← Chapters

အပိုင်း ၉၂၅-၉၂၈

Vol. 47 Ch. 925-928

အပိုင်း ၉၂၅-၉၂၈

Vol. 47 Ch. 925-928

အပိုင်း ( ၉၂၅ )

ရှင်းပြပြီးရင် မျှော်လင့်ချက် မရှိတော့ဘူး

ကားတိုက်မှု မတော်တဆမှာ အတော်လေး ပြင်းထန်သည်။

အနက်ရောင် Lincoln ကားသည် ကုန်တင်ကားကြီးအရှေ့သို့ ဝင်တိုက်မိထားသည်။

သေချာပေါက် Lincoln ကားမှာလည်း အခြေအနေကောင်းတွင် ရှိမနေပေ။

ရှေ့ခရီးသည်တင်ခြမ်းတစ်ခုလုံးသည် ပွစာကြဲသည်အထိ ကြေမွနေပြီး နောက်ကားတန်းမှာတော့ ပြင်းထန်စွာ ပျက်စီးသွားသည်။

မြေပြင်ပေါ်တွင်လည်း သွေးအိုင်ကြီးရှိနေပြီး မြင်ရသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။

ကားမတော်တဆမှု မြင်ကွင်းမှာ ထိတ်လန့်တုန်လှုပ်စရာဟုသာ ဖော်ပြနိုင်သည်။

အခင်းဖြစ်ပွားရာ နေရာတွင် ယာဉ်ထိန်းရဲများ၊ ကျန်းမာရေးဝန်ထမ်းများ ရှိနေပြီး အခြေအနေနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ကုသ ထိန်းသိမ်းပေးနေသည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ကားကို လမ်းဘေးတွင် ပါကင်ထိုးပြီးနောက် ကားပေါ်မှ ဆင်းလာသည်။

" ဒီကို ဘာလာလုပ်တာလဲ "

ချန်းဖေးအယ်သည် ထိုစိတ်မကောင်းစရာဖြစ်သော အခင်းနေရာကို ကြည့်ပြီး ယဲ့ဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

" သေချာပေါက် လူကယ်ဖို့ပေါ့ "

ယဲ့ဖန်သည် နေရာကို လေ့လာနေပြီး သာမန်ကာလျှံကာ ဖြေလိုက်သည်။

" ရှင်က အဲ့လောက် ကြင်နာတတ်လို့လား "

ချန်းဖေးအယ် သူ၏ ရည်ရွယ်ချက်ကို သံသယဝင်လေသည်။

" ရဲဖက် ချန်းဖေးအယ်၊ ကိုယ် မင်းကို ဒီအတွက် ဝေဖန်ရမယ်။ မင်းရဲ့ ထင်မြင်ချက်ကို ကိုယ့်အလုပ်အပေါ် သယ်လာလို့ မရဘူး။ ကိုယ်က အမြဲတမ်း တခြားသူတွေကို ကယ်ဖို့ ကိုယ့်ကိုယ်ကိုယ် စတေးခဲ့တာပါ။ ဒီလို အဖြစ်မျိုးကို ဒီအတိုင်း လက်ပိုက်ကြည့်နေနိုင်ပါ့မလား "

ယဲ့ဖန်သည် သူမကို မှန်ကန်စွာ ဆုံးမပြောဆိုလိုက်သည်။

ချန်းဖေးအယ်မှာ ပြောစရာစကား ပျောက်သွားရသည်။

ဒီကောင် ထပ်ပြီး သရုပ်ဆောင်နေပြန်ပြီ။

သို့သော် ယခု ယဲ့ဖန်သည် ကိုယ်ကျင့်တရား မြတ်သော ပုံစံအဖြစ် ရပ်တည်နေသည်။

သူမသည် သွေးအေးပြီး နှလုံးသားမဲ့သူဟု သမုတ်ခံရမည်ကို စိုးရိမ်၍ ဘာမှ မပြောရဲတော့ပေ။

သူတို့နှစ်ဦးသည် ဆေးဘက်ဆိုင်ရာဝန်ထမ်းများဆီသို့ အမြန်ရောက်ရှိလာသည့်အခါ ထမ်းစင်ပေါ်တွင် တင်ထားသည့် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။

ထိုအဘိုးသည် မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားပြီး မျက်နှာမှာ ဖြူဖျော့နေသည်။

သေသည်လား၊ ရှင်သည်လား မသိရပေ။

ဆရာဝန်များနှင့် ယာဉ်ထိန်းရဲအရာရှိ အချို့သည် အတူတကွ ပူးပေါင်းလျက် Lincolnကားထဲမှ ကားမောင်းကို ထုတ်နေကြဆဲဖြစ်သည်။

သို့သော် ယဲ့ဖန်မှာတော့ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကားမောင်းသူအတွက် မျှော်လင့်ချက်မဲ့ကြောင်း သိလိုက်သည်။

သူ၏ ခန္ဓာကိုယ်အောက်ပိုင်း တစ်ဝက်လောက်မှာ ပြတ်ထွက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

ဘုရားကြွလာလျှင်ပင် သူ့ကို မကယ်တင်နိုင်ပေ။

အဘိုးအိုကို စစ်ဆေးရန် ယဲ့ဖန် လမ်းလျှောက်လာသည်ကို တင်းကြပ်စွာ ထုပ်ပိုးဝတ်ဆင်ထားသည့် ဆရာဝန်မှ ရုတ်တရက် ကြိမ်းမောင်းလိုက်သည်။

" ရပ်လိုက်၊ မင်း ဘာလုပ်တာလဲ "

ယဲ့ဖန် လှည့်ကြည့်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

" ဒီအဘိုးကို ကယ်နိုင်သေးလားဆိုတာ ကြည့်ရအောင်လို့ပါ "

ဆရာဝန်က သူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။

" မင်းက ဆရာဝန်လား "

ယဲ့ဖန်၏ မျက်နှာသည် နီရဲသွားခြင်း မရှိပေ။

" ဟုတ်တယ် "

ထိုမှ ဆရာဝန်၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားသည်။

" ဒီအဘိုးကြီးရဲ့ ဒဏ်ရာက အရမ်းပြင်းထန်တယ်။ သူအသက်ရှုတာက ရပ်သွားပြီ။ သူ့ကို ကယ်တင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် မကယ်နိုင်ခဲ့ဘူး "

ယဲ့ဖန် သည် အဖိုးအိုကို တစ်ချက်ကြည့်လိုက်ပြန်သည်။

" ကျွန်တော် ကြည့်လို့ရမလား။ ကျွန်တော်က ဆေးကျောင်းသားပါ။ ဒီလို ဒဏ်ရာနဲ့ ခန္ဓာကိုယ်ကို အနီးကပ်ကြည့်ဖို့ အခွင့်အရေး မသာလို့ "

ထိုဆရာဝန်မှ ခဏ တုံ့ဆိုင်းသွားသော်လည်း မတားခဲ့ချေ။

" မင်း သူ့ကို ကြည့်လို့ရပေမယ့် ခန္ဓာကိုယ်ကိုတော့ မထိနဲ့။ မဟုတ်ရင် မင်း ဒဏ်ရာရသူ မိသားစုကို ရှင်းပြနိုင်မှာ မဟုတ်ဘူး "

ယဲ့ဖန် ချက်ချင်းပင် သူ့ကို ကျေးဇူးတင်စကားဆိုလိုက်ပြီး နောက်လှည့်ကာ အဘိုးအိုဆီ လမ်းလျှောက်လာခဲ့သည်။

ချန်းဖေးအယ်သည် သူ့နောက်သို့ လိုက်သွားပြီး သူမ မထိန်းနိုင်ဘဲ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။

ဒီတစ်ယောက်က လွယ်လွယ်လေး လိမ်လွန်းတာပဲ။

သူက ဘယ်နားက ဆေးကျောင်းသားမလို့လဲ။

ယဲ့ဖန်သည် အဘိုးအိုရှေ့သို့ လျှောက်လာပြီး သူ၏ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။

အဘိုးအို၏ မျက်အိမ်မှာ ကျယ်နေပြီဖြစ်သည်။

ထို့နောက် အခြေအနေကို စစ်ဆေးကြည့်နေလိုက်သည်။

အဘိုးအို၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာရှိသော်လည်း ပြင်းထန်သော သေစေနိုင်သည့် ဒဏ်ရာမှာ သူ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် စိုက်နေသော မှန်ချပ်ဆီမှ ဖြစ်သည်။

ဖန်စသည် မည်မျှနက်သည်ကို မသိသော်လည်း သူ့အဝတ်အစားတစ်ခုလုံးနှင့် ဘောင်းဘီမှာ အနီရောင်သွေးများဖြင့်သာ လွှမ်းနေသည်။

မြေပြင်ပေါ်ရှိ သွေးအိုင်ကြီးသည် သူ့ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

သူသည် သွေးများစွာ ဆုံးရှုံးထားလေသည်။

လူနာတင်ကား ရောက်လာချိန်ဆိုလျှင် အလွန်နောက်ကျသွားနိုင်သည်။

သို့သော် အဘိုးအို၏ သွေးခုန်နှုန်းကို တိုင်းလိုက်သောအခါ တုန်လှုပ်သွားသည်။

သွေးခုန်နှုန်း ရှိနေသေးတာလား။

သူ၏ နက်ရှိုင်းသော အတွင်းအားကြောင့် သာမန်ဆရာဝန်များ မလုပ်ဆောင်နိုင်သော အားဖျော့လှသည့် နှလုံးခုန်နှုန်းကို စမ်းနိုင်ခဲ့သည်။

