← Chapters

အပိုင်း ၉၁၃-၉၁၆

Vol. 46 Ch. 913-916

အပိုင်း ၉၁၃-၉၁၆

Vol. 46 Ch. 913-916

အပိုင်း ( ၉၁၃ )

ပုံမှန်မဟုတ်သူ နှစ်ယောက်

" ဒုတိယကတ်၊ 3 ♠️ ....... "

" ဆယ့်သုံးကတ်မြောက်၊ K ♦️ ...... "

" နှစ်ဆယ့်တစ်ကတ်မြောက်၊ A ♣️ ........ "

ကတ်နှစ်ဆယ်ကျော်ကို စစ်ဆေးပြီးနောက် ယဲ့ဖန်နှင့် ဟုန်းကျားကျွန်းတို့၏ ရလဒ်မှာ တူညီနေသေးသည်။

လောင်းကစားဝိုင်းထဲရှိ ပညာရှင်အိုကြီးများသည် တစ်ယောက်ကိုတစ်ယောက် အံ့သြစွာ ကြည့်နေကြသည်။

ယဲ့ဖန်သည် ကတ်အစဉ်လိုက်များကို ပေါ့တန်စွာ ဖြတ်ခနဲသာ စိုက်ကြည့်လိုက်သည်ဖြစ်ကြောင်းကို သူတို့ ရှင်းလင်းစွာ မှတ်မိနေကြသည်။

သို့သော် သူသည် ကတ်နှစ်ဆယ်ကျော်သည်အထိ အစဉ်လိုက်ကို မှန်အောင် ရေးနိုင်ခဲ့သည်။

ဤကဲ့သို့ မှတ်ဉာဏ်မှာ တကယ်ပင် ကောင်းလှသည်။

သူတို့ထဲမှ အနည်းငယ်သည် ထိုအကြောင်းကို တွေးမိသည့်အခါ ပိုလို့ပင် အံ့သြသွားကြသည်။

သူ့မှာ ဒီလောက်ကောင်းတဲ့ မှတ်ဉာဏ်ရှိတာကို ဘာလို့ ကောင်းကောင်း မမှတ်တာလဲ။

ဟုန်းကျားကျွန်းကို အနိုင်မယူနိုင်ရင်တောင် အနည်းဆုံးတော့ သူ အရှုံးမကြီးတော့ဘူးပေါ့။

သူတို့ မတတ်နိုင်ဘဲ ခေါင်းယမ်းကာ သက်ပြင်းချကြသည်။

ယဲ့ဖန်မှ ပြန်မတိုက်ခိုက်သည်ကို သူတို့အားလုံး မြင်ကြပြီး စိတ်မကောင်း ဒေါသဖြစ်ကြသည်။

သူတို့၏ အဖြေများကို စစ်ဆေးနေစဉ် ဟယ်လန်နှင့် ချန်းဖေးအယ်တို့သည်လည်း သူမတို့၏ အဖြေများကို စစ်ဆေးနေကြသည်။

ဟယ်လန်သည် နှစ်ဆယ့်ခုနစ်ကတ်မြောက်ကို စစ်ဆေးသောအခါ သူမ ပထမဆုံးအမှားကို ကျူးလွန်ခဲ့ပြီ ဖြစ်သည်။

ထိုနောက်ပိုင်းတွင် ကျပန်းအမှားတချို့ ရှိလာခဲ့ပြီး သူမ၏ မှတ်ဉာဏ်မှာ အကန့်အသတ်ရှိနေကြောင်း ထင်ရှားလေသည်။

သူမသည် ရွေးချယ်စရာလမ်း မရှိတော့ဘဲ သူမကိုယ်သူမ အရှုံးပေးကာ ဆင်ခြေပေးရန် အကြောင်းပြချက်ကောင်းကို ရှာဖွေနေမိတော့သည်။

ဘုရားသခင်သည် လူတစ်ယောက်အတွက် တံခါးတစ်ချပ်ကို ဖွင့်ပေးလျှင် ပြတင်းပေါက်ကိုတော့ ပိတ်စေလိမ့်မည်။

သူမတွင် အခြားသူများ၌ မရှိသော အလှတရားရှိသောကြောင့် သူမ၏ မှတ်ဉာဏ်သည် သာမန်သာ ဖြစ်ခဲ့ရသည်။

ထို့အပြင် ကတ်ပေါင်း နှစ်ဆယ့်ခုနစ်ကတ်ကို အလွတ်ကျက်နိုင်သည်က မဆိုးဘူးဟု သူမခံစားမိသည်။

သေချာပေါက် သူမသည် ယဲ့ဖန်နှင့် ဟုန်းကျားကျွန်းတို့ကိုတော့ ယှဉ်လို့မရချေ။

အကြောင်းမှာ သူတို့သည် သာမန်လူများထက် များစွာ သာလွန်ထက်မြက် တော်ကြပေသည်။

သို့သော် ချန်းဖေးအယ်ကို လှည့်ကြည့်လိုက်မိသည့်အခါ သူမ ချက်ချင်း ထိတ်လန့်သွားရသည်။

ယခုအခါ ချန်းဖေးအယ်သည် ကတ် ၄၀ ကျော်ကို စစ်ဆေးခဲ့ပြီး အမှားတစ်ခုမှ မရှိသေးပေ။

ဟယ်လန်သည် စာရွက်ပေါ်မှ အမှတ်အသားများကို ကြည့်ကာ ထိုမိန်းကလေးသည် ဟန်ဆောင်နေသလားဟု တွေးမိသည်။

သူမသည် ချက်ချင်းပင် လျှို့ဝှက်အကဲခတ်ပြီးနောက် ချန်းဖေးအယ်၏ အဖြေများမှာ အမှန်တကယ် မှန်ကန်နေကြောင်း စစ်ဆေးတွေ့ရှိလိုက်သည်။

ဤသည်မှာ ဟယ်လန်အတွက် ကြီးမားသည့် ထိုးနှက်ချက်ကြီး ဖြစ်သညထ။

သူမသည် ယဲ့ဖန်နှင့် ဟုန်းကျားကျွန်းအား ရှုံးနိမ့်ခဲ့သည်ကို နားလည်နိုင်သည်။

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်သည် လောင်းကစားလောက၏ မျိုးဆက်သစ်လူငယ်တွေကြားမှ အကောင်းဆုံး လက်သစ်တွေ ဖြစ်သည်။

သို့သော်လည်း ချန်းဖေးအယ်ကို ရှုံးလိုက်ရသဖြင့် သူမ စိတ်ဓာတ်ကျကာ သွေးအန်ချင်လာသည်။

ထို့အပြင် သူမသည် 'တံခါးဖွင့်၍ ပြတင်းပေါက်ပိတ်'သည့် အကြောင်းပြချက်ကိုလည်း သုံးမရပေ။

တစ်ဖက်က မိန်းကလေး၏ အလှတရားက သူမကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်သည်။

အလှတရားနှင့် ဉာဏ်ရည်ဉာဏ်သွေးသည် အချို့သောလူများတွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်ကြောင်း သက်သေပြခဲ့သည်။

ချန်းဖေးအယ်သည် ၁၀၈ ကတ်မြောက် ရောက်လာသည့်အခါမှာတော့ အမှားလုပ်မိလာတော့သည်။

သူမ၏ နူးညံ့သိမ်မွေ့သော မျက်ခုံးလေးများသည် ချက်ချင်း စုကြုံ့သွားကာ ခေါင်းလေးကို နှစ်ကြိမ်ပင် ပုတ်လိုက်သေးသည်။

သူမသည် ထိုရလဒ်အတွက် အလွန်ကျေနပ်မှု မရှိသည်မှာ ရှင်းလင်းနေသည်။

ဟယ်လန်သည် ချန်းဖေးအယ်မှ သူမကိုယ်သူမ အပြစ်တင်နေသည်ကို မြင်လိုက်သည့်အခါ ကျိန်ဆဲမေသည်ဟု ခံစားလိုက်ရသည်။

သူမ ရေးထားတာ တစ်ရာကျော်ရှိနေပြီကို သူမက ကျေနပ်သေးဘူးလား။

မမှတ်နိုင်လို့ ၂၀ ကျော်ပဲ ရေးထားတဲ့ ငါက အရမ်းပျော်နေတယ်လို့ ထင်နေတာလား။

သူတို့ကြားမှ ခြားနားချက်သည် ကြီးမားလွန်းသည်။

မတရားဘူး၊ လောကကြီးက လုံးဝ မတရားဘူး။

သူမ စိတ်ထဲတွင် ကျိန်ဆဲပြီးနောက် ဟယ်လန် သူမ၏ အကြည့်များကို လောင်းကစားစားပွဲဆီ အမြန်ပြန်လှည့်လိုက်တော့သည်။

လက်ရှိအချိန်တွင် ဟုန်းကျားကျွန်းတို့သည် ကတ်ပေါင်း ၁၂၀ကျော်ကို စစ်ဆေးပြီးဖြစ်ပြီး ယဲ့ဖန်တို့ နှစ်ဦးလုံးမှာ တစ်ကတ်မှ မှားယွင်းခြင်း မရှိသေးပေ။

