဒီလိုမျိုးတွေ လုပ်တဲ့အခါမှာ နှစ်ဖက်စလုံးက အခြေအနေထဲကို နစ်ဝင်နိုင်စေဖို့အတွက် အရင်ဦးဆုံး လုံလောက်တဲ့ ကြိုတင်ကစားပေးတာကို လုပ်ရမယ်။ ပြီးတော့ ကိုယ်ဟန်အနေအထားကိုလည်း နည်းနည်းစီ ပြောင်းပေးရမယ်။ ခင်ဗျား လုပ်တာက မှားနေပြီ ......... "

ကုတင်ပေါ်ရှိ လူနှစ်ယောက်လုံးသည် အံ့အားသင့်သွားပြီး တုံ့ပြန်ရန် ခဏတာ မေ့သွားကြသည်။

ချန်းဖေးအယ်သည် ပို၍ပင် စကားမပြောနိုင် ဖြစ်သွားရသည်။

ဒီကောင်စုတ်လေးက သူ့ကိုယ်သူ ဒါရိုက်တာတစ်ယောက်လို့ တကယ်ကြီးများ ထင်နေတာလား။

သူက ဇာတ်လမ်းဇာတ်ကွက်အကြောင်းတောင် တခြားသူကို ပြောပြနေသေးတယ်။

ချောင်ဝမ်းဟွေ့သည် အသိစိတ်ပြန်ကပ်လာသည်နှင့် ယဲ့ဖန်တို့နှစ်ယောက်ကို လျင်မြန်စွာ မှတ်မိပြီး ချက်ချင်း ဒေါသထွက်လာခဲ့သည်။

" မင်းလား။ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ "

ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် အန္တရာယ်ကင်းသော အပြုံးတစ်ခုဖြင့် ပြုံးပြနေသည်။

" ကျွန်တော်တို့ ဒီမှာရှိမနေရင် ကျွန်တော်တို့ရဲ့ သူခိုးဘုရင်လေးက သူ့သခင်ရဲ့မိန်းမကို ဖောက်ပြန်မတတ် တစ်ဖက်သတ်ချစ်နေတယ်ဆိုတာကို ဘယ်လိုလုပ် သိနိုင်တော့မှာလဲ "

ချောင်ဝမ်းဟွေ့၏ အမူအရာမှာ သိသာစွာပင် ပြောင်းလဲသွားသည်။

ထို့နောက် အမြန်ထရပ်ကာ ဖုန်းကို လုယူလိုက်ချင်သည်။

သူ့သခင်သည် ထိုဗီဒီယိုတွင် ပါရှိသော အကြောင်းအရာများကို သိသွားပါက သူ့ကို အသက်ရှင်လျက် အရေခွံစုတ်လိမ့်မည်။

သို့သော် သူ အနားကပ်မလာခင် ယဲ့ဖန်မှ သူ့အား ကုတင်ပေါ်သို့ ပြန်ကန်ချလိုက်သည်။

" ကိုယ့်ကိုယ်ကိုယ် သတိထားဖို့ အကြံပေးချင်တယ်။ နောက်တစ်ခါ အကွက်ထပ်ရွှေ့ရဲတဲ့ သတ္တိရှိရင် အားကန်ဆီ ချက်ချင်း ဒီဗီဒီယို ပို့ပေးလိုက်မယ်ဆိုတာ ယုံလား "

ချောင်ဝမ်းဟွေ့၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားပြီး လက်လွယ်စပယ် ပြုမူရဲခြင်း မရှိတော့ပေ။

ယဲ့ဖန်မှ ဆက်ပြောသည်။

" ခင်ဗျားရဲ့ အဝတ်အစားကို အရင်ဝတ်လိုက်။ ပြီးမှ စီးပွားရေးကိစ္စ ဆွေးနွေးကြတာပေါ့၊ ဟုတ်ပြီလား "

