← Chapters

အပိုင်း ၉၂၁-၉၂၄

Vol. 47 Ch. 921-924

အပိုင်း ၉၂၁-၉၂၄

Vol. 47 Ch. 921-924

အပိုင်း ( ၉၂၁ )

ယန်းချန်မြို့က ယဲ့လူကြီးမင်းလား

လက်ရှိနေရာတွင် ရှိနေသည့်လူတိုင်းသည် ကာစီနိုနယ်မြေအတွင်း၌ ဟုန်းမိသားစု၏ အင်အားကြီးပုံကို ကောင်းစွာ သိကြသည်။

ဟုန်းမိသားစု၏ အကြီးအကဲဖြစ်သူ ဟုန်းရှိထျန်းသည် သူ၏ မျိုးဆက်တစ်ခေတ်တုန်းက ဒဏ္ဍာရီအသွင်ရှိသူ ဖြစ်သည်။

သူ ခြေလှမ်းလိုက်သည်နှင့် ကာစီနိုနယ်မြေတစ်ခုလုံး တုန်လှုပ်သွားနိုင်သည်ဟု ပြောပါက ချဲ့ကားရာရောက်မည် မထင်ပေ။

အဲ့လို အခြေကြီးလူတန်းစားက ဒီလောက်ငယ်တဲ့ လူငယ်လေးကို ဘာလို့ အဲ့လို ကျိုးနွံတဲ့ ပုံစံနဲ့ ပြောနိုင်ရတာလဲ။

သို့သော် ထိုအခြေအနေကို သူတို့ နားလည်ပေးနိုင်သည်။

မည်သို့ပင်ဖြစ်စေ ဟုန်းမိသားစု၏ နံပါတ်တစ် ဉာဏ်ကြီးရှင် ဟုန်းကျားကျွန်းသည် တစ်ဖက်လူ၏ လက်ခုပ်ထဲကရေဖြစ်နေသည်။

ထိုကြောင့် အထူးတလည် သတိထားရမည်မှာ ရှောင်လွှဲ၍ မရနိုင်သည့်အရာ ဖြစ်သည်။

ယဲ့ဖန်၏ စိတ်အခြေအနေမှာ အနည်းငယ် တည်ငြိမ်လာသည်။

" ပိုက်ဆံလည်း မလိုချင်သလို ခင်ဗျားတို့နဲ့လည်း မိတ်ဆွေ မဖြစ်ချင်ဘူး။ သူ့ကို ကတိတည်ပြီး လောင်းကစားဘုရင်ပြိုင်ပွဲကနေပဲ နှုတ်ထွက်စေချင်တာ "

ထိုအခါ လူတိုင်းမှာ ပို၍ပင် ထိတ်လန့်ကုန်ကြသည်။

ထိုကောင်လေးသည် ဟုန်းမိသားစု ကမ်းလှမ်းသည့် ရက်ရောလှသော အခြေအနေကို တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းလိုက်မည်ဟု မထင်ထားကြချေ။

လျော်ကြေးငွေ သန်း ၁၀၀ နှင့် ဟုန်းမိသားစုအား မိတ်ဆွေဖြစ်နိုင်သည့် အခွင့်အရေးကို ရရန် လူ ဘယ်နှစ်ယောက်ကများ အိပ်မက်မက်ရဲပါသနည်း။

သို့သော် ထိုလူငယ်လေးကတော့ အမှန်တကယ်ပင် ငြင်းဆန်လိုက်လေသည်။

ဟုန်းကျားကျွန်းကို ပြိုင်ပွဲကနေ နှုတ်ထွက်ခိုင်းဖို့အတွက်တင်လား။

ဟုန်းရှိထျန်း မျက်မှောင်ကြုတ်လိုက်သည်။

" ညီလေး၊ မင်းကို တခြားမိသားစုက ပို့လိုက်တာလား။ မဟုတ်ရင် မင်း ဘာလို့ ကျားကျွန်းကို ပြိုင်ပွဲကနေ နှုတ်ထွက်ဖို့ အတင်းတိုက်တွန်းနေလဲဆိုတာ ငါ နားမလည်တော့ဘူး "

ဟုန်းကျားကျွန်းသည် ပြိုင်ပွဲမှ နှုတ်ထွက်လိုက်ပါက ဟုန်းမိသားစုအတွက် ကြီးမားသော နစ်နာဆုံးရှုံးမှုဖြစ်ရုံကလွဲ၍ တစ်ဖက်သူအတွက် မည်သည့်အကျိုးအမြတ်မှ ရရှိနိုင်မည် မဟုတ်ပေ။

သို့သော် တစ်ဖက်ကောင်လေးသည် အကျိုးအမြတ်ရနိုင်သည့် သန်း၁၀၀ လျော်ကြေးကိုပင် ငြင်းဆန်ပြီး ဆက်လက်ခေါင်းမာ၍ နှုတ်ထွက်ခိုင်းနေလေသည်။

ထို့ကြောင့် ထိုကောင်လေးအား တခြားပြိုင်ဘက်မိသားစုမှ လွှတ်လိုက်သည်လားဟု သံသယဝင်မိသည်။

ယဲ့ဖန် ဟက်ခနဲ နှာမှုတ်လိုက်သည်။

" အဲ့တာကို စိတ်ပူစရာ မလိုပါဘူး။ လုပ်မလား၊ မလုပ်ဖူးလားဆိုတာကိုပဲ ဖြေဖို့လိုတယ် "

" ညီလေး၊ မင်းက ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ကျားကျွန်းကိုတောင် နိုင်တဲ့ ခွန်အားရှိမှတော့ ဘာလို့ အခြားသူတွေအတွက် မင်းအသက်ကို စွန့်စားနေတာလဲ "

ဟုန်းရှိထျန်းသည် အခုထိ ယဲ့ဖန်၏ မေးခွန်းအတွက် အဖြေကို တန်းမဖြေသေးပေ။

" ဒီလိုဆိုရင်ရော။ မင်း ငါတို့ ဟုန်းမိသားစုမှာ အလုပ်လာလုပ်ရင် နာမည်တစ်ခုပဲ ပေးစရာလိုမယ်။ ပုံမှန်အတိုင်း ...... မင်း ဘာပဲလုပ်လုပ် အတင်းအကြပ်တားမြစ်ချက်တွေ ရှိမှာ

မဟုတ်ဘူး။ ငါ မင်းကို နှစ်စဉ်လစာ ........ တစ်နှစ်ကို သန်း ၂၀ဆိုရင် ဘယ်လိုလဲ "

ထိုသို့ ပြောလိုက်သည်နှင့် နေရာ၌ ရှိနေသောလူတိုင်းမှာ အလန့်တကြားဖြင့် မျက်လုံးပြူးကုန်ကြသည်။

နှစ်စဉ်လစာ သန်း ၂၀ တဲ့လား။

ဒါကြီးက သေချာပေါက် နည်းတဲ့ပမာဏ ဟုတ်မနေဘူး။

ကောင်းကင်က ကျလာတဲ့ ပိုင်းမုန့်ကြီးလားပဲ။

တော်ဝင်နန်းတော်ကာစီနိုရုံသည် ဟုန်းမိသားစုနောက်ခံရှိ၍ ပြဿနာဖြစ်လာပါက ဟုန်းရှိထျန်းမှ ကြားဝင် ဖြေရှင်းရန် တာဝန်ရှိသည်။

ဘယ်သူကလည်း လက်လွတ်စပယ် ပြဿနာရှာရဲမှာလဲ။

တစ်နည်းပြောရလျှင် သန်း၂၀ ဟူသည်မှာလည်း သူတို့အတွက် မပြောပလောက်သည့် ပမာဏတစ်ခုဖြစ်သည်။

အကြောင်းမှာ နာမည်တစ်ခုဆယ်ရန် ငွေပုံပေးလိုက်ခြင်းဟု ဆိုနိုင်သည်။

လောင်းကစားလောကတွင် နှစ်ဆယ်ချီ ကျင်လည်ခဲ့ကြသော ပညာရှင်ဆရာကြီးများပင် နှစ်စဉ်လစာကို ၁၀သန်းထက် နည်း၍သာ ရရှိကြသည်။

ထို့အပြင် ဤလူငယ်လေးသည် တရားဝင် နာမည်ရှိသူပင် မဟုတ်သေးပေ။

သို့သော် သူသည် ပညာရှင်ကြီးများထက် နှစ်ဆမကသော ဝင်ငွေကို ကမ်းလှမ်းခံရသည်။

ဟုန်းရှိထျန်း၏ ကမ်းလှမ်းအဆိုပြုချက်မှာ စိတ်ရင်းပါသည်ဟု ပြောနိုင်သည်။

သို့သော် ယဲ့ဖန်မှာတော့ ထိုစကားကို ကြားသည့်အခါ မနှစ်မြို့အထင်သေးစွာဖြင့် ပြုံးလိုက်သည်။

" သန်း ၂၀ နှစ်စဉ်လစာနဲ့ ခင်ဗျားတို့ရဲ့ ခွေးဖြစ်စေချင်တာလား။ ကျုပ်ကို အထင်သေးလွန်းနေတာ မဟုတ်ဘူးလား "

