← Chapters

အပိုင်း ၈၈၅-၈၈၈

Vol. 45 Ch. 885-888

အပိုင်း ၈၈၅-၈၈၈

Vol. 45 Ch. 885-888

အပိုင်း ( ၈၈၅ )

သတိပေးမယ် ..... မဟုတ်တာ မလုပ်နဲ့

သူတို့ လိုချင်သည့် အချက်အလက်များကို ရရှိပြီးနောက် ယဲ့ဖန်တို့သည် ပြန်သွားရန် စီစဉ်ကြသည်။

ထိုသည်ကို မြင်သည်နှင့် ချောင်ဝမ်းဟွေ့မှ အမြန်ပြောလိုက်သည်။

" ငါ မင်းတို့ကို ငါသိသမျှ အကုန် ပြောပြပြီးပြီ။ အဲ့ဒီတော့ မင်း ...... မင်းတို့ အဲ့ဒီဗီဒီယိုနှစ်ခုကို ဖျက်လို့ရလား "

ယဲ့ဖန်မှ နောက်ပြန် လှည့်ကြည့်လိုက်ပြီး ချောင်ဝမ်းဟွေ့ကို စိုက်ကြည့်နေသည်။

" ကျုပ်တို့က ဒီဗီဒီယိုတွေကို ဖျက်လိုက်ရင် ခင်ဗျားက အားကန်ဆီသွားပြီး သူ့ကို ပြောပြမယ်ဆို ဘယ်လိုလုပ်မလဲ "

ချောင်ဝမ်းဟွေ့ ချက်ချင်း ထိတ်လန့်သွားသည်။

" ကျိန်ဆိုကျိန်ရဲပါတယ်။ ငါ မင်းတို့အကြောင်းကို လုံးဝ မပြောဘူးလို့ ကတိပေးတယ် "

ယဲ့ဖန်မှ ချက်ချင်း အေးစက်စွာ ရယ်မောလိုက်သည်။

" သခင်ရဲ့ မိန်းမနဲ့ သခင်ကို သစ္စာဖောက်မယ့်သူရဲ့ ကျိန်တာကို ကျုပ်က ဘာအကြောင်းနဲ့ ယုံမယ်လို့ ထင်ရတာလဲ *

ချောင်ဝမ်းဟွေ့၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားသည်။

တစ်ဖက်သူမှ ထိုသက်သေအချက်အလက်များကို လွယ်ကူစွာဖြင့် ဖျက်ပေးမည် မဟုတ်ကြောင်းကို သူ အသေအချာ သိလိုက်သည်။

ထို့ကြောင့် ထပ်ပြောပါက အသုံးမဝင်ပေ။

ယဲ့ဖန်၏ လေသံမှာ ပျော့သွားသည်။

" ခင်ဗျား ကျုပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးနေသမျှ ခင်ဗျားရဲ့သခင်က ဒီဗီဒီယိုတွေကို မမြင်စေရဘူးလို့ အာမခံပါတယ်။ ဒါပေမယ့် ခင်ဗျား မပူးပေါင်းရင်တော့ ကျုပ်ကို အပြစ်မတင်သင့်ဘူး "

ချောင်ဝမ်းဟွေ့ အမြန် ခေါင်းညိတ်လိုက်သည်။

" စိတ်မပူပါနဲ့။ ငါ့သခင်က တစ်ခုခု လှုပ်ရှားတာနဲ့ ငါမင်းတို့ကို အချိန်မီ ဆက်သွယ်လိုက်ပါ့မယ် "

ယဲ့ဖန်သည် ချောင်ဝမ်းဟွေ့၏ သဘောထားကို အလွန်ကျေနပ်နေခဲ့သည်။

ထို့ကြောင့် သူ့အား ဆက်သွယ်ရန် ဖုန်းနံပါတ်တစ်ခု ချန်ထားခဲ့ပြီဒ ချန်းဖေးအယ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ချောင်ဝမ်းဟွေ့သည် ဆက်မထိန်းနိုင်တော့ဘဲ ကုတင်ပေါ်သို့ လဲကျသွားသည်။

သူသည် သူ့ကိုယ်သူ အမြဲတမ်း အထင်ကြီးနေခဲ့ပြီး သူနှင့် ရွယ်တူများကြားတွင် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သေချာပေါက် ခံစားမိသည်။

သို့သော် သူ့ထက်ငယ်သော ထိုကောင်လေးကို ရင်ဆိုင်ရသောအခါ သူ့အား တစ်ဖက်မှ တွက်ချက်ပြီး နည်းအမျိုးမျိုးဖြင့် ခြေတစ်လှမ်းစောနေသည်ကို ခံစားလိုက်ရသည်။

သူ့တွင် ခုခံရန် ခွန်အား လုံးဝမရှိပေ။

ဒီကောင်လေးက အရမ်းကြောက်စရာကောင်းတယ်။

သခင်ကြီး၊ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။

တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ဒီနှစ်ယောက်က ရက်စက်လွန်းတဲ့အတွက် သူတို့ကိုပဲ အပြစ်တင်ပါ။

ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူး။

ကျွန်တော် မသေချင်သေးလို့ သခင့်ကိုပဲ သေလမ်းပို့ပေးနိုင်တယ်။

....................................................

ယဲ့ဖန် နှင့် ချန်းဖေးအယ် တို့သည် ဟိုတယ်သို့ပြန်လာပြီးနောက်တွင် သူတို့ နောက်ထပ်ရွှေ့မည့် အစီအစဉ်ကို စတင်ခဲ့ကြသည်။

သူတို့သည် လက်ရှိတွင် ချောင်ဝမ်းဟွေ့အား သူလျှိုအဖြစ် ရရှိထားပြီး အားကန်၏ နေရာကို သိနိုင်သော်လည်း ထိုအားကန်ဆိုသူ၏ သတိကြီးမှုကြောင့် သူ့ကို ဖမ်းနိုင်ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

ထိုလူသည် ထွက်ပြေးရာ၌ အတွေ့အကြုံ အလွန်များလှသည်။

သွေးရူးသွေးတန်းဖြင့် ဂရုမဲ့စွာ ပြုမူလျှင် ရန်သူကို သတိပေးရာ ရောက်သွားလိမ့်မည်။

အားကန်သည် လောင်းကစားဘုရင်ပြိုင်ပွဲ၌ သတိလွတ်သည့် အချိန်၌သာ သူတို့ အခွင့်ကောင်းယူရမည်ဖြစ်သည်။

သို့သော် ယဲ့ဖန်သည် ကျောင်းဖုလင်အား ဖုန်းဆက်ပြီး လောင်းကစားဘုရင်ပြိုင်ပွဲအကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများကို မေးမြန်းရာမှ သတင်းဆိုးတစ်ခုရခဲ့သည်။

" ယဲ့ညီလေး၊ ဒီအကြံကို မေ့လိုက်ဖို့ အကြံပေးတယ်။ လောင်းကစားဘုရင်ပြိုင်ပွဲမှာ စည်းမျဉ်းတစ်ခုရှိတယ်။ ပြိုင်ပွဲကာလအတွင်း ဘယ်သူကမှ ကွင်းအတွင်း ရုန်းရင်းဆန်ခတ် လုပ်ခွင့်မရှိဘူး။ မဟုတ်ရင် သူတို့ဆီက ကြီးလေးတဲ့ ပြစ်ဒဏ်ကို ရင်ဆိုင်ရလိမ့်မယ် "

ထိုစကားကို ယဲ့ဖန် ကြားပြီးနောက် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။

" ဒါပေမယ့် ဒီနည်းလမ်းကလွဲပြီး ဒီအားကန်ကို ဖမ်းနိုင်ဖို့ တခြားနည်းလမ်းကို ကျွန်တော်တို့ စဉ်းစားလို့ မရဘူး "

ကျောင်းဖုလင်သည် တခဏမျှ နှုတ်ဆိတ်နေခဲ့ပြီးနောက် ဆက်ပြောသည်။

" လောင်းကစားဘုရင်ပြိုင်ပွဲမှာ လှုပ်ရှားဖို့ပဲ အားသန်နေရင် အဓိက အင်အားစုနှစ်ခုကို အရင် ဖြေရှင်းရမယ် "

ယဲ့ဖန်သည် ချက်ချင်းပင် စိတ်ဓာတ်တက်ကြွလာသည်။

" ဘယ်နှစ်ခုလဲ "

" ပထမဆုံးက ကာစီနိုနယ်မြေထဲက ဟုန်းမိသားစုပဲ။ ဟုန်းမိသားစုက ကာစီနိုနယ်မြေက မိသားစုကြီး လေးစုထဲမှာ ပါပြီးတော့ လောင်းကစားဘုရင်ပြိုင်ပွဲကို စီစဉ်တဲ့သူဆိုလည်း ဟုတ်တယ်။ သူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ မင်း လက်လွတ်စပယ် လုပ်မရဘူး "

" ဟုတ်လား၊ တခြား ဘာရှိသေးလဲ "

" ဒုတိယကတော့ ကာစီနိုထဲနယ်မြေက ရှောင်မိသားစုပဲ။ ရှောင်မိသားစုကို ကာစီနိုနယ်မြေရဲ့ မြေအောက်အင်အားစုမှာ သရဖူမရှိတဲ့ ဘုရင်အဖြစ် သတ်မှတ်ထားတယ်။ ကာစီနိုနယ်မြေအတွင်းမှာ ပြဿနာဖြစ်ချင်ရင် သူတို့ရဲ့ သဘောတူညီချက်ကို အရင်ရယူရမယ်။ မဟုတ်ရင် အကျိုးဆက်က အရမ်းပြင်းထန်လိမ့်မယ် "

ကျောင်းဖုလင်၏ ရှင်းပြချက်ကိုကြားပြီးနောက် ယဲ့ဖန် ချက်ချင်း သဘောပေါက်သွားသည်။

ဟုန်းမိသားစုနှင့် ရှောင်မိသားစုတို့သည် ယန်းချန်မြို့မြို့၌ဆိုလျှင် ကျောင်းမိသားစုနှင့် ချောင်ရှင်းဂိုဏ်းတို့ကဲ့သို့ ဖြစ်သည်။

