← Chapters

အပိုင်း ၉၀၁-၉၀၄

Vol. 46 Ch. 901-904

အပိုင်း ၉၀၁-၉၀၄

Vol. 46 Ch. 901-904

အပိုင်း ( ၉၀၁ )

ကောင်းကင်ကနေ ကျလာတဲ့ ပိုင်းမုန့်ကြီး

" ဘုရားရေ၊ ဒီလူနှစ်ယောက်က ရူးနေတာလား။ ဒီလောက်ကြေး ကစားတာက မကြီးလွန်းဘူးလား "

" ငါလည်း နားမလည်နိုင်ဘူး။ ငါတို့က အခုအပျော်ပဲ ကစားနေကြတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်ထိ လုပ်နေတာလဲ "

" တစ်ချီတည်းနဲ့ ၁၀သန်းက ကြောက်စရာကောင်းလွန်းနေတယ် မဟုတ်ဘူးလား "

" ဒီလူနှစ်ယောက်က သွေးဆူတတ်လွန်းတာပဲ ......... "

ကစားဝိုင်းတစ်ခုတည်းမှ လောင်းကစားသမားများသည် သူတို့နှစ်ယောက်၏ အမူအရာများကြောင့် ချက်ချင်း ပြောဆိုလာကြသည်။

သို့သော် သေချာပေါက်ပင် အများစုမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေခဲ့သည်။

အကြောင်းမှာ တစ်ဖက်သည် ဒိုက်ဘက်ကို လောင်းပြီး နောက်တစ်ဖက်မှ ကစားသမားကို လောင်းကြေးထပ်ထားသောကြောင့်ဖြစ်သည်။

ကျားနှစ်ကောင် ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်သည့်အခါ နှစ်ဖက်ထဲမှ တစ်ယောက်သည် သေချာပေါက် အထိနာမည် ဖြစ်သည်။

ဤကဲ့သို့ လောင်းကစားပွဲကြီးမှာလည်း စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။

အခြားလောင်းကစားသမားများကလည်း သူတို့၏ လောင်းကြေးများကို တင်ကြသည်။

သို့သော် ယဲ့ဖန်မှ လောင်းကြေးအများကြီးတင်သူဖြစ်၍ အခြားသူများက ကတ်များကို ကြိုကြည့်ခွင့်ရကြသည်။

ကတ်ဝေကိုယ်စားလှယ်သည် သူတို့တစ်ယောက်ချင်းစီကို နှစ်ကတ်စီပေးသည်။

အခြားလောင်းကစားသမားများသည် မြင်ကွင်းကို မလွတ်သွားစေရန် မျက်တောင်ပင် မခတ်ရဲဘဲ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။

ကတုံးနှင့်လူသည် အတော်ပင် ရင်ခုန်တုန်လှုပ်နေသည်။

မည်သို့ပင်ဖြစ်စေ ဤကစားပွဲမှာ သန်းဆယ်ချီ တန်ဖိုးများ ပါဝင်နေသည်။

စိတ်မလှုပ်ရှားဘူးဟု ဆိုပါက လိမ်ရာရောက်ပေမည်။

ထိုလူသည် သူ့လက်ထဲ၌ ကတ်နှစ်ကတ်ရှိနေပြီး တစ်ကတ်ချင်းစီကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လေသည်။

ကတ်များက တဖြည်းဖြည်းဖြင့် ပေါ်လာတော့သည်။

နှစ်ကတ်မှာ 7 တစ်ကတ်နှင့် J တစ်ကတ်တို့ဖြစ်သည်။ J ကို 0 ဟု ရေတွက်သောကြောင့် စုစုပေါင်းမှာ 10 ဖြစ်သည်။

သို့သော် ယဲ့ဖန်၏ ပုံစံမှာတော့ ထိုလူလောက် ဒုက္ခများမနေပေ။

ယဲ့ဖန်သည် ကတ်နှစ်ကတ်ကို ဖွင့်လိုက်သည့်အခါ 1 နှင့် 3 တို့ဖြစ်ကြ၍ စုစုပေါင်းမှာ 4 ဖြစ်လေသည်။

ရှမ်းကိုးမီး၏ စည်းကမ်းများအရ ကစားသမား၏ ရမှတ်သည် 5 မှတ်ထက် မကျော်သည့်အပြင် တစ်ဖက်သူကလည်း 8 နှင့် 9 မရပါက 5 ထက်နည်းသူကို တစ်ကတ်ထပ်ပေးရမည်ဖြစ်၍ ဆိုလိုသည်မှာ ယဲ့ဖန် တတိယကတ်ကို ရရှိမည် ဖြစ်၏။

ကတ်ဝေသူ ကိုယ်စားလှယ်ကို တိုက်တွန်းရန်ပင် မလိုလိုက်ပေ။ သူက ယဲ့ဖန်ကို တတိယတစ်ကတ် လှမ်းပေးလာလေသည်။

သို့သော် မည်သူကမှ ထိုတတိယကတ်နှင့် ပတ်သက်ပြီး အကောင်းမမြင်ကြပေ။

အကြောင်းမှာ ကတုံးနှင့်လူသည် 7 မှတ်ရှိထားပြီး ယဲ့ဖန်တွင် 4 မှတ်သာ ရှိနေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ယဲ့ဖန် နိုင်ရန် တတိယကတ်မှာ 4 သို့မဟုတ် 5 သေချာပေါက် ဖြစ်ရမည်။

သို့သော် အခြားကတ်သည် ထိုနှစ်ခု မဟုတ်ပါက ဤတစ်ကြိမ်၌ လုံးဝ ရှုံးသွားပေမည်။

အကျဉ်းချုပ်ပြောရလျှင် ဒီပွဲအတွက် ယဲ့ဖန် နိုင်နိုင်ချေမှာ အလွန်သေးငယ်လွန်းလေသည်။

ကတုံးဖြင့်လူက စိတ်သက်သာရာရသွားပြီး ချက်ချင်း သက်ပြင်းချလိုက်သည်။

သူသည် ခြေကို ချိတ်ထိုင်လျက် ယဲ့ဖန်ကို စိတ်အေးသက်သာစွာဖြင့် ကြည့်နေလိုက်သည်။

" ကောင်လေး၊ အပိုတွေလုပ်မနေနဲ့။ မင်းက ဆုတ်လည်းစူး၊ စားလည်ရူးပဲ။ မြန်မြန်ကတ်ကို ပြလိုက်တော့ "

ယဲ့ဖန်သည် သူ၏ ကတ်များကို ကြည့်ရန် အလျင်မလိုပေ။ သူက ပထမဦးစွာ လူတိုင်းကို ကြည့်လိုက်သည်။

" ကျွန်တော် စည်းကမ်းတွေ မသိလို့။ ကျွန်တော်ရဲ့ တတိယကတ်က 4 ဒါမှမဟုတ် 5 ရမှ နိုင်ဖို့ အခွင့်အရေးရှိမှာလား "

သူ၏ ထိုအမေးစကားကို ကြားသောအခါ သူတို့ သွေးအန်ထွက်မတတ် ဖြစ်ကုန်ကြသည်။

" ဟ၊ ညီကို၊ မင်း လာနောက်နေတာလား။ မင်းက ၁၀သန်းတောင် လောင်းပြီးတာကို အခုထိ စည်းမျဉ်းတွေ မသိသေးဘူးလား "

" ဒီကလေးက ငါတို့ကို လာနောက်နေတာလား။ ဒီလိုအချိန်မျိုးမှာတောင် သူက စည်းမျဉ်းအကြောင်း မေးနေရသေးတာလား "

" စစ်ပွဲထဲရောက်ပြီးမှ သေနတ်ဘယ်လိုပစ်ရမလဲလို့ မေးနေတာနဲ့မတူဘူးလား။ ဒီလိုပုံစံနဲ့ ဘယ်လို စစ်သွားတိုက်မှာတဲ့လဲ "

" ဒီပွဲကို အရှုံးပေးလိုက်တာက ပိုကောင်းမယ် ထင်တယ်။ ဘယ်လိုဖြစ်နေနေ မင်းနိုင်ဖို့ အခွင့်အရေးက နည်းနည်းလေးတောင် မကောင်းနေဘူး .......... "

လူတိုင်းမှ ယဲ့ဖန်ကို စတင် လှောင်ရယ်ကြတော့သည်။

သို့သော် ယဲ့ဖန်အား ချက်ချင်းပင် စိတ်အားထက်သန်စွာ ဖြေပေးကြသူများလည်း ရှိသည်။

" ဟုတ်တယ်၊ မင်း အခုပွဲမှာ 4 ဒါမှမဟုတ် 5 ရမှ နိုင်မှာ "

ယဲ့ဖန်သည် ထိုရှင်းပြချက်ကို ကြားပြီးသည့်အခါ သူ မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

" 4 နဲ့ 5 ရဖို့ အခွင့်အရေးက နည်းလွန်းတယ် "

ကတုံးနှင့်လူ၏ နှုတ်ခမ်းမှာ အနည်းငယ် ကွေးတက်သွားသည်။

" ဒါပေါ့ သေချာပေါက် နည်းလွန်းတယ်။ A ကနေ K အထိ နံပါတ်ကတ် ၁၃ကတ်တောင် ရှိတာ။ မင်းက အဲ့နှစ်ကတ်ရမှဘဲ နိုင်မှာလေ။ ကောင်းကင်ပေါ်ကနေ ပိုင်းမုန့်ပြီး ပြုတ်ကျလာတာထက်တောင် မဖြစ်နိုင်သေးတယ်။ ကြည့်ရတာ ဒီပွဲတော့ ငါသေချာပေါက် နိုင်တော့မယ့်ပုံပဲ "