ယခုအခါ ချောင်ဝမ်းဟွေ့သည် အဖမ်းခံလိုက်ရပြီးဖြစ်၌ သူသည် တွန်းလှန်ခြင်းမျိုး မလုပ်ရဲဘဲ သူ့အဝတ်ကို ဝတ်လိုက်သည်။

အပျော်မယ်ကောင်မလေးသည် စောင်ကို အလျင်အမြန်ဆွဲယူပြီး တုန်ယင်စွာဖြင့် ဘေးနားတွင် ပုန်းနေလိုက်သည်။

ထိုအချိန်တွင် ချန်းဖေးအယ်သည် ရေချိုးကန်ထဲမှ ထွက်လာခဲ့သည်။

သူမဝတ်ထားသော ဂါဝန်ရှည်သည် သူမ၏ ခန္ဓာကိုယ်ကို တင်းကြပ်ကပ်နေစေပြီး ပြီးပြည့်စုံသော ကိုယ်လုံးကိုယ်ပေါက်နှင့် အသွင်အပြင်ကို ပေါ်လွင်နေစေသည်။

ယဲ့ဖန်၏ နှလုံးသားမှာ တဟုန်ထိုး တုန်ခါသွားသည်။

သူသည် အလျင်အမြန် အဝေးသို့ ကြည့်လိုက်ပြီး ချောင်ဝမ်းဟွေ့ဆီသာ လှည့်ကြည့်လိုက်သည်။

" အခု ခင်ဗျားကို မေးခွန်းတချို့ မေးမယ်။ ရိုးရိုးသားသားဖြေတာ ပိုကောင်းမယ် "

ချောင်ဝမ်းဟွေ့၏ အမူအရာမှာ ညိုးငယ်သွားသည်။

" ဘာမေးခွန်းလဲ "

ယဲ့ဖန်သည် သူ့မျက်လုံးများကို စိုက်ကြည့်ပြီး မေးသည်။

" ပထမမေးခွန်း၊ အခု မင်းရဲ့သခင် ဘယ်မှာလဲ "

ချောင်ဝမ်းဟွေ့၏ အမူအရာမှာ ပြောင်းသွားသည်။

" မင်း ငါ့သခင်ကို ရှာနေတာလား "

ယဲ့ဖန် သူ့ခေါင်းကို ရိုက်လိုက်သည်။

" ခင်ဗျားကို မေးခွန်းမေးနေတာ။ မေးတာကို ဖြေဖို့ပဲလိုတယ် "

ချောင်ဝမ်းဟွေ့သည် သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

" ဟမ်း၊ ငါက ငါ့သခင်ကို သစ္စာရှိတယ်။ မင်းငါ့ကို သတ်ရင်တောင် ငါသူ့ကို သစ္စာမဖောက်နိုင်ဘူး "

ယဲ့ဖန်သည် အပျော်မယ်မိန်းကလေး၏ ခေါင်းမှ ခေါင်းစွပ်ကို ချွတ်လိုက်သည်။

ထို့နောက် ထိုခေါင်းစွပ်ကို ကိုင်လျက် ယဲ့ဖန်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သောအမူအရာရှိနေသည်။

" ဒါက ခင်ဗျားသခင်အပေါ် သစ္စာရှိနေတာလား။ ဒါဆို ခင်ဗျားရဲ့သခင်အပေါ် သစ္စာရှိမှုက သခင်ရဲ့မိန်းမကို မှန်းပြီးလုပ်နေတာလို့ ပြောရမလားပဲ "

ချောင်ဝမ်းဟွေ့၏ မျက်နှာသည် စိမ်းလိုက် ဖြူလိုက် ဖြစ်လာသည်။

သူသည် မည်မျှပင် ဒေါသထွက်နေပါစေ ဖမ်းမိခံထားရ၍ သူ့ဘက်မှ ဒေါသထွက်မပြရဲတော့ချေ။

ယဲ့ဖန်မှ ချက်ချင်း နှာမှုတ်လိုက်သည်။

" ကြည့်ရတာ ခင်ဗျားက မရိုးသားဘူးပဲ။ ကောင်းပြီ၊ ဒါဆိုရင် ခင်ဗျားကို နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ ဗီဒီယိုတစ်ခုပြပေးမယ် "