ယန်းချန်မြို့၌ ပြဿနာဖြစ်ချင်လျှင် ထိုမိသားစုနှစ်ခု၏ စကားကို နားထောင်ရမည်။

သူသည် ချက်ချင်းပင် ချန်းဖေးအယ်ကို လှည့်ကြည့်လိုက်သည်။

" မင်းရဲ့ လုံခြုံရေးအဖွဲ့က ဒီအင်အားစုနှစ်ခုကို ကိုင်တွယ်နိုင်ပါ့မလား "

ချန်းဖေးအယ် ခေါင်းခါသည်။

" ကျွန်မတို့ရဲ့ လုံခြုံရေးအဖွဲ့က ကာစီနိုနယ်မြေမှာ ဥပဒေကို လက်ဝယ်သုံးပြီး ထိန်းချုပ်ဖို့ အခွင့်အာဏာ မရှိဘူး။ နယ်မြေခံတပ်တွေကလည်း ကျွန်မတို့ကို မျက်နှာလွှဲမပေးဘူး။ ဒီကိစ္စအတွက် လုံခြုံရေးအဖွဲ့ ပေါ်လာတာက မကောင်းဘူး။ ကျွန်မတို့ကိုယ်တိုင်ပဲ နည်းလမ်းရှာရမှာဖြစ်မှာကိုတောင် စိုးရိမ်ရတယ် "

ယဲ့ဖန်သည် ကျောင်းဖုလင်ကိုသာ အကူအညီတောင်းရတော့သည်။

" အစ်ကိုကျောင်း၊ ကျောင်းမိသားစုက ဒီမိသားစုနှစ်စုနဲ့ ပတ်သက်တာတွေ ရှိလား။ အဆက်အသွယ် ချိတ်လို့ ရနိုင်လား "

ကျောင်းဖုလင် ခါးသီးစွာ ပြုံးလိုက်သည်။

" မင်း သူတို့ကို ငါနဲ့မင်းရဲ့ ဆက်ဆံရေးအကြောင်း မပြောပြတာ ပိုကောင်းမယ်။ ဒီမိသားစုနှစ်စုက အရင်က ယန်းချန်မြို့ထဲကို ဝင်ချင်ခဲ့ပေမယ့် သူတို့မိသားစုတွေက နှင်ထုတ်ခံခဲ့ရတာ။ အဲ့အချိန်ကတည်းက စပြီးတော့ သူတို့က ငါတို့အပေါ် အာဃာတတွေ ရှိနေတယ်။ ငါတို့ရဲ့ ဆက်ဆံရေးအကြောင်း သူတို့သိရင် ဟိုမှာ ဘာမဆိုလုပ်ဖို့ မေ့ထားလိုက်တော့ပဲ "

ယဲ့ဖန်သည် စကားမပြောနိုင် ဖြစ်သွားရသည်။

ကျောင်းမိသားစုတွင်လည်း နည်းလမ်းရရန် မျှော်လင့်ချက်မရှိဟု ထင်ရသည်။

ထို့ကြောင့် ယဲ့ဖန်သည် သူ့ကိုယ်သူသာ အားကိုးရတော့မည် ဖြစ်သည်။

သို့သော် မည်သို့ပင်ဖြစ်စေ ကျောင်းဖုလင်သည် သူ့အတွက် အသုံးဝင်သော သဲလွန်စတစ်ချို့ကို ပေးခဲ့သည်။

ဟုန်းမိသားစုသည် 'လောင်းကစားဘုရင်'ဘွဲ့ကို အလွန်အရေးထားပြီး ထိုပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် အားထုတ်မှုများစွာကို စိုက်ထုတ်ခဲ့သည်။

ယခုနှစ်တွင် သူတို့မိသားစုသည် 'လောင်းကစားဘုရင်'ဘွဲ့အတွက် ယှဉ်ပြိုင်ရန် မိသားစု၏ အပြင်းထန်ဆုံးအဖွဲ့ဝင် ဟုန်းကျားကျွန်းကိုပင် စေလွှတ်ခဲ့သည်။

ဟုန်းကျားကျွန်းသည် လက်ရှိနှစ်တွင် အသက်၂၁နှစ်သာရှိသေးသော်လည်း 'လောင်းကစားဘုရင်'ဘွဲ့ကို နှစ်နှစ်ဆက်တိုက် ရရှိထားပြီးဖြစ်သည်။

ယခုနှစ်တွင်လည်း ဆက်လက်အနိုင်ရပါက လောင်းကစားဘုရင်ပြိုင်ပွဲသမိုင်းတွင် တစ်ခါမှမမြင်ဖူးသော 'သုံးနှစ်ဆက်တိုက်ချန်ပီယံ' ဖြစ်လာပေမည်ဖြစ်သည်။

ဟုန်းမိသားစုသည် သုံးနှစ်ဆက်တိုက်ချန်ပီယံကို အမှန်တကယ် မွေးထုတ်ပေးနိုင်ပါက ထိုဂုဏ်ပုဒ်သည် သူတို့မိသားစု၏ ဂုဏ်သိက္ခာကို များစွာ မြှင့်တင်ပေးလိမ့်မည်။

ထို့ကြောင့် ယခုနှစ် လောင်းကစားဘုရင်ပြိုင်ပွဲတွင် ဟုန်းမိသားစုမှာ မည်မျှအရေးစိုက်ထားကြောင်း တွေးကြည့်နိုင်သည်။

ဘာအမှားအယွင်းမှမရှိစေရန် အစွမ်းကုန် ကြိုးစားကြမည်မှာ သေချာလေသည်။

ယဲ့ဖန် ဘာလုပ်ရမည်ဆိုသည်ကို ချက်ချင်း သဘောပေါက်သွားသည်။

ဟုန်းမိသားစုသည် ဤလောင်းကစားဘုရင်ပြိုင်ပွဲတွင် အလွန်အရေးပါသောကြောင့် သူသည် ရှေးဦးစွာ တောင်ကို လှုပ်ယမ်းပြီး ထို'လောင်းကစားဘုရင်'၏ ခရီးလမ်းမှာ မည်မျှခက်ခဲသည်ကို သိစေမည်ဖြစ်သည်။

ထိုအချက်ကို တွေးပြီးနောက် ချက်ချင်းပင် နတ်ဆိုးဆန်စွာ ပြုံးလိုက်သည်။

သူ့ဘေး၌ ရှိနေသည့် ချန်းဖေးအယ်သည် ယဲ့ဖန်မျက်နှာပေါ်မှ အပြုံးကိုမြင်လိုက်ရပြီး ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။

" ရှင် အခု ဘာမကောင်းတဲ့ အကြံအစည်တွေ ရှိပြီလဲ "

ယဲ့ဖန်၏ တောက်လောင်သော အကြည့်များက သူမ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

" ကိုယ့်မှာ ဘာအကြံအစည်တွေရှိလဲရ မင်းမသိဘူးလား "

ချန်းဖေးအယ်သည် ရေချိုးကန်ထဲမှ သူမ လှမ်းမြင်လိုက်ခဲ့ရသော 'ကြောက်စရာကောင်းသည့်မြင်ကွင်း'ကို ချက်ချင်း တွေးလိုက်မိသည်။

သူမ အလွန်ကြောက်လန့်ကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားခဲ့သည်။

" ရှင် ...... မဟုတ်တာ မလုပ်နဲ့၊ ကျွန်မ ရှင့်ကိုသတိပေးနေတာ ..... ရှင် တစ်ခုခုလုပ်တာနဲ့ ကျွန်မ .... ကျွန်မ .......... "

ယဲ့ဖန်သည် သူမကို ထောင့်တစ်နေရာသို့ အတင်းတွန်းပိတ်လိုက်ပြီး သူမကို ဆက်၍ နောက်ပြောင်နေခဲ့သည်။

" မင်းက ဘာလုပ်ချင်လို့လဲ "

ချန်းဖေးအယ်သည် သူ၏ နောက်ပြောင်သော အပြုံးကို မြင်ပြီးနောက် သူမကို တမင်တကာ လှည့်စားနေမှန်း သိလိုက်ရသည်။

သူမ ချက်ချင်း ဒေါသထွက်သွားသည်။

သူမသည် ယခင်က အလွန်ကြမ်းတမ်းသော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ဖူးသည်။

သူမသည် လုံခြုံရေးအဖွဲ့ထဲတွင် 'တိုက်ခိုက်သူလေး'ဟုပင် အမည်ပြောင်ရှိသည်။

သူမသည်သာ အမြဲတမ်း အခြားသူများကို စနောက်ရန် အခွင့်ရှိသူတစ်ဦးဖြစ်သည်။

ဘာလို့ ဒီတစ်ယောက်ရှေ့မှာဆို အမြဲတမ်း လှည့်စားခံနေရတာလဲ။

ထိုအချက်ကို တွေးပြီး အသက်ဝဝရှူကာ ကိုယ်ကို မော့လိုက်သည်။

" ဒါဆို ကျွန်မ ရှင့်ကို မယဉ်ကျေးတော့ဘူး "

ယဲ့ဖန်သည် သူမ၏ ကြမ်းတမ်းသော အကြည့်ကို တွေ့ပြီးနောက် ကြောက်စိတ်ဖြင့် ချက်ချင်း နောက်ပြန်ဆုတ်လိုက်သည်။

" သတိပေးနေတယ်နော် ...... မဟုတ်တာ မလုပ်နဲ့ "

ချန်းဖေးအယ်သည် သူ့ကို နံရံဆီသို့ တွန်းလိုက်ပြီး ခိုင်မာသော စကားတစ်ခွန်းကို ပြောလိုက်သည်။

" ဒါဆို ဒီည ငါ အိပ်ယာပေါ်မှာ အိပ်မယ်။ နင်က ဆိုဖာပေါ်မှာ အိပ် "

ထိုသို့ဖြင့် သူမ လှည့်ထွက်သွားသည်။

ယဲ့ဖန် အနည်းငယ် စိတ်ရှုပ်သွားသည်။

သူ တကယ်ကြီး တန်ပြန် တိုက်ခိုက်ခံလိုက်ရတာလား။

အပိုင်း ( ၈၈၆ )

