← Chapters

အပိုင်း ၉၁၇-၉၂၀

Vol. 46 Ch. 917-920

အပိုင်း ၉၁၇-၉၂၀

Vol. 46 Ch. 917-920

အပိုင်း ( ၉၁၇ )

ဒီသေနတ်က ဘာဖြစ်တာလဲ။

ချန်းဖေးအယ် ဆဲမိမတတ် ဖြစ်သွားသည်။

ဒီကောင်က တကယ် ရူးနေတာပဲ။

ဗေဒင်ကို ဘယ်လိုလုပ် ယုံနိုင်မှာလဲ။

သူမသည် ပစ္စတိုကို လုယူရန် ချက်ချင်း အရှေ့သို့ ပြေးသွားသည်။

သို့သော် ယဲ့ဖန်သည် သေနတ်ကို ကောက်ကိုင်လိုက်ပြီး သူ့နားထင်သို့ ဖိထားလိုက်သည်။

ချန်းဖေးအယ်သည် အလွန်ထိတ်လန့်သွားပြီး သူမ ရှေ့ဆက် မလှုပ်ရဲတော့ပေ။

" ယဲ့ဖန်၊ နင် ....... မဆင်မခြင်မလုပ်နဲ့။ ငါတို့ ...... ငါတို့ ယန်းချန်မြို့ကို ပြန်ကြရအောင်နော် ........ "

ယခင်က ယဲ့ဖန်အတွက် သူမ ခံစားချက်မရှိခဲ့သည့်အပြင် သူ့ကို အနည်းငယ်ပင် မုန်းတီးခဲ့လေသည်။

ဤတစ်ကြိမ်တွင်လည်း တာဝန်အတွက်သာ မဟုတ်ပါက သူနှင့်အတူ ခရီးထွက်ခဲ့မည် မဟုတ်ချေ။

သို့သော် လက်ရှိ အခိုက်အတန့်တွင် ထိုကောင်လေးသည် သေတော့မည့်အရေး ဖြစ်လာသည့်အခါ သူမသည် အရေးကြီးသောအရာတစ်ခုအား ဆုံးရှုံးရတော့မည်ကဲ့သို့ နှလုံးသားထဲ၌ ရင်ထိတ်မှုကို ခံစားလိုက်ရသည်။

ထိုမှသာ သူမသည် ယဲ့ဖန်အပေါ် မသိလိုက်ခင်မှာပင် မှီခိုလာမိကြောင်းကို သူမ သတိရလိုက်သည်။

သို့သော် ယဲ့ဖန်သည် မတုန်မလှုပ်ဘဲ ခလုတ်ကို ဆွဲချလိုက်သည်။

ဖောင်း

တတိယမြောက်အချက် အပစ်ခံရပြန်သည်။

မောင်းကို ဆွဲလိုက်သည့်အခါ ချန်းဖေးအယ်၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားသည်။

အန္တရာယ်အား ကျော်လွန်သွားသည်ကို မြင်သော်လည်း သူမ တည်ငြိမ်စွာ မရပ်နိုင်ပေ။

ထို့ကြောင့် သူမသည် လောင်းကစားစားပွဲကို မှီ၍သာ ရပ်နေနိုင်ခဲ့သည်။

လူတိုင်း၏ နှလုံးသားများသည်လည်း ယခုအခါ လည်ချောင်းဝထဲတွင် ရှိနေခဲ့ကြပြီး နောက်ဆုံးမှ သက်ပြင်းချနိုင်ကြသည်။

ဟုန်းကျားကျွန်း တစ်ဦးတည်းသာ သူ့မျက်နှာတွင် စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသည်။

ထိုကောင်လေးသည် နောက်ထပ်ဘေးဆိုးကနေ လွတ်သွားခဲ့သည်။

သို့သော်လည်း နောက်ထပ် ပစ်ချက် နှစ်ချက် ကျန်နေသေးသည်။

ထိုကလေးသည် မည်သို့ပင်ဖြစ်စေ နောက်ဆုံး၌ သေတွင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ထိုအချက်ကို တွေးမိပြီးနောက် သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာပြန်သည်။

ယဲ့ဖန်သည် သေနတ်ကို အံ့ဩသောအမူအရာဖြင့် ကြည့်လိုက်သည်။

" ဒီသေနတ်က ကွဲနေတာလား။ ဘာလို့ မပစ်သေးတာလဲ "

ယဲ့ဖန်၏ အမေးကို ကြားပြီးနောက် အားလုံးက မြေကြီးပေါ် လဲကျမတတ် ဖြစ်သွားကြသည်။

ဒါက လူစကားမှ ဟုတ်သေးရဲ့လား။

သူ့လေသံမှာ ကျည်မထွက်လာသည်ကိုပင် စိတ်မကောင်းဖြစ်သွားပုံ ရသည်။

တကယ် ကျည်ထွက်လာရင် မင်း အသံထွက်ပြီး စကားပြောဖို့တောင် အသက်ရှင်နေနိုင်ပါ့မလား။

ယဲ့ဖန်ကတော့ သူတို့ တွေးနေသည်များကို ဂရုမစိုက်ချေ။

သူ့မျက်လုံးတွေကို သေနတ်နှင့် ချိန်လိုက်သည်။

" ဒီလိုပစ်သတ်ရင် ပိုသနားစရာကောင်းတဲ့ ပုံစံမျိုးနဲ့ သေမှာလား "

လူတိုင်းက သူ့ကို ကြောင်အစွာ ကြည့်နေကြသည်။

ဒီကောင်လေးက သေမှာကို လုံးဝ မကြောက်ဘူးလို့ ဘာလို့ ခံစားနေရတာလဲ။

ဒီလိုအချိန်မျိုးမှာ သူက သေခြင်းတရားကို ပေါ့ပျက်ပျက် ဂိမ်းတစ်ခုလို သဘောထားနေတာလား။

သူတို့ စိတ်ထဲတွင် ကျိန်ဆဲနေချိန်၌ ယဲ့ဖန်က မောင်းခလုတ်ကို ထပ်ဆွဲလိုက်သည်။

ဖောင်း

စတုတ္ထမြောက် ပစ်ချက်သည်လည်း အလွတ်ပစ်ချက် ဖြစ်နေသေးသည်။

လူတိုင်း၏ ခံစားချက်သည် နောက်ထပ် ရိုလာကိုစတာတစ်စီး စီးလိုက်ရသလို ခံစားလိုက်ရသည်။

သူတို့အားလုံးသည် အလွန်ကြောက်လန့်သွားပြီး ချွေးအေးများ ထွက်လာသည်။

အခန်းထဲရှိ လောင်းကစား ပညာရှင်ကြီးများသည် သက်ကြီးရွယ်အိုများဖြစ်ကြသည်။

ထို့ကြောင့် သူတို့သည် ကြောက်လွန်း၍ ခြေထောက်တွေပင် တုန်ရီနေကြသည်။

ကုလားထိုင်များကို ဆွဲယူကာ အမြန်ဝင်ထိုင်ကြသည်။

ချန်းဖေးအယ်နှင့် ဟယ်လန်တို့သည် ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေကြရင်း သေမတတ် ကြောက်လန့်သွားကြသည်။

ဒီကောင်လေးမှာ ရဲရင့်သည်လား၊ သို့မဟုတ် ကံကောင်းသည်လားဆိုတာကို သူတို့ တကယ်ပင် မသိကြတော့ချေ။

အခုချိန်ထိပင် ယဲ့ဖန်သည် တည်ငြိမ်နေသေးပြီး သူ့မျက်နှာပေါ်ရှိ အပြုံးမှာ အစကနေအဆုံးထိ ပျက်မသွားသေးပေ။

မောင်းခလုတ်ကို ဆွဲနေချိန်တွင်ပင် မပြောင်းလဲချေ။

တခြားအရာများကို မပြောနှင့် ထိုစိတ်ဓာတ်တစ်ခုတည်းကပင် သာမန်လူများ နားလည်နိုင်သည့်အရာ မဟုတ်သည်မှာ သေချာသည်။

ထိုအချိန်တွင် ဟုန်းကျားကျွန်းသည် တဖန်ပြန်၍ ကြောက်ရွံ့လာပြန်သည်။

ထိုခွေးသားသည် ဤမျှ ကံကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။

အမှန်တကယ် ယဲ့ဖန်သည် သေနတ်ပစ်ချက် နှစ်ချက်လုံးကို ဆက်တိုက် လွတ်မြောက်ခဲ့သည်။

အခုအခါ ပစ်ချက် နှစ်ချက် ကျန်နေသေးသည်။

သူတို့ နှစ်ယောက်လုံးတွင် သေရန် အခွင့်အလမ်း ၅၀-၅၀ ရှိနေသည်။

အကယ်၌ ယဲ့ဖန်မှ ကျည်ဆန်ကို ကြိုပြီး ထွက်လာစေမည်ဆိုလျှင် ထိုသည်က ဟုန်းကျားကျွန်းအတွက် အကောင်းဆုံးဖြစ်သည်။