ယဲ့ဖန်သည် ထိုမြေခွေးအိုကြီး၏ အကြံအစည်ကို သဘာဝကျစွာဖြင့် ထိုးဖောက်မြင်နိုင်လေသည်။

သန်း ၂၀ သုံးလိုက်ရုံဖြင့် ဤအခြေအနေကြီးမှာ ပြီးဆုံးသွားမည်ဖြစ်သည်။

ဟုန်းကျားကျွန်းသည်လည်း ပြိုင်ပွဲတွင် ဆက်လက်ပါဝင်နိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ယဲ့ဖန်ကဲ့သို့ အလားအလာရှိသည့် ပြိုင်ဘက်ကို ဟုန်းမိသားစု အာဏာထဲသို့ ဆွဲသွင်းလိုက်နိုင်ပေမည်။

မည်သို့ပင်ဖြစ်စေ ယဲ့ဖန်သည် ဟုန်းမိသားစု၏ ခွေးဖြစ်ပေးကာ သစ္စာရှိရန် ရွေးချယ်လိုက်ပါက မည်သည့်အခြေအနေ ရောက်ရှိလာသည်ဖြစ်စေ မိသားစုကြီး၏ အရေးကိုသာ ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်သည်။

ထိုအခါ ဟုန်းမိသားစုသည် ယဲ့ဖန်ကို ပြိုင်ပွဲအတွင်း သေချာပေါက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ဘဲ ဟုန်းကျားကျွန်းသည်သာ လောင်းကစားဘုရင်ဂုဏ်ပုဒ်အတွက် ရယူနိုင်ခွင့်ရှိသူ ဖြစ်ပေမည်။

မည်သူပင် ကြည့်ပါစေ အလွန်အကျိုးအမြတ်ရှိသည်။

အကယ်၍ ယဲ့ဖန်သည်သာ သာမန် လောင်းကစားသမားတစ်ယောက်မျှသာ ဖြစ်ပါက တစ်ဖက်သူ၏ ဖိတ်ခေါ်မှုကို ဝမ်းပန်းတသာ လက်ခံမည်ဖြစ်ပြီး ငြင်းဆိုနိုင်မည် မဟုတ်ချေ။

ဒါပေမဲ့ ယဲ့ဖန်က ဘယ်သူမလို့လဲ။

ဘီလီယံနာသူဌေးကြီး မဟုတ်လား။

ကျုံးဟိုင်နဲ့ ယန်းချန်က နာမည်ကြီး ယဲ့လူကြီးမင်းပဲ။

သန်း ၂၀ လောက်နဲ့ သစ္စာခံစေချင်တယ်တဲ့လား။

ဟာသပဲ။

ကမ်းလှမ်းချက်အား ငြင်းဆိုလိုက်သံကို ကြားသောအခါ ဟုန်းရှိထျန်း၏ အမူအရာမှာ ထပ်ပြီး နက်မှောင်သွားရပြန်သည်။

" ကောင်လေး၊ ငါ မင်းကို စိတ်ရင်းနဲ့ ကမ်းလှမ်းနေတာ။ မသိတတ်တာမျိုး မလုပ်စမ်းပါနဲ့။ လူဘယ်နှစ်ယောက်ကများ ဟုန်းမိသားစုရဲ့ ခွေးဖြစ်ချင်နေလဲဆိုတာ မင်းသိလား။ အဲ့တာတောင် သူတို့က ခွေးဖြစ်ဖို့ထိ အရည်အချင်း မရှိကြဘူး "

ယဲ့ဖန် ချက်ချင်း အေးစက်စွာ ရယ်လိုက်သည်။

" ဒါဆို တခြားသူတွေကိုပဲ အဲ့လိုလုပ်ခိုင်းလိုက်။ ကျုပ်က လူပဲဖြစ်ချင်တာ၊ ခွေးမဟုတ်ဘူး "

ဟုန်းရှိထျန်း’၏ မျက်လုံးများထဲတွင် အေးစက်သော လူသတ်ရိပ်များ ပြေးဖြတ်သွားသည်။

" ငါ မင်းကို နောက်ဆုံးတစ်ကြိမ် အခွင့်အရေးပေးမယ်။ သူ့ကို ချက်ချင်း လွှတ်ပေးလိုက်။ မဟုတ်ရင် ငါ့ကို ရိုင်းတယ် မဆိုနဲ့ "

ယဲ့ဖန်၏ ပစ္စတိုသေနတ်မှာ ဟုန်းကျားကျွန်း၏ ခေါင်းပေါ်တွင် ထောက်ထားသည်။

" သတ္တိရှိရင် စမ်းကြည့်လိုက်လေ။ သူ့ခေါင်းကို ကျုပ်က ပစ်ရဲလား မပစ်ရဲဘူးလားဆိုတာ ကြည့်ကြသေးတာပေါ့ "

ဟုန်းရှိထျန်းသည် အဆုံးစွန်ထိ ဒေါသထွက်နေပြီဖြစ်သည်။

" ဒါဆိုလည်း သတ်ပစ်လိုက်။ ပြီးရင်တော့ မင်း တော်ဝင်နန်းတော်ကာစီနိုရုံထဲက ထွက်သွားလို့ မရစေဘူးဆိုတာကိုတော့ ငါက အာမခံတယ် "

ထိုသို့ပြောပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းကာ လက်အောက်ငယ်သားများကို အချက်ပြလိုက်သည်။

" တိုက်ကြ "

ထိုလက်အောက်ငယ်သားများသည် သူတို့၏ အင်္ကျီထဲမှ သေနတ်များကို ထုတ်လိုက်ပြီး ယဲ့ဖန်ကို ချိန်လိုက်ကြတော့သည်။

ချန်းဖေးအယ်မှာ တွန့်ဆုတ်မနေတော့ဘဲ အိတ်ထဲမှ သေနတ်ကို ထုတ်လိုက်ကာ ယဲ့ဖန်နှင့်အတူ ရပ်လျက် ထိုလူများကို စိန်ခေါ်နေသည်။

အခန်းထဲရှိ လူများမှာ ကြောက်လွန်း၍ တုန်လှုပ်နေကြသည်။

ဤကိစ္စမှာ အလွန်ကြီးပြီး တစ်စုံတစ်ယောက် သေရမည့် အနေအထားသို့ ရောက်လာမည်ဟု ဘယ်သူမှ မထင်ထားကြပေ။

သူတို့သည် စိတ်ထဲမှ ယဲ့ဖန်ကို အပြစ်တင်နေကြသည်။

ဘာလို့ ဒီကောင်လေးက အဲ့လောက်တောင် ခေါင်းမာနေရတာလဲ။

ဟုန်းရှိထျန်းက သူ့ရဲ့ အကောင်းဆုံး ကမ်းလှမ်းချက်နဲ့ စိတ်ရင်းကိုတောင် ထုတ်ပြပြီးပြီလေ။

မင်းက ဒီအတိုင်း လက်ခံလိုက်ရင် ပြီးတာပဲကို ဘာလို့ ခေါင်းမာမှ ဖြစ်မှာလဲ။

ဟုန်းမိသားစုအား စိန်ခေါ်ခြင်းသည် အများသောအားဖြင့် အဆုံးသတ်ကောင်း ရှိမည် မဟုတ်ပေ။

အခြေအနေ ပြိုပျက်သည်နှင့် ဟုန်းကျားကျွန်း သေပေလိမ့်မည်။

သို့သော် ထိုကောင်လေးတို့ နှစ်ယောက်မှာလည်း ချိန်ရွယ်ထားသော ပစ္စတိုပေါင်းများစွာကြားမှ အသက်ရှင်မည် မဟုတ်။

သွေးချောင်းစီးမည့် သေနတ်တိုက်ပွဲမှာ ရှောင်လွဲမရသည့် အခြေအနေသို့ ရောက်လာလေသည်။

ထိုသို့ အရေးကြီးအခိုက်အတန့်တွင် ဟုန်းရှိထျန်း၏ ဖုန်းမှာ ရုတ်တရက် မြည်လာသည်။

သူသည် သူ၏ စူးရှသော အကြည့်ကို ဖြည်းညှင်းစွာဖြင့် ရုတ်လိုက်ပြီး ဖုန်းခေါ်ဆိုသူ အမည်ကို ကြည့်ရန် ခေါင်းကို ငုံ့လိုက်သည်။

ထိုအခါ သူ၏ အမူအရာမှာ ချက်ချင်းကို ပြောင်းလဲသွားပြီး ဖုန်းကို အမြန်ကိုင်လိုက်သည်။

တစ်ဖက်သူမှ ဘာပြောလိုက်သည်ကို မသိသော်လည်း ဟုန်းရှိထျန်းသည် ယဲ့ဖန်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားရပြီးနောက် စိတ်ရှုပ်ထွေးမှု၊ တုန်လှုပ်မှု၊ ကြောက်ရွံ့မှုတို့ ဆက်တိုက် ပြောင်းလဲနေပြီး နောက်ဆုံးတွင် မျက်နှာမှာ ဖြူဖျော့သွားရတော့သည်။

လူတိုင်းသည် တိတ်ဆိတ်စွာဖြင့် သူ၏ 'ပြောင်းလဲနေသောအမူအရာများ'ကို ကြည့်နေကြသည်။

ဒီလောက် တိကျတဲ့ အမူအရာဖော်ပြချက်နေတွေနဲ့ဆို အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရသင့်နေလောက်ပြီ မဟုတ်လား။

