← Chapters

လင်း

Vol. 147 Ch. 2088

လင်း

Vol. 147 Ch. 2088

ရီဖူရှင်းက ထိုအခြေအနေကို နားမလည်နိုင်ပေ။ သူက တိတ်ဆိတ်စွာ ရှေ့သို့ လျှောက်သွားခဲ့၏။ အနီရောင်မေပယ်ရွက်များနှင့် ဖုံးလွှမ်းထားသော နတ်သဘာဝဖြစ်စဉ်က ရွာ၏ ကောင်းကင်၌ ဖြစ်ပွားနေဆဲ ဖြစ်သည်။ ထိုသည်မှာ ဤရွာလေးကို လောကအလွန်၌ ရှိနေသလို ထင်မှတ်ရပေသည်။ ၎င်းက အလွန် လှပ၏။

လမ်းများတွင် ပုံရိပ်များက အချိန်တိုင်းပေါ်လာပြီး သူ့ကို သိချင်စိတ်နှင့် ခိုးကြည့်ကြသည်။ သို့သော် ထို့နောက်တွင် သူတို့က လှည့်ထွက်သွားကြ၏။

ရီဖူရှင်းက လီချန်ရှန်း သူ့ကို ပြောပြလိုက်သည်အား ပြန်စဉ်းစားလိုက်သည်။ သူက လေးမျက်နှာကျေးရွာနှင့် ပတ်သတ်ပြီး အ​ခြေခံထင်မြင်ချက်တစ်ခု ရှိ၏။ သူသည်လည်း အပြင်လူများက လေးမျက်နှာကျေးရွာသို့ ဝင်လာပြီး လမ်းစဉ်ရှာဖွေကြကြောင်း သိသည်။ ထိုအပြင်လူများက သာမန်လူများ မဟုတ်ကြပေ။

မှုန်မှိုင်းကောင်းကင် မြူမှုန်လမ်းကျဉ်းသည်ပင် သာမန် ဟုတ်မနေပေ။ မှုန်မှိုင်းကောင်းကင်ကို ဖြတ်သန်းကာ လေးမျက်နှာကျေးရွာသို့ ဝင်ရောက်နိုင်သည်မှာ သူတို့နှင့် ကြီးမားသော ရေစက်ရှိသူသာ ဖြစ်နိုင်သည်။

သို့သော် ရီဖူရှင်းက ထိုအပြုအမူများကို တုံ့ပြန်မှု သိပ်မပေးခဲ့ပေ။ သူက လီချန်ရှန်း သတင်းမှားရထားတာ မဟုတ်ရင် ကောလာဟလတွေက ချဲ့ကားပြောထားတာဟုပင် သံသယဖြစ်ခဲ့မိသည်။

သူတို့ တစ်ဖွဲ့လုံးက ဤနေရာသို့ ရောက်လာပြီး လှေကားများကို ပျံမတက်ရုံတမယ် ရိုးရှင်းလွယ်ကူစွာ တက်လာနိုင်ခဲ့၏။ သူတို့က မည်သည့် ဖိအားမှပင် မရှိဘဲ မှုန်မှိုင်းကောင်းကင်ကို လျှောက်လာခဲ့ကြသည်။

"နောက်ထပ် ဘယ်ကို သွားကြမှာလဲ။" သူ့ဘေးမှ ရှားရှင်းယွန်က မေးလိုက်သည်။

"စီနီယာအစ်ကို ပြောတာတော့ ရွာထဲကိုဝင်သွားရင် ငါတို့ကို ကြိုဆိုမယ့် ရွာသားတွေ လိုတယ်တဲ့။ ဒါပေမယ့် အခု ကြည့်ရတာတော့ ငါတို့ကို ကြိုဆိုမယ့်လူ ဘယ်သူမှ မရှိဘူးထင်တယ်။" ရီဖူရှင်းက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ ရွာသားများက လေးမျက်နှာကျေးရွာမှ ဆရာသခင်များ ဖြစ်သည်။ ဤနေရာတွင် အပြင်လူများက စည်းမျဉ်းများကို လိုက်နာရန် လိုအပ်သည်။ တိုက်ခိုက်ခြင်းသည်ပင် ရွာအတွင်း၌ တားမြစ်ထား၏။

