← Chapters

အပိုင်း ၈၉၇-၉၀၀

Vol. 45 Ch. 897-900

အပိုင်း ၈၉၇-၉၀၀

Vol. 45 Ch. 897-900

အပိုင်း ( ၈၉၇ )

ဒီလိုလူတွေအများကြီးကို ငါတွေ့ဖူးတယ်၊ စိတ်ထဲမထားနဲ့။

" အား ......... "

မာစန်းသည် အရမ်းနာကျင်ပြီး မူးလဲလုနီးပါးဖြစ်သွားသည်။

သူသည် မြေပြင်ပေါ်တွင် ရူးနှမ်းစွာ အော်ဟစ်နေပြီး ရုန်းကန်နေကာ သွေးများကလည်း နေရာတိုင်းတွင် ရှိနေသည်။

ထို့နောက် လက်အောက်ငယ်သားများက ဝင်လာပြီး ဆွဲခေါ်သွားကြသည်။

သန့်ရှင်းရေးသမားတစ်ယောက် ဝင်လာပြီး ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပြန်သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ထိုမြင်ကွင်းမျိုးနှင့် ရင်းနှီးပြီးသားဖြစ်သည်။

သူတို့လည်း ထူးထွေပြီး အံ့သြမနေတော့ချေ။

ရုံးခန်းသည် ပုံမှန်အခြေအနေ ပြန်ဖြစ်သွားသည့်အခါ ဟယ်လန်က ယဲ့ဖန်ကို မော့ကြည့်လိုက်သည်။

" ရှင့်နာမည် သိလို့ရမလား "

ယဲ့ဖန်က ချက်ချင်းပြန်ဖြေသည်။

" မျိုးရိုးနာမည်က ဖန် "

ဟယ်လန် ခေါင်းညိတ်လိုက်သည်။

" ဖန်လူကြီးမင်း၊ ကျွန်မတို့ တကယ်တောင်းပန်ပါတယ်။ ဒီခွေးသားက ကျွန်မတို့ကို ပိုက်ဆံအကြွေးတင်နေတုန်းမို့ သူ့လက်ကို ထိန်းထားရပါမယ်။ တောင်းပန်တဲ့အနေနဲ့ ကျွန်မတို့ရဲ့ ကာစီနိုက တိုကင်ပြား ၁သိန်းဖိုးကို လျော်ကြေးပေးပါမယ်။ ကျွန်မတို့ရဲ့ အခက်အခဲတွေကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ် "

သူမသည် စကားပြောနေစဉ်တွင် သူမ၏ မျက်လုံးများသည် ချစ်စဖွယ်ချွဲနွဲ့ပြုနေသကဲ့သို့ သနားစရာကောင်းသော အမူအရာတစ်ခုကို လုပ်ပြလိုက်သည်။

သူမ၏ တောင်းဆိုမှုကို မည်သူမှ ငြင်းဆန်နိုင်မည် မဟုတ်ပေ။

ယဲ့ဖန်သည် မတုန်မလှုပ်ဖြစ်နေသော်လည်း ထိုကိစ္စကို အချိန်ဆွဲမနေပေ။

" ကောင်းပြီ၊ သဘောတူပါတယ် "

ဟယ်လန်သည် ချက်ချင်းပင် ချစ်စရာကောင်းသော အပြုံးကို ထုတ်ဖော်လိုက်သည်။

" လူကြီးမင်းရဲ့ နားလည်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်၊ ဖန်လူကြီးမင်း "

ထို့နောက် ဂျပန်ဓားရှည်နှင့် ယောက်ျားကို ပြောလေသည်။

" အားရှင်း၊ ရှေ့စားပွဲကိုသွားပြီး ဖန်လူကြီးမင်းအတွက် ၁သိန်းဖိုး ထုတ်ပေးဖို့ ပြောလိုက် "

အားရှင်းဟူသော လူသည် ခေါင်းညိတ်လျက် စကားမပြောဘဲ ထွက်သွားလေသည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည်လည်း လိမ္မာပါးနပ်စွာ လိုက်သွားကြသည်။

သူတို့သုံးယောက် ထွက်သွားပြီးနောက် ဟယ်လန်နှင့် အားကျင်းတို့သာ ရုံးခန်းထဲတွင် ကျန်ခဲ့သည်။

" မန်နေဂျာ၊ ကျွန်တော်တို့ ကာစီနိုရဲ့ ပုံမှန်အလေ့အထအရဆို သူ့ကို ၅သောင်းဖိုးပဲ လျော်ကြေးပေးမှာလေ။ ၁သိန်းက နည်းနည်းများတယ် မဟုတ်ဘူးလား "

အားကျင်းသည် ဟယ်လန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

မည်သို့ပင်ဖြစ်စေတွင် မာစန်းသည် ကာစီနိုရုံဆီမှ ယွမ် ၁သိန်း ချေးယူခဲ့သည်။

ထိုအခါ မာစန်း၏ လက်ကို တန်းဖြတ်လိုက်ခြင်းက ပိုကောင်းလေသည်။

အများစုသည် ယွမ် ၁သိန်းကို မလိုချင်ကြပေ။

" ဒီကလေးရဲ့ လောင်းကစားစွမ်းရည်ကို နင်ဘယ်လိုထင်လဲ "

ဟယ်လန်က မေးလိုက်သည်။

ယဲ့ဖန် အကြောင်းကို သူမ မေးနေမှန်း အားကျင်း သိသည်။

သူက ချက်ချင်းပင် မထီမဲ့မြင် ပြုံးလိုက်သည်။

" မာစန်းလို လောင်းကစားသမားကိုတောင် ရှုံးမှတော့ သူ့ရဲ့ လောင်းကစားစွမ်းရည်က အတော်လေး သာမန်ဆန်ပါတယ် "

ဟယ်လန်က ချက်ချင်း ပြုံးလိုက်သည်။

" မှန်တယ်။ သူ့ကျွမ်းကျင်မှုနဲ့ဆို ငါတို့က သူ့ကို ၂သိန်း ပေးလိုက်ရင်တောင် နောက်ဆုံးကျ ငါတို့ဆီပဲ ပြန်ရောက်လာလိမ့်မယ်။ ဒါပေမယ့် မာစန်းက မတူဘူး "

အားကျင်း အနည်းငယ် စိတ်ရှုပ်သွားပြီး ချက်ချင်း မေးလေသည်။

" ဘာထူးခြားလို့လဲ "

ဟယ်လန်သည် အမျိုးသမီးစီးကရက်ကို မီးညှိပြီး တစ်ချက်ရှိုက်လိုက်သည်။

" မာစန်းက ခြေထောက်တစ်ဖက် ဆုံးရှုံးသွားပြီ။ အနည်းဆုံး နှစ်လကနေ သုံးလလောက်အထိ အလုပ်မလုပ်နိုင်လောက်ဘူး။ နှစ်လကနေ သုံးလကြားထဲ ချေးငွေကနေ အတိုးဘယ်လောက်ပွားလာမလဲဆိုတာ သိလား။ သူ ဒီတစ်သက်လုံး ဘယ်တော့မှ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး "

သူမ၏ လေသံသည် အလွန်တည်ငြိမ်နေသော်လည်း အားကျင်း၏ မွေးညင်းများကိုပင် အဆုံးထိ ဆန့်သွားစေခဲ့သည်။

ဒီမိန်းမက ရက်စက်လွန်းတယ်။

မာစန်းသည် သူတို့ကာစီနိုနှင့် ချုပ်ဆိုထားသည့် ချေးငွေသဘောတူစာချုပ်အရ မဆပ်နိုင်ပါက အတိုးသည် တစ်ပတ်အတွင်း နှစ်ဆတိုးလာပေမည်။

နှစ်လအတွင်း တွက်ချက်ကြည့်ပါက အနည်းဆုံး ၁ သန်းလောက် ရှိပေမည်။

ထို့အပြင် မာစန်းသည် ပြန်အလုပ်လုပ်နိုင်လျှင်ပင် ယွမ် ၁သန်းကို ပြန်မဆပ်နိုင်လောက်ပေ။

ထိုသို့ဖြင့် သူသည် အကြွေးပေါ်အကြွေးဆင့်ပြီး သူ၏ လက်ရှိဘဝ၌ ဘယ်တော့မှ ပြန်ဆပ်နိုင်မည်မှာ မသေချာ။

တစ်နည်းဆိုရသော် မာစန်းသည် သူတို့၏ ကာစီနိုအတွက် ကျွန်ကဲ့သို့ တစ်သက်လုံး အလုပ်လုပ်ရပေမည်။

သူသည် ထာဝရကျွန်ဖြစ်လာလိမ့်မည်။

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ကိစ္စသည် ပြည်မကြီးတွင် မရှိနိုင်ပေ။