သို့သော် ယဲ့ဖန်၏ တတိယမြောက် ပစ်ချက်ကသာ ကျည်မထွက်သာသေးရင် သူ သေတော့မှာ သေချာသည်။

ထို့ကြောင့် သူသည် အခြားသူများထက် ပို၍ ကြောက်ရွံ့နေခဲ့သည်။

သူက ယဲ့ဖန်ကို စိုက်ကြည့်လျက် တစ်စက္ကန့်လေးပင် စိတ်မအေးနိုင်ခဲ့ချေ။

ယဲ့ဖန်သည် ဟုန်းကျားကျွန်း၏ ကြောက်ရွံ့နေမှုကို သတိပြုမိပုံရသည်။

ထို့ကြောင့် တမင်တကာ အချိန်ဆွဲပြီး တတိယမြောက် ပစ်ချက်အတွက် မောင်းမဆွဲသေးပေ။

ဟုန်းကျားကျွန်းသည် နှိပ်စက်ညှဉ်းပန်းခံနေရပြီး နောက်ဆုံးတွင် သည်းမခံနိုင်တော့ချေ။

" ချီးပဲ၊ ပစ်လိုက်ပါတော့လား။ စုစုပေါင်း သုံးကြိမ်ပစ်ရမှာ။ မင်းက စောက်ရစ်ရှည်နေတာလား "

ယဲ့ဖန်၏ နှုတ်ခမ်းများသည် လှောင်ပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

" အခု ငါတို့နှစ်ယောက်လုံးမှာ အသက်ရှင်ဖို့ အခွင့်အရေး ၅၀စီရှိတယ်။ မင်း အရင် ပစ်ချင်လား "

ဟုန်းကျားကျွန်းသည် ချက်ချင်း စိတ်နှစ်ခွ ဖြစ်သွားသည်။

ကျန်နေသည့် ပစ်ချက် နှစ်ချက်တွင် တစ်ချက်က သေချာပေါက် ကျည်ထွက်လာမည် ဖြစ်သည်။ ဤသည်မှာ သေချာသည်။

မသေချာသောအချက်မှာ ကျည်ဆန်သည် ငါးချက်မြောက်လား၊ ခြောက်ချက်မြောက်လားဆိုတာ ဖြစ်သည်။

အကယ်၍ ငါးချက်မြောက်သာ ဖြစ်ခဲ့ပါက အရင်ဆုံး ပစ်ရန် ရွေးချယ်သူသည် သေရမည် ဖြစ်သည်။

သို့သော် ခြောက်ချက်မြောက်ဖြစ်ပြီး ၅ချက်မြောက်ကို ယဲ့ဖန်က ပစ်ပြီးသွားပါက သူ သေရမည် ဖြစ်သည်။

သူ့မှာ ဓာတ်မှန်ရောင်ခြည်ဖြင့် ပစ္စတိုအတွင်းပိုင်းဖွဲ့စည်းပုံကိုသာ မြင်လိုက်ချင်သည်။

ဒီခွေးသားက တကယ် ဆိုးရွားလွန်းတာပဲ။

သူ့ကို ဒီလိုအကျပ်ရိုက်အောင် တမင်တကာ ညှဉ်းပန်းနှိပ်စက်နေတာ မဟုတ်ဘူးလား။

ဒီဆုံးဖြတ်ချက်က ချဖို့ ခက်ခဲလွန်းသည်။

အမှားလုပ်မိတာနဲ့ တန်းပြီး သေသွားမှာပဲ။

ဟယ်လန်က သူ့ကို အထင်သေးစွာ ကြည့်နေသည်။

ယဲ့ဖန်နှင့် နှိုင်းယှဥ်ပါက ထိုလူသည် တကယ်ကို အရည်အချင်းမရှိသလို၊ သတ္တိလည်း မရှိချေ။

သူ တကယ့် အမှိုက်ပဲ။

" စဉ်းစားပြီးပြီလား "

ယဲ့ဖန် စိတ်မရှည် ဖြစ်လာတော့သည်။

ထို့ကြောင့် သူ ချက်ချင်း တိုက်တွန်းလိုက်သည်။

" ငါ ....… ခဏနေမှ ပစ်ဖို့ ရွေးတယ် ....... "

ဟုန်းကျားကျွန်းသည် နောက်ဆုံးတွင် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချလိုက်သည်။

အခုအခါ သေရန် အခွင့်အလမ်းမှာ ၅၀% တိုးလာပြီဖြစ်၍ အရင်ဆုံး ပစ်ရန် သတ္တိမရှိချေ။ဟ

ထို့ကြောင့် ယခုအခါ ၅ချက်မြောက်တွင်သာ ကျည်ထွက်လာပြီး ထိုကောင်လေး ဦးခေါင်းကို ထိသွားလိမ့်မည်ဟုသာ သူ မျှော်လင့်နိုင်တေ့သည်။

မဟုတ်ပါက ... အကျိုးဆက်များအကြောင်းကို သူ မတွေးရဲတော့ချေ။

ယဲ့ဖန်မှ ပေါ့ပါးစွာ ပြုံးနေလိုက်သည်။

" ငါက မင်းကို အခွင့်အရေးပေးရင်တောင် မင်းက အသုံးမကျဘူးဘဲ။ ငါ့ကို အပြစ်မတင်နဲ့ "

ထိုသို့ဖြင့် သူက မောင်းခလုတ်ကို ဆွဲလိုက်သည်။

အပိုင်း ( ၉၁၈ )

မင်းက ဒီလို ရက်စက်ချင်တာလား။

ဖောင်း

စက်ယန္တရားချင်း ပွတ်တိုက်သံ ပြတ်သားစွာ ထွက်ပေါ်လာသည့်အခါ အခန်းတွင်းရှိ လူတိုင်းမှာ တုန်လှုပ်သွားကြသည်။

သီးသန့်ခန်းတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားနိုင်သည်။

သူတို့သည် ဝိညာဉ်လွင့်မတတ် ဖြစ်သွားစေသည့် မြင်ကွင်းမှ အခုထိ ပြန်လည် မနှိုးထလာနိုင်သေးသည်မှာ သေချာပေါက် ရှင်းလေသည်။

ချန်းဖေးအယ်သည် စိတ်ကြွဆေးပြားစားထားသကဲ့သို့ တငိုငို တရယ်ရယ်ဖြင့် ယဲ့ဖန်၏ ရင်ခွင်ထဲသို့ ပြေးဝင်လာသည်။

" ယဲ့ဖန်၊ နင်မသေဘူး၊ နင်မသေဘူး၊ အရမ်းကောင်းတယ် ...... "

သူမသည် အလွန်စိတ်လှုပ်ရှားနေ၍ စကားများက အဆီအငေါ်မတည့်ပေ။

ဤသည်မှာ သူမဘ၀တွင် ဒုတိယအကြိမ်မြောက် ပျော်ရွှင်ရခြင်း ဖြစ်နိုင်သည်။

နောက်ဆုံးအကြိမ်မှာ သူမအား လုံခြုံရေးတပ်ဖွဲ့မှ ရွေးချယ်ခံရကြောင်း သိလိုက်ရသည့်အချိန် ဖြစ်သည်။

လက်ရှိအဖြစ်အပျက် ပြီးသည့်နောက် လူသားသည် သူမ၏ နှလုံးသားထဲတွင် အလွန်အရေးကြီးသည့်နေရာကို သူမပင် မသိလိုက်ဘဲ သိမ်းပိုက်ထားကြောင်းကို ရုတ်တရက် သိလိုက်ရသည်။

ယဲ့ဖန်သည်လည်း သူမက သူ့ကို ချစ်မိသွားပုံရကြောင်း ခံစားလိုက်ရသည်။

ထို့ကြောင့် ချက်ချင်းပင် စိတ်ထဲမှ ညည်းညူလိုက်သည်။

တစ်ခုခုများ မှားနေတာလား။

သူက ဒီလိုမိန်းကလေးမျိုးကိုတောင် အီစီကလီ လုပ်နိုင်တာလား။

ငါ့ရဲ့ ဆွဲဆောင်မှုအားက နည်းနည်းလေး အားကောင်းလွန်းနေတာတာ မဟုတ်ဘူးလား။

နောက်ကျ ငါ့ရဲ့ စောက်ရမ်းလန်းတဲ့ ဆွဲဆောင်မှုကြီးကို ထိန်းထားရတော့မှာပဲ။

ထိုအချိန်တွင် အခြားသူများလည်း အာရုံပြန်လည်လာကြသည်။

ယဲ့ဖန်မှာ ကံကောင်းသည်ဟု ခံစားမိကြရင်း ဟုန်းကျားကျွန်းဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ကျည်ဆန်သည် ၆ချက်မြောက် ကျည်တောက်ထဲတွင် ရှိနေသည်မှာ လုံးဝ သေချာနေသည်။

တစ်နည်းဆိုရသော် ဟုန်းကျားကျွန်းသည် ကျိန်းသေပေါက် သေရပေလိမ့်မည်။

ဟုန်းကျားကျွန်း၏ မျက်နှာမှာ ပြာနှမ်းသွားသည်။

သူသည် အစောက ယဲ့ဖန်မှ ကျည်ဆန်ကို အရင် ပစ်လိုက်မည်ဟု မျှော်လင့်ခဲ့သည်။

ထိုနည်းအားဖြင့် သူ့အသက်ကို မသေစေနိုင်ရုံသာမက သူ၏ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းနိုင်မည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူ့ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသားဖြစ်နေပြီး ထိုသည်မှာ သေဆုံးခြင်းဖြစ်သည်။

