← Chapters

အပိုင်း ၉၂၉-၉၃၂

Vol. 47 Ch. 929-932

အပိုင်း ၉၂၉-၉၃၂

Vol. 47 Ch. 929-932

အပိုင်း ( ၉၂၉ )

ဒီကမ္ဘာမှာ မသေမျိုးတွေ ရှိနေတာ ဖြစ်နိုင်လား

" ဒါ ...... သူက တကယ်ကြီး အသက်ပြန်ရှင်လာတာလား "

" မဖြစ်နိုင်တာ၊ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ။ ဒါက အမှန်မဟုတ်ဘူး။ မင်းတို့ထဲက ဘယ်သူ ငါ့ကို ပါးရိုက်ပြီးအိပ်မက်ကနေ နှိုးပေးမလဲ "

" ဒါက အဓိပ္ပာယ်မရှိဘူး။ ငါတို့ ခုနက စစ်ပါတယ်။ သူက သေချာပေါက်သေပြီ။ ဘယ်လိုလုပ် အသက်ပြန်သွင်းနိုင်တာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ "

" ဒီလောကမှာ မသေမျိုးတွေရှိပြီး သူတို့က သေတဲ့သူတွေကို ပြန်ရှင်အောင် လုပ်နိုင်တာမျိုးလား "

" မျက်လုံးနဲ့သာ တပ်အပ်မမြင်ရင် ငါ့ကို တစ်ယောက်ယောက်ကများ သေတဲ့သူကို ပြန်ရှင်အောင် လုပ်နိုင်တယ်ပြောရင် အဲ့လို လာပြောတဲ့သူကို စိတ်ကျန်းမာရေးဆေးရုံ သေချာပေါက် ပို့ပစ်မှာ "

" ဘာတွေဖြစ်နေတာလဲ ရှင်းပြကြပါဦး "

သေခြင်း ရှင်ခြင်းကို နေသားကျနေသော အရေးပေါ်ဌာနမှ ဆရာဝန်များသည် အတော်လေး ရှုပ်ထွေးနေတော့သည်။

သူတို့၏ စိတ်ဓာတ်မှာ ပျော့ညံ့သောကြောင့် မဟုတ်ပေ။

အကြောင်းမှာ အဖြစ်အပျက်သည် တုန်လှုပ်စရာကောင်းလွန်းပြီး သူတို့၏ နားလည်နိုင်စွမ်းကို ပြောင်းပြန်လှန်လိုက်သောကြောင့် ဖြစ်သည်။

ရှုခိုင်ဝမ်သည် ပထမဆုံး အသိပြန်ကပ်လာသူဖြစ်ပြီး လူငယ်ပညာရှင်လေးကို ကြောင်အစွာ ကြည့်နေသည်။

ထိုလူငယ်လေး သူ့ဆီသို့ ယူဆောင်လာပေးသော ထိတ်လန့်မှုမှာ အတော်လေးကောင်းမွန်သည်ဟု ဆိုရမည်။

ပထမဦးစွာ သူသည် အလွန်ကောင်းမွန်သော ချုပ်ရိုး နည်းပညာကို ပြသခဲ့ပြီးနောက် ငွေအပ်ကုထုံးပညာဖြင့် သေလူကိုပင် အသက်ပြန်လည်လာစေခဲ့သည်။

' ငါ ဆေးပညာကို လေ့လာနေတာ နှစ်ချီနေပြီ။ ဒါကို ဘယ်လိုတောင် ရှင်းပြရမှာလဲ မသိဘူး။ ငါ ခွေးသာဖြစ်လိုက်ပါတော့ဟာ ..... '

တစ်လျှောက်လုံး အေးဆေးငြိမ်သက်နေခဲ့သူ ရှိခိုင်ဝမ်သည် စိတ်ထဲတွင် ကျိန်ဆဲနေပြီဖြစ်သည်။

ဤအဖြစ်၏ ရိုက်ခတ်မှုသည် ကြီးမားလှ၍ သူ့ကို လဲကျမတတ်ပင် ဖြစ်စေသည်။

သူ ဆယ်စုနှစ်မက ယုံကြည်ခဲ့သော အနောက်တိုင်းဆေးပညာသည် ထိုလူငယ်လေးရှေ့တွင် အသုံးမဝင်ဖြစ်နေသည်ကို ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

ထိုလူငယ်လေးသည် မည်သည့် ခေတ်သစ် ဆေးပညာကိရိယာများကိုမှ မသုံးသွားခဲ့ပေ။

သူသည် ငွေအပ်အနည်းငယ်ဖြင့် တစ်ဖက်လူကို သေရာမှကယ်နိုင်ခဲ့သည် မဟုတ်လား။

သူက အဲ့လိုနဲ့တင် ကယ်ခဲ့တာ မဟုတ်လား။

သို့သော် သူသည် ဤကုသ၏ ရှုပ်ထွေးနက်နဲပုံကို သေချာပေါက် နားလည်သည်။

ယဲ့ဖန်၏ ကုသမှုလုပ်ငန်းစဉ်သည် လွယ်ကူသည်ဟု ထင်ရသော်လည်း အမှန်တွင် အလွန်ခက်ခဲလှသည်။

ပထမဦးစွာ နှစ်၃၀၀သက်တမ်းရှိ လင်ဇီးခြောက်သည် အလွန်အရေးပါသော အခန်းနေရာသည် အလွန်အရေးပါလှသည်။

ဤကဲ့သို့ရတနာမျိုးသည် ကံကောင်းမှသာ ရရှိနိုင်သည်။

ယဲ့ဖန်သည် စနစ်တာဝန်ကြောင့်သာ မဟုတ်ပါက သူလည်း သုံးမည် မဟုတ်ပေ။

ထို့အပြင် ယဲ့ဖန်၏ အပ်စိုက်ကုထုံးနည်းသည် အတွင်းအားများစွာ လိုအပ်သည်။

သူသည် အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် ဆယ်ရက်မှ တစ်လလောက်ထိ အချိန်ယူရမည်။

လက်ရှိအချိန်တွင် ယဲ့ဖန်၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် အားအင်ကုန်ခမ်းနေသလို ဖြစ်နေသည်။

သူသည် နေရာတစ်ခု ရှာပြီး အမြန်အိပ်လိုက်ချင်သည်။

သူသည် အတော်လေး နေရထိုင်ရ ခက်ခဲနေသော်လည်း သူ့ကိုယ်သူ အားတင်းပြီး အဘိုးအိုကို ကြည့်နေသည်။

" သခင်ကြီး၊ အခု ဘယ်လိုနေသေးလဲ "

အဘိုးအို၏ မျက်နှာမှာ အနည်းငယ်ဖျော့တော့နေသေးသည်။

မည်သို့ပင်ဖြစ်စေ အဘိုးအိုသည် သွေးများစွာ ဆုံးရှုံးထားရသည်ဖြစ်၍ လူငယ်တစ်ယောက်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သို့သော် သူက အသာခေါင်းညိတ်ပြသည်။

" ငါ အခု .... အများကြီး သက်သာနေပါပြီ။ လူငယ်လေး ..... ငါ့ကို မင်းကယ်ခဲ့တာလား။ ကျေး ...... ကျေးဇူးပါကွာ ...... "

သူသည် နိုးလာပြီဖြစ်သော်လည်း စွမ်းအင်နည်းပါနေသေးကာ အသံက ဖျော့တော့နေသည်။

ယဲ့ဖန် သူ၏ နှလုံးခုန်နှုန်းကို ထပ်စစ်ဆေးလိုက်ပြီး ရှုခိုင်ဝမ်ကို အမြန်ဝေ့ယမ်းပြလိုက်သည်။

ရှုခိုင်ဝမ်သည် အပြေးလာရင်း နာခံတတ်သော ခွေးပေါက်တစ်ကောင်လို ဖြစ်နေသည်။

" ဘာများ မှာချင်လို့ပါလဲ ယဲ့လူကြီးမင်း "

ယဲ့ဖန်က အဘိုးအိုကို ညွှန်ပြသည်။

" ဒီအဘိုးက နိုးလာပေမယ့် သူ့အခြေအနေက စိုးရိမ်ရတုန်းပဲ။ သူ့ကို သွေးသွင်းပေးဖို့ ဆေးရုံကို ချက်ချင်း ပို့ရမယ်။ ခင်ဗျားအတွက် ဆေးစာတစ်စောင် ရေးပေးမယ်။ တစ်နေ့ကို ၃ ခွက်တိုက်ပေးရမယ် ........ "

ယဲ့ဖန်သည် ညွှန်ကြားချက်အနည်းငယ် ပေးပြီးနောက် ဆေးစာတစ်စောင်ရေးပြီး သူ့ဆီကို ပေးလိုက်သည်။