" မြန်မြန် သွေးတိတ်ပတ်တီး ယူလာပေး "

ယဲ့ဖန်သည် သူ့ဘေးနားရှိ ဆရာဝန်ကို လှမ်းအော်လိုက်သည်။

" သူကဖြင့် သေနေပြီ။ သွေးတိတ်ပတ်တီးက ဘာလုပ်လို့ ရမှာလဲ "

ဆရာဝန်မှ ယဲ့ဖန်၏ တောင်းဆိုချက်ကို ကြားပြီးနောက် နှုတ်ခမ်းကို ချက်ချင်း မဲ့ရွဲ့လိုက်ပြီး ပတ်တီးယူဖို့ ချက်ချင်း မသွားချေ။

" သူ သေပြီလို့ ဘယ်သူပြောလဲ။ ခင်ဗျား ဆက်ပြီး အချိန်ဆွဲနေရင် သူသေလိမ့်မယ် "

ယဲ့ဖန်မှ ချက်ချင်း ပြန်ပြောလိုက်သည်။

" ဟားဟားဟား၊ မင်းက အခုထိ မဘွဲ့ရသေးတဲ့ ဆေးကျောင်းသားပါ။ ငါတို့ရဲ့ ကျွမ်းကျင်မှုကို သံသယ လာဝင်နေတာလား။ မင်းကို အနီးကပ် စောင့်ကြည့်ခွင့်ပေးလိုက်တာတောင် ငါက တော်တော်လေး သဘောကောင်းလို့။ မင်းက လာကြွားပြနေတာလား။ မြန်မြန်ထွက်သွားစမ်း "

ထိုဆရာဝန်သည် ကမ္ဘာပေါ်ရှိ အရယ်ရဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ ပြုမူလိုက်သည်။

သူတို့သည် အဘိုးအိုအား ကယ်တင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း သွေးတွေ အလွန်အကျွံ ဆုံးရှုံးထားသောကြောင့် ကယ်တင်နိုင်သည့် အခြေအနေကို ကျော်လွန်သွားခဲ့သည်။

အခုကျ ဆေးကျောင်းသားအဆင့်ဘဲ ရှိတဲ့က လူနာကို တကယ် အသက်ရှင်နေသေးတယ်လို့ သူ့ကို လာပြောနေတာတဲ့လား။

ဒါက ဘယ်လိုဟာသမျိုးလဲ။

ယဲ့ဖန်သည် ထိုဆရာဝန်က ဘာမှ မလုပ်သေးသည်ကို မြင်ပြီးနောက် ဒေါသထွက်သွားသည်။

" ခင်ဗျား နားမကြားဘူးလား။ သွေးတိတ်အောင် ပတ်တီးယူခဲ့ဖို့ ပြောနေတယ် "

သူ၏ ဒေါသတကြီး အော်သံကြောင့် အခင်းနေရာတွင် ရှိနေသူအားလုံး ချက်ချင်း တုန်လှုပ်သွားသည်။

အားလုံးမှ ဘာဖြစ်နေကြမှန်း မသိကြ၍ ကြောင်အစွာ လှမ်းကြည့်ကြသည်။

ထိုဆရာဝန်ပင် ထိတ်လန့်တုန်လှုပ်သွားပြီး ခြေနှစ်လှမ်း နောက်ပြန်ဆုတ်သွားရသည်။

သို့သော် သူက လျင်မြန်စွာ တုံ့ပြန်လာခဲ့သည်။

သူသည် အနည်းငယ် သူရဲဘောကြောင်ပုံ ပေါ်သွား၍ တုံ့ပြန်တော့မည်ဖြစ်သည်။

ထိုအချိန်တွင် ဆရာဝန်အင်္ကျီကုတ်အဖြူဝတ်ထားသော အမျိုးသားတစ်ဦး လျင်မြန်စွာ လျှောက်လာသည်။

" ဝူယန်း၊ ဘာဖြစ်တာလဲ "

ထိုဆရာဝန်မှ တလေးတစားဖြင့် အမြန် ပြန်ဖြေလေသည်။

" ဒါရိုက်တာရှု၊ ဒီဆေးကျောင်းသားက ဒီအဘိုးအို မသေသေးဘူးလို့ ပြောနေပါတယ်။ သူက ကျွန်တော့်ကိုတောင် သွေးတိတ်ပတ်တီး သွားယူခိုင်းပါသေးတယ်။ ရယ်စရာလို့ မထင်ဘူးလား။ ဒီအဘိုးကြီးက သေသွားပြီ။ ကျွန်တော်တို့ သူ့ကို စစ်ဆေးပြီးပြီ "

ဒါရိုက်တာရှုက ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" လူကြီးမင်း၊ မင်္ဂလာပါ၊ ငါက မယ်ရီဘုရင်မဆေးရုံက ရှုခိုင်ဝမ်ပါ။ ဒီအဘိုးအို အသက်ရှင်နေသေးတယ်လို့ ဘာကြောင့် ပြောတာပါလဲ "

ယဲ့ဖန် သူ့ကို အေးစက်စွာ ကြည့်နေလိုက်သည်။

" ရှင်းပြပြီးရင် သူ့အတွက် တကယ် မျှော်လင့်ချက်မဲ့သွားလိမ့်မယ် "

ရှုခိုင်ဝမ်သည် ယဲ့ဖန်ကို ခဏ စိုက်ကြည့်ပြီးသည့်နောက် ဝူယန်ဟု ခေါ်သော ဆရာဝန်ကို လှည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

" သွား၊ သူ့ကို သွေးတိတ်ပတ်တီး ယူပေးလိုက် "

" ဒါပေမယ့် ဒါရိုက်တာရှု ........ "

" မြန်မြန်သွား "

" ဟုတ်ကဲ့ပါ "

ဝူယန်သည် လူနာတင်ယာဉ်ဆီသို့ စိတ်မပါဘဲ ဝင်သွားပြီး ခဏအကြာတွင် ရှေးဦးသူနာပြုကိရိယာအစုံဖြင့် ထွက်လာခဲ့သည်။

သူသည် ယဲ့ဖန်ကို စိတ်မချမ်းသာစွာဖြင့် ပေးလိုက်သည်။

" ဘယ်လိုသုံးရလဲရော သိရဲ့လား ဆေးကျောင်းသား "

သူသည် ယဲ့ဖန်အပေါ် အနည်းငယ် မကျေနပ်နေသေးသည်မှာ သေချာသည်။

ထို့ကြောင့် ယဲ့ဖန်ကို လှောင်ပြောင်ရန် မမေ့ခဲ့ပေ။

ယဲ့ဖန်က သူ့ကိုလူကို စိတ်မ၀င်စားချေ။

မျက်နှာကို ရိုက်ချရန် အကောင်းဆုံးနည်းလမ်းမှာ စကားလုံးများကို မသုံးဘဲ လက်တွေ့အမှန်တရားများကိုသာ အသုံးပြုခြင်း ဖြစ်သည်။

ထို့အပြင် သူ၏ ပန်းတိုင်မှာ ကံကြမ္မာလမ်းကြောင်း တာဝန်ကို အပြီးသတ်ရန်ဖြစ်သည်။

ဆရာဝန်ငယ်လေးတစ်ယောက်အား ရိုက်ချပြီး မျက်နှာသာပေးရန်ပင် မလိုချေ။

အလုပ်ပြီးသော ဆရာဝန်အချို့ အမြန်ပြေးလာကြသည်။

ထိုဆေးကျောင်းသားမှ လူတစ်ယောက်အား အသက်ပြန်ရှင်လာစေရန် မည်သို့ စွမ်းဆောင်မည်ကို သူတို့သိချင်ကြသည်။

ယဲ့ဖန်သည် ရှေးဦးသူနာပြုကိရိယာကို ဖွင့်လိုက်သည်။

သွေးတိတ်ပတ်တီးအပြင် အရက်ပျံ၊ ခွဲခန်းဓား၊ ကတ်ကြေး၊ ချုပ်အပ်နှင့် အခြားဆေးဘက်ဆိုင်ရာ ကိရိယာများလည်း ရှိသည်။

ယဲ့ဖန်သည် ဦးစွာ လင်ဇီးခြောက်ကို ထုတ်ယူပြီး အဘိုးအို၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူသည် ငွေအပ်များကို ထုတ်ကာ အဘိုးအို၏ ကျောက်ကပ်ပေါ်ရှိ အပ်စိုက်သွေးကြောအချို့ကို ထိုးဖောက်ကာ သူ၏ နောက်ဆုံး အသက်သွေးကြော ပျောက်မသွားစေရန် သေချာအောင် လုပ်ခဲ့သည်။

ထိုအရာများအားလုံး လုပ်ပြီးသည်နှင့် အဘိုးအို၏ ဝမ်းဗိုက်မှ ဒဏ်ရာများကို စစ်ဆေးရန် ခေါင်းငုံ့လိုက်သည်။