ထိုစကားလုံးကို သူ တွေးလိုက်တဲ့အခါ အဆုံးမဲ့ကြောက်ရွံ့မှုက သူ့အပေါ် ချက်ချင်းလွှမ်းမိုးသွားသည်။

သူသည် နောင်တ တရားများနှင့် ပြည့်နေသည်။

ဘာလို့ သူ အရင်ပစ်ဖို့ မရွေးချယ်ခဲ့မိတာလဲ။

သူသည်သာ သူ့ကိုယ်သူ အဆုံးစွန်ထိ တွန်းပို့ခဲ့သူ ဖြစ်သည်။

" ဒီတစ်ခါ မင်းအလှည့်ပဲ "

ထိုအချိန်တွင် ယဲ့ဖန်သည် သေနတ်ကို စားပွဲပေါ်သို့ ဖြည်းညှင်းစွာ ချလိုက်ပြီး ဟုန်းကျားကျွန်းဆီ တွန်းလိုက်သည်။

ရလဒ်ကို လုံးဝ မအံ့သြသကဲ့သို့ သူ့မျက်နှာတွင် အပြုံးမပျက် ပြုံးပြနေဆဲဖြစ်သည်။

ဟုန်းကျားကျွန်းသည် တုန်ရီနေသောလက်ကို ဆန့်ထုတ်ကာ လက်လှမ်းလိုက်သော်လည်း သေနတ်လက်ကိုင်ကို ထိလိုက်သည်နှင့် ဓာတ်လိုက်သွားသလိုမျိုး ချက်ချင်း ပြန်ရုတ်လိုက်သည်။

" ငါ ...… ငါ မသေချင် ...... မသေချင်ဘူး ...... "

ထိုမြင်ကွင်းကို လူတိုင်းမှ မြင်လိုက်ရသည့်အခါ ပိုလို့ပင် အထင်သေးသွားကြသည်။

သူတို့သည် သူ၏ အကြောက်တရားကို နားလည်ပေးနိုင်သည်။

သူတို့သာ ဖြစ်ပါက သေရမှာကို သိပြီးသည့်နောက် သေနတ်ကိုပင် ကိုင်ရန် သတ္တိရှိမှာ မဟုတ်လောက်ပေ။

သို့သော် ပြဿနာမှာ သူသည် ဤအလောင်းအစားကို ရွေးချယ်ခဲ့သူဖြစ်ပြီး အစောက ယဲ့ဖန်မှ သူ့ကို အရင်ရွေးချယ်ရန်ပင် အခွင့်အရေးပေးခဲ့သည်။

နောက်မှပစ်ရန် ရွေးချယ်ခဲ့သူမှာလည်း သူသာ ဖြစ်သည်။

အခု သူ့အလှည့်ရောက်မှ စကားကို ပြန်ပြောင်းပြောနေတာလား။

လူတိုင်းက ခေါင်းခါလိုက်သည်။

လောင်းကစားဘုရင်ဘွဲ့ကို နှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့သော ဉာဏ်ကြီးရှင်သည် အမှန်တကယ်ပင် ထိုသို့သော ပုဂ္ဂိုလ်မျိုးဖြစ်နေမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

ဆန့်ကျင်ဘက်အနေနှင့် အမည်မရှိသူမှ ကြီးမြတ်သော ဉာဏ်ပညာနှင့် ရဲစွမ်းသတ္တိကို ပြသနိုင်ခဲ့ရာ လူအများက သူ့ကို ချီးကျူးနေကြသည်။

ဟယ်လန်၏ ခံစားချက်များသည်လည်း အလွန်ရှုပ်ထွေးနေတော့သည်။

လက်ရှိတွင် ဟုန်းကျားကျွန်းကို သူမ မုန်းတီးနေသော်လည်း သူ့ကို မသေစေချင်ပေ။

ဟုန်းကျားကျွန်းကြောင့် သူမသည် ယနေ့လက်ရှိနေရာကို ပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူသာ အမှန်တကယ် သေသွားခဲ့ပါက သူမသည် နောက်ခံမရှိဘဲ အစက ပြန်စရမည် ဖြစ်သည်။

သို့သော် ဟုန်းကျားကျွန်း၏ သူရဲဘောကြောင်သောအကြည့်ကို သူမ မြင်လိုက်သောအခါ အလွန်အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။

ယဲ့ဖန်သည် သူ့မျက်နှာပေါ်ရှိ လှောင်ပြောင်မှုကို မဖုံးကွယ်ထားပေ။

" ဘာလဲ။ ခင်ဗျားက လောင်းကြေးကို သတ်မှတ်ခဲ့တဲ့သူလေ။ လောင်းကြေးကိုလည်း ခင်ဗျားပဲ ပြောလာတာ။ အခု ခင်ဗျားက စကား ပြန်ပြင်ချင်နေတာလား "

ဟုန်းကျားကျွန်း၏ မျက်နှာသည် ဖျော့တော့နေလျက် ကြောက်ရွံ့စွာဖြင့် သူ့ကို ကြည့်နေသည်။

" ဖန် ...… ဖန်လူကြီးမင်း၊ ဒီပွဲမှာ ငါ ရှုံးတာကို ဝန်ခံပါတယ်။ မင်း ...... ငါ့ကို ခွင့်လွှတ်နိုင်မလား။ ဘယ်လိုအခြေအနေတွေ လိုချင်လဲ။ ငါ လုပ်နိုင်သမျှ အဲ့တာတွေကို သဘောတူပေးမယ် "

ဟုန်းကျားကျွန်းသည် မတိုက်ခိုက်ဘဲ လက်နက်ချလိုက်ကြောင်း လူတိုင်းမှ ကြားသောအခါ ခေါင်းယမ်းပြီး သက်ပြင်းချလိုက်ကြသည်။

လူတစ်ဦးအနေဖြင့်ဖြစ်စေ လောင်းကစားကျွမ်းကျင်သူဖြစ်စေ အရေးအကြီးဆုံးအရာမှာ အသက်ရှူနေရန်ဖြစ်သည်။

အသက်ရှုနေသ၍ အကြိမ် ၁သောင်းမက ကျရှုံးလျှင်ပင် ပြန်ထလာနိုင်သေးသည်။

သို့သော် ဝင်သက်ထွက်သက် ချုပ်ငြိမ်းပြီးသွားသည်နှင့်တစ်ပြိုင်နက် ရုပ်ခန္ဓာ အသက်ရှင်နေသေးလျှင်ပင် လမ်းလျှောက်နေသော အလောင်းကောင်သာ ဖြစ်ပေလိမ့်မည်။

သူ့အတွက် ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုများ ရရှိရန် ခက်ခဲပေလိမ့်မည်။

အကယ်၍ ဟုန်းကျားကျွန်းသည် ရှုံးနိမ့်ကြောင်းကို သူ့ဘက်မှ အစပြုဝန်ခံလိုက်ပါက သူ၏ ဝင်သက်ထွက်သက်မှာ ရပ်တန့်သွားမည် ဖြစ်သည်။

သူသည် ကံကောင်း၍ အသက်ရှင်နေလျှင်ပင် ကျောရိုးကျိုးနေသည့် ခွေးတစ်ကောင်သာ ဖြစ်လိမ့်မည်။

ယဲ့ဖန်၏ မျက်နှာသည် အမူအရာမပြပေ။

" ကောင်းပြီ၊ ကျုပ်မှာ အခြေအနေတစ်ခုပဲ ရှိတယ်။ လောင်းကစားနယ်မြေမှာရှိတဲ့ သတင်းစာတွေ အားလုံးကနေ ကြေညာချက်တစ်ခု ထုတ်ပြန်ရမယ်။ ကျော်ကြားမှုရဖို့ ကမ္ဘာကြီးကို လှည့်စားခဲ့ပြီး အမည်မရှိတဲ့သူတစ်ယောက်ဆီမှာ ရှုံးခဲ့တယ်လို့ ပြောရုံပါပဲ။ ခင်ဗျားက 'လောင်းကစားဘုရင်'ဘွဲ့နဲ့ မထိုက်တန်ဘူး။ အဲ့တာကြောင့် လောင်းကစားလောကကနေ နှုတ်ထွက်ပြီး ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာရယ် ပြောပြီးရင် ဒီတစ်ခါတော့ ခင်ဗျားကို လွှတ်ပေးလိုက်မယ် "

ဟုန်းကျားကျွန်းသည် ယဲ့ဖန်မှ သဘောတူကြောင်းကို ကြားသည့်အခါ ပျော်သွားသည်။

သို့သော် ယဲ့ဖန်မှ တောင်းဆိုလာသော အခြေအနေများကို ကြားလိုက်ရသောအခါ သူ့မျက်နှာသည် မည်းမှောင်သွားပြန်သည်။