ရှုခိုင်ဝမ် တစ်ချက်ကြည့်လိုက်သည်။

ဆေးစာသည် အဆင့်မြင့်တရုတ်စာဖြင့် ရေးထားသောကြောင့် မှတ်မိရန် အနည်းငယ်ခက်ခဲသည်။

ထို့အပြင် စာလုံးအားလုံးသည် တရုတ်ဆေးဖက်ဝင် အပင်နာမည်များဖြစ်သည်။

သူတို့ထဲက တစ်ယောက်မှ မကြားဖူးကြပေ။

အမှန်အတိုင်းပြောရလျှင် လောင်းကစားနယ်မြေ၌ တရုတ်ဆေးဆိုင်များမှာ အလွန်နည်းပါးလှသည်။

ဤဆေးပင်များကို စုဆောင်းရန် မလွယ်ကူချေ။

သို့သော် အဘိုးအို၏ ကားမှာ Lincolnဖြစ်သောကြောင့် သူ့မိသားစုသည် ထူးခြားသော နောက်ခံရှိသည့် မိသားစု ဖြစ်ရမည်။

ထိုသို့သော မိသားစုအတွက် တရုတ်ဆေးဖက်ဝင် အပင်အနည်းငယ်ကို ရှာရန် လွယ်ကူမည်ဖြစ်သည်။

" ဒါဆို ယဲ့လူကြီးမင်းက ကျွန်တော်တို့နဲ့အတူ ဆေးရုံကို လိုက်ခဲ့ပါ "

သူသည် ဆေးစာကို သိမ်းပြီးနောက် ယဲ့ဖန်ကို ကြည့်လိုက်သည်။

ဤအဘိုးကြီး ချမ်းသာသည်မှာ မြင်လျှင်ပင် ပြောနိုင်သောကြောင့် ထိုလူငယ်မှ အကျိုးလို၍ ညောင်ရေသွန်းခြင်းဟု ထင်ခဲ့သည်။

သို့သော် ထိုလူငယ်လေးသည် အဘိုးအိုကို ကယ်တင်ပြီးနောက် တန်း၍ ထွက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

" ကျွန်တော် လုပ်စရာလေး ရှိသေးလို့ မသွားတော့ဘူး "

ယဲ့ဖန်သည် ပြောပြီးသောအခါ ဆက်မနေတော့ဘဲ ချန်းဖေးအယ်နှင့် ထွက်သွားခဲ့သည်။

ရှုခိုင်ဝမ်သည် သူ့နောက်ကျောကို ကြောင်အစွာ စိုက်ကြည့်နေပြီး သူ့စိတ်တွေ ရှုပ်ထွေးနေသည်။

ယဲ့ဖန်သည် ဤအဘိုးအိုကို ကယ်တင်ရန် အလွန်ကြိုးစားနေခဲ့သည်ကို မြင်သောအခါ ထိုလူငယ်လေးမှာ အဘိုးအို ချမ်းသာသည်ကို မြင်ပြီး တစ်ခုခုလိုချင်သောကြောင့်ဟု ထင်ခဲ့သည်။

သို့သော် လူကို ကယ်တင်ပြီးနောက် ချက်ချင်းထွက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဆက်သွယ်ရန် အချက်အလက်ကိုပင် မချန်ထားခဲ့ချေ။

ကိုယ်ကျိုးစွန့်၍ အကျိုးပြုလိုသည့် စိတ်ဓာတ်ရှိသည့် သူရဲကောင်း ဖြစ်ပေသည်။

နာမည်မလိုချင်ဘဲ ကောင်းမှုပြုတတ်တဲ့ ကြင်နာတဲ့သူတွေက ဒီကမ္ဘာမှာ တကယ်ပဲ ရှိတာလား။

ထိုအဘိုးအိုသည် ယဲ့ဖန်ကို တားချင်၍ လက်ကို မြှောက်သော်လည်း ယခုအချိန်တွင် အားနည်းနေသောကြောင့် မလုပ်နိုင်လိုက်ပေ။

သူ့လက်ကို မြှောက်လိုက်သည်နှင့် ပြန်၍ ပျော့ခွေကျသွားသည်။

ယဲ့ဖန်၏ ကားသည် အခင်းဖြစ်ပွားရာနေရာမှ ထွက်ခွာသွားစဉ်တွင် ဇိမ်ခံကားတန်းကြီးတစ်ခု သူ့ဘေးမှ ဖြတ်ပြီး ရောက်လာခဲ့သည်။

ယာဉ်တန်းတွင် ကားငါးစီးပါပြီး ရှေ့ဆုံးတွင် Hummer H2 နှစ်စီးနှင့် နောက်ဆုံးတွင် Hummer H2 နှစ်စီးပါလျက် အလယ်တွင် Limited Edition Bentleyတစ်စီး ရှိသည်။

အခင်းဖြစ်ပွားရာသို့ ကားများ ဆိုက်ရောက်လာသောအခါ အနက်ရောင်ဝတ်စုံနှင့် နေကာမျက်မှန်တပ်ထားသော သက်တော်စောင့်တစ်ဖွဲ့သည် အရှေ့နှင့်အနောက် ကားလေးစီးမှ ချက်ချင်း ထွက်လာသည်။

သူတို့သည် အလယ်မှ Bentleyကားကို ဝိုင်းရံထားပြီး သက်တော်စောင့်တစ်ဦးမှ တံခါးကို အမြန်ဖွင့်လိုက်သည်။

ဖွင့်ပြီးနောက် ချက်ချင်းပင် ဆံပင် နောက်ပြန်သိမ်းတင်ထားပြီး အနက်ရောင်ဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကားပေါ်မှ အမြန်ထွက်လာခဲ့သည်။

" အဖေ ဘာဖြစ်သွားတာလဲ "

ထမ်းစင်ရှိရာသို့ အမြန်ပြေးလာရင်း ကြေကွဲဖွယ်မြင်ကွင်းကို အလွန်ရုပ်ဆိုးသော အမူအရာဖြင့် ကြည့်နေသည်။

" အဘိုးအိုက အစတုန်းက သွေးတွေ အရမ်းဆုံးရှုံးထားတော့ ..... ကျွန်တော်တို့က သေသွားပြီလို့ ထင်ခဲ့ပေမဲ့ ..... အခု ပြန်အသက်ရှင်ပြန်ပြီ ....... "

ရှုခိုင်ဝမ်သည် ထိုလူ၏ ဟိတ်ဟန်ကြီးသော ကိုယ်ရောင်ဝါကြောင့် ထိတ်လန့်သွားပြီး စကားများကို ကယောင်ကတမ်းဖြင့် ချက်ချင်း ပြောလိုက်သည်။

ထိုလူသည် ဒေါသထွက်သွားပြီး ရှုခိုင်ဝမ်၏ အဝတ်အစားများကို ကော်လံမှ ဆွဲမလိုက်သည်။

" မင်း လူ့စကား မပြောတတ်ဘူးလား။ သေပြီးပြီတွေရော အသက်ရှင်တာရော ဘာကိုဆိုလိုတာလဲ "

ရှုခိုင်ဝမ်သည် ဖြစ်ပျက်ခဲ့သမျှကို အလျင်အမြန် ပြန်ပြောပြသည်။

ထိုလူသည် ရှင်းပြသည့် စကားများကို ကြားပြီးသောအခါ အံ့အားသင့်သွားသည်။

" တကယ်ပဲ ဒီလိုလူ ရှိတာလား။ သူက ကယ်ပေးခဲ့ပေမဲ့ ဘာမှ မမျှော်လင့်ထားဘူးလား "

သူသည် စစ်ဆေးရန် ထမ်းစင်ဆီသို့ အမြန်လျှောက်လာခဲ့သည်။

သူ့အဖေသည် အင်အားနည်းနေသော်လည်း အနည်းဆုံးအနေဖြင့် အသက်ရှင်နေသေးသည်။

ထိုမှပင် သူ သက်ပြင်းချနိုင်သည်။

ထို့နောက် သက်တော်စောင့်အဖွဲ့ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။

" အဲ့တစ်ယောက်ကို ချက်ချင်း သွားရှာလိုက်။ လောင်းကစားနယ်မြေထဲကို သုံးပေကျင်းတူးပြီး ရှာရရင်တောင် ဒီကျေးဇူးရှင်ကို ရှာတွေ့ရမယ်။ ငါတို့ရဲ့ ရှောင်မိသားစုက ငါတို့ရဲ့ကျေးဇူးရှင်ကို ဘယ်တော့မှ ကျေးဇူးကန်းမှာ မဟုတ်ဘူး "

" နားလည်ပါပြီ "

အပိုင်း ( ၉၃၀ )

အတူတူကစားလို့ မရနိုင်ဘူးလား။

[ အခွင့်အရေး လမ်းညွှန်မှုတာဝန်ကို ပြီးမြောက်ခဲ့သည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ စနစ်မှ ဆုအဖြစ် - ၇ ဘီလီယံတန်ဖိုးရှိသော လောင်းကစားနယ်မြေမှ ရွှေစွပ်ပြုတ် လုံခြုံရေးကုမ္ပဏီကို ပေးအပ်ပါသည်။ ]

ဟိုတယ်သို့ ပြန်သည့်လမ်းတွင် ယဲ့ဖန်သည် စနစ်မှ ဆုကို ရရှိခဲ့သည်။

သူသည် ကားမောင်းနေသော ချန်းဖေးအယ်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

" ရွှေစွပ်ပြုတ် လုံခြုံရေးကုမ္ပဏီကို ကြားဖူးလား "