ယဲ့ဖန်သည် စကားပြောလျက်ဖြင့် သူ အဖိုးတန်ပစ္စည်းများအား ခိုးယူနေသည့် ဗီဒီယိုကို ဖွင့်ပြလိုက်သည်။

ချောင်ဝမ်းဟွေ့သည် စံအိမ်ထဲသို့ ဝင်ကတည်းက ထိုလူနှစ်ယောက်၏ ပစ်မှတ်အဖြစ် ရိုက်ကူးခံထားရသည်ကို မြင်လိူက်သောအခါ သူ့မျက်နှာသည် ပြာဝေသွားရသည်။

" ဒီအိမ်ပိုင်ရှင်အကြောင်းကို သိပြီးပြီ။ ဒီဗီဒီယိုကို သူ့ဆီ ပို့ပေးလိုက်ရင် အကျိုးဆက်တွေက ဘယ်လိုဖြစ်မယ်လို့ ခင်ဗျားထင်လဲ။ ခင်ဗျား ခိုးသွားတဲ့ ပမာဏက အနည်းဆုံး သန်း ၁၀၀ကျော်တယ်။ အဲ့တော့ အခုအချိန်ကောင်းလေး ရနေတယ်ထင်တယ်၊ ဟုတ်လား "

ယဲ့ဖန်သည် ဗီဒီယိုကို ဖွင့်လိုက်ပြီး ချက်ချင်း သူ့ကို ပြုံးပြလိုက်သည်။

ချောင်ဝမ်းဟွေ့သည် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏နဖူးမှ ချွေးသီးများ လိမ့်ကျလာသည်။

သူ ကျူးလွန်ထားသော ပြစ်မှုမှာ ကြီးလွန်းသည်။

တကယ်သာ ဖမ်းမိသွားပါက သူ ဘယ်တော့မျှ ထွက်လာနိုင်မည် မဟုတ်ချေ။

ယဲ့ဖန်သည် ချောင်ဝမ်းဟွေ့၏ အတွေးကို မြင်ပြီး မီးထဲသို့ လောင်စာထည့်လိုက်သည်။

" ပြီးတော့လည်း ဒီဗီဒီယိုကို ခင်ဗျားရဲ့ သခင်ဆီ ပို့ပေးလိုက်ရင် ဘာဖြစ်မယ်လို့ရော ထင်လဲ "

ချောင်ဝမ်းဟွေ့၏ မျက်နှာသည် အရောင်ဖျော့သွားကာ ဘာစကားတစ်ခွန်းမှ ခွန်းတုံ့ပြန်နိုင်ခြင်း မရှိတော့ချေ။

အပိုင်း ( ၈၈၄ )

‌နောက်ကွယ်မှ ဆရာကြီး

ယဲ့ဖန်သည် ချောင်ဝမ်းဟွေ့မှ ဘာမှ မပြောချင်နေသည်ကို မြင်လိုက်ရပြီး သူ့အတွက် တွေးစကာ ဆက်လက် ပြောလိုက်သည်။

" အားကန်ရဲ့ ရက်စက်ယုတ်မာပုံနဲ့သာဆို သူ့ရဲ့ပိုက်ဆံ သန်း၁၀၀လုံးကို အလွဲသုံးစားလုပ်ပြီး သူ့မိန်းမကို သစ္စာဖောက်တဲ့အပြင် တခြားမှာ ဂိုဏ်းထောင်ဖို့ ကြံစည်နေတာသာ သူသိသွားရင် ခင်ဗျားရဲ့ ခြေထောက်တွေကို ရိုက်ချိုးပြီး သူတောင်းစားဖြစ်အောင် လုပ်ပြီး လမ်းပေါ်မှာပစ်ထားမယ်လို့ ထင်တယ်၊ မဟုတ်လား "