" မင်း တကယ်ပဲ ဒီလို ရက်စက်မှ ဖြစ်မှာလား "

လောင်းကစားဘုရင်ဘွဲ့ကို နှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့သော ပါရမီရှင်တစ်ဦးသည် အမည်မရှိသူ တစ်ဦးအား ရှုံးနိမ့်ကာ လောင်းကစားလောကမှ နှင်ထုတ်ခံခဲ့ရသည်။

ထိုကြေညာချက်ကို ထုတ်လိုက်သည်နှင့် သူသည် လောင်းကစားလောက၏ ရယ်စရာ ပြက်လုံးတစ်ခု ဖြစ်လာပေမည်။

လက်ရှိအချိန်တွင် သူ ရရှိထားသော အင်အားနှင့် အာဏာတို့၏ အဓိကအကြောင်းအရင်းမှာ သူသည် လောင်းကစားတွင် ထူးချွန်သောကြောင့် ဖြစ်သည်။

ထိုအခါ မိသားစုကြီးမှ သူ့ကို ပြုစုပျိုးထောင်ပေးရန် အစွမ်းကုန် ကြိုးစားပြီး မြင့်မြတ်သည့် တန်ခိုးနှင့် ဂုဏ်ကျက်သရေကို ပေးပေလိမ့်မည်။

သို့သော် သူ၏ တန်ဖိုးကို ဆုံးရှုံးသွားပါက မိသားစုကြီးသည် သူ့ကို မဆိုင်းမတွ စွန့်ပစ်သွားမည် ဖြစ်သည်။

သူ့အတွက် အမည်မရှိသူဆီတွင် ရှုံးပြီး နာမည်ပျက်ခြင်းမှာ သေသည်ထက် ပိုဆိုးလေသည်။

ယဲ့ဖန်မှ ပုခုံးတွန့်လိုက်သည်။

" ဒီကြေညာချက်က အရမ်းများတယ်လို့ ထင်ရင် ပြောင်းလို့ရပါတယ်။ အမှန်အတိုင်းပြောလိုက်လေ။ နာမည်မရှိတဲ့သူဆီမှာ ရှုံးသွားတယ်။ ပြီးတော့ စကားမတည်ပဲ လောင်းကြေးကို မပေးဘူး။ ဒါဆို ပြဿနာမဖြစ်လောက်ဘူး မဟုတ်လား "

ဟုန်းကျားကျွန်း၏ မျက်နှာသည် တုန်လှုပ်သွားပြန်သည်။

" ဒါနဲ့ အရင်တစ်ခုက ဘာတွေ စောက်ရမ်းကွာခြားနေလို့လဲ "

ထိုကြေညာချက် ထုတ်လိုက်ပါက သူသည် နာမည်ပျက်ပြီး ဟာသတစ်ခု ဖြစ်သွားလိမ့်မည်။

လောင်းကစားဘုရင်ပြိုင်ပွဲသည် သူ့အား ဝင်ပြိုင်ရန် အရည်အချင်းမပြည့်မီဘူးဟု သတ်မှတ်သွားနိုင်ပြီး သူသည် မိသားစုအတွက် အသုံးဝင်တော့မည် မဟုတ်ပေ။

ထိုအခါ မိသားစုမှလည်း စွန့်ပစ်ခံရမည်ဖြစ်သည်။

ယဲ့ဖန်သည် ဒုတိယငြင်းဆိုချက်အား ငြင်းသည်ကို ကြားလိုက်သည့်အခါ ချက်ချင်း လှောင်ရယ်လိုက်သည်။

" ဟိုဟာလည်း မဖြစ်နိုင်ဘူး၊ ဒီဟာလည်း မဖြစ်နိုင်ဘူးနဲ့။ ဒါဆိုလည်း ကျုပ်မှာ ရွေးချယ်စရာမရှိဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ခင်ဗျားရဲ့နယ်မြေပဲ။ စကားမတည်ချင်ရင် ခင်ဗျားကို ကျုပ်က ဘာလုပ်နိုင်မှာမလို့လဲ "

ဟုန်းကျားကျွန်းသည် အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤနေရာတွင် သူနှင့် ယဲ့ဖန်သာ ရှိနေပါက သူသည် ထိုကောင်လေးကို သူ့စကား လက်ခံရန် အတင်းအကြပ် လုပ်နိုင်သည်။

သို့သော် လက်ရှိနေရာတွင် လောင်းကစား ပညာရှင်အိုကြီးအချို့ ရှိနေကြပြီး သူတို့အားလုံးသည် အလွန်ဖြောင့်မှန်ကြသည်။

သူသည် အမှန်တကယ် မဟုတ်မမှန် တစ်ခုခုကို လုပ်လိုက်ပါက လောင်းကစားလောကတွင် ဆက်လက် ရှင်သန်ရန်ကို မေ့လိုက်နိုင်သည်။

မဟုတ်ရင် လူတိုင်းကို သတ်ပစ်ရမှာဘဲ။

သို့သော် ထိုကိစ္စက မဖြစ်နိုင်သည်မှာ သိသာလှသည်။

သူ ထိုကဲ့သို့ အမှန်တကယ်လုပ်လိုက်ပါက ကိစ္စများသည် သူ့ဂုဏ်သိက္ခာ ဆုံးရှုံးရသည်လောက် မရိုးရှင်းနိုင်တော့ပေ။

ထိုအချိန်တွင် သူသည် သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

ထိုသည်ကို တွေးမိပြီး တုန်ယင်စွာဖြင့် သူ့နားထင်သို့ ဖြည်းညှင်းစွာ တင်လိုက်ပြီး ပစ္စတိုသေနတ်ကို တုန်ရီစွာ ကိုင်ထားခဲ့သည်။

သူသည် ချွေးအေးများ ချက်ချင်း စီးကျလာသည်။

လူတိုင်းသည် ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေကြပြီး အသက်ရှူရပ်မတတ် ဖြစ်နေကြသည်။

လောင်းကစားလောက၏ ပြိုင်ဘက်ကင်းခဲ့သူတစ်ဦးသည် ထိုကဲ့သို့ သေရပေတော့မည်။

အားလုံးမှ နောက်ဆုံးအခိုက်အတန့်ကို စောင့်မျှော်နေကြချိန် မထင်မှတ်ထားသည့် အရာတစ်ခု ဖြစ်သွားသည်။

ဟုန်းကျားကျွန်း၏ ပစ္စတိုသည် ရုတ်တရက် ဘက်ပြောင်းသွားသည်။

သူသည် ယဲ့ဖန်၏ ခေါင်းကို ချိန်လိုက်ပြီး မောင်းခလုတ်ကို ဆွဲလိုက်သည်။

" ငရဲကို သွားသေလိုက် "

အပိုင်း ( ၉၁၉ )

သတ္တိရှိတာကို ပြိုင်ချင်တာလား။

ထိုမထင်မှတ်ထားသော အလှည့်အပြောင်းသည် နေရာ၌ ရှိနေသူတိုင်း မမျှော်လင့်ထားသည့်အရာ ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန် အနား၌ ရပ်နေသည့် ချန်းဖေးအယ်သည် ချက်ချင်းပင် သူမလက်တွေကို ဖွင့်လိုက်ပြီး ယဲ့ဖန်ရှေ့တွင် ပိတ်ဆို့လိုက်သည်။

အခြားသူများ အားလုံးကလည်း မျက်စိမှိတ်ထားပြီး ထိုအဖြစ်ဆိုးကို မမြင်လိုကြချေ။

သို့သော်လည်း မျှော်မှန်းထားသည့် သေနတ်သံမှာ ထွက်လာခြင်း မရှိပေ။

ယခင်အကြိမ်များကဲ့သို့ပင် သေနတ်အတွင်းမှ စက်ယန္တရားပွတ်တိုက်မိသံသာ ပြတ်သားစွာ ထွက်ပေါ်လာသည်။

ချန်းဖေးအယ် အံ့အားသင့်သွားသည်။

ဟုန်းကျားကျွန်းလည်း အံ့အားသင့်သွားသည်။

ရှိနေသူအားလုံး အံ့အားသင့်သွားကြသည်။

ဘာတွေဖြစ်နေတာလဲ။

ထိုခြောက်လုံးပြူးပစ္စတိုသေနတ်တွင် ကျည်ခြောက်နေရာပါသည်။

ပထမ ငါးချက်သည် ကျည်အလွတိဖြစ်သောကြောင့် နောက်ဆုံးတစ်ချက်တွင် ကျည်ရှိနေသင့်သည်။

ဒါပေမယ့် ဘာလို့ ဒီလိုဖြစ်သွားတာလဲ။

ဖြစ်နိုင်တာက ...........