ယဲ့ဖန် ခေါင်းခါပြီး ပြုံးလိုက်သည်။

ထို့နောက် တတိယကတ်ကို ဖွင့်လိုက်ပြီး ကြည့်လေသည်။ ယဲ့ဖန်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

လူတိုင်းသည် ယဲ့ဖန်၏ အမူအရာကို မြင်လိုက်သောအခါ သူတို့ စိတ်ထဲမှ ကြိတ်၍ ရယ်လိုက်သည်။

ကြည့်ရတာ အပြောင်းအလဲမရှိလောက်ဘူး။

သူ သေချာပေါက် ရှုံးမှာ။

ကတုံးနှင့်လူသည် မတ်မတ်ထိုင်ပြီး တိုကင်ပြားများကို သိမ်းယူရန် ပြင်ဆင်လိုက်သည်။

သူသည် တစ်ချီတည်းဖြင့် ၁၀သန်း အနိုင်ခဲ့သည်။

ဤသည်မှာ သူ အများဆုံး နိုင်ဖူးသည့် ပမာဏဖြစ်လေသည်။

သို့သော် ထိုအချိန်တွင် သူသည် ယဲ့ဖန်၏ မျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရသည်။

" ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမဲ့ ကြည့်ရတာ ကောင်းကင်ပေါ်က ပိုင်းမုန့်ကြီး ပြုတ်ကျလာပုံပဲ "

ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် သူ၏ တတိယကတ်ကို ဖွင့်လိုက်သည်။

5 ♥️

မူလက ရရှိထားသော 4 နှင့်ပေါင်းပြီး စုစုပေါင်း 9 ရပြီး ပွင့်သွားလေသည်။

ကစားသမားဘက်မှ နိုင်သွားသည်။

" ဟာ ........ "

လက်ရှိနေရာရှိ ကစားသမားများနှင့်အတူ ပွဲကြည့်သူများသည် ခြောက်ကပ်နေသော လေအေးကိုသာ ရှူမိလိုက်ကြပြီး သူတို့၏ မျက်လုံးကိုပင် မယုံနိုင်ကြပေ။

ကတုံးဖြင့်လူ ပြောသကဲ့သို့ပင် ယဲ့ဖန်တွင် နိုင်ချေ ၂/၁၃ပုံသာ ရှိသည်။

ဆန်းကြယ်သော အပြောင်းအလဲဖြစ်လာခြင်းမှ လွဲ၍ သူ့အတွက် အနိုင်ရရန်မှာ လုံးဝ မဖြစ်နိုင်သလောက် ဖြစ်သည်။

သို့သော် ဆန်းကြယ်သော အပြောင်းအလဲက ဖြစ်သွားခဲ့သည်။

" ဟ၊ သူက တကယ်ကြီး 5 မှတ်ရသွားပြီး တကယ် နိုင်သွားတာလား "

"ဘုရားရေ၊ ဒီလိုဆန်းကြယ်တဲ့ကံကြမ္မာမျိုးက ဖြစ်နိုင်တာတဲ့လား။ ဒီလောက် နည်းတဲ့ ဖြစ်နိုင်ချေက တကယ်ကြီး ဖြစ်လာတာမျိုး ရှိနိုင်တယ်လား "

" သူက ဒီအချီမှာ ၁၀သန်းတောင် နိုင်သွားတာလေ။ သူ တကယ် အများကြီးရသွားတာပဲ "

" မယုံနိုင်ဘူး၊ လုံးဝ မယုံနိုင်ဘူး ....... "

ယဲ့ဖန်၏ ဘေးတွင် ထိုင်နေသော ချန်းဖေးအယ်သည်လည်း စိတ်လှုပ်ရှားမှုကြောင့် လက်သီးဆုပ်ထားလိုက်မိသည်။

ဒီတစ်ယောက်က အရမ်းကို အစွမ်းထက်တာပဲ။

ဒီလို အကွက်လေး နည်းနည်းရွှေ့လိုက်တာနဲ့ သူက ယွမ် ၁၀သန်း နိုင်သွားတယ်။

သူက လူသား ပိုက်ဆံထုတ်စက်ဆို မမှားဘူး မဟုတ်လား။

ကတုံးဖြင့် လူကလည်း ကြောင်အနေသည်။

သူသည် သဘာဝလွန်ဖြစ်ရပ်များကို လက်မခံဘဲ ယုတ္တိဗေဒကိုသာ အခြေခံတတ်သူ ဖြစ်သည်။

သို့သော် ထိုတခဏတွင် လောကကြီး၌ သရဲတစ္ဆေရှိသည်ဟု သူ ခံစားလိုက်ရသည်။

မဟုတ်ရင် ဒီကလေးက ဘယ်လိုလုပ် ရနိုင်မှာလဲ။

မဟုတ်ဘူး၊ ဒါက မဖြစ်နိုင်ဘူး။ ဒါကြီးက လုံးဝကို မဖြစ်နိုင်ဘူး။

ယဲ့ဖန် သူ့ကို အပြစ်ကင်းသော အပြုံးမျက်နှာဖြင့် ကြည့်လိုက်သည်။

" ဒီပွဲကို ကျွန်တော် နိုင်သွားတာလား "

ကတုံးနှင့်လူသည် ယဲ့ဖန်ကို စိုက်ကြည့်နေပြီး သူ့မျက်နှာမှာ တဖြည်းဖြည်း ဖြူဖျော့လာနေသည်။

" မင်း ဒီတစ်ခါ ကံကောင်းသွားတာပါ။ မင်း ထပ်ကစားရဲလား။ ငါတို့ ဒီတစ်ခါ သန်း ၂၀ဖိုး လောင်းကြေးတင်ရမယ် "

ထိုလူကြီးမှ ရဲတင်းသော လောင်းကြေးပမာဏကို ပြောလိုက်သည်နှင့် နေရာတွင်ရှိသော လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြသည်။

ရူးနေပြီ၊ ရူးနေပြီ၊ တကယ်ရူးနေပြီ။

ဒီတစ်ယောက်က အခုလေးတင် ၁၀သန်းတောင် ရှုံးထားတာကို သူက အခု နှစ်ဆတင်ပြီး လောင်းချင်နေသေးတာလား။

လူတိုင်းက ယဲ့ဖန်ကို ကြည့်လိုက်ကြသည်။

ယခုအခါ ဆုံးဖြတ်ချက်က ယဲ့ဖန်အပေါ်တွင်သာ မူတည်တော့သည်။

အပိုင်း ( ၉၀၂ )

ဒီတစ်ပွဲမှာ သန်း ၄၀ လောင်းရဲလား။

ယဲ့ဖန်သည်လည်း အနည်းငယ် အံ့ဩသွားရသည်။

သူသည် ထိုကတုံးဖြင့်လူကို ထူးဆန်းစွာ ကြည့်လိုက်သည်။

" ခင်ဗျား ပြန်စဉ်းစားချင်သေးလား။ ကျွန်တော်က ခင်ဗျား အများကြီးရှုံးမှာ စိုးရိမ်လို့ပါ "

ကတုံးဖြင့်လူက ချက်ချင်း နှာမှုတ်လိုက်သည်။

" မင်း ဘေးပတ်လည်ကို သွားပြီး ငါ ဘယ်သူလဲဆိုတာ စုံစမ်းကြည့်လိုက်ပါဦးလား။ ငါက သန်းဆယ်ချီလောက်ကို ဂရုစိုက်မနေဘူး။ မင်း ကစားရဲလားသာ ပြောလိုက် "

ယဲ့ဖန်သည် ထိုလူ၏ မျက်နှာကို ကြည့်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။

" ကောင်းပြီ၊ ဒါဆို ကျွန်တော်က သူရဲကောင်းကျိုးနဲ့အတူတူ ကစားဖို့ စွန့်စားရလည်း အဆုံးထိ လိုက်ပေးမယ် "

ကျိုးဟုန်းဖသည် သူ၏ တိုကင်ပြား သန်း၂၀ဖိုးကို ဒိုင်၏ လောင်းကြေးထည့်ရာ နေရာတွင် ချက်ချင်းတင်လိုက်သည်။

" ငါ ဒီတစ်ခါလည်း ဒိုင်ဘက်ကို ထပ်လောင်းမယ် "

ယဲ့ဖန်မှ မသိမသာ ပုခုံးတွန့်လိုက်သည်။

" ဒါဆို ကျွန်တော်က ကစားသမားဘက်ကပဲပေါ့ "

ထိုသို့ဖြင့် ယဲ့ဖန်သည်လည်း ယွမ် သန်း၂၀တန်သည့် တိုကင်ပြားများကို ပစ်တင်လိုက်သည်။

လူတိုင်း၏ စိတ်ခံစားချက်များမှာ မွှေနှောက်ခံလိုက်ရပြီး တိတ်တဆိတ် တုန်လှုပ်ရှားသွားကြသည်။

ကတ်ဝေသည့်ကိုယ်စားလှယ်က ကတ်တွေကို ပြန်ဝေပေးသည်။

ယဲ့ဖန်သည် ကြည့်ပင် မကြည့်ချေ။

ကတ်နှစ်ကတ်ကို တန်း၍ လှန်လိုက်သည်။

ကတ်များမှာ 6 နှင့် 10 တို့ ဖြစ်ကြသည်။

10 ကို 0 အဖြစ်သာ ရေတွက်သောကြောင့် ကတ်နှစ်ခု၏ စုစုပေါင်းတန်ဖိုးမှာ 6 ဖြစ်သည်။

5 ထက် မြင့်သောကြောင့် ကတ်တစ်ကတ် ထပ်ယူရန် မလိုအပ်ချေ။

အားလုံးက ကျိုးဟုန်းဖကို လှည့်ကြည့်လိုက်ကြသည်။

ထိုလူ၏ ကတ်များမှ စုစုပေါင်းရမှတ်သည် 6 ထက်များနေသရွေ့ ဒီပွဲကို သေချာပေါက် အနိုင်ရမှာဖြစ်သည်။