ချောင်ဝမ်းဟွေ့သည် ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်သည်။

သူသည် သူ့သခင်အပေါ် နားလည်သဘောပေါက်ထားသလောက် ယဲ့ဖန်ပြောထက် ပို၍ ပြင်းထန်စွာ အပြစ်ပေးခံရပေလိမ့်မည်ကို သူသိသည်။

ထိုသို့ပင် နှိပ်စက်နေမည် မဟုတ်ဘဲ အသက်ကသာ တန်းနှုတ်ယူသွားသည်အထိ ရက်စက်မည်ကို သူက စိုးရိမ်ကြောက်ရွံ့နေသည်။

ခဏကြာ စဉ်းစားပြီးနောက် သူက ရုတ်တရက် မေးလိုက်သည်။

" မင်းတို့ ..... ငါ့သခင်ကို ဘာလုပ်စေချင်တာလဲ "

ယဲ့ဖန်သည် သူ ဘာကို စိတ်ပူနေသည်လဲဆိုတာ သိလေသည်။

ချောင်ဝမ်းဟွေ့သည် သူမှ အားကန်ကို သစ္စာဖောက်ထားသည်ကို သိသွားပြီး ပြဿနာလာရှာမည်ကို ကြောက်နေခြင်း ဖြစ်သည်။

" ခင်ဗျား သိမှာ ကြောက်နေတာ မဟုတ်တော့ သူ့ကို ဘာလုပ်မယ်ဆိုတာ တစ်ခါတည်း ပြောပြလိုက်မယ်။ ကျုပ်က သူ့ကို သေစေချင်တာ။ အားကန် သေသွားရင် ခင်ဗျားသူ့ဆီက အလွဲသုံးစားလုပ်ထားတဲ့ သန်း၁၀၀ကို ပြန်ပေးစရာ မလိုတော့ဘူး။ အဲ့ဒီအပြင် ခင်ဗျားက သူခိုးဘုရင်လေးဘဝကနေ သူခိုးဘုရင်ကြီးအသစ် ဖြစ်လာနိုင်သေးတယ်။ အဲ့ကျရင် ခင်ဗျားသခင်ရဲ့မိန်းမက သေချာပေါက် ခင်ဗျားမိန်းမ ဖြစ်လာလိမ့်မယ်။ ဒီအကြံကို ဘယ်လိုထင်လဲ "

ယဲ့ဖန်မှ နောက်ဆုံးပြောလာသည့် စကားအကြောင်းအရာကြောင့် နောက်ဆုံးတွင် ချောင်ဝမ်းဟွေ့၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုမှာ ကျိုးပျက်သွားရသည်။

သူသည် အကြည့်များကို ခဏတာ ရွှေ့လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

" မေးကွာ။ ငါသိသမျှ မင်းကို သေချာပြောပြမယ် "

ထိုမှသာ ယဲ့ဖန်က ကျေနပ်စွာ ပြုံးလိုက်သည်။

" ဟုတ်တယ်၊ ဒီလိုမှပေါ့။ ပညာရှိဆိုတာ အချိန်အခါကို နားလည်တယ် "

ထို့နောက် သူတို့နှစ်ယောက်သည် အမေးအဖြေကို စတင်ကြသည်။

ချောင်ဝမ်းဟွေ့၏ ပြောကြားချက်များအရ အားကန်တွင် နေထိုင်စရာများစွာ ရှိပြီး နေထိုင်ရာနေရာများကို အခါအားလျော်စွာ ပြောင်းလဲလေ့ရှိသည်။