"အခုနက ငါတို့ ဝင်လာတော့ လူတစ်ယောက် ချဉ်းကပ်လာပေမယ့် တုန်းဟွာနယ်မြေက လာတာမို့ မကြိုက်တာ ဖြစ်မယ်။ ဘယ်သူမှ ငါတို့ကို ခေါ်ဖို့ စိတ်ကူးမရှိကြဘူး။" ချန်ယိက ရေရွတ်လိုက်သည်။ ရီဖူရှင်းက သူ့ကို ကြည့်ကာ မေးလိုက်၏။ "မင်းက ရွာရဲ့ စည်းမျဉ်းတွေနဲ့ ရင်းနှီးတာလား။"

"နည်းနည်းတော့ ကြားဖူးတယ်။" ချန်ယိက တုံ့ပြန်လိုက်သည်။ ရီဖူရှင်းက ထူးဆန်းသော အမူအရာကို ထုတ်ဖော်ပြသလာ၏။ ဤလူက အမှန်တွင် သူ၏ လျှို့ဝှက်ချက်များကို မဖော်ပြပေ။ သူက အမှန်တကယ်၌ ရွာနှင့် ပတ်သတ်ပြီး အများအပြား သိနေသည်။ ရီဖူရှင်းသည် ချန်ယိက လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားရ၏။ သို့သော် ချန်ယိက သူ့အပေါ် အလွန် ကောင်းမွန်စွာ ဆက်ဆံသည်။ သူကလည်း ချန်ယိ၏ လျှို့ဝှက်ချက်အား တူးဆွရန် ပျင်းရိနေကာ ချန်ယိ၏ လျှို့ဝှက်သော ဘက်အခြမ်းကို ဆက်လက် ထိန်းသိမ်းခွင့်ပြုထားလေသည်။

"သိထားသမျှလေး ပြန်မမျှချင်ဘူးလား။" ရီဖူရှင်းက ပြောလိုက်သည်။

ချန်ယိကပြောလိုက်၏။ "လေးမျက်နှာကျေးရွာက ထူးခြားဆန်းကြယ်တဲ့ နေရာတစ်ခုဖြစ်ပြီး ကိုယ်ပိုင်လောကတစ်ခုလို့ သတ်မှတ်နိုင်တယ်။ ကောလာဟလတွေ ပြောကြတာတော့ ဒီနေရာမှာ နတ်ဘုရားအမွေအနှစ်တစ်ခုကို ပိုင်ဆိုင်ပြီး ထူးချွန်ထက်မြက်တဲ့ ပါရမီနဲ့ တန်ခိုးရှင်တွေ ရှိတယ်။ သူတို့က လမ်းစဉ်ခန္ဓာကိုယ်နဲ့ မွေးဖွားလာကြပြီးတော့ အပြင်လူတွေ ပြောတာတော့ လေးမျက်နှာကျေးရွာက နတ်ဘုရားတွေရဲ့ ကောင်းချီးကို ပိုင်ဆိုင်ထားတယ်တဲ့။ ရှေးအချိန်တုန်းက ဘိုးဘေးတွေလိုမျိုး ဝိညာဉ်မြစ်နိုးထလာတဲ့ ဘယ်သူမဆို သဘာဝကျင့်ကြံသူ ဖြစ်လာလိမ့်မယ်။ သူတို့ ဒီနေရာက ထွက်ခွာသွားတဲ့အခါ ပြင်ပလောကမှာ ထူးခြားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ရွာကနေ ကျော်ကြားတဲ့ တန်ခိုးရှင်တွေ အများကြီး မွေးထုတ်ပေးနိုင်ခဲ့တယ်။"

ထိုသည်မှာ ရီဖူရှင်းအား ထူးဆန်းသော အကြည့်တစ်ခု ဖြစ်ပေါ်လာစေသည်။ ထိပ်သီးအင်အားစုများက တန်ခိုးရှင်များ ချို့ယွင်းချက်ကင်း မဟာလမ်းစဉ်နတ်ဝင်ရိုးကို ဖွဲ့စည်းရန် အထောက်အကူပြုသော နတ်ရတနာများ ပိုင်ဆိုင်ထားကြသည်။ သို့သော် ချန်ယိ ပြောသည့်အတိုင်းဆိုလျှင် ဤရွာက လုံးဝ ကွဲပြားသည်။ ဤနေရာက မဟာလမ်းစဉ်မပြိုကျခင် လောကနှင့် တူ၏။ သည်နေရာက နတ်ဘုရားများ၏ ဂုဏ်သရေဖြင့် ကောင်းချီးပေးခံရသော သန့်စင်မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သည်။ သူတို့၏ ပါရမီ နိုးထလာသည့်အခါ သူတို့က ဝိညာဉ်မြစ်နှင့် လမ်းစဉ်ခန္ဓာကိုယ် မွေးဖွားလာလိမ့်မည်။