ကျိုးဟုန်းဖ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

သူ့လက်ထဲမှ ဖဲချပ်များကို တစ်ချပ်ချင်းစီ လှန်လိုက်သည်။

ပထမကတ်သည် 8 ဟု မြင်လိုက်ရသဖြင့် ထိုဖဲချပ်က သူ့ကို ပို၍ပင် ကြောက်ရွံ့လာစေသည်။

သူ့စိတ်ထဲတွင် " ၀ ၀ ၀ ၀ ၀ ၀ .... " ဟုသာ ဆက်တိုက် အော်ဟစ်နေခဲ့လေသည်။

ဒုတိယကတ်သည် 10, K, Q, J သို့မဟုတ် A စသည်တို့ ဖြစ်နေပါက သူသည် ဂိမ်းကိုအနိုင်ရမည်ဖြစ်ပြီး ထိုကတ်များ ရရန် ဖြစ်နိုင်ခြေမှာလည်း မြင့်မားသည်။

သို့သော် ဒုတိယကတ်ကို လှန်လိုက်သောအခါ သူ စကားမပြောနိုင် ဖြစ်သွားသည်။

သူ၏ ဒုတိယကတ်မှာ 6 ဖြစ်ပြီး စုစုပေါင်း 14 မှတ်ဖြစ်ရာ 4 ဟုသာ မှတ်ယူလေသည်။

မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည့် လူတိုင်းက ချက်ချင်း သက်ပြင်းချလိုက်ကြသည်။

သူတို့၏ မျှော်လင့်ချက်ရောင်ခြည်တို့မှာ အနည်းငယ် တုန်လှုပ်သွားပုံရသည်။

သို့သော် ထိုအရာမှာ အဆုံးသတ် မဟုတ်သေးပေ။

ကျိုးဟုန်းဖ၏ ကတ်သည် ၂ကတ်ပေါင်းမှ 4သာဖြစ်၍ 5 မှတ်ထက် နိမ့်သောကြောင့် သူသည် အခြားကတ်တစ်ခုကို ယူရလိမ့်မည်။

ဤအချီတွင် နိုင်ခြင်း၊ ရှုံးခြင်းက ထိုနောက်ဆုံးကတ်ပေါ်တွင် မူတည်နေသည်။

ကတ်ဝေကိုယ်စားလှယ်သည် တတိယကတ်ကို အမြန်ဝေပေးလိုက်သည်။

ကျိုးဟုန်းဖ သည် ကတ်ကို ချက်ချင်း မကိုင်လိုက်ပေ။

ထိုအစား သူသည် ကတ်ကို မယူလိုက်မီ သူ့စိတ်အခြေအနေကို ချိန်ညှိကာ အနည်းငယ် ငြိမ်သက်အောင် စောင့်ပြီးမှ ကတ်ကို ဖြည်းဖြည်းချင်း လှန်လိုက်သည်။

သူ့နောက်မှာ ရပ်နေသည့် လူအနည်းစုသည် ကတ်ရလဒ်ကို မြင်ချင်နေပြီဖြစ်၍ ချက်ချင်း ခေါင်းတိုးဝေ့လာကြသည်။

ကျိုးဟုန်းဖသည် ဤအချီတွင် အနိုင်ရလိုပါက တတိယကတ်သည် 3၊ 4 သို့မဟုတ် 5 ဖြစ်ရမည်။

ဖဲချပ်ကို ဖြည်းဖြည်းချင်း လှန်လိုက်ပြီး အနက်ရောင် အနည်းငယ်၊ ထို့နောက် နောက်ဆုံး နံပါတ် ............... ♣️ J ဖြစ်သည်။

J ♣️ကို လူတိုင်း မြင်လိုက်ကြသောအခါ အားလုံး သက်ပြင်းချလိုက်ကြသည်။

ကတ်သုံးကတ်သည် စုစုပေါင်းမှ 4မှတ်အထိသာ ရသွားသည်။

သူ ရှုံးသွားပြီပဲ။

ကျိုးဟုန်းဖ၏ အမူအရာသည် အကျည်းတန်ရုပ်ဆိုးသွားသည်။

သူရှုံးပြီ၊ ထပ်ရှုံးပြန်ပြီ။

သူသည် ဖဲကတ်များကို စားပွဲပေါ်သို့ ပစ်ချပြီး စားပွဲကို အားနဲ့ အပြင်းအထန် ထိုးလိုက်သည်။

" ချီး၊ ရှုံးပြန်ပြီလား။ သူ့ကံက ဆိုးလွန်းနေတာ မဟုတ်ဘူးလား "

" ပထမ တစ်ချီတုန်းက ၁၀သန်း ရှုံးတယ်။ အခု သန်း ၂၀ ထပ်ရှုံးတယ်။ ငါသာဆိုရင် နှလုံးရောဂါဖောက်သွားမှာတောင် စိုးရိမ်ရတယ် "

" ခဏလေးအတွင်းမှာတင် ဥက္ကဌကျိုးက သန်း၃၀ ရှုံးသွားပြီ "

" ဒီကလေးက လိမ်ဆော့ခဲ့တာများလား။ သူက ဘယ်လိုလုပ်ပြီး အကြိမ်တိုင်းကို နိုင်နေရတာလဲ "

" မင်း ငါ့ကို လာနောက်နေတာလား။ ကတ်တွေကို ကိုယ်စားလှယ်က ဝေပေးတာလေ။ သူက ဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ။ ဥက္ကဌကျိုးကို တမင်လှည့်စားဖို့ ကာစီနိုနဲ့ ပူးပေါင်းထားတာ ဆိုရင်တော့ တစ်မျိုးပေါ့ "

" ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ကာစီနိုတော်တော်များများက ဒီလိုလှည့်ကွက်မျိုးကို သုံးကြတယ် "

" ရှူး၊ ဒီလို စကားတွေကို လက်လွှတ်စပယ် မပြောနဲ့။ ဒါ ဟုန်းမိသားစုရဲ့ နယ်မြေပဲ ......... "

အားလုံးမှ ဆွေးနွေးနေကြချိန် ယဲ့ဖန်မှ ခပ်ဖျော့ဖျော့ ပြုံးနေလိုက်သည်။

" ကျွန်တော့်ကို အနိုင်ယူခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် ဟားဟားဟား ...... "

သန်း၄၀ဖိုး တိုကင်ပြားတွေကို ပြန်ယူပြီး ပြုံးလိုက်သည်။

သူသည် အချိန်တိုလေးအတွင်းမှာပင် ယွမ် သန်း၃၀ ဝင်ငွေရရှိနေပြီ ဖြစ်သည်။

ထို ကျိုးဟုန်းဖဆိုသူသည် တကယ်ပင် သူ၏ လာဘ်ခေါ်ငါး ဖြစ်လာသည်။

သူ့ဘေးတွင် ထိုင်နေသည့် ချန်းဖေးအယ်ပင် ခေါင်းတစ်ခုလုံး ထုံနေတော့သည်။

ယဲ့ဖန်သည် တစ်မနက်လုံး အနိုင်ရနေခဲ့သည်။

သူသည် နိုင်ရသည်ကို ထုံနေပြီလား မသိသော်လည်း သူမမှာတော့ ကြည့်ရုံနှင့်ပင် အတော်လေး အိပ်မက်ကမ္ဘာကဲ့သို့ ခံစားရကာ ထုံနေပြီဖြစ်သည်။

သူမသည် ပိုက်ဆံရှာဖို့ဆိုသည်မှာ အလွန်ရိုးရှင်းသည့် အရာတစ်ခုဟုပင် ထင်ယောင်ထင်မှား ဖြစ်လာခဲ့သည်။

သူမသည် လောင်းကစား စင်ပေါ်သို့ တက်လိုက်ရုံဖြင့် သန်းသောင်းချီပြီး အနိုင်ရနိုင်သည်ဟု ထင်မိသည်။

သို့သော် လောင်းကစားသမား ဆယ်ယောက်တွင် ကိုးယောက်မှာ ရှုံးနိမ့်ကြရသည်ကို သူမ မေ့နေခဲ့သည်။

ကာစီနိုထဲသို့ ဝင်ရောက်လာသူ အများစုသည် အရာအားလုံးကို ဆုံးရှုံးသွားကြရသည်။

ငွေအမြောက်အမြား အထူးသဖြင့် သန်းဆယ်ချီပြီး ရနိုင်သူများမှာ အလွန်ပင် ရှားလှသည်။

" ခွေးသား၊ မင်း ဒီတစ်ပွဲမှာ ယွမ် သန်း၄၀ဖိုး လောင်းရဲလား "

ကျိုးဟုန်းဖ၏ မျက်လုံးများသည် ရှုံးနိမ့်ခြင်းမှ နီရဲလာခဲ့သည်။

သူသည် ယဲ့ဖန်ကို စိုက်ကြည့်နေပြီး အံကြိတ်သံဖြင့် ပြောလိုက်သည်။

သူ့စကားကို ကြားသည့်အခါ လောင်းကစားရုံတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