သူ၏ လက်စွဲတပည့်ဖြစ်သူပင်တော်မှ လုံးဝ မသိရပေ။

ထိုအိမ်များသည် အခြေခံအားဖြင့် အဆင့်အမြင့်ဆုံးဆိုသော စောင့်ကြည့်ကိရိယာများ တပ်ဆင်ထားသည်။

တစ်ယောက်ယောက်မှ ချဉ်းကပ်လာသည်နှင့် အားကန်အား ချက်ချင်း အကြောင်းကြားလိမ့်မည်။

ထို့အပြင် ထိုအိမ်များတွင် လျှို့ဝှက်ထွက်ပေါက်လမ်းကြောင်းများစွာ ရှိသည်။

တစ်စုံတစ်ယောက်မှ သူ၏ အိမ်များကို ဖောက်ထွင်းဝင်ရောက်နိုင်သော်လည်း အားကန်သည် လျှို့ဝှက်လမ်းကြောင်းများမှ အချိန်မီ လွတ်မြောက်နိုင်သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားကြသည်။

ကြည့်ရသည်မှာ အားကန်၏ နေအိမ်ကို ရှာဖွေပြီး သူ့အား ဖမ်းဆီးရမိရန် အခွင့်အလမ်း အလွန်နည်းပါးပုံရသည်။

" မင်းရဲ့သခင်မှာ ဝါသနာတစ်ခုခုရှိလား "

ယဲ့ဖန် ခဏ စဉ်းစားပြီး နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်သည်။

ချောင်ဝမ်းဟွေ့သည် မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားလိုက်သည်။

" ငါ့သခင်က ခိုးတာက လွဲပြီး တခြားဘာဝါသနာမှ မရှိသလောက် နည်းတယ်။ တစ်ခုရှိရင်တောင် လောင်းကစားပဲ ဖြစ်လိမ့်မယ် "

ယဲ့ဖန် ၏ မျက်လုံးများ တောက်ပလာသည်။

" မင်းရဲ့သခင်က လောင်းကစားလုပ်ရတာကြိုက်တာလား "

ချောင်ဝမ်းဟွေ့သည် ယဲ့ဖန် ဘာဖြစ်ချင်နေလဲဆိုတာ သိပြီး အိပ်မက်မှ နိုးထရန် ရေအေး ချက်ချင်း လောင်းချလိုက်သည်။

" သူက လောင်းကစားကို ကြိုက်ပေမယ့် သူက အများသောအားဖြင့် သတိနဲ့ပဲ ကစားပြီးတော့ ကာစီနိုကိုတောင် သိပ်သွားလေ့ မရှိဘူး။ ပြီးတော့ သူ ဘယ်တွေကို ရောက်နေလဲဆိုတာကလည်း မသေချာဘူး။ မင်းတို့ သူ့ကိုဖမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး "

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် လုံးဝ ကူကယ်ရာမဲ့နေခဲ့သည်။

ထိုအားကန်သည် အမှန်တကယ်ပင် သူခိုးဘုရင်ဖြစ်သည်။

သူတို့သည် အားကန်ကို ကိုင်တွယ်ရန် နည်းလမ်းမရှိပေ။

ခဏရပ်ပြီးနောက် ချောင်ဝမ်းဟွေ့မှ ရုတ်တရက်ပြောလိုက်သည်။

" ဟုတ်သား၊ ငါ့သခင်က အရင်တုန်းက လောင်းကစားဘုရင်ပြိုင်ပွဲကို သွားဖူးတယ်။ ဒီနှစ်လည်း သူ သွားမလား မသိဘူး "

ယဲ့ဖန်၏ စိတ်ဝင်စားမှုသည် ချက်ချင်း တုန်လှုပ်သွားသည်။

" လောင်းကစားဘုရင်ပြိုင်ပွဲလား။ အတိအကျ ရှင်းပြပေးနိုင်မလား "