ချန်းဖေးအယ် သူ့ကို စိုက်ကြည့်နေလိုက်သည်။

" သိတယ်၊ ဘာလို့ ရုတ်တရက် မေးတာလဲ "

ယဲ့ဖန် ချက်ချင်း မတ်မတ်ထိုင်လိုက်သည်။

" အဲ့ကုမ္ပဏီအကြောင်း ပြောပါဦး။ အဲ့တာက ဘယ်လို ကုမ္ပဏီမျိုးလဲ "

ချန်းဖေးအယ်သည် ယဲ့ဖန် ဘာဖြစ်နေမှန်း မသိသော်ဘည်း သူမ သိသမျှ ပြန်ဖြေလိုက်သည်။

" ဒီကုမ္ပဏီက အရမ်းနာမည်ကြီးတယ်။ လောင်းကစားနယ်မြေရဲ့ နံပါတ်တစ် လုံခြုံရေးကုမ္ပဏီအဖြစ် သတ်မှတ်ခံထားရတယ်။ ကုမ္ပဏီအဖွဲ့ဝင်တွေ အားလုံးက နိုင်ငံအသီးသီးက အငြိမ်းစားယူထားတဲ့ အထူးတပ်ဖွဲ့ စစ်သားဟောင်းတွေဖြစ်တာကြောင့် သူတို့ရဲ့ ခွန်အားက သေချာပေါက် သံသယဖြစ်စရာ မရှိဘူး။ လောင်းကစားနယ်မြေထဲက သူဌေးတော်တော်များများက ရွှေစွပ်ပြုတ် လုံခြုံရေးကုမ္ပဏီက သက်တော်စောင့်တွေကိုပဲ ငှားကြတာ "

သူမသည် အရာအားလုံးကို သိနေသကဲ့သို့ ရှင်းပြသည်။

ယဲ့ဖန် နားထောင်လေလေ ပို၍ ထိတ်လန့်လာလေလေ ဖြစ်သည်။

ဤရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီသည် ဤမျှ အင်အားကြီးမည်ဟု သူ မမျှော်လင့်ထားပေ။

သူသည် အမှန်တကယ်ပင် ရတနာတစ်ခုအား ကောက်ရလိုက်ပုံပေါ်သည်။

" ရှင် ကျွန်မကို မပြောရသေးဘူး။ ရွှေစွပ်ပြုတ် လုံခြုံရေးကုမ္ပဏီအကြောင်း ဘာလို့မေးတာလဲ။ ဟုန်းမိသားစုက ရှင့်ကို နှုတ်ပိတ်မှာကို စိုးရိမ်ပြီး ကာကွယ်ဖို့ သက်တော်စောင့်ရှာဖို့ ဖြစ်နေမလား "

ချန်းဖေးအယ်မှ ပြောပြီးသည်နှင့် ရယ်လေသည်။

သူ့အင်အားနဲ့များ ကိုယ်ရံတော်ငှားဖို့ လိုသေးလို့လား။

သူ တကယ် အန္တရာယ်ကြုံခဲ့ရင် သက်တော်စောင့်တွေက သူ့ကို ကာကွယ်ပေးမှာလား။ ဒါမှမဟုတ် သက်တော်စောင့်တွေကို သူက ကာကွယ်ပေးမှာလား။

" အဲ့ကုမ္ပဏီကို ဝယ်ချင်တယ် "

ယဲ့ဖန်မှ သာမန်ပုံစံဖြင့် ပြောလိုက်သည်။

ကျွီ ............

ကားသည် ချက်ချင်း ဘရိတ်အုပ်လိုက်သောကြောင့် စူးရှသော အသံရှည်ကြီး ထွက်လာပြီး ဆန့်ကျင်ဘက်မှ ဦးတည်လာသော ကားနှင့် တိုက်မိလုနီးပါး ဖြစ်သွားသည်။

ယဲ့ဖန် အံ့သြသွားသည်။

" အစ်မကြီး၊ ဖြည်းဖြည်းမောင်း။ ဒီကားကို ငှားထားတာ။ ဝင်တိုက်မိရင် လျော်ဖို့ မတတ်နိုင်ဘူး "

ချန်းဖေးအယ်သည် ယဲ့ဖန်မှ နောက်ပြောင်သည်ကို လျစ်လျူရှုလိုက်ပြီး သူ့ကို စူးစိုက် ကြည့်လိုက်သည်။

" တကယ် ပြောနေတာလား။ ရှင်က ရွှေစွပ်ပြုတ် လုံခြုံရေးကုမ္ပဏီကို တကယ် ဝယ်မှာလား "

ယဲ့ဖန် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ ပြဿနာရှိလို့လား "

ချန်းဖေးအယ်၏ ပါးစပ်လေးမှာ ပွင့်လျက် ဖြစ်သွားသည်။

" နောက်နေတာလား။ အဲ့တာက လောင်းကစားနယ်မြေမှာ အကြီးဆုံး လုံခြုံရေးအဖွဲ့ပဲ။ ရှင်က ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ။ နောက်ပြီးတော့ ဘာလို့ လုံခြုံရေးကုမ္ပဏီကို ဝယ်မှာလဲ။ ရှင် သက်တော်စောင့် အကြီးအကဲဖြစ်ချင်နေတာလား "

ယဲ့ဖန်မှ လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။

" ကိုယ့်မှာ ကိုယ်ပိုင် ရည်ရွယ်ချက်ရှိတယ် "

အမှန်တွင် သူ့၌ လေးနက်သော အဓိပ္ပါယ်မရှိချေ။

သို့သော် စနစ်မှ အလကားပေးသည့် ဆုဖြစ်၍ မယူပါက အလဟသ ဖြစ်သွားပေလိမ့်မည်။

ချန်းဖေးအယ်သည် ချက်ချင်း ခေါင်းယမ်းလိုက်သည်။

ထိုကောင်လေးနှင့် ပတ်သက်ပြီး ပို၍ ရှုပ်ထွေးလာသည်ကို သူမ သိလိုက်ရသည်။

မဟုတ်ချေ သူမသည် သူ့ကို တစ်ခါမျှ နားမလည်ခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုကောင်လေးသည် အမြဲ စိတ်ရှုပ်ထွေးစေသည့် ကိစ္စများကို လုပ်သော်လည်း နောက်ဆုံးတွင် သူ မှန်ကြောင်း အမြဲသက်သေပြနိုင်လေသည်။

ဒါက တိတ်ဆိတ်တဲ့ မိုးခြိမ်းသံလိုပဲမလား။ အသံတော့ မထွက်ပေမဲ့ မိုးကြိုးတော့ပစ်တယ်လေ။

သူမသည် အမိန့်ကို လိုက်နာရန် သင်ယူထားပြီး ဖြစ်သည်။

ထို့ကြောင့် ဘာပဲဖြစ်စေ အရာအားလုံးကို ယဲ့ဖန်မှ စီစဉ်ထားသည်ဖြစ်၍ သူမဦးနှောက်ကိုသုံးရန်ပင် ပျင်းလာခဲ့သည်။

ယဲ့ဖန်သည် သူ၏ စိတ်စွမ်းအင်ကို အလွန်အကျွံ သုံးစွဲထားသဖြင့် ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် အိပ်ယာပေါ်တွင် တန်း၍ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့မနက် ၈ နာရီအထိ နာရီ ၂၀ ကျော် အိပ်ခဲ့သည်။

" ရှင်က တကယ်ကို အပျင်းကြီးတဲ့ ဝက်ကြီးပဲ။ အရမ်းမအိပ်လို့ မရဘူးလား "

ချန်းဖေးအယ်သည် ရေချိုးသန့်စင်ပြီး ဖြစ်သည်။

ယဲ့ဖန်နိုးလာသည်ကို မြင်ပြီး ချက်ချင်း ရယ်မောလိုက်သည်။

ယဲ့ဖန် ဖြည်းညှင်းစွာ ထလာသည်။

သူ၏ စိတ်ခွန်အားသည် မနေ့နေ့လယ်ပိုင်းကထက် အများကြီး ပိုကောင်းလာသော်လည်း သူ၏ အခြေအနေမှာ ထိပ်ဆုံးအဆင့်ထိ ပြန်ကောင်းမလာသေးချေ။

သူ့ခေါင်းသည် အနည်းငယ် မူးနောက်နေသေးသည်။

အနာဂါတ်တွင် သူ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို လျော့၍ အသုံးပြုရမည် ဖြစ်သည်။

မဟုတ်ပါက သူတစ်ပါးကို ကယ်တင်ပြီးတိုင်း သူ့ခန္ဓာကိုယ်မှာ ဆုတ်ယုတ် ပင်ပန်းလာလိမ့်မည်။

သူသည် သူတစ်ပါးအား ကယ်ရင်းဖြင့် မိမိကိုယ်ကိုယ် စတေးသည်အထိ မမြင့်မြတ်ပေ။

ချန်းဖေးအယ်သည် ယဲ့ဖန် ရေချိုးပြီးသည်ကို စောင့်ဆိုင်းနေခဲ့ပြီးနောက် မေးလိုက်သည်။

" ကျွန်မတို့ ဒီနေ့ ဘာလုပ်ကြမှာလဲ "