" ဒါက ရူးနေတာပဲ။ တကယ်ကို ရူးနေတာ။ ဥက္ကဌကျိုးက သန်း၄၀ဖိုးကို တကယ် လောင်းချင်နေတာလား "

" ဒါက အကြီးအကျယ် ဆုံးရှုံးမှုကြီးပဲ။ တခြားသူသာဆိုရင် နှစ်ကျော့ပေါင်းတည်းနဲ့ သန်း၃၀ ရှုံးထားရင် ထပ်ရှုံးမှာကို ကြောက်နေမှာ "

" သူ့ရဲ့ စိတ်က ပြိုပျက်နေပြီ။ သူ ရှုံးခဲ့တဲ့ ပိုက်ဆံအားလုံးကို ပြန်လိုချင်တာဆိုပေမယ့်လည်း ဒါကြီးက အရမ်းအန္တရာယ်များလွန်းတယ် "

" ဟုတ်တယ်၊ ခဏလေး စိတ်အားထက်သန်မှုကြောင့်နဲ့ စည်းစိမ်ဥစ္စာတွေ ဘယ်လောက်တောင် ဆုံးရှုံးသွားနိုင်တာမလို့လဲ "

" ဥက္ကဌကျိုး၊ နည်းနည်း စိတ်အေးအေးထားပါဦး ....... "

ကျိုးဟုန်းဖသည် ခေါင်းကို လှည့်ပြီး သူတို့ကို စိုက်ကြည့်နေလိုက်သည်။

" ခွေးသားတွေ၊ စောက်ပါးစပ် ပိတ်ထား။ မင်းတို့ထဲက တစ်ယောက်ယောက်ကများ နောက်တစ်ခါ ထပ်ပြီး မဟုတ်တာတွေ ပြောရဲမယ်ဆိုရင် ငါ မင်းတို့ကို တစ်စစီ လုပ်ပစ်မယ် "

သူသည် ထိုလူများကြားတွင် ဂုဏ်သိက္ခာနှင့် အာဏာများစွာ ရှိသည်မှာ ထင်ရှားသည်။

သူအော်လိုက်သည်နှင့် လူတိုင်းသည် ချက်ချင်း ထိတ်လန့်သွားကာ အခြားဘာမှ ထပ်မပြောရဲကြတော့ပေ။

ကျိုးဟုန်းဖသည် ယဲ့ဖန်ဘက်ကို ပြန်လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများတွင်လည်း ခြိမ်းခြောက်မှုတွေဖြင့် ပြည့်နှက်နေသည်။

" မင်းက ယောက်ျားမလား။ ဖြေစရာရှိတာ ဖြေ။ လောင်းရဲတဲ့ သတ္တိရှိလား "

ယဲ့ဖန်သည် ထိုလူမှာ စိတ်လွတ်သွားပြီဆိုသည်ကို ပြောနိုင်နေလေသည်။

အကယ်၍ သူသည် အခု လောင်းကစားကို မလုပ်ချင်ဘူးဟု ပြောလိုက်ပါက ထိုလူသည် သူ့ကို သေသည်အထိ တိုက်ခိုက်ပေလိမ့်မည်။

သို့သော် ဤအရာသည် ယဲ့ဖန် မြင်ချင်သည့်အရာပင် ဖြစ်သည်။

" ဥက္ကဌကျိုးက ဒီလိုပြောလာမှတော့ ကျွန်တော်က မလောင်းချင်ရင်တောင် လောင်းကြေးထပ်ရမှာပေါ့ "

ကျိုးဟုန်းဖသည် သူပြောသည်ကို ကြားပြီးနောက် ချက်ချင်းပဲ နတ်ဆိုးဆန်စွာ ပြုံးပြလိုက်သည်။

" ကောင်းပြီ၊ ဒီပွဲအတွက်လည်း ဒိုင်ဘက်က လောင်းမယ်။ ဒိုင်က တစ်ချီတောင် မနိုင်ဘူးလို့ ငါ မယုံဘူး "

သူသည် ထိုစကားပြောရင်းဖြင့် သူ့လက်ထဲမှ တိုကင်ပြားများကို ဒိုင်၏ လောင်းကြေးနေရာဘက်သို့ တွန်းတင်တော့မည်ဖြစ်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်မှ သူ့ပုခုံးကို အနောက်ကနေ ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။

" ဥက္ကဌကျိုး၊ စိတ်အေးအေးထားပါ "

ကျိုးဟုန်းဖသည် ဒေါသတကြီးဖြစ်သွားသည်။

သူ့ကို တားရဲသောသူသည် သူ့ရန်သူ ဖြစ်ပေမည်။

ထို့ကြောင့် ချက်ချင်း ခေါင်းကို လှည့်ကာ ထိုလူကို စိုက်ကြည့်လိုက်သည်။

သို့သော် ထိုလူ၏ ရုပ်အသွင်အပြင်ကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါ သူ၏ ဒေါသမှာ ချက်ချင်းပင် လျော့ပါးသွားရသည်။

" ယွမ်လူကြီးမင်းလား "

သူသည် ထိုလူကို ချက်ချင်း မှတ်မိလေသည်။

မဟုတ်ချေ လောင်းကစားရုံတစ်ခုလုံးရှိ လောင်းကစားဟောင်းအများစုသည် ထိုလူကို သိကြသည်။

သူ၏ အမည်မှာ ယွမ်ရှစ်ရင်းဖြစ်ပြီး 'လက်ကိုးချောင်းရှိသော သရဲလက်' ဟု အမည်ပြောင်ပင် ပေးခံထားရသည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်က သူသည် ကာစီနိုများတွင် ကျင်လည်ခဲ့သူဖြစ်သည်။

နောက်ပိုင်းတွင် လောင်းကစားရုံတစ်ခု၌ လိမ်လည်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။

တစ်ဖက်မှ သူ့လက်နှင့်ခြေများကို ဖြတ်ပစ်တော့မည် ဖြစ်သည်။

သို့သော် အဆုံး၌ ဆရာကြီးဟုန်းသည် သူ့အား ကာကွယ်ပေးရန် ချက်ချင်း ရှေ့တက်လာခဲ့သည်။

သူသည် တစ်ဖက်ကို ရှင်းပြချက်ပေးရန် လက်တစ်ချောင်းကိုသာ ဖြတ်လိုက်သည်။

ထိုအချိန်မှစ၍ ယွမ်ရှစ်ရင်းသည် လောင်းကစားလောကမှ ထွက်ခွာသွားပြီး ဟုန်းမိသားစုအပေါ် သစ္စာစောင့်သိကြောင်း ကတိပြုခဲ့သည်။

ထိုသို့သော ကျွမ်းကျင်ပညာရှင်ဖြင့် ဟုန်း မိသားစု၏ ကာစီနိုသည် နှစ်များစွာ ပြဿနာများ မရှိခဲ့ချေ။

ဆရာကြီးယွမ်သည် ယနေ့ ဘာကြောင့် ရုတ်တရက် ပေါ်လာသည်လဲဆိုတာကို သူတို့ အံ့သြနေကြသည်။

ယွမ်ရှစ်ရင်းသည် ယဲ့ဖန်ကို ကြည့်လိုက်ပြီးနောက် ကျိုးဟုန်းဖကို လှည့်ကြည့်လိုက်သည်။

" ဒီလူကြီးမင်းနဲ့ ခဏလောက် ကစားပါရစေ "

ကျိုးဟုန်းဖ၏ မျက်လုံးများ တောက်ပသွားသည်။

" ဆရာကြီးဆိုလိုတာက ဒီကလေးက လှည့်စားနေတာလား "

ဆရာကြီးယွမ်ကိုယ်တိုင် ထွက်လာရသည်ဆိုကတည်းက ထိုကလေးသည် တစ်ခုခု လုပ်ထားတာ ဖြစ်ရမည်။

တစ်ဖက်လူမှ လှည့်စားနေသည်ဟု မသိစိတ်မှ တွေးလိုက်မိသောကြောင့် သူရှုံးခဲ့ရသော ပိုက်ဆံအားလုံးကို ပြန်ရနိုင်မည်ဟု ထင်မိသည်။

သို့သော် ယွမ်ရှစ်ရင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ချက်ချင်း ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။

" မဟုတ်ပါဘူး။ ဒီညီလေးက ယွမ် ၁သောင်းတည်းနဲ့ ယွမ်သန်း၁၀၀ကျော် နိုင်ထားတာပါ။ ဒီလိုပညာရှင်ကို တွေ့လိုက်ရတော့ ဒီကအဘိုးအိုကြီးရဲ့ လက်တွေက နည်းနည်း ယားလာတယ်။ အဲ့တာကြောင့် ဒီလိုပညာရှင်မျိုးနဲ့ တစ်ပွဲစမ်းကြည့်ချင်တာပါ "

ယွမ်ရှစ်ရင်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် နေရာရှိ လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အပိုင်း ( ၉၀၃ )

ကျွမ်းကျင်သူတွေရဲ့ တိုက်ပွဲက တကယ် စိတ်လှုပ်ရှားစရာကောင်းတယ်။

ယွမ်ရှစ်ရင်း၏ စကားကို ကြားပြီးသည့်အခါ အားလုံးက ယဲ့ဖန်ကို အံ့သြစွာ ကြည့်နေလိုက်ကြသည်။

သူက ယွမ် ၁သောင်းပဲ သုံးပြီး ယွမ်သန်း ၁၀၀ကျော် ရခဲ့တာလား။

ထိုသည်က သူတို့၏ နားလည်နိုင်စွမ်းကို ဖျက်ဆီးလိုက်သည်။

" အိုး၊ ဒါဆို သူက အဆ ၁၀,၀၀၀ကျော် နိုင်ခဲ့တာလား။ ငါတို့ကို နောက်စရာ ဟာသလို့ ထင်နေတာလား "