စစ်ဆေးရေးတာဝန်ခံသုံးဦး၏ အမူအရာများသည် ပို၍ပို၍ တုန်လှုပ်လာသည်။

အကယ်၍ ဟုန်းကျားကျွန်းသည် မှတ်ဉာဏ်ထဲမှ ကတ်အစဉ်များကို ချရေးနိုင်လျှင် ထိုသည်မှာ သူတို့၏ မျှော်မှန်းချက်အတွင်းထဲမှသာ ဖြစ်သည်။

သို့သော် ယဲ့ဖန်၏ ရလဒ်များသည် သူတို့၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်သွားခဲ့သည်။

အစောက ယဲ့ဖန်သည် ဂရုမဲ့စွာသာ ဖြတ်ခနဲ ကြည့်လိုက်ခြင်းဖြစ်သည်။

နည်းလမ်းတကျ ပြောရလျှင် ဒါဇင်အနည်းငယ်လောက်ကို မှတ်နိုင်ခြင်းက ဖြစ်နိုင်ပေသည်။

သို့သော် ယခုအခါ ကတ်တစ်ရာကျော်နေပြီ ဖြစ်ပြီး အမှားတစ်ခုမှလည်း မရှိသေးချေ။

သူ့ခေါင်းထဲမှာ စက်ရှိနေတာလား။

သူတို့ ကယောင်ချောက်ချား ဖြစ်နေကြသော်လည်း ဆက်လက်စစ်ဆေးရန် လိုအပ်နေသေးသောကြောင့် လက်ရှိတွင် သူတို့၏ ထိတ်လန့်မှုကို ထိန်းထားခဲ့ရသည်။

" ၁၈၂ ကတ်မြောက်၊ 2 ♥️ "

" ၂၄၇ ကတ်မြောက် 9 ♥️ "

" ၃၁၅ ကတ်၊ 6 ♠️ "

ကတ်များ ပိုများလာပြီး စစ်ဆေးအတည်ပြုပြီးသည်နှင့်အမျှ လူတိုင်း၏ ပါးစပ်များသည် ပိုမိုကျယ်လောင်စွာ ပွင့်လာကြသည်။

" ဒီနှစ်ယောက် ...... ဘယ်လောက်တောင် ပုံမှန်မဆန်လိုက်လဲ "

ဟယ်လန်သည် စိတ်ထဲမှ ပေါ်လာသည်ကို ပြောလိုက်သော်လည်း ထိုစကားသည် ရှိနေသူတိုင်း၏ အတွေးများကို သံသယဖြစ်လာစေသည်။

ဤပွဲတွင် ပြိုင်ပွဲဝင်နှစ်ဦးသည် ကတ်များ၏ အစဉ်ကို အလွတ်ကျက်ရန် စက္ကန့် ၆၀ သာရှိခဲ့ကာ ယခုအခါ ကတ် ၃၀၀ ကျော်အထိ စစ်ဆေးပြီးဖြစ်သည်။

ထိုသို့ဖြစ်နိုင်ရန် တစ်နည်းဆိုရသော် တစ်စက္ကန့်လျှင် အနည်းဆုံး ကတ်ငါးကတ် မှတ်ထားရမည်။

ဤသည်မှာ သာမာန်လူတစ်ယောက် စိတ်ကူးထားသော ကန့်သတ်ချက်များထက် ကျော်လွန်သွားလေသည်။

ဟုန်းကျားကျွန်းတွင် ဤကဲ့သို့ ရလဒ်များ ရှိနေခြင်းက လက်ခံနိုင်စရာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူ၏ ယခင်က အောင်မြင်မှုများမှာ အံသြစရာကောင်းပြီး သူ၏ အရည်အချင်းများမှာလည်း သာမန်လူများထက် သာလွန်နေသည်မှာ သေချာသည်။

သို့သော် ယဲ့ဖန်သည် ယခင်က နာမည်မရှိသူသာ ဖြစ်ခဲ့ပြီး အမှန်တကယ် ရူးချင်စရာကောင်းသော မှတ်ဉာဏ် အရည်အချင်းကို ပြသခဲ့သည်။

ဤသည်မှာ အနည်းငယ် လွန်လွန်းသည်။

ထို့အပြင် ဟုန်းကျားကျွန်းကဲ့သို့ မဟုတ်ဘဲ ယဲ့ဖန်သည် ကတ်များ၏ အစီအစဥ်ကို စိုက်ကြည့်နေခြင်း မဟုတ်သည်ကို မမေ့သင့်ပေ။

ထိုအစား သူသည် ကတ်များကို ခဏသာ စိုက်ကြည့်ပြီးနောက် အဝေးကိုသာ လှမ်းကြည့်နေခဲ့သည်။

ထိုသည်က ပို၍ပင် အံ့သြစရာကောင်းလှသည်။

စစ်ဆေးရေးတာဝန်ခံ အဘိုးအိုတို့သည် သူတို့၏ ဦးရေပြား ထုံသွားသည်ဟု ခံစားခဲ့ရသည်။

သူတို့သည် စစ်ဆေးနေရင်း ယဲ့ဖန်ကို လျှို့ဝှက်စွာ အကဲခတ်နေကြသည်။

သူက ဘီလူးတစ်ကောင်လို့ ခံစားရတယ်။

သို့သော် သူတို့အား အမှန်တကယ် ထိတ်လန့်စေသည့်အရာ ဖြစ်မလာသေးပေ။

" ၃၃၉ကတ်မြောက်၊ 5 ♥️ "

ဝူချင်းရှုန်းသည် ကတ်များ၏ မှန်ကန်သော အစီအစဥ်ကို ဖတ်ပြပြီးသောအခါ ဟုန်းကျားကျွန်း၏ ကတ်အစဉ်ကို အတည်ပြုရန် တာဝန်ရှိသော ချန်းနွမ်ရှင်းသည် ရုတ်တရက် ကြက်ခြေခတ် လက်ဟန်ပြလိုက်သည်။

ဟုန်းကျားကျွန်း၏ နောက်ဆုံးရလဒ်မှာ ထွက်လာခဲ့သည်။

၃၃၉ကတ်အထိ မှတ်နိုင်ခြင်းသည် ထိတ်လန့်စရာကောင်းသော ရလဒ်ဖြစ်နေပြီဖြစ်သည်။

သို့သော် ယဲ့ဖန်လိုလူက အနားမှာ ရှိမနေရန်တော့ လိုသည်။

ထိုအခိုက်အတန့်တွင် ယဲ့ဖန်၏ အဖြေကိုစစ်ဆေးရန် တာဝန်ရှိသော လုံကျန်းမင်းသည် တုန်ရီနေသောလက်ကို မြှောက်လိုက်ပြီး 'အိုကေ'ဟူသော အမူအရာကို လုပ်ပြလိုက်သည်။

" ယဲ့ဖန်၊ ၃၃၉ ကတ်မြောက်၊ 5 ♥️ ........ မှန်တယ် "

အပိုင်း ( ၉၁၄ )

အိပ်နေလို့ရတယ်

လုံကျန်းမင်းသည် ထိုရလဒ်ကို ပြောသောအခါ ရှိနေသူတိုင်း၏ စိတ်တည်ငြိမ်မှုသည် ပျောက်ဆုံးသွားခဲ့ရသည်။

သူတို့အားလုံးသည် သရဲတစ္ဆေ မြင်နေသကဲ့သို့ ယဲ့ဖန်ကို ထိတ်လန့်စွာကြည့်ကြသည်။

ဟုန်းကျားကျွန်းကတောင် အမှားလုပ်မိပြီးပြီ။ ဒါတောင် သူက မှန်နေသေးတာလား။

လောင်းကစား ပညာရှင်အိုကြီး အနည်းစုသည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။

သူတို့စိတ်တွေ ရှုပ်ထွေးနေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုသူငယ်လေး၏ စွမ်းဆောင်မှုသည် ဉာဏ်ကြီးရှင်တစ်ဦး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုပင် ချိုးဖျက်နေပြီဖြစ်သည်။

မင်းက ဉာဏ်ကြီးရှင်တစ်ယောက် ဆိုရင်တောင် လူသားပဲ မဟုတ်လား။

လူသားတွေမှာလည်း သူတို့ရဲ့ ကန့်သတ်ချက်ဆိုတာ ရှိတယ်။

ဒါပေမယ့် ဒီကောင်က စက်လိုပဲ။

သူက လုံးဝ လူသားမဖြစ်နိုင်ဘူး။

ချန်းဖေးအယ်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူမကိုယ်သူမ မထိန်းနိုင်တော့ပေ။

သူမ အမြန်ထကာ ယဲ့ဖန်ကို ပွေ့ဖက်လိုက်သည်။

" ယဲ့ဖန်၊ နင်က တကယ်ကို အစွမ်းထက်တာပဲ။ နင်နိုင်ပြီ၊ နင်နိုင်ပြီ ......... "