သူတို့သည် ချို့ယွင်းချက်ကင်း မဟာလမ်းစဉ်ဖြင့် မွေးဖွားလာသူများနှင့် ရီဖူရှင်း၏ ကျင့်ကြံခြင်းနှင့် ဆင်တူသည်။

"ဒါပေမယ့် အဲဒါက ကောင်းချီးဖြစ်သလို ကျိန်စာလည်း ဖြစ်တယ်။" ချန်ယိက ဆက်ရှင်းပြလိုက်သည်။ "ရွာက ကောင်းချီးပေးခံရပေမယ့် သူတို့ရဲ့ ပါရမီ အမှန်တကယ် နိုးထလာဖို့က တကယ် ခက်တယ်။ လူအများက ကျင့်ကြံခြင်းခရီးစဉ်အတွင်း အသေစောကြတာ များတယ်။ အများစုက ဆယ်စုနှစ်အနည်းငယ်ထက် ပိုပြီး အသက်ရှည်အောင် မလုပ်ဆောင်နိုင်ကြဘူး။ ကောလာဟလတွေအရတော့ သူတို့ရဲ့ ခန္ဓာကိုယ်က ကျင့်ကြံနေစဉ်အတွင်း ပေါက်ကွဲသွားတတ်တယ်တဲ့။ ဒါကြောင့် လေးမျက်နှာကျေးရွာက အထူးရွေးချယ်ထားသူအနည်းငယ်ကလွဲရင် ကျန်တဲ့ သူတွေကို ကျင့်ကြံခွင့်မပြုတဲ့ စည်းမျဉ်းတစ်ခု တဖြေးဖြေး ပေါ်ပေါက်လာတယ်။ တခြားလူတွေက သာမန် လူတွေလို နေထိုင်ကြတယ်။ ဒါကြောင့် ဒီရွာမှာ ကျင့်ကြံမှု မရှိတဲ့ သာမန်လူတွေ အများကြီးရှိတယ်။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူသည်လည်း ထိုကိစ္စကို သတိပြုမိသည်။ ရွာသားအများစုမှာ အလွန် သာမန်ဆန်သူများ ဖြစ်ကြသည်။ သူတို့က ကျေးလက်ဒေသမှ ရွာသားများကဲ့သို့ ထင်မှတ်ရ၏။ 'လေးမျက်နှာကျေးရွာ' ဟူသော အမည်က ဤနေရာနှင့် အလွန် လိုက်ဖက်သည်။

'လေးမျက်နှာကျေးရွာ' ဟု အမည်ပေးထားခြင်းမှာ နက်ရှိုင်းသော အဓိပ္ပါယ်ရှိသောကြောင့် ​ဖြစ်လိမ့်မည်။

အရှင်ဒွန်ဟောင် ချမှတ်ထားသော တားမြစ်မှုမှာ ရွာသားများအား ကာကွယ်လို၍ ဖြစ်ပေသည်။

"ဒီလိုဆိုရင် ငါတို့က ဘာလို့ ရွာထဲမှာ လမ်းစဉ်ရှာဖွေနေဦးမှာလဲ။" ရီဖူရှင်းက မေးလိုက်သည်။

"ငါလည်း ဒီနေရာကို ရောက်တာ ပထမဆုံး အကြိမ်ပဲ။" ချန်ယိက ပခုံးတွန့်ကာ အပြုံးနှင့် ပြောလိုက်၏။ ရီဖူရှင်းက ချန်ယိ မပြောချင်သည်လား အမှန်တကယ် မသိသည်လား မသိပေ။