" ဆရာကြီး ယွမ်က ဒီလိုပြောလာမှတော့ အမှန်ပဲဖြစ်ရမယ် "

" ဆရာကြီးယွမ်ကို ကိုယ်တိုင် လာခိုင်းတာ အံ့သြစရာ မရှိတော့ပါဘူး။ ဒီလူငယ်လေးက တကယ်ကို အံ့သြစရာကောင်းတာပဲ "

" သူ့ကို လောင်းကစားနတ်ဘုရားက ဝင်ပူးသွားတာပဲ ဖြစ်ရမယ် ........ "

အထူးသဖြင့် ယဲ့ဖန်နှင့် အတူတူ စားပွဲတစ်ဝိုင်းတည်းမှာ ထိုင်နေသည့် လောင်းကစားသမားများ အားလုံးသည် ကံကောင်းသွားသည်ဟု ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် ထိုလူငယ်လေးနှင့် လောင်းကစား မလုပ်ရဲခဲ့ကြပေ။

ထိုကောင်လေးသည် သန်မာလွန်းသဖြင့် သူတို့၌ ငွေမည်မျှပင် ရှိပါစေ အကုန်ရှုံးမည်မှာ သေချာသည်။

ကျိုးဟုန်းဖသည် ချွေးအေးများ စီးကျလာသည်။

ယွမ်ရှစ်ရင်းသာ အချိန်မီ ရောက်မလာခဲ့လျှင် သူ၏ သန်း ၄၀သည် ရေမြောင်းထဲသို့ ရောက်သွားပေလိမ့်မည်။

ထို့ကြောင့် သူ မတတ်နိုင်ဘဲ နှလုံးသားထဲမှ မုန်းတီးမိသည်။

ထိုကလေးသည် ပထမဆုံး ရောက်လာခါစက ယွမ် ၁သိန်းချင်းစီဖြင့်သာ စလောင်းခဲ့လေသည်။

ဒါဆို သူက ကျားစားဖို့ ဝက်ဟန်ဆောင်ခဲ့တာပေါ့။

ကြည့်ရသည်မှာ သူ၏ ယွမ်သန်း၃၀သည် ပြန်ရနိုင်မည့် အနေအထားမရှိတော့ပေ။

ထိုသို့ တွေးပြီးနောက် သူ အလွန်ကို စိတ်ဓာတ်ကျသွားရသည်။

သို့သော်လည်း သူသည် သူ၏ထိုင်ခုံနေရာကို ချက်ချင်း ဖယ်ပေးလိုက်သည်။

ယွမ်ရှစ်ရင်း ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။

ထို့နောက် ခေါင်းကို မော့ကာ ယဲ့ဖန်ကို ပြုံးပြသည်။

" ဖန်လူကြီးမင်း၊ ငါနဲ့ တစ်ပွဲနှစ်ပွဲလောက်ဆော့ပေးနိုင်မယ်မလား "

ယဲ့ဖန်သည် ထိုလူမှ သူ၏ မျိုးရိုးနာမည်အတုဖြစ်သော ဖန်ဆိုသည့်နာမည်ကို သိနေသည်အား အံ့ဩသွားခြင်း မရှိပေ။

ထိုသို့ဖြင် သူ အသာအယာသာ ခေါင်းညိတ်ပြလိုက်သည်။

" ရပါတယ်၊ စိတ်ထဲမထားပါဘူး "

ထိုသို့ပြောပြီး တိတ်တဆိတ် လေ့လာလိုက်သည်။

ထိုအချိန်တွင် မူလ ကတ်ဝေနေသူနေရာ၌ အခြား အသက်ငါးဆယ်အရွယ် ယောက်ျားတစ်ယောက်နှင့် လဲသွားသည်။

တစ်ချိန်တည်းမှာပင် ထိုလူများ၏ အနောက်၌ မျက်နှာသစ် လူသုံးယောက်ကို ယဲ့ဖန် သတိထားမိလိုက်သည်။

ထိုလူသုံးယောက်သည် သူ့ကို အမဲဖြတ်တော့မည့် ချီတာသုံးကောင်လို ကြည့်နေကြသည်။

ထိုအပြောင်းအလဲများကို သတိထားမိပြီးနောက် ယဲ့ဖန်၏ နှုတ်ခမ်းဖျားသည် ပုံဖမ်းမရသော နတ်ဆိုးအပြုံးသဖွယ် ချက်ချင်း ကွေးတက်သွားတော့သည်။

သူ၏ ကောင်းကင်ထိုးခွင်းနိုင်သော သရုပ်ပြချက်သည် ကာစီနိုရုံ၏ အတွင်းပိုင်းကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေပြီး အာရုံဆွဲဆောင်နိုင်ခဲ့သည်မှာ သေချာသည်။

သို့သော် ဤကိစ္စများသည် သူ၏ ခန့်မှန်းချက်များသာ ဖြစ်သည်။

သူသည် ယွမ် ၁သောင်းကိုသာ သုံးပြီး ယွမ် သန်း၁၀၀ကျော် အနိုင်ရခဲ့သည်။

အကယ်၍ ကာစီနိုဘက်မှ အရေးမယူလျှင်မှ ပုံမှန်မဟုတ်တာ ဖြစ်ပေမည်။

ဤသည်မှာ ယဲ့ဖန် လိုချင်သည့် အခြေအနေဖြင့် အံဝင်ခွင်ကျဖြစ်သည်။

သူတို့သည် ကာစီနိုရုံသို့ ပြဿနာလာရှာသည်ဖြစ်၍ ကာစီနို၏ ပညာရှင်ကြီးများနှင့် သေချာပေါက် ထိပ်တိုက်ရင်ဆိုင်ရဖို့ လိုပေမည်။

" ဖန်လူကြီးမင်း၊ ဖဲထုပ်ကို လဲမယ်ဆို စိတ်မရှိဘူး မဟုတ်လား "

ယွမ်ရှစ်ရင်းသည် စီးကရက်လိပ်ကို မီးညှိလိုက်ပြီး အငွေ့ကိုရှိုက်လျက် ယဲ့ဖန်ကို မေးလိုက်သည်။

ယဲ့ဖန်သည် အသာအယာ ပြုံးပြလိုက်သည်။

" ဒါပေါ့၊ ရပါတယ် "

ယွမ်ရှစ်ရင်းသည် အခုလေးတင် အသစ်လဲထားသော ကတ်ဝေသည့် ကိုယ်စားလှယ်ကို ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

" ကတ်တွေ လဲလိုက် "

ကိုယ်စားလှယ်ကလည်း ထိုအတွက် ပြင်ဆင်ထားပုံရသည်။

သူသည် စားပွဲအံဆွဲမှ ဖဲကတ် ၈ထုပ်ကို ယူလိုက်သည်။

ဖဲထုပ်အသစ်များကို ဖွင့်လိုက်ပြီးနောက် ယဲ့ဖန်တို့ နှစ်ယောက်အရှေ့တွင် ဖြန့်ပြလိုက်သည်။

ယွမ်ရှစ်ရင်းသည် 'စစ်ဆေးပါ'ဟု ဆိုလိုသည့် အမူအရာ ပြလိုက်သည်။

" ဖန်လူကြီးမင်း၊ မင်း ကတ်တွေကို အရင်တစ်ချက်စစ်ကြည့်လိုက်ပါ "

ယဲ့ဖန်သည်လည်း ဟိတ်ဟန်ခံမနေချေ။

ဖဲချပ်များကို ယူပြီး ကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။

" ပြဿနာ မရှိပါဘူး "

ယွမ်ရှစ်ရင်းသည်လည်း ကတ်များကို စစ်ဆေးချင်ဟန်ဆောင်လိုက်ပြီး ဘာပြဿနာမှ မရှိကြောင်း သဘောတူ ခေါင်းညိတ်လိုက်သည်။

ကိုယ်စားလှယ်သည် ကတ်များကို မွှေပြီးနောက် ချထားလိုက်သည်။

ယွမ်ရှစ်ရင်းသည် ဆေးလိပ်သောက်လျက် ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ငါတို့က ဖန်လူကြီးမင်းလို ပညာရှင်နဲ့ ကစားနေတာဆိုမှတော့ လောင်းကြေးက မသေးသင့်ဘူး။ မဟုတ်ရင် ဖန်လူကြီးမင်းကို အထင်သေးရာရောက်သွားမှာပေါ့။ဂဒီတော့ ငါက ၁၀သန်း စလောင်းမယ် "

ထိုသို့ပြောပြီး ၁၀သန်းကို ကစားသမား၏ လောင်းကြေးပုံထဲ ထည့်လိုက်သည်။

သူ၏ စကားလုံးများမှ ယဲ့ဖန်ကို သိသာစွာ နှိုးဆွနေတာ ဖြစ်ပြီး မင်းကို မျက်နှာသာပေးပြီး အများကြီးလောင်းလိုက်သည်ဟု ပြောနေသယောင်ဖြစ်သည်။

မလောင်းရဲပါက သတ္တိမရှိဘူးဟု ဆိုလိုသည်။

ယဲ့ဖန်သည် စားပွဲပေါ်သို့ နှစ်ခါခေါက်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားသည်။

" ယွမ်လူကြီးမင်းက ပြောမှတော့ ကျွန်တော်ကလည်း ကပ်စေးမကုတ်သင့်ဘူးပေါ့။ ဒိုင်ဘက်ကနေ ၁၀သန်းလောင်းမယ် "