သို့သော် ကာစီနိုနယ်မြေတွင် ဟုန်းမိသားစု၏ စကားများသည်သာ အခရာဖြစ်သည်။

လောင်းကစားသမားများသည် သူတို့၏ စွဲလမ်းမှုကြောင့် ဘယ်သူမှ မလွန်ဆန်ရဲကြပေ။

ထိုသည်ကို အားကျင်း တွေးမိပြီးသည်နှင့် သူ့ရှေ့ရှိ အမျိုးသမီးကို ပို၍ ကြောက်လာသည်

ထိုအမျိုးသမီးသည် လက်ရှိ အနေအထားကို

ရှိရန် ဟုန်းမိသားစု၏ အသက်အကြီးဆုံး သခင်ကြီး ဟုန်းကျားကျွန်း၏ အိပ်ရာပေါ်သို့ တွားသွားခဲ့သည်ဟု အခြားသူများမှ ပြောသည်ကို သူ အမြဲကြားနေရသည်။

သို့သော် သူမနှင့် အချိန်အတော်ကြာ ထိတွေ့ဆက်ဆံပြီးနောက် ထိုသို့လုပ်သည်မှာ အကြောင်းပြချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သူ ခံစားခဲ့ရသော်လည်း အနည်းဆုံးအနေဖြင့် ထိုအမျိုးသမီးသည် ယောက်ျားအများစုထက်ပင် ပို၍ ကြမ်းကြုတ်ပြီး ရက်စက်တတ်သူဖြစ်သည်ကို သိလာရသည်။

သူမ၏ လှပသော အသွင်အပြင်ကြောင့် လူအများက လှည့်စားခံရသည်။

အကယ်၍ အခြားအတွေးများ ရှိနေခဲ့လျှင် သေလိုက်ခြင်းကပင် ပိုကောင်းပေလိမ့်မည်။

ထိုမိန်းမကို မစော်ကားမိစေရန် သူ့ကိုယ်သူ သတိပေးနေရသည်။

သို့သော် Fengဟု အမည်ရှိသော ထိုလူငယ်ထံမှ ထူးခြားသော အနံ့တစ်ခုခု ရသောကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်သည်ဟု ခံစားရသေးသည်။

မာစန်း လှည့်စားသည့် မြင်ကွင်းကို မြင်သည် ဖြစ်စေ၊ မာစန်း၏ ညာခြေကို ဖြတ်လိုက်သည် ဖြစ်စေ၊ ထိုကောင်လေး တည်ငြိမ်နေခြင်းမှာ ခန့်မှန်းထားသလို ဖြစ်လာသကဲ့သို့ အလွန်အေးဆေးလှသည်။

သူ၏ တည်ငြိမ်မှုမှာ ဟန်ဆောင်နေခြင်းဟု မခံစားရပေ။

ဒီကလေးက ကျားစားဖို့ ဝက်တစ်ကောင်လို ဟန်ဆောင်ပြီး ကြီးကြီးမားမား တစ်ခုခု လုပ်ချင်နေတာတော့ မဟုတ်ဘူးမလား။

" မန်နေဂျာ၊ ဒီကလေးက နည်းနည်းထူးဆန်းနေတယ်ထင်တယ် ........ "

သူ၏ သံသယများကို မန်နေဂျာ ဟယ်လန်အား အမြန်ပြောပြသည်။

ဟယ်လန်သည် သူမလက်ကို အေးဆေးစွာ ဝှေ့ယမ်းလိုက်သည်။

" သူက သူ့ကောင်မလေးရှေ့မှာ အေးအေးဆေးဆေးဖြစ်တဲ့ပုံစံ ဟန်ဆောင်နေတာ။ သူ့လို ယောက်ျားတွေ အများကြီးတွေ့ဖူးတယ်။ သူ့ကို စိတ်ထဲမထားနဲ့ "

အားကျင်းသည် သူမကို နောက်တစ်ကြိမ် စည်းရုံးချင်သော်လည်း ဟယ်လန်မှ စိတ်မရှည်စွာ လက်ပြလိုက်သည်။

သူသည် ကူကယ်ရာမဲ့စွာဖြင့်သာ ထွက်သွားရုံ တတ်နိုင်သော်လည်း သူ့စိတ်ထဲတွင် နေမထိထိုင်မသာ ဖြစ်နေသည်။ တစ်ခုခု ဖြစ်နေပြီဟု သူ ခံစားနေမိသည်။

..............................

ယဲ့ဖန် နှင့် ချန်းဖေးအယ် တို့သည် ကာစီနိုသို့ ပြန်လာကြပြီး ရှေ့ကောင်တာတွင် ယွမ် ၁၀၀,၀၀၀တန် တိုကင်ပြားများကို လက်ခံရရှိခဲ့သည်။

သူတို့၏ တောင်းပန်မှုကို ဖော်ပြရန်အတွက် လောင်းကစားရုံသည် လောင်းကစားသမားတစ်ဦးစီအား တိုကင်ပြား ၁၀,၀၀၀ဖိုးစီ ပေးခဲ့သည်။ ထုံးစံအတိုင်း လူတိုင်းက ပျော်ရွှင်ကြသည်။

မာစန်း လှည့်စားခဲ့ခြင်းကြောင့် ယဲ့ဖန်သည် ထိုအချီအတွက် အနိုင်ရခဲ့သည်။

ကာစီနိုသည် ယာယီသိမ်းထားသော တိုကင်ပြားများအားလုံးကိုလည်း ပြန်ပေးခဲ့သည်။

မာစန်း၏ တိုကင်ပြား ၁၂၀,၀၀၀ နှင့် ရီဖန်း၏ တိုကင်ပြား ၁၄၀,၀၀၀ဖြင့် စုစုပေါင်း ၂၆၀,၀၀၀ ရရှိသည်။

ယခု ကာစီနိုမှ ပေးသော ချစ်ပ်ပေါင်း ၁၀၀,၀၀ ဖြင့် လက်ရှိသူ့တွင် ၃၆၀,၀၀၀ ရှိနေပြီဖြစ်သည်။

ချန်းဖေးအယ်သည် မထိန်းနိုင်ဘဲ ထိတ်လန့်တုန်လှုပ်မိသွားသည်။

ယဲ့ဖန်သည် ကာစီနိုကို ရောက်ပြီးနောက် သူသည် ယွမ် ၁၀,၀၀၀ဖိုးသာ လဲလှယ်ခဲ့သည်။

ယခုအခါ သူ၏ အနိုင်နှင့်အရှုံးများအပါအဝင် ယွမ် ၃၆၀,၀၀၀ ရရှိထားပြီး ၃၆ ဆ အနိုင်ရထားသည်။

အခြားလောင်းကစားသမားများဆိုလျှင် ယနေ့အတွက် ကျေနပ်စရာ ဖြစ်ပေမည်။

သို့သော် သူတို့ ဒီနေ့ဒီကို လာရသည့် သူတို့၏ ရည်ရွယ်ချက်မှာ ဒုက္ခရှာရန်ဖြစ်သည်။

သူတို့ ဒီမှာတင် ရပ်နေမှာမဟုတ်ချေ။

ယဲ့ဖန်သည် လူတိုင်းရှေ့၌ ဖန်တီးထားခဲ့သည့် ပုံရိပ်ကြောင့် ကာစီနိုထဲမှ လူတစ်စုက သူ့ကို ကစားဝိုင်းထဲပါစေရန် အပြေးလာကြသည်။

အထူးသဖြင့် ယဲ့ဖန်၏ ဗန်းပြားပေါ်ရှိ တိုကင်ပြားများကို ကြည့်ကာ ပို၍ပင် မနာလိုဖြစ်နေသည်။

ယဲ့ဖန်အား အသတ်ခံရန်စောင့်နေသော သိုးငယ်ကဲ့သို့ ဆက်ဆံနေကြသည်မှာ ရှင်းသည်။

လူတိုင်း၏ စိတ်အားထက်သန်မှုကို ရင်ဆိုင်ရင်း ယဲ့ဖန်သည် ပြုံးမနိုင်လောက်အောင် ပျော်ရွှင်နေခဲ့သည်။

" ဟားဟားဟား၊ စိတ်မပူပါနဲ့။ တစ်ယောက်ပြီးတစ်ယောက်ပေါ့ "

အပိုင်း ( ၈၉၈ )

ကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မယ့်ပုံပဲ။

မိနစ်နှစ်ဆယ်ကြာပြီးနောက်။

ယဲ့ဖန်သည် ချန်းဖေးအယ်ကိုဆွဲလျက် ယွမ် ၁သန်းတန်ဖိုးရှိ ချစ်ပ်ပြားများနှင့်အတူ တတိယထပ်သို့ ခေါ်ဆောင်သွားကာ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် လောင်းကစားသမားအုပ်စုကို ချန်ထားခဲ့သည်။

သူတို့သည် မူလက ယဲ့ဖန်ကို အသားများသောသိုးကဲ့သို့ ဆက်ဆံခဲ့ကြပြီး သူတို့၏ အလောင်းအစားဝိုင်းတွင် ယဲ့ဖန်ပါဝင်လာစေရန် ရုန်းကန်ခဲ့ကြသည်။

သို့သော် မကြာမီ သူတို့သည် ‘သိုးယောင်ဆောင်သော မြေခွေးကြီး’၏ လွှမ်းမိုးမှုကို ခံလိုက်ကြရသည်။