လူတိုင်းမှ ဖြစ်နိုင်ချေများကို တွေးနေကြသည်။

ထို့နောက် ယဲ့ဖန်ကို လှည့်ကြည့်လိုက်ကြသည်။

လူတိုင်း၏ အကြည့်အောက်တွင် ယဲ့ဖန်သည် သူ၏ ညာဖက်လက်ဖဝါးကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး ရွှေကျည်ဆန်တစ်ခု ပေါ်လာသည်။

အမှန်တွင် သူသည် ပစ္စတိုကို ပထမဆုံးအကြိမ် ကိုင်လိုက်ကတည်းက ကျည်ဆန်ကို ထုတ်ယူပြီးသား ဖြစ်သည်။

မဟုတ်ပါက သေရမည်ကို မကြောက်လျှင်ပင် သူ့ဘဝကို ဟာသတစ်ခုအဖြစ် ခံယူထားမှာ မဟုတ်ချေ။

ချန်းဖေးအယ်သည် ထိုမြင်ကွင်းကို မြင်သောအခါ ချက်ချင်း သူမပါးစပ်ကို ဖုံးလျက် ရယ်လိုက်သည်။

ဒီကောင်လေးက ဒါကို ပြင်ဆင်ထားပြီးသား ဖြစ်နေတာပဲ။

သူ ဒီလောက် အေးအေးဆေးဆေးနေနိုင်တာ မဆန်းတော့ဘူး။

သူမမှာတော့ တစ်ချိန်လုံး သူ့ကို စိတ်ပူနေခဲ့ရသည်။

သူက တကယ် ဆိုးလွန်းတာပဲ။

သူမ တွေးလေလေ ဒေါသ ပိုထွက်လာလေလေဖြစ်သည်။

ထို့ကြောင့် ယဲ့ဖန်၏ ရင်ဘတ်ကို နှစ်ကြိမ် ပြင်းထန်စွာ ရိုက်ချသည်။

ယဲ့ဖန်သည် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို စိုက်ကြည့်နေသည်။

ချန်းဖေးအယ်သည် အနည်းငယ် ကြိုးစားပြီး ဆွဲထုတ်သော်လည်း ထုတ်မရနိုင်၍ ချက်ချင်းပင် ရှက်ရွံ့စိတ်များ ခံစားလာရသည်။

သူမ ချက်ချင်း ခြိမ်းခြောက်လိုက်သည်။

" နင် ...... အခုလွှတ် ..... "

ယဲ့ဖန်၏ နှုတ်ခမ်းသည် အပြုံးအဖြစ် ကွေးတက်သွားသည်။

" မင်း အခုနကတော့ ကိုယ့်ရင်ခွင်ထဲကို အရင် အပြေးလာပြီး အခုကျ ဆန့်ကျင်ချင်နေတာလား "

ချန်းဖေးအယ်သည် ယခုအခါ ပို၍ပင် ရှက်လာသည်။

ထိုအချိန်တွင် သူမသည် စိတ်လှုပ်ရှားနေပြီး ထိုအကြောင်းကို သိပ်ပြီး မစဉ်းစားနိုင်ခဲ့ပေ။

ယခု ယဲ့ဖန်မှ ကိုယ်တိုင်ပြောလာသည့်အခါ သူမသည် ပြေးပုန်းရန် တွင်းပင်ရှာချင်လာတော့သည်။

ဟယ်လန်သည် သူတို့နှစ်ဦးကြားမှ ရင်းနှီးသော ဆက်ဆံရေးကို မြင်လိုက်ရပြီး မနာလိုသော အရိပ်အယောင်များ သူမ၏ မျက်လုံးများတွင် လင်းလက်လာသည်။

သူ့မိန်းမဖြစ်ရတာ တကယ်ကံကောင်းတာပဲ။

လောင်းကစား ပညာရှင်အိုကြီးများသည် ယဲ့ဖန်မှ ကျည်ဆန်ကို မည်သို့ ယူသွားသည်ဆိုတာကို ပိုသိချင်နေကြသည်။

သူတို့သည် ထိုကောင်လေးကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့တာဖြစ်ပြီး ဘာမှလုပ်သည်ကို မတွေ့လိုက်ရပေ။

သူတို့အားလုံးသည် လောင်းကစားလောကတွင် နာမည်ကြီးသူများဖြစ်သည်။

ဘယ်သူမှ သတိမထားမိဘဲ ကျည်ဆန်ကို ဖယ်ထုတ်နိုင်တဲ့ ဒီနည်းပညာက အရမ်းအံ့သြစရာကောင်းတယ် မဟုတ်ဘူးလား။

ထိုအချိန်တွင် ဟုန်းကျားကျွန်းမှ ဒေါသတကြီး အော်လိုက်သည်။

" ခွေးသား၊ မင်းက လှည့်စားခဲ့တာလား "

သူသည် ယဲ့ဖန်ကို တကယ်ပင် အသက်ရှင်လျက် အရေခွာချင်လာသည်။

တစ်ဖက်သားမှ ဤမျှ ငြိမ်နေနိုင်သည်မှာ အံ့သြစရာ မရှိတော့ပေ။

သူသည် ကျည်ဆံကို ဖယ်ထားပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။

အခြားတစ်ဖက်တွင်တော့ သူသည် တစ်ချိန်လုံးကို သတိထားနေခဲ့ရပြီး သူ၏ စွမ်းဆောင်ရည်ကို 'သနားစရာ'အဖြစ်သာ ဖော်ပြနိုင်သည်။

မျက်နှာ ပျက်ရသည်ဟု ဆိုနိုင်သည်။

သူ မည်မျှပင် ဒေါသထွက်နေသည်ဆိုတာ တွေးကြည့်နိုင်သည်။

ထိုမှသာ ယဲ့ဖန်သည် ချန်းဖေးအယ်ကို လွှတ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။

သူ့အမူအရာမှာ ချက်ချင်း နက်မှောင်သွားသည်။

" ကံကောင်းတာက ငါ ကျည်ဆန်ကို ကြိုထုတ်လိုက်လို့ပဲ။ မဟုတ်ရင် မင်းသေနတ်အောက်မှာ ငါ သေရလိမ့်မယ်။ ဟုန်းမိသားစုရဲ့ ဉာဏ်ကြီးရှင်က ဒီလောက် စက်ဆုပ်စရာကောင်းတဲ့ လူတစ်ယောက် ဖြစ်နေမယ်လို့ ငါ မမျှော်လင့်ထားဘူး "

ဟုန်းကျားကျွန်းသည် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။

အကြည့်ကို အလျင်အမြန် လွှဲလိုက်ပြီး မျက်လုံးကို ဆုံ၍မကြည့်ရဲပေ။

ထိုအချိန်တွင် သူ တကယ်ပင် ကြောက်လန့်နေခဲ့သည်။

သူ မသေချင်ပေ။

သူ့ရှေ့တွင် တောက်ပသည့် အနာဂတ်များစွာ ရှိနေဆဲဖြစ်သည်။

ဒီအတိုင်းသေသွားပါက ဘာမှ ကျန်မည်မဟုတ်ချေ။

ထို့ကြောင့် သူသည် ယဲ့ဖန်ကိုသာ ပစ်သတ်ရန် သတ္တိမွေးလိုက်သည်။

သူသည် ထိုခွေးသားကို သေအောင် ပစ်သတ်ပြီး အခြားသူများကို ဟုန်းမိသားစု၏ စွမ်းအားကို အသုံးပြုပြီး ပါးစပ်ပိတ်ချင်ခဲ့တာဖြစ်သည်။

သူ့အစီအစဥ်မှာ အတော်လေးကောင်းသည်။

သို့သော် သေနတ်သည် အလွတ်ဖြစ်နေမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားဘဲ သူ့အစီအစဉ်မှာ ပျက်စီးသွားရသည်။

" မင်း ....... ခေါင်းစဉ်ကို လာမပြောင်းနဲ့။ မင်းက အရင် လှည့်စားခဲ့တဲ့သူပဲ။ မဟုတ်ရင် ငါ ဘာမှလုပ်စရာ မလိုတော့ဘဲ မင်း သေသွားတာကြာပြီ "

ကိစ္စများသည် ဤအခြေအနေသို့ ရောက်လာပြီဖြစ်၍ သူသည် တန်ပြန်တိုက်ခိုက်ရန်သာ ရှိတော့သည်။

ယဲ့ဖန်သည် သူ၏ အကြောင်းပြချက်များကို ကြားပြီးနောက် ရယ်မောလိုက်သည်။

" လောင်းကစားမစခင်မှာ မင်းက ၃ပွဲမှာ လှည့်စားနည်းတစ်ထောင်ကို သုံးပြီး လောင်းမယ်လို့ မင်းပဲ ပြောခဲ့တာ။ ကျည်ဆံကို ဖယ်ဖို့ ငါ လှည့်စားနည်းတစ်ထောင်ကို သုံးလိုက်တယ်။ ငါ ဖယ်လိုက်တာကို မင်း မပြောနိုင်တာက မင်းမကျွမ်းကျင်လို့ပဲ။ ဘယ်လိုလုပ် ငါ့ကို အပြစ်တင်လို့ရမှာလဲ "

ဟုန်းကျားကျွန်းသည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရသည်။

လောင်းကြေး မစတင်မီတွင် ယနေ့ ကစားပွဲများသည် လှည့်စားနည်းတစ်ထောင်ကို သုံးပြီး လောင်းကစားလုပ်မည်ဟု အမှန်ပင်ပြောခဲ့သည်။