ယဲ့ဖန်သည် သူ့အပေါ် ပွတ်တိုက်နေသည့် တစ်စုံတစ်ခုကို ခံစားမိသည်။

သူ့စိတ်ထဲတွင် ပြောစရာစကား မဲ့နေသည်။

သူအနိုင်ရရင် ရတယ်ပေါ့။

သူမက ဒီလောက်ကြီး အရမ်းစိတ်လှုပ်ရှားနေဖို့ လိုလို့လား။

ဟယ်လန်လည်း ကြောင်အစွာဖြင့် ဘေးနားတွင် ရပ်နေသည်။

သူမသည် ယဲ့ဖန်နှင့် ဟုန်းကျားကျွန်း ယတို့ကို အကဲခတ်ကြည့်လိုက်သည်။

ယခုအချိန်တွင် အသက်အရွယ်တူ လူငယ်နှစ်ဦး ရှိနေသည်။

တစ်ယောက်မှာ အောင်နိုင်သူဖြစ်ပြီး နောက်တစ်ယောက်မှာတော့ အရှုံးသမား ဖြစ်သည်။

တစ်ယောက်သည် အောင်မြင်မှုအတွက် ဂုဏ်ယူနေပြီး ကျန်တစ်ယောက်မှာတော့ သူ့မိဘများကို ဆုံးရှုံးလိုက်ရသလို ငေးမှိုင်နေသည်။

တစ်ယောက်သည် နန်းတက်ဘုရင် ဖြစ်လာပြီး နောက်တစ်ယောက်မှာတော့ ရာဇပလ္လင်မှ ဆင်းလာသည့် ပါရမီရှင်ဟောင်း ဖြစ်သည်။

သူတို့ နှစ်ဦးကြားက ခြားနားချက်မှာ သိသာလွန်းလှသည်။

ထိုအချိန်တွင် သူမသည် ချန်းဖေးအယ်ကို အနည်းငယ် မနာလိုဖြစ်မိသည်။

အကယ်၍ သူမသာ ယခုအချိန်တွင် ထိုဘုရင်အသစ်၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသူဖြစ်ပါက သူမယောက်ျားသည် အသန်မာဆုံးဖြစ်လိမ့်မည်။

သို့သော် အခုအချိန်တွင် ဟုန်းကျားကျွန်းသည် အသန်မာဆုံး မဟုတ်တော့သည်မှာ သိသာထင်ရှားလေသည်။ ယဲ့ဖန်သည်သာ အသန်မာဆုံး ဖြစ်သည်။

သို့ရာတွင် သူမ၌ အခွင့်အရေး မရှိတော့ချေ။

ယဲ့ဖန်သည် တခြားသူများနှင့် ကစားဖူးသော အမျိုးသမီးများကို စိတ်မဝင်စားကြောင်း ရှင်းလင်းစွာ ပြောခဲ့ဖူးသည်။

သူ့ကို တွယ်ကပ်ချင်လျှင်ပင်တောင်မှ ကြိုက်မည် မဟုတ်လောက်ပေ။

ဟား၊ သူက ဘာလို့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ပေါ်မလာရတာလဲ။

ဟယ်လန်သည် ရင်ထဲတွင် အမုန်းတရားများဖြင့်သာ ပြည့်နှက်နေတော့သည်။

အကယ်၍ ယဲ့ဖန်သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပေါ်လာခဲ့ပါက သူမသည် ဟုန်းကျားကျွန်းကို စိတ်ကူးယဉ်တော့မည်ပင် မဟုတ်ပေ။

တစ်စုံတစ်ဦးကို အပြစ်တင်ချင်ပါက လှည့်စားခြင်းအတွက် ကံကြမ္မာကိုသာ အပြစ်တင်နိုင်တော့သည်။

လက်ရှိအချိန်တွင် ဟုန်းကျားကျွန်းသည်လည်း ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေသည်။

သူသည် ရေခဲဂူထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

သူ့တစ်ကိုယ်လုံး အေးစက်လာသည်။

အကယ်၍ သူသည် အန်စာတုံး ကစားပွဲကို ရှုံးသွားခဲ့ပါက သူသည် အန်စာတုံးကို မကျွမ်းကျင်ဘဲ ဖဲချပ်ကစားခြင်းသာ ပိုတော်သည်ဟု ဆိုပြီး ဆင်ခြေရှာနိုင်သည်။

သို့သော် ဒီတစ်ခါတွင်တော့ အကြောင်းပြချက် ရှာမတွေ့တော့ချေ။

သူသည် ဂုဏ်အယူဆုံးဖြစ်သည့် မှတ်ဉာဏ်ပိုင်းနှင့် ရှုံးသွားရသည်။

ဘာကောင်ကြီးမှ မဟုတ်သူဆီမှာ ရှုံးခဲ့ရသည်။

အတိတ်က သူ၏ မာန်မာနတွေအားလုံးသည် ယဲ့ဖန်၏ ခြေဖဝါးအောက်၌ နင်းခြေခံလိုက်ရသည်။

အရင်က တက်ခဲ့သည့် အပင်အမြင့်အလျောက် အကျနာလှသည်။

" ဖူး ...... "

သူသည် ထိုအကြောင်းကို ပိုတွေးလေ နှလုံးသားကို ဓားနှင့် ခုတ်နေသလို ခံစားလာရလေလေဖြစ်သည်။

ရုတ်တရက် သူ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။

ရှိနေသူအားလုံး အံ့သြသွားကြသည်။

ဟုန်းကျားကျွန်းသည် ဤမျှ စိတ်သေးသိမ်မည်ဟု သူတို့ မမျှော်လင့်ထားပေ။

သူက ဒေါသထွက်လွန်းလို့ သွေးအန်ထွက်သွားတာလား။

ဟယ်လန်သည် သူ့ကို နှလုံးသားထဲတွင် မထီမဲ့မြင်ပြုနေသော်လည်း သူ့နားကို မြန်ဆန်စွာ လမ်းလျှောက်လာသည်။

" ကျားကျွန်း၊ ရှင် ......အဆင်ပြေရဲ့လား "

သူမသည် သူ့ကို ကူညီချင်ပေချင်သော်လည်း ဟုန်းကျားကျွန်းက သူမကို မြေကြီးပေါ်သို့ တွန်းချလိုက်သည်။

" သွားစမ်း၊ ခွေးမ။ မင်းကပါ ငါ့ကို ရယ်ချင်နေတာလား။ မင်းကများ ထိုက်တန်တယ်လို့ ထင်နေလား။ ငါ့ကြောင့်သာမဟုတ်ရင် မင်းဒီနေ့လိုနေရာကို ရောက်လာမှာတဲ့လား။ အနံ့ထွက်နေတဲ့ ခွေးမ ........ "

ဟုန်းကျားကျွန်းသည် စကားများများ ပြောလေလေ ဒေါသဖြစ်လာလေလေ ဖြစ်သည်။

သူသည် လျှောက်သွားပြီး ဟယ်လန်၏ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာသည်အထိ နှစ်ကြိမ် ပါးရိုက်လိုက်သည်။

ဟယ်လန်သည် တိတ်တဆိတ်သာ သည်းခံနေရပြီး ပြန်လည် မခုခံနိုင်ပေ။

သူမ၏ နှလုံးသားထဲမှ နောက်ဆုံးသော ခံစားချက်များ ပျောက်ကွယ်သွားသည်။

ချန်းဖေးအယ်သည် ယဲ့ဖန်၏ ရင်ခွင်ထဲမှ ထွက်သွားပြီဖြစ်သည်။

သူမ၏ မဆင်မခြင် လုပ်ရပ်ကြောင့် ရှက်ရွံ့နေသည်။

ထိုအချိန် ဟုန်းကျားကျွန်း၏ လုပ်ရပ်ကို သူမမြင်ပြီး ဒေါသထွက်သွားသည်။

ဟယ်လန်ကို သူမ တကယ်ပင် မကြိုက်သော်လည်း ထိုမိန်းကလေးမှ ရုတ်တရက်အနိုင်ကျင့်ခံရမှုတစ်ခု ကြုံတွေ့လိုက်ရသည်ကို မြင်လိုက်ရသောအခါ သူမ ဒေါသဖြစ်လာခဲ့သည်။

ဟယ်လန်အတွက် ရပ်တည်ပေးချင်သော်လည်း ယဲ့ဖန်က သူမကို တားလိုက်သည်။

" ပြဿနာရှာတဲ့သူ မဖြစ်စေနဲ့ "

ယဲ့ဖန် သူမကို ခေါင်းခါပြလိုက်သည်။

သူသည် သွေးအေးခြင်း မဟုတ်ဘဲ ဟယ်လန်နှင့် ဟုန်းကျားကျွန်းတို့ကြား ဆက်ဆံရေးကို သိခြင်းသာ ဖြစ်သည်။

ဟုန်းကျားကျွန်း ပြောသည့်ထဲက တစ်ခုတော့ မှန်လေသည်။

ယနေ့ ဟယ်လန် ရရှိထားသော အောင်မြင်မှုများသည် ဟုန်းမိသားစုကြောင့် ဖြစ်သည်။

ဟုန်းမိသားစုမှ ထွက်ခွာသွားပါက သူမသည် အမည်ခံ မရှိနိုင်ပေ။

အကယ်၍ အပြင်လူများမှ သူမအား ကာကွယ်ရန် လုပ်ပေးလျှင်လည်း သူမက ကျေးဇူးတင်မည် မဟုတ်ပေ။