ယဲ့ဖန်၏ စည်းချက်သည် အလွန်ကောင်းမွန်သည်။

သူသည် အချီကြီးနိုင်ပြီး အချီသေးကို အနိုင်ပေးကာ ဆက်ကစားသည်။

အခြေခံအားဖြင့် ယဲ့ဖန်သည် အကြိမ်အနည်းငယ် ဆက်တိုက်ရှုံးပြီးနောက် သူသည် ရုတ်တရက် အချီကြီးကို အနိုင်ရပေလိမ့်မည်။

သူသည် ရှုံးသည့် အကြိမ်အနည်းငယ်၌ ငွေအများကြီး မထည့်ထားတတ်သော်လည်း သူအနိုင်ရသည့် တစ်ပွဲစီတိုင်းက ပိုက်ဆံအများကြီးရလေသည်။

ထိုကဲ့သို့ဖြင့် လောင်းကစားသမားအများအပြားသည် ရေနွေးပူ ပြုတ်ခံရသော ဖားများကဲ့သို့ သူတို့၏ တိုကင်ပြားများအားလုံးကို ဆုံးရှုံးသွားကြသည်။

ယဲ့ဖန်သည် လောဘမကြီးချေ။

သူသည် တိုကင်ပြား ၁ သန်းကို ရရှိပြီးနောက် ဒုတိယထပ်တွင် ဆက်မနေဘဲ တတိယထပ်သို့ ချက်ချင်းတက်သွားသည်။

အရှုံးသမားတို့ကို 'လက်စားချေ'ရန် အခွင့်အရေး မပေးချေ။

အားကျင်းသည် သူ့လက်အောက်ငယ်သားထံမှ ထိုသတင်းကိုကြားသောအခါ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။

ထိုအချိန်တွင် သူသည် မန်နေဂျာ ဟယ်လန်ကို ထိုကလေးက မရိုးရှင်းကြောင်း သတိပေးခဲ့သည်။

သူသည် ဟယ်လန်၏ အာရုံကို မဆွဲဆောင်နိုင်ခဲ့သော်လည်း ယဲ့ဖန်အား စောင့်ကြည့်ရန် လူလွှတ်ထားခဲ့သည်။။

ထိုကောင်လေးမှ ၁ သန်းကျော်အနိုင်ရပြီးနောက် တတိယထပ်ကို တက်သွားသည်ဟု ကြားပြီးသည့်အခါ သူ ချက်ချင်း ထိတ်လန့်သွားရသည်။

ခဏလောက် စဉ်းစားပြီး ထပ်မေးလိုက်သည်။

" သူ လှည့်စားတာကို သတိထားမိလား "

စောင့်ကြည့်သူ နှစ်ယောက်သည် ချက်ချင်းပင် ခေါင်းယမ်းလိုက်ကြသည်။

" မတွေ့ပါဘူး။ ကျွန်တော်တို့ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေပေမယ့် လှည့်စားတဲ့ အရိပ်အယောင် မတွေ့ရဘူး "

အားကျင်း၏ မျက်ခုံးများသည် ပို၍ပင် တင်းကျပ်လာခဲ့သည်။

လိမ်လည်လှည့်စားခြင်းမရှိဘဲ အဆပေါင်းရာနှင့်ချီ၍ အောင်ပွဲခံနိုင်ခြင်းမှာ သူ့အတွက် အနည်းငယ် ဆန်းကြယ်လှသည်။

" သူ ကာစီနိုကို ပထမဆုံး ရောက်လာတုန်းက တိုကင်ပြားဘယ်လောက် လဲလှယ်ခဲ့လဲ "

ခဏစဉ်းစားပြီး နောက်မေးခွန်းတစ်ခု ထပ်မေးသည်။

" ကျွန်တော်တို့ အခုပဲ စစ်ခဲ့ပါတယ်။ ပထမထပ်မှာ တိုကင်ပြား ၁သောင်းဖိုးကို ပထမဆုံး လဲခဲ့ပါတယ်။ ၁သိန်း ရပြီးနောက် ဒုတိယထပ်ကို တက်လာခဲ့တာပါ "

စောင့်ကြည့်ရေးနှစ်ယောက်က ချက်ချင်း ပြန်ဖြေသည်။

" ဟား ......... "

အားကျင်း သက်ပြင်းချကာ သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာသည်။

အဲ့ကောင်လေးက တိုကင်ပြား ၁သောင်းဖိုးပဲ လဲခဲ့ပြီးတော့ တစ်နာရီအတွင်း အဆ 100 တိုးလာတာဆို ဒါကြီးက ချဲ့ကားလွန်းတာ မဟုတ်ဘူးလား။

ဒီကလေး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

ဒီကိစ္စကို အလေးအနက်ထားရမယ်။

မန်နေဂျာ ဟယ်လန်ကို ထပ်ပြီး သတိပေးရမည်ဟု သူ ခံစားခဲ့ရသည်။

သူသည် ဟယ်လန်၏ ရုံးခန်းကို ပြန်သွားပြီး တံခါးခေါက်လိုက်သည်။

" ဝင်ခဲ့ "

ဟယ်လန်၏ ချစ်စဖွယ်အသံသည် အတွင်းမှ ချက်ချင်း ထွက်ပေါ်လာသည်။

သူ ဝင်သွားသောအခါ သူမသည် ဖုန်းပြောနေသည်ကို တွေ့ရပြီး ခဏစောင့်ရန်အတွက်သာ လက်ဟန်ပြခဲ့သည်။

" ဒါဆို ဘယ်တော့လာမှာလဲ။ မတွေ့ရတာ ရက်အတော်ကြာပြီဆိုတော့ နည်းနည်း လွမ်းနေပြီလေ "

ဟယ်လန်သည် သူမမျက်နှာတွင် ချစ်စရာကောင်းသော အပြုံးတစ်ခုရှိပြီး အခြားသူများအား ပြသသော ချစ်စရာကောင်းသော အပြုံးမျိုးနှင့် မတူပေ။ ဟန်ဆောင်မှု နည်းလေသည်။

တစ်ဖက်လူမှ ဘာပြောမှန်း သူ မသိသော်လည်း သူမက ချက်ချင်းပင် နှုတ်ခမ်းစူလိုက်သည်။

" အကျင့်ပုတ်။ ရှင် ဒီလို ဆက်ပြောနေရင် ရှကို လျစ်လျူရှုလိုက်မယ်..."

အားကျင်း အဆင်မပြေဖြစ်သွားသည်။

သူ အဲ့ဒီမှာပဲ ဆက်ရပ်နေရမလား ဒါမှမဟုတ် ထွက်သွားပေးရမလား။

ကံကောင်းစွာဖြင့် ဟယ်လန်သည် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ခဲ့သည်။

သူမ လှည့်ပြီး သူ့ကို ကြည့်လိုက်သည်။

" ဘာဖြစ်တာလဲ "

အားကျင်းမှ သူ၏ စိုးရိမ်ပုပန်မှုကို အမြန်ပြောပြလိုက်သည်။

" မန်နေဂျာ၊ ဒီကလေးက နည်းနည်း ထူးဆန်းတယ်။ ကျွန်တော်တို့ သူ့ကို အလေးအနက်ထားရမယ် "

ဟယ်လန်၏ နှုတ်ခမ်းများသည် အနည်းငယ် ကော့တက်သွားသည်။

" အားကျင်း၊ နင်က တောင်ပို့ကနေ တောင်လုပ်နေတာလို့ ငါ ထင်တယ်။ ငါ အဲ့ကောင်လေးအခြေအနေကို ကြည့်ခိုင်းလိုက်တယ်။ ဒီကလေးက ဘာအရည်အချင်းမှ မရှိဘူး။ ပိုက်ဆံအများကြီးရနိုင်ရတဲ့ အကြောင်းရင်းက ကံကို လုံးဝ ပုံအပ်ထားတာ "

အားကျင်း စိတ်ပူနေသေးသည်။ သူသည် ကံတရားအပေါ် ဘယ်တော့မှ မယုံကြည်ချေ။

ကံကောင်းခြင်းဟု ခေါ်သည်မှာ လူအများမှ အခြေအနေမှန်အား နားမလည်ဘဲ ထွက်ပေါ်လာသည့် ကျယ်ပြန့်သော ရှင်းပြချက်တစ်ခုဟုသာ သူ ခံယူထားသည်။

သူသည် သူမကို ထပ်ပြီး ဆွဲဆောင်ချင်သော်လည်း ဟယ်လန်မှ သူမလက်ကို ဝှေ့ယမ်းပြီး တားလိုက်သည်။

" စိတ်မပူပါနဲ့။ ကျားကျွန်းက ခဏနေ ကာစီနိုကို လာလိမ့်မယ်။ သူ့လိုလူရှိနေတာကို နင်က ဘာတွေ စိတ်ပူနေတာလဲ "