ကွဲနေသော မှန်အပိုင်းအစသည် သူ၏ ဝမ်းဗိုက်ထဲသို့ တည့်တည့်ထိုးဖောက်ဝင်နေပြီး အလွန်ကြောက်စရာကောင်းသည်။

ဒဏ်ရာအခြေအနေကို စစ်ဆေးပြီးနောက် ယဲ့ဖန် ရုတ်တရက် ခေါင်းကိုက် လာခဲ့သည်။

အခြေအနေကို ကြည့်ရသည်အရ ခွဲစိတ်မှု ချက်ချင်း လုပ်ဆောင်ရမည်။

ကျူးရှောင်ကျောင်း၏ နာမကျန်းမှုကြောင့် ယဲ့ဖန်သည် သူ၏ ခွဲစိတ်မှုဆိုင်ရာ ကျွမ်းကျင်မှုကို လေ့ကျင့်ခဲ့ပြီး အလွန်ကောင်းမွန်လာသည်ဟု ခံစားရသည်။

သို့သော် လူ့ခန္ဓာကိုယ်ပေါ်တွင် ထိုသည်ကို လုပ်နိုင်မည်လားဆိုတာ ယဲ့ဖန် အနည်းငယ် မသေချာသေးချေ။

ထိုအဘိုးအိုသည် Lincoln ကားပေါ်တွင် ထိုင်နိုင်သူ ဖြစ်သောကြောင့် သူ၏ သရုပ်မှန်မှာ မရိုးရှင်းလောက်ပေ။

ထိုကိစ္စသည် မူလက သူနှင့် ဘာမှမဆိုင်သော်လည်း သူ ပါဝင်ပြီးသည်နှင့် တာဝန်မှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။

ထိုအဘိုးအိုအား ကယ်နိုင်လျှင် ကောင်းသေးသော်လည်း မကယ်နိုင်ပါက ဒုက္ခရောက်ပေလိမ့်မည်။

သို့သော် ဤသည်မှာ စနစ်မှပေးသော တာဝန်တစ်ခု ဖြစ်နေသည်။

သူ့တွင် ဈေးဆစ်ရန် အခြေအနေမရှိချေ။

အပိုင်း ( ၉၂၆ )

ခွဲစိတ်နေတာကို ကြည့်ရတာကိုက ဝမ်းသာစရာပဲ

ယဲ့ဖန်သည် မည်သည့်နေရာမှ စရမည်ကို တွေးနေသည်။

သူ့ဘေးတွင် ရပ်နေသော ဆရာဝန်ဝူယန်သည် စိတ်မရှည်ဖြစ်လာတော့သည်။

" မြန်မြန် လုပ်မှာဖြင့်လုပ်။ ခုနက မင်းပဲ ငါ့ကို အလောကြီးနေတာ မဟုတ်ဘူးလား။ အခုကျ ဘာလို့ အချိန်ဆွဲနေတာလဲ။ မင်း အရင်က တစ်ခါမှ သွေးမမြင်ဘူးဘဲ အခုကျ ကြောက်သွားတာလား "

သူ့အား ထိုဆေးကျောင်းသားမှ တင်စီးသော လေသံဖြင့် အော်ဟစ်ခဲ့သည်။

သူ ထိုအဖြစ်ကို စိတ်ဆိုးနေဆဲဖြစ်၍ ယဲ့ဖန်ကို ရန်စရန် တမင်တကာ ကြမ်းတမ်းသော စကားလုံးများဖြင့် သုံးကာ ပြောနေသည်။

ဘေးတွင် ရပ်နေသော ချန်းဖေးအယ်သည် အနည်းငယ် စိတ်မချမ်းမသာဖြစ်ကာ လက်တုံ့ပြန်တော့မည် ဖြစ်သည်။

သို့သော် ယဲ့ဖန်မှ သူမကို တားခဲ့သည်။

သူသည် ထိုကဲ့သို့သူကို ဂရုစိုက်ရန် အချိန်မရှိချေ။

ယဲ့ဖန်သည် အရက်ပျံနှင့် ဂွမ်းစများကို ကောက်ယူပြီး ဒဏ်ရာကို စတင်ဆေးကြောသည်။

သို့သော် ဤသည်မှာ ယဲ့ဖန်အတွက် ပထမဆုံးအကြိမ် လုပ်ဖူးခြင်းဖြစ်၍ သူ၏ နည်းစနစ်မှာ အနည်းငယ် ချွတ်ချော်နေသည်။

ဒေါက်တာ ဝူယန်သည် ရွဲ့စောင်းရန် ထိုအခွင့်အရေးကို လက်လွှတ်မခံပေ။

" မင်းရဲ့ကျောင်းက ဒဏ်ရာတွေကို သန့်စင်အောင် ဘယ်လို ဆေးရမလဲဆိုတာ သင်ပေးခဲ့တယ် မဟုတ်ဘူးလား။ ဒီအဆင့်နဲ့ မင်း ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာလား "

ယဲ့ဖန် သူ့ကို အေးစက်စွာ ကြည့်နေသည်။

" ရှက်စရာလို့ထင်ရင် ဟိုဘက်ကို လှည့်ကြည့်နေလိုက်။ ကြည့်ပါလို့ ပြောမနေဘူး "

ဒေါက်တာ ဝူယန်သည် တစ်ဖက်မှ သူ့ကို ပြန်ပြောရဲကြောင်း ကြားသောအခါ သူချက်ချင်း ဒေါသတကြီးဖြင့် ပြန်လည်ချေပချင်လာသည်။

ထိုအခိုက်အတန့်တွင် ဒါရိုက်တာရှုမှ ရုတ်တရက် သူ့ကို ဝေဖန်ပြောဆိုလိုက်သည်။

" ဒေါက်တာ ဝူယန်၊ မင်းက မယ်ရီဘုရင်မဆေးရုံကနေ လာတာပါ။ အဲ့တာကြောင့် မင်းလုပ်ရပ်တိုင်းက ဆေးရုံကို ကိုယ်စားပြုတယ်။ မင်းရဲ့ ပုံရိပ်ကို သတိထားစမ်း "

ဒေါက်တာဝူယန်သည် ချက်ချင်း ရပ်လိုက်ပြီး ယဲ့ဖန်ကို နှာမှုတ်ကာ ပြောလိုက်သည်။

" မင်းကိုယ်မင်း ကျွမ်းကျင်သူတစ်ယောက်လို့ ထင်နေတာလား။ ခွဲစိတ်ဖို့ မင်းကို တောင်းဆိုမယ် ထင်နေလား။ ဟား၊ ဘယ်သူက ဂရုစိုက်မှာလဲ "

ထိုစကားကို ပြောပြီးနောက် လှည့်ထွက်သွားသည်။

တစ်ချိန်တည်းမှာပင် အခြားဆရာဝန်နှစ်ဦးလည်း ထွက်သွားခဲ့သည်။

သူတို့သည် ထိုနေရာတွင် ဆက်နေခြင်းက အချိန်ဖြုန်းနေသည်ဟု ခံစားရသည်။

ထိုအစား သူတို့သည် ဆေးလိပ်သောက်နေနိုင်သည်။

ယဲ့ဖန်က သူတို့ကို စိတ်မ၀င်စားချေ။

ဒဏ်ရာများကို ဆေးကြောသန့်စင်ပြီးနောက် ဖန်ကွဲစကို ဆွဲထုတ်လိုက်သည်။

ရှုခိုင်ဝမ် ထိတ်လန့်သွားပြီး သူ့လက်ကို အမြန်ဆွဲလိုက်သည်။

" ဒီအတိုင်း ဆွဲထုတ်လိုက်ရင် နောက်ဆက်တွဲ ပျက်စီးမှုတွေ ဖြစ်လာနိုင်ချေ များတယ် "

ယဲ့ဖန်သည် အဘိုးကြီးဘက်သို့ လှည့်လိုက်သည်။

" နောက်ဆက်တွဲတွေနဲ့ လက်ရှိ ကြားမှာ ကွာခြားမှုရှိတယ်လို့ ထင်လား "

ရှုခိုင်ဝမ်သည် ချက်ချင်း ခါးသီးစွာ ပြုံးလိုက်သည်။

အဘိုးအိုအား သေပြီဟု သူတို့ သတ်မှတ်ထားပြီးသား ဖြစ်ကြောင်းကို မေ့မတတ် ဖြစ်သွားသည်။

သူတို့သည်လည်း အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

အခု အဲ့တာကို ဘယ်သူက ဂရုစိုက်မှာလဲ။

ထိုသည်ကို တွေးပြီးသည်နှင့် ယဲ့ဖန်ကို ချက်ချင်း လွှတ်လိုက်သည်။

ယဲ့ဖန်သည် စိုက်နေသည့် မှန်စကို တန်းပြီး ဆွဲထုတ်လိုက်သည်။

အဘိုးအို၏ ဝမ်းဗိုက်မှ သွေးများ စီးကျလာသည်။

ထို့နောက် ရှုခိုင်ဝမ်သည် မမေ့နိုင်သော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

ယဲ့ဖန်သည် ငွေအပ်အနည်းငယ်ကို ထုတ်ပြီး ဒဏ်ရာကို အကြိမ်အနည်းငယ် ထိုးလိုက်သည်။

ထို့နောက် သူသည် အံ့ဖွယ်နည်းဖြင့် သွေးထွက်ခြင်းကို ရပ်တန့်နိုင်ခဲ့သည်။

ရှုခိုင်ဝမ်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။

" ဒါ ...... ဒါက မှော်ဆန်လွန်းတယ် မဟုတ်လား "