တစ်ချိန်တည်းမှာတင် လူတိုင်းက သိချင်နေကြသလို လူတိုင်းက အံ့ဩနေကြသည်။

တစ်ဖက်ဖုန်းခေါ်သူက ဘယ်သူလဲ။

သူတို့က သူ့ကို ဘာတွေ ပြောလိုက်လို့လဲ။

ကာစီနိုမြေတစ်ခုလုံးကို အုပ်စိုးနိုင်တဲ့ ဟုန်းမိသားစုရဲ့ စိတ်ကို တမဟုတ်ချင်း ပြောင်းအောင် တကယ်ကြီး လုပ်နိုင်တာလား။

ဟုန်းရှိထျန်းသည် ဖုန်းချပြီးတဲ့နောက် သူ့ကိုယ်သူ စိတ်ငြိမ်အောင် လုပ်လိုက်ပြီး ယဲ့ဖန်ကို လက်နှစ်ဖက်စု၍ အရိုအသေပြုလိုက်သည်။

" ဒါဆို၊ ဒီဘက်က ယန်းချန်မြို့က ယဲ့လူကြီးမင်းပဲ။ တောင်းပန်ပါတယ် "

ထိုစကားကို ပြောလိုက်သည်နှင့် ရှိနေသည့်လူတိုင်း တုန်လှုပ်ကုန်ကြသည်။

ဘာတွေ ဖြစ်ကုန်တာလဲ။

အခုနကထိ သူတို့က ခေါင်းချင်းဆိုင်တိုက်နေကြတာလေ။

ဘာလို့ အခြေအနေတွေက အငွေ့လို ချက်ချင်း လွင့်ပြယ်ကုန်တာလဲ။

ဒီလို လမ်းကြောင်းပြောင်းတာကြီးက မမြန်လွန်းဘူးလား။

ယန်းချန်မြို့က ယဲ့လူကြီးမင်းတဲ့လား။

ဒါကြီးက အရမ်းအံ့ဩစရာကောင်းတယ် မဟုတ်ဘူးလား။

အပိုင်း ( ၉၂၂ )

နှာဖျားကို ဖြတ်ရိုက်ပြီး မျက်နှာသာယူလိုက်သလိုပဲ

ယဲ့ဖန်လည်း ကြောင်အနေသည်။

ဟုန်းရှိထျန်းသည် လက်ရှိပြောနေသော ဖုန်းဆက်သူကြောင့် သူ၏ သရုပ်မှန်ကို သိသွားလောက်မည် ဖြစ်လောက်သည်။

ဒါဆို ဖုန်းခေါ်တာက ဘယ်သူလဲ။

ကျောင်းဖုလင်လား။

မဟုတ်လောက်ဘူး။

ကျောင်းမိသားစုက ဟုန်းမိသားစုနဲ့ အရင်က အာဃာတတွေ ရှိတယ်လို့ ပြောထားတယ်လေ။ အဲ့တာဆို ကျောင်းဖုလင် ပေါ်လာဖို့က အဆင်မပြေလောက်ဘူး မဟုတ်လား။

သို့ဖြစ်ရာ ယဲ့ဖန်သည် လက်ရှိအခြေအနေတွင် ကျောင်းဖုလင်မှ လွဲ၍ အခြားသူကိုလည်း စဉ်းစား၍ မရပေ။

ကျူးရှောင်ကျောင်းရဲ့ အဘိုးတော့ မဟုတ်လောက်ဘူးမလား။

အဲ့တာကြီးသာဆို အံ့ဩစရာ ကောင်းမနေလွန်းဘူးလား။

အကယ်၍ ထိုဖုန်းဆက်သူသည် သခင်ကြီးကျောင်းသာ ဖြစ်ပါက ဟုန်းရှိထျန်းသည် လက်ရှိအချိန်တွင် ဖုန်းပြောလျက် ဒူးပင် ထောက်နေလောက်ပေမည်။

သို့သော် ယခုအချိန်မှာ ထိုအကြောင်းကို တွေးနေရန် အချိန်မရှိပေ။

အဖြစ်ဆိုးကြီးမှာ ခေတ္တဖြေရှင်းပြီးသွား၍ စိတ်အေးသွားရသည်။

မည်သို့ပင်ဖြစ်စေ သူသည်လည်း သေနတ်များစွာဖြင့် အချိန်ခံထားရ၍ ကိုယ်ခံပညာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်မှုဖြင့်ပင် မထိခိုက်ဘဲ ထွက်ခွာရန် ခက်ခဲပေလိမ့်မည်။

သူ့ကိုယ်သူသာ ကြည့်ပြီး ပြေးထွက်လျှင်လည်း ချန်းဖေးအယ် သေမှာဖြစ်သည်။

ထို့ကြောင့် သွေးထွက်သံယိုဖြစ်ခြင်း မရှိဘဲ သူတို့၏ ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ခြင်းမှာ အကောင်းဆုံးဖြစ်သည်။

ဟုန်းရှိထျန်း၏ မျက်နှာပေါ်၌ ဒေါသများ မရှိတော့ချေ။

ထိုအစား သူ့မျက်နှာပေါ်တွင် မြှောက်ပင့်ဖားယားချင်နေသည့် အရိပ်အမြွက်များပင် ပေါ်လာသည်။

" ယဲ့လူကြီးမင်း၊ နဂါးဘုရင်ကျောင်းဆောင်မှာ ရွှေမိုးငွေမိုး ရွာသလိုပါပဲ။ လူကြီးမင်းဆိုတာသာ သိခဲ့ရင် ကျွန်တော်က လူကြီးမင်းကို ဘယ်လိုလုပ် စိန်ခေါ်ရမှာလဲ "

သူသည် စကားပြောနေရင်းဖြင့် သူ့လက်အောက်ငယ်သားများဘက် လှည့်ကာ လှမ်းအော်လိုက်သည်။

" မင်းတို့ရဲ့ သေနတ်တွေကို ချလိုက်စမ်း။ လူကြီးမင်းက မကြုံဖူးတာ မရှိဘူး။ ဒီလိုခပ်တုံး ယမ်းမီးလောက်နဲ့ ဘယ်သူ့ကို ခြောက်ဖို့ကြိုးစားနေတာလဲ "

လူတိုင်းသည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်ကုန်ရသည်။

ခုနက တိုက်ခိုက်ဖို့ အမိန့်ပေးထားတာ သူ မဟုတ်သလိုပဲ။

သို့သော် ထိုအမူအရာက လူတိုင်းကို ထိတ်လန့်စေသည်။

သူတို့သည် ယဲ့ဖန်၏ သရုပ်မှန်ကို ပို၍ ပိုသိချင်လာကြသည်။

ဒီလူငယ်လေးက ဘယ်သူမလို့လဲ။

ဘယ်သူမလို့ ဟုန်းရှိထျန်းကိုတောင် အရမ်းကြောက်သွားစေနိုင်တာလဲ။

ဟယ်လန်သည် ယဲ့ဖန်ကို ပေါ်ထင်စွာပင် အထင်ကြီးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ဟုန်းမိသားစု၏ အကြီးအကဲကို့င် ခေါင်းငုံ့အောင် လုပ်ခိုင်းနိုင်သော လူတစ်ယောက်သည် သူမ ချီးမွမ်းထိုက်သည့် အာဏာတစ်ခုကို ပိုင်စိုးထားသူ ဖြစ်သည်။

ယဲ့ဖန်နှင့် ယှဉ်ပါက ဟုန်းကျားကျွန်းသည် သူ့ဖိနပ်ကိုပင် သယ်ရန် မထိုက်တန်ချေ။

ဟုန်းကျားကျွန်းသည် မောက်မာနိုင်စွမ်း မရှိတော့သည်မှာ သေချာသည်။

သူသည် အခြားသူများထံမှ အသနားခံထားရသော ခွေးသေတစ်ကောင်နှင့် တူလေသည်။

ဟုန်းမိသားစုရဲ့ အကြီးအကဲကတောင် ယဲ့ဖန်ကို ရိုသေလေးစားရတာ။

ဒါဆို သူက ဘယ်လိုလုပ် မာနကြီးရဲတော့မှာလဲ။

ယဲ့ဖန်သည် ဟုန်းကျားကျွန်းကို ဓားစာခံအဖြစ် ချုပ်နှောင်ထားရန် စိတ်ကူးမရှိတော့ချေ။

သေနတ်ကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး ဟုန်းရှိထျန်းကို လှည့်ကြည့်လိုက်သည်။

" ခင်ဗျားက ကျွန်တော့်ရဲ့ သရုပ်မှန်ကို သိထားပြီးတော့ ဆက်တဲ့သူနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးကိုလည်း သိပြီးသားဆိုတော့ ခင်ဗျားတို့ဘက်က လောင်းကြေးကို မလေးစားသင့်ဘူးလာ "

'ထိုလူ'သည် မည်သူဖြစ်သည်ကို ယဲ့ဖန် မသိသော်လည်း ကျားအရေခွံကို အလံအဖြစ် အသုံးပြုရန် မတွန့်ဆုတ်ခဲ့ပေ။

" ဒါက ........ "

ဟုန်းရှိထျန်းသည် တခဏ တွန့်ဆုတ်သွားပြီးနောက် အခြားသူများကို အခန်းထဲမှ ဖယ်ထုတ်ရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဟယ်လန်နှင့် အခြားသော လောင်းကစား ပညာရှင်အိုကြီးများသည် ပြပွဲကို ဆက်လက်ကြည့်ချင်ကြသော်လည်း ဟုန်းမိသားစု အကြီးအကဲ၏ ဆန္ဒကို မလိုက်နာဘဲ မနေရဲကြပေ။