အားကျင်းသည် 'ကျားကျွန်း'ဟူသော နာမည်ကိုကြားသောအခါ ချက်ချင်းပင် ငြိမ်သက်သွားသည်။

သူမ ရည်ညွှန်းသော 'ကျားကျွန်း' သည် ဟုန်းမိသားစု၏ အထူးချွန်ဆုံး မျိုးဆက်သစ် ဟုန်းကျားကျွန်း ဖြစ်သည်။

သူသည် ဟုန်းမိသားစုအတွက် 'လောင်းကစားဘုရင်'ဘွဲ့ကို နှစ်နှစ်ဆက်တိုက် ယူခဲ့ပေးသူလည်း ဖြစ်သည်။

အကယ်၍ သူသာ ယခုနှစ်တွင်သာ ထပ်ပြီး အောင်နိုင်ခဲ့လျှင် လောင်းကစားဘုရင်ပြိုင်ပွဲ ၏ သမိုင်းတစ်လျှောက်မှ ပထမဆုံး 'သုံးကြိမ်ဆက်တိုက်ချန်ပီယံ' ဖြစ်လာမည်ဖြစ်သည်။

ထိုအောင်မြင်မှုမျိုးသည် တစ်သက်မှာတစ်ခါ မကြုံဖူးနိုင်သည့်အရာ ဖြစ်သည်။

ထိုကဲ့သို့သော လောင်းကစားဘုရင်ကြီး ရှိနေ၍ ထိုကလေးမှ ကျားစားရန် ဝက်တစ်ကောင်ကဲ့သို့ ဟန်ဆောင်နေသည်ဆိုလျှင်ပင် စိတ်ပူစရာမရှိချေ။

ထို့နောက် သူတို့နှစ်ဦးသည် ကာစီနို စီမံခန့်ခွဲမှုအကြောင်းများ ဆွေးနွေးကြသည်။

အားကျင်း မတ်တပ်ထရပ်ပြီး ထွက်ခါနီးတွင် တံခါးကို ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။

ထို့နောက် ယဲ့ဖန်ကို စောင့်ကြည့်ရန် သူလွှတ်လိုက်သော အစောင့်ကို သူမြင်လိုက်ရသည်။

သူက ထိတ်လန့်တကြားဖြင့် ပြေးဝင်လာသည်။

" မန်နေဂျာ၊ ကြီးကြပ်ရေးမှူး၊ သူဌေး ...... တစ်ခုခုတော့ ဆိုးဝါးကုန်ပြီ ....... "

ဟယ်လန် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။

သူမသည် အားကျင်းကို လှည့်ကြည့်လိုက်သည်။

" ဒါ မင်းရဲ့လက်အောက်ကလား။ သူ့မှာ စည်းကမ်း လုံးဝမရှိဘူးဘဲ "

အားကျင်း အနည်းငယ်ရှက်သွားသည်။

ချက်ချင်းပင် ခေါင်းကိုလှည့်ကာ အစောင့်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

" မင်းမှာ အမူအကျင့်ဆိုတာ ရှိသေးရဲ့လား။ မန်နေဂျာရဲ့ ရုံးခန်းထဲ ဝင်မယ်ဆို ဘာလို့ တံခါးမခေါက်နိုင်တာလဲ။ ထွက်သွားပြီး တံခါးပြန်ခေါက် "

အစောင့်သည် ချက်ချင်း စိတ်လှုပ်ရှားလာသည်။

" ကြီးကြပ်ရေးမှူး၊ တကယ် ကြီးကြီးမားမားတစ်ခု ဖြစ်ကုန်ပြီ ....... "

" ထွက်သွား "

အားကျင်း ချက်ချင်း ဒေါသတကြီးဖြင့် အော်လိုက်သည်။

သူ့အခွင့်အာဏာကို ပြဖို့ အခွင့်အရေး မယူပါက မန်နေဂျာ ဟယ်လန်က သူ့ကို တကယ်ပင် နှိမ့်ချလိမ့်မည်။

အစောင့်သည်လည်း ရွေးချယ်စရာ မရှိတော့ဘဲ နောက်ပြန်ဆုတ်ကာ တံခါးကိုပိတ်ပြီး တံခါးခေါက်လိုက်သည်။

" အထဲဝင်ခဲ့ပါ "

ဟယ်လန်၏ မျက်နှာသည် အနည်းငယ် ပိုကောင်းလာသည်။

သူမသည် စောင့်ကြည့်သူကို မေးလိုက်သည်။

" ဖြည်းဖြည်းပြော။ ဘာဖြစ်တာလဲ "

" အဲ့ကလေးက လေးထပ်ကို တက်သွားပြီ ....... "

စောင့်ကြည့်သူက ပြန်ဖြေသည်။

ဟယ်လန် မျက်မှောင်ကြုတ်လိုက်သည်။

" ရှင်းရှင်းလင်းလင်းပြော။ စတုတ္ထထပ်ကို ဘယ်သူက တက်သွားတာလဲ "

စောင့်ကြည့်သူက အမြန် ရှင်းပြသည်။

" ကြီးကြပ်ရေးမှူးကျင်းက ကျွန်တော်တို့ကို စောင့်ကြည့်ခိုင်းတဲ့ ကလေးပဲ "

ဟယ်လန်က အထင်သေးစွာ ပြုံးလိုက်သည်။

" သူက စတုတ္ထထပ်ကို တက်ချင်ရင် စတုတ္ထထပ်ကို တက်ပေါ့။ ဘာတွေ အရမ်းကြောက်နေတာလဲ "

စောင့်ကြည့်သူသည် ကြောက်စရာကောင်းသည့် အရာတစ်ခုကို တွေးမိသလိုဖြင့် အမြန် ထပ်ဖြည့်ပြောလိုက်သည်။

" မဟုတ်ဘူး၊ သူက တတိယထပ်မှာ ၁၀ သန်း အနိုင်ရပြီးမှ စတုတ္ထထပ်ကို ထပ်တက်သွားတာ "

ဒီစကားကို ပြောပြီးသည်နှင့် ရုံးခန်းက ချက်ချင်း ငြိမ်ကျသွားသည်။

ဟယ်လန်နှင့် အားကျင်းသည် တစ်ချိန်တည်းတွင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အကြည့်ထဲ၌ အံ့သြသွားကြသည်ကို မြင်လိုက်ရသည်။

ထိုကလေးမှ တတိယထပ်သို့ တက်သွားကြောင်းကို အားကျင်းမှ လာအကြောင်းကြားသည်မှာ ဆယ်မိနစ်သာ ရှိသေးသည်။

သူ ၁၀ သန်းကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် အနိုင်ရသွားတာ။

ဒီအရှိန်က နည်းနည်းကြောက်စရာကောင်းတယ်။

အားကျင်း၏ အမူအရာသည် အထပ်ထပ်အခါခါ ပြောင်းလဲသွားသည်။

သူသည် စောင့်ကြည့်သူကို လှမ်းကြည့်လိုက်သည်။

" အဲ့ဒီကလေးက လိမ်ဆော့ခဲ့တာလား "

စောင့်ကြည့်သူက ခေါင်းယမ်းလိုက်သည်။

" ကျွန်တော်တို့ သုံးယောက် သူ့နောက်ကို တောက်လျှောက်လိုက်သွားပြီး စောင့်ကြည့်နေပေမဲ့ လှည့်စားတာကို မတွေ့ပါဘူး "

ဟယ်လန်နှင့် အားကျင်းသည် ပို၍ပင် အံ့သြသွားသည်။

လိမ်လည်လှည့်စားခြင်းမရှိဘဲ ယွမ် ၁၀သန်းအား ဤမျှ အချိန်တိုတိုအတွင်း ဘယ်လိုယူနိုင်သနည်း။

ကြီးကြီးမားမား တစ်ခုခု ဖြစ်လာတော့မည်ဆိုသည်ကို သူတို့ ရှင်းလင်းစွာ သဘောပေါက်လိုက်ကြသည်။

တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်သက်သာလာပြီးနောက် ဟယ်လန်သည် သူမ၏ ဖုန်းကို အမြန်ထုတ်ကာ ဟုန်းကျားကျွန်းသို့ ဖုန်းခေါ်ဆိုခဲ့သည်။

တစ်ဖက်လူမှ ဖုန်းခေါ်သည်ကို အမြန်ကိုင်လိုက်သည်။

" အပျက်မလေး၊ မင်း ခုနကမှ ဖုန်းချလိုက်တာလေ။ မင်း ကိုယ့်ကို အရမ်းလွမ်းနေပြီလား။ ကိုယ် မင်းကို မပြောခဲ့ဘူးလား။ ကိစ္စတွေပြီးရင် ကိုယ် မင်းကို လာရှာမယ်လို့။ မစောင့်နိုင်ရင် ကိုယ့်ဘာသာကိုယ် အရင်ရှင်းလိုက် ....... "

သာမာန်အားဖြင့် ဟယ်လန်သည် သူပြောသည်ကို ကြားသောအခါ သူနှင့် ပြန်၍ ပရောပရည် လုပ်မည် ဖြစ်သော်လည်း ယခု သူမသည် ထိုသို့လုပ်ရန် စိတ်မ၀င်စားချေ။