တရုတ်ပြည်၏ ပြည်မကြီးမှာပင် တိုင်းရင်းဆေးပညာမှာ ကျဆင်းနေပြီ ဖြစ်သည်။

အနောက်တိုင်း ပစ္စည်းများသည့် လောင်းကစားနယ်မြေကဲ့သို့ နေရာမျိုးတွင် တရုတ်ဆေးပညာမှာ မျိုးသုဉ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ယဲ့ဖန်သည် မှော်ပညာကို စွမ်းဆောင်နေသကဲ့သို့ ငွေအပ်အနည်းငယ်ဖြင့် သွေးထွက်ခြင်းကို ရပ်တန့်လိုက်သည်အား မြင်လိုက်ရပြီး ပါးစပ်ကို မပိတ်နိုင်လောက်အောင်ပင် ထိတ်လန့်သွားသည်။

ယဲ့ဖန်မှာတော့ အသာအယာသာ ပြုံးပြီး ဘာမှမပြောပေ။

ရှေးဦးသူနာပြု ဘူးထဲမှ ခွဲဓားကို ထုတ်ယူလိုက်သည်။

နှောင့်နှေးမှုကြောင့် အဘိုးအို၏ ဒဏ်ရာသည် သွေးခဲများဖြစ်နေပြီး ပုပ်ပွသည့် လက္ခဏာများ ပြသနေပြီ ဖြစ်သည်။

သူသည် အရင်ဆုံး ဆဲသေများနှင့် အပုတ်များကို ဖယ်ပစ်ရသည်။

သူသည် ကိုယ်ခံပညာတွင် မြင့်မားသော စွမ်းရည် ရှိသောကြောင့် သူ၏ လက်များသည် တုန်လှုပ်ခြင်းမရှိဘဲ စက်ရုပ်လက်များကဲ့သို့ အလွန်တည်ငြိမ်နေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်မှ ကြွက်ဖြူပေါ်တွင် စမ်းသပ်ထား၍ ဓားကိုင်သည့် နည်းပညာမှာ အလွန်သန့်ရှင်းသပ်ရပ်လေသည်။

လှုပ်ရှားမှု အနည်းငယ်ဖြင့် ပုပ်နေသောအသားကို ဖယ်ရှားနိုင်ခဲ့သည်။

ရှုခိုင်ဝမ်နှင့် အခြားဆရာဝန်နှစ်ဦးမှာ အံသြသွားကြသည်။

" ဒီ ...... ဒီလက်က အရမ်းမတည်ငြိမ်လွန်းဘူးလား။ ဒီလောက် ငြိမ်တဲ့လက်ကို တစ်ခါမှ မတွေ့ဖူးဘူး "

" ပိုခက်တာက သူက ခွဲဓားကိုင်တာ ကျွမ်းကျင်လွန်းတာဘဲ။ သူ ခွဲစိတ်တာကို ကြည့်ရတာတင် တန်နေပြီ "

" ဝိုး၊ ဒီလိုနည်းပညာမျိုး တကယ်ရှိတာလား။ ဆေးရုံမှာရှိတဲ့ အကောင်းဆုံး ခွဲစိတ်ဆရာဝန်တွေတောင် ဒီလို မလုပ်နိုင်လောက်ဘူး မဟုတ်လား "

" ဒီနေ့တော့ အမြင်ကျယ်ပြီ။ စာအုပ်တစ်အုပ်ကို အဖုံးနဲ့ မဆုံးဖြတ်နဲ့ဆိုတာ ဘာကိုဆိုလိုမှန်း သိလိုက်ပြီ "

" သူက ဆေးကျောင်းသားပဲ မဟုတ်လား။ မရေမတွက်နိုင်တဲ့ ခွဲစိတ်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ ပညာရှင်ကြီးတစ်ယောက်လို့ ဘာကြောင့် မြင်နေရတာလဲ "

" သူ့ရဲ့ အရည်အချင်းကို အခြေခံပြီး ကျွမ်းကျင်သူတွေတောင် သူ့လောက် မတော်မှာကို စိုးရိမ်ရတယ် မဟုတ်လား "

သူတို့ထဲမှ အချင်းချင်းသည် တီးတိုးပြောနေကြပြီး ဒေါက်တာ ဝူယန်နှင့် ဆေးလိပ်သောက်နေသည့် အခြားသူများသည်လည်း ကြားနေရသည်။

လူငယ်ဆရာဝန်များကြားတွင် ပြိုင်ဆိုင်မှုများ ရှိကြသည်။

ဤသည်မှာ တစ်သက်မှာ တစ်ခါသာ သင်ယူနိုင်သည့် အခွင့်အရေး ဖြစ်သည်။

မြင်ထားသည့်သူ နည်းလျှင် ပြိုင်ဖက်လည်း နည်းပေလိမ့်မည်။

သူတို့သည် တစ်စုံတစ်ဦးကို အပြစ်တင်ချင်ပါက တစ်ဖက်သူကို နှိမ့်ချပြီး 'ဆရာကျသောခွဲစိတ်မှု'ကို အနီးကပ်စောင့်ကြည့်ရန် အခွင့်အရေးကို လက်လွှတ်လိုက်ခြင်းအတွက်သာ အပြစ်တင်နိုင်သည်။

အနည်းဆုံး ဓားကိုင်သည့် နည်းပညာအရ ယဲ့ဖန်သည် သူတို့၏ မျက်လုံးထဲတွင် ကျွမ်းကျင်သည့် ဆရာဖြစ်နေပြီ ဖြစ်သည်။

ချန်းဖေးအယ်သည် ကြည့်ရသည်မှာ အတော်တန်သည်ဟု ခံစားရသော်လည်း မတတ်နိုင်ဘဲ သူမ အံ့သြသလို ခံစားလိုက်ရသည်။

ယဲ့ဖန်သည် ဆေးဘက်ဆိုင်ရာပညာ၌ ကျွမ်းကျင်ကြောင်း သူမ သိထားသော်လည်း သူ့အား ဤမျှထိ ကျွမ်းကျင်မည်ဟု မမျှော်လင့်ထားပေ။

သူ့ဘေးနားရှိ ကျွမ်းကျင်ဆရာဝန်များပင် အနည်းငယ် အံ့သြသွားကြသည်။

ထိုအချိန်တွင် ဆရာဝန် ဝူယန်နှင့် အခြားသူများသည် ထိုင်လျက် ဆေးလိပ်သောက်နေကြဆဲဖြစ်သည်။

ရံဖန်ရံခါ ခေါင်းကို လှည့်ကြည့်ကြသည်။

" အဲ့ဒီလူမိုက်တွေက စောင့်ကြည့်နေတုန်းလား။ ဘာကြည့်စရာရှိလို့လဲ "

" ဟုတ်တယ်။ ခွဲစိတ်တာတောင် မလုပ်ဖူးသေးတဲ့ ကျောင်းသားကို ကြည့်နေတာ အချိန်ဖြုန်းနေတာပဲ မဟုတ်လား "

" ဒါရိုက်တာရှုက သူ့ကို တကယ် ပြဿနာရှာခွင့် ပေးလိုက်တာပဲ။ တစ်ခုခုဖြစ်သွားရင် ဘယ်သူက တာဝန်ယူမှာလဲ "

" ကောင်းကင် ပြိုကျလာရင် ပိုကြီးတဲ့သူက ထိန်းထားရမှာပဲ။ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာ ရှုက အဲ့တာကို သဘောတူထားတာ။ ငါတို့နဲ့ဘာမှမဆိုင်ဘူး "

" ဟုတ်တယ် ....... "

အပိုင်း ( ၉၂၇ )

ယဲ့ချုပ်နည်းလို့ ခေါ်ရအောင်

အဘိုးအို၏ အူသိမ်၊ အူအတက်၊ ဆီးအိမ်နှင့် သွေးကြောငယ်များစွာမှာ နေရာအနှံ့တွင် ပျက်စီးနေခဲ့သည်။

အလွန်ပြင်းထန်သည်ဟု ဆိုနိုင်သည်။

ဆေးရုံ၌ ပစ္စည်းကိရိယာ အပြည့်အစုံ တပ်ဆင်ထားလျှင်ပင် ဤကဲ့သို့ ဒဏ်ရာမျိုးအား ကုသရန် အနည်းဆုံး ဆရာဝန်အကူများစွာ လိုအပ်ပေလိမ့်မည်။

အရေးပေါ်ဌာန၏ ဒါရိုက်တာဖြစ်သူ ရှုခိုင်ဝမ်ပင်လျှင် ဦးနှောက်ထုံသွားသလို ခံစားလိုက်ရသည်။

သို့သော် ယဲ့ဖန်မှာတော့ အမူအရာပင် လုံးဝ ပြောင်းမသွားပေ။

သူသည် 8-0 ~ 11-0 ချည်မျှင်ကို ပထမဆုံးအသုံးပြုပြီး သေးငယ်သော သွေးကြောများကို ချုပ်ပေးခဲ့သည်။