ထိုအချိန်တွင် ကျောက်တုံးလမ်းထက်၌ ဆံပင်ကို မြင်းမြီးသဏ္ဌာန် စည်းနှောင်ထားသော မိန်းမငယ်လေးတစ်ယောက်လာနေသည်။ သူမက သူတို့ထံ လှမ်းကြည့်လိုက်၏။ ရီဖူရှင်းသည် ရှေ့သို့ ကြည့်လိုက်သည့်အခါ မိန်းကလေးက ဆယ်ကျော်သက်အရွယ်လေးသာ ရှိသေးကြောင်း တွေ့လိုက်ရ၏။ သူမက လှပသည်ဟု ဆုံးဖြတ်၍ မရနိုင်သော်လည်း သူမ မျက်နှာက ကြည့်ပျော်ရှုပျော် ရှိသည်။ သူမက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် သန့်ရှင်းသော အလွန် ရိုးရှင်းသည့် အဝတ်အစားများကို ဝတ်ဆင်ထား၏။ သူမ မျက်လုံးများက ထက်မြက်ပုံပေါ်သည်။

သူမက ရီဖူရှင်းတို့ထံ လျှောက်လာပြီး သူတို့နှင့် မနီးမဝေးတွင် ရပ်လိုက်သည်။ သူမ၏ ကြည်လင်သော မျက်လုံးများက ရီဖူရှင်းတို့အဖွဲ့အား ခိုးကြည့်လိုက်သည်။ သူမကို ကြည့်ရသည်မှာ သူတို့အကြောင်း သိချင်နေပုံရသည်။

သူမက ရီဖူရှင်းအား ကြည့်ပြီးနောက် ဘေးတွင် ရပ်နေသော ရှားရှင်းယွန်ကို ကြည့်လိုက်၏။ သူမ အကြည့်များက နှစ်ယောက်ကြားတွင် လူးလာကူးသန်းနေပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "သူတို့က အရမ်းကြည့်ကောင်းတာပဲ။"

ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့၏ သွင်ပြင်က ညွှန်းဆိုနေရန်မလိုအပ်ပေ။ မည်သည့် ရွာသားမှ သူတို့အား ယှဉ်နိုင်လိမ့်မည် မဟုတ်ပါချေ။ သို့သော်လည်း ပြင်ပလောက၌ ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်အများအပြား ရှိသည်။ ဥပမာအနေနှင့် ရီဖူရှင်းတို့ အဖွဲ့ရှေ့မှ ရောက်လာသော အဖွဲ့နှစ်ခုသည်လည်း လူအုပ်ထဲမှ ကွဲထွက်နေခဲ့သည်။

"ညီမလေး တစ်ခုခု လိုအပ်တာ ရှိလို့လား။" ရှားရှင်းယွန်က သိမ်မွေ့စွာ မေးလိုက်သည်။ ဤမိန်းမငယ်လေးက အလွန် စိတ်ကျေနပ်ဖွယ် အသွင်အပြင်မျိုးရှိ၏။ သူမက တက်ကြွကာ ဖျတ်လတ်မှုအပြည့်ပင် ဖြစ်သည်။

"ရှင်တို့ကို ဘယ်သူမှ မဖိတ်ခေါ်ကြဘူးလား။" မိန်းမငယ်လေးက ခပ်တိုးတိုးမေးလိုက်သည်။ ကလေးများက သူတို့ စိတ်ရှိတိုင်း ပြောကြသော်လည်း သူမလေး၏ စကားများက ရီဖူရှင်းတို့ အဖွဲ့အား မှင်တက်သွားစေသည်။ ထို့နောက် သူတို့က ခါးသက်စွာ ပြုံး၍ ခေါင်းယမ်းလိုက်ကြ၏။

သူတို့က သနားစဖွယ် ကောင်းနေကြသည်။

"အင်း" ရီဖူရှင်းက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။ "ကြည့်ရတာ အဲဒီလို ဖြစ်သွားပုံပဲ။"

ရွာသားများက ရိုးသားကြပုံပေါ်ပြီး အပြင်လောကမှ လူများနှင့် ကွဲပြားခြားနားသည်။

"ဒါဆို ရှင်တို့အားလုံး ကျွန်မနဲ့ လိုက်ခဲ့မလား။" မိန်းမငယ်လေးက အပြုံးနှင့် မေးလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ကာ တစ်ဖက်လူ၏ မျက်နှာထက်မှ ရိုးသားပုံရသော အပြုံးကို ကြည့်၍ ပြောလိုက်သည်။ "မင်း မိသားစုက ငါတို့ကို ဝင်ခွင့်ပြုပါ့မလား။"