ထိုအစား သူမက ဝင်ပါသူကို မျက်မုန်းကျိုးနိုင်သည်။ ဘာလို့ အဲ့လိုလူအတွက် စိတ်ရှုပ်ခံမှာလဲ။

ချန်းဖေးအယ်လည်း ထိုဖြစ်နိုင်ခြေများကို တွေးမိပြီး နောက်ဆုံး၌ သူမသည်လည်း မမြင်ချင်ယောင်ဆောင်နေလိုက်တော့သည်။

လောင်းကစားဝိုင်းထဲမှ ပညာရှင်ကြီးများက ဟုန်းကျားကျွန်းကို မကျေမနပ်ဖြင့် ကြည့်ကြသည်။

လောင်းကစားရုံသည် စစ်မြေပြင်တစ်ခုလိုဖြစ်ပြီး အောင်ပွဲနှင့် ရှုံးနိမ့်မှုသည် စစ်တပ်သဘောတရားများသာ ဖြစ်သည်။

ရှုံးနိမ့်သည်မှာ ကြောက်စရာမဟုတ်ချေ။

ကြောက်စရာကောင်းသည်မှာ ကျရှုံးမှုများကို ရင်ဆိုင်ရဲသည့် သတ္တိမရှိခြင်းသာ ဖြစ်သည်။

ဟုန်းကျားကျွန်းသည် သူ့အတွက် အရာအားလုံးကို ချောမွေ့နေသည်ကို ကျင့်သားရနေခဲ့သည်မှာ ထင်ရှားသည်။

ရုတ်တရက် ဆုတ်ယုတ်မှုနှင့် ကြုံတွေ့လာသည့်အခါ မခံနိုင်ချေ။

ယခုအခါ သူသည် မိန်းမတစ်ယောက်အပေါ် သူ့ဒေါသကို ဖြေလျော့နေလေသည်။

သူတို့ ချက်ချင်း စိတ်ပျက်သွားသည်။

" ဆက်ပြီး စစ်ဆေးဖို့ လိုသေးလား "

ပြိုင်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ခဲ့သော်လည်း လုံကျန်းမင်းက သိချင်နေသေးသည်။

ယဲ့ဖန် ဘယ်လောက်မှန်တာလဲ။

ချန်းနွမ်ရှင်းသည် ဘာဆက်ဖြစ်မလဲ ကြည့်ချင်နေသည်။

" ဆက်လုပ်ပါ "ဟု တိုက်တွန်းလိုက်သည်။

" သူ့မှတ်ဉာဏ် ဘယ်လောက်ကောင်းလဲဆိုတာ ငါ တကယ် ကြည့်ချင်မိတယ် "

ဝူချင်းရှုန်းသည်လည်း ကန့်ကွက်ခြင်းမရှိသဖြင့် ချက်ချင်း စတင်စစ်ဆေးခဲ့သည်။

" ၃၄၀ မြောက်ကတ်။ J ♦️ မှန်တယ် ....... "

" ၃၉၄ ကတ်မြောက်၊ ဂျိုကာ မှန်တယ် ...... "

" ၄၂၃ ကတ်မြောက်၊ A ♠️ မှန်တယ် ....... "

တစ်ကတ်စီကို စစ်ဆေးလိုက်တိုင်း လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

နောက်ဆုံးတွင် သူတို့၏ မျက်လုံးများ ပေါက်ထွက်မတတ်ပင် ဖြစ်လာသည်။

" နောက်ဆုံး ၅၄၀ ကတ်မြောက်၊ 3 ♣️ မှန်တယ် "

နောက်ဆုံးကတ်ကို စစ်ပြီးသည့်အခါ တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အားလုံးသည် ယဲ့ဖန်ကို စူးရဲစွာ စိုက်ကြည့်နေကြသည်။

သူတို့သည် ဦးနှောက်ပျက်သွားသလိုပင် ခံစားကြရသည်။

သူတို့ရှေ့ရှိ ထိုလူငယ်လေးကို မည်သို့ ဖော်ပြရမည်ကိုတောင် မသိကြတော့ပေ။

ဖဲချပ် အချပ် ငါးရာ့လေးဆယ်လုံး တစ်ကတ်မှ မမှားဘူး။

အားလုံးမှန်တယ်။

ပျမ်းမျှအားဖြင့် သူသည် တစ်စက္ကန့်လျှင် ကတ်ကိုးကတ်ကို အလွတ်ကျက်နိုင်ခဲ့သည်။

ဒီဘီလူးက ဘယ်ကလာတာလဲ။

လူတိုင်းသည် သူတို့၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်ကိုသာ ခံစားခဲ့ရသည်။

သာမန်တွေးခေါ်မှုဖြင့် နားမလည်နိုင်သည်မှာ ထင်ရှားသည်။

ထို့အပြင် ဤကဲ့သို့ ဉာဏ်ရည်မျိုးသည် ယဲ့ဖန်၏ ကန့်သတ်ချက်ကိုရောက်ရန် ဝေးသေးသည်ဟု သူတို့ ယုံကြည်ကြသည်။

အကြောင်းမှာ ယဲ့ဖန်သည် ဤပွဲကို လွယ်ကူစွာဖြင့် အနိုင်ယူခဲ့သောကြောင့် ဖြစ်သည်။

ဟုန်းကျားကျွန်းသည် ကတ်များ၏ အစဥ်လိုက်ကို ကျက်မှတ်နေချိန်တွင် သူက ဝိုင်နီသာ သောက်နေခဲ့သည်။

ဟုန်းကျားကျွန်းသည် ရလဒ်များကို စိတ်လှုပ်ရှားစွာ စစ်ဆေးနေချိန်တွင် သူသည် ဝိုင်နီသောက်နေဆဲ ဖြစ်သည်။

ဟုန်းကျားကျွန်းသည် အမျိုးသမီးတစ်ဦးကို ရိုက်နှက်နေသောအခါ ....... သူသည် ဝိုင်နီတစ်ပုလင်းကို ကုန်သွားခဲ့ပြီ ဖြစ်သည်။

အတိုချုပ်ပြောရလျှင် ထိုလူငယ်သည် အစကနေအဆုံးအထိ တည်ငြိမ်သော အသွင်အပြင်သာ ရှိနေသည်။

သူ့ခွန်အား၏ ၃၀% သာ အသုံးပြုထားပြီး အိပ်နေလို့ရသည်ဟု ပြောနေသည့်အလား။

လူတိုင်းသည် သူတို့၏ တုန်လှုပ်ချောက်ချားမှုမှ တဖြည်းဖြည်း ပြန်လည် သက်သာလာကြသည်။

လောင်းကစားဝိုင်းရှိ ပညာရှင်အိုများသည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်သည်။

နောက်ဆုံးတွင် ဝူချင်းရှုန်းသည် ပြိုင်ပွဲ၏ နောက်ဆုံးရလဒ်ကို ကြေညာခဲ့သည်။

" ဒုတိယအချီ ဖန် လူကြီးမင်းက အနိုင်ရတယ် "

အပိုင်း ( ၉၁၅ )

အနိုင်ရရင် အရက်တိုက်မယ်။ ရှုံးရင် စားတော်တည်ပေးမယ်။

ဟုန်းကျားကျွန်းသည် နှစ်ပွဲစလုံးတွင် အကျိုးနည်းခဲ့သည်။

တကယ် အလေးအနက်ထားပြီး ပြောလျှင် ပထမအချီတွင် သူ ရှုံးပြီးသားဖြစ်သည်။

သို့သော် ထိုကောင်လေးက သူ့ကို မြေကြီးဆီ ပြားပြားဝပ်အောင် လုပ်ထားသည်။

ပွဲမစခင် တစ်စုံတစ်ယောက်က ဤသို့ဖြစ်လာမည်ဟု ပြောပါက သူတို့ ဘယ်တော့မှ ယုံမှာမဟုတ်ချေ။

ဒါက ဘယ်လို ဟာသမျိုးလဲ။

တစ်ယောက်သည် 'လောင်းကစားဘုရင်'ဘွဲ့ကို နှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့သော လောင်းကစားဘုရင်ဖြစ်ပြီး ကျန်တစ်ဦးမှာ မည်သည့်နေရာမှ ထွက်ပေါ်လာခြင်း မသိရသော အမည်မသိသူသာ ဖြစ်သည်။

အရူးတစ်ယောက်ပင် ဤပွဲ၌ မည်သူနိုင်မည်ဆိုတာ သိနိုင်သည်။

သို့သော် ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ ရှိနေသူတိုင်းသည်လည်း အရူးတစ်ပိုင်းများ ဖြစ်နေကြပြီဖြစ်သည်။

ပြိုင်ပွဲ၏ ရလဒ်များသည် သူတို့၏ နားလည်နိုင်စွမ်းများကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။