" ကျားကျွန်း၊ ရှင့်ရဲ့အလုပ်ကို အရင်ထားပြီး ကာစီနိုကို ချက်ချင်းလာခဲ့ "

" အိုး၊ တစ်ယောက်ယောက်က ကိုယ်တို့ရဲ့ တော်ဝင်နန်းတော်ကာစီနိုရုံကို ပြဿနာ လာရှာရဲတာလား။ သူက ဘယ်သူလဲ။ သူတို့ကို တခြားကာစီနိုတွေကနေ ပို့လိုက်တာလား "

" ကျွန်မလည်း သိပ်မသေချာသေးဘူး။ ဒါပေမယ့် သူ့ရဲ့ လေယူလေသိမ်းကို ကြည့်ရန် သူက ပြည်မကြီးက ဖြစ်လောက်တယ်။ သူက ၁၀သန်းကျော် နိုင်သွားပြီ "

" ၁၀သန်းကျော်လောက်ပဲ ရှိတာ။ ဘာများ အံ့သြစရာရှိလို့လဲ "

" ဒါပေမယ့် တစ်ဖက်လူက ကာစီနိုထဲကို ၁၀,၀၀၀ တည်းနဲ့ စဝင်လာတာ။ အဆ ၁၀၀၀ ကျော် တိုးနေပြီ "

" ............. "

အပိုင်း ( ၈၉၉ )

၁၀,၀၀၀ တည်းဖြင့် ကာစီနိုရုံရှင်းခြင်း

" ဒါက အဆတစ်ထောင်လေးပဲ မဟုတ်ဘူးလား။ အဲ့ကလေးကို အရင် အနိုင်ပေးထားလိုက်။ ကိုယ်လာတာနဲ့ တစ်ခါတည်း သူ့ဆီက အကုန်ပြန်ယူရင် အဆင်ပြေမှာပဲလေ "

" ဒါပေမဲ့ ....... "

" တော်ပြီ၊ ကိုယ်မင်းနဲ့ မပြောတော့ဘူး။ ဒီမှာ အရေးကြီးဧည့်သည်ရောက်နေတယ်။ ကိုယ် အရင် ဖုန်းချလိုက်မယ် "

" ........... "

ဟယ်လန် ဖုန်းချပြီး မျက်မှောင်ကြုတ်ပြီးတွေးနေလိုက်သည်။

ဟုန်းကျားကျွန်းမှ ထိုကလေးအား ဆက်ပြီး အနိုင်ရခွင့်ပေးထားလိုက်ဟု ဆိုသော်လည်း ထိုင်ပြီး ငြိမ်နေခြင်းက သူမ၏ ပုံစံမဟုတ်ပေ။

သူမသည် အားကျင်းကို ချက်ချင်း ခေါ်လိုက်သည်။

" လာ၊ စောင့်ကြည့်ရေးအခန်းကို သွားရအောင် "

သူတို့နှစ်ဦးသည် စောင့်ကြည့်ရေးအခန်းသို့ အပြေးသွားကြသည်။ ထိုအခန်းထဲတွင် စောင့်ကြည့်ရေး ကင်မရာပေါင်း အခု၅၀ထက်မနည်းရှိပြီး ကာစီနိုရုံကြီးတစ်ခုလုံး၏ နေရာတိုင်းကို မှတ်တမ်းတင် စောင့်ကြည့်ဖမ်းယူနိုင်သည်။

အားကျင်း၏ ထိန်းချုပ်မှုအောက်တွင် သူသည် ယဲ့ဖန်၏ လောင်းကစား စားပွဲ၏ စောင့်ကြည့်မှု ကင်မရာကို အမြန်ဆွဲထုတ်လိုက်သည်။

ထိုလောင်းကစား စားပွဲသည် blackjackကစားခြင်း ဖြစ်သည်။

စားပွဲတွင် လူခြောက်ယောက် ထိုင်နေပြီး ယဲ့ဖန်သည် သူတို့ထဲမှ တစ်ဦးဖြစ်သည်။

ထိုအချိန်တွင် ယဲ့ဖန်ရှေ့တွင် တိုကင်ပြား အပုံလိုက်ကြီး ရှိနေပြီ ဖြစ်သည်။

ထိုတိုကင်ပြားများထဲမှ တစ်ဝက်သည် တစ်ခုလျှင် ယွမ်၁သိန်းတန်သည့် အပြားများဖြစ်ကာ ကျန်တစ်ဝက်သည် တစ်ပြားလျှင် ယွမ်၁သောင်းတန်များ ဖြစ်သည်။ ထိုတိုကင်ပြား အပုံကြီးကို ကြည့်ရသည်မှာ အလွန်ပင်ကြီးကျယ်ခမ်းနားလှသည်။

သူတို့နှစ်ဦး၏ အကြမ်းဖျင်းခန့်မှန်းချက်အရ ထိုတိုကင်ပြားများသည် အနည်းဆုံး ယွမ်သန်း ၄၀ ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။

" သန်း ၄၀ ကျော်ရောက်တဲ့အထိ မြန်နေပြီလား "

ဟယ်လန်၏ မေးရိုး ပြုတ်ကျသွားသည်။

စောင့်ကြည့်ရေးမှူးမှ ဝင်လာပြီး သတင်းပို့ပြီးနောက် သူတို့နှစ်ဦး စောင့်ကြည့်ခန်းသို့ သွားသည့်အချိန်မှာ ဆယ်မိနစ်ပင် မပြည့်ချေ။

သို့သော် တစ်ဖက်လူမှာ ၁၀ သန်းမှ သန်း ၄၀ ကျော်အထိ အနိုင်ရသွားလေသည်။

ဒီလိုမျိုး အနိုင်ရရှိနှုန်းက ပိုက်ဆံကောက်သည်ထက်တောင် မြန်လေသည်။

စောင့်ကြည့်ရေးကင်မရာကို စိုက်ကြည့်ရင်း အားကျင်း၏ အမူအရာမှာ အနည်းငယ် အကျည်းတန်နေသည်။

" ဒီကလေးက မလွယ်ဘူးလို့ ပြောသားပဲ "

ဟယ်လန် သူ့ကို မကျေမနပ် စိုက်ကြည့်နေလိုက်သည်။

" နင်က ငါ့ကို အပြစ်တင်နေတာလား "

နောက်ဆုံးတွင် အားကျင်းမှ အသိပြန်ကပ်ပြီး သူ့လက်ကို အမြန်ဝှေ့ယမ်းပြလိုက်သည်။

" မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဒီကောင်လေးရဲ့ ခွန်အားနဲ့သာဆို စောစောက တုံ့ပြန်ခဲ့ရင်တောင် သူ့ကို တားနိုင်မှာ မဟုတ်ဘူး "

ထိုအခါမှ ဟယ်လန်၏ အမူအရာမှာ ပိုကောင်းလာသည်။

အမှန်တွင် ဤတစ်ခေါက် အခြေအနေအတွက် သူမတွင် တာဝန်အများကြီးရှိသည်ဆိုတာကို သူမလည်း သိသည်။

ထိုအချိန်တွင် အားကျင်းသည် ထိုလူငယ်လေးမှာ မရိုးရှင်းကြောင်း သူမအား အမှန်ပင် သတိပေးခဲ့သော်လည်း သူမသည် ထိုသည်ကို စိတ်ထဲတွင် ထည့်ထားခြင်းမရှိခဲ့ပေ။

ထိုအစား သူမက ထိုကောင်လေးကို ၁သိန်းဖိုးပင် လျော်ကြေး ပေးခဲ့သာ်။

ယခုအခါ သူမတုံ့ပြန်ရန် အနည်းငယ်နောက်ကျနေပြီဖြစ်သည်။

" သူ့ကို အနီးကပ်စောင့်ကြည့်။ လိမ်ပြီး ကစားတယ်လို့ သံသယရှိတယ်ဆိုရင် ချက်ချင်း ခေါ်လိုက် "

ဟယ်လန်၏ မျက်လုံးများသည် ရက်စက်မှုတို့ဖြင့် တောက်ပနေသည်။

ဒီနေ့ ထိုကောင်လေးအား သန်းပေါင်းဆယ်ချီပြီး အနိုင်ယူခွင့် ပေးလိုက်မည်ဆိုလျှင် ဒုက္ခရောက်ပေလိမ့်မည်။ ဟုန်းကျားကျွန်း ပငလျှင် သူမကို မကာကွယ်နိုင်လောက်ပေ။

ကာစီနိုတွင် တာဝန်ရှိသော လောင်းကစားပညာရှင်အနည်းငယ်လည်း အပြေးလာသည်။

သူတို့ထဲသည် လူစုခွဲကာ တာဝန်ယူ စောင့်ကြည့်ကြသည်။

သူတို့တစ်ဦးစီတိုင်းသည် ရှုထောင့်တစ်ခုမှ ယဲ့ဖန်ကို စောင့်ကြည့် တာဝန်ယူသည်။

သူတို့သည် မည်သည့်အသေးစိတ်အချက်အလက်ကိုမျှ လက်လွတ်မခံချေ။

သို့သော် နောက်ထပ် ဆယ်မိနစ်ကြာသည်အထိ ယဲ့ဖန်မှ လှည့်စားသည့် အရိပ်အယောင်ကို မတွေ့ခဲ့ကြပေ။