အလှလေးမှ ကံကောင်းမှုကို ယူဆောင်ပေးခြင်း

တော်ဝင်နန်းတော် ကာစီနိုရုံသည် ဟုန်းမိသားစုအောက်တွင် ရှိသော အကြီးဆုံး ကာစီနိုတစ်ခု ဖြစ်သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ထိုခမ်းနားထည်ဝါလှသော အဆောက်အဦးရှေ့သို့ ရောက်လာသောအခါတွင် သူတို့သည် ခံစားချက်များစွာ ရင်ထဲ၌ ပေါက်ဖွားလာသည်။

ကာစီနိုမြို့တော်ရှိ ကာစီနိုများသည် လျှို့ဝှက်လုပ်ကိုင်ရသည့် ပြည်မကြီးရှိ ကာစီနိုများနှင့် မတူချေ။

ထိုအစား သူတို့သည် အစည်ကားဆုံး လမ်းမကြီးများပေါ်မှာ ပွင့်လင်းစွာ ဖွင့်လှစ်ထားကြသည်။

လောင်းကစားသမားများသည် သွားလာလှုပ်ရှားနေကြပြီး လုံးဝ ပုန်းခိုနေရန်ပင် မလိုချေ။

သူတို့နှစ်ယောက်သည် ထိုကဲ့သို့သော အခြေအနေကို ကျင့်သားရရန် အချိန်ခဏ ယူလိုက်ရပြီးနောက် ကျောကို ဖြောင့်မတ်လျက် အထဲသို့ လမ်းလျှောက်ဝင်သွားသည်။

သူတို့သည် ဤနေရာသို့ မရောက်ခင်ကတည်း၌ တော်ဝင်နန်းတော်ကာစီနိုရုံတွင် စုစုပေါင်း အထပ်ငါးထပ်ရှိကြောင်းကို စုံစမ်းစစ်ဆေးထားပြီး ဖြစ်သည်။

ပထမထပ်သည် တစ်ဦးချင်း ဆော့ရသည့်နေရာ ဖြစ်သည်။

ငါးဖမ်းဂိမ်း၊ စလော့ဂိမ်း၊ ရှမ်းကိုးမီး၊ ပိုကာ၊ ဘလက်ဂျက်၊ အန်စာတုံး ....စသည်ဖြင့် အခြေခံဂိမ်းများဖြစ်သည်။

ပထမထပ်တွင် ငွေကြေးသုံးစွဲသူများသည် အခြေခံအားဖြင့် အသေးစားပမာဏသာ ဖြစ်ပြီး အနိုင်အရှုံးမှာ ယွမ်တစ်သောင်းထက် မပိုပေ။

ဒုတိယထပ်မှ ပဉ္စမထပ်အထိသည် VIP နေရာများ ဖြစ်သည်။

သူတို့ကဲ့သို့ တစ်ဦးချင်း ဖောက်သည်လေးများသည် ဝင်ရောက်ရန် အရည်အချင်းမပြည့်မီချေ။

ဒုတိယထပ်သို့ ဝင်ရောက်ချင်သည် ဆိုလျှင် လောင်းငွေအရင်းအနှီး အနည်းဆုံး ယွမ်တစ်သိန်း ရှိရမည်။

တစ်လွှာတက်လိုလျှင် '၀' တစ်လုံးတိုးရမည်။

ဒုတိယအလွှာဝင်နိုင်ရန် တစ်သိန်း

တတိယအလွှာဝင်နိုင်ရန် တစ်သန်း

စတုတ္ထအလွှာဝင်နိုင်ရန် ယွမ် ဆယ်သန်း

စသည်ဖြင့် အရင်းအနှီးငွေရှိရမည်။

ပဉ္စမထပ်သည် ဘီလီယံနာများ သို့မဟုတ် ထိပ်တန်းကျွမ်းကျင်သူများသာ ကစားရန် နေရာဖြစ်သည်။

သာမန် VIP များသည်ပင် ဝင်ရန် အရည်အချင်းမပြည့်မီပေ။

ယဲ့ဖန်သည် ဒီကို ဒုက္ခပေးရန်အတွက် လာခြင်းဖြစ်၍ ပဉ္စမထပ်ကို သေချာပေါက်မည်ဖြစ်သည်။

သို့သော် သူသည် အလျင်စလို မလုပ်ပေ။

ယွမ် ၁သောင်းတန် တိုကင်ပြားများကို လဲလှယ်ပြီးနောက် အေးဆေးစွာဖြင့် လမ်းလျှောက်လာခဲ့သည်။

" ယွမ်၁သောင်းနဲ့ လောက်လို့လား။ နောက်ထပ် လဲချင်သေးလား "

ချန်းဖေးအယ်သည် အသံတိုးညှင်းစွာဖြင့် ချက်ချင်း မေးလိုက်သည်။

ယနေ့သည် ကြီးကြီးမားမားတစ်ခုခု လုပ်မှာဖြစ်၍ ထိုယွမ်ငွေ၁သောင်းနှင့် မလုံလောက်မည်ကို သူမ စိုးရိမ်နေသည်။

ယဲ့ဖန်မှ ဝိုင်းကြည့်ရင်း ပြန်ဖြေသည် ။

" ဒီနေ့ ပန်းအိုးလေးလိုပဲ ငြိမ်ငြိမ်လေးနေပြီး ကျန်တာ ကိုယ်နဲ့ လွှဲထားလိုက် "

ချန်းဖေးအယ်သည် ထိုစကားကို ကြားရသည်မှာ အတော်လေး စိတ်မချမ်းမသာ ဖြစ်စေသည်။

" ရှင်ကမှ ပန်းအိုးပဲ "

ယဲ့ဖန် မရယ်ဘဲ မနေနိုင်ပေ။

" မင်းက ပန်းအိုးလေးပဲ လုပ်ရမယ်လို့ ပြောတာကို မပျော်ဘူးလား။ တခြားလူတွေဆို ပန်းအိုးလေး ဖြစ်ချင်ကြတာတောင် လုပ်ဖို့ အရည်အချင်းမရှိဘူး "

သူ့ဘေး၌ ဤကဲ့သို့ 'ပန်းအိုးမျိုး' ရှိပါက အာရုံဆွဲဆောင်နိုင်သည်ဟု ဆိုရပေမည်။

ယနေ့တွင် ချန်းဖေးအယ်သည် အနီရောင် ဂါဝန်ကို ဝတ်ဆင်ထားသည်။

သူမ၏ ရှည်လျားလှသော ခြေတံများသည် အလွန်ဆွဲဆောင်မှု ရှိလှသည်။

သူမခြေထောက်ထက်ရှိ အနီရောင် ဒေါက်မြင့်ဖိနပ်တစ်စုံသည်လည်း ဆွဲဆောင်မှုကို ပို၍ ပြည့်ဝစေသည်။

ကာစီနိုအတွင်းရှိ လောင်းကစားသမားများသည် သူတို့ဝင်လာသည့်ကို မြင်ပြီး ခေါင်းကို လှည့်ကြည့်ကာ မျက်လုံးများပင် ပြူးထွက်လုနီးပါး ဖြစ်နေသည်။

ချန်းဖေးအယ်သည် ထိုလူများ၏ ညစ်ညမ်းသော အကြည့်များကြောင့် အလွန်ရွံရှာနေပြီး သူမသည် ချက်ချင်း ပြေးတက်သွားကာ ထိုလူများ၏ မျက်လုံးများကို ဖောက်ထုတ်ပစ်ချင်နေသည်။

" အလှလေး၊ ငါတို့နဲ့ ရွှေပန်းပွင့် လာကစားလေ "

ထိုအချိန်၌ နောက်ဆုံးတွင် ရဲရင့်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် သူမကို လာ၍ စတင်နှုတ်ဆက်သည်။

သူ၏ အသံမှာ ချွဲပစ်ပြီး ရွံစရာကောင်းနေပြီး ချန်းဖေးအယ်မှာ အတော်လေးကို မုန်းတီးနေတော့သည်။

ထိုနှုတ်ဆက်သူ၏ အရှေ့တွင် တိုကင်ပြား အပုံလိုက်ကြီးရှိစေသည်။

သူသည် ကျွမ်းကျင်သူဖြစ်ပုံရသည်။

ယဲ့ဖန်သည် ကာစီနိုနယ်မြေတွင် ရွှေပန်းပွင့်ကစားနည်းအား ကစားကြသလား မသိသော်လည်း ဤနေရာတွင် ပြည်မကြီးမှ လောင်းကစားသမား အများအပြား ရှိနေသည်။

ကာစီနိုအများအပြားသည် ရွှေပန်းပွင့်ကစားနည်းအပါအဝင် ပြည်မကြီးမှ လူကြိုက်များသော လောင်းကစားနည်းများစွာကို ဖွင့်လှစ်ပေးထားသည်။

ထိုဂိမ်းကစားနည်း အမျိုးအစားသည် သင်ယူရန် လွယ်ကူပြီး ရိုးရှင်းကာ ရဲရင့်ပြီး လူသစ်လေးများအတွက် အလွန်သင့်လျော်လှသည်။

ချန်းဖေးအယ်သည် ထိုလူကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် လျစ်လျူရှုလိုက်သည်။

သို့သော် ယဲ့ဖန်မှ ရုတ်တရက် သူမကို ပြန်ဆွဲလိုက်သည်။

" သူတို့က ကိုယ်တို့ကို ဖိတ်ထားမှတော့ နည်းနည်းလေးဖြစ်ဖြစ် ဝင်မကစားရင် ကိုယ်တို့ ဘယ်လောက်တောင် ရိုင်းရာကျမလဲ "

ယဲ့ဖန်သည် စကားပြောနေရင်းဖြင့် စားပွဲဆီသို့ လျှောက်သွားသည်။

" ဒီညီလေးပြောတာ မှန်တယ်။ ငါတို့ ဒီမှာဆုံနိုင်တာကိုက ကံကြမ္မာပဲ "

ထိုလူက ယဲ့ဖန်နှင့် စကားပြောနေသော်လည်း သူ၏ မျက်လုံးများမှာ ချန်းဖေးအယ်ကိုသာ စိုက်ကြည့်နေသည်။