ထိုသို့ပြောပြီးနောက် ဒိုင်ဘက်သို့ ၁၀သန်း လောင်းကြေးထည့်လိုက်သည်။

" မင်းမှာ သတ္တိရှိသားပဲ "

ယွမ်ရှစ်ရင်းသည် ချက်ချင်း ယဲ့ဖန်ကို လက်မထောင်ပြပြီးနောက် ကိုယ်စားလှယ်ကို ခေါင်းညိတ်ပြလိုက်သည်။

" ဖွင့်မယ် "

ကိုယ်စားလှယ်သည် သူတို့နှစ်ယောက်ကို နှစ်ကတ်စီ ပေးသည်။

အခြားကစားသမားများသည် ဤပွဲတွင် ဝင်မကစားကြပေ။

သူတို့သည် ပညာရှင်များနှင့်အတူ ကစားသည့်ပွဲ၌ ပါဝင်နိုင်သည့် အရည်အချင်းမျိုး မရှိချေ။

သူတို့သည် စိတ်လှုပ်ရှားစွာဖြင့်သာ ကြည့်နေကြသည်။

ယဲ့ဖန်သည် အရင်နှစ်ပွဲကဲ့သို့သာ လုပ်ခဲ့သည်။

ကတ်နှစ်ကတ်ကို ရသည်နှင့် တန်းဖွင့်လိုက်သည်။

1 နှင့် 5 တို့ဖြစ်ပြီး စုစုပေါင်း 6 မှတ်ရရှိလေသည်။

ယွမ်ရှစ်ရင်းသည်လည်း အချိန်ဆွဲမနေဘဲ သူ၏ ကတ်နှစ်ကတ်ကို တန်းဖွင့်လိုက်သည်။

ထိုလူ၏ နှစ်ကတ်မှာ 2 နှင့် 6 တို့ ဖြစ်ကြ၍ စုစုပေါင်းမှာ 8 ဖြစ်သည်။

" စိတ်မကောင်းပါဘူး၊ ဒီပွဲကို ငါနိုင်ပြီ "

ယွမ်ရှစ်ရင်းသည် ပုံမှန်ကတ်များ ရရှိသည်ကို နေရာ၌ ရှိနေသည့် လောင်းကစားသမားများက မြင်သောအခါ အားလုံးက ပြောကြသည်။

" ဆရာကြီးယွမ်က တကယ် လက်ရည်မကျသေးဘူး။ သူက လှုပ်ရှားလိုက်တာနဲ့ အနိုင်ရတယ် "

" ကျစ်ကျစ်ကျစ်၊ ငါ့စံပြပုဂ္ဂိုဟ်ဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူ့ရဲ့ ခွန်အားက အကန့်အသတ်မရှိဘူး "

" ဒီကလေးက ခုနကထိ မောက်မာနေတာ။ အခု သူ လုံးဝ အရိုက်ခံနေရပြီ မဟုတ်လား "

" ဟားဟားဟား၊ သူက ငါတို့ရှေ့မှာပဲ အမောက်ထောင်ပြနိုင်တာ။ ဆရာကြီးယွမ်နဲ့ တွေ့တဲ့အခါကျ လုံးဝ အဆုံးသတ်သွားတာပဲ "

" ဆရာကြီးယွမ်က လောင်းကစားလောကကို စိုးမိုးနေချိန်တုန်းက ဒီကလေးက နို့သောက်နေတုန်းလောက်ပဲ မဟုတ်လား "

လူတိုင်းက ယွမ်ရှစ်ရင်းကို အလွန်လေးစားအားကျနေကြသည်။

ပထမအချီတွင် အနိုင်ရသွားသည်ကို မြင်ပြီးနောက် သူတို့က ချက်ချင်း သူ့ကို ဦးနှောက်မဲ့စွာ ချီးကျူးလာကြသည်။

ချန်းဖေးအယ်သည် ယဲ့ဖန် ရှုံးသွားသည်ကို မြင်လိုက်ရပြီး သူမ၏ စိတ်ထဲ၌ လေးလံလာသည်။

ဤအကြိမ်သည် ယဲ့ဖန်၏ ရှုံးရမည့်အချိန် ရောက်လာခြင်း ဖြစ်နိုင်သည်။

တစ်ကြိမ်တည်းဖြင့် ၁၀သန်း ရှုံးသွားသည်။

သူ ဒေါသထွက်သွားမည်ကို သူမ စိုးရိမ်ပြီး သူ၏ အမူအရာကို အမြန်ကြည့်လိုက်သည်။

သို့သော် သူမ၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ယဲ့ဖန်၏ အမူအရာမှာ ပြောင်းလဲမသွားချေ။

ထိုအခြေအနေကို သူက မျှော်လင့်ထားသလိုသာ ဖြစ်နေသည်။

" ဆရာကြီးယွမ်က တကယ်ကို အစွမ်းထက်ပါတယ်။ ဂျူနီယာက ခင်ဗျားကို ချီးကျူးပါတယ် "

ယဲ့ဖန်သည် ယွမ်ရှစ်ရင်းကို ချက်ချင်း ဂုဏ်ပြုလိုက်သည်။

" ကျေးဇူးတင်ပါတယ် "

ယွမ်ရှစ်ရင်းကလည်း သူ့မျက်နှာတွင် အပြုံးချိတ်ဆွဲလျက် လက်စုကာ အရိုအသေပေးလိုက်သည်။

သူတို့နှစ်ဦး၏ မျက်နှာပေါ်တွင် အပြုံးများရှိနေသော်လည်း အနီးနားရှိလူများမှ ယမ်းနံ့များသည် ပို၍ ပြင်းထန်လာကြောင်းကို သတိပြုမိကြသည်။

ကြီးကျယ်သော တိုက်ပွဲကြီး ဆင်နွှဲနေသကဲ့သို့ပင် ဖြစ်နေသည်။

" ဖန်လူကြီးမင်း၊ ငါ ဒီအဝိုင်းအတွက် ယွမ်သန်း ၂၀ လောင်းဖို့ စီစဉ်ထားတယ်။ မင်း ဆက်လောင်းဖို့ သတ္တိရှိရဲ့လားလို့ ငါ မေးချင်တယ် "

ယွမ်ရှစ်ရင်းသည် ယဲ့ဖန်၏ အဖြေကို စောင့်မနေချေ။

သူက အရင် ဦးဆောင်ပြီး ဒိုင်ဘက်သို့ သန်း၂၀ကို လောင်းကြေးထည့်ကာ ပြုံးလျက်ဖြင့် ယဲ့ဖန် ပြန်ဖြေသည်ကို စောင့်နေသည်။

ယဲ့ဖန် မျက်ခုံးပင့်လိုက်သည်။

" ဒါပေါ့၊ ကျွန်တော်က လောင်းချင်ပါတယ်။ ခင်ဗျားကို မေးခွန်းမထုတ်ရဲပါဘူး "

သူသည် ပြောနေရင်းဖြင့် သန်း၂ဝဖိုး တိုကင်ပြားများကို ကစားသမားလောင်းကြေးထဲသို့ တန်းပြီး တွန်းထည့်လိုက်သည်။

" ဟား ....... "

ထိုမြင်ကွင်းကို အနီးနားရှိ လောင်းကစားသမားများက မြင်သောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

ကျွမ်းကျင်သူတွေကြားက တိုက်ပွဲက တကယ် စိတ်လှုပ်ရှားစရာကောင်းလွန်းတယ်။

အပိုင်း ( ၉၀၄ )

ဒီနေ့အတွက် ကံကောင်းမှုတွေ အကုန်သုံးပြီးသွားပြီ။

ကိုယ်စားလှယ်မှ ကတ်များကို မွှေပြီးနောက် ပေးသည်။

ယွမ်ရှစ်ရင်းသည် ကတ်နှစ်ကတ်ကို ကောက်ယူပြီး ကြည့်လိုက်သည်။

ထို့နောက် ပြုံးလိုက်သည်။

" ဒီပွဲက နည်းနည်း အန္တရာယ်များပုံပဲ "

ထိုစကားကို ပြောပြီးနောက် ကတ်နှစ်ကတ်ကို ဖြန့်ပြလိုက်သည်။

ထိုကတ်များသည် A နှင့် 10 တို့ဖြစ်ပြီး စုစုပေါင်း 1 မှတ်ဟု ယူနိုင်သည်။

လောင်းကစားသမားများ၏ နှလုံးသားများမှာ ချက်ချင်း ခုန်ပေါက်သွားရသည်။

သူတို့သည် ယဲ့ဖန်ဆီသို့ လှည့်ကြည့်လိုက်သည်။

8 သို့မဟုတ် 9 ရနိုင်ပါက ဒီပွဲကို သူ အနိုင်ရမှာဖြစ်သည်။

ယဲ့ဖန်သည် အချိန်ဖြုန်းမနေခဲ့ပေ။

သူသည် သူ၏ ကတ်နှစ်ကတ်ကို တန်းဖွင့်လိုက်သည့်အခါ ထိုကတ်တို့သည် A နှင့် 3 ဖြစ်ပြီး စုစုပေါင်း 4 မှတ် ရထားသည်။

လူတိုင်းက မထိန်းနိုင်ဘဲ ရယ်မိကြသည်။

ဒီတစ်ပွဲက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။

သူတို့နှစ်ယောက်၏ ကတ်များသည် 5 မှတ်အောက်တွင်သာ ရှိနေကြသောကြောင့် သူတို့တစ်ယောက်စီသည် နောက်ထပ် ကတ်တစ်ကတ်စီ ရရှိကြသည်။