ထိုဆယ်မိနစ်အတွင်း၌ ယဲ့ဖန်သည် စုစုပေါင်း သန်း၆၀ ရရှိခဲ့သည်။

" မန်နေဂျာ၊ ဒီကလေးက လှည့်စားတာမဟုတ်ဘူးလို့ ထင်တယ်။ သူက တကယ့် လောင်းကစား ကျွမ်းကျင်သူပဲ "

အားကျင်းသည် ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာဖြင့် ဟယ်လန်ကို ကြည့်လိုက်သည်။

သူတို့သည် ကာစီနိုအား ကြီးမားစွာ ဆုံးရှုံးစေခြင်းအတွက် တာဝန်ယူရပေလိမ့်မည်။

ဟယ်လန်၏ မျက်နှာထားသည် မည်းမှောင်သွားသည်။

" သူ ဝင်လာပြီးတော့ ဘာကစားနည်းတွေ ကစားခဲ့တာလဲ "

အားကျင်းက တိုးညှင်းသော အသံဖြင့် ချက်ချင်း သတင်းပို့သည်။

" ပထမထပ်မှာ ရွှေပန်းပွင့်တွေ၊ ဒုတိယထပ်မှာ အန်စာတုံးနဲ့ ဂေါ်လီ၊ တတိယထပ်မှာ ကစား လှည့်ကွင်း၊ စတုတ္ထထပ် ဘလက်ဂျက်ကစားတယ် "

လူတိုင်း ဟာခနဲ ဖြစ်သွားကြသည်။

အချက်ကျကျ ပြောရလျှင် လောင်းကစားကျွမ်းကျင်သူများ အားလုံးသည် နယ်ပယ်တစ်ခုတွင်သာ ကျွမ်းကျင်ကြသူများဖြစ်သည်။

သူတို့သည် အန်စာတုံး၊ ဒါမှမဟုတ် ဖဲချပ်၌ ကောင်းမွန်စွာ ကစားတတ်ကြသည်။

သို့သော် သူတို့ရှေ့ရှိ ထိုလူငယ်လေးမှာ ကဏ္ဍတိုင်းတွင် အလွန်အစွမ်းထက်နေသည်။ ဤသည်မှာ အနည်းငယ် ပြင်းလွန်းလှသည်။

အားလုံး ဆွေးနွေးနေကြစဉ် ယဲ့ဖန်သည် ဆက်မကစားချင်တော့သလို ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ကြသည်ကို တွေ့လိုက်ရသည်။

" သူ အခု ဘာလုပ်နေတာလဲ "

အားလုံး၏ နှလုံးခုန်နှုန်းများ ချက်ခြင်း တင်းမာသွားသည်။

ထိုကလေးအား ပိုက်ဆံတွေ ယူသွားခွင့်ပေးလိုက်လျှင် အထက်လူကြီးများက သူတို့ကို သေချာပေါက် အပြစ်ပေးမှာဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ယဲ့ဖန်သည် ထွက်မသွားခဲ့ချေ။

သူသည် ချန်းဖေးအယ်လက်ကိုဆွဲ၍ ပဉ္စမထပ်သို့ ခေါ်ဆောင်သွားသည်။

" သူ ....... ငါးထပ်ကို တက်နေတာလား "

အားလုံးသည် ချက်ချင်းပင် အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားကြသည်။

အားကျင်း သူ့ပေါင်ကို ရိုက်ချလိုက်သည်။

" ကျွန်တော်သိပြီ။ ဒီကလေးက ယွမ် ၁သိန်း ရပြီးတော့ ဒုတိယထပ်တက်လာတယ်။ ယွမ်၁သန်းရပြီးတော့ တတိယထပ်ကိုသွားတယ်။ တတိယထပ်ကနေ ယွမ် ၁၀သန်းရပြီးတော့ စတုတ္ထထပ်ကိုသွားတယ်။ စတုတ္ထအထပ်ကနေ ယွမ်သန်း ၁၀၀ရပြီးတော့ သူင ပဉ္စမအထပ်ကို တက်လိမ့်မယ်။ သူက ယွမ် ၁၀,၀၀၀ တည်းနဲ့ ကာစီနိုကို ရှင်းချင်နေတာပဲ "

သူ့စကားသည် အဓိပ္ပါယ်မဲ့သည်ဟု ထင်ရသော်လည်း ကြားရသူအားလုံးကို ချွေးအေးများ ထွက်လာစေသည်။

တော်ဝင်နန်းတော်ကာစီနိုရုံကို ယွမ် ၁၀,၀၀၀တည်းဖြင့် အမှန်တကယ် ရှင်းလင်းနိုင်ခဲ့ပါက သူတို့သည် ကာစီနိုလောကတစ်ခုလုံး၏ ရယ်မောစရာများ ဖြစ်လာမည်ဖြစ်သည်။

ဟယ်လန်၏ ဆွဲဆောင်မှုရှိသော အမူအရာမှာ မရှိတော့ချေ။

ထိုအစား ကြောက်မက်ဖွယ်ကောင်းသော အေးစက်မှုက အစားထိုးဝင်လာခဲ့သည်။

" သူက တကယ် ဒီနေရာကို ဖျက်ဆီးဖို့ ရောက်လာပုံပဲ။ ဟွန်း၊ တော်ဝင်နန်းတော်ကာစီနိုရုံကို ဖျက်ဆီးချင်တယ်ဆိုရင် သူ အဲ့လောက် ခံနိုင်ရည်ရှိလားဆိုတာ ကြည့်ကြတာပေါ့ "

သူမသည် စကားပြောနေရင်းဖြင့် ကာစီနိုမှ ပညာရှင်များကို လှည့်ကြည့်လိုက်သည်။

" ငါးထပ်ကိုသွားပြီး သူ့ကို ရင်ဆိုင်လိုက်။ ဘာပဲဖြစ်ဖြစ် သူ့ကို ဆက်မအောင်မြင်နိုင်အောင် တားဆီးရမယ် "

ပညာရှင်အနည်းငယ်သည် တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေးစွာ ကြည့်နေကြသည်။

" ဒါဆို သူနဲ့တွေ့ဖို့ ဘယ်သူ့ကို လွှတ်ရမှာလဲ "

ဟယ်လန်က သူတို့ကို စိုက်ကြည့်လိုက်သည်။

" ရှင်တို့ငါးယောက်လုံး အတူတူသွား "

" အာ "

ကျွမ်းကျင်သူ ပညာရှင်အနည်းငယ် အားလုံးသည် အံ့သြသွားကြသည်။

သူတို့ တစ်ယောက်ချင်းစီတိုင်းသည် ကာစီနိုမှ လူသိများသော ကျွမ်းကျင်သူဖြစ်ပြီး ယခုအခါ သူတို့က အုပ်စုဖွဲ့ပြီး လူငယ်တစ်ယောက်ကို အနိုင်ကျင့်ရတော့မှာလား။

သူတို့အနိုင်ရခဲ့ရင်တောင် ဂုဏ်ရှိမှာ မဟုတ်ဘူး။

ဟယ်လန်က သူတို့ တွေးသည်ကို ဂရုမစိုက်ချေ။

သူမသည် စောင့်ကြည့်ကင်မရာထဲမှ ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

" ဘာပဲဖြစ်ဖြစ် ငါတို့ သူ့ကို တားရမယ် "

အပိုင်း ( ၉၀၀ )

ဒီပုံစံကို နားမလည်ဘူး

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် နောက်ဆုံးတွင် ၅ထပ်မြောက်ကို ရောက်လာခဲ့ကြသည်။

ဤအထပ်သည် တော်ဝင်နန်းတော်ကာစီနိုရုံကြီး၏ အကြီးကျယ် အခမ်းနားဆုံး လောင်းကစားဧရိယာဖြစ်သည်။

၅လွှာသို့ တက်နိုင်သူများမှာ မီလီယံနာ သန်းကြွယ်သူဌေးများသာဖြစ်၍ ပတ်ဝန်းကျင်အနေအထားမှာ အောက်မှ လေးထပ် ပို၍ သာလွန်ဇိမ်ကျပြီး အထက်တန်းစားဆန်လေသည်။

နိုင်ငံတကာ နာမည်ကြီး တယောပညာရှင်မှ တိုက်ရိုက် ဖျော်ဖြေတင်ဆက်နေသည့်အပြင် ကစားသမားတစ်ယောက်ချင်းစီအား အကောင်းဆုံးသော အနီရောင်ဝိုင်ဖြင့်လည်း ဧည့်ခံလေသည်။

ထို့အပြင် ကြည့်ကောင်းသော စားပွဲထိုးများသည် ဂုဏ်သရေရှိ ဧည့်သည်တော်များ တစ်ယောက်ချင်းစီ၏ အနောက်တွင် ရပ်နေကြသည်။