ယဲ့ဖန် ထိုအကြောင်းကို စဉ်းစားလိုက်သည်။

" အရင်က အစ်ကိုကျောင်းက ပြောထားတယ်။ လောင်းကစားဘုရင်ပြိုင်ပွဲမှာ ကိုယ်တို့က လှုပ်ရှားချင်ရင် ဟုန်းမိသားစုနဲ့ ရှင်းရမယ့်အပြင် ရှောင်မိသားစုနဲ့လည်း ကိုင်တွယ်ရမယ် "

ချန်းဖေးအယ်သည် ယဲ့ဖန်အနောက်ကို လိုက်ရသည်မှာ ကြာပြီဖြစ်၌ ခက်ခဲသောမေးခွန်းတစ်ခုအား သူ့ကိုသာ ချက်ချင်း မေးလိုက်သည်။

" ဒါဆို ရှင့်ရဲ့အစီအစဉ်က ဘာလဲ "

ယဲ့ဖန် သူမကို ဒေါသတကြီး စိုက်ကြည့်နေလိုက်သည်။

" ကိုယ့်ကိုပဲ လာထောက်ပြမနေနဲ့။ မင်း ဦးနှောက်ကို သုံးလို့ မရဘူးလား "

ချန်းဖေးအယ်က ခေါင်းလေးကို ခါယမ်းလိုက်သည်။

" လှုပ်ရှားနေတာပဲ။ ဒါပေမယ့် ခေါင်းက လွတ်နေပြီ။ ရှင့်ကိုပဲ အားကိုးရမှာ "

သူမသည် အနက်ရောင်ဝတ်စုံနှင့် အနက်ရောင်ဒေါက်မြင့်ဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။

သူမ၏ ရှည်လျားသောခြေထောက်များသည် အနက်ရောင်အဝတ်အစားများနှင့် ဆန့်ကျင်လျက် ပို၍ပင် တောက်ပပြီး ကြည်လင်ပုံရသည်။

" ကိုယ့်ရဲ့အကြံအစည်က ပျားရည်ထောင်ချောက်ကို သုံးဖို့ပဲ။ မင်း ရှောင်မိသားစုရဲ့ တံခါးကိုသွားပြီး စောင့်နေလိုက်။ သူတို့မိသားစုခေါင်းဆောင် ထွက်လာရင် မင်းသူ့ကို ခုန်အုပ်လိုက် ...... "

" သေလိုက်ပါလား "

သူ၏ အစီအစဉ်အား ပြော၍ မပြီးခင်မှာပင် ခေါင်းအုံးတစ်လုံးဖြင့် သူ့ကို ပစ်ပေါက်လိုက်သည်။

ယဲ့ဖန်သည် ခေါင်းအုံးကို အလွယ်တကူ ဖမ်းယူလိုက်သည်။

သူသည် ရယ်သာရယ်နေပြီး လက်တုံ့ပြန်တာမျိုး မလုပ်ချေ။

သေချာပေါက်၊ သူသည် နောက်ပြောင်နေခြင်းသာ ဖြစ်သည်။

ချန်းဖေးအယ်ကို သူမ၏ အလှတရားဖြင့် ထောင်ချောက်ဆင်ခြင်းကို အမှန်တကယ် လုပ်ခွင့်မပြုနိုင်ချေ။

သူမ အလှထောင်ချောက်ကို သုံးချင်လျှင်ပင် သူ့တစ်ယောက်တည်းကိုသာ သုံးခွင့်ရှိမည်။

ထို့ကြောင့် ယဲ့ဖန် ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစားနေလိုက်သည်။

ထို့နောက် ဖုန်းကိုထုတ်ပြီး ကောင်းဟူကို ဖုန်းဆက်လိုက်သည်။

တစ်ဖက်မှ ဖုန်းကို ချက်ချင်း လက်ခံလိုက်ပြီးနောက် ကောင်းဟူ၏ မြှောက်ပင့်သောအသံသည် အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။

" ယဲ့လူကြီးမင်း၊ ဘာအမိန့်ရှိပါသလဲ "

" လောင်းကစားနယ်မြေက ရှောင်မိသားစုထဲက တစ်ယောက်ယောက်ကို သိလား "

ကျောင်းဖုလင်၏ အဆိုအရ ရှောင်မိသားစုသည် အမှောင်ထဲမှ စီးပွားရေးများတွင်လည်း ပါဝင်ပတ်သက်နေတတ်သည်။

ဤသည်မှာ ချောင်ရှင်းဂိုဏ်းနှင့် အလွန်ဆင်တူသည်။

ထို့ကြောင့် သူတို့ကို ကောင်းဟူမှတဆင့် ချိတ်ဆက်နိုင်သည်။

သို့သော် ကောင်းဟူသည် ထိုစကားကို ကြားပြီးနောက် ချက်ချင်းပင် ရှက်ရွံ့စွာ ပြောလာသည်။

" ယဲ့လူကြီးမင်း၊ ဒါကိုတော့ မကူညီနိုင်တော့မှာကို စိုးရိမ်ပါတယ်။ စီးပွားရေးကိစ္စလေးတစ်ချို့ကြောင့် ရှောင်မိသားစုနဲ့ ပဋိပက္ခဖြစ်ခဲ့ပြီး လူနှစ်ယောက် သေခဲ့ရပါတယ်။ ရှောင် မိသားစုက ကျွန်တော်တို့ကို အရိုးထိစွဲအောင် မုန်းနေလိမ့်မယ် "

ယဲ့ဖန်သည် သူပြောသည်ကို ကြားသောအခါ စကားမပြောနိုင်ပင် ဖြစ်ကုန်ရသည်။

ကျောင်းဖုလင်သည်လည်း အလားတူ ပြောခဲ့ဖူးပြီး ယခု ကောင်းဟူသည်လည်း အလားတူပင် ပြောလာသည်။

ယဲ့ဖန်သည် သူတို့နှစ်ယောက်ကို မယုံပါက သူတို့မှ သူ့ကို လှည့်စားရန် အတူတူ ပူးပေါင်းလုပ်ဆောင်နေသည်ဟု သံသယဖြစ်မိလိမ့်မည်။

ဒီနှစ်ယောက်က ဟုန်းမိသားစုရော၊ ရှောင်မိသားစုတွေနဲ့ ဘာလို့ ဒီလောက်ဆိုးတဲ့ဆက်ဆံရေး ရှိနေကြတာလဲ။

သို့သော် ဒုတိယအတွေးတွေးမိသည့်အခါ နားလည်ပေးနိုင်သည်။

မည်သို့ပင်ဖြစ်စေ တောင်ပိုင်း ကွမ်တုန်းပြည်နယ်နှင့် လောင်းကစားနယ်မြေသည် အလွန်နီးကပ်လေသည်။

ဆိုရိုးစကားအတိုင်း တောင်တစ်တောင်၌ ကျားနှစ်ကောင် မနေနိုင်ချေ။

နှစ်ဘက်စလုံးသည် စီးပွားရေးလုပ်ငန်း အများအပြား လုပ်ကိုင်စဉ် ပဋိပက္ခများ ရှိနေနိုင်သည်။

ကောင်းဟူ၏ လမ်းကြောင်းမှာ အလုပ်မဖြစ်သောကြောင့် ဟုန်းမိသားစုအား အကူအညီတောင်းရတော့မည့်ပုံရသည်။

ဟုန်းမိသားစု နှင့် ရှောင်မိသားစု တို့သည် လောင်းကစားနယ်မြေ၏ ထိပ်တန်း မိသားစု များဖြစ်သည်။

နှစ်ဖက်စလုံးမှ သေချာပေါက် ဆွေးနွေးနိုင်လောက်သည်။

သို့သော် ဟုန်းရှိထျန်းကို ဖုန်းဆက်လိုက်သောအခါ တစ်ဖက်မှ ခါးသီးစွာ ပြုံးရတော့သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့ ဟုန်းမိသားစုနဲ့ ရှောင်မိသားစုက အပေါ်ယံသာ ဆက်ဆံပေမဲ့ အဆင်မပြေကြပါဘူး။ လူကြီးမင်းကို မိတ်ဆက်ပေးရင် ကျွန်တော်က သူတို့ကို ကြံစည်နေတယ်လို့ သူတို့က ထင်ကောင်းထင်သွားလိမ့်မယ် "

ထိုစကားကို ယဲ့ဖန် ကြားသောအခါ သူ ခေါင်းကိုက်သွားသည် ။

ဒီလူတွေက နေ့တိုင်း လုပ်စရာ မရှိတာနဲ့ ရန်ဖြစ်ကြတာပဲလား။

အတူတူ ပျော်ပျော်ရွှင်ရွှင် မကစားနိုင်ကြဘူးလား။

ယဲ့ဖန် ဖုန်းချတော့မည့်အချိန်၌ ဟုန်းရှိထျန်းမှ သူ့ကို ရုတ်တရက် သတိပေးလေသည်။

" ကျွန်တော်သိသလောက်တော့ ရှောင်မိသားစုရဲ့ အကြီးအကဲ ရှောင်ချန်ချင်းက မယ်ရီဘုရင်မဆေးရုံမှာပါ။ သူ့ကို သွားတွေ့သင့်ပါတယ် ....... "