အန်စာတုံးနှင့် ဖဲချပ်များသည် လောင်းကစားဂိမ်းများဖြစ်ပြီး လူတစ်ဦး၏ ဘဝကို လောင်းကစားလုပ်မှာလည်း လောင်းကစားဂိမ်းတစ်ခုသာ ဖြစ်သည်။

လောင်းကစားတစ်ခုဖြစ်သောကြောင့် လှည့်စားခြင်းမှာ အမှားအယွင်းမရှိပေ။

လောင်းကစား ပညာရှင်အိုကြီးများက ခေါင်းညိတ်သည်။

" မှန်တယ်။ ဒါက လှည့်စားနည်းတစ်ထောင်ကို သုံးရတဲ့ပြိုင်ပွဲဖြစ်လို့ ကျည်ဆံကို ယူဖို့ သူက လှည့်စားနည်းတစ်ထောင်ကို အသုံးပြုတာက သင့်လျော်တယ် "

" ဒီလူငယ် ဖန်လူကြီးမင်းလေးရဲ့ လှည့်စားနည်းတစ်ထောင်က ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်နေပြီလို့ ငါ ခံစားရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာကို ငါတို့ မမြင်နိုင်ဘူး "

" ဟုတ်တယ်၊ ဟုန်းကျားကျွန်းက သဘောတူထားတဲ့ စည်းမျဉ်းအတိုင်း ပစ်တာမဟုတ်ဘူး။ အဲ့တာကြောင့် ဒီပြိုင်ပွဲကို ဖန်လူကြီးမင်းရဲ့အောင်ပွဲလို့ မှတ်ယူသင့်တယ် "

" အကောင်းဆုံး ၃ခုနဲ့ ဖန်လူကြီးမင်းက ဒီပွဲကို အနိုင်ရပြီးသွားပြီ "

" ငါလည်း အဲ့လို ထင်တယ် ....... "

ဟုန်းကျားကျွန်းသည် ချက်ချင်းပင် စိတ်ပူသွားရသည်။

အကယ်၍ သူသည် ထိုကဲ့သို့ ရှုံးနိမ့်ခြင်းကို ဝန်ခံလိုက်ပါက သူသည် သူ၏ ကတိစကားကို ဖြည့်ဆည်းပေးပြီး လောင်းကစားဘုရင်ပြိုင်ပွဲမှ ထွက်ရပေမည်။

ထို့နောက် သုံးကြိမ်ဆက်တိုက် ချန်ပီယံဘွဲ့ကို ရရှိမည့် သူ၏ ဒဏ္ဍာရီမှာ အဆုံးသတ်သွားမည်ဖြစ်သည်။

" ဒီအချီက ရဲစွမ်းသတ္တိကို ပြိုင်တာပဲ။ သူက လှည့်စားမှတော့ သူ ရှုံးသင့်တယ်။ ခင်ဗျားတို့ သူ့ကို ကာကွယ်ပေးရဲတဲ့ သတ္တိရှိရင် ခင်ဗျားတို့က ငါတို့ ဟုန်းမိသားစုကို ဆန့်ကျင်တာပဲ "

လောင်းကစား ပညာရှင်အိုကြီးများကို ချက်ချင်းအော်လိုက်ကာ အလွန်ကြောက်စရာကောင်းသည်။

ထိုလူများသည် သူ၏ ကိုယ်ရောင်ဝါကြောင့် ချက်ချင်း ထိတ်လန့်သွားကြသည်။

သူတို့သည် လောင်းကစားလောကတွင် နာမည်ကောင်းရသော်လည်း ဟုန်းမိသားစုကဲ့သို့ ဘီလူးကြီးနှင့် ရင်ဆိုင်ရသောအခါ အနည်းငယ် ကြောက်ရွံ့ရသေးသည်။

ယဲ့ဖန်သည် ထိုလူမှ သွေးရူးသွေးတန်း ဖြစ်နေသည်ကို မြင်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။

" မင်းက သတ္တိရှိတာကို ပြိုင်ချင်တာလား။ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ် "

ယဲ့ဖန်သည် စကားပြောနေလျက် လမ်းလျှောက်လာပြီး ခြောက်လုံးပြူးပစ္စတိုသေနတ်ကို ဟုန်းကျားကျွန်းလက်ထဲမှ လုယူသွားခဲ့သည်။

" မင်း ........ ဘာလုပ်နေတာလဲ "

ဟုန်းကျားကျွန်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ့ကို အံ့ဩစွာ ကြည့်လိုက်သည်။

ယဲ့ဖန်သည် သူ့ကို စိတ်မ၀င်စားဘဲ ခြောက်လုံးပြူး၏ ကျည်တောက်ကို လှန်လိုက်ကာ စားပွဲပေါ်ရှိ ကျည်ဆံအားလုံးကို ထည့်လိုက်ပြီး တစ်လုံးသာ ကျန်တော့သည်။

ထို့နောက် ယဲ့ဖန်သည် ပစ္စတိုကို စားပွဲပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်ပြီး ဟုန်းကျားကျွန်းကို လှည့်ကြည့်လိုက်သည်။

" ကျည်ဆံတစ်ခုနဲ့ လောင်းပြီး ဘာသတ္တိရှိတာလဲ။ မင်းမှာ သတ္တိရှိရင် ကျည်ငါးတောင့်နဲ့ လောင်းရဲတဲ့ သတ္တိရှိလား "

ထိုစကားကို ကြားသောအခါ ဟုန်းကျားကျွန်း၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။

ကျည်ငါးတောင့်လား။

အသက်ရှင်ရန် အခွင့်အလမ်း ခြောက်ခုတွင် တစ်ခုသာရှိသည်ဟု ဆိုလိုခြင်း မဟုတ်လား။

ပထမဆုံး ပစ်ချက်မှာတင် ခေါင်းပွင့်သွားရန် ဖြစ်နိုင်ခြေများလှသည်။

အပိုင်း ( ၉၂၀ )

အခုခေတ်လူငယ်တွေက အရမ်းသတ္တိရှိကြတာလား။

ဟုန်းကျားကျွန်းလည်း ကြောက်လန့်သွားသည်။

သူတကယ်ကို ကြောက်နေခဲ့တာ ဖြစ်သည်။

အမှန်တကယ်တွင် သူသည် နောက်ဆုံးအချီ၏ ပွဲတစ်ဝက်ကတည်းက နောင်တရနေခြင်း ဖြစ်သည်။

ယခုအခါ သူသည် အခြားကစားပွဲတစ်ခုအား ကစားခိုင်းခံရပြီး ထိုကစားပွဲမှာလည်း အသက်ရှင်ကို လောင်းကြေးထပ်ရသည့် ကစားပွဲတစ်ခု ဖြစ်နေသည်။

သူသည် ထိုမျှ မမိုက်မဲပေ။

" ငါ ....... မင်းနဲ့ မကစားဘူး။ ငါ့ဘဝက မင်းရဲ့ဘဝထက် အများကြီး အဖိုးတန်တယ်။ မင်းရဲ့ဘဝကို ငါနဲ့ လောင်းချင်တာတဲ့လား။ မင်းနဲ့ ထိုက်တန်လို့လား "

ဟုန်းကျားကျွန်းသည် သူ၏ ကြောက်ရွံ့မှုကို ဖုံးကွယ်ရန် ချက်ချင်း မထီမဲ့မြင်ပြုသော နည်းလမ်းကို အသုံးပြုခဲ့သည်။

ယဲ့ဖန်မှ အေးစက်စွာ ရယ်မောလိုက်သည်။

" အဲ့တာက မင်းနဲ့မဆိုင်ဘူး။ ဒီနေ့ နိုင်တဲ့သူကို ငါတို့ ဆုံးဖြတ်ရမယ်။ မင်းကိုယ်တိုင် မလုပ်ဘူးဆိုမှတော့ ငါမင်းကို ကူညီပေးမယ် "

ယဲ့ဖန်သည် စကားပြောနေစဉ်တွင် ဟုန်းကျားကျွန်း၏ ခေါင်းကို သေနတ်ဖြင့် ချိန်လိုက်သည်။

နောက်ထပ် မထင်မှတ်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထား၍ သူတို့သည် ချက်ချင်း ထိတ်လန့်သွားကြတယ်။

" ဖန်လူကြီးမင်း၊ စိတ်အလျင်မလိုပါနဲ့။ သေနတ်ကို ချလိုက်ပါ "

" ဟုတ်တယ်၊ ကျည်ထွက်သွားရင် ဟာသဖြစ်မှာ မဟုတ်ဘူး "

" ငါတို့ထိုင်ပြီး ဖြည်းဖြည်းချင်း ဆွေးနွေးနိုင်ပါတယ်။ မင်းရဲ့အနာဂတ်ကို မပျက်စီးပါစေနဲ့ "

" မြန်မြန်ရပ်လိုက်ပါ ......... "

လူတိုင်းက သူ့ကို စည်းရုံးလာကြသည်။

ယဲ့ဖန်သည် စိတ်အလောကြီးနေပြီး ဟုန်းကျားကျွန်းအား ပစ်သတ်လိုက်မည်ကို စိုးရိမ်နေကြသည်။