သူတို့တွင်လည်း ရွေးချယ်စရာမရှိတော့ဘဲ အစောင့်အုပ်စုအနောက်မှ လိုက်ကာ အခန်းထဲမှ ထွက်လာကြသည်။

အပြင်ဘက်ရှိ လောင်းကစားသမားများ အဖွဲ့တစ်ဖွဲ့သည် ထိုမြင်ကွင်းကို အံ့ဩစွာဖြင့် ကြည့်နေကြသည်။

ဟုန်းရှိထျန်းသည် သူ၏ လက်အောက်ငယ်သားများနှင့်အတူ အပြေးအလွှား ရောက်လာသည်ကို တွေ့လိုက်သောအခါ ကိစ္စသည် သေချာပေါက် ပေါက်ကွဲနိုင်သည့် အခြေအနေတစ်ခု ရှိနေသည်ကို သူတို့ သိလိုက်သည်။

ထို့ကြောင့် သွေးထွက်သံယို တိုက်ပွဲတစ်ခုကို မျှော်လင့်နေကြသည်။

ထိုသည်က သူတို့ကို အလွန်စိတ်လှုပ်ရှားစေသည်။

ပွဲကြီးပွဲကောင်းတစ်ပွဲ ကြည့်နိုင်လိမ့်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် ထိုလူအုပ်စုကြီး ထွက်လာပြီး ဘာမှဖြစ်သွားပုံမပေါ်သည်ကို မြင်လိုက်ရပြီး သူတို့သည် မတတ်နိုင်ဘဲ မေးခွန်းထုတ်မိကြတော့သည်။

သူတို့အားလုံးက သူမထံမှ သတင်းအချက်အလတ်သိရရန် ဝိုင်းအုံထားကြသည်။

ဟယ်လန်၏ ချစ်စရာကောင်းသော မျက်နှာပေါ်တွင် အန္တရာယ်ကင်းသော အပြုံးတစ်ခု ပေါ်လာသည်။

" ရှင်တို့ တကယ် သိချင်တာလား "

သူမသည် ပြုံးနေသော်လည်း လူတိုင်းမှာ ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။

အဆိပ်ပြင်းသော လျှာဖြင့် စိုက်ကြည့်ခံနေရသကဲ့သို့ ဖြစ်လာပြီး သူတို့သည် အလွန်ကြောက်လန့်လာကာ မေးခွန်းများအား ထပ်ပြီး မမေးရဲကြတော့ပေ။

ထိုအချိန် အခန်းထဲ၌ ယဲ့ဖန်၊ ချန်းဖေးအယ်၊ ဟုန်းရှိထျန်းနှင့် ဟုန်းကျားကျွန်းတို့သာ ကျန်တော့သည်။

" ပြောစရာရှိရင် ပြော "

ယဲ့ဖန်သည် ထိုင်ခုံကို ဖြည်းညှင်းစွာ ဆွဲယူလိုက်ပြီး ထိုင်လိုက်သည်။

ချန်းဖေးအယ်သည် ချက်ချင်း သူ့အတွက် ဝိုင်နီတစ်ခွက် လောင်းငှဲ့ပေးလိုက်သည်။

ဟုန်းရှိထျန်းသည် ယဲ့ဖန်ကို ခဏတာ စိုက်ကြည့်နေသည်။

" ကျွန်တော်တို့ ဟုန်းမိသားစုကို လောင်းကစားဘုရင်ပြိုင်ပွဲကနေ နှုတ်ထွက်ဖို့ အတင်းတွန်းအားပေးတာက ယဲ့လူကြီးမင်းရဲ့ ရည်ရွယ်ချက် အစစ်မဟုတ်လောက်ဘူးလို့ ထင်ပါတယ်။ လူကြီးမင်းက တစ်ခုခုကို လိုချင်တာလို့ ထင်ပါတယ် "

ယဲ့ဖန် သူ့ကို ပေါ့တန်စွာသာ ကြည့်လိုက်သည်။

" ဘာလို့ အဲ့လိုပြောတာလဲ "

ဟုန်းရှိထျန်းသည်လည်း ထိုင်ခုံတစ်ခုကို ဆွဲယူပြီး ယဲ့ဖန် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

" ကျွန်တော်တို့ရဲ့ ဟုန်းမိသားစုက ယဲ့လူကြီးမင်းနဲ့ အတိတ်ကရော ပစ္စုပ္ပန်မှာပါ ရန်ငြိုးမရှိဖူးပါဘူး။ ပြိုင်ပွဲကနေ နှုတ်ထွက်ဖို့ အတင်းအကြပ် လုပ်ခိုင်းရင်တောင် လူကြီးမင်းအတွက် ဘာအကျိုးအမြတ်မှ ထွက်မှာ မဟုတ်ဘူး။ အဲ့အစား လူကြီးမင်းမှာ အခြားရန်သူတစ်ယောက်ပဲ ပိုလာပါလိမ့်မယ် "

ယဲ့ဖန် မထီမဲ့မြင် ပြုံးလိုက်သည်။

" အဲ့တာကို ဂရုစိုက်တယ်ထင်လား "

ဟုန်းကျားကျွန်းသည် ဟုန်းမိသားစုအား ယဲ့ဖန်မှ အလွန် အထင်သေးနေသည်ကို မြင်လိုက်ရပြီး ပြန်လည်တုံ့ပြန်တော့မည် ဖြစ်သည်။

သို့သော် ဟုန်းရှိထျန်းမှ သူ့ကို မျက်စောင်းဖြင့် စိုက်ကြည့်ပြီး ပါးစပ်ပိတ်ထားရန် အကြည့်ဖြင့် ပြောလိုက်သည်။

သို့သော် သူကတော့ ယဲ့ဖန်ကို ဆက်၍ပြုံးပြနေသည်။

" ဟုတ်ပါတယ်၊ ယဲ့လူကြီးမင်းရဲ့ ခွန်အားနဲ့ ဟုန်းမိသားစုလောက်လေးကို ဂရုမစိုက်တာတော့ သေချာပါတယ်။ ဒါပေမယ့် အကြောင်းပြချက်မရှိဘဲ လူကြီးမင်းက ငါတို့ကို ရိုက်နှက်ဖို့ လာမှာမဟုတ်လောက်ပါဘူး။ မင်းမှာ တခြားအကြောင်းပြချက် ရှိလောက်မယ်။ လူကြီးမင်း ဟုန်းမိသားစုဆီက တစ်ခုခု လိုအပ်ရင် လွတ်လွတ်လပ်လပ် မေးပါ။ လောင်းကစားနယ်မြေမှာ ရှိနေသရွေ့ ဟုန်းမိသားစုက မလုပ်နိုင်တာ ဘာမှမရှိပါဘူး "

သူ၏ စကားများသည် ယဲ့ဖန်ကို လေးစားကြောင်း ဖော်ပြပြီး ဟုန်းမိသားစု၏ စွမ်းအားကိုလည်း ထောက်ပြသည်။

သူသည် တင်စီးခြင်း မရှိသလို သည်းခံမည့်သူလည်း မဟုတ်ပေ။

ယဲ့ဖန်သည် သွယ်ဝိုက်နေလိုခြင်း မရှိချေ။

သူသည် တည့်တိုးသာ ပြောလိုက်သည်။

" လောင်းကစားဘုရင်ပြိုင်ပွဲမှာ လူတစ်ယောက်ကို ဖမ်းချင်တယ်။ ဟုန်းမိသားစုက ကျွန်တော့်ရဲ့အကြံအစည်တွေကို မပျက်စီးအောင် မျက်ကွယ်ပြုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

ဟုန်းရှိထျန်းသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။

" ဒီကိစ္စက ကိုင်တွယ်ရတာ မလွယ်ပါဘူး။ လောင်းကစားဘုရင်ပြိုင်ပွဲကို ကျွန်တော်တို့ ဟုန်းမိသားစုက စီစဉ်တယ်ဆိုတာ သိလောက်မယ် ထင်ပါတယ်။ ပြိုင်ပွဲမှာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့က ရှောင်ပြေးလို့ မရမှာကို စိုးရိမ်ရတယ် "

ယဲ့ဖန် မတတ်နိုင်ဘဲ ရယ်မောလိုက်သည်။

" မခက်ရင် ဘာလို့ အချိန်ဖြုန်းပြီး ခင်ဗျားကို လာရှာမှာလဲ "

ဟုန်းရှိထျန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

" ပြိုင်ပွဲပြီးတဲ့အထိ စောင့်ပေးနိုင်မလား။ ဒီလိုသာဆို သက်ရောက်မှုက ပိုနည်းလိမ့်မယ် ....... "

" မရဘူး "

ယဲ့ဖန် ချက်ချင်း ခေါင်းခါလိုက်ပြီး သူ့အမူအရာမှာလည်း ဆုံးဖြတ်ချက် ခိုင်မာနေပုံရသည်။

ဟုန်းရှိထျန်း၏ ယခင်က ဒေါသအရ တစ်စုံတစ်ယောက်မှ သူ့အား ထိုကဲ့သို့ အနေအထားဖြင့် ထိုစကားမျိုး သတ္တိရှိလာပြောပါက သူ ချက်ချင်း ဒေါသဖြစ်သွားပေလိမ့်မည်။

သို့သော် ယဲ့လူကြီးမင်းကဲ့သို့ အင်အားကြီးသော နောက်ခံရှိသောလူရှေ့တွင် ဒေါသ ထွက်မပြရဲပေ။

ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီး နောက်ဆုံးတွင် အံကြိတ်ကာ ပြောလာသည်။