ယဲ့ဖန်၏ မျက်လုံးများ တောက်ပလာသည်။

မယ်ရီဘုရင်မ ဆေးရုံလား။

အပိုင်း ( ၉၃၁ )

မတိုက်ဘူးလို့ မပြောထားဘူးလား။

" ကျွန်မတို့က ရှောင်ချန်ချင်းဆီကို တိုက်ရိုက် သွားရှာမှာလား "

မယ်ရီဘုရင်မ ဆေးရုံရှေ့၌ ကားရပ်သွားသောအခါ ချန်းဖေးအယ်သည် ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်နေလိုက်သည်။

သူတို့ ရရှိထားသော အချက်အလက်များအရ ရှောင်မိသားစုနှင့် ဟုန်းမိသားစုတို့သည် တစ်လှေတည်းစီးနေကြသူများ မဟုတ်ကြောင်း ဆိုလေသည်။

ဟုန်းမိသားစုသည် လောင်းကစားနယ်မြေ၌ အကြီးဆုံးမိသားစု ဖြစ်သော်လည်း တရားဝင် စီးပွားရေးလုပ်ငန်းတွင် ပါဝင်နေသေးသောကြောင့် သူတို့သည် အသိရှိကြသည်။

ထို့ကြောင့် ယဲ့ဖန်တို့သည် ဟုန်းမိသားစုနေရာကို ဖြိုခွင်းသောအခါတွင် ဟုန်းမိသားစုမှ အလွန်အကြူး လုပ်ရပ်များ လုပ်မည်ကို စိတ်ပူနေစရာမလိုပေ။

သို့သော် ရှောင်မိသားစုမှာတော့ ကွဲပြားလေသည်။

သူတို့သည် ဓါးမှသွေးကို လျက်သည့်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ကြပြီး သူတို့၏ နည်းလမ်းများမှာ သွေးထွက်သံယိုကိစ္စများ ပါဝင်နေသည်။

ထို့ကြောင့် ဤကဲ့သို့ တန်း၍ ဝင်ရောက်သွားပါက အန္တရာယ်များပေလိမ့်မည်။

ယဲ့ဖန်မှ သူမကို စိတ်ချပါဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။

" စိတ်မပူပါနဲ့၊ ကိုယ် အတတ်နိုင်ဆုံး ထိန်းမယ်။ လှုပ်လှုပ်ရှားရှား မဖြစ်အောင် ကြိုးစားမယ် "

ထိုသို့ဖြင့် တံခါးကို တွန်းဖွင့်ပြီး ကားထဲမှ ထွက်လာလေသည်။

ချန်းဖေးအယ်သည်လည်း ရွေးစရာမရှိတော့ဘဲ ယဲ့ဖန်အနောက်မှ လိုက်ရတော့သည်။

သူတို့နှစ်ယောက် ဆေးရုံအဝင်ဝသို့ ရောက်သည့်အခါ အပြင်၌ ထိုင်လျက် ဆေးလိပ်သောက်နေသည့် ယောက်ျားအချို့ကို တွေ့လိုက်ရသည်။

သူတို့သည် ယဲ့ဖန်တို့နှစ်ယောက်ကို တွေ့လိုက်ရတော့ အကြည့်များက ပို၍ သတိရှိလာတယ်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ထိုသည်ကို သတိမထားမိဘဲ ဆေးရုံဝင်ပေါက်သို့ တန်းမတ်စွာ လျှောက်သွားခဲ့သည်။

ထိုအခါ လူဆိုးနှစ်ယောက်က ချက်ချင်း လိုက်လာသည်။

မယ်ရီဘုရင်မဆေးရုံသည် အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံတစ်ခု ဖြစ်သည်။

ဤဆေးရုံသို့ ဆရာဝန်လာပြနိုင်သူများသည် ချမ်းသာသူများ သို့မဟုတ် အဆင့်အတန်းမြင့်သူများ ဖြစ်ကြသည်။

ထို့ကြောင့် ဆေးရုံ၌ ယဲ့ဖန်တို့ ထင်သလောက် လူနာ မများချေ။

ရှောင်ချန်ချင်းသည် လက်ရှိ တတိယထပ်ရှိ VIPခန်းတွင် ရှိနေကြောင်း ဟုန်းရှိထျန်းထံမှ ယဲ့ဖန်တို့နှစ်ဦး သတင်းရရှိထားသည်။

ထို့ကြောင့် သူတို့သည် ပထမထပ်ရှိ ဧည့်ခန်းတွင် ရပ်မနေဘဲ တတိယထပ်သို့ ဓာတ်လှေကားဖြင့် တက်ရန် ပြင်ဆင်ကြသည်။

သူတို့နှစ်ယောက် ဓာတ်လှေကား စောင့်နေချိန်မှာပင် သူတို့နောက်သို့ လူဆိုးနှစ်ယောက်မှ ချက်ချင်း အရှိန်မြန်စွာဖြင့် လိုက်လာပြီး သူတို့ ရှေ့ကို ပိတ်ရပ်လိုက်သည်။

" မင်းတို့နှစ်ယောက်က ဒီမှာ ဆရာဝန်ပြဖို့လား။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို တွေ့ဖို့လား "

ဆံပင်အဝါရောင်ရှိသည့် လူဆိုးတစ်ယောက်မှ အရင် စကားစပြောသည်။

ထိုဆံဝါသည် အနက်ရောင် လက်တိုအင်္ကျီကို ၀တ်ထားပြီး သူ့လက်မောင်းတွင် အစိမ်းရောင်နဂါးတက်တူးဖြင့် ဝင့်ကြွားနေကာ သူသည် လူဆိုးဖြစ်ကြောင်း အခြားသူများ မသိမည်ကို စိုးရိမ်နေသည့်အလား ဖြစ်နေသည်။

" တစ်ယောက်ယောက်ကို လာတွေ့တာ "

ယဲ့ဖန်မှ ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။

" ဘယ်သူ့ကို ရှာနေတာလဲ "

ငယ်ရွယ်ပုံရသည့် နောက်ထပ်တစ်ယောက်က ဆက်မေးသည်။

" လူနာ "

ယဲ့ဖန်သည် သူ့စကားများကို ရွှေကဲ့သို့ မြတ်နိုးပုံဖြင့် တိုတုတ်စွာသာ ဖြေသည်။

" ဒါပေါ့။ လူနာတွေ တွေ့ဖို့ ဆေးရုံကို လာတာ မဟုတ်ဘူးဆိုရင် သေတဲ့လူကို တွေ့ချင်လို့လား။ မင်းကို လူနာနဲ့ ဆက်ဆံရေးက ဘာလဲလို့ မေးနေတာ "

ဆံဝါဖြင့် လူဆိုးမှ ချက်ချင်း ဒေါသတကြီး အော်လိုက်သည်။

ယဲ့ဖန်သည် သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။

" လူနာနဲ့ ငါ့ရဲ့ ဆက်ဆံရေးက မင်းနဲ့ ဘာဆိုင်လဲ။ မင်းက ဘယ်သူလဲ။ ငါက မင်းကို ဖြေနေရမှာလား "

လူဆိုးအငယ်သည် ချက်ချင်း ရယ်မောလိုက်သည်။

" မဖြေလည်း ကောင်းပါတယ်။ ဒါပေမယ့် ဒီနေ့ မင်း သူတို့ကို မတွေ့နိုင်တော့မှာ စိုးရိမ်ရတယ်။ ဒီနေ့ ဆေးရုံပိတ်ထားတယ်။ နောက်နေ့မှ ပြန်လာ "

ယဲ့ဖန်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

" ဒီဆေးရုံက မင်းတို့ မိသားစုပိုင်မလို့လား။ မင်းတို့က ဒီလိုပြောတာနဲ့ ငါတို့က ဘာမှလုပ်မရဘူးလို့ ထင်နေတာလား "

လူဆိုးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် ရယ်မောကြသည်။

" ဒီအတိုင်းပြောတာပေါ့။ ငါတို့က ဆေးရုံမပိုင်ပေမဲ့ ဒီဆေးရုံဒါရိုက်တာက ငါ့ကိုတွေ့တဲ့အခါ အကိုကြီးလို့ ခေါ်ရမယ်။ ဒီနေ့ မဖွင့်သေးဘူးလို့ ပြောလိုက်ရင် သူတို့ ပိတ်ရမှာပဲ နားလည်လား ကလေး။ မသေချင်ရင် လစ်လိုက်တော့ "

ယဲ့ဖန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

" ဒါဆို ငါက အတင်းတက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ "

အန္တရာယ်များသော လူဆိုးအငယ်သည် သူ့နောက်မှ ဓားတစ်ချောင်းကို ချက်ချင်း ထုတ်ကာ သူ့လက်ထဲတွင် ဆော့ကစားနေသည်။

သူသည် ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

" ဒါဆို မင်းရဲ့ တံတောင်ကို ဖြတ်လိုက်မယ်။ မင်းတက်နိုင်ရင် တက်ပေါ့ "

" ဒါဆို စမ်းကြည့်ရအောင် "

ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ ကျယ်လာသည်။

ထိုအချိန်တွင် ဓာတ်လှေကားတံခါး ပွင့်လာသည်။

ယဲ့ဖန်သည် လူဆိုးနှစ်ယောက်ကို ဓာတ်လှေကားထဲသို့ ကန်သွင်းကာ သူတို့နောက်မှ လိုက်သွားခဲ့သည်။

ချန်းဖေးအယ် မတတ်နိုင်ဘဲ ခေါင်းခါပြီး ခါးသီးစွာသာ ပြုံးလိုက်တော့သည်။

ရန်မဖြစ်ဖို့ သဘောတူခဲ့ကြတာ မဟုတ်လား။

အမှန်ပဲ၊ ယောက်ျားတွေရဲ့ နှုတ်ကထွက်သမျှ မုသားတွေချည်းပဲ။

ထို့နောက် သူမသည် ယဲ့ဖန်နောက်သို့ လိုက်သွားပြီး ဓာတ်လှေကားတံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။

ပြန်ဖွင့်လိုက်သည့်အခါ သူတို့ တတိယထပ်သို့ ရောက်နေပြီ ဖြစ်သည်။

ဓာတ်လှေကားတံခါး ပြန်ပွင့်လာသည်နှင့် ဒဏ်ရာများပြည့်နေသော လူနှစ်ယောက်သည် အမြန် ပြေးထွက်လာပြီး လျှောက်လမ်းမပေါ်၌ လဲကျသွားသည်။

တတိယထပ်ရှိ စင်္ကြံတွင် ငယ်ရွယ်ပြီး အန္တရာယ်များသော လူဆိုးတစ်ဒါဇင်ကျော် စောင့်ကြပ်နေကြသည်။

ထိုလူများမှ ချက်ချင်း ထိတ်လန့်သွားလေသည်။

ပုဆိန်များ၊ ဓားများနှင့် တုတ်များကို ထုတ်ယူပြီး အပြေးသွားကြသည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ဓာတ်လှေကားထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော လူတစ်စုကို မြင်သောအခါ မတတ်နိုင်ဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြသည်။

" စုစုပေါင်း ဆယ့်သုံးယောက်၊ ရှင် ဘယ်လောက်ယောက် လိုချင်လဲ "

" ခုနှစ်ယောက် "

" ဘာလို့ ခုနစ်ယောက် လိုချင်တာလဲ။ ရှင် ကျွန်မကို ခြောက်ယောက်ပဲ ပေးလိုက်တာလား "

" ဘာလို့လဲဆိုတော့ ကိုယ်က မင်းထက် ပိုသန်မာတယ် "

" ဒါက အင်အားကိစ္စ မဟုတ်ဘူး။ ဒါက ယောက်ျားနဲ့ မိန်းမ တန်းတူရေးကိစ္စပဲ။ ရှင် ကျွန်မကို လျှော့ပေးတာက ကျွန်မကို အထင်သေးလို့ပဲ "

" ဒါပေမယ့် ....... "

" ရှင် ဆက်ပြီး မဟုတ်တဲ့စကားတွေ ပြောနေရင် ကျွန်မ ရှင့်ကို ပိတ်ထိုးလိုက်မယ် "

" ဒီလက်သီးချက်က အနည်းဆုံး အနှစ်၃၀လောက် ရှိတယ်။ ကြောက်ပါတယ်၊ ကိုယ် ကြောက်ပါတယ်။ ကိုယ် မင်းကို နောက်ထပ်တစ်ယောက် ပေးမယ်၊ ဟုတ်ပြီလား "

" ဒီလိုမှပေါ့ "

တစ်ဖက်မှ ငယ်ရွယ်ပြီး အန္တရာယ်ရှိသော လူဆိုးတစ်စုသည် သူတို့နှစ်ဦးမှ နားမလည်နိုင်သော စကားများ ပြောဆိုနေကြသည်ကို ကြားလိုက်ရပြီး ချက်ချင်း ဒေါသတကြီး ဖြစ်သွားကြသည်။

" မင်းတို့ ဆက်တိုက်ချင်သေးလား။ မတိုက်ချင်ရင် သွားလိုက် "

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် တစ်ချိန်တည်းမှာပင် ရှေ့သို့ အပြေးလျှောက်လာရင်း သူတို့၏ မျက်နှာပေါ်တွင် တူညီသော နတ်ဆိုးဆန်သည့် အပြုံးမျိုး ရှိနေသည်။

ရှောင်ချန်ချင်းသည် အခန်းထဲတွင် သူ့အဖေနှင့် စကားစမြည် ပြောနေသည်။

ဆေးရုံတွင် အရေးပေါ် သွေးသွင်းပြီးနောက် ကျေးဇူးရှင်မှ ချန်ခဲ့သော ဆေးစာနှင့်အတူ သူ့ဖခင်၏ ခန္ဓာကိုယ်သည် ထိရောက်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။

လက်ရှိအချိန်မှာပင် သူ့အဖေသည် ထိုင်ပြီး စကားပြောလို့ရနေပြီ ဖြစ်သည်။

" အဖေ၊ ဒီကားမတော်တဆမှုက ဒီလောက်ရိုးရှင်းတယ်လို့ မထင်ဘူး။ ရန်သူက တမင်စီစဉ်ထားတာ ဖြစ်နိုင်တယ် "

ရှောင်ချန်ချင်းသည် သူ့အဖေနှင့် လေးစားစွာ စကားပြောရင်း ပန်းသီးတစ်လုံးကို ခွဲပေးနေသည်။

သခင်ကြီးရှောင်၏ အမည်မှာ ရှောင်ရွှမ်ဖြစ်ပြီး သူသည် ယခင်က ရှောင်မိသားစု၏ အကြီးအကဲဖြစ်သည်။

အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ သူသည် မိသားစုကိစ္စ အားလုံးကို သားဖြစ်သူထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

မနေ့က သူသည် သူငယ်ချင်းဟောင်းအချို့နှင့် ငါးဖမ်းရန် ချိန်းဆိုထားတာ ဖြစ်သည်။

သို့သော် လမ်း၌ ပြင်းထန်သော ယာဉ်တိုက်မှုဖြစ်ပြီး ယာဉ်မောင်းမှာ ပွဲချင်းပြီး သေဆုံးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ကံကောင်းထောက်မစွာဖြင့် ကျေးဇူးရှင်လေးတစ်ယောက်သည် အချိန်မီ ပေါ်လာခဲ့သည်။

မဟုတ်ပါက သူ သေလိမ့်မည်။

သားဖြစ်သူ၏ မှန်းဆချက်ကို ကြားပြီးနောက် ခေါင်းညိတ်သဘောတူလေသည်။

" ဒီဖြစ်နိုင်ချေကို ငါတို့ မငြင်းနိုင်ပေမယ့် ငါတို့ ရှောင်မိသားစုမှာ ရန်သူတွေ များလွန်းနေတယ်။ အချိန်တိုအတွင်းမှာ ဘယ်သူ လုပ်ခဲ့တာလဲဆိုတာ ငါတို့ မသိနိုင်မှာကို စိုးရိမ်ရတယ် "

ရှောင်ချန်ချင်းမှ ချက်ချင်း နှာမှုတ်လိုက်သည်။

" နောက်ထပ် ဘယ်သူဖြစ်နိုင်မှာမလို့လဲ။ ဟုန်းမိသားစုက လွဲပြီး လောင်းကစားမြို့တစ်ခုလုံးမှာ ဘယ်သူက ရှောင်မိသားစုကို တိုက်ခိုက်ရဲမှာလဲ "

ရှောင်ရွှမ်သည် မျက်လုံးများကို မှိတ်ထားပြီး ခဏလောက် စဉ်းစားလိုက်သည်။

အဆုံးတွင် သူ ခေါင်းခါလိုက်သည်။

" တစ်ခါတလေမှာ သံသယ အရှိဆုံးသူက တရားခံအစစ် မဟုတ်နိုင်ဘူး။ သက်သေမပြနိုင်ဘဲ စိတ်လိုလက်ရ မလုပ်သင့်ဘူး "

ရှောင်ချန်ချင်း ခေါင်းညိတ် သဘောတူသည်။

" စိတ်မပူပါနဲ့၊ အဖေ။ ကျွန်တော် ဒီကိစ္စကို ကိုင်တွယ်ပါ့မယ်။ အဖေ့ရဲ့ လုံခြုံရေးကို ၂၄ နာရီပတ်လုံး ကာကွယ်ဖို့ နောက်ထပ် လူတွေကို လွှတ်ထားပြီးသားပါ။ ဒီနေရာကို သံပုံးလို ဝိုင်းထားမယ်လို့ အာမခံပါတယ်။ ယင်ကောင်တစ်ကောင်တောင် မပျံနိုင်စေရပါဘူး ..... "

သူ့စကား မဆုံးခင်မှာပင် အခန်းတံခါးကို အတင်းတွန်းဖွင့်ခံလိုက်ရသညိ။

မျက်နှာ၌ ထိခိုက်ဒဏ်ရာဖြင့် ပွန်းပဲ့နေသော လက်အောက်ငယ်သားတစ်ဦးမှ ထိတ်လန့်တကြား ပြေးဝင်လာသည်။