ချန်းဖေးအယ်သည် သူမ၏ လက်သီးများကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး လက်ဆစ်ချိုးသံများပင် ထွက်ပေါ်လာသည်။

သူမသည် ထိုရွံစရာကောင်းသော လူကို ပညာပေးဆုံးမလိုက်ချင်သော်လည်း သူမ ဒီနေ့အတွက် လာခဲ့ရသည့် တာဝန်ကို မမေ့ထား၍ စိတ်ကို ထိန်းနိုင်လိုက်သည်။

သူမသည် 'စိတ်မရှည်ခြင်းသည် အစီအစဥ်ကို ပျက်စီးစေမည်'ဟူသော စကားကို စိတ်ထဲတွင်သာ အော်ပြောနေပြီး ယဲ့ဖန် အနာတွင် ဝင်ထိုင်လိုက်သည်။

ပထမထပ်ရှိ စားပွဲများတွင် အခြေခံအားဖြင့် ကတ်ဝေသူကိုယ်စားလှယ် မရှိပေ။

အောင်နိုင်သူမှာ ကတ်ဝေသူ ကိုယ်စားလှယ် ဒိုင်ဖြစ်ပေးသည်။

" ကျွန်တော်တို့ ဘယ်လိုကစားမှာလဲ "

ယဲ့ဖန်သည် ထိုင်လိုက်ပြီးနောက် လူတိုင်းကို ချက်ချင်း မေးလိုက်သည်။

ထိုအခါ လူတစ်ယောက်မှ စည်းကမ်းချက်များကို ချက်ချင်း မိတ်ဆက်ပေးလာသည်။

" အနည်းဆုံး လောင်းကြေးက ယွမ်၁၀၀ပဲ။ လောင်းကြေးတစ်ခုစီက ယွမ်၁၀၀ထက် မနည်းရဘူး "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

ယွမ် ၁၀၀တန် တိုကင်ပြားကို ချက်ချင်း ယူပြီး စားပွဲပေါ်သို့ ပစ်ချလိုက်သည်။

" လောင်းကြေးတင်မယ် "

တခြားသူများကလည်း သူတို့၏ လောင်းကြေးကို ချကြသည်။

ဤတစ်ကြိမ်သည် ထိုလူလတ်ပိုင်းအရွယ်မှ ကတ်မွှေရန် အလှည့်ဖြစ်သည်။

သို့သော် သူသည် ပြုံးပြီး ဖဲချပ်များကို ချန်းဖေးအယ်ရှေ့သို့ တွန်းလိုက်သည်။

" ဒီလှပတဲ့ မိန်းကလေးက ကိုယ့်အစား ကတ်တွေကို လူတိုင်းအတွက် မွှေပေးဖို့ ကူညီပေးစေချင်တယ်။ မင်းက အရမ်းလှတော့ မင်းက ကိုယ့်ကို ကံကောင်းစေမှာ သေချာတယ် "

သူ၏ မြှောက်ပင့်ပြောဆိုမှုသည် ချန်းဖေးအယ်ကို ရွံရှာစေခဲ့သည်။

အလှတရားနဲ့ ကံကောင်းတာကြားမှာ ဆက်စပ်မှု ရှိလို့လား။

အလှတရားက ကံကောင်းခြင်းတွေ ယူဆောင်လာပေးလို့လား။

အရင်တုန်းက မိန်းကလေးတွေက ဒုက္ခရောက်စေတယ်လို့ ပြောတာ မဟုတ်ဘူးလား။

သူမသည် ချက်ချင်း ငြင်းလိုက်ချင်သည်။

သို့သော် ယဲ့ဖန်မှ ဖဲချပ်များကို သူမရှေ့ တွန်းချလိုက်တယ်။

" ဒါဆို ကိုယ်တို့ကို ကူညီပါဦး "

သူသည် စကားပြောရင်း သူမအား မျက်စိမှိတ်ပြရန်လည်း မမေ့ချေ။

ချန်းဖေးအယ်သည် ကတ်များကို ယူလိုက်ပြီး လူတိုင်းအတွက် ကတ်များကို စတင်ဝေပေးခဲ့သည်။

ယဲ့ဖန်သည် မသတီစရာကောင်းသော သက်လတ်ပိုင်း အမျိုးသား၏ ဘေးတွင် ထိုင်နေပြီး ပထမဆုံးကတ်ကို ရခဲ့ပြီး တစ်လှည့်စီ ကတ်ရကြသည်။

လက်ရှိ စားပွဲတွင် လူရှစ်ယောက်ထိုင်နေပြီး တစ်ယောက်စီ၌ ကတ်သုံးကတ်စီ ရှိကြသည်။

ယဲ့ဖန်သည် သူ့ကတ်များကို မကြည့်ပေ။

သူသည် ယွမ် ၅၀၀တန် တိုကင်ပြားများကို လောင်းကြေးအဖြစ် တန်း၍ ပစ်ချခဲ့သည်။

" အရင်ဆုံး ယွမ် ၅၀၀နဲ့ စလိုက်ရအောင် "

ယဲ့ဖန်ပြီးလျှင် လောင်းကြေးတင်ရမည့်သူမှာ မျက်နှာမကောင်းတော့ချေ။

စည်းမျဉ်းများအရ အရှေ့လူသည် ကတ်ကိုမကြည့်ဘဲ လောင်းကြေးတင်ပါက နောက်လူသည် ကတ်ကိုကြည့်မိလျှင် လောင်းကြေးကို ၂ဆလိုက်ရမည် ဖြစ်သည်။

ထိုလူသည် ခဏ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ကတ်များကို မကြည့်ဖို့သာ ရွေးချယ်လိုက်ပြီး လောင်းကြေး၅၀၀ဖြင့်သာ ဆက်လိုက်ခဲ့သည်။

အခြားလောင်းကစားသမားအချို့မှာ ကတ်ကြည့်ရန် ရွေးချယ်ကြပြီး အချို့ကတော့ မကြည့်ပေ။

သူတို့နှစ်ယောက်သည် ကတ်များကို ကြည့်ပြီးနောက် ကတ်ကို လွှင့်ပစ်လိုက်ကြသည်။

နောက်ဆုံးတွင် မသတီစရာကောင်းသော လူလတ်ပိုင်း၏ အလှည့်ဖြစ်သည်။

သူသည် ချန်းဖေးအယ်ကိုသာ တိတ်တဆိတ် ကြည့်နေခဲ့သည်။

အကြိမ်အနည်းငယ် သတိပေးခံရပြီးနောက်မှ နောက်ဆုံးတွင် သူသည် အာရုံပြန်ရလာသည်။

" ယွမ် ၁၀၀၀ "

သူသည် ယွမ် ၁၀၀၀တန် တိုကင်ပြားများကို ပစ်ချပြီး ချန်ဖေးအယ်ကို မှိတ်ပြပြီး သူမရှေ့၌ ယဲ့ဖန်ထက် ပိုသာအောင် လုပ်ပြချင်နေသည်။

ယဲ့ဖန်သည် ချီတုံချတုံဖြစ်ချင် ဟန်ဆောင်လိုက်သည်။

သူ့လက်ကို ကတ်ပေါ်တင်လိုက်ပြီး ဖယ်ထုတ်လိုက်ပြီး ပြန်တင်လိုက်ကာ ကတ်အား ကြည့်ရမည်လား၊ မကြည့်ရမည်လားဖြစ်ကာ ဝေခွဲမရသည့်ပုံစံပေါ်နေသည်။

မသတီစရာကောင်းသော သက်လတ်ပိုင်း အမျိုးသားမှ စိတ်မရှည်စွာ တိုက်တွန်းလိုက်သည်။

" မင်းက ယောက်ျားရော ဟုတ်ရဲ့လား။ လိုက်မှာလား၊ မလိုက်ဘူးလား။ ဒီထက်ပိုပြီး မရဲတင်းနိုင်ဘူးလား "

ယဲ့ဖန် အံကြိတ်လိုက်သည်။

နောက်ဆုံး၌ သူ့စိတ်ဆုံးဖြတ်လိုက်ပုံရသည်။

သူသည် နောက်ထပ် ယွမ် ၁၀၀၀ဖိုး တိုကင်ပြားများကို ပစ်လိုက်သည်။

" လောင်းကြေးလိုက်မယ် "

နောက်တစ်လှည့်၌ ထိုင်နေသည့် လောင်းကစားသမားသည် ခဏတာ တုံ့ဆိုင်းသွားပြီး နောက်ဆုံး၌ ကတ်ကို လှန်ကြည့်လိုက်တော့သည်။

ထိုအခါ သူ၏ အမူအရာမှာ ပို၍ပင် ရှုပ်ထွေးသွားသည်။

ယဲ့ဖန်သည် ကြည့်စရာပင် မလိုပဲ ထိုလူ၏ကတ်များမှာ 5, 5, 4 ဖြင့် နံပါတ်သေးဖြစ်ကြောင်း သိထားသည်။

ထိုလူသည် ကတ်များကို မကြည့်လိုက်ပါက ကောင်းနိုင်ချေရှိသေးသည်။

သို့သော် ယခုအခါ ကတ်များကို မြင်ပြီးနောက် ဆုံးဖြတ်ချက်ချရန် အနည်းငယ်ခက်နေသည်။

မည်သို့ပင်ဖြစ်စေ သူသည် ကတ်များကို ကြည့်လိုက်ပြီးဖြစ်၍ လောင်းကြေးထည့်ချင်ပါက ယွမ် ၂၀၀၀ထက်ပိုပြီး လောင်းရမှာ ဖြစ်သည်။

သူက ယဲ့ဖန်နှင့် လူလတ်ပိုင်းအမျိုးသားကို ကြည့်ပြီး နောက်ဆုံး၌ သူ့ကတ်များကို လွှင့်ပစ်လိုက်သည်။