ဤသည်မှာ ဧကရာဇ်အား ခစားနေသည့်ပုံစံနှင့်တောင် ဆင်တူသည်ဟု ဆိုလျှင် မှားနိုင်ဖွယ် မရှိချေ။

သို့သော် ဤမျှအခြေအနေတို့အား နားလည်ပေးနိုင်သည်။

၅လွှာသို့ တက်ရောက်နိုင်သူများမှာ အင်အားတောင့် လူချမ်းသာများ ဖြစ်ကြသည်။

လောင်းကစားရုံသို့ မည်မျှ အမြတ်ငွေ ရရှိစေနိုင်သည်ဖြစ်စေ သူတို့ဆီမှ ရရှိသည့် ချိတ်ဆက်မှုများ၏ တန်ဖိုးသည် တိုင်းတာ၍မရနိုင်ပါ။

ဟုန်းမိသားစုသည် ကာစီနိုနယ်မြေတွင် အင်အားတောင့်သည် အကြောင်းရင်းမှာ သူတို့၏ အင်အားကြောင့်သာမက သူတို့၏ ကြီးမားသော လူမှုကွန်ရက်ကြီးကြောင့်လည်း ဖြစ်သည်။

ယဲ့ဖန်သည် ယွမ် ၁သန်းတန် ချစ်ပ်ပြားများကို လဲလှယ် ရှေ့စားပွဲသို့ သွားခဲ့ပြီး ချန်းဖေးအယ်ကို ကစားဝိုင်းဆီသို့ ခေါ်သွားသည်။

ယခုအချိန်အထိ ချန်းဖေးအယ်သည် အရာအားလုံးမှာ လက်တွေ့မကျဟု ခံစားမိသေးသည်။

ယဲ့ဖန်သည် ယွမ် ၁၀၀၀၀ဖိုး တိုကင်ပြားများနှင့် အစပြုခဲ့ပြီး ၅ထပ်သို့ပင် ဝင်ရောက်နိုင်ခဲ့သည်။

သူမသည် ခရီးတစ်လျှောက်လုံး တုန်လှုပ်ချောက်ချားစွာဖြင့် ဖြတ်သန်းခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ ယဲ့ဖန်သည် သူတွေ့ခဲ့သမျှ ဆရာကြီးများ၊ နတ်ဘုရားများဟု ဆိုသည့်သူများအား အနိုင်ယူခဲ့သည်ကို သူမ ကြည့်ခဲ့ရသည်။

တိုကင်ပြားများသည် စီးဆင်းနေသော ရေကဲ့သို့ စုပုံလာပြီး တိုကင်ပြားများ၏ တန်ဖိုးမှာလည်း တိုးသည်ထက်တိုးလာသည်။

နှစ်နာရီအတွင်း ယွမ်၁သောင်းမှစသော တိုပြားများသည် အဆ၁၀၀၀၀ တိုးလာသည်။

ဤအရာသည် သူမအတွက် မည်မျှ ထိတ်လန့်စေခဲ့သည်ကို တွေးကြည့်နိုင်သည်။

ပိုက်ဆံရှာရသည်မှာ ထမင်းစားရေသောက်ရသည်ထက် ပိုလွယ်သည်ဆိုကြောင်း သူမ ပထမဆုံးအကြိမ် သိခဲ့ရသည်။

၅ထပ်မြောက်တွင် လောင်းကစား စားပွဲများစွာ မရှိပေ။

စုစုပေါင်း စားပွဲ ငါးလုံးမှ ခြောက်လုံးမျှသာ ရှိသည်။

မည်သို့ပင်ဖြစ်စေ ဤနေရာသို့ လာနိုင်သူများသည် ဇာမဏီအမွှေးနှင့် ဆူးချွန်ရေကို ချိုးကြသူများ ဖြစ်သည်။

သူတို့ နှစ်ယောက်သည် လူအများဆုံးရှိသည့် စားပွဲကို ရောက်လာကြသည်။

ထိုစားပွဲ၌ ရှမ်းကိုးမီး ကစားနေသည်။

စားပွဲ၌ လူခြောက်ယောက် ထိုင်နေသည်။

ယောက်ျားရော၊ မိန်းမရော ရှိပြီး ထိုလူများ၌ ခမ်းနားသော ကိုယ်ရောင်ဝါများ ရှိကြသည်။

သူတို့ကစားသည့်ကြေးမှာ အလွန်ကြီးလှသည်။

သူတို့အတွက် တစ်ချီတည်းဖြင့် ယွမ်သန်းချီပြီး ရှုံးခဲ့လျှင်ပင် သူတို့၏ အမူအရာများမှာ ပြောင်းလဲသွားမည် မဟုတ်ချေ။

သူတို့သည် သိန်းဖိုးလောက် ဆုံးရှုံးရုံဖြင့် ငိုကြွေးနေကြသည့် အောက်ထပ်က လူတွေနှင့် လုံးဝကို ကွဲပြားလှသည်။

ယဲ့ဖန်သည် ထိုင်ခုံကို ရှာပြီး ထိုင်လိုက်သော်လည်း ချက်ချင်း လောင်းကြေးမချခဲ့ပေ။ သူသည် ခဏတာ စောင့်ကြည့်နေလေသည်။

ထိုရှမ်းကိုးမီးကစားနည်း၏ စည်းမျဉ်းများသည် ဖဲထုတ် ၈ထုပ်ကို မွှေပြီး အကြီးဆုံးနှင့် အငယ်ဆုံးကတ်များကို ဖယ်ရှားကာကိုယ်စားလှယ်၏ သေတ္တာထဲတွင် ထည့်ထားရန်ဖြစ်သည်။

ကိုယ်စားလှယ်သည် ကတ်များကို ကိုင်တွယ်ရန် တာဝန်ရှိသည်။

ကစားသမားများသည် ဒိုင်ကိုင်သူ သို့မဟုတ် အနိုင်ရရန် ကစားသမားကို လောင်းနိုင်သည်။

သေချာပေါက် သူတို့သည် သရေပွဲ သို့မဟုတ် အတွဲတစ်တွဲကျသည်ဆိုသော အခြေအနေများကိုလည်း လောင်းနိုင်သော်လည်း ထိုနှစ်ခုစလုံး၏ အခွင့်အရေးမှာ အလွန်နည်းပါး၍ လျစ်လျူရှုထားနိုင်သည်။

ဒိုင်နှင့် ကစားသမားအား ကတ်နှစ်ကတ်စီ ပေးသည်။

ကိုးမှတ်အထိ ပေါင်းနိုင်သည့် မည်သည့်ဘက်ကမဆို အနိုင်ရမည်ဖြစ်သည်။

10၊ J၊ Q နှင့် K တို့ကို "0"အဖြစ်သာ ရေတွက်နိုင်သည်။

ယဲ့ဖန်သည် သူတို့၏ လောက်းကစားဝိုင်းကို အချိန်အတော်ကြာ စောင့်ကြည့်လေ့လာခဲ့သော်လည်း နောက်ဆုံး၌ သူထည့်ခဲ့သည့် ပမာဏမှာ အလွန်နည်းပါးခဲ့သည်။

သူသည် ဒိုင်ဘက်မှ အနိုင်ရမည်ကို ၁သိန်းသာ လောင်းခဲ့သည်။

အခြားလူတိုင်းသည် သန်းနှင့်ချီ၍ လောင်းကြသော်လည်း သူသည် ၁သိန်းမျှသာ လောင်းသည်။

ထိုသည်က ချက်ချင်းဆိုသလိုပင် လူများစွာကို မျက်လုံးပြူးသွားစေသည်။

ဒီတောသားက ဘယ်ကလာတာလဲလို့ သူတို့ သိချင်နေကြမှာ သေချာတယ်။

ဒီလိုလူမျိုးက ၅ထပ်ကို ဝင်လာရဲတဲ့ အရည်အချင်းရှိတာလား။

ယဲ့ဖန်ကတော့ စိတ်မ၀င်စားချေ။

သူသည် ကိုယ်စားလှယ်၏ ကတ်များကိုသာ 'ထိတ်လန့်စွာ' ကြည့်နေသည်။

ယဲ့ဖန် ထပ်ပြီး သရုပ်ဆောင်နေသည်ဆိုတာကို ချန်းဖေးအယ်က သိလေသည်။

ယခင်က ထိုလှည့်ကွက်မျိုးကို သူမ အကြိမ်ပေါင်းများစွာ မြင်ဖူး၍ ကျင့်သားရပြီးသား ဖြစ်သည်။

အဆုံးတွင် ဒိုင်သည် ၃ မှတ်၊ ၅ မှတ်နှင့် စုစုပေါင်း ၈ မှတ် ရခဲ့သည်။

ကစားသမား၏ ကတ်နှစ်ကတ်သည် ၂ နှင့် ၅ အသီးသီးဖြစ်ပြီး ၇ မှတ် ရခဲ့သည်။

ဒိုင်က အနိုင်ရလေသည်။

ကိုယ်စားလှယ်သည် ယဲ့ဖန်၏ ၂သိန်းဖိုး တိုကင်ပြားများကို တွန်းထုတ်ပေးခဲ့သည်။

ယဲ့ဖန်မှာ ဝမ်းသာလွန်းလို့ ပါးစပ်ကိုပင် မပိတ်နိုင်ခဲ့ချေ။

စားပွဲပေါ်ရှိ အခြားလောင်းကစားသမားများက မျက်လုံးပြူးသွားကြသည်။

ယွမ်၁သိန်းကို နိုင်တာတောင် သူက ဒီလောက် အရမ်းပျော်နေရင် ယွမ် ၁သန်းများ နိုင်သွားခဲ့ရင် သူ ပျော်သေနေမှာတော့ မဟုတ်ဘူးမလား။