လက်ရှိ သေနတ်ထဲတွင် ကျည်ဆံငါးတောင့်ရှိနေ၍ ဦးခေါင်းကို ပစ်သတ်ခံရရန်မှာ ဖြစ်နိုင်ခြေများသည်။

ဟုန်းကျားကျွန်း၏ မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားသော်လည်း သန်မာသည့်ပုံစံ ပြုမူနေဆဲဖြစ်သည်။

" ဖန်ဆိုတဲ့ကောာင်၊ မင်းမှာ သတ္တိရှိရင် ငါ့ကို ပစ်သတ်လိုက်။ မင်း ငါ့ကို သတ်လိုက်ရင် မင်း လောင်းကစားရုံထဲကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ဟုန်းမိသားစုက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး "

ယဲ့ဖန်က အေးစက်စွာ ပြုံးလိုက်သည်။

" တကယ်လား၊ ဒါဆို အလောင်းအစားလုပ်ကြရအောင်။ မင်းကိုသတ်ပြီးရင် ငါ ကာစီနိုထဲက ထွက်သွားနိုင်မလား ကြည့်ရအောင်။ ဒါပေမယ့် မင်းမြင်နိုင်မှာတော့ မဟုတ်ဘူး ..... "

ယဲ့ဖန်သည် စကားပြောရင်းဖြင့် မောင်းခလုတ်ကို ဆွဲတော့မည် ဖြစ်သည်။

" မလုပ်နဲ့ ..... မလုပ်ပါနဲ့ ....... "

ဟုန်းကျားကျွန်းသည် ချက်ချင်းပင် လန့်သွားရသည်။

သူ၏ မာနကို ဂရုမစိုက်နိုင်တော့ပေ။

သူသည် ယဲ့ဖန်၏ ခြေရင်းတွင် ဒူးထောက်လိုက်သည်။

သူ ယဲ့ဖန်နှင့် ခဏလောက်သာ ဆက်ဆံခဲ့ရသော်လည်း ဘာကြောင့်မှန်းမသိ ထိုကောင်လေးသည် ရက်စက်ကြမ်းကြုတ်ပြီး ပြောသည့်အတိုင်း လုပ်ရဲသည့်လူတစ်ယောက်ဟု သူ ခံစားခဲ့ရသည်။

ပစ်မယ်ဟု ပြော၍ တကယ်ပစ်လောက်သည်။

သူ့ဘဝနှင့် ယှဉ်လျှင် မျက်နှာပျက်တာက တန်ဖိုးမရှိ အရေးမပါပေ။

ထိုမြင်ကွင်းကို လူတိုင်း မြင်သောအခါ သူတို့၏ နှလုံးသားထဲတွင် ပို၍ အထင်သေးသွားကြသည်။

ဘယ်လောက်တောင် ကျောရိုးမရှိတဲ့သူလဲ။

သူက ဒီအတိုင်း ဒူးထောက်လိုက်တာလား။

ဟယ်လန်သည် သူ့ကို ကြည့်ပင် မကြည့်ချင်တော့ပေ။

ဟိုတစ်ချိန်တုန်းက သူမသည် အမှန်တကယ် မျက်စိကန်းနေခဲ့တာ ဖြစ်မည်။

ဒီလိုလူကို သူရဲကောင်းတစ်ယောက်လို ဘယ်လိုလုပ်ပြီး ဆက်ဆံခဲ့တာလဲ။

ချန်းဖေးအယ်မှာတော့ သူမရဲ့ ညာဘက်လက်မှာ အိတ်ထဲသို့ ရောက်နေပြီ ဖြစ်သည်။

ယဲ့ဖန်မှ ထိုလူကို တကယ်သတ်လိုက်ပါက သူမတို့ လောင်းကစားရုံထဲမှ ထွက်ရန် လမ်းရှာရပေတော့မည်။

ယဲ့ဖန်သည် ဟုန်းကျားကျွန်းကို အေးစက်စွာ ကြည့်နေသည်။

" မင်းဘဲ သတ္တိနဲ့ ပြိုင်ချင်တာ မဟုတ်ဘူးလား။ မင်းက ဒီလောက် သတ္တိနည်းနည်းပဲ ရှိပြီးတော့ ဘယ်လိုပြိုင်မှာလဲ "

ဟုန်းကျားကျွန်းသည် လျင်မြန်စွာ ခေါင်းယမ်းလိုက်သည်။

" မပြိုင်တော့ပါဘူး၊ ရှုံးတာကို ဝန်ခံပါတယ်။ မပြိုင်တော့ပါဘူး ........ "

" ဒါဆို ငါ ဒီနေ့ လောင်းကြေးကို အောင်ခဲ့တာလို့ ဆိုလိုတာလား "

" ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ နိုင်သွားပါပြီ ....... "

" ဒါဆို မင်းရဲ့လောင်းကြေးအတိုင်း ဒီနှစ်လောင်းကစားဘုရင်ပြိုင်ပွဲကနေ နုတ်ထွက်မှာလား "

" ငါ ........ "

ဟုန်းကျားကျွန်း ချက်ချင်း တုံ့ဆိုင်းသွားရသည်။

သူသည် အမှန်တကယ် ပြိုင်ပွဲမှ နုတ်ထွက်ရန် သဘောတူလိုက်ပါက မိသားစုကြီးမှ သူ့ကို ခွင့်ပြုမှာ မဟုတ်ပေ။

" ဟမ် "

ယဲ့ဖန်၏ အကြည့်သည် အေးစက်သွားကာ သူ၏ ပစ္စတိုကို ရှေ့သို့ ချိန်လိုက်သည်။

" ငါ ....... "

ဟုန်းကျားကျွန်း မခံနိုင်တော့ဘဲ သဘောတူတော့မည် ဖြစ်သည်။

ထိုအချိန်တွင် သီးသန့်အခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။

အနက်ရောင်ဝတ်စုံပြည့်နှင့် အနက်ရောင်နေကာမျက်မှန်များ တပ်ထားသော လူတစ်စုသည် ဝံပုလွေများနှင့် ကျားများကဲ့သို့ ပြေးဝင်လာကြသည်။

ချက်ချင်း ထိုအနက်ရောင်ဝတ် လူအုပ်စုကြီးသည် ဘေးဘက်သို့ ပြန့်ကျဲသွားကာ အဖြူရောင် တရုတ်ရိုးရာဝတ်စုံ ၀တ်ထားသော အမျိုးသားတစ်ဦးမှ ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။

ထိုလူသည် အသက်ငါးဆယ်အရွယ်လောက်ရှိလေသည်။

သူ၏ မျက်လုံးများသည် တောက်ပပြီး စူးရှကာ လူအများ၏ နှလုံးသားကို ဖောက်ထွင်းကြည့်နိုင်ပုံ ပေါ်နေသည်။

ဟုန်းကျားကျွန်းသည် ထိုလူကို တွေ့သောအခါ ချက်ချင်း အံ့အားသင့်သွားသည်။

" ဒုတိယဦးလေး၊ မြန်မြန်ကယ်ပါဦး ...... "

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် သူ့ကို ချက်ချင်း မှတ်မိလိုက်သည်။

ထိုလူသည် လက်ရှိ ဟုန်းမိသားစု၏ အကြီးအကဲ ဟုန်းရှိထျန်း ဖြစ်သည်။

ကာစီနိုနယ်မြေတွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။

ဟုန်းရှိထျန်း သီးသန့်ခန်းထဲသို့ ၀င်လာသည့်အခါ ဟုန်းကျားကျွန်းသည် မြေကြီးပေါ်တွင် ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူ၏ အမူအရာမှာ ချက်ချင်း မည်းမှောင်သွားသည်။

" အသုံးမကျတဲ့ကောင် "

သူသည် ကျိန်ဆဲလိုက်ပြီး ယဲ့ဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။

" သူ့ကိုလွှတ်လိုက် "

ထိုကဲ့သို့ ပြင်းထန်သော အရိပ်အယောင်နှင့် ရင်ဆိုင်ရသည်ကို ကြောက်တတ်သူ ဖြစ်ပါက သူတို့သည် အမှန်တကယ်ပင် ထိတ်လန့်သွားနိုင်လောက်သည်။

ဒါပေမယ့် ယဲ့ဖန်က ဘယ်သူမလို့လဲ။

သူ အရင်က ဘယ်လိုအခြေအနေမျိုး မကြုံဖူးလို့လဲ။

ယဲ့ဖန်သည် ဟွန်းခနဲ နှာမှုတ်လိုက်သည်။

" သူက လောင်းကြေးရှုံးပြီး စကားမတည်ဘဲ လုပ်ချင်နေတာ။ သူ့ကတိကို တည်တာနဲ့ သူ့ကို ချက်ချင်း လွှတ်ပေးမယ် "

ဟုန်းရှိထျန်း ချက်ချင်း အော်လိုက်သည်။

" သူ့ကို လွှတ်ပေးဖို့ ပြောနေတာ ကန်းနေတာလား "

သူ၏ ဟောက်သံသည် ရှိနေသူအားလုံးကို ချက်ချင်း ထိတ်လန့်စေခဲ့သည်။

ထိုကာစီနိုရုံ ခေါင်းဆောင်၏ ဩဇာသည် အမှန်တကယ် အလွန်ကြောက်စရာကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။