ယဲ့ဖန်တို့ နှစ်ယောက် ပြိုင်ဆိုင်နေကြသည်ကို သူပြောနိုင်သည်။

ကတ်အတွဲအသေးဖြင့် သူတို့နှင့်အတူ တိုက်ရသည်မှာ သူ့အတွက် မတန်ချေ။

တခြားသူများကလည်း သူတို့၏ ကတ်များကို ကြည့်ရန် ရွေးချယ်လိုက်ပြီးနောက် လွှင့်ပစ်လိုက်ကြသည်။

ထိုအချိန်တွင် ယဲ့ဖန်နှင့် မသတီစရာကောင်သော သက်လတ်ပိုင်းလူတို့သာ ကစားပွဲတွင် ကျန်ရစ်ခဲ့ကြသည်။

"၂၀၀၀ "

ထိုလူက သူ့ကတ်များကို မကြည့်ချေ။

သူသည် ယွမ်၂၀၀၀ဖိုး တိုကင်ပြားများကို ထုတ်ပြီးနောက် ယဲ့ဖန်ကို စိန်ခေါ်လျက် ကြည့်သည်။

ထိုလူလတ်ပိုင်းအရွယ်သည် ယဲ့ဖန်မှာ သူနှင့် ဆက်၍ မလောင်းရဲတော့ဘူးဟု ခန့်မှန်းထားသည်။

သူသည် ယဲ့ဖန်ကို ယွမ်၂၀၀၀ဖြင့် နှင်ထုတ်ချင်နေသည်။

သို့သော် သူ အံ့သြသွားရသည်မှာ သူသည် ယွမ် ၂၀၀၀ကို ချလိုက်သည်နှင့် ယဲ့ဖန်သည်လည်း ယွမ် ၂၀၀၀ကို လိုက်ချပြီး ဘာမှ မပြောဘဲ သူ့ကို ကြည့်နေသည်။

အပိုင်း ( ၈၈၇ )

မှန်ကန်သော လှည့်စားနည်း

ယဲ့ဖန်၏ ငြိမ်သက်မှုသည် လူလတ်ပိုင်းကို ထိတ်လန့်စေခဲ့သည်။

ထိုလူသည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ့ကတ်များကို ကြည့်ရန် ရွေးချယ်လိုက်သည်။

သူ၏ ကတ်များကို ကြည့်ပုံမှာ အနည်းငယ်ထူးခြားသည်။

သူသည် ကတ်များကို တစ်ချက်ချင်း လှန်လိုက်သည်။

ကိန်းကြီးခမ်းကြီးနိုင်သည့်အပြင် အချိန်ဖြုန်ခြင်းတစ်ခုဟုလည်း ဆိုနိုင်သည်။

သို့သော် ယဲ့ဖန်မှ သူ့ကို အလျင်စလို မလုပ်ခဲ့ချေ။

တိတ်တိတ်လေးသာ စောင့်နေခဲ့သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် ကတ်သုံးကတ်ကို မြင်ပြီးနောက်တွင် ကတ်များကို တိတ်တဆိတ် ပြန်မှောက်ကာ တိုကင်ပြားများကို ယွမ်၄၀၀၀ဖိုး ပစ်လိုက်သည်။

" လိုက်မယ် "

" ဝိုး ....… "

စားပွဲရှိ အခြားလောင်းကစားသမားများမှာ အံ့အားသင့်စွာ အော်ကြသည်။

ကတ်တွေကို ကြည့်ပြီးတာတောင် သူက ကြေးဆက်ခေါ်ရဲသေးတယ်။

ပြီးတော့ ယွမ် ၄၀၀၀ဖိုးထိ လိုက်ရဲတာဆိုတော့ သူ့လက်ထဲက ကတ်တွေက မဆိုးဘူးလို့ ထင်တယ်။

အခြားသူတစ်ယောက်သာ ဤအခြေအနေမျိုး ကြုံလာပါက ကတ်ကို ဖွင့်ကြည့်ကြမှာဖြစ်သည်။

သို့သော် ယဲ့ဖန်မှာတော့ သူ့လက်ထဲရှိ ကတ်များကို ထိပင်မထိသေးချေ။

သူသည် တိတ်ဆိတ်နေလျက် နောက်ထပ် ယွမ်၂၀၀၀ဖိုးကို ပစ်လိုက်သည်။

သူ့လုပ်ရပ်သည် လူတိုင်းကို ပိုလို့ပင် အံ့သြသွားစေသည်။

တစ်ဖက်သူသည် ကတ်ကို မြင်ထားပြီး လောင်းကြေး ၄၀၀၀ ထည့်ထားသည်။

ထိုအချက်မှ ထိုလူ၏ လက်ထဲ၌ ကတ်အကြီးရှိနေသည်မှာ ရှင်းလင်းနေသည်။

ဒီကောင်လေးက ဘာလို့ သူ့ကတ်တွေကို မကြည့်တာလဲ။

ဒါက အရမ်းအန္တရာယ်များတာ မဟုတ်ဘူးလား။

လူလတ်ပိုင်းအရွယ်သည် သူ ကတ်ကြည့်ပြီး လောင်းကြေး ၄၀၀၀ထိ တက်လိုက်လျှင် တစ်ဖက်သူမှာ ကြောက်နေလိမ့်မာ်ဟု တွေးခဲ့သည်။

ထိုကောင်လေးမှ ဆက်ပြီး လောင်းရဲမည့် သတ္တိရှိမည်ဟု သူ မမျှော်လင့်ထားချေ။

" မင်းရဲ့ ကတ်တွေကို မကြည့်သေးဘူးလား။ ဒါဆိုလည်း ဘယ်သူက အရင် မခံနိုင်မလဲဆိုတာ ကြည့်ရအောင် "

ထိုလူမှ လှောင်ပြောင်ပြောဆိုပြီး လောင်းကြေးကို ၈၀၀၀ထိ တိုးလိုက်သည်။

ယဲ့ဖန်သည် ဆက်၍ ပျင်းစရာကောင်းစွာ ဆော့မည်ဆိုလျှင် ၄၀၀၀ ထပ်ပေးရမည် ဖြစ်သည်။

စားပွဲရှိ အခြားလောင်းကစားသမားများမှာ ဂနာမငြိမ် ဖြစ်လာတော့သည်။

ဒီပွဲက နည်းနည်းကြီးတာပဲ။

တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတယ်။

အခြားလောင်းကစားသမားများမှာ ယဲ့ဖန်တို့ စားပွဲမှ ကစားပွဲအရှိန်ကြောင့် ဆွဲဆောင်ခံရပြီး ရလဒ်နှင့် ပတ်သက်၍ အားလုံးက သိချင်နေကြသည်။

ယဲ့ဖန်သည် ထိုလူလတ်ပိုင်းကို စိုက်ကြည့်နေသည်။

သူ့မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာသည်။

" ခင်ဗျား ဘယ်လောက်ထိ လောင်းကြေးတိုးတိုး၊ အဆုံးထိ လိုက်ပေးမယ် "

ယဲ့ဖန်သည် သူ့ကတ်များကို မကြည့်ဘဲ ၄၀၀၀ဖိုး ထပ်ပြီး လောင်းကြေးထုတ်လိုက်သည်။

ထိုတစ်ကြိမ်တွင် မသတီစရာကောင်းသော လူလတ်ပိုင်း၏ အမူအရာမှာ နောက်ဆုံးတွင် ပြောင်းလဲသွားသည်။

ဒီကောင်က အရူးပဲ။

သူ့ကတ်တွေကိုတောင် မကြည့်ဘဲ ဆက်လိုက်ဖို့ သတ္တိရှိတယလား။

သူသည် ဆက်ပြီး အချိန်ဖြုန်းသင့်လားဆိုသည်ကို တွေးကာ တုံ့ဆိုင်းနေသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် ချန်းဖေးအယ်ဘက်သို့ ရုတ်တရက် လှည့်ပြီး ညွှန်ကြားလိုက်သည်။

" နောက်ထပ် ယွမ်၁သိန်းဖိုး တိုကင်ပြားတွေ သွားလဲလိုက်။ ဒီနေ့ ကိုယ် အဆုံးထိ သူ့ကို တိုက်မယ် "

ချန်းဖေးအယ်သည် နာခံစွာ ခေါင်းညိတ်လိုက်ပြီး ထရန်ပြင်သည်။

" ခဏနေဦး ...... ငါ ကတ်ဖွင့်မယ် "

ထိုသက်လတ်ပိုင်းအမျိုးသားသည် နောက်ဆုံးတွင် မခံနိုင်တော့ချေ။

သူ့လက်ထဲရှိ ကတ်မှာလည်း ကတ်အကြီးစား မဟုတ်ချေ။

ထိုသို့ အချိန်ဖြုန်းနေရန် မထိုက်တန်ချေ။

သူသည် ချက်ချင်းပင် တိုကင်ပြား ၈၀၀၀ဖိုးကို တွန်းထုတ်လိုက်ပြီး ကတ်များကို ဖြည်းညှင်းစွာ လှန်လိုက်သည်။

" ငါ့မှာ J တစ်စုံရှိတယ်။ မင်းမှာ ဘာကတ်တွေရှိလဲ "

လူတိုင်းသည် ထိုလူ၏ ကတ်များကို တွေ့ပြီးနောက် ချက်ချင်း ထအော်ကြသည်။

" သူ လောင်းကြေးလိုက်ရတာ မဆန်းတော့ပါဘူး။ သူ့လက်ထဲမှာ J တစ်စုံ ရှိနေတာပဲ "

" ဒီလောက်ကောင်းတဲ့ ကတ်ကို ဘာလို့ ဖွင့်တာလဲ။ သူ ဆက်ပြီး လိုက်သင့်တယ်။ တစ်ဖက်လူက ကတ်ကိုတောင် မကြည့်ရသေးဘူး။ ဘာကို ကြောက်နေတာလဲ "

" အဓိကက ဒီကလေးက အရမ်းရက်စက်လွန်းတယ်။ သူက ကတ်တွေကိုတောင် မကြည့်ဘဲ ယွမ်၄၀၀၀ လောင်းရဲတဲ့ သတ္တိရှိတယ်လေ။ အဲ့တာကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ "

" ဒီလူကြီးလူကောင်းက သူ့ကို အလွှတ်ပေးလိုက်တာလို့ ပြောလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ငါသာဆိုရင် ကတ်ကို မဖွင့်ဘူး "