ဘုရင်သည် လူသေဖြစ်တော့မည် ဖြစ်သော်လည်း အမည်မသိတပ်သားသည် မြစ်ကိုဖြတ်ကာ စစ်သူကြီးဖြစ်လာတော့မည် ဖြစ်၏။

အားလုံးသည် ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ဟုန်းကျားကျွန်းကို ကြည့်နေကြသည်။

သူ့ကို နှစ်သိမ့်ပေးရမလား၊ အားပေးသင့်လားဆိုတာ သူတို့ မသိကြချေ။

ဟုန်းကျားကျွန်းသည် ထိုအကြည့်များကို လွန်စွာ မုန်းတီးမိသည်။

သူသည် လောင်းကစားဘုရင်ဖြစ်ပြီး ဟုန်းမိသားစု၏ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်ဖြစ်သည့်အပြင် မိသားစု၏ မျှော်လင့်ချက်လည်းဖြစ်သည်။

သူသည် မည်သူတစ်ဦးတစ်ယောက်၏ စာနာမှုကို မလိုအပ်ဘဲ၊ သူတို့၏ ကြည်ညိုလေးစားမှုကိုသာ လိုအပ်သည်။

ထိုအချိန်တွင် ယဲ့ဖန်က ရုတ်တရက် မေးလိုက်သည်။

" တတိယအချီမှာ ဘာပြိုင်မှာလဲ "

ဟုန်းကျားကျွန်းသည် သူ့ရှေ့မှ လူငယ်ကို စိုက်ကြည့်နေလိုက်သည်။

သူ့ထက်ငယ်ပုံရသော်လည်း သူ့ကို ချေမှုန်းရန် ခွန်အားရှိသည့် ထိုလူငယ်လေးသည် သူ့ကို ရာဇပလ္လင်ပေါ်မှ ကိုယ်တိုင် ဆွဲချပြီး သူ့မျက်နှာကို အကြိမ်ပေါင်းများစွာ နင်းချေခဲ့သည်။

သူသည် အခုချိန်ထိ ဘယ်သူ့ကိုမှ ဤမျှ မမုန်းခဲ့ဖူးပေ။

သူ၏ မူလအစီအစဉ်အရ သူတို့နှစ်ဦးသည် တကယ့်တိုက်ပွဲအင်အားကို ကြည့်ရန် တတိယအချီတွင် လောင်းသွားမည်ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ရုတ်တရက် စိတ်ပြောင်းသွားသည်။

" ခဏနေဦး "

ဟုန်းကျားကျွန်းသည် ဖြည်းညှင်းစွာ ထရပ်ပြီးနောက် တံခါးကိုတွန်းဖွင့်ကာ ထွက်သွားခဲ့သည်။

အပြင်၌ ရလဒ်စောင့်နေသည့် လောင်းကစားသမားများသည် သီးသန့်အခန်းတံခါး ပွင့်လာသည်ကို မြင်ပြီး ရလဒ်ထွက်လာသည်ဟု ထင်လိုက်ကြသည်။

သူတို့ ဝိုင်းအုံပြီး မေးကြသည်။

သို့သော် ဟုန်းကျားကျွန်း၏ အေးစက်သောအကြည့်ကို တွေ့လိုက်သောအခါ ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားကြသည်။

ဟုန်းကျားကျွန်းသည် သူ့ရုံးခန်းထဲသို့ တန်းမတ်စွာ ဝင်သွားပြီးနောက် သီးသန့်ခန်းသို့ အမြန်ပြန်လာခဲ့သည်။

အုန်းခနဲ အသံနှင့်အတူ တံခါးပိတ်သွားသည်။

အပြင်မှ လောင်းကစားသမားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

" ဟုန်းလူကြီးမင်း ဘာဖြစ်တာလဲ။ သူ့အမူအရာက ရုပ်ဆိုးလွန်းနေတယ်။ သူရှုံးသွားတာလား "

" မင်း လာနောက်နေတာလား။ ဟုန်းလူကြီးမင်းက လောင်းကစားဘုရင်ဘွဲ့ကို နှစ်ကြိမ်ဆက်တိုက် ရခဲ့တဲ့သူ။ သူက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ "

" ဒါပေမယ့် သူ့အကြည့်တွေက အရမ်းကြောက်စရာကောင်းနေတယ်။ တစ်ယောက်ယောက်ကို သတ်ပစ်ချင်သလိုပဲ။ ဘယ်လိုပဲကြည့်ကြည့် သူက အနိုင်ရခဲ့ပုံမပေါ်ဘူး "

" အဲ့တာတော့.… ငါတို့လည်း မသိဘူး။ နောက်ဆုံးရလဒ်ကို စောင့်ရမှာပဲ "

" ဟုန်းလူကြီးမင်းကို သံသယဖြစ်တယ်ဆိုရင် လောင်းရဲတဲ့ သတ္တိရှိလား။ ဟုန်းလူကြီးမင်းဘက်ကို ၁သိန်း လောင်းတယ် "

" ၁သိန်းပဲလား၊ ဟုန်းလူကြီးမင်းရဲ့ အရည်အချင်းကို ငါတော့ ယုံတယ်။ ငါ ၁ သန်း လောင်းမယ် "

" ဟုန်းလူကြီးမင်းဘက်ကို ငါ ၂ သန်း လောင်းတယ် "

သီးသန့်ခန်းထဲရှိ လူတိုင်းသည် ဟုန်းကျားကျွန်း ဘာဆက်လုပ်မည်ကို မသိဘဲ စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။

အားလုံးက အံ့သြနေကြချိန် သူ့အိတ်ကပ်ထဲမှ ရွှေရောင်ခြောက်လုံးပြူးအား ထုတ်ယူလိုက်သည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

လူတိုင်း၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။

ဟုန်းကျားကျွန်းသည် တစ်စုံတစ်ဦးကို သတ်ပစ်မည်ဟု ထင်ခဲ့ကြသောကြောင့် အားလုံးက သူ့ကို နားချရန် ကြိုးစားကြသည်။

" ဟုန်းလူကြီးမင်း၊ စိတ်မညစ်ပါနဲ့။ ဘာမဆို ဆွေးနွေးလို့ ရပါတယ် "

" ဟုတ်တယ်၊ ဒါက လောင်းကစားတစ်ခုပဲ။ ဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး "

" သေနတ်ကို ချလိုက်ပါ။ ထိုင်ပြီး စကားပြောရအောင် "

" ဟုန်းလူကြီးမင်း၊ စိတ်အေးအေးထားပါ ...... "

ဟယ်လန်သည် ဟုန်းကျားကျွန်းကို အနည်းငယ် မထီမဲ့မြင်ဖြစ်နေသော်လည်း လွန်ကဲသည့် လုပ်ရပ်တစ်ခုခု လုပ်လိုက်မည်ကို စိုးရိမ်ပြီး သူမ သူ့ကို တားလိုက်သည်။

ထိုအချိန်တွင် ချန်းဖေးအယ်၏ လက်သည် လည်း သူမ၏ အိတ်ထဲသို့ ဖြည်းညှင်းစွာရောက်သွားသည်။

ဟုန်းကျားကျွန်းသည် သူ့သေနတ်ကို ယဲ့ဖန်ဆီသို့ အမှန်တစ်ကယ် သတ္တိရှိစွာ ချိန်လိုက်ပါက သူမသည်လည်း မဆိုင်းမတွ ပစ်သတ်လိုက်မည်ဖြစ်သည်။

ယဲ့ဖန်သည်သာ စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်သော တစ်ဦးတည်းသောသူတစ်ယောက် ဖြစ်နိုင်သည်။

သူသည် ဘေးတစ်နေရာမှ ဝိုင်နီနောက်တစ်ခွက်ကို ယူလိုက်ပြီး ဖြည်းညှင်းစွာ အရသာခံနေလိုက်သည်။

ဟုန်းကျားကျွန်းသည် ယဲ့ဖန်ကို ခြောက်လှန့်ရန် ရည်ရွယ်ထားသော်လည်း တစ်ဖက်က မတုန်မလှုပ်ဖြစ်နေသည်ကို တွေ့လိုက်ရပြီး မုန်းတီးမှုတွေ ပို၍ ပြည့်နှက်လာတော့သည်။

" အားလုံးပဲ ဘာတွေတွေးနေတာလဲ။ ငါတစ်ပွဲရှုံးရုံနဲ့ လူသတ်မှာ မဟုတ်ပါဘူး "

သူသည် သူ့ကို စည်းရုံးနားချရန် ကြိုးစားနေသူများကို ချက်ချင်းကြည့်လိုက်သည်။

" ဒါဆို ရှင်ဘာလို့ သေနတ်ကိုင်ထားတာလဲ "

ဟယ်လန်သည် သက်ပြင်းချလိုက်သော်လည်း စိုးရိမ်တကြီး မေးလိုက်၏။

ဟုန်းကျားကျွန်းသည် ယဲ့ဖန်ကို တည့်တည့်ကြည့်လိုက်သည်။

" တတိယအချီက ဘာလဲဆိုတာ မသိချင်ဘူးလား။ ဒီပွဲမှာ ဒါနဲ့ ပြိုင်ကြရအောင် "