ယွမ်ရှစ်ရင်းသည် ကိုယ်စားလှယ်ထံမှ ကတ်များကို ယူပြီးနောက် ဖွင့်ကြည့်လိုက်သည်။

ထို့နောက် သူ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

" ဒီပွဲက နည်းနည်း အန္တရာယ်များပုံရတာပဲ "

ဖဲကတ်ကို စားပွဲပေါ်သို့ တင်လိုက်၍ အားလုံးမှ လှမ်းကြည့်လိုက်သည့်အခါ 5 ဖြစ်နေသည်ကို မြင်လိုက်ရသည်။

ကတ်သုံးကတ်ပေါင်းသည်မှ 6 မှတ်အထိသာ ရထားသည်။

ဤသည်မှာ တကယ်ကိုပင် အနည်းငယ် အန္တရာယ်များသည်။

ယခုအခါ ယဲ့ဖန်၏ နောက်ဆုံးကတ်အပေါ်တွင်သာ မူတည်တော့သည်။

သူသည် 3 သို့မဟုတ် 4 နှင့် 5 တို့ရမှသာ ဤအချီတွင် သေချာပေါက် အနိုင်ရမှာဖြစ်သည်။

သို့သော် ယဲ့ဖန်သည် တတိယကတ်ကို ထုတ်ပြလိုက်သောအခါ လူတိုင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာကြသည်။

ယဲ့ဖန်၏ တတိယကတ်မှာ သုညဟု မှတ်ယူသည့် Q ဖြစ်နေသည်။

ကတ်သုံးကတ်၏ စုစုပေါင်း ရမှတ်မှာ 4မှတ်သာဖြစ်သည်။

သူ ရှုံးပြန်ပြီ။

" ဖူးဟားဟားဟား၊ သူ့ကံက ဆိုးလွန်းတာပဲမဟုတ်လား။ 2 ရရင်တောင် 6ဖြစ်ပြီး သရေကျမှာကို တကယ်ကြီး Q ရတာလား "

" ဒီကလေးက အရင်က ကံကောင်းတာပဲ မဟုတ်ဘူးလား။ ဆရာကြီးယွမ်နဲ့ တွေ့ပြီးမှ သူ့ကံက ဘာလို့ ပိုဆိုးလာတာလဲ "

" ဆရာကြီးယွမ်ရဲ့ လွှမ်းမိုးနိုင်မှုနဲ့ ကိုယ်ရောင်ဝါတွေကြောင့် သူ့ကံကြမ္မာက ကျသွားပြီထင်တယ် မဟုတ်လား "

" ဟားဟားဟား၊ သူ ဒီလိုသာ ဆက်ရှုံးနေမယ်ဆိုရင် နောက်ထပ်အကြိမ်ရေ နည်းနည်းလောက် ထပ်ကစားလိုက်တာနဲ့ သူအနိုင်ရထားတဲ့ပိုက်ဆံတွေ အကုန်ရှုံးသွားလောက်မှာ "

ယွမ်ရှစ်ရင်းလည်း ပြုံးပြီး သူ့အတွက် နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

" ဒီကတ်နဲ့ အနိုင်ရမယ်လို့ မမျှော်လင့်ထားဘူး။ တကယ် ကံကောင်းသွားခဲ့တာပဲ။ အောင်ပွဲခံခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် "

ချန်းဖေးအယ်၏ နှလုံးသားမှာ နစ်မြုပ်သွားရသည်။

ယဲ့ဖန်သည် နှစ်ချီဆက်တိုက် ရှုံးခဲ့ရသည်။

စုစုပေါင်း သန်း ၃၀ ဆုံးရှုံးနေပြီ ဖြစ်သည်။

ကြည့်ရသည်မှာ ယဲ့ဖန်သည် သူ့ပြိုင်ဘက်ကို တွေ့သွားပြီဖြစ်မည်။

သို့သော် ယဲ့ဖန်သည် သူ့ခံစားချက်များကို မပြသေးဘဲ ခေါင်းကိုသာ ညင်သာစွာ ခါလိုက်သည်။

" ဒီနေ့ ကျွန်တော့်ရဲ့ ကံကောင်းမှုတွေ အကုန်သုံးမိသွားပြီ ထင်တယ် "

ယွမ်ရှစ်ရင်းသည် ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" အဲ့လို မပြောပါနဲ့။ နောက်တစ်ပွဲကျ မင်းရဲ့ကံကြမ္မာက ပြောင်းချင် ပြောင်းလဲသွားမှာပါ။ နောက်တစ်ပွဲမှာ သန်း၄၀ကြေး ကစားကြမယ်။ မင်း လိုက်ရဲတဲ့ သတ္တိရှိလား "

လောင်းကစားသမားများသည် ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားကြပြန်သည်။

" ဆရာကြီးယွမ်က ဒီကလေးကို သေအောင်ထိ အဆုံးသတ်ဖို့ စီစဉ်နေပုံရတယ် "

" ဟုတ်တယ်၊ သူ ဒီလိုသာ ဆက်ရှုံးနေတယ်ဆိုရင် သူ့တိုကင်ပြားတွေအားလုံးကို နှစ်ခါသုံးခါလောက်နဲ့ အကုန်ရှုံးသွားတော့မှာ "

" ဒီကလေးက စိန်ခေါ်တာကို လက်မခံရဲလောက်ဘူးလို့ ငါထင်တယ် "

" ဆရာကြီးယွမ်လို ကျွမ်းကျင်သူကို ဘယ်သူက တိုက်ခိုက်ရဲမှာလဲ "

" ငါသာ ဒီကလေးသာဆိုရင် ဆက်မကစားတော့ဘူး။ ဘာပဲဖြစ်ဖြစ် နိုင်ထားတာ သန်း၁၀၀ကျော်နေပြီ။ အဲ့ငွေတွေနဲ့ ငါ့တစ်သက်လုံး သုံးမကုန်နိုင်လောက်ဘူး "

" ငါရောပဲ ......... "

အားလုံးက အကြိတ်အနယ် ဆွေးနွေးနေကြသည်။

သို့သော် ထိုအချိန်၌ ယဲ့ဖန်မှ ခေါင်းယမ်းလိုက်သည်။

" သန်း ၄၀က မလောက်ဘူး ........ "

အားလုံးက ချက်ချင်း ရယ်မောလိုက်ကြသည်။

ယွမ်ရှစ်ရင်း အနည်းငယ် စိတ်ပျက်သွားသလို အနည်းငယ်လည်း ကြောက်သွားသည်။

ယဲ့ဖန်မှ ဆက်မလိုက်ပါက ကာစီနိုရုံဘက်မှ ငွေများကို ပြန်အဖတ်ဆယ်နိုင်ရန် မသေချာတော့မည် ဖြစ်သည်။

" သန်း ၄၀က အရမ်းများနေတယ်ထင်ရင် ငါတို့က .......... "

သူ့စကား မပြီးခင် ယဲ့ဖန်မှ သူ့ကို ဖြတ်ပြောလိုက်သည်။

" သန်း၄၀က နည်းလွန်းတယ်။ ကျွန်တော် သန်း၁၀၀ လောင်းတယ်။ ခင်ဗျား လိုက်လောင်းဖို့ သတ္တိရှိလား "

ထိုစကားကို ပြောပြီးနောက် ယွမ်ရှစ်ရင်းကို ဒေါသတကြီး ကြည့်လိုက်သည်။

" ဟာ ........ "

သူ့စကားကို ကြားပြီးနောက် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

" ဒီကောင် ရူးနေတာလား။ သန်း၁၀၀ထိတောင် လောင်းကြေးတင်ဖို့ သတ္တိရှိနေတာလား "

" ငါတော့ မခံနိုင်တော့ဘူး။ ငါ ဆက်ကြည့်နေရင် ငါ့နှလုံးသားက မခံနိုင်လောက်တော့ဘူး "

" သူနဲ့ တိုက်နေတဲ့သူက ဆရာကြီးယွမ်လေ။ ဒီကလေးက တကယ်ပဲ အသက်မရှင်ချင်တော့ဘူး ထင်တယ် "

" ဒီတစ်ခါတော့ ပြဿနာက ဆရာကြီးယွမ်ရဲ့ လက်ထဲရောက်သွားပြီ။ သူက တိုက်ပွဲကို လက်ခံရဲမလားလို့ ငါတွေးမိတယ် "

" ဟဲ့ကောင်၊ ဆရာကြီးယွမ်က လက်မခံရဲတဲ့ အလောင်းအစားဆိုတာ ရှိပါ့မလား။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက သူက သန်းရာနဲ့ချီပြီး လောင်းကစားတွေ လုပ်လာခဲ့တာ "

" သန်းပေါင်းများစွာတန်တဲ့ အလောင်းအစားကို မြင်ရမှာပဲ။ ဒီနေ့က ငါ့ရဲ့ အမြင်အာရုံကို ကျယ်ပြန့်စေတယ် ....... "

ယဲ့ဖန်၏ စကားကို ကြားပြီးနောက် ချန်းဖေးအယ်သည် သူ့လက်ကို အမြန်ဆွဲကိုင်လိုက်သည်။

" စိတ်အလျင်မလိုနဲ့ ........ "

ယဲ့ဖန်သည် သူမကို စိတ်ချပါဟူသော အကြည့်မျိုးဖြင့် ကြည့်ပြီးနောက် ယွမ်ရှစ်ရင်းကို ဆက်ကြည့်လိုက်သည်။

" ခင်ဗျား ကစားဖို့ သတ္တိရှိလား။ တစ်ခုပဲ တန်းပြီး ဖြေလိုက် "