ထိုကဲ့သို့ သေးငယ်လှသော သွေးကြောများကို ချုပ်ရန်မှာ အလွန်ခက်ခဲလှသည်။

အများအားဖြင့် စက်ပိုင်းဆိုင်ရာ အကူအညီများစွာ လိုအပ်လေသည်။

သို့သော် အခုလက်ရှိတွင် ယဲ့ဖန်အတွက် ထိုကဲ့သို့ အခြေအနေမျိုး မရှိသည်မှာ သိသာလှသည်။

သို့သော် ရှုခိုင်ဝမ်နှင့် အခြားသူများကို ထိတ်လန့်စေသည့်အရာမှာ ယဲ့ဖန်သည် သွေးကြောများကို တိကျစွာ ချုပ်နိုင်ခဲ့ပြီး ပြင်ပဒဏ်ရာ ချုပ်ခြင်းကိုပင် စတင်ခဲ့ခြင်းဖြစ်သည်။

သူ၏ အရှိန်သည် အလွန်မြန်ဆန်ပြီး သူ့လက်ထဲမှ အပ်နှင့် ချည်ကြိုးတို့မှာ သိုင်းပညာရှင်၏ လက်ထဲမှ ဓားရှည်တစ်လက်ကဲ့သို့ မြင်ရသူတိုင်း မှင်သက်စေသည်။

ရှင်းလင်းစွာ မမြင်လိုက်ရခင်မှာပင် သွေးကြောကို ချုပ်ထားပြီးသား ဖြစ်နေသည်။

လွန်စွာ ထိတ်လန့်တုန်လှုပ်သွားသော်လည်း ခဏတာမျှပင် အာရုံမပြောင်းရဲကြပေ။

သူ၏ လှုပ်ရှားမှုတိုင်းကို သူတို့၏ မျက်လုံးများဖြင့် အဆက်မပြတ် စိုက်ကြည့်နေကြသည်။

မကြာခင်မှာပင် ယဲ့ဖန်သည် သွေးကြောများကို ချုပ်ပြီး ကျန်ရှိသော အစိတ်အပိုင်းတွေကို စတင် ချုပ်လိုက်သည်။

ရှုခိုင်ဝမ်နှင့် အခြားသူများသည် ကြည့်လေလေ သူတို့၏ မျက်လုံးများ ပိုကျယ်လာရလေလေဖြစ်သည်။

ယဲ့ဖန်သည် ဤကဲ့သို့ ရှုပ်ထွေးနေသော ပတ်ဝန်းကျင်၌ ဒဏ်ရာပိုးဝင်နိုင်ရန်မှာ လွယ်ကူကြောင်းကို သိသောကြောင့် ပို၍ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

အဆုံးတွင် လူတိုင်းမှာ သူ၏ လျင်မြန်နှုန်းကို မျက်လုံးဖြင့် လိုက်၍ပင် မကြည့်နိုင်တော့ပေ။

သို့သော် သူတို့ မထင်မှတ်နိုင်စရာ ကောင်းသည်ဟု ခံစားရစေသည့်အရာမှာ ထိုဆေးကျောင်းသားလေးသည် လျင်မြန်စွာ လှုပ်ရှားနေသော်လည်း အပ်ချုပ်ချက်တိုင်းမှာ တိကျသည်ဟု ဆိုရနိုင်သည်။

ထို့အပြင် အမြန်နှုန်းနှင့် တိကျမှုအပြင် ချုပ်ရိုးသေသပ်လှပမှုပါ လုပ်ဆောင်နိုင်သည်။

ထိုကောင်လေး ချုပ်ခဲ့သော ဒဏ်ရာမှာ အနုပညာလက်ရာတစ်ခုလို သေသပ်လှပသည်။

သေချာစွာ မကြည့်ပါက ချုပ်ရိုးကိုပင် လုံးဝ မမြင်နိုင်ချေ။

ထိုသည်ကို မြင်ပြီး ရှုခိုင်ဝမ် ပိုရှက်သွားသလို ခံစားလိုက်ရသည်။

ခွဲစိတ်ဆရာဝန်များသည် ခွဲစိတ်မှုပြုလုပ်သောအခါတွင် လူနာ၏ အသက်နှင့် ဘေးကင်းရေးကို အရင်ဆုံး ဦးစားပေးကြရမည်ဖြစ်သည်။

သူတို့သည် ဒဏ်ရာ လှပရေးကို ဂရုမစိုက်ကြသောကြောင့် ဒဏ်ရာများသည် များသောအားဖြင့် အလွန်အရုပ်ဆိုးကြသည်။

သို့သော် ယနေ့တွင် သူသည် ထူးချွန်သော စွမ်းရည်ရှိခြင်း၏ အဓိပ္ပါယ်ကို နောက်ဆုံးတွင် နားလည်လာခဲ့သည်။

ယဲ့ဖန်၏ ခွဲစိတ်မှုကို ကြည့်ရသည်မှာ ပျော်ရွှင်မှုတစ်ခုဟုပင် ဆိုနိုင်သည်။

ဆီဆေးပန်းချီဆွဲခြင်း၊ သို့မဟုတ် ဖျော်ဖြေပွဲသို့ သွားရောက် နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ခြင်းနှင့် တူလေသည်။

ခွဲစိတ်မှုတစ်ခုအား အနုပညာတစ်ခုအဖြစ် ပြောင်းလဲခြင်းကို ဘဝ၌ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။

ချန်းဖေးအယ်သည်လည်း လျှို့ဝှက်စွာ အံ့အားသင့်သွားသည်။

သူမသည် ခွဲစိတ်မှုအား အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် ယဲ့ဖန်၏ မျက်နှာကို ကြည့်လိုက်သည်။

ဒီကောင်လေးကို သူမ မသိတော့ဘူးဟု ခံစားရသည်။

လုံခြုံရေးအဖွဲ့တွင် ယဲ့ဖန်နှင့် ပတ်သက်သော အချက်အလက်အချို့ ရှိသော်လည်း အများစုမှာ ယေဘုယျ ဖော်ပြချက်များသာဖြစ်သည်။

ဥပမာအားဖြင့် ဖော်ပြခဲ့တဲ့ အချက်အလက်များထဲတွင် ယဲ့ဖန်၌ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ရှိသည်ဟုသာ ဖော်ပြထားသည်။

သို့သော် သူ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု မည်မျှ ကောင်းမွန်ကြောင်း အတိအကျ မဖော်ပြထားပေ။

ယနေ့ သူမသည် နောက်ဆုံးတွင် သူမ၏ အမြင်ကို ကျယ်ဖြန့်နိုင်ပြီဖြစ်သည်။

သူမ လက်ရှိတွင် အလွန်သံသယဖြစ်နေပြီ ဖြစ်သည်။

ကလေးမွေးတာက လွဲလို့ ဒီတစ်ယောက် မလုပ်နိုင်သေးတာ ဘာရှိသေးလဲ။

ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် တစ်နေ့မှာ သူ ကလေးမွေးချင်တယ်လို့ ရုတ်တရက်ပြောလာရင်တောင် သူမ အံ့သြမိမှာ မဟုတ်ဘူး။

ယဲ့ဖန်သည် နောက်ဆုံး အချက်ကို ချုပ်လိုက်သည်နှင့် အဘိုးအို၏ ဝမ်းဗိုက်ရှိ ကြောက်စရာကောင်းသော ဒဏ်ရာမှာ ပျောက်ကွယ်သွားခဲ့သည်။

သေချာ မကြည့်လျှင် ချုပ်ရိုးကိုပင် မမြင်ရချေ။

" ဆရာ၊ လူကြီးမင်းရဲ့ ချုပ်နည်းက ဘာနာမည်လဲ။ ဘာလို့ အရင်က မမြင်ဖူးရတာလဲ "

ရှုခိုင်ဝမ်သည် ယဲ့ဖန်ကို ဘုရားတစ်ဆူအား ကိုးကွယ်နေသကဲ့သို့ စိတ်ရင်းမှန်ဖြင့် ကြည့်နေသည်။

သူ့ဘေးနားရှိ ဆရာဝန်ငယ်အနည်းငယ်ကလည်း အံ့သြသွားကြသည်။

ရှုခိုင်ဝမ်က သူတို့ ဆေးရုံအရေးပေါ်ဌာနရဲ့ ဒါရိုက်တာဖြစ်တာတောင် သူတို့ထက် ငယ်တဲ့ လူငယ်တစ်ယောက်ကို 'ဆရာ'လို့ ခေါ်လိုက်တာလား။

သို့သော်လည်း သူတို့ အနည်းငယ်သာ အံ့အားသင့်ခဲ့ကြပြီး ထိုသည်မှာ မှားယွင်းမှု တစ်စုံတစ်ရာ မရှိဟု ခံစားကြရသည်။

အညစ်အကြေးများ ဖြတ်ထုတ်ခြင်း၊ ခွဲစိတ်ခြင်းနှင့် ချုပ်ခြင်း စသည့် ကျွမ်းကျင်မှုများအပေါ် အခြေခံ၍ သူ့ကို 'ဆရာ'ဟု ခေါ်ခြင်းမှာ လက်တွေ့ကြလေသည်။

ရှုခိုင်ဝမ်၏ စကားကို ယဲ့ဖန် ကြားသောအခါ သူ အံ့ဩသွားသည်၊

" အိုး ...… နာမည်တော့ မစဉ်းစားရသေးဘူး "