ယဲ့ဖန်သည် တခြားသူများ တွေးတာကို ဂရုမစိုက်ချေ။

သူ၏ ကိုယ်ပိုင်စည်းချက်အတိုင်းသာ ဆက်ကစားသည်။

နောက်အကြိမ်အနည်းငယ်ဆက်တိုက် ယွမ် ၁သိန်းနှင့် ၂သိန်းမျှသာ လောင်းသည်။

နိုင်ပွဲရှိသလို ရှုံးပွဲများလည်း ရှိခဲ့သည်။ အကြိမ်ရေအနည်းငယ် ကြာပြီးနောက် ပမာဏမှာ သရေဖြစ်သည်။

ပွဲသစ်တစ်ခု ထပ်မံစတင်ခဲ့သည်။

သူသည် ယွမ် ၁သိန်းဖိုး တိုကင်ပြားများဖြင့် ဆက်၍ လောင်းတော့မည် ဖြစ်သည်။

ထိုအချိန်၌ သူ့ဘေးတွင် ထိုင်နေသည့် ထိပ်ပြောင်ဖြင့်လူက မနေနိုင်တော့ဘဲ စားပွဲကို ဆောင့်ရိုက်လိုက်သည်။

" မင်း ဒီကို ဒုက္ခလာပေးနေတာလား။ ကစားချင်ရင် ကစား။ မကစားချင်ရင် လစ်လိုက် "

ယဲ့ဖန် ထိုင်ပြီးကတည်းက ထိုလူသည် ၅သန်းမှ ၆သန်းအထိ ရှုံးသွားခဲ့လေသည်။

ထိုငွေပမာဏသည် သူ့လိုလူအတွက် အများကြီးမဟုတ်သော်လည်း အကြိမ်အနည်းငယ် ဆက်တိုက် ရှုံးပြီးနောက် သဘာဝကျစွာ အနည်းငယ် စိတ်ဓာတ်ကျလာသည်။

ထို့ကြောင့် သူသည် ထိုလူသစ်လေးအပေါ် သူ၏ ဒေါသကို ဖြေလျှော့နေသည်။

ယဲ့ဖန်မှ သူ့ကို စိုက်ကြည့်လိုက်သည်။

" မကစားချင်ဘူးလို့ ဘယ်သူပြောလဲ။ ကစားနေတာပဲ မဟုတ်ဘူးလား "

ယဲ့ဖန်မှ ပြန်လည်ချေပ ပြောဆိုရဲသည်ကို ထိုလူမှ ကြားသောအခါ ဒေါသဖြစ်လာလေသည်။

" မင်း တစ်ခါလောင်း ၁သိန်းလောက် လောင်းပြီးများ အဲ့တာကို ကစားတယ်လို့ ခေါ်တာလား "

ယဲ့ဖန်မှ ပြန်ပြောသည်။

" ကာစီနိုမှာ ၁သိန်းပဲလောင်းတဲ့ စည်းမျဉ်းကို တားထားတဲ့ စည်းကမ်းရှိလို့လား "

၅ထပ်သို့ ၀င်ရန် အရင်းအနှီး သန်းရာနှင့်ချီရှိရမည်ဟု ပြဋ္ဌာန်းထားသော်လည်း တစ်ကြိမ်လျှင် မည်မျှလောင်းရမည်ကို စည်းကမ်းမထုတ်ထားပေ။

ထိုလူသည် ချက်ချင်းပင် စကားမပြောနိုင်ဖြစ်သွားသည်။

ထို့နောက် " မင်းက ယောက်ျား ဟုတ်သေးရဲ့လား။ မင်းသာ ယောက်ျားဆိုရင် ကြီးကြီးလောင်းပြီး စောစောထွက်လိုက်။ မင်းက မိန်းမတွေလောက်တောင် မတော်ဘူး "

သူ့စကားမှာ အနည်းငယ် လိင်ခွဲခြားရာ ရောက်သည်။

စားပွဲဝိုင်းတွင် လောင်းကစားသမား အမျိုးသမီး နှစ်ယောက်ရှိသော်လည်း သူတို့သည် ထိုလူကို အနည်းငယ်ကြောက်နေပုံရပြီး အသံမထွက်ရဲကြပေ။

ယဲ့ဖန်၏ နှုတ်ခမ်းက အပြုံးအဖြစ် ကွေးတက်သွားသည်။

" ဒါဆို ဘယ်လောက်လောင်းချင်လဲ ပြော။ ခင်ဗျား စကားအတိုင်း နားထောင်မယ် "

ထိုလူက ချက်ချင်း ရယ်မောလိုက်သည်။

" ငါပြောတာကို နားထောင်မှာလား။ ဒါဆို ငါ့စကားကိုနားထောင်ပြီး ၁၀ သန်းလောင်း။ အဲ့လောက် လောင်းရဲတဲ့သတ္တိ ရှိလို့လား "

သူ့စကား မပြီးမီတွင် ယဲ့ဖန်သည် လောင်းကြေးထည့်ရာနေရာသို့ တိုကင်ပြား၁၀သန်းဖိုးကို တွန်းပို့လိုက်သည်။

" ကိစ္စမရှိပါဘူး၊ ကစားသမားဘက်ကို ကျွန်တော် ဆယ်သန်း လောင်းကြေးထပ်လိုက်တယ်။ ဒိုင်ဘက်ကို ခင်ဗျား ဆယ်သန်း လောင်းရဲတဲ့ သတ္တိရှိလား "

သူ့လုပ်ရပ်ကြောင့် ချက်ချင်းပင် ရှိနေသူအားလုံးကို ထိတ်လန့်စေခဲ့သည်။

ထိုလူသစ်ကို သူတို့ တကယ်ပင် နားမလည်နိုင်ကြချေ။

အစောက သူသည် တွန့်တိုပြီး ယွမ် ၁သိန်းစီသာ လောင်းခဲ့သည်။

အခုအခါ ထိုလူကြီး၏ စကားကြောင့် ယွမ်၁၀သန်း လောင်းကြေးထပ်ခဲ့သည်။

သူ၏ လုပ်ဆောင်ချက်မှာ အနည်းငယ်ရှုပ်ထွေးသည်။

ထိုလူသည် ယဲ့ဖန်၏ မဆင်မခြင် ပြန်လည်တိုက်ခိုက်သည့် ပုံစံကြောင့် ထိတ်လန့်သွားသည်။

သူက ဒီအတိုင်း စိတ်တိုလို့ ပြောလိုက်တာဆိုပေမဲ့ ဟိုက ဒါကို တကယ်ကြီး အလေးအနက်ထားမယ်လို့ ဘယ်သူသိမှာလဲ။

ယဲ့ဖန်၏ ဒေါသအမေးကို ကြားပြီးနောက် သူ တုံ့ဆိုင်းသွားသည်။

သူသည် ချမ်းသာသော်လည်း ဤမျှကြီးမားသော အလောင်းအစားကို တစ်ခါမျှ မကစားဖူးပေ။

ယဲ့ဖန်သည် သူ၏ ပုံစံကို မြင်ပြီး မတတ်နိုင်ဘဲ လှောင်ပြောင်မိသည်။

" ခင်ဗျားက ယောက်ျားဆိုရင် ကြီးကြီးလောင်းပြီး စောစောထွက်သွား။ မိန်းမတွေလောက်တောင် မတော်ဘူး "

ဤသည်မှာ ထိုလူပြောခဲ့သောစကားဖြစ်သည်။

ယခု သူပြန်ပြောသည့်စကားကြောင့် ထိုလူ၏အမူအရာ ချက်ချင်းပြောင်းသွားသည်။

" ဟားဟားဟား၊ မင်းက ငါ့ကို စိန်ခေါ်ချင်တာလား။ ကောင်းပြီ၊ ဒါဆို ငါမင်းကို အဆုံးထိလိုက်ပို့ပေးမယ် "

ထိုလူက စကားပြောပြီးနောက် သူသည် တိုကင်ပြား ၁၀သန်းကို ဒိုင်ဘက်သို့ လောင်းကြေးတွန်းတင်လိုက်သည်။

၅ထပ်မှာပင် ဤကဲ့သို့ ထိတ်လန့်စရာကောင်းသေည လောင်းကစားမျိုးမှာ ရှားလှသည်။

အခြားစားပွဲများမှ လောင်းကစားသမားများကလည်း ပွဲကိုကြည့်ရှုရန် ဝိုင်းဖွဲ့လာကြသည်။

All Chapters