ချောင်ဝမ်းဟွေ့မှ ချက်ချင်း ရှင်းပြသည်။

လောင်းကစားနယ်မြေသည် နှစ်စဉ်နှစ်တိုင်း လောင်းကစားဘုရင်ပြိုင်ပွဲ ကျင်းပသည်။

စာရင်းပေးသွင်းပြီး ဝင်ကြေးသွင်းပါက မည်သူမဆို ပါဝင်နိုင်သည်။

နောက်ဆုံးအနိုင်ရရှိသူသည် ကာစီနိုနယ်မြေရှိ ကာစီနိုလောင်းကစားရုံများ အားလုံးမှ ပူးတွဲထုတ်ပေးသည့် 'လောင်းကစားဘုရင်'အဖြစ် အသိအမှတ်ပြုလက်မှတ်ကို ရရှိရုံသာမက မြင့်မားသော ဆုကြေးငွေကိုလည်း ရရှိဦးမည်ဖြစ်သည်။

ထိုသည်သာမက အနိုင်ရသူသည် 'အတိုင်ပင်ခံ'အဖြစ် မည်သည့် ကာစီနိုကိုမဆို ရွေးချယ်နိုင်သည်။

စာချုပ်ချုပ်ထားသရွေ့ အနိုင်ရသူသည် ထိုကာစီနိုမှ လစဉ် ရက်ရောသော ဘောနပ်စ်အပိုငွေများ ရရှိမည် ဖြစ်သည်။

ထို့ကြောင့် ထိုလောင်းကစားပြိုင်ပွဲကြီးသည် ကမ္ဘာတစ်ဝှမ်းမှ ကျွမ်းကျင်သူများစွာ ပါဝင်ယှဉ်ပြိုင်ရန် နှစ်စဉ်နှစ်တိုင်း ဆွဲဆောင်နိုင်ခဲ့သည်။

သူ၏ ဆရာသခင် အားကန်သည် 'လောင်းကစားဘုရင်'ဟူသော ဂုဏ်ပုဒ်ဘွဲ့အတွက် ပါဝင်ခြင်း မဟုတ်ပေ။

အပျော်သဘောအဖြစ်သာ ပါဝင်ခြင်း ဖြစ်သည်။

ဖိုင်နယ်ပွဲသို့ ရောက်ခါနီးတိုင်း ပြိုင်ပွဲမှ အရင် စနှုတ်ထွက်လေ့ရှိသည်။

ထို့နောက် ယဲ့ဖန်မှ နောက်ထပ် မေးခွန်းအချို့ကို မေးခဲ့ပြီး ချောင်ဝမ်းဟွေ့သည်လည်း အားလုံးကို တတ်နိုင်သမျှ ဖြေခဲ့သည်။

သို့သော် အားကန်သည် သတိကြီးလွန်းသူဖြစ်ပြီး ချောင်ဝမ်းဟွေ့ကိုပင် စကားများစွာ မပြောထားချေ။

သူသည် အနည်းငယ်သာ သိသည်။

ယဲ့ဖန်သည် ချောင်ဝမ်းဟွေ့မှ အခြားမေးခွန်းများ ဆက်၍ မဖြေနိုင်သည်ကို မြင်လိုက်ရပြီး စစ်ဆေးမေးခြင်းကို ရပ်လိုက်သည်။

" ခင်ဗျားသိထားတဲ့ အားကန်ရဲ့ နေရာက ခံစစ်မြေပုံကို ဆွဲပေး။ သူ့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ခရီးသွားချိန်ကိုလည်း ရေးပေးထား "

ချောင်ဝမ်းဟွေ့သည် ယခုအချိန်တွင် နောင်တရရန် နေရာမရှိပေ။

သူသည် ယဲ့ဖန်၏ တောင်းဆိုမှုများကို ချက်ချင်း လိုက်နာပြီး သူ သိထားသည့် အိမ်အနည်းငယ်၏ အခြေအနေများကို ရေးဆွဲပေးခဲ့သည်။