ဤသည်မှာ ချုပ်ရိုးချုပ်ခြင်းကို လေ့ကျင့်စဉ်၌ သူဖန်တီးခဲ့သော နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။

ဤကဲ့သို့ ချုပ်ခြင်းသည် ဒဏ်ရာကို ကောင်းစွာ ပျောက်ကင်းစေကြောင်း သေချာစေပြီး တစ်ချိန်တည်းမှာပင် လှပသေသပ်မှုကို အတိုင်းအတာတစ်ခုအထိ အာမခံချက် ရှိစေမည်ဟု သူ ခံစားမိသည်။

ကျန်သည်များကိုတော့ သူ သေချာ မစဉ်းစားခဲ့ချေ။

ရှုခိုင်ဝမ်သည် သူ့အဖြေကို ကြားသောအခါ ချက်ချင်း ထိတ်လန့်သွားရသည်။

" လူကြီးမင်းဆိုလိုတာက ဒီချုပ်ရိုးနည်းပညာကို ကိုယ်တိုင် ဖန်တီးခဲ့တာလား "

ယဲ့ဖန် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ ပြဿနာရှိလို့လား "

ရှုခိုင်ဝမ်နှင့် အခြားလူများသည် တစ်ယောက်ကိုတစ်ယောက် ချက်ချင်း ကြည့်ကာ အချင်းချင်း ထိတ်လန့်တကြား ကြည့်နေကြသည်။

ခွဲစိတ်ပညာတွင် မတူညီသော ခွဲစိတ်မှုများအတွက် စံထားသော ချုပ်ရိုးနည်းများစွာ ရှိသည်။

ထိုချုပ်နည်းများထဲမှ Kessler၏ ချုပ်ရိုးနည်း၊ Bonnell၏ ချုပ်ရိုးနည်း၊ Kleinart၏ ချုပ်ရိုးနည်း စသည်ဖြင့် စတင် တီထွင် အဆိုပြုသူ၏ အမည်ကို တပ်၍ ချုပ်နည်းများကို အမည်ပေးခေါ်ဆိုခဲ့ကြသည်။

ထိုလူများ၏ အမည်များကို ချုပ်နည်း ကျွမ်းကျင်မှုများနှင့်အတူ ဆေးမှတ်တမ်းတွင် မှတ်တမ်းတင်ထားမည် ဖြစ်သည်။

သို့သော် ယခုအခါ ခွဲစိတ်ခန်းချုပ်နည်းများမှာ အလွန်ပြည့်စုံနေပြီဖြစ်၍ ချုပ်နည်းအသစ်ကို ဖန်တီးရန် အလွန်ခက်ခဲလေသည်။

သို့သော် သူတို့ရှေ့ရှိ လူငယ်လေးမှ ကိုယ်ပိုင် ချုပ်ရိုးနည်းပညာအသစ်ကို ဖန်တီးနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။

ထို့အပြင် ဤချုပ်နည်းစနစ်သည် သူတို့နေ့စဉ်သုံးနေသော ချုပ်ရိုးနည်းပညာထက် ပိုမိုအဆင့်မြင့်ပြီး အကျိုးသက်ရောက်မှု ပိုကောင်းသည်ကို တွေ့နိုင်သည်။

" ဆရာ၊ နာမည် သိလို့ရမလား "

ရှုခိုင်ဝမ်သည် သူ့ရင်ထဲမှ ထိတ်လန့်မှုကို မျိုသိပ်လိုက်ပြီး ယဲ့ဖန်ကို ချက်ချင်း မေးလိုက်သည်။

" မျိုးရိုးနာမည်က ယဲ့ "

ယဲ့ဖန်သည် ထိုဒါရိုက်တာရှုအပေါ် အမြင်ကောင်းရှိ၍ သူ့မျိုးရိုးအမည်ကို ပြောလိုက်သည်။

" ဒါဆို အဲ့ချုပ်နည်းကို ယဲ့ချုပ်နည်းလို့ ခေါ်ရအောင်။ ခွဲစိတ်ခန်းမှာ ဒီလို ချုပ်နည်းကို သုံးခွင့်ရမလားလို့ သိချင်ပါတယ်။ သဘောမတူရင် ခွင့်ပြုချက်မရှိဘဲ မသုံးပါဘူး "

ရှုခိုင်ဝမ်သည် ယဲ့ဖန်၏ အမူအရာကို ဂရုတစိုက် ကြည့်နေသည်။

ယဲ့ဖန် အံ့သြသွားသည်။

" သင်ပြီးပြီလား "

ရှုခိုင်ဝမ်သည် မိမိကိုယ်ကို နှိမ့်ချစွာ ရယ်မောလိုက်သည်။

" လူကြီးမင်းရဲ့ ချုပ်ရိုးပညာ နည်းစနစ်က အရမ်းအဆင့်မြင့်ပါတယ်။ အကြမ်းဖျင်းလောက်ပဲ မှတ်မိတာပါ။ အချိန်အကြာကြီး လေ့ကျင့်ဖို့ လိုပါသေးတယ်။ လူကြီးမင်းရဲ့ အဆင့်တစ်ဝက်ကို ရောက်နိုင်တာနဲ့တင် ကျွန်တော်က ဆေးလောကထဲမှာ အရမ်းနာမည်ကြီးသွားမှာပါ "

ယဲ့ဖန် အနည်းငယ် အံ့သြသွားသည်။

သူ၏ ချုပ်ရိုးနည်းပညာမှာ တကယ်ပင် အတော်လေး ရှုပ်ထွေးလှသည်။

ခဏတာ ကြည့်ရှုပြီးရုံဖြင့် အခြေခံအချက်များကို ရှုခိုင်ဝမ်မှ သင်ယူနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

အသက်သုံးဆယ်ဖြင့် ဆေးရုံကြီးတစ်ခု၏ ခွဲစိတ်ဆရာဝန်ကြီး ဖြစ်လာသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။

အမှန်တကယ်ပင် ထိုဆရာဝန်ကို လျှော့တွက်လို့ မရသည်မှာ ထင်ရှားလေသည်။

" ဒါကို ခင်ဗျား သင်ယူနိုင်တာက ခင်ဗျားရဲ့ အနာဂတ်ကောင်းဖို့ပဲ။ ကျွန်တော့်ခွင့်ပြုချက် မလိုပါဘူး "

သူသည် သေချာပေါက် ချုပ်ရိုးနည်းပညာဖြင့် အသက်မွေးနိုင်မည် မဟုတ်ချေ။

ရှုခိုင်ဝမ်သည် ထိုပညာကို အမှန်တကယ် လေ့လာပြီး ခွဲစိတ်မှုတွင် အသုံးပြုနိုင်ပါက သူ ကုသိုလ်ကောင်းမှုတစ်ခု ပြုလုပ်နိုင်ခဲ့သည်ဟု ယူဆနိုင်မည်။

ရှုခိုင်ဝမ်သည် အလွန်စိတ်လှုပ်ရှားနေပါသည်။

သူ ယဲ့ဖန်ကို ရိုသေစွာ ဦးညွှတ်လိုက်သည်။

" ဆရာ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် "

ယဲ့ဖန်၏ အရေးမပါပုံရသော ထိုဆုံးဖြတ်ချက်သည် ဆေးဘက်ဆိုင်ရာ ခွဲစိတ်မှုပညာရပ်၌ ကျွမ်းကျင်သူ ပညာရှင်အသစ်အား မွေးထုတ်ပေးခဲ့ကြောင်း ယဲ့ဖန် နားမလည်ခဲ့ပေ။

နှစ်များစွာကြာပြီးနောက် ယဲ့ချုပ်ရိုးနည်းစနစ်သည် ရှုခိုင်ဝမ်၏ လက်ထဲမှတစ်ဆင့် ဆေးဘက်ဆိုင်ရာ နယ်ပယ်တစ်ခုလုံးတွင် လူသိများလာမည် ဖြစ်သည်။

သေချာတာကတော့၊ ဒါတွေအားလုံးက အနာဂတ်မှာ ဖြစ်မှာပဲ။

အပိုင်း ( ၉၂၈ )

တစ်ဖက်သူကို အထင်သေးခြင်း၏ အကျိုးဆက်များ

ခွဲစိတ်မှုသည် မပြီးသေးပေ။

ယဲ့ဖန်သည် အဘိုးအို၏ ဒဏ်ရာကို ကုသပြီးသော်လည်း ဒဏ်ရာအား ပိုဆိုးခြင်းမှ ကာကွယ်လိုက်ခြင်းသာ ဖြစ်သည်။

အဘိုးအို၏ အသက်ကို ဆက်ချင်လျှင် အစိမ်းရောင်ဆေးကျမ်းစာအုပ်မှ ဝိဉာဉ်၁၈မျိုး ပြန်ခေါ်အပ်စိုက်ကုနည်းကို သုံးရန် လိုအပ်မှာဖြစ်သည်။