သူသည် စကားပြောနေစဉ်တွင် ခြောက်လုံးပြူးကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

ယဲ့ဖန် မျက်ခုံးပင့်လိုက်သည်။

" သေနတ်နည်းပညာလား။ ဒါက လောင်းကစားနဲ့ ဘာမှမဆိုင်ဘူး မဟုတ်လား "

ဟုန်းကျားကျွန်း၏ မျက်နှာပေါ်တွင် ရူးသွပ်သော အပြုံးတစ်ခု ပေါ်လွင်နေသည်။

" လိမ်လည်လှည့်စားခြင်းနဲ့ ပတ်သက်လာရင် သတ္တိရှိဖို့က အရမ်းအရေးကြီးတယ်။ တတိယအချီမှာ သတ္တိရှိရှိ ယှဉ်ပြိုင်ကြရအောင် "

ယဲ့ဖန်သည် ချက်ချင်းပင် စိတ်ဝင်စားလာသော အမူအရာပြလိုက်သည်။

" စည်းကမ်းသေချာပြော "

ဟုန်းကျားကျွန်းသည် ခြောက်လုံးပြူးကို လှန်လိုက်ပြီး အတွင်းဘက်ရှိ ကျည်အားလုံးကို ပစ်လိုက်ရာ ကျည်ဆံတစ်တောင့်သာ ကျန်တော့သည်။

" ဒီသေနတ်ထဲမှာ ကျည်ဆံတစ်တောင့်ပဲ ကျန်တော့တယ်။ ငါတို့နှစ်ယောက် အလှည့်ကျ အန်စာတုံးတွေ လှိမ့်မယ်။ လှိမ့်လို့ ကျသလောက် နံပါတ်အတိုင်း အချက်ရေ ပစ်ရမယ်။ ပထမဆုံး သေတဲ့သူက အရှုံးသမားပဲ။ မင်း ကစားရဲလား "

အားလုံးသည် သူ့စည်းကမ်းချက်ကို ကြားပြီးနောက် ကြောက်လန့်တကြားဖြစ်ကာ မျက်နှာတွေ ဖြူဖျော့သွားကြသည်။

" ဒါက လူနှစ်ယောက်မှာ တစ်ယောက်သေမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား "

" ဒါက သွေးစွန်းမှာ မဟုတ်ဘူးလား။ လောင်းကစားတစ်ခုပဲ မဟုတ်လား။ မင်းတို့ဘာလို့ အသက်ကို လောင်းနေတာလဲ "

" ဟုန်းလူကြီးမင်း၊ မင်းတို့နှစ်ယောက်စလုံးရှေ့မှာ တောက်ပတဲ့ အနာဂတ်တွေ ရှိပါသေးတယ်။ သေတဲ့အထိ တိုက်နေစရာ မလိုပါဘူး "

" ဒီ .... ဒီလိုအဖြစ်ကို ဘယ်လို ရောက်လာတာလဲ "

ချန်းဖေးအယ်နှင့် ဟယ်လန်တို့လည်း ထိတ်လန့်နေကြသည်။

ဟုန်းကျားကျွန်းသည် ယခု အနည်းငယ် ရူးသွားနေသည်မှာ ထင်ရှားသည်။

သာမန်လူတစ်ယောက်၏ တွေးခေါ်မှုမျိုး မရှိတော့ပေ။

ဟယ်လန်သည် သူ့ကို အလျင်အမြန် နားချပြီး ချန်းဖေးအယ်ကလည်း ယဲ့ဖန်မှ သဘောမတူစေရန် မျှော်လင့်ချက်ဖြင့် နားချရန် ရုတ်တရတ် အမြန်သွားခဲ့သည်။

ဟုန်းကျားကျွန်းသည် နားချရန် ကြိုးစားနေသည့် ဟယ်လန်ကို တွန်းထုတ်လိုက်သည်။

သူသည် ယဲ့ဖန်ကိုသာ အေးစက်စွာ ကြည့်နေသည်။

" မင်းကို ထပ်မေးမယ်။ မင်းမှာ ကစားရဲတဲ့ သတ္တိရှိလား။ မကစားရဲရင် မြေကြီးပေါ်လှဲပြီး ခွေးလို လောင်းကစားရုံထဲက တွားသွားပြီး ထွက်သွားလိုက်။ မင်းရဲ့ ခွေးလိုအသက်ကို ငါ သနားပေးမယ် "

" ယဲ့ဖန် သူပြောတာကို သဘောမတူနဲ့။ ငါတို့ မကစားတော့ဘူး ....... "

ချန်းဖေးအယ်သည် ယဲ့ဖန် ၏ စိတ်ခံစားချက်များကို လျင်မြန်စွာ ငြိမ်သက်စေရန် လုပ်ပြီး ဒေါသမထွက်စေရန် ပြောလိုက်သည်။

ယဲ့ဖန်သည် ဝိုင်နီတစ်ငုံသောက်ပြီး ပြုံးလိုက်သည်။

" ဒီဂိမ်းက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်။ ကောင်းပြီ၊ လောင်းမယ်။ ငါ အနိုင်ရရင် မင်းအတွက် အရက်သောက်ပေးမယ်။ ငါရှုံးရင် မင်းကို စားတော်တည်ပေးမယ် "

( တရုတ်ရိုးရာမှာ - သေတဲ့သူရဲ့စင်ပေါ်ကို အရက်ခွက်တင်ပေးတတ်ပါတယ်။ ကျန်ခဲ့တဲ့သူက နာရေးမှာကျွေးတာကို စားရတာမျိုးပါ )

ယဲ့ဖန်မှ အမှန်တကယ် သဘောတူလိုက်ကြောင်းကို လူတိုင်းက ကြားသောအခါ ကြောက်လွန်း၍ သူတို့၏ ခြေထောက်များ အားနည်းသွားရသည်။

လောင်းကစားပြိုင်ပွဲက ဘယ်လိုလုပ် ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ။

အပိုင်း ( ၉၁၆ )

ပိုစိတ်လှုပ်ရှားစရာကောင်းတာ တစ်ခုခုကို ကစားရဲလား။

ချန်းဖေးအယ်သည် လုံးဝ ထိတ်လန့်သွားရသည်။

ဟုန်းမိသားစုဘက်မှ ရုတ်တရတ် လှုပ်ရှားခဲ့မည်ဆိုလျှင် သူမ လွတ်မြောက်အောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

သို့သော် ဤကစားပွဲသည် ရှင်ခြင်း၊သေခြင်းကို လောင်းကြေးတင်ရသော ကစားပွဲတစ်ခုဖြစ်နေပါက သူမ ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။

" ယဲ့ဖန်၊ ငါတို့ မကစားတော့ဘူး။ သွားကြရအောင် "

သူမ အသံကို လျှော့ကာ တောင်းပန်လိုက်သည်။

" စိတ်မပူပါနဲ့၊ ကိုယ် မရှုံးပါဘူး "

ယဲ့ဖန် သူမ နှာခေါင်းလေးကို တို့ထိလိုက်သည်။

သာမာန်အားဖြင့် သူမသည် ဒေါသထွက်မည် ဖြစ်သော်လည်း ယခုအခါ ဒေါသထွက်ရန်ပင် သူမ စိတ်မပါပေ။

ယဲ့ဖန် မည်မျှ ခေါင်းမာသည်ကို မြင်ပြီး သူမတွင် အခြားရွေးချယ်စရာ မရှိချေ။

ဟယ်လန်သည် ရီဖန်းအား တောက်ပသော အကြည့်ဖြင့် ကြည့်သည်။

ဒီကောင်လေးသည် ဟုန်းကျားကျွန်းထက် တကယ်ပင် ပို၍ ဆွဲဆောင်မှု ရှိသည်ကို သူမ ဝန်ခံရပေမည။

အထူးသဖြင့် အသန်မာဆုံး ယောက်ျားတွေကိုသာ ချစ်တတ်သည့် သူမအတွက် ထိုသည်မှာ အရိုးရှင်းဆုံး ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။

သူမသာ သူ့ကောင်မလေးဖြစ်နိုင်ရင် ဘယ်လောက်ပျော်လိုက်ရမလဲ။

ထို့နောက် သူမသည် ချန်းဖေးအယ်ကို မနာလိုစိတ်ဖြင့် ကြည့်လိုက်သည်။

အဲ့ကောင်မက ဘာကောင်းလို့လဲ။ သူ့ထက် နည်းနည်းပိုလှတယ်၊ ပိုကြည့်ကောင်းတယ်၊ IQ လေး ပိုမြင့်တယ်။ အဲ့တာလေးတင်ပဲ မဟုတ်ဘူးလား။

အဲ့လူငယ်လေးနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။

ဟုန်းကျားကျွန်းကို မတားနိုင်တော့၍ အခြား လောင်းကစားလူကြီးမင်းများကလည်း သက်ပြင်းချပြီး ဘေးဘက်သို့သာ လျှောက်သွားကြတော့သည်။

ဤလူငယ်လေးနှစ်ဦးသည် လောင်းကစားလောက၏ မျိုးဆက်သစ်လူငယ်များကြားတွင် အထူးချွန်ဆုံး အရည်အချင်းများရှိကြသူများ ဖြစ်သည်။