ယဲ့ဖန်မှလွဲ၍ ချန်းဖေးအယ်သာလျှင် ကိုယ်နေဟန်ထားကို ထိန်းထားနိုင်ပြီး အခြားသူများမှာတော့ အလွန်ကြောက်လန့်ကာ အသက်ရှူပင် မဝကြတော့ချေ။

" စကားက တစ်ခွန်းတည်းပဲ။ လောင်းကြေးကို သဘောတူပြီးရင် သူ့ကို ချက်ချင်း လွှတ်ပေးလိုက်မယ် "

ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

သူသည် တိုက်ရိုက်သာ ကြည့်နေသည်။

သူသည်လည်း ပြင်းထန်သော ကိုယ်ရောင်ဩဇာကို ထုတ်လွှတ်နေခဲ့သည်။

ဟုန်းရှိထျန်းသည် ထိုအခါ ပိုလို့ပင် ဒေါသဖြစ်လာသည်။

" ကောင်လေး၊ မင်းက ငါ့ဟုန်းမိသားစုရဲ့ နယ်မြေမှာ လာ ကြမ်းတမ်းပြချင်နေတာလား။ မင်းမှာ သတ္တိရှိရင် ပစ်သတ်လိုက်။ မင်း သူ့ကို သတ်ရင် ဒီနေ့ ဒီကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့ "

ယဲ့ဖန်မှ ချက်ချင်း အေးစက်စွာ ရယ်မောလိုက်သည်။

" တကယ် မပစ်ရဲဘူး ထင်နေတာလား "

သူသည် စကားပြောရင်းဖြင့် မောင်းခလုတ်ကို ဆွဲလိုက်သည်။

ဖောင်း

ကျည်အလွတ်အကန့် ဖြစ်နေသည်။

သေနတ်တွင် ကျည်ဆံ ခြောက်နေရာရှိပြီး တစ်နေရာသာ လွတ်နေသည်။

ပထမအကြိမ်မှာ အလွတ်ဖြစ်နေမည်ဟု မမျှော်လင့်ထားကြပေ။

ပထမ ပစ်ခတ်မှုသည် လွတ်သွားသော်လည်း ယဲ့ဖန်သည် မရပ်ခဲ့ပေ။

ချက်ချင်းပင် ဒုတိယအချက် ပစ်ခတ်ခဲ့သည်။

" ခဏစောင့်ဦး "

ဟုန်းရှိထျန်းမှ အမြန် အော်တားလိုက်သည်။

ဒိုင်း

သေနတ်ကိုင်ထားသည့် ယဲ့ဖန်၏ လက်သည် အနည်းငယ် စောင်းသွားကာ ကျည်ဆန်သည် ဟုန်းကျားကျွန်း၏ နားရွက်ကို ကျော်သွားကာ နံရံကို ထိသွားသည်။

ဟုန်းကျားကျွန်း၏ ခန္ဓာကိုယ်သည် တုန်ခါနေပြီး သူ့ခြေထောက်မှာ စိုသွားသည်။

သူသည် အလွန်ကြောက်သွားပြီး နေရာမှာတင် ဆီးထွက်သွားသည်။

သို့သော် မည်သူမျှ ထိုအဖြစ်ကို မရယ်ရဲကြပေ။ သူတို့သာ ဟုန်းကျားကျွန်းနေရာတွင် ဖြစ်ပါက သူတို့လည်း ထိုသို့ ဖြစ်နေလောက်မည်။

ယဲ့ဖန် အမှန်တကယ် ပစ်ရဲမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

ထို့အပြင် ဟုန်းမိသားစု၏ နံပါတ်တစ်ပါရမီရှင်ကို ဟုန်းမိသားစု၏ ခေါင်းဆောင်ရှေ့တွင် သတ်ပစ်ချင်ခဲ့သည်။

ဒါက အရမ်းကြမ်းတာပဲ။

ဟုန်းရှိထျန်းလည်း ထိတ်လန့်နေပြီဖြစ်သည်။

လောင်းကစားရုံမှ သတင်းရရှိပြီးနောက် အသေးစိတ်မမေးဘဲ အမြန်ပြေးလာခဲ့သည်။

ကောင်းကင်နှင့်မြေကြီး၏ ခြားနားမှုကို မသိသော ကောင်ငယ်လေးမျှသာ ဖြစ်ပြီး ခြိမ်းခြောက်စကား အနည်းငယ်ဖြင့် ပြီးဆုံးသွားလိမ့်မည်ဟု သူ တွေးခဲ့သည်။

သို့သော် သဘောထားကွဲလွဲမှု အနည်းငယ်ရှိလာသည်နှင့် သတ်ပစ်လောက်သည်အထိ ကြမ်းတမ်းသော လူတစ်ဦးနှင့် ကြုံတွေ့ရမည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

အခုခေတ်လူငယ်တွေ ဒီလောက်တောင် သတ္တိရှိကြတာလား။

" ကျားကျွန်း၊ မင်း ဘာလောင်းကြေးကို သဘောတူခဲ့တာလဲ "

သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ထိန်းပြီး ဟုန်းကျားကျွန်းကို မေးလိုက်သည်။

ဟုန်းကျားကျွန်းသည် အလွန်ကြောက်သွားပြီး သူ့ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်သွားမတတ် ဖြစ်နေလေသည်။

ခေါင်းဆောင်၏ မေးခွန်းကို ကြားလိုက်ရသောအခါမှ သူ့အာရုံများ ပြန်လည်ကပ်လာတော့သည်။

" ရှုံးရင် ဒီနှစ်လောင်းကစားဘုရင်ပြိုင်ပွဲကနေ နှုတ်ထွက်ပေးရမယ်လို့ ကတိပေးခဲ့တာပါ "

" မင်းရှုံးလား "

" ရှုံး ...... ရှုံးပါတယ် ..... "

ဟုန်းရှိထျန်းသည် ထိုစကားကို ကြားသောအခါ တုန်လှုပ်ခြောက်ခြားသွားသည်။

ယခုနှစ် လောင်းကစားဘုရင်ပြိုင်ပွဲသည် ဟုန်းမိသားစုအတွက် အလွန်အရေးကြီးလှသည်။

အကယ်၍ ဟုန်းကျားကျွန်းသည် လောင်းကစားဘုရင် တစ်ဖန်ထပ်ဖြစ်လာပါပ ဟုန်း မိသားစု၏ ဂုဏ်သိက္ခာသည် တစ်ဆင့် ထပ်၍ မြင့်တက်လာမည် ဖြစ်သည်။

ဒီအတိုင်းသာ စွန့်လွှတ်လိုက်ရပါက ဆုံးရှုံးမှုများမှာ တိုင်းတာလို့ပင် မရနိုင်ချေ။

ဒီအရူးက ဒီလို အလောင်းအစားကို သဘောတူရဲတဲ့ သတ္တိရှိသေးတာလား။

တစ်ချိန်တည်းမှာပင် သူသည် အလွန်အံ့သြသွားသည်။

ဟုန်းကျားကျွန်း၏ လောင်းကစားစွမ်းရည်သည် သူ့ဘဝတွင် မြင်ဖူးသမျှထဲ အပြင်းထန်ဆုံးဖြစ်သည်။

တစ်စုံတစ်ယောက်သည် သူ့ကို အမှန်တကယ် အနိုင်ယူနိုင်မည်ဟု သူ မမျှော်လင့်ထားပေ။

ပိုလို့တောင် မယုံနိုင်စရာကောင်းသည်မှာ ဒီလူငယ်လေးသည် ဟုန်းကျားကျွန်းထက်ပင် ပို၍ ငယ်ရွယ်ပုံရသည်။

ဒါက မယုံနိုင်ပဲ။

သူသည် မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားလိုက်သည်။

သူသည် ယဲ့ဖန်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး သူ့အမူအရာမှာ ပိုသိမ်မွေ့သွားသည်။

" ဟားဟားဟား၊ ဒါက နားလည်မှုလွဲတာပါ။ ညီလေး၊ ငါ့ကို မျက်နှာသာပေးလို့ရမလား။ ငါတို့ ဟုန်းမိသားစုက မင်းကို ယွမ် သန်း 100 လျော်ကြေးပေးပြီး ဒီကိစ္စကို ပြေလည်လိုက်ရအောင်။ မိတ်ဖြစ်ဆွေဖြစ်လို့ သဘောထားကြတာပေါ့။ အနာဂတ်ကျ မင်းကို ကာစီနိုနယ်မြေမှာ ကာကွယ်ပေးဖို့ ဟုန်း

မိသားစု ရှိတယ်။ မင်းကို ဘယ်သူမှ မစော်ကားရဲဘူးလို့ ငါအာမခံတယ် "

သူ့စကားကို ကြားပြီးနောက် လူတိုင်း မယုံကြည်နိုင် ဖြစ်သွားကြသည်။

ဟုန်းမိသားစုရဲ့ အကြီးအကဲက ဘယ်လို ညှိနှိုင်းတောင်းပန်ရမယ်ဆိုတာ သိတာလား။

All Chapters