" ကောင်းပြီ၊ ငါ သဘောတူတယ်။ ပြိုင်ပွဲအတွင်းမှာ ယဲ့လူကြီးမင်း လှုပ်ရှားလို့ရတယ်။ တစ်ခုခုဖြစ်ရင် ငါတို့ ဟုန်းမိသားစုက တာဝန်ခံမယ် "

ဟုန်းကျားကျွန်းသည် ထိုစကားကို ကြားသောအခါ ချက်ချင်း စိုးရိမ်လာသည်။

" ဒုတိယဦးလေး၊ ကျွန်တော်တို့ အဲ့လို တကယ်ကြီးလုပ်လိုက်ရင် ကျွန်တော်တို့က လူထုဝေဖန်မှုရဲ့ပစ်မှတ်ဖြစ်လာပြီး ပြိုင်ပွဲဝင်တိုင်းဆီက ဝိုင်းပြောခံရမှာ သေချာတယ် ...... "

ဟုန်းရှိထျန်းသည် သူ့ကို ရပ်ဖို့ သူ့လက်ကို မြှောက်လိုက်သည်။

" ထပ်ပြောစရာ မလိုတော့ဘူး။ ငါ စိတ်ဆုံးဖြတ်ပြီးသွားပြီ။ ယဲ့လူကြီးမင်းက ဧည့်သည်ဆိုတော့ သူ့အတွက် လက်ဆောင်ကြီးတစ်ခု ပေးတယ်လို့ မှတ်လိုက်ရအောင် "

ယဲ့ဖန် ချက်ချင်း ပြုံးပြလိုက်သည်။

" ဒါက လက်ဆောင်ကြီးဖြစ်တော့ ဟုန်းလူကြီးမင်းက လုပ်မယ့်လုပ် ကျမ်းစာကို အဆုံးထိ သယ်ပေးသင့်တယ် မဟုတ်လား။ အဲ့တော့ ပြိုင်ပွဲမှာ ပြိုင်မယ့်သူတွေရဲ့ အချက်အလက်တွေကို မိတ္တူပို့ပေးပါ "

ဟုန်းရှိထျန်း အံ့သြသွားသည်။

ဒါက နှာခေါင်းကို ဖြတ်ရိုက်လိုက်သလိုပဲ။

ဖြည့်လို့ကို မပြီးနိုင်တဲ့ အိုးလိုပဲ။

ဆင်တစ်ကောင်လုံးကို မျိုချနေတဲ့ မြွေနဲ့တူတယ်။

ဒါပေမယ့် သူ့မှာရော ငြင်းပိုင်ခွင့်ရှိရဲ့လား။

မရှိဘူး။

အဆုံးတွင် ဟုန်းရှိထျန်းသည် ယဲ့ဖန်၏ တောင်းဆိုချက်အားလုံးကို သဘောတူခဲ့သည်။

သို့သော် ပါဝင်သူများ၏ အချက်အလက်များမှာ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သောကြောင့် ဖြေရှင်းရန် အချိန်လိုအပ်သည်။

ယဲ့ဖန်သည်လည်း နားလည်စွာဖြင့် သူတို့ကို အတင်းအကြပ် အလောမကြီးပေးခဲ့ပေ။

နားလည်ကြောင်း ပြသပြီး ထွက်သွားသည်။

ဟုန်းရှိထျန်းမှ အမြန်ထရပ်ပြီး သူ့ကိုလိုက်ပို့သည်။

သူတို့နှစ်ယောက် သီးသန့်ခန်းထဲမှ လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရပြီး အပြင်မှ လူတွေက အနည်းငယ် ထိတ်လန့်သွားသည်။

အထူးသဖြင့် ဟယ်လန်နှင့် အခြားလောင်းကစား ပညာရှင်အိုကြီးများမှာ ပို၍ အံ့သြသွားကြသည်။

အစောက သီးသန့်ခန်းထဲ၌ ဖြစ်ပျက်ခဲ့သည်များကို သူတို့က အခြားလောင်းကစားသမားများထက် ပို၍ သိလေသည်။

သူတို့သည် ဓားမြှောင်များကို မြှောက်ထားပြီး သေသည်အထိ တိုက်ပွဲဝင်တော့မည့် အနေအထား ဖြစ်နေခဲ့သည်။

အချိန်တိုလေးပဲ ရှိသေးတယ် သူတို့က ဘယ်လိုလုပ် အဲ့လောက် ရင်းနှီးသွားတာလဲ။

သူတို့သည် နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသော သူငယ်ချင်းဟောင်းများ ပြန်တွေ့ရသလိုမျိုး ပြုမူနေကြသည်။

ဟုန်းရှိထျန်း ထွက်လာပြီးနောက် သူသည် လောင်းကစား စားပွဲပေါ်ရှိ တောင်ကဲ့သို့ ပုံနေသော တိုကင်ပြားများကို တစ်ချက်ကြည့်လိုက်ပြီး ဟယ်လန်ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

" ယဲ့ ...... အစောက ဖန်လူကြီးမင်းက ဘယ်လောက် အနိုင်ရခဲ့တာလဲ "

အပိုင်း ( ၉၂၃ )

သူက ငါတို့ စော်ကားလို့ ရနိုင်တဲ့သူ မဟုတ်ဘူး။

" ဖန်လူကြီးမင်းက ၁ ထပ်ကနေ ၅ ထပ်ထိ တိုက်ခဲ့ပြီး စုစုပေါင်း ၃ချီလည်း နိုင်ခဲ့ပါတယ် "

ဟယ်လန်သည် ရိုသေစွာဖြင့် အမြန်ဖြေလိုက်သည်။

" သန်း ၂၀၀ ပါ "

ဟုန်းရှိထျန်း၏ မျက်နှာမှာ နှစ်ကြိမ်လောက် တွန့်သွားသည်။

သူသည် ထိုပမာဏကို ကြိုသိထားသော်လည်း နာကျင်မှုကို အနည်းငယ် ခံစားလိုက်မိသည်။

တစ်ချိန်တည်းမှာပင် တစ်ဖက်သား၏ လောင်းကစားစွမ်းရည်ကိုလည်း အံ့ဩမိသည်။

ဒီလူငယ်လေးကို အဲ့လို အကောင်ကြီးက တန်ဖိုးထားတာ အံ့ဩစရာ မရှိတော့ပါဘူး။

သူက တကယ်ကို သာမန်ထက် ထူးကဲသာလွန်တာပဲ။

" သွား၊ ဖန်လူကြီးမင်းအတွက် သန်း၂၀၀ကို လဲလာခဲ့။ ပြီးတော့ ဖန်လူကြီးမင်းက ငါတို့ ကာစီနိုရုံရဲ့ အဆင့်တွေ အားလုံးကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုတဲ့ အနေနဲ့ သန်း၁၀၀ ဆုကြေးပါ ယူခဲ့ "

ဟယ်လန်သည် ထိုအမိန့်ကို ကြားသောအခါ ကြောင်အ တုန်လှုပ်သွားသည်။

သူက သန်း ၂၀၀ကို လဲပေးချင်ရုံတင်မကဘဲ သန်း ၁၀၀ကိုပါ ထပ်ပေါင်း ပေးချင်နေတာလား။

ဒါ ဘာကြီးလဲ။

သူမ လုံးဝ နားမလည်နိုင်တော့ပေ။

ဟုန်းရှိထျန်းသည် သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

" မင်း အဲ့မှာ ဘာရပ်လုပ်နေသေးတာလဲ။ မြန်မြန် သွား "

ဟယ်လန် နောက်ဆုံးတွင် အသိပြန်ကပ်လာသည်။

သူမ အမြန် ယဲ့ဖန်ဆီသို့ အမြန်လျှောက်သွားပြီး သူ၏ ဘဏ်ကတ်ကို တောင်းကာ ငွေလွှဲပေးဖို့ စီစဉ်ရန် ထွက်သွားခဲ့သည်။

ယဲ့ဖန်သည် ဟုန်းရှိထျန်း၏ ကောင်းသော ရည်ရွယ်ချက်ကို မငြင်းဆိုခဲ့ချေ။

သန်း၁၀၀က နှုတ်ပိတ်ကြေး ဟုတ်တယ်မလား။

ထိုသည်မှာ ဟုန်းကျားကျွန်းမှ သူ့ဆီတွင် ရှုံးခဲ့ကြောင်း သတင်းပြန့်ခြင်းမှ တားဆီးရန် ဖြစ်သည်။

ဟုန်းကျားကျွန်းသည် လောင်းကစားလောက၌ အမည်မရှိသူထံ ရှုံးသွားသည့်သတင်း ပျံ့သွားလျှင် သူသည် လောင်းကစားလောကထဲတွင် ချက်ချင်း လှောင်ရယ်စရာ ဟာသဖြစ်လာလိမ့်မည်။

လောင်းကစားဘုရင်ပြိုင်ပွဲ ချန်ပီယံဆုကို ထပ်မံ ဆွတ်ခူးနိုင်ခဲ့လျှင်ပင် ဤအရှုံးကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ရှိနေသူအားလုံးလည်း ထိတ်လန့်သွားကြသည်။

" ဒါ ...... သူက တော်ဝင်နန်းတော်ကာစီနိုရုံသမိုင်းတစ်လျှောက်မှာ ပိုက်ဆံအများဆုံး ရတဲ့သူ ဖြစ်နိုင်တယ်မလား "