မည်သူသေသည်ဖြစ်စေ လောင်းကစားလောကအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေမည်။

ဟုန်းကျားကျွန်းသည်လည်း အလွန်စိတ်လှုပ်ရှားနေသည်။

" လာ၊ ကျောက်၊ စက္ကူ၊ ကတ်ကြေး လုပ်မယ်။ ရှုံးတဲ့သူက အရင် စရလိမ့်မယ် "

ယဲ့ဖန်ကလည်း မကန့်ကွက်ချေ။

သူသည် ချက်ချင်း ဟုန်းကျားကျွန်းနှင့်အတူ ကျောက်၊စက္ကူ၊ကပ်ကြေးကို ကစားပေးလိုက်သည်။

ဟုန်းကျားကျွန်းသည် စာရွက်ကို လုပ်ပြီး ယဲ့ဖန်၏ ကျောက်တုံးကို အနိုင်ယူလိုက်သည်။

ထို့နောက် ယဲ့ဖန်ဆီသို့ ခြောက်လုံးပြူးကို တွန်းပေးလျက် ဟုန်းကျားကျွန်း၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍ ကျယ်လာသည်။

" မင်းရှုံးပြီ၊ မင်းအရင်ပစ်။ မင်း ကံကောင်းပါစေလို့ ငါမျှော်လင့်တယ်။ ပထမဆုံးပစ်ချက်က တန်းပြီး မသေနိုင်လောက်ပါဘူး "

အားလုံးက ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။

ဤသည်မှာ ဘဝကြီးကို ပုံအပ်ထားရသည့် လောင်းကစားတစ်ခု ဖြစ်သည်။

ခလုတ်ကို ဆွဲလိုက်လျှင် နေရာ၌ ချက်ချင်း သွေးများ စီးကျလာမည်ဖြစ်သည်။

ယဲ့ဖန်သည် ပစ္စတိုသေနတ်ကိုယူ၍ ခြောက်လုံးပြူးကျည်တောက်ကို ဖွင့်လိုက်သည်။

အထဲတွင် ရွှေရောင် ကျည်ဆန်တစ်လက် ရှိနေသည်။

ကျည်တောက်ကို ညင်သာစွာပွတ်ရင်း ယဲ့ဖန်မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

ကျည်လုံးသည် လျှင်မြန်စွာ လည်ပတ်သွားပြီးနောက် 'ဖောင်းခနဲ' အသံကျယ်ဖြင့် ပြန်ပိတ်သွားသည်။

" ငါ့ကံက အမြဲကောင်းတယ်။ ငါ ဒီလောက် ကံမကောင်းသင့်ဘူး "

ယဲ့ဖန်သည် ပြောသည့်အတိုင်း ဝိုင်ခွက်ထဲသို့ အံစာတစ်တုံးကို ပစ်ချပြီး ခွက်ကို ညင်သာစွာ ယမ်းလိုက်သည်။

အံစာတုံးသည် ခွက်ထဲတွင် လှည့်ပတ်သွားပြီးနောက် မကြာမီတွင် ရပ်တန့်သွားသည်။

“ ၁ “

ဆိုလိုသည်မှာ သေနတ်ကို ပစ်ရန် တစ်ချက်သာ လိုသည်။

ယဲ့ဖန်သည် တုံ့ဆိုင်းမနေဘဲ ခြောက်လုံးပြူးကို သူ့နားထင်သို့ ဖိလိုက်သည်။

လူတိုင်း၏ နှလုံးသားများသည် လည်ချောင်းအဝတွင် ရောက်နေပြီဖြစ်သည်။

ချန်းဖေးအယ်သည် ပူနွေးသော ဒယ်အိုးပေါ်တွင် အကြော်ခံနေရသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ စိုးရိမ်နေသည်။

သူမ ယဲ့ဖန်ကို တားသင့်လား ဆိုသည်ကို အမြန်စဉ်းစားနေသည်။

အများဆုံးမှ တာဝန်ကျရှုံးမှာသာဖြစ်ပြီး အသက်သေမှာ မဟုတ်တော့ပေ။

သို့သော် သူမ ဘာမှ မလုပ်နိုင်ခင် ယဲ့ဖန်က မောင်းခလုတ်ကို ဆွဲပြီးသွားပြီ ဖြစ်သည်။

ဒိုင်း

ခြောက်လုံးပြူးဆီမှ သေနတ်သံကို ကြားလိုက်ရသော်လည်း မျှော်လင့်ထားသည့် အဖြစ်ဆိုးမျိုး မဖြစ်ခဲ့ပေ။

ထိုမှသာ လူတိုင်း သက်ပြင်းရှည်ကြီး ချနိုင်ကြတော့သည်။

သို့သော် သူတို့၏ နှလုံးသားများ တဖန်ထပ်ပြီး တင်းကျပ်လာပြန်သည်။

ယဲ့ဖန်သည် ယာယီဘေးကင်းသွားသောကြောင့် ဟုန်းကျားကျွန်း၏ အန္တရာယ်အဆင့်သည် တိုးလာနေသည်ဟု ဆိုလိုခြသည်။

ယဲ့ဖန်သည် အစ၌ ကျည်မှန်ရန် ခြောက်ပုံတစ်ပုံ အခွင့်အရေးရှိခဲ့သော်လည်း ယခုအခါ ဟုန်းကျားကျွန်းတွင် အခွင့်အရေး ငါးပုံတစ်ပုံသာ ရှိသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် သေနတ်ကို စားပွဲပေါ်ကနေ လျှောတိုက်ပစ်ပေးလိုက်သည်။

ဟုန်းကျားကျွန်း၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။

ဤကဲ့သို့ ပြင်းထန်သော ပြိုင်ဆိုင်မှုမျိုးကို ကစားရန် သူ့ဘက်မှ အရင် စိတ်အားထက်သန်စွာ အကြံပြုခဲ့မိသည့်အတွက် လျှို့ဝှက်စွာ နောင်တရမိသည်။

သူသည် ဟုန်းမိသားစု၏ မျိုးဆက်သစ်လူငယ်များကြားတွင် အရည်အချင်းအရှိဆုံး သူဖြစ်သည်။

ဘာမှ မဖြစ်ခဲ့လျှင် နောင်အနာဂတ်၌ ဟုန်းမိသားစုတစ်ခုလုံး၏ လုပ်ငန်းများကို သိမ်းပိုက်နိုင်မည့်သူ ဖြစ်ပေလိမ့်မည်။

သူ၏ ရှေ့ဆက်ရမည့်လမ်းမှာ ကြီးကျယ်ခမ်းနားသော အနာဂတ်ရှိနေသည်ဟု ဆိုနိုင်သည်။

အခု သူ့ရဲ့ ဒီလိုဘဝကြီးကို ဘာမှမဟုတ်တဲ့သူနဲ့ လောင်းကြေးထပ်မလို့လား။

သူ အနိုင်ရခဲ့လျှင်ပင် ပျော်ရွှင်စရာ ဘာမှမရှိချေ။

သို့သော် သူ ရှုံးသွားပါက ....... ရရှိလာမည့် နောက်ဆက်တွဲဆိုးကျိုးများမှာ တွေး၍ပင် မရနိုင်သည်မှာ သေချာသည်။

နောင်တရမှုများနှင့် ပြည့်နှက်နေသော်လည်း သူ့ကိုယ်သူ တောင့်ခံပြီး ရှေ့ဆက်ခဲ့ရသည်။

သူသည် အန်စာတုံး ခေါက်သည့်ခွက်ကို ယူ၍ အကြိမ်အနည်းငယ် ခါယမ်းလိူက်သည်။

အန်စာတုံး ခွက်ကို ဖွင့်လိုက်သောအခါ ၁ သာ ဖြစ်နေခဲ့သည်။

အမှန်တွင် ဤကစားပွဲ၌ အန်စာတုံးခေါက်ခြင်းအပိုင်းကို ထည့်ခြင်းသည် အနည်းငယ် အပိုစောင်းထည့်ခြင်း ဖြစ်ချေသည်။

သူတို့၏ ခွန်အားဖြင့် ‘၁’ ရရန် မခက်ချေ။

ဟုန်းကျားကျွန်းသည် ခြောက်လုံးပြူးကို တုန်ယင်စွာ ကောက်ကိုင်လိုက်ပြီးနောက် သူ့နားထင်တွင် ဖိထားသော်လည်း မောင်းကို မဆွဲနိုင်သေးပေ။

သူ့မျက်နှာသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး သူ့နဖူးပေါ်မှ ချွေးလုံးကြီးများကလည်း မိုးရွာသလို စီးကျနေသည်။

မည်သို့ပင်ဖြစ်စေ ဤပစ်ခတ်မှုသည် သူ၏ သေခြင်းရှင်ခြင်းတရားကို ဆုံးဖြတ်ပေးလိမ့်မည်။

သူ ဘယ်လိုလုပ် မကြောက်ဘဲ နေနိုင်မှာလဲ။

လူတိုင်းသည် ဟုန်းကျားကျွန်း၏ သူရဲဘောကြောင်သည့် အပြုအမူကို မြင်ကြသည့်အခါ နားလည်ပေးနိုင်သော်လည်း သူ့ကို စိတ်ထဲ၌ မထီမဲ့မြင်ပြုမိကြသည်။