" ဒီကောင်လေး ကံကောင်းသွားတယ်လို့ ပြောရမှာ ........ "

ထိုလူလတ်ပိုင်းအတွက် လူတိုင်းမှ ချီးကျူးနေကြချိန်တွင် ယဲ့ဖန်မှ သူ့ကတ်မျာစကို ဖြည်းညှင်းစွာ လှန်လိုက်သည်။

A, A, 4

" ဟား ....... "

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် အေးစက်သောလေထုကို ရှုရှိုက်လိုက်မိကြပြီး ပို၍ပင် ပြင်းထန်သော ဆွေးနွေးမှုတစ်ခု ထွက်ပေါ်လာသည်။

" လခွမ်း၊ သူက တကယ်ကြီး A တစ်စုံ ရသွားတာလား။ သူ့ကံက ကောင်းလွန်းတာပဲ မဟုတ်လား "

" ကံကောင်းလို့ ဒီအစ်ကိုကြီးက ဆက်မလိုက်ခဲ့တာ။ မဟုတ်ရင် သူ အကြီးအကျယ် ရှုံးသွားမှာ "

" အခုတောင် သူက ယွမ် ၂သောင်းကျော် ရှုံးနေပြီ။ ကံကောင်းလို့ ကတ်ဖွင့်ဖို့ ရွေးချယ်လိုက်တာ။ မဟုတ်ရင် သူ ဒီထက်ပိုပြီး ရှုံးသွားလိမ့်မယ် "

" ဒီလူငယ်က တကယ့်ကို ရဲပြီး ကံကောင်းတာပုု "

ယဲ့ဖန်၏ ကောင်းမွန်လှသော ကံကြမ္မာကို လူတိုင်းမှ အံ့ဩသွားကြသည်။

သူ၏ ကတ်များသည် အထူးတလည် ကြီးမားသည် မဟုတ်သော်လည်း A တစ်စုံဖြင့် ပြိုင်ဘက်၏ J တစ်စုံကို ထိန်းနိုင်ခဲ့သည်။

သူသည် ယွမ် ၂သောင်းကျော်ကို အနိုင်ရခဲ့ပြီး လူများစွာမှ မနာလိုဖြစ်ခဲ့ကြသည်။

မသတီစရာကောင်းသော လူလတ်ပိုင်းအရွယ်လူသည် သူ့ကတ်များကို မယုံကြည်နိုင်စွာ ကြည့်နေသည်။

" ကောင်လေး၊ မင်း ....... "

သူ တကယ် ပြောချင်နေသည်မှာ "မင်းညစ်ဆော့နေတာလား"ဟူ၍ ဖြစ်သည်။

သို့သော် ထိုစကားကို ပေါ့တန်စွာ မပြောနိုင်ပေ။

အကယ်၍ တစ်ယောက်ယောက်အား သက်သေမရှိဘဲ လိမ်ကစားသည်ဟု ပြောပါက ကာစီနို၏ စည်းမျဉ်းများကို ချိုးဖောက်ရာကျမည် ဖြစ်သည်။

အဲ့တာဆို သူများတွေက ရှုံးတဲ့အခါတိုင်း တစ်ဖက်က ညစ်ဆော့တယ်လို့ပြောရင် ဇယားတွေရှုပ်ကုန်မှာ မဟုတ်လား။

သို့သော် ထိုအချက်ကို သူ တကယ်ပင် လက်မခံနိုင်ချေ။

A အစုံလိုက်ကို ကတ်တောင်မကြည့်ဘဲ ရနိုင်တာလား။

ဒီဖြစ်နိုင်ခြေက အရမ်းသေးလွန်းတယ်၊ ဟုတ်တယ်မလား။

ဒါပေမဲ့ ဒီကောင်လေးက Aအစုံနဲ့ သူ့ဆီ ရောက်လာတယ်လို့။

ဒါက ဒေါသထွက်စရာ ကောင်းလွန်းတယ်။

ယဲ့ဖန်ဘေး၌ ထိုင်နေသည့် ချန်းဖေးအယ်သည် ယဲ့ဖန်၏ အောင်ပွဲကို မြင်လိုက်ရသည်။

သူမ၏ လှပသော မျက်နှာပေါ်တွင် ရှားပါးလှသော အပြုံးတစ်ခု ပေါ်လာသည်။

ယဲ့ဖန်တို့ ကစားဝိုင်းသို့ လာကြည့်သူတိုင်းသည် ထိုအပြုံးကို ကြည့်ပြီး ပြုံးမိကြသည်။

ဒါက အရမ်းလှတာပဲ။

မသတီစရာကောင်းသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူ့ရင်ထဲရှိ အမုန်းတရားမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။

အကြောင်းမှာ သူ ပိုက်ဆံ ဆုံးရှုံးသွားရ၍ မဟုတ်ဘဲ ထိုအလှလေးကို ဆုံးရှုံးလိုက်ရသောကြောင့် ဖြစ်သည်။

နောက်အချီတွင် ထိုကလေးကို အဆုံးထိ တိုက်မည်ဟု စိတ်ထဲ၌ ကတိပေးခဲ့သည်။

ယဲ့ဖန်သည် တိုကင် ၂သောင်းဖိုးကို တိတ်ဆိတ်စွာ ပြန်ယူလိုက်သည်။

ထိုရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်သကဲ့သို့ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုတစ်စုံတစ်ရာ မပြခဲ့ပေ။

အမှန်တွင် သူသည် ချန်းဖေးအယ်မှ ကတ်ဝေရာ၌ လှည့်စားပြီးသားဖြစ်သည်။

သူ၏ လှုပ်ရှားမှုမှာ အလွန်မြန်ဆန်လှကြောင့် စွမ်းအားမြင့် ကင်မရာများပင် ဖမ်းလို့ မရနိုင်ပေ။

သို့ဖြစ်၍ ထိုကဲ့သို့ သာမန်လောင်းကစားသမားများအတွက် သူ၏လှည့်စားချက်ကို ရှာဖွေတွေ့ရှိရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

လောင်းကစားသမားများသည် အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြပြီး နောက်တစ်ပွဲအတွက် ပြင်ဆင်ရန် သူတို့၏ စိတ်များကို စတင်အာရုံစုစည်းခဲ့ကြသည်။

ဤအချီတွင် ယဲ့ဖန်မှ ကတ်မွှေရမည့်အလှည့်ဖြစ်သည်။

ကတ်များကို မွှေပြီးသောအခါ လူတစ်ဦးစီအား ၃ ကတ် ပေးသည်။

အချို့သော လောင်းကစားသမားများသည် သူတို့၏ ကတ်များကို ဖုံးကွယ်ထားရန် ရွေးချယ်ခဲ့ကြပြီး အချို့မှာတော့ ကတ်များကို ကြည့်ရန် ရွေးချယ်ခဲ့ကြသည်။

သက်လတ်ပိုင်းလူအလှည့်ရောက်သောအခါ သူသည် သူ၏ ကတ်များကို မကြည့်ချေ။

သူသည် တိုကင်ပြား ၂၀၀၀ဖိုးကို ထုတ်ပြီး ယဲ့ဖန်ကို စိန်ခေါ်လျက် ကြည့်လိုက်သည်။

" မင်း ဆက်လောင်းရဲတဲ့ သတ္တိရှိသေးလား "

ယဲ့ဖန်သည် သူ့စကားကြောင့် မထိခိုက်ချေ။

သူ့ကတ်များကို ကြည့်ရန် ရွေးချယ်ပြီး ကတ်များကို ပြန်ချလိုက်သည်။

ယဲ့ဖန်သည် လှည့်စားချင်ရင်ပင် စည်းချက်ကို ထိန်းရမည်ဖြစ်သည်။

အထူးသဖြင့် သူသည် ဒိုင်လုပ်နေချိန် ကစားဝိုင်းတိုင်းကို အနိုင်ယူပါက မဖြစ်ချေ။

အခြားသူများ၏ သံသယစိတ်ကို နှိုးဆွပေးရာ ရောက်သွားမည်။

အချီကြီးနိုင်ပြီး အသေးစား အရှုံးပေးခြင်းမှာ မှန်ကန်သော လှည့်စားခြင်းနည်းလမ်းဖြစ်သည်။

" ဟားဟား၊ မင်းမှာရှိတာ ဒါအကုန်ပဲလား "

ထိုသက်လတ်ပိုင်း အမျိုးသားသည် ချည်ကို ထိုးနှက်နေသလို ဖြစ်နေသည်။

ယဲ့ဖန်အပေါ် သက်ရောက်ခြင်း တစ်စက်ကလေးမှ ရှိမနေပေ။

သူသည်သာ စိတ်ထဲတွင် အလွန်အမင်း စိတ်ဓာတ်ကျနေပြီး ဖုံးကွယ်ရန် လှောင်ပြောင်နေရသည်။

ယဲ့ဖန်သည် သူ့ကို လုံးဝ စိတ်ထဲမထားပေ။

ထိုအစား သူသည် ချန်းဖေးအယ်အား တစ်စုံတစ်ခုကို တိုးတီးပြောလိုက်ပြီး ထိုအကြောင်းအရာမှာ လှပသော ချန်းဖေးအယ်ကို တုန်လှုပ်သွားစေသည်။

မသတီစရာကောင်းသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ဒေါသတကြီး ဖြစ်နေသည်။

သူသည် သူရဲဘောကြောင်သူအဖြစ် ဆက်ဖြစ်နေနိုင်မည်ဟု သူ မယုံကြည်ပေ။

အပိုင်း ( ၈၈၈ )

ဒါကြီးက မဖြစ်သင့်ဘူး မဟုတ်လား။

ယဲ့ဖန်၏ ပါဝင်ခြင်းမရှိဘဲ ထိုလူလတ်ပိုင်းအမျိုးသားသည် နောက်ကစားပွဲတွင် အလွယ်တကူ အနိုင်ရရှိသွားခဲ့သည်။