သူသည် ထိုအပ်စိုက်ကုနည်းအား အလွန်ကျွမ်းကျင်ရင်းနှီးနေပြီဖြစ်သည်။

ထိုအပ်စိုက်ကုနည်းဖြင့် သခင်ကြီးလော့နှင့် သခင်ကြီးကျောင်းတို့အား ကုသပေးခဲ့ဖူးသည်။

လင်ဇီးခြောက်၏ အကူအညီဖြင့် ပို၍ အကျိုးသက်ရောက်မှု ရှိလေသည်။

ရှုခိုင်ဝမ်နှင့် အခြားသူများသည် သူ အပ်စိုက်ကုနည်းဖြင့် ကုသနေပုံကို ကြည့်လျက် ကြောင်အနေကြသည်။

ဒီအပ်အနည်းငယ်သည် ထိုအဘိုးအိုအား အသက်ပြန်ရှင်စေနိုင်မည်လား မသိကြပေ။

ဒါက ဘယ်လိုဟာသမျိုးလဲ။

သူတို့သည် အနောက်တိုင်းဆေးပညာကို အမြဲ လက်ခံခဲ့ပြီး တရုတ်ဆေးပညာအပေါ် အနည်းငယ် ဆန့်ကျင်ခဲ့ကြသည်။

သိပ္ပံပညာမှ ရှင်းမပြနိုင်သည့် အရာမှန်သမျှကို အယူမှားဟု ခံယူကြသည်။

ယဲ့ဖန်၏ အင်မတန် ထူးခြားလွန်ကဲသော ခွဲစိတ်မှုစွမ်းရည်ကို သူတို့ကိုယ်တိုင် မမြင်ခဲ့ရပါက ထိုကောင်လေးသည် လူလိမ်ဖြစ်မည်ဟု သံသယရှိကြပေမည်။

ယဲ့ဖန်က သူတို့ကို ရှင်းပြမနေပေ။

အဘိုးအို၏ အပ်စိုက်ကုထုံး သွေးကြောများတွင် ငွေအပ် ၁၈ချောင်းလုံးကို စိုက်ပြီးနောက် သူ့လက်ကို အသုံးပြုကာ အဘိုးအို၏ စွမ်းအင်ကြောများကို ဖြည်လိုက်ကာ ချီကြောနှင့် သွေးများကို ပိုမိုချောမွေ့စွာ စီးဆင်းစေခဲ့သည်။

ထိုအရာများ ပြီးသည့်နောက် ယဲ့ဖန် သူလုပ်နိုင်သလောက် လုပ်ပြီးပြီ ဖြစ်သည်။

ကျန်ရှိသည်မှာ အဘိုးအို၏ အသက်ပြင်းမှုအပေါ် မူတည်လေသည်။

ထိုအချိန်တွင် ဆရာဝန် ဝူယန်နှင့် အခြား နှစ်ယောက် ပြန်လာကြသည်။

" ရို့၊ မပြီးသေးဘူးလား။ လုပ်နိုင်တာလား၊ မလုပ်နိုင်ဘူးလား။ မလုပ်နိုင်ရင်လည်း ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲနဲ့ "

ဆရာဝန်ဝူယန်သည် အဘိုးအိုကို ကြည့်လျက် လှောင်လိုက်သည်။

အဘိုးအို၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ငွေအပ်များဖြင့် ပြည့်နေသည်ကို မြင်လိုက်ရပြီး ချက်ချင်း ရယ်မောလိုက်သည်။

" ဟားဟားဟား၊ မဖြစ်နိုင်တာ။ သေနေတဲ့လူကို အသက်ပြန်ရှင်အောင်လုပ်ဖို့ ဒီအပ်တွေသုံးဖို့ စီစဉ်နေတာလား "

ကျန်နှစ်ယောက်ကလည်း မထိန်းနိုင်ဘဲ ရယ်ကြသည်။

သို့သော် သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားပြီး မလှောင်ပြောင်လိုက်ကြပေ။

ရှုခိုင်ဝမ်သည် ယခုတွင် ယဲ့ဖန်ကို အလွန်ရိုသေနေပြီဖြစ်၌ ဒေါက်တာ ဝူယန်၏ သရော်လှောင်ပြောင်သော စကားကို ကြားလိုက်ပြီး သူ၏ အမူအရာမှာ မည်းမှောင်သွားသည်။

" ဒေါက်တာ ဝူယန် ကျေးဇူးပြုပြီး မင်းရဲ့စကားတွေကို သတိထားပါ "

ဒေါက်တာ ဝူယန်သည် သူ့ကို မကျေမနပ် ကြည့်နေလိုက်သည်။

" ဒါရိုက်တာရှု၊ သူ ပြဿနာရှာနေတာကို ခင်ဗျားကပါ ဝင်ရှုပ်နေတာလား။ အပ်အနည်းငယ်လောက်နဲ့ သေနေတဲ့လူကို အသက်ပြန်ရှင်အောင် လုပ်နိုင်တယ်ဆိုပြီး မပြောနဲ့ "

ရှုခိုင်ဝမ်သည် ချက်ချင်းပင် တုန်လှုပ်သွားသည်။

ယဲ့ဖန်ကို သူအနေဖြင့် အမှန်တကယ် ယုံကြည်ချင်သော်လည်း အကျယ်ကြီး ထုတ်ပြောရန် အဆင်မပြေပေ။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ မယုံနိုင်စရာကောင်းလွန်းသည်။

ဆရာဝန်တစ်ယောက်အနေဖြင့် စဉ်းစားတွေးခေါ်ပြီးမှသာ စကားပြောသင့်သည်။

ဒေါက်တာ ဝူယန်သည် ရှုဝမ်ခိုင် စကားမပြောနိုင်သည်ကို မြင်ပြီး သူ့အမူအရာက ပို၍ မောက်မာလာသည်။

" ဟားဟားဟား၊ ဒီကလေးက အခုနက အော်ဟစ်နေတော့ သူ့မှာ အရည်အချင်းရှိတယ်လို့ ငါ ထင်ခဲ့တာ။ ဒါဆို သူက ငကြွားတစ်ယောက်လား "

ယဲ့ဖန် ယကို ကာကွယ်ရန် လိုအပ်သည်ဟု ရှုခိုင်ဝမ် ခံစားမိလိုက်သည်။

" ယဲ့လူကြီးမင်းက ..... သူ့ရဲ့ ခွဲစိတ်မှု စွမ်းရည်က တစ်ဖက်ကမ်းခတ်တော်တာကြောင့် ငါ့ရဲ့ နိမ့်ကျမှုအတွက် ရှက်မိပါတယ် "

ဒေါက်တာဝူယန်မှ ထိုစကားကို ကြားသည့်အခါ အဘိုးအို၏ ဝမ်းဗိုက်ကို လှည့်ကြည့်လိုက်သည်။

သူ့မျက်နှာပေါ်မှ မထီမဲ့မြင်ပြုသော အမူအရာသည် အေးခဲသွားပြီး မယုံကြည်နိုင်စွာ မျက်လုံးများကို ပွတ်သပ်လိုက်သည်။

" ဘုရားရေ၊ အခု ကယောင်ခြောက်ခြားတွေ မြင်နေတာလား။ ခုနက ဒီမှာ ဒဏ်ရာအကြီးကြီး ရှိနေတာ မဟုတ်ဘူးလား။ ဒဏ်ရာတွေက ဘယ်ရောက်သွားတာလဲ "

သူတင်သာမက အခြားနှစ်ယောက်ကလည်း မျက်လုံးပြူးလျက် အပြေးသွားကြည့်ကြသည်။

သေချာကြည့်လိုက်ပြီးနောက် ဒဏ်ရာကို နောက်ဆုံးတွင် သေချာမြင်လိုက်ကြသည်။

" ဝါး၊ ဒီချုပ်နည်းက ကောင်းလွန်းနေတာ မဟုတ်ဘူးလား။ လုံးဝကို ပြီးပြည့်စုံတာပဲ "

" ဒီမှာ အနာရှိနေမှန်း မသိထားရင် သတိထားမိမှာတောင် မဟုတ်ဘူး "

" ဒါ ဘယ်လိုချုပ်နည်းလဲ။ ဘာလို့ အရင်က မမြင်ဖူးရတာလဲ "

" ဒါရိုက်တာရှု၊ ဒီဒဏ်ရာက ဒီလောက်သေးတာ ဟုတ်လို့လား ....... ဒီ .... ဒီလူကြီးမင်း ချုပ်ထားတာလား "

သူတို့သုံးယောက်သည် ရှုခိုင်ဝမ်ကို သရဲမြင်သည့်အလား မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

ထိုအချိန်တွင် ရှုခိုင်ဝမ်၏ အဖြေကို မစောင့်ဘဲ အခြားသူများက ရွဲ့စောင်း ပြောဆိုကြသည်။

" ဒါပေါ့၊ အဲ့တာ ယဲ့လူကြီးမင်း ချုပ်ထားတာပဲ။ ငါတို့ကိုယ်တိုင် မျက်လုံးနဲ့ မြင်လိုက်တာ "

" အမှန်ပဲ၊ ငါတို့လည်း တကယ် မှင်သက်ကုန်တာ။ ဒီလို နတ်ဘုရားဆန်တဲ့ ချုပ်နည်းမျိုး ရှိမယ်လို့ မထင်ထားဘူး "

" ဒီယဲ့လူကြီးမင်းက ယဲ့ချုပ်ရိုးနည်းကို ကိုယ်တိုင် ထွင်ထားတာပဲ။ ဆေးပညာသမိုင်း မှတ်တမ်းထဲမှာ ထည့်သွင်းလို့တောင် ရနိုင်လောက်တယ် "