မင်းကပဲ ဒီအလောင်းအစားကို အကြံပြုခဲ့တာလေ။ အခုကျ မင်းက လာကြောက်နေတာလား။

တစ်ဖက်တွင်မူ အစောပိုင်းက ယဲ့ဖန်၏ တည်ငြိမ်မှုမှာတော့ သိသာထင်ရှားခဲ့သည်။

အထူးသဖြင့် ဟယ်လန်သည် ဟုန်းကျားကျွန်းကို အတော်လေးရွံရှာသွားသည်။

ယခင်က ထိုလူသည် သူမ၏ မျက်လုံးထဲ၌ အပြီးပြည့်စုံဆုံး ဖြစ်သည်။

သူ၏ ရုပ်ရည်၊ မိသားစုနောက်ခံ သာမက ကိုယ်ပိုင် အင်အားပဲဖြစ်စေ သူသည် အကောင်းဆုံးတွေထဲက အကောင်းဆုံး ဖြစ်သည်။

သို့သော် ယဲ့ဖန် ပေါ်လာပြီးသည်မှစ၍ သူမ ဟုန်းကျားကျွန်းကို အထင်သေးမိသည်။

ပုလဲနှင့် ကျောက်စိမ်းတို့ရှေ့တွင် လမ်းခင်းကျောက်အတွက် ဆန့်ကျင်ရန်မှာ ခက်ခဲလေသည်။

ဟုန်းကျားကျွန်းသည် တစ်မိနစ်ကျော်သည်အထိ ထိတ်လန့်နေသေးသည်။

သူ့အဝတ်အစားများသည် ချွေးများ ရွှဲစိုနေသော်လည်း သေနတ်မောင််းခလုတ်ကို မဆွဲရသေးချေ။

ယဲ့ဖန် စိတ်မရှည်ဖြစ်လာသည်။

" မြန်မြန်လုပ်လို့ရမလား။ ကူညီပေးစေချင်သေးလား "

ယဲ့ဖန် ထိုသို့ စကားပြောနေစဉ်တွင် သူ့ပါးစပ်ထောင့်၌ လှောင်ပြောင်သည့် အရိပ်အမြွက်ပေါ်လာသည်။

ဟုန်းကျားကျွန်းသည် ယဲ့ဖန်၏ အမူအရာကို မြင်ပြီးသည့်အခါ ဒေါသ ချက်ချင်းထွက်လာသည်။

သူသည် ဟုန်းမိသားစု၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး ယခုအထိ သူ့ကို မည်သူကမှ နှိမ့်ချခြင်း မပြုရဲကြပေ။

ဤသည်မှာ အလွန်အရှက်ကွဲခြင်း ဖြစ်သည်။

သူ စိတ်ထဲထင့်နေသော်လည်း ခလုတ်မောင်းကို ဆွဲလိုက်သည်။

လူတိုင်းသည် ထိုမြင်ကွင်းကို မကြည့်ရဲကြဘဲ မျက်လုံးမှိတ်ထားကြသည်။

သို့သော် စိတ်ကူးထားသလို အဖြစ်ဆိုးကြီးသည် ဖြစ်ပျက်မလာခဲ့ပေ။

ဤသည်မှာ နောက်ထပ် ပစ်ချက် အလွတ်တစ်ခု ဖြစ်သည်။

ဟုန်းကျားကျွန်းသည် အသက်အန္တရာယ်မှ လွတ်မြောက်ပြီးသည့်နောက် စိတ်သက်သာရာ ရသွားသည်။

" ဟားဟားဟား၊ ငါမသေသေးဘူး ဟားဟားဟား ....... "

ခြောက်လုံးပြူးကို ယဲ့ဖန်ထံသို့ ပြန်တွန်းပေးရင်း ရယ်မောလိုက်သည်။

" မင်းအလှည့်ရောက်ပြန်ပြီ "

အားလုံးက ယဲ့ဖန်ကို ပြန်လှည့်ကြည့်လိုက်ကာ သူတို့၏ စိတ်လှုပ်ရှားမှုများမှာ ပို၍ မြင့်တက်လာနေသည်။

ယခုအခါ အန္တရာယ်အဆင့်သည် ထပ်မံမြင့်တက်လာပြီး အပစ်ခံရနိုင်ခြေသည် လေးပုံတစ်ပုံသို့ တိုးလာခဲ့သည်။

ကျည်ဆန်သည် အချိန်မရွေး ပေါက်ကွဲသွားနိုင်သည်။

ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် အပြုံးမပျက်သေးချေ။

သူ ပုံစံမှာ လုံးဝ ကြောက်ပုံမပေါ်ပေ။

ပစ္စတိုကို ဖြည်းညှင်းစွာ ကိုင်လိုက်သည်။

" ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းအောင် ကစားရဲတဲ့ သတ္တိရှိလား "

အားလုံးသည် ယဲ့ဖန် ဘာဆိုလိုသည်ကို မှန်းဆနေကြစဉ်တွင် သူသည် ဝိုင်နီခွက်ကို ထပ်ယမ်းလိုက်ကာ အန်စာတုံးကလည်း လျင်မြန်စွာ လှည့်ပတ်သွားသည်။

ဒေါက်

အံစာတုံး ရပ်တန့်သွားသည်နှင့် လူတိုင်း ချက်ချင်းပင် ထိတ်လန့်သွား၍ မျက်လုံးများ ပြူးကျယ်သွားကြသည်။

၃၊ တကယ်ကြီး ၃ ပဲ

တစ်နည်းအားဖြင့် ယဲ့ဖန်သည် သုံးချက်ပစ်ရမည် ဖြစ်သည်။

သွားပြီ၊ သူ သေပြီ။

တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။

အားလုံးက ယဲ့ဖန်ကို ကြောင်အစွာသာ ငေးကြည့်နေကြသည်။

သူ၏ အရည်အချင်းဖြင့် ၁ ရအောင် လှုပ်ရန်မှာ အလွန်လွယ်လှသည်။

သို့သော် သူက ၃ ရအောင် ခေါက်ခဲ့သည်။

ဒါက ဘယ်လို စဉ်းစားပုံကြီးလဲ။

ဘယ်သူမှ နားမလည်နိုင်ကြပေ။

ယခုအခါ ပစ်ရန် လေးချက်သာ ကျန်တော့သော်လည်း ယဲ့ဖန်က သုံးချက်ဆက်တိုက် ပစ်ခတ်ရမည် ဖြစ်သည်။

ဒါက ကိုယ့်သေတွင်းကိုယ် တူးတာပဲ မဟုတ်လား။

ဟုန်းကျားကျွန်းသည် ချက်ချင်း စိတ်ကြွဆေး သောက်ထားသလို တက်ကြွသွားသည်။

" ဟားဟားဟား၊ ကောင်လေး၊ မင်းက ရည်ရွယ်ချက်ရှိရှိ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ "

ဟုန်းကျားကျွန်းသည် မူလက အတော်လေး စိတ်လှုပ်ရှားကြောက်ရွံ့နေသော်လည်း ယခု ယဲ့ဖန်မှ သေနတ်ကို သုံးချက်ပစ်တော့မည်အား မြင်လိုက်ရပြီး အလွန်ဝမ်းသာသွားသည်။

တစ်နည်းဆိုရသော် ထိုကောင်လေးသည် ဤသုံးချက်ထဲမှ တစ်ချက်ဖြင့် သေသွားနိုင်ခြေရှိပြီး သူသည်လည်း ဘာမှမတိုက်ခိုက်လိုက်ရဘဲ နိုင်သွားမည် ဖြစ်သည်။

သူသည် ပြိုင်ဘက်ကင်းသော ဟုန်းမိသားစု၏ ပညာရှင် ဟုန်းကျားကျွန်း ဖြစ်နေဆဲ ဖြစ်လိမ့်မည်။

ချန်းဖေးအယ်လည်း ထိတ်လန့်သွားသည်။

" ယဲ့ဖန်၊ နင်က အရူးပဲ ....... "

သူမသည် တုန်လှုပ်နေ၍ အနည်းငယ် အသိစိတ်လွတ်ပြီး ယဲ့ဖန်၏ အမည်ရင်းကို ထုတ်ပြောလိုက်မိသည်။

ယဲ့ဖန် သူမကို ပြုံးပြပြီး ပြန်ပြောသည်။

" ကိုယ့်ကို စိတ်မပူပါနဲ့။ ဗေဒင်ဆရာကပြောတယ် ကိုယ်က မိန်းမတွေ၊ မယားငယ်တွေ၊ သားသမီးတွေ မြေးတွေ အများကြီးနဲ့ အသက်၁၂၀အထိ နေနိုင်မယ်လို့ ပြောခဲ့တယ်။ ဗေဒင်ဆရာက ကိုယ့်ကို လိမ်မှာမဟုတ်ဘူးလို့ ယုံတယ် "

All Chapters