" ပိုပြီး ကြီးကြီးကျယ်ကျယ် ပြောရမယ်ဆို သူက ကာစီနိုရုံထဲကို ဝင်ဖို့ ယွမ် ၁၀၀၀၀ပဲ ပေးခဲ့ပြီးတော့ နှစ်နာရီအတွင်းမှာပဲ ယွမ် သန်း ၃၀၀ ရရှိခဲ့တာ "

" ဟုန်းလူကြီးမင်းက သူတို့ကတိကို လိုက်နာတယ်။ တခြားကာစီနိုတစ်ခုသာဆို အဲ့ကောင်လေး ပိုက်ဆံတွေကို ဘေးကင်းကင်းနဲ့ သယ်သွားနိုင်မှာ မဟုတ်ဘူး "

" ဘာလို့ တစ်ခုခုဖြစ်ခဲ့တယ်လို့ ခံစားနေရတာလဲ။ အခု အထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ "

" မင်း ပြောချင်တာ ...... ဟုန်းကျားကျွန်းက ရှုံးသွားတာ ဖြစ်နိုင်တယ်လို့လား။ ဒါဆို သန်း ၁၀၀ ကို နှုတ်ပိတ်ကြေးအဖြစ် သုံးတာလား "

" မင်း ငါ့ကို လာနောက်နေတာလား။ ဟုန်းကျားကျွန်းက လောင်းကစားဘုရင်လေ။ သူက ဘယ်လိုလုပ် ရှုံးရမှာလဲ "

" အဲ့တာဆို ဒါကြီးက အဓိပ္ပာယ်မရှိဘူးလေ။ သူရှုံးသွားတာ မဟုတ်ရင် ဘာလို့ ပိုက်ဆံကို ပေးလိုက်တဲ့အပြင် သန်း ၁၀၀ကိုပါ ထပ်ပြီး ပေးရတာလဲ "

" ဖြစ်နိုင်တာက ....... ဖြစ်နိုင်တာက ...... သရေပွဲ ဖြစ်သွားလို့များလား "

ထိုအခိုက်အတန့်တွင် လူတိုင်း၌ အမျိုးမျိုးသော မှန်းဆချက်တွေ ရှိခဲ့ကြသည်။

ပြန့်နှံ့သွားမည့် ဇာတ်လမ်းပုံစံများစွာလည်း ရှိမည်မှာ သေချာသည်။

သို့သော် ထိုသည်က ဟုန်းရှိထျန်း ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ချေ။

ယဲ့ဖန်နှင့် လောင်းကစားဝိုင်းထဲမှ အကြီးတန်းပညာရှင်ကြီးများ ဘာမှ မပြောပါက တခြားသူများ ဘယ်လောက်ပင် မှန်းဆနေပါစေ ကိစ္စမရှိပေ။

ဟယ်လန်သည် ငွေလဲသည်ကို လျင်မြန်စွာ လုပ်ဆောင်ပြီးနောက် ဘဏ်ကတ်ကို ယဲ့ဖန်ထံသို့ ပြန်ပေးလိုက်သည်။

ဘဏ်ကတ်ကို ပေးလိုက်သည်နှင့် သူမသည် ယဲ့ဖန်၏ လက်ဖဝါးကို လက်သည်းဖြင့် တိတ်တဆိတ် ကုတ်လိုက်သည်။

ယဲ့ဖန် သူ့ခေါင်းကို မော့ပြီး သူမကို ကြည့်လိုက်သည်။

သူမ၏ လှပသော မျက်လုံးများသည် သူ့ကို သွေးဆောင်ရန် ကြိုးစားနေသကဲ့သို့ ဆွဲဆောင်မှုအပြည့်ဖြင့် ပြည့်နှက်နေသည်ကို သူမြင်လိုက်ရသည်။

ယဲ့ဖန်မှာတော့ ဂရုမစိုက်ဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။

ထိုအမျိုးသမီးသည် လူတော်တော်များများ၏ အမြင်၌ အကောင်းဆုံးဟု ယူဆနိုင်သည်။

သို့သော် ယဲ့ဖန်သည် ထိပ်တန်း အလှတရားလေး အမျိုးမျိုးကို မြင်ဖူးသူဖြစ်၍ ထိုသည်မှာ သာမန်မျှသာ ဖြစ်သည်။

ထို့အပြင် သူမကို အခြားသူတစ်ဦးဆီမှ အကျန်ဖြစ်သည်။

တကယ်ပင် သူ့မျက်လုံးထဲ မဝင်ချေ။

ဘဏ်ကတ်ကိုယူပြီး နောက်ပြန်လှည့်မကြည့်ဘဲ ချန်းဖေးအယ်နှင့် ထွက်သွားခဲ့သည်။

ဟယ်လန်သည် မကျေမနပ်ဖြစ်ကာ သူ့နောက်ကျောကို စိုက်ကြည့်နေသည်။

ဤသည်မှာ ယောက်ျားတစ်ယောက်အပေါ် ကောင်းမွန်စွာ ဆက်ဆံပေးရန် ပထမဆုံးအကြိမ် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူက သူမကို လျစ်လျူရှုမည်ဟု သူမ မမျှော်လင့်ထားချေ။

ဟုန်းကျားကျွန်းသည် သူမ၏ အမူအရာကို သတိပြုမိပြီး မုန်းတီးမှုများဖြင့် ပြည့်နှက်သွားသည်။

အနံ့ဆိုးတဲ့ ခွေးမ၊ မင်းက အဲ့လောက်မြန်မြန် တခြားယောက်ျားကို ပရောပရည် လုပ်နေပြီလား။

ငါ မင်းကို ဘယ်လို ရှင်းမလဲ ဆိုတာ စောင့်ကြည့်လိုက်။

လက်ရှိအချိန်မှာတော့ သူမကို သင်ခန်းစာပေးရန် အချိန်မရှိသေးပေ။

သူသည် သူ၏ဒုတိယဦးလေး ဟုန်းရှိထျန်း ရုံးခန်းထဲသို့ ချက်ချင်း လိုက်သွားခဲ့သည်။

" ဒုတိယဦးလေး၊ အဲ့ဒီကလေးက ဘယ်သူလဲ။ ဦးလေးက ဘာလို့ သူ့ကို အရမ်းကြောက်နေရတာလဲ။ ပြီးတော့ အရမ်းကြီးလွန်းတဲ့ လိုက်လျောမှုတောင် လုပ်ပေးခဲ့သေးတယ် "

ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်း မကျေမနပ် မေးလိုက်သည်။

ဟုန်းရှိထျန်း အစောပိုင်းက ပြုလုပ်ခဲ့သော လိုက်လျောမှုများသည် အရှက်ရစရာဖြစ်သည်။

ဟုန်းမိသားစုက ဒီလောက်ကြီးမားတဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဘယ်တုန်းက လုပ်ဖူးလို့လဲ။

" ငါ မင်းကို ပြန်မေးချင်တယ်။ မင်းကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး လောင်းကစားဘုရင်ပြိုင်ပွဲကို အလောင်းအစားအဖြစ် အသုံးပြုဖို့ ဘယ်သူက မေးလို့လဲ "

ဟုန်းရှိထျန်း ချက်ချင်း အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။

" ကျွန်တော် ....... အဲ့ကလေး လောင်းကစား ကောင်းကောင်း လုပ်နိုင်မယ်လို့ မမျှော်လင့်ထားဘူး ........ "

ဟုန်းကျားကျွန်းသည် စကားမပြောနိုင် ဖြစ်သွားရသည်။

" ဟား၊ မင်း လောင်းကစားဘုရင်ဘွဲ့ကို နှစ်ကြိမ်ရထားတာနဲ့ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား။ မင်းထက် ပိုသာတဲ့သူတစ်ယောက် အမြဲရှိနိုင်တာ နားလည်လား "

ဟုန်းရှိထျန်းက ချက်ချင်း အပြစ်တင်ဆူပူလိုက်သည်။

" ဟုတ်ပါတယ်၊ ဒုတိယဦးလေး။ ဒီတစ်ခါတော့ ကျွန်တော် တကယ် သတိလက်လွတ်ဖြစ်သွားလို့ပါ။ နောက်နောင် ထပ်မဖြစ်စေရပါဘူး "

ဟုန်းကျားကျွန်းသည် သူ့အမှားကို လျင်မြန်စွာ ဝန်ခံလိုက်သည်။

ထိုမှသာ ဟုန်းရှိထျန်း၏ အမူအရာမှာ အနည်းငယ် တိုးတက်လာခဲ့တော့သည်။

" ဒီတစ်ခါတော့ မေ့လိုက်ကြရအောင်။ ဒီပွဲကြောင့် မထိခိုက်စေနဲ့။ လောင်းကစားဘုရင်ပြိုင်ပွဲအတွက် ပြင်ဆင်နေ။ ဒီပြိုင်ပွဲက မိသားစုအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောပြဖို့ မလိုဘူးမလား "

ဟုန်းကျားကျွန်းက ပြန်၍ ခေါင်းညိတ်ပြသည်။

" မှတ်မိပါတယ်။ ဒီကလေးရဲ့ နောက်ကြောင်းကို အခု ပြောပြလို့ရပြီလား "

ဟုန်းရှိထျန်းသည် သက်ပြင်းချကာ ကူကယ်ရာမဲ့စွာဖြင့် သူ့နားသို့ ဖြည်းညှင်းစွာ တီးတိုးပြောလိုက်သည်။