" ငါတို့က ယဲ့ချုပ်ရိုးနည်းကို နီးနီးလေးကြည့်ရတာ ကံကောင်းတာပဲ။ အတော်လေး အကျိုးရှိတယ်လို့ ခံစားရတယ် "

" အမှန်ပဲ။ ယဲ့လူကြီးမင်းရဲ့ ချုပ်နည်းကို ကြည့်လိုက်တာက ကျောင်းမှာ တစ်နှစ်လောက် သင်လိုက်ရသလိုပဲ "

" မမြင်လိုက်ရတဲ့သူတွေကတော့ အတော်လေးနစ်နာသွားတာပဲ ........ "

ထိုလူများသည် အမှန်တကယ် ပညာရလိုက်သည်လား၊ ထိုမှမဟုတ် ဝူယန်တို့ကို တမင်တကာ ရန်စနေသည်လား မသိရပေ။

သို့သော် သူတို့ ပြောနေကြသည့် တချို့မှာ အတော်လေး ချဲ့ကားနေလေသည်။

ဆရာဝန်ဝူယန်နှင့် အခြားနှစ်ယောက်သည် မိုးကြိုးပစ်သလို ခံစားလိုက်ရသည်။

ထို့နောက် ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေကြသည်။

" ငါတို့ ဒီလိုရှားပါးအခွင့်အရေးကြီးကို လွတ်သွားတာလား "

" ငါလည်း မထင်ထားဘူး။ ဒီ ..... ယဲ့လူကြီးမင်းက တကယ် အစွမ်းထက်တဲ့သူပဲ။ ငါက သူ့ကို ဒီအတိုင်း အာချောင်တဲ့သူလို့ ထင်နေတာ ....... "

" သွားပြီ။ သူတို့က ယဲ့လူကြီးမင်းရဲ့ ချုပ်ရိုးနည်းကို အကုန်မြင်ပြီးသွားပြီ။ သူတို့ အများကြီး သင်လိုက်ရမှာ။ ငါတိူ့ ဘာလုပ်သင့်လဲ "

" ငါ ...... ငါလည်းမသိဘူး "

သူတို့သည် ဘွဲ့ရသည်မှာ နှစ်အများကြီး မကြာသေးသော ဆရာဝန်ငယ်လေးများသာ ဖြစ်ကြသည်။

သူတို့သည် အချင်းချင်း ပြိုင်ဆိုင်မှုများကြပြီး ဘယ်သူမှ အခြားသူနောက် ကျန်မနေခဲ့ချင်ကြပေ။

သို့သော် ယနေ့အဖြစ်အပျက် ပြီးသည့်နောက် သူတို့သည် မြင်လိုက်ရသူများနောက် ကျန်ခဲ့မည်မှာ သေချာသည်။

အချို့မှာ ဒေါသတကြီး ခြေကိုဆောင့်ကန်ကာ ရင်ထုနေသော်လည်း သူတို့ လုပ်နိုင်သည်မှာ ဘာမှမရှိပေ။

ယဲ့လူကြီးမင်းက ဒဏ်ရာကို ပြန်ဖွင့်ပြီး ပြန်ချုပ်ပြလို့ မရဘူးလေ၊ ဟုတ်တယ်မလား။

လွဲချော်ပြီးသည်မှာ လွဲချော်ပြီးသည့်အရာဖြစ်သည်။

အချိန်ကို နောက်ပြန်ဆုတ်ရန်မှာ မဖြစ်နိုင်ပေ။

ဤသည်မှာ အခြားသူများအပေါ် အထင်သေးခြင်း၏ အကျိုးဆက်များ ဖြစ်သည်။

" အဲ့တာ မင်းအပြစ်ပဲ။ မင်းသာ ဦးဆောင်ပြီး မလုပ်ရန် ငါတို့က ဒီလိုတစ်သက်မှာတစ်ခါပဲရနိုင်တဲ့ အခွင့်အရေးကို လက်လွတ်သွားမှာလဲ "

" ဟုတ်တယ်၊ မင်းအပြစ်ပဲ။ ဘယ်လိုလျော်ပေးမှာလဲ "

ထိုဆရာဝန်နှစ်ယောက်သည် ချက်ချင်း လက်ညှိုးထိုးလျက် ဆရာဝန်ဝူယန်ကို အပြစ်ရှာကြတော့သည်။

ဆရာဝန်ဝူယန်သည် ထိုစကားကို ကြားသောအခါ ချက်ချင်း ဒေါသဖြစ်လာသည်။

" ငါ့ကို ဘာလို့ အပြစ်တင်နေတာလဲ။ မင်းတို့ကို ငါ့နောက်လိုက်ဖို့ မပြောပါဘူး။ မင်းတို့ဘာသာ လိုက်လာတာ။ အပြစ်တင်ချင် ကံမပါတဲ့ ကိုယ့်ဟာကိုယ် အပြစ်တင်လိုက် ..... "

ကျန်နှစ်ယောက်သည် အခွင့်အရေး လက်လွှတ်လိုက်ရ၍ အတော်လေး စိတ်တိုနေပြီဖြစ်သည်။

သို့သော် ဝူယန်မှ ပြန်ပြောရဲသေးသည်ကို မြင်ပြီးနောက် ဒေါသထွက်လွယ်သည့်တစ်ယောက်မှ ချက်ချင်း မျက်နှာကို ရိုက်ချလိုက်သည်။

ဆရဝန်ဝူယန်သည် ငြိမ်ခံနေတတ်သည့်သူ မဟုတ်ချေ။

ထို့ကြောင့် ချက်ချင်း ပြန်ထိုးလိုက်သည်။

သူတို့၃ယောက်မှာ ချက်ချင်း စတင်တိုက်ခိုက်ကြတော့သည်။

ရှုခိုင်ဝမ်နှင့် အခြားသူများသည် သူတို့ကို ဖြန်ဖြေရန် အမြန်ပြေးသွားကြသော်လည်း သူတို့ သုံးဦးမှာ လုံးထွေးနေကြပြီး အတော်ကြာသည်အထိ ခွဲမရပေ။

ကားမတော်တဆမှုကြောင့် ဖြတ်သွားသူတွေ များစွာရှိနေသည်။

သူတို့သည် မူလက အဝေးမှသာ ကြည့်နေကြသော်လည်း ဆရာဝန်များ ရန်ဖြစ်နေသည်ကို မြင်သောအခါ ကြောင်အကုန်ကြသည်။

ဘာတွေဖြစ်နေတာလဲ။

ဆရာဝန်တွေက လူကယ်ဖို့ ရောက်လာတာ မဟုတ်ဘူးလား။

ဘာလို့ သူတို့က အရင်ရန်ဖြစ်နေတာလဲ။

အခြေအနေမှာ ရုန်းရန်းဆန်ခတ်ဖြစ်နေချိန် ဘေး၌ ရပ်ကြည့်နေသော ချန်းဖေးအယ်သည် ထမ်းစင်ပေါ်၌ လှဲနေသော လူအိုကြီး၏ မျက်ခွံ လှုပ်လာသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။

သူမ၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမ ချက်ချင်း ပြောလိုက်သည်။

" နိုးပြီ ...... သူ နိုးပြီ "

သူမ၏ အော်သံမှာ ဗုံးကြဲချလိုက်သလို ငြိမ်သက်သွားစေသည်။

ရန်ဖြစ်နေကြသူများပင် ရပ်ကာ လှည့်ကြည့်ကြသည်။

သူတို့အားလုံးသည် အဘိုးအို၏ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာသည်ကို မြင်လိုက်ကြသည်။

ဇွန်ဘီဖြစ်သွားတာများလား။

ထိုလူအိုကြီး မျက်လုံးပွင့်လာသည့် တခဏတွင် လူတိုင်းသည် ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

အထူးသဖြင့် ရှုခိုင်ဝမ်တို့ ဆရာဝန်များ ဖြစ်သည်။

သူတို့သည် ထိုလူအိုကြီးသည် အကြိမ်ကြိမ်စစ်ဆေးပြီးဖြစ်ရာ အဘိုးအိုမှာ အဓိက လက္ခဏာများ ဆုံးရှုံးနေပြီးဖြစ်သည်။

သူတို့သည် အဘိုးအို သေဆုံးကြောင်း ၁၀၀% သေချာနေခဲ့သည်။

သေတဲ့သူကို အသက်ပြန်သွင်းနိုင်လို့လား။

ဤအဖြစ်မတိုင်မီက လူတစ်ယောက်မှ သေသူကို အသက်သွင်းနိုင်သည်ဟု ဆိုပါက နောက်ပြောင်နေသည်၊ ရူးနေသည်ဟု ထင်ကောင်းထင်နိုင်သည်။

သို့သော် အမှန်တရားမှာ သူတို့မျက်စိရှေ့တွင် ရှိနေသည်။

သေပြီးသားသူသည် အမှန်တကယ် မျက်လုံးပွင့်လာခဲ့သည်။

နေ့အလင်းရောင်အပြည့် ရှိနေချိန်ဖြစ်သော်လည်း ခြောက်ခြား၍ သူတို့တစ်ကိုယ်လုံးရှိ မွေးညှင်းများ အဆုံးထိထောင်မတ်ကုန်ကြသည်။

All Chapters