" ရှောင်လူကြီးမင်း၊ တစ်ခုခုတော့ ဆိုးကုန်ပြီ။ လူနှစ်ယောက် ဝင်တိုက်နေပါတယ် "

ရှောင်ချန်ချင်းသည် သူ့အဖေကို ဒီနေရာသို့ ယင်ကောင်တစ်ကောင်ပင် မဝင်နိုင်စေရဘူးဟု ကတိပေးခဲ့သည်။

သို့သော် အသက်ရှင်နေသော လူနှစ်ယောက်မှ ချက်ချင်း ဝင်ဖောက်လာလေသည်။

ဤသည်မှာ သူ့ကို မျက်နှာရိုက်ချလိုက်ခြင်း ဖြစ်သည်။

သူ့အဖေအမြင်မှာ ဒါက အသုံးမကျရာ ရောက်မသွားဘူးလား။

ရှောင်မိသားစု၏ လုပ်ငန်းအများစုကို သူတာဝန်ယူထားပြီး ဖြစ်သော်လည်း အဓိကစီးပွားရေးလုပ်ငန်းအများအပြားသည် သူ့အဖေလက်ထဲတွင် ရှိနေဆဲ ဖြစ်သည်။

သူ့အဖေသာ ဆန္ဒရှိပါက သူ့အား မိသားစုခေါင်းဆောင်အဖြစ် အချိန်မရွေး ဖယ်ထုတ်နိုင်သေးသည်။

သူ့တွင် လက်ရှိရာထူးကို စိုက်ကြည့်နေပြီး လုယူချင်နေသည့် ညီနှစ်ယောက် ရှိနေဆဲဖြစ်သည်။

ထိုအရာကို တွေးပြီး ဦးနှောက်တစ်ခုလုံး ထုံကျင်သွားရသည်။

" အဖေ၊ အေးအေးဆေးဆေး အနားယူပါ။ ကျွန်တော် မကြာခင် ပြန်လာခဲ့မယ် "

ထိုသို့ ရိုသေစွာပြောပြီး အမြန် ထထွက်သွားတော့သည်။

အပိုင်း ( ၉၃၂ )

လာလိမ်စားနေတာ၊ ဟုတ်တယ်မလား။

ရှောင်ရွှမ်သည် နက်မှောင်နေသော မျက်နှာထားဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။

" သွား "

ရှောင်ချန်ချင်းသည် အခန်းထဲမှ သုန်မှုန်နေသော မျက်နှာထားဖြင့် လျှောက်ထွက်သွားသည်။

အနက်ရောင်နေကာမျက်မှန်၊ အနက်ရောင်ဝတ်စုံများ ဝတ်ထားသော သက်တောင်စောင့်ကိုးယောက် တံခါးအပြင်၌ ရပ်နေသည်။

ထို ၉ယောက်မှာ သူ၏ ကိုယ်ပိုင်သက်တော်စောင့်များဖြစ်ကာ တစ်ယောက်ချင်းစီကို ငွေကြေးများစွာပေး၍ ဌားရမ်းထားရသော ထိပ်တန်းပညာရှင်များဖြစ်သည်။

အမှန်တွင် သူတို့သည် စင်္ကြံလမ်းထဲမှ တိုက်ခိုက်သံများကို ကြားနေရသော်လည်း အမိန့်မရသေး၍ နေရာမှ မထွက်ခွာနိုင်ကြပေ။

ရှောင်ချန်ချင်းသည် စင်္ကြံလမ်းထောင့်ကို သုန်မှုန်စွာဖြင့် စူးစိုက်ကြည့်နေသည်။

အော်ဟစ်သံများသည် စင်္ကြံလမ်းထောင့်မှ ဆက်တိုက် ထွက်ပေါ်နေသည်။

ထိုတိုက်ပွဲမှာ မည်မျှ ပြင်းထန်သည်ကို တွေးကြည့်နိုင်သည်။

မကြာခင်မှာပင် သူ၏ လက်အောက်ငယ်သားတစ်ယောက် စင်္ကြံလမ်းမှ ပျံထွက်လာပြီး မြေပေါ်သို့ ပြင်းထန်စွာ ကျသွားပြီး နာကျင်စွာ အော်ဟစ်နေသည်။

ထို့နောက် နှစ်ယောက်၊ သုံးယောက်၊ လေးယောက် ..... သူ၏ လက်အောက်ငယ်သားများမှာ တစ်ယောက်ပြီးတစ်ယောက် လွင့်ပျံလာပြီး အပုံလိုက်ဖြစ်နေတော့သည်။

အတော်ပင် အံ့အားသင့်မှင်သက်စရာကောင်းသည်ဟု ဆိုနိုင်သည်၊

၁၃ယောက်လုံး လွင့်ပျံလာပြီးသည့်အခါ စင်္ကြံလမ်းထောင့်မှာ ယေကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက် ထွက်လာသည်။

ယောက်ျားသည် အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး မိန်းကလေးမှာလည်း အနက်ရောင်ဂါဝန်ကို ဝတ်ထားသည်။

ယောက်ျားလေးသည် ချောမောကာ မိန်းကလေးသည်လည်း အလွန်လှပသည်။

သူတို့သည် အလွန်လိုက်ဖက်သည်ဟု ဆိုနိုင်ပြီး Mr and Mr Smith ဇာတ်ကားနှင့်ပင် တူနေသည်။

သို့သော် ထိုမြင်ကွင်းသည် ရှောင်ချန်ချင်း၏ မျက်လုံးထဲတွင် မီးတဟုန်းဟုန်းတောက်လောင်စေသည်။

ထိုလူငယ်လေးနှစ်ယောက်သည် သူ စီစဉ်ထားသော အကာအကွယ်ကို တကယ်ပင် ထိုးဖောက်ဝင်ရောက်နိုင်လေသည်။

ဤသည်မှာ သူ့မျက်နှာအား ဖြတ်ရိုက်လိုက်သည်နှင့် တူလေသည်။

" မင်းကများ ငါ့လူတွေကို ထိခိုက်အောင် လုပ်ရဲတာလား။ မင်းတို့က သေချင်နေတာပဲ "

ရှောင်ချန်ချင်း အံကြိတ်လိုက်သည်။

" ရှောင်လူကြီးမင်း၊ အထင်မလွဲပါနဲ့။ ကျွန်တော်တို့က တိုက်ခိုက်ဖို့ရောက်လာတာ မဟုတ်ပါဘူး။ ဒီကို စီးပွားရေးကိစ္စလေးတွေ ဆွေးနွေးဖို့ပါ "

ယဲ့ဖန်သည် အပြစ်ကင်းသော အပြုံးကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။

" စီးပွားရေး ဟုတ်လား။ ဒါက မင်းတို့ စီးပွားရေးစကားပြောတဲ့ပုံလား။ ငါ့ကို အရူးများ ထင်နေလား "

ရှောင်ချန်ချင်း ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။

" သူတို့က ကျွန်တော်တို့ ဝင်တာကို တားနေတာကြောင့် ရွေးစရာမရှိဘဲ သူတို့ကို အရင် နားခိုင်းလိုက်တာပါ။ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ "

ယဲ့ဖန် သူ့ကို ဆက်၍ ဖြောင်းဖျသည်။

" ကောင်းပြီ၊ စီးပွားရေးကိစ္စမလား။ မင်း ငါ့ဆီကို အသက်ရှင်လျက် လာနိုင်ရင် ငါ မင်းနဲ့ ပြောပေးမယ် "

ရှောင်ချန်ချင်းသည် သူ့ရှင်းပြချက်ကို နားမထောင်တော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။

ထိပ်တန်း ကိုယ်ခံပညာရှင် ကိုးဦးသည် မြှားများကဲ့သို့ ချက်ချင်း ပြေးထွက်လာသည်။

ပညာရှင်တစ်ယောက်သည် လှုပ်ရှားလိုက်သည်နှင့် ပညာရှင် ဟုတ်မဟုတ်ကို သိနိုင်သည်။

အရှိန်ပင် ဖြစ်စေ၊ လှုပ်ရှားမှုပင် ဖြစ်စေ ထိုလူကိုးယောက်မှာ အလွန်လျင်မြန်ပြီး လှုပ်ရှားမှုတိုင်းက အလွန်ပြင်းထန်လွန်းလှသည်။

သူတို့သည် အပြင်မှာ စောင့်နေသည့် ဘာမှမဟုတ်သော အုပ်စုနှင့် ယှဉ်လို့မရသည်မှာ သေချာလေသည်။

" စုစုပေါင်း ကိုးယောက်၊ မင်း ဘယ်နှစ်ယောက်လိုချင်လဲ "

ယဲ့ဖန်မှ ထပ်မေးပြန်သည်။

" လေးယောက် "

ချန်းဖေးအယ်မှ မဆိုင်းမတွ ပြန်ဖြေသည်။

" အဲ့တာက သိပ်မကောင်းဘူးဟုတ်လား။ ကိုယ်က မင်းကို လျှော့ပေးရင်ကျ လိင်ခွဲခြားတယ် ပြောတယ်။ မင်းကကျ ကိုယ့်ကို လိင်ခွဲခြားနေတာ မဟုတ်ဘူးလား "