ယခုတစ်ကြိမ်သည် သူ ကတ်ဝေရမည့်အလှည့် ဖြစ်သည်။

သူသည် ချန်းဖေးအယ်ကို ရွံစရာကောင်းသော အပြုံးဖြင့် တစ်ချက်ကြည့်လိုက်ပြန်သည်။

" အလှလေး၊ ဒီတစ်ခါလည်း မင်းရဲ့ အကူအညီ လိုအပ်နေသေးတယ်။ မင်းရဲ့လက်သေးသေးလေးက အစ်ကိုကြီးကို ကံကောင်းစေမယ်လို့ ယုံကြည်တယ်။ ဒီအစ်ကိုကြီးက ပိုက်ဆံတွေ အနိုင်ရတဲ့အခါ မင်းကို အနီရောင်အထုပ်ကြီးကြီးတစ်ထုပ် ပေးမယ် "

ချန်းဖေးအယ်သည် သူ့ကို ရွံရှာစွာ ကြည့်နေခဲ့သော်လည်း နောက်ဆုံးတွင် သူမ မငြင်းဆန်ခဲ့ပေ။

သူမသည် ကတ်များနှင့် အတော်အတန်ဝေးကွာနေသောကြောင့် ကတ်ထုတ်ဆီသို့ ရောက်ရန် မတ်တပ်ထရပ်လိုက်ရသည်။

ထို့ကြောင့် ယဲ့ဖန်မှ သူမကို လှမ်းယူပေးရန် လက်လှမ်းလိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် သက်လတ်ပိုင်းလူသည် သူတို့ကို ရုတ်တရက် တားလိုက်သည်။

" မင်း ကတ်တွေကို မထိရဘူး "

ယဲ့ဖန်၏ ယခင်အနိုင်ရမှုသည် ထူးဆန်းလွန်းလှသည်။

သူ့တွင် မည်သည့်အထောက်အထားမျှ မရှိသော်လည်း ထိုကောင်လေးမှာ လိမ်နေသည်ဟု သူ သံသယရှိနေသည်။

ထို့ကြောင့် မဝေမီ ကတ်တွေကို ကိုင်ခွင့်မပေးနိုင်ချေ။

" ကောင်းပြီ မထိဘူး "

ယဲ့ဖန်သည် သူ့လက်ကို ချက်ချင်းပြန်ရုတ်လိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ လှောင်ရယ်နေခဲ့သည်။

လိမ်ကစားတာက ကတ်တွေနဲ့တင် ရတယ်ထင်နေတာလား။

ကလေးဆန်လိုက်တာ။

ဤတစ်ကြိမ်သည် ယဲ့ဖန် ပထမဆုံး လောင်းရခြင်း ဖြစ်သည်။

ချန်းဖေးအယ်သည် ကတ်များကို ပေးဝေပြီးနောက် ယဲ့ဖန်သည် ကတ်များကို မကြည့်ဘဲ တိုကင်ပြား ၂ထောင်ဖိုးကို ပစ်ချလိုက်သည်။

သူ့အနောက်၌ ထိုင်နေသည့် လောင်းကစားသမားများသည် သူ့ကို စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသည်။

ဒီနှစ်ယောက်ရဲ့ အနောက်မှာ ထိုင်ရတာ တကယ် ကံမကောင်းဘူးဘဲ။

ထိုလူသည် မကျေမနပ်ဖြင့် သူ့ကတ်ပြားများကို ဖွင့်ကြည့်လိုက်သည်။

6, 6, K

နောက်ထပ် အတွဲသေးဖြစ်သည်။

လောင်းကြေးသည် ၁၀၀၊ ၂၀၀လောက်သာဖြစ်ပါက သူသည် နောက်ထပ် အကြိမ်အနည်းငယ် ကြေးလိုက်နိုင်မည်ဖြစ်သည်။

သို့သော် ယခုအခါ လောင်းကြေးလိုက်ချင်ပါက ကတ်ကို ဖွင့်ကြည့်လိုက်ပြီးဖြစ်၍ ယဲ့ဖန်ခေါ်သော ကြေး၏ နှစ်ဆဖြစ်သော ယွမ်၄၀၀၀ကို လောင်းကြေးတင်ရမည် ဖြစ်သည်။

သူ ထိုမျှ မတတ်နိုင်ပေ။

" လက်ရှောင်မယ် "

ဒေါသတကြီးဖြင့် ကတ်များကို ပစ်ချကာ ထွက်သွားရန် ထလိုက်သည်။

ထိုနှစ်ယောက်နှင့် ဆက်မကစားချင်တော့ပေ။

သို့သော် သူသည် သေချာပေါက် ချက်ချင်း ထွက်သွားခြင်းမျိုး မရှိပေ။

အဆုံး၌ သူတို့နှစ်ယောက်မှ မည်မျှကောင်းသော ကတ်များဖြင့် ကစားမည်ကို သး မြင်ချင်လေသည်။

တခြားသူများ၎ လက်ထဲ၌လည်း ကတ်အကြီး မရှိကြပေ။

သူတို့အားလုံးသည်လည်း မတတ်နိုင်ဘဲ လက်ရှောင်ကာ ကတ်များကို ပစ်လိုက်ကြသည်။

ယဲ့ဖန်နှင့် ထိုသက်လတ်ပိုင်းလူတို့သာ ကစားဝိုင်းထဲတွင် ကျန်နေခဲ့ငြသည်။

လူလတ်ပိုင်းအရွယ် ယောက်ျားမှ သူ့ကိုကြည့်ကာ ပြုံးပြသည်။

" ၂၀၀၀။ ကြေးလိုက်မယ် "

သူသည် စကားပြောရင်းဖြင့် ယွမ်၂၀၀၀တန် တိုကင်ပြားများကို ထုတ်လိုက်သည်။

" ၄၀၀၀ "

ယဲ့ဖန်သည် စကားအများကြီး မပြောချေ။

ထိုအစား သူသည် နောက်ထပ် တိုကင်ပြား ၄၀၀၀ဖိုးကို လောင်းကြေးတင်လိုက်ပြန်သည်။

" ၄၀၀၀ ငါ လောင်းကြေးလိုက်တယ် "

လူလတ်ပိုင်းအရွယ်သည် သူနှင့် ရန်ဖြစ်ချင်နေပုံရပြီး အလျှော့လုံးဝမပေးချေ။

" ၈၀၀၀ "

ယဲ့ဖန်သည်လည်း တွန့်ဆုတ်မနေချေ။

သူသည် သူ့ကတ်များကို ဆက်ကိုင်ထားဆဲ ဖြစ်သည်။

" ဟား ..…... "

လူတိုင်း အသက်ပြင်းပြင်း ရှူမိသွားကြသည်။

" ဒီကောင် ရူးနေတာလား။ ကတ်တွေကိုတောင် မကြည့်ဘဲ ၈၀၀ဝထိ လောင်းကြေးတင်ရဲတယ် "

" သူက ပြီးခဲ့တဲ့ တစ်ခေါက်က အနိုင်ရတဲ့ အချိုအရသာကို မြည်းစမ်းကြည့်ပြီး ထပ်ရချင်နေတာ ဖြစ်မယ်ထင်တယ် "

" သူ အိပ်မက်မက်နေတာလား။ ဒီလို ကံကောင်းမှုမျိုးက အချိန်တိုင်း ဖြစ်လာနိုင်မှာ မဟုတ်ဘူးမလား "

" သူ့ကစားနည်းတွေအရ သူ့ရဲ့ ကြိုးစားမှုတွေက အချိန်အနည်းငယ်အတွင်းမှာပဲ အရာအားလုံးဆုံးရှုံးသွားလိမ့်မယ် "

" ဘာတွေ လာဖြုန်းတီးနေတာလဲ…”

တက်ကြွသော လူအုပ်ကြီးမှ သူ့ကို စတင် လှောင်ပြောင်လာသည်။

ယဲ့ဖန်၏ ကစားပုံနည်းလမ်းသည် အန္တရာယ်များလွန်းသည်။

ချန်းဖေးအယ်ပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ဒီကောင်လေးက သူ့ကတ်တွေကိုတောင် လုံးဝ မကြည့်ဘဲ လောင်းကြေးဆက်လိုက်ရဲတာလား။

ဒါက နည်းနည်း လွန်နေပြီ မဟုတ်လား။

ယဲ့ဖန်၏ မျက်နှာကို အကဲခတ်ကြည့်နေလျက် ထိုလူလတ်ပိုင်း၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။

" မင်း ငါ့ကို ကြောက်အောင်လုပ်ဖို့ ကြိုးစားနေတာလား။ ကောင်းပြီလေ၊ ငါ မင်းကို အဆုံးထိ လိုက်ပို့ပေးမယ်။ ကြောက်ပြီး ဆုတ်သွားတဲ့သူက ငါ့မြေးပဲ "

ထိုသို့ပြောပြီးနောက် ယွမ် ၈၀၀၀ကို လောင်းကြေး ထည့်ခဲ့သည်။

အနီးနားရှိ လူအုပ်ကြီးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားလာကြသည်။

ဒီနှစ်ယောက်က အရမ်းကို အရှိန်တက်နေပြီပဲ။

ဒီလို သူတို့ကို ကြည့်ရတာ စိတ်လှုပ်ရှားစရာပဲ။

" ၁၆၀၀၀ "

ယဲ့ဖန်သည် တခြားဘာမှ မပြောချေ။

သူသည် တိုကင်ပြား ၁၆၀၀၀ဖိုးကို ထုတ်တင်ပစ်လိုက်သည်။

သူ့ရှေ့တွင် ရှိသောတိုကင်ပြားများမှာ ယွမ် ၂၀၀၀၀ အောက်သာ ကျန်တော့သည်။

" အရူး၊ အရူး၊ ဒီကောင်က တကယ်ရူးတာပဲ "

" ၁၆၀၀၀လား။ ဒါက အန္တရာယ်များလွန်းတယ်၊ မဟုတ်လား "

" လူငယ်တွေက အရမ်းစိတ်မြန်လက်မြန် လုပ်လွန်းတယ်။ သူများတွေက နည်းနည်းစလိုက်တာနဲ့ အထိမခံနိုင်ကြဘူး "