ဟုန်းကျားကျွန်း ချက်ချင်း ထိတ်လန့်စွာ မျက်လုံးပြူးသွားရသည်။

" ဒီကလေးက တကယ်ပဲ အံ့ဩစရာ မရှိတော့ပါဘူး။ ဒီလို နောက်ခံမျိုးကို ကျွန်တော်တို့ ပြဿနာရှာလို့ တတ်နိုင်တဲ့ အရာမဟုတ်ဘူး "

ဟုန်းရှိထျန်း သူ့ပုခုံးပေါ် ပုတ်လိုက်သည်။

" ဒါက မင်းအတွက် သင်ခန်းစာပဲ။ ဘယ်သူ့ကိုမှ လျှော့မတွက်နဲ့။ နောက်ဆို မင်း ယဲ့လူကြီးမင်းကို တွေ့တဲ့အခါ မင်း ပိုပြီးတော့ လေးစားရမယ် "

ဟုန်းကျားကျွန်း ကြောက်ရွံ့စွာ ခေါင်းညိတ်လိုက်သည်။

သူသည် မိသားစုဆီသို့ ရန်သူကြီးကို သယ်လာမိမတတ် ဖြစ်သွားခဲ့သည်။

အပိုင်း ( ၉၂၄ )

ဒါဆို မင်း မစဉ်းစားပဲ ထပ်လုပ်

" ယဲ့ညီလေး၊ ငါ မင်းကို မပြောခဲ့ဘူးလား "

ကျောင်းဖုလင် ခါးသီးစွာ ပြုံးလိုက်သည်။

" ငါတို့ မိသားစုက ဟုန်းမိသားစုနဲ့ ပဋိပက္ခတွေရှိတယ်။ ငါသာ သူတို့ကို ခေါ်လိုက်ရင် မီးထဲ မီးစာထည့်သလို ဖြစ်သွားမှာ မဟုတ်ဘူးလား "

ယဲ့ဖန်သည် ဖုန်းခေါ်သူမှာ ကျောင်းဖုလင် မဟုတ်ကြောင်းကို ကြားသောအခါ သူ ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။

" အစ်ကို မခေါ်ခဲ့ဘူးလား။ ဒါဆို ဘယ်သူ ဖြစ်နိုင်မလဲ "

ကျောင်းဖုလင်သည် တစ်ခုခုကို စဉ်းစားနေသကဲ့သို့ တစ်ခဏ တိတ်ဆိတ်နေသည်။

" အာ ဟုတ်သား၊ ငါ့ယောက်ဖကို မနေ့ညက မင်းအကြောင်း ပြောဖြစ်သေးတယ်။ သူ ဖြစ်နေမလား "

ယဲ့ဖန် ကြောင်အသွားသည်။

" အစ်ကိုက ရှုချန်းမင်းကို ကျွန်တော့်အကြောင်း ပြောလိုက်တာလား "

ကျောင်းဖုလင်သည် ယဲ့ဖန်မှ ရှုချန်းမင်းအား နာမည်တပ်ခေါ်သည်ကို ကြားလိုက်ရသည့်အခါ အမြန် ပြင်ပေးလိုက်သည်။

" ယဲ့ညီလေး၊ ငါ့ယောက်ဖကို ဘယ်လိုလုပ် နာမည်တပ်ခေါ်နေတာလဲ။ မင်းကတော့လေ ရိုသေမှုကို မရှိဘူးဘဲ။ ငါသာ မင်းဆိုရင် သူ့ကို ယောက်ဖလို့ ခေါ်မှာ။ အဲ့လိုသာ ဆက်စပ်ကြည့်မယ်ဆို မင်းလည်း ငါ့ကို ယောက်ဖလို့ ခေါ်ရမှာပဲ "

" သွားစမ်းပါဗျာ "

အစကတော့ ယဲ့ဖန်သည် ကျောင်းဖုလင်၏ တည်ကြည်လေးနက်သောအသံကို ကြား၍ သေချာ နားထောင်နေသော်လည်း နောက်ဆုံးစာကြောင်းကို ကြားပြီးသောအခါ မထိန်းနိုင်ဘဲ ဆဲရေးလိုက်တော့သည်။

ဘာကြီးလဲ။

ဘယ်လိုလုပ် ယောက်ဖဖြစ်ရမှာလဲ။

ရှုကျင်းရှင်းကြားရင် သူမ နောက်ကွယ်မှာ လျှောက်ပြောတယ် ထင်တော့မှာပဲ။

ကျောင်းဖုလင်နှင့် ဖုန်းချပြီးသည့်နောက် တခဏတွန့်ဆုတ်နေပြီး ရှုကျင်းရှင်း၏ ဖုန်းနံပါတ်ကို ရိုက်ခေါ်လိုက်သည်။

" မင်း ........ "

ယဲ့ဖန် မမေးနိုင်ခင်မှာပင် ရှုကျင်းရှင်းက သူ မေးလိုသည့်ကိစ္စကို ဖြေပေးလိုက်သည်။

သူမက ချက်ချင်း ပြောသည်။

" အစ်ကိုက လူတွေအပေါ် အကြွေးတင်နေတာမျိုး မကြိုက်ဘူးတဲ့။ ရှင်က ဦးလေးကျောင်းကို နောက်ဆုံးတစ်ခေါက်တုန်းက ကယ်ဖူးထားတော့ ဒီတစ်ခါ သူက ပြန်ကူညီပေးတယ်လို့ မှတ်လိုက်ပါလို့ ပြောတယ် "

ယဲ့ဖန် ပြောစရာစကား ပျောက်သွားရသည်။

သူသည် ကျောင်းသခင်ကြီးအား ကယ်တင်ပေးခဲ့သည့် ကိစ္စကို မေ့နေသည်မှာ အတော်ပင် ကြာလှပြီဖြစ်သည်။ ထို့ကြောင့် မေ့လုနီးပါးပင် ဖြစ်နေသည်။

ရှုကျင်းရှင်းမှ ဆက်၍ မှတ်မိနေဦးမည်ဟု မထင်ထားပေ။

" ဒါဆိုလည်း သူ့ကို ကိုယ့်အစား ကျေးဇူးတင်ပေးပါဦး။ အခု ဖုန်းချလိုက်တော့မယ် "

" ရှင် ....... "

အဝေးမှာရှိသည့် ယန်းချန်မြို့တွင် ကျန်ခဲ့သော ရှုကျင်းရှင်းသည် ယဲ့ဖန်နှင့် ဆက်၍ စကားစမြည်ပြောချင်သေးသည်။

သို့သော် တစ်ဖက်လူမှ ဖုန်းချသွားပြီဖြစ်၍ သူမ၏ နှုတ်ခမ်းလေးမှာ ဆူပုတ်၍ ကျန်ခဲ့ရတော့သည်။

ဒီတစ်ယောက်က သူမကို ဘာမှ ပြောစရာမရှိဘူးလား။

အမှန်တကယ်တွင် သူမ လိမ်ခဲ့ခြင်း ဖြစ်သည်။

သူ့အစ်ကိုမှ ထိုသို့လုပ်ရန် အစပျိုးခဲ့ခြင်း မဟုတ်ဘဲ သူမကသာ သူ့ကို တောင်းပန်ခဲ့ရခြင်းဖြစ်သည်။

ကျောင်းဖုလင်နှင့် သူမတို့အစ်ကိုကြား စကားပြောနေသံကို ကြားလိုက်ရပြီး ယဲ့ဖန်သည် ကာစီနိုတွင် ဒုက္ခရောက်နေကြောင်း သိလိုက်ရကာ သူမအစ်ကိုကို အကူအညီတောင်းခဲ့သည်။

ရှုချန်းမင်းသည် အစတွင်တော့ ပြတ်သားစွာ ငြင်းဆိုခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကာစီနိုနယ်မြေနှင့် ပြည်မကြီး၏ အခြေအနေသည် ထူးခြားသောကြောင့် မလိုအပ်ပါက မပတ်သက်လိုချေ။

သို့သော် သူ့ညီမ၏ တွယ်ကပ် ပူဆာနေခြင်းကို သူ မခံနိုင်ချေ။

နောက်ဆုံးတွင် သူ ဖုန်းဆက်လိုက်ရသည်။

ရှုချန်းမင်း၏ လက်ရှိ အသက်အရွယ်နှင့် အနေအထားအရ သူသည် အနာဂတ်တွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာနိုင်သည်။

ထို့ကြောင့် ဟုန်းမိသားစုသည်လည်း သဘာဝကျစွာဖြင့် သူ့ကို လျစ်လျူမရှုရဲကြပေ။

ယဲ့ဖန်သည် သူမကို စကားအများကြီး မပြောသွားသော်လည်း သူ့လေသံအရ ပြဿနာ ပြေလည်သွားပြီဖြစ်ကြောင်း သူမပြောပြနိုင်သည်။

သူမလည်း ပျော်ရွှင်သွားတော့သည်။

သီချင်းသံစဉ်လေး ညည်းရင်း ပန်းများနှင့် အပင်များကို ရေလောင်းရန် ခြံဝင်းဆီသို့ ပြေးသွားခဲ့သည်။

....................................