" ဘာလို့လဲဆိုတော့ ကျွန်မက ရှင့်ထက် အားနည်းလို့ "

" မင်း အားနည်းတာနဲ့ မင်းမှန်တယ် ထင်နေလား "

" ရှင် ဆက်ပြီး မိုက်မဲတဲ့စကားတွေ ဆက်ပြောနေရင် ရှင့်ကို ထိုးတော့မှာ "

" ........... "

ယဲ့ဖန်သည် ကျွမ်းကျင်သူကိုးဦး ရောက်နေပြီ ဖြစ်သောကြောင့် အခြားဘာမျှ မပြောခဲ့တော့ပေ။

သူသည် အမြန်ပြန်ဆုတ်ပြီး ကျားနက်သံမဏိနှလုံးတိုက်ကွက်မှ ရှောင်ထွက်လိုက်ရသည်။

ထိုလူ၏ လှုပ်ရှားမှုမှာ ကျားနက်လက်သီးကွက် ဖြစ်သည်။

ကျားနက်လက်သီးကွက်သည် ဆင်လက်သီးကွက်အမျိုးအစား ဖြစ်ပြီး အကွက်၏ ခိုင်မာမှုနှင့် ရက်စက်မှုတို့ကြောင့် လူသိများသည်။

ထိုလူ၏လက်သည် သာမန်လူ၏ လက်သီးများထက် လက်လုံးကြီးပြီး သူ့လက်ဆစ်များတွင် ထူထဲသော အဖုများရှိသည်။

လက်သီးတစ်ချက်ဖြင့် တောင်တွေကို ဖြိုခွဲပြိး ကျောက်တွေကို ကွဲစေရန် လုံလောက်လေသည်။

ယနေ့ခေတ်တွင် တရုတ်သိုင်းပညာသည် အလွန်အားနည်းနေပြီ ဖြစ်ပြီး အခြားသူများမှ အလွယ်တကူ အနိုင်ယူနိုင်သည်ဟု လူအများက ယူဆကြသည်။

သို့သော် ထိုလူများမှာ ပြပွဲအတွက်သာ ဖြစ်သည်။

ကြွားဝါရန်သာ လေ့ကျင့်ကြခြင်းဖြစ်သည်။

သူတို့သည် သစ်သားကိုယ်ထည်များဖြင့်သာ နေ့တိုင်း လေ့ကျင့်လေ့ရှိကြပြီး အခြားသူများနှင့် လုံးဝ မတိုက်ခိုက်ကြဖူးချေ။

သို့သော် သူ့ရှေ့မှ လူကိုးယောက်လုံးမှာတော့ လူသတ်လိုသည့် ရည်ရွယ်ချက်များ အပြည့်ရှိကြသည်။

အလောင်းပုံများကြမှ ရုန်းထွက်ခဲ့ကြသည်မှာ ထင်ရှားလေသည်။

ထိုလူများ၏ လှုပ်ရှားမှုတွေသည် လုံးဝ လှပမနေချေ။

သိုင်းကွက်များမှာ လူသတ်ရန်သာ အထူးအသုံးပြုနေသည်။

လှုပ်ရှားမှုတိုင်းသည် အဆုံးထိပြင်းသော လှုပ်ရှားကွက်များ ဖြစ်သည်။

ထိုလူ၏ လက်သီးကွက်သည် လွတ်သွားသည်နှင့် မဆိုင်းမတွ ပြင်းထန်သော ကန်ကွက်ကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်သည် ယဲ့ဖန်ဆီသို့ ပြေးဝင်လာကာ ညာလက်သည် ယဲ့ဖန်၏ အောက်ခန္ဓာကိုယ်ဆီသို့ အရှိန်တည်နေသည်။

ထိုအပြောင်းအလဲမှာ ဖြေရှင်းရခက်လေသည်။

ယဲ့ဖန်သည် ခန္ဓာကိုယ်အောက်ပိုင်းအား ကာကွယ်ရန် အာရုံစိုက်ပါက သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကျိန်းသေထိပေလိမ့်မည်။

ဤလူ၏ ပြင်းထန်သော ခွန်အားဖြင့် ထိသွားပါက အနည်းဆုံး အရိုးများ ကျိုးပြီး သွေးများ ထွက်လာမည်ဟု ခန့်မှန်းရသည်။

ထိုသို့မဟုတ်ဘဲ အောက်ပိုင်းကိုသာ ခုခံမည်ဆိုရင် ယဲ့ဖန် သေချာပေါက် 'အရိုက်ခံရ'ပေမည်။

သို့သော် နှစ်နေရာလုံးကို ခုခံကာကွယ်လိုလျှင် တစ်ဖက်လူထက် သာလွန်သော ခွန်အားရှိရန် လိုအပ်သည်။

သာမန်သိုင်းပညာရှင်တစ်ယောက်အတွက် အကောင်းဆုံးနည်းလမ်းမှာ အမြန်

ပြန်ဆုတ်ရန် ဖြစ်သည်။

သို့သော် ထိုပုံစံက အစချီတိုက်ခိုက်ရန် အခွင့်အရေးကို ဆုံးရှုံးပြီး ဆက်တိုက် ဖိနှိပ်ခံရလိမ့်မည်။

သူများနှင့်မတူသည်မှာ ယဲ့ဖန်သည် သာမန်လူ မဟုတ်ပေ။

သူ၏ လက်ရှိအင်အားဖြင့် ပို၍ အားနည်းသူကို မဆိုဘိ သူ၏ ဆရာသခင် လျုံဝမ်းယွမ်ပင် တိမ်းရှောင်ရသည်။

ယဲ့ဖန်မှ ရှောင်မပြေးသွားချေ။

ထိုအစား ယဲ့ဖန်သည် ပြိုင်ဘက်ကဲ့သို့ အတိအကျတူညီသော လှုပ်ရှားမှုကို အသုံးပြုကာ တန်ပြန် တိုက်ခိုက်ခဲ့သည်။

ထိုလူသည် ယဲ့ဖန်မှ ထိုကဲ့သို့ 'မိုက်မဲသောလှည့်ကွက်'ကို အသုံးပြုမည်ဟု မမျှော်လင့်ထားသောကြောင့် ချက်ချင်း အလွန်ဝမ်းသာသွားခဲ့သည်။

သူ၏ ကြွက်သားများနှင့် အရိုးများသည် ကြေးနီအရေခွံနှင့် သံအရိုးများကဲ့သို့ သန်မာသည်ဟု ပြောကြသောကြောင့် သူ၏အမည်ပြောင်မှာ 'ကင်းကောင်ကြီး' ဖြစ်သည်။

သူရိုက်လျှင် နွားပင် သေသွားနိုင်သည်။

သူနှင့် ထိုကဲ့သို့ ထိပ်တိုက်တွေ့ရန် ရွေးချယ်လိုက်သော ထိုကောင်လေးမှာ သေလမ်းရွေးလိုက်ခြင်းသာ ဖြစ်သည်။

ထိုအချက်ကို တွေးပြီး သူ့အစွမ်းရှိသမျှ သုံးကာ ထိုကလေးကို ငါးပိသိပ်သလို ထိုးနှက်ပြီး ရှောင်လူကြီးမင်းရှေ့၌ ပြသရန် ပြင်လိုက်တော့သည်။

ဒိုင်း

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်များသည် အင်္ဂါဂြိုဟ်မှ ကမ္ဘာမြေအား ထိမှန်သွားသကဲ့သို့ ပြင်းထန်စွာ တိုက်မိသွားကြသည်။

အဆောက်အဦးတစ်ခုလုံး တုန်လှုပ်သွားပုံရသည်။

ထို့နောက် တစ်ယောက်သည် ပါးစပ်ထဲမှ သွေးများ ထွက်လာပြီး နောက်သို့ ပြေးဆုတ်သွားသည်။

လူတိုင်းသည် မျက်လုံးများကို သေချာ စူးစိုက်ကြည့်လိုက်သည့်အခါ ထွက်သွားသူမှာ ကင်းကောင်ကြီး ဖြစ်နေသည်ကို မြင်လိုက်ရသည်။

သို့သော် သူသည် အပိုင်းပိုင်း ရိုက်ခံထားရသည်။

သူ့လက်တစ်ဖက်ကို 'L' ပုံသဏ္ဍာန်အဖြစ် ရိုက်ချိုးခံထားရပြီး သူ့ပုခုံးတစ်ဝက်မှာလည်း ပြင်းထန်စွာ ပုံပျက်သွားခဲ့သည်။

ရေပန်းကဲ့သို့ သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။

ဘယ်လိုတောင် 'ကြောက်စရာ'ကောင်းလိုက်လဲ။

အားလုံးက ယဲ့ဖန်ကို လှည့်ကြည့်လိုက်ကြသည်။

ယဲ့ဖန်သည် ဘာမှမဖြစ်ခဲ့သလို သူ့ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို သုတ်နေခဲ့သည်။

" ဘာကို ကင်းကောင်ကြီးလဲ။ လာလိမ်စားနေတာလား "

All Chapters