"အဘိုးက ကျိန်းသေ သဘောတူမှာပါ။" မိန်းမငယ်လေးက ပြုံး၍ ရိုးသားစွာ ပြောလိုက်သည်။

"ဒါဆို မင်း မိဘတွေကရော။" ရီဖူရှင်းက ထပ်မေးလိုက်၏။

ရီဖူရှင်း ပြောလိုက်သော စကားကို ကြားသည့်အခါ မိန်းမငယ်လေး၏ တောက်ပနေသော မျက်လုံးများက အရောင်မှိန်သွားသလိုပင်။ သို့သော်လည်း သူမက ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားပြီး ဖြေလိုက်၏။ "ကျွန်မမှာ မိဘမရှိဘူး။"

ရီဖူရှင်းက မှင်တက်သွားသည်။ သူက မိန်းမငယ်လေး၏ ရိုးသားသော မျက်လုံးများကို စိုက်ကြည့်ရင်း တိတ်ဆိတ်သွားလေသည်။

"ဒါဆို သွားကြရအောင်။" မိန်းမငယ်လေးက ပြောလိုက်သည်။ သူမက စိတ်ထဲထားပုံမပေါ်ပေ။ သူတို့ကို လမ်းပြသွားရင်း ပြောလိုက်သည်။ "ကျွန်မ နာမည်က မာလင်း။ ရွာသားတွေက လင်း လို့ ခေါ်ကြတယ်။"

"လင်း" ရီဖူရှင်းက ရေရွတ်လိုက်သည်။

"ဟုတ်တယ်။" ကလေးမလေးက ပြန်ဖြေလိုက်၏။ သူမက ရီဖူရှင်းနှင့် အခြားလူများကို ပြန်လှည့်ကြည့်ရင်း ပြောလိုက်သည်။ "ကျွန်မက မိဘတွေကို မမှတ်မိဘူး။ အဘိုးပြောပြတာတော့ ကျွန်မကို မွေးပြီး မကြာခင်မှာ သူတို့က ဆရာသခင်ကို မပြောဘဲ ခိုးပြီး ကျင့်ကြံကြတယ်တဲ့။ နောက်တော့ တစ်ခုခု ​ဖြစ်သွားပြီး အခု အဘိုးနဲ့ ကျွန်မပဲ ကျန်တော့တာ။"

"ဆရာသခင်လား။" ရီဖူရှင်းက မေးလိုက်သည်။

"အင်း" လင်းက ခေါင်းညိတ်ကာ ဖြေလိုက်၏။ "ဆရာသခင်က ဆရာသခင်ပဲ။ ရွာမှာရှိတဲ့ လူတိုင်း သူ့စကားကို နားထောင်ကြတယ်။ ဆရာသခင်က တစ်စုံတစ်ယောက်ကို ကျင့်ကြံနိုင်တယ်လို့ပြောရင် အဲဒီလူက ကျင့်ကြံနိုင်တယ်။ သူက မကျင့်ကြံနိုင်ဘူးလို့ ပြောရင် သူတို့ မကျင့်ကြံနိုင်ကြဘူး။ ဆရာသခင်က ကျွန်မ မိဘတွေကို မကျင့်ကြံနိုင်ဘူးလို့ တစ်ခါ ပြောဖူးပေမယ့် သူတို့က နားမထောင်ကြဘူး။ အဲဒါကြောင့် အဘိုးက ကျွန်မကို ဆရာသခင် ပြောသမျှ နားထောင်ခိုင်းပြီး မကျင့်ကြံရတာပဲ။"

ရီဖူရှင်းက သူမ ပြောသည်အား ကြားသောအခါ ချက်ချင်း နားလည်သွားသည်။ လင်းက ချန်ယိ ရည်ညွှန်းပြောဆိုခဲ့သော မကျင့်ကြံနိုင်သော ရွာသားများထဲမှ တစ်ယောက် ဖြစ်သည်။ ​ကိစ္စရပ်များက ချန်ယိ သူတို့အား ပြောပြခဲ့သလို ဖြစ်နိုင်သည်။ ထိုသည်က ကောင်းချီးဖြစ်သလို ကျိန်စာလည်း ဖြစ်သည်။ လေးမျက်နှာကျေးရွာက နတ်ဘုရားများ၏ ကောင်းချီးပေးမှုကို ခံခဲ့ရသော်လည်း ရွေးချယ်ခံရသည့် အနည်းငယ်သာ ကျင့်ကြံနိုင်ခြင်းက ကျိန်စာဖြစ်သည်။

လင်း ရည်ညွှန်းပြောဆိုသော ဆရာသခင် ဟူသည်မှာ အလွန် ထူးခြားအစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမည်။

***

All Chapters