ချန်းဖေးအယ်သည် ယဲ့ဖန် ဖုန်းပြောပြီး သည်ကို စောင့်ပြီးနောက် မေးမြန်းရန် လာခဲ့သည်။

" ခုနက ဟုန်းရှိထျန်းကို ခေါ်တဲ့သူက ဘယ်သူလဲ "

ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။

တင်းအားမှာ ပြင်းထန်လွန်း၍ အချိန်မရွေး ပြတ်တောက်သွားနိုင်သည်။

အကယ်၍ ထိုခေါ်ဆိုမှုသည် မိနစ်အနည်းငယ် နောက်ကျသွားလျှင်ပင် အကျိုးဆက်များကို မှန်းဆ၍ မရနိုင်ပေ။

ထို့ကြောင့် သူမသည် အလွန် သိချင်နေခဲ့သည်။

ဖုန်းခေါ်တဲ့သူက ဘယ်သူလဲ။

သူတို့က ကာစီနိုနယ်မြေမှာ ဒီလောက်တောင် သြဇာရှိတာလား။

သူတို့ မည်မျှ အရေးကြီးသည်ဆိုသည်မှာ သိသာလေသည်။

ယဲ့ဖန်မှ ထူးခြားလျှို့ဝှက်စွာ ပြုံးလိုက်သည်။

" ကိုယ် မင်းကို မပြောဘူး "

ရှုချန်းမင်းသည် ဟုန်းရှိထျန်းအား ဖုန်းခေါ်ခြင်းမှာ ကြီးမားသောကိစ္စ မဟုတ်သောကြောင့် လုံခြုံရေးအဖွဲ့ကို အသိပေးရန် မလိုအပ်ချေ။

" ကျစ်၊ ထားလိုက်တော့။ ကျွန်မ အနှေးနဲ့အမြန် သိမှာပဲ "

ချန်းဖေးအယ်သည် ယဲ့ဖန်မှ တမင်တကာ ထိန်ချန်ထားသည်ကို မြင်ပြီး မျက်လုံးကို ချက်ချင်း ဝေ့လိုက်သည်။

" မျက်စိလာဝေ့ပြီး မမေးဖို့ အကြံပေးမယ်။ မဟုတ်ရင် အန္တရာယ်များလိမ့်မယ် "

ယဲ့ဖန်မှ ချက်ချင်း မကောင်းသော ရည်ရွယ်ချက်ဖြင့် ပြောလိုက်သည်။

" ဘာလဲ၊ ရှင်က ကျွန်မကိုပါ နှုတ်ပိတ်နေချင်သေးတာလား "

ချန်းဖေးအယ် သူ့ကို စိုက်ကြည့်နေလိုက်သည်။

" သတ်ပစ်ဖို့ မလိုသေးပေမယ့် နှုတ်ပိတ်ဖို့တော့ လိုသေးတယ် "

ယဲ့ဖန်မှ နတ်ဆိုးဆန်စွာ ပြုံးလိုက်သည်။

" မသတ်ဘဲ ဘယ်လို နှုတ်ပိတ်နိုင်တာ ရှိလို့လဲ "

ချန်းဖေးအယ် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

" တကယ်တော့ နှုတ်ပိတ်ဖို့က နည်းလမ်းနှစ်ခု ရှိတယ်။ အနိမ့်ဆုံးအဆင့်က သူတို့ကို သတ်ပစ်ဖို့ပဲ။ အမြင့်ဆုံးအဆင့်က သူတို့ကို အနိုင်ယူရမှာ။ ရုပ်ခန္ဓာတင်မကဘူး၊ စိတ်ဝိညာဉ်ကိုရော .......... "

ယဲ့ဖန် သူမအနားကို တစ်လှမ်းချင်း လှမ်းလာပြီး ကြည့်လျက် ပြောလိုက်သည်။

ချန်းဖေးအယ်သည် အနောက်သို့ ပြန်ဆုတ်ရင်း သူမ၏ ခန္ဓာကိုယ်သည် ကားကို ထိသွားသည်။

နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။

သူမ ရှက်ရွံ့ဒေါသဖြစ်လာခဲ့သည်။

" ရှင့်ရဲ့ အဲ့လို သိမ်ဖျင်းတဲ့ အပြုအမူတွေကို ကျွန်မ မုန်းတယ်။ ရှင် ..... ရှင် လေးလေးစားစား ဆက်ဆံတာ ပိုကောင်းမယ် "

ယဲ့ဖန်သည် လက်ချောင်းကို သုံး၍ သူမ၏ မေးစေ့ကို မြှောက်လိုက်သည်။

" ခုနက သီးသန့်ခန်းထဲမှာ မင်းပဲ ကိုယ့်ကို အရင်လာပြီး ဖက်ခဲ့တာလေ။ အဲ့ဒီတုန်းက မင်းပဲ ပျော်နေခဲ့တာ မဟုတ်ဘူးလား "

ယဲ့ဖန်သည် စကားပြောနေလျက် သူ့အကြည့်များမှာ သူမခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာသည်။

သူမသည် ယနေ့တွင် အနီရောင် ပိုးသားဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ လှပသော အသွင်အပြင်ကို ပြသထားသည်။

ခြေတံနှစ်ချောင်းသည် စကတ်အောက်မှ ဖြောင့်တန်း ချောမွေ့စွာ ထွက်ပေါ်နေသည်။

အနီရောင် ဒေါက်မြင့်ဖိနပ်တစ်ရံဖြင့် တွဲဖက် ဝတ်ဆင်ထားသည်မှာ အလွန်ဆွဲဆောင်မှုရှိလှသည်။

သူ တကယ်ပင် စိတ်လိုလက်ရ လုပ်ချင်လာမိသည်။

ချန်းဖေးအယ် သီးသန့်အခန်းထဲမှ ဖြစ်ခဲ့သော သူမအကြောင်းအား ယဲ့ဖန်မှ ပြန်ပြောပြနေသည်ကို ကြားသည့်အခါ သူမ၏ ပါးပြင်များ ချက်ချင်းပင် နီရဲလာရသည်။

" ကျွန်မ ..... ကျွန်မက မစဉ်းစားမိလိုက်လို့ ဟုတ်ပြီလား "

ယဲ့ဖန် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

" ဒါဆို မင်း မစဉ်းစားပဲ ပြန်လုပ်နိုင်တယ်။ ကိုယ် စိတ်ထဲ မထားပါဘူး "

ချန်းဖေးအယ် စကားမပြောနိုင် ဖြစ်သွားရသည်။

ထိုအချိန်က သူမသည် စိတ်မြန်ပြီး မစဉ်းစားပဲ လုပ်လိုက်မိသည့်အတွက် သူမကိုယ်သူမသာ အပြစ်တင်ရမှာ ဖြစ်ပြီး ထိုသည်က ယဲ့ဖန်အတွက် သူမကို စနောက်ရန် အကြောင်းပြချက် ဖြစ်လာခဲ့သည်။

သူမ သူ့ပေါင်ခြံကို ကန်သွင်းရန်ပင် ပြင်ဆင်ထားသည်။

ထိုကောင်လေးမှ သူမကို တကယ်ထိရဲလျှင် သူ့တစ်သက်လုံး နောင်တရသွားမှာ သေချာသည်။

ယဲ့ဖန်သည် ဖြည်းညှင်းစွာ ငုံ့လျက် သူမကို နမ်းခါနီးတွင် စနစ်မှ သတိပေးချက် ရုတ်တရက် ထွက်ပေါ်လာသည်။

[ စနစ်မှ လက်ခံသူအတွက် အခွင့်အရေးလမ်းကြောင်းပြစနစ်တစ်ခုကို တွေ့ရှိထားပါသည်။ လက်ရှိနေရာမှာ မီတာ၂၀ခန့် တည့်တည့်သွားပြီး ညာဘက်ကွေ့ပါ ....... ]

ယဲ့ဖန် မတတ်နိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။

စနစ်သည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်ဟု ပထမဆုံးအကြိမ် သူ ခံစားလိုက်ရသည်။

ဘာလို့ ဒီလောက်အရေးကြီးတဲ့ အခိုက်အတန့်မှာမှ ရောက်လာရတာလဲ။

သို့သော် အခွင့်အလမ်းရှာဖွေခြင်းနှင့် ရတနာရှာဖွေခြင်းလမ်းကြောင်းတို့ နှစ်ခုကြားမှ ကွာခြားချက်ကို သူ နားလည်သည်။

ရတနာရှာဖွေခြင်းမှာ ရတနာရှိသည့် နေရာသို့ သွား၍ ရှာဖွေရခြင်းဖြစ်ပြီး ရတနာသည် ထိုနေရာတွင်ရှိနေကာ အချိန်မရွေး ရှာဖွေနိုင်ပါသည်။

သို့သော် အခွင့်အလမ်းလမ်းကြောင်းသည် အခွင့်အလမ်းတစ်ခု ဖြစ်သည့်အတွက် ခေတ္တမျှ နောက်ကျလျှင်ပင် အခြေအနေ ပြောင်းလဲသွားနိုင်၍ တစ်မိနစ်ပင် နှောင့်နှေး၍ မရနိုင်ပေ။

ထိုအချိန်တွင် ယဲ့ဖန်သည် ချန်းဖေးအယ်အား ကျီစယ်ရန် စိတ်မကူးနိုင်တော့ဘဲ ကားတံခါးကို အမြန်ဖွင့်လိုက်သည်။

" ဝင်ခဲ့လေ "

" ဘယ်သွားမှာလဲ "

" အခွင့်အလမ်းကို ရှာနေတာ "

" ဟမ် ..... အိပ်ဖို့ သွားရှာတာလား "

ချန်းဖေးအယ် အံ့အားသင့်သွားသည်။

သူ ဒီလောက် တည့်တိုးကြီး ပြောမှ ဖြစ်မှာလား။

All Chapters