ယဲ့ဖန်သည် အချက်အလက်များကို လက်ခံရရှိပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်ပြီး ချန်းဖေးအယ်ကို လှည့်ကြည့်လိုက်သည်။

" မင်းမှာ တခြားမေးခွန်းတွေ ရှိသေးလား "

ချန်းဖေးအယ်သည် ချောင်ဝမ်းဟွေ့ကို လှည့်ကြည့်လိုက်သည်။

" ရှင့်ရဲ့သခင်က နျုံစစ်သွမ်းကို သိလား "

ချောင်ဝမ်းဟွေ့ အံ့အားသင့်သွားသည်။

" ငါ မသိဘူး။ ငါ့သခင်က မပြောဘူး "

" ဒါဆို ရှင့်ရဲ့သခင်ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ယန်းချန်မြို့ဆီ သွားခိုင်းတာ ဘယ်သူလဲ "

" ငါ မသိဘူး။ သူက ငါ့ကို အပြင်သွားပြီး အပန်းဖြေဖို့ ပြောတယ်။ ဒီကာလအတွင်း စိတ်အေးအေးထားပြီး အပြင်ထွက်ပြီး ဒုက္ခမဖြစ်အောင် နေဖို့လည်း ပြောတယ် "

" ဒါဆို ရှင်သူ့ဆီက အလွဲသုံးစားလုပ်ထားတဲ့ သန်း၁၀၀က ဘယ်ကရတာလဲ "

" ငါ့သခင် ယန်းချန်မြို့က ပြန်လာပြီးတော့ သူက ဒီဘဏ်ကတ်ကို ပေးတယ်။ မကြာမီအတွင်း သူက ပစ်မှတ်ထားခံရနိုင်ပြီး အချိန်မရွေး အန္တရာယ်ရှိတယ်လို့ ပြောသေးတယ်။ သူ တစ်ခုခုဖြစ်သွားရင် ဒီငွေတွေကို သူ့မိန်းမကို ပေးရမှာ။ အဲ့ကျ သခင်မရဲ့ ဘဝက တစ်သက်တာလုံး ဇိမ်ကျကျ နေထိုင်ဖို့ လုံလောက်ပြီ "

ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေလိုက်ကြသည်။

ဒီအားကန်က သူ့မိန်းမအပေါ်တော့ တော်တော်လေး ကောင်းပေးပုံရတယ်။

သူက သူ့ကိုယ်သူ မကာကွယ်နိုင်ရန်တောင် သူ့မိန်းမအတွက် လမ်းခင်းပေးချင်နေသေးတာပဲ။

သို့သော် ယဲ့ဖန်တို့သည် ယွမ်သန်း ၁၀၀ကို အားကန်အား မည်သူက ပေးခဲ့သည်ဆိုတာကို သူတို့ ပိုသိချင်နေကြသည်။

အဲ့လူက လျှို့ဝှက်ရတနာမြေပုံကို ယန်းချန်မြို့ဆီကို သွားယူခိုင်းခဲ့တဲ့ နောက်ကွယ်ကသခင် ဖြစ်ရမယ်။

ထိုလူက မည်သူလဲဆိုသည်ကို သိချင်လျှင် အားကန်ကို ဖမ်းပြီး မေးရမည်ဖြစ်သည်။

ယခုအခါ အားကန်ကို ဖမ်းရန် အခွင့်အရေး အများဆုံးရှိသည့် တစ်ခုတည်းသော အရာမှာ လောင်းကစားဘုရင် ပြိုင်ပွဲသာ ဖြစ်သည်။

ယဲ့ဖန်သည် သူ့လက်ကို ချက်ချင်း ပွတ်သပ်လိုက်သည်။

သူ့အရည်အချင်းတွေကို ထုတ်ဖော်ပြသရမည့် အချိန်တန်ပြီ ဖြစ်သည်။

All Chapters