" ဒီတစ်ခါ ရှုံးရင် အကြီးအကျယ်ရှုံးမှာ ...... "

သူ့လုပ်ရပ်ကြောင့် လူတိုင်း အံ့ဩသွားကြသည်။

ဒီလိုမျိုးဆို သူ ဘယ်လိုလုပ် ဆက်ကစားနိုင်မှာလဲ။

ငွေကို ငွေအဖြစ် တကယ်ကြီး မသတ်မှတ်ဘူးလား။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ တည်ငြိမ်မှုကို မထိန်းနိုင်တော့ပေ။

သူက ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" မင်း တကယ်ကြီး ဒီလို ကစားမှာလား "

ယဲ့ဖန် ပြုံးလိုက်သည်။

" ကျွန်တော် ဆော့ဖို့ ထွက်လာတာ အပျော်သက်သက်ပဲ မဟုတ်လား။ အခု ၁၆၀၀၀၊ နောက်တစ်ခေါက် ၃၂၀၀၀၊ နောက်တစ်ခေါက် ၆၄၀၀၀ပေါ့။ ကျွန်တော်တို့ ဖြည်းဖြည်းချင်း တက်ကြမယ် "

လူလတ်ပိုင်းအရွယ် ယောက်ျားသည် ထိုစကားကို ကြားသောအခါ နဖူးမှ ချွေးသီးပေါက်ကြီးများကို သုတ်လိုက်သည်။

ပထမထပ်တွင် ကစားသူများမှာ ချမ်းသာသည့်သူ များစွာ မရှိပေ။

တကယ် အဲ့လောက်ချမ်းသာနေရင် ဒုတိယထပ် ဒါမှမဟုတ် တတိယထပ်ကို တန်းသွားမှာပေါ့။

ယဲ့ဖန်သည် သူ့ကို ခြောက်နေမှန်း သိနေလျှင်တောင်မှ သူ၏ လောင်းကြေးနောက်ကို ဆက်မလိုက်ရဲတော့ချေ။

သို့သော် အခု လက်ရှောင်လိုက်ပါကလည်း နဂိုလောင်းထားသော ၁၂၀၀၀မှာ အလကားဖြစ်သွားပေလိမ့်မည်။

ထိုသို့ဖြင့် စိတ်ထဲ၌ ပြင်းထန်သော ရုန်းကန်မှုများ ဆက်တိုက် စဉ်းစားလုပ်ပြီး နောက်ဆုံးတွင် သူသည် စားပွဲကို ရိုက်လိုက်သည်။

" ၁၆၀၀၀၊ ဟုတ်လား။ ကောင်းပြီ ငါ့ကတ်တွေ မင်းကိုပြမယ်။ ကတ်ဖွင့်စို့ "

ထိုသို့ပြောပြီးနောက် သူသည် တိုကင်ပြား ၁၆၀၀၀ဖိုးကို တွန်းထုတ်လိုက်ပြီး သူ့မျက်လုံးများ နီရဲလာသည်။

ယဲ့ဖန်၏ နှုတ်ခမ်းသည် ကတ်သုံးကတ်ကို ဖြည်းညှင်းစွာဖွင့်လျက် ပြုံးလိုက်သည်။

6, 5, 9

ကတ်သုံးကတ်ထဲတွင် အကြီးဆုံးကတ်မှာ 9 နံပါတ်ဖြင့် ကတ်ဖြစ်သည်။

ယဲ့ဖန်၏ ကတ်များကို လူတိုင်းမှ မြင်သည့်အခါ လူတော်တော်များများသည် ချက်ချင်း ကျယ်လောင်စွာ ရယ်မောကြတယ်။

" ဟားဟားဟား၊ ဒီကလေးက ရူးနေတာပဲ။ ဒီလောက်ဆိုးတဲ့ ဖဲချပ်တွေနဲ့များ ကြီးကြီးကျယ်ကျယ်တွေ လုပ်ပြီး ဆော့ရဲတဲ့ သတ္တိရှိတာလား "

" အကြီးဆုံးကတ်က 9 ပဲ။ ဒီထက်ဆိုးတာ ရှိသေးရဲ့လား "

" ဟုတ်တယ်၊ ဟိုလူမှာ 10ရှိရင်ကို သူ့ကို အသာလေး အနိုင်ယူနိုင်တယ်။ ဒီကလေးက မီးနဲ့ကစားနေတာပဲ "

" တစ်ချီတည်းမှာ ယွမ် ၃သောင်း ရှုံးသွားမှာ။ ဒါက စိတ်အားထက်သန်တာရဲ့ စျေးနှုန်းပဲ "

" ဒါက ဒီကလေးအတွက် သင်ခန်းစာတစ်ခုလို့ ယူဆနိုင်တယ်။ နောက်ဆို ဒီလောက် မာနမကြီးနဲ့ပေါ့ "

လူတိုင်းသည် ယဲ့ဖန်ကို လှောင်ပြောင်သရော်နေကာ အထူးသဖြင့် သူ့အောက်တွင် ထိုင်နေကြသူများ ဖြစ်သည်။

သူတို့အားလုံးသည် မုန်းတီးစွာဖြင့် အံကြိတ်လိုက်ကြသည်။

သူတို့ထဲမှ တစ်ချို့၏ ကတ်များသည် ထိုကောင်လေး၏ ကတ်ထက် ပိုကြီးကြသည်။

သို့သော် ထိုကောင်လေးက အစမှာပင် ၂၀၀၀ချလိုက်သည့်အတွက် သူတို့ကြောက်ပြီး လက်ရှောင်လိုက်ကြခြင်း ဖြစ်သည်။

ဒီလောက်ဆိုးသည့် ကတ်ဖြစ်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။

ချန်းဖေးအယ်သည် ယဲ့ဖန်၏ ကဒ်များကို မြင်သောအခါ သူမ မထိန်းနိုင်ဘဲ သက်ပြင်းချခဲ့ရသည်။

ဒီကောင်လေးက ကံဆိုးလွန်းတာ မဟုတ်လား။

ဒီကတ်သေးသေးလေးနဲ့ သူ ကျိန်းသေပေါက် ရှုံးမှာပဲ။

ရွံစရာကောင်းသော သက်လတ်ပိုင်း အမျိုးသားသည် ရွှင်မြူးစွာဖြင့် ထ၍ လှုပ်ယမ်းလိုက်သည်။

" ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ မင်းက ငါ့ကို ဒီလိုဆိုးတဲ့ ဖဲကတ်တွေနဲ့ များ လာကစားရဲသေးတာလား။ ငါ မင်းကို ဘယ်လိုသတ်မလဲဆိုတာ ......... "

သူသည် ပြောနေရင်းဖြင့် ချန်းဖေးအယ်အား ပရောပရီလုပ်သော အကြည့်များကို ပစ်လွှတ်ရန်လည်း မမေ့ချေ။

သူသည် ဒီအချီ၌ သေချာပေါက် အောင်ပွဲခံနိုင်မည်ဟု ထင်၍ သူက ကြွားဝါနေသည်ဟု ဘယ်သူကမှ မထင်ကြပေ။

သူ့ကံက အရမ်းဆိုးနေရင်တောင် 9 ထက်တော့ မနည်းနိုင်ဘူး ဟုတ်တယ်မလား။

ရွံစရာကောင်းသော သက်လတ်ပိုင်းလူသည်သူ၏ ကတ်ကို ဖွင့်ပြပြီးနောက် ပြန်ထိုင်ကာ ယဲ့ဖန်ကို ပြုံးပြလိုက်သည်။

" ကောင်လေး၊ ဒါက မင်းအတွက် သင်ခန်းစာပဲ။ နောက်တစ်ခါ အရမ်းမောက်မာ မနေဖို့ သတိရှိစမ်းပါ "

ထိုသို့ပြောပြီးနောက် သူသည် လက်ထဲရှိ ကတ်သုံးကတ်ကို လှန်ကာ ယဲ့ဖန်ရှေ့၌ ပစ်ချပြီးနောက် တိုကင်ပြားများကို သိမ်းယူရန် လက်ကို လှမ်းလိုက်သည်။

ထိုအခိုက်အတန့်၌ သူတို့ ပတ်ဝန်းကျင်ရှိ လူများအားလုံးက တပြိုင်နက်တည်း အော်ဟစ်ကြသည်။

" ဘယ်လိုမှ မဖြစ်နိုင်တာကြီး။ ဒီလိုမျိုးတောင် ရှုံးတယ်တဲ့လား "

သူသည် အေးခဲသွားပြီး လှည့်ကြည့်လိုက်သည်။

ကတ်သုံးကတ်မှာ 2, 4, 8 ဖြစ်နေသည်။

"..........."

မသတီစရာကောင်းသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် မိုးကြိုးပစ်ခံရသကဲ့သို့ မယုံကြည်နိုင်စွာဖြင့် သူ့ကတ်ပြားများကို ကြည့်နေသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူ ဘယ်လိုလုပ် ရှုံးရမှာလဲ။

သူသည် သာမက ယဲ့ဖန်မှလွဲ၍ ထိုအဖြစ်အပျက်ကို မည်သူကမျှ မယုံနိုင်ကြချေ။

ထိုကဲ့သို့သော ဖြစ်နိုင်ခြေသည် အလွန်သေးငယ်လှသည် မဟုတ်လား။

ယဲ့ဖန်၏ အကြီးဆုံးကတ်မှာ 9 သာဖြစ်သည်။

ထိုကဲ့သို့ အခြေအနေမျိုးအား ရှုံးချင်လျှင်ပင် ရှုံးရန် ခက်ပေသည်။

ဤသည်ကို ရှုံးရသည့် သူ၏ကံတရားမှာ ဘယ်လောက်ထိ ဆိုးရွားနေသည်ကို သူ မသိတော့ပေ။

ကံဆိုးမှုမှာ အင်မတန်မှ ကြီးမားနေလှသည်။

အကြီးဆုံးကတ်သည် 8 ဖြစ်နေခြင်းမှာ လူတိုင်း၏ မွေးညင်းများကို အဆုံးထိ ထောင်မတ်ကာ ကြက်သီးထစေသည်။

All Chapters