ယွမ်ရှစ်ရင်း၏ အမူအရာသည် အထပ်ထပ်အခါခါ ပြောင်းလဲနေသည်။

ထို့နောက် ယဲ့ဖန်ကို လေးနက်စွာ ကြည့်နေသည်။

" မင်း ဒီလောက်ကြေးအကြီးကြီး ကစားချင်တာလား "

ယဲ့ဖန်က ရယ်မောလိုက်သည်။

" ခင်ဗျား မကစားရဲရင် မေ့လိုက်။ ခင်ဗျား အရင်တုန်းကတော့ ကမ္ဘာကြီးကို အမိန့်ပေးနိုင်ကောင်း ပေးနိုင်ခဲ့ပေမယ့် အခုတော့ အိုနေပြီ။ အိမ်ပြန်ပြီး မြေးတွေနဲ့ပဲ ဆော့သင့်တယ် "

ထိုသို့ဖြင့် ယဲ့ဖန် မတ်တပ်ရပ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

" ရပ်လိုက် "

ယွမ်ရှစ်ရင်း ရုတ်တရက် အသံကြိတ်ကြိတ်ဖြင့် အော်လိုက်သည်။

" ကောင်းပြီ၊ လောင်းကြေးက သန်း ၁၀၀ဆိုလည်း သန်း ၁၀၀ပေါ့။ တိုကင်ပြားတွေ ယူလာခဲ့ "

ထိုသို့ပြောပြီးနောက် ငွေလဲသူအား တစ်ချက်ကြည့်လိုက်သည်။

ချက်ချင်းပင် တစ်စုံတစ်ယောက်မှ သူ့အတွက် တိုကင်ပြား သန်း ၁၀၀ဖိုးကို ပို့လာသည့်အခါ သူက ဒိုင်၏ လောင်းကြေးဘက်သို့ တွန်းထည့်လိုက်သည်။

ယဲ့ဖန်သည် ထိုမြင်ကွင်းကို မြင်ပြီးနောက် ပြန်ထိုင်လိုက်သည်။

" ခင်ဗျားက ဒိုင်ဘက်ကို ရွေးလိုက်မှတော့ ကျွန်တော်က တခြားတစ်ဖက်ကို ရွေးမယ် "

ယဲ့ဖန်သည် ပြောသည့်အတိုင်း သူ၏ တိုကင်ပြားများအားလုံးကို ကစားသမား လောင်းကြေးနေရာသို့ တွန်းထည့်လိုက်သည်။

အနီးနားရှိ လောင်းကစားသမားများသည် သူတို့၏ ဆံပင်များ အဆုံးထိ ထောင်မတ်သွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

ဤကဲ့သို့ ကြီးမားသော လောင်းကစားကြီးကို သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

အရှုံးနှင့်အနိုင်သည် ယွမ် သန်း၁၀၀ဖိုး ဖြစ်သည်။

ဤသည်မှာ အမှန်အကန်ပင် စိတ်လှုပ်ရှားစရာကောင်းလွန်းသည်။

ကာစီနိုမှ အသံသွင်းခွင့် ပေးထားသည်ဆိုပါက ဒီမြင်ကွင်းကို သူတို့ ဗီဒီယိုရိုက်ထားပြီး ထိုဗီဒီယိုကို နေ့တိုင်း ကြည့်ကြလိမ့်မည်။

လူလတ်ပိုင်း ကိုယ်စားလှယ်သည် ယဲ့ဖန်ကို စိုက်ကြည့်ပြီးနောက် မျက်တောင်ပတ်မခတ်ဘဲ ကတ်များကို မွှေနောက်တော့သည်။

ဤတစ်ကြိမ်တွင် ယဲ့ဖန် သည် ယခင်အကြိမ်များကဲ့သို့ ကတ်များကို ချက်ချင်းမဖွင့်ခဲ့ပေ။

သူသည် ကတ်များကို သူ့ရှေ့သို့ယူ၍ ဖြည်းဖြည်းချင်း ဖွင့်ကြည့်သည်။

ထိုသည်ကို မည်သူကမှ မှားသည်ဟု မခံစားရချေ။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ သန်းရာနှင့်ချီသော အလောင်းအစားကြီး ဖြစ်သည်။

စိတ်လှုပ်ရှားနေသည်မှာ မလွဲမသွေဖြစ်သည်။

ယဲ့ဖန်သည် ကတ်နှစ်ကတ်ကို ဖွင့်ကြည့်လိုက်သောအခါ 2 နှင့် 4 တို့ဖြစ်ပြီး စုစုပေါင်း 6 မှတ် ဖြစ်သည်ကို သူတွေ့လိုက်ရသည်။

သူမှလွဲ၍ သူ့ဘေးတွင် ထိုင်နေသော ချန်းဖေးအယ်တစ်ဦးတည်းကသည သူ့ကတ်များကို မြင်လိုက်ရပြီး သူမ၏ နှလုံးသားမှာ ချက်ချင်း လေးလံသွားသည်။

သူမသည် ကစားပွဲကို အချိန်အတော်ကြာ ကြည့်ရှုခဲ့ပြီး ကစားပွဲ၏ စည်းမျဉ်းများနှင့် အလွန်ရင်းနှီးလာပြီ ဖြစ်သည်။

ယဲ့ဖန်၏ ကတ်များမှာ သိပ်မကောင်းသည်ကို သူမ သိလိုက်ရပြီး အခြေအနေမှာ အနည်းငယ် ကြောက်စရာကောင်းသည်ဟုပင် ပြောလို့ရသည်။

အကြောင်းမှာ 5 ထက်ကျော်နေ၍ နောက်တစ်ကတ် ယူမရသောကြောင့် ဖြစ်သည်။

ထို့ကြောင့် 6 မှတ်ရသည်မှာ အဆင်မပြေသည့် အနေအထားတွင် ရှိနေခဲ့သည်။

7 ဖြစ်နေခြင်း 8 ဖြစ်နေခြင်းသည် ကောင်းပြီး 5 ထပ်နိမ့်၍ နောက်တစ်ကတ် ယူရခြင်းက အခြေအနေကောင်းသည်ဟု ဆိုနိုင်သေးသည်။

သို့သော်လည်း ယွမ်ရှစ်ရင်းသည် တိုက်ခိုက်ခြင်းနှင့် ဆုတ်ခွာခြင်း အနေအထားနှစ်မျိုးလုံးကို ရထားသည်။

သူ့အမှတ်သည် 6 ထက်များပါက သူသည် တိုက်ရိုက် အနိုင်သွားပေလိမ့်မည်။

6 မှတ်ထက် နိမ့်နေပါက နောက်တစ်ကတ် ထပ်ယူနိုင်သေးသည်။

ယခုအခါ တစ်ဖက်သား၏ ကတ်နှစ်ကတ်သည် 5 မှတ်အောက်သာ ရှိနေပြီး တတိယကတ်မှာလည်း မကောင်းပါစေနှင့်ဟုသာ ဆုတောင်းရတော့သည်။

သို့သော် ထိုဖြစ်နိုင်ခြေသည် အလွန်သေးငယ်သည် မဟုတ်လား။

ထိုအကြောင်းကို ယဲ့ဖန်သည် အသေအချာ သိရုံသာမက သူသည် တခြားသူတွေထက်ပင် ပိုသိသည်။

အကြောင်းမှာ သူသည် နက်နဲသော စကန်ဖတ်စစ်ဆေးခြင်းလုပ်ဆောင်ချက်ကို သုံးထားသောကြောင့် ဖြစ်သည်။

ယွမ်ရှစ်ရင်း၏ ကတ်နှစ်ခုသည် 2 နှင့် 7 အသီးသီးဖြစ်ပြီး စုစုပေါင်း 9 ရှိသည်။

တစ်နည်းဆိုရသော် ပြိုင်ဘက်သည် ဘာမှ ပြင်ဆင်ရန်ပင် မလိုအပ်ဘဲ ယခုအချီအတွက် အနိုင်ရပြီး ဖြစ်သည်။

ထိုအချိန်တွင် ယွမ်ရှစ်ရင်းသည် သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး ကတ်များကို ကြည့်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

" ခဏစောင့်ပါဦး "

ထိုအချိန်တွင် ယဲ့ဖန်မှ ရုတ်တရက် အော်လိုက်သည်။

ယွမ်ရှစ်ရင်း တောင့်သွားပြီး မော့ကြည့်လိုက်သည်။

" ဖန်လူကြီးမင်း၊ ဘာကိစ္စရှိလို့လဲ "

ယွမ်ရှစ်ရင်းသည် ယဲ့ဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

" စီးကရက် ငှားလို့ရမလား "

ယဲ့ဖန်မှ သူ့ကို ထိတ်လန့်စွာ ကြည့်ရင်းမေးသည်။

" ဟားဟားဟား ........ "

ယွမ်ရှစ်ရင်းသည် သူ့စကားကြောင့် ချက်ချင်းပင် သဘောကျသွားသည်။

သူသည် စီးကရက်ဘူးထဲမှ ဆေးလိပ်တစ်လိပ်ကို ချက်ချင်းထုတ်ကာ မီးညှိပေးလိုက်သည်။

ယဲ့ဖန်သည် ချက်ချင်းပင် သူ့ခေါင်းကို မော့လိုက်ပြီး ဆေးလိပ်ကို နှစ်ကြိမ် ရှိုက်သွင်းလိုက်ပြီးနောက် နှစ်ခါမျှ ချောင်းဆိုးလိုက်ရကာ လွန်စွာ စိုးရိမ်ကြောက်ရွံ့နေပုံရသည်။

All Chapters