← Chapters

တိုက်ဆိုင်မှုလား

Vol. 147 Ch. 2089

တိုက်ဆိုင်မှုလား

Vol. 147 Ch. 2089

ရီဖူရှင်းက လင်း၏ အနောက်မှ လိုက်၍ သူမ နေထိုင်သည့် သေးငယ်သည့် ခြံဝန်းလေးအတွင်းသို့ ရောက်ရှိလာခဲ့သည်။

ခြံဝန်းအတွင်း၌ အဘိုးအိုတစ်ဦးက ကုလားထိုင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး အလွန် သက်သောင့်သက်သာနှင့် ငြိမ်းချမ်းနေပုံ ရလေသည်။

"အဘိုး" လင်းက လမ်း၌ ရှိနေဆဲမှာပင် လှမ်းခေါ်လိုက်သည်။ အဘိုးအိုက သူတို့ဘက်သို့ ကြည့်လာပြီး လင်း၏ အနောက်မှ လိုက်ပါလာသော ရီဖူရှင်းနှင့် အခြားလူများကို အကဲခတ်လိုက်၏။ ရီဖူရှင်းသည် ထိုအဘိုးအိုထံမှ မည်သည့်အရှိန်အဝါကိုမှ မခံစားမိဘဲ အလွန် အိုမင်းနေပုံသာ ပေါ်ကြောင်း မြင်တွေ့ရသည်။

"ဧည့်သည်တွေ ရောက်လာတာပဲ။"

သူက ထိုင်ခုံမှ ဖြေးညင်းစွာ ထလိုက်ပြီး အနည်းငယ် ခါးကိုင်းနေပုံရသည်။ သူက ပေါ့ပေါ့ပါးပါး လှုပ်ရှားသွားလာနိုင်ပုံမပေါ်ပေ။ အနည်းငယ် မှုန်မှိုင်းနေသော မျက်လုံးများဖြင့် သူက ရီဖူရှင်းဘက်သို့ ကြည့်လိုက်သည်။

"ကျေးဇူးပြုပြီး ထိုင်ပါ.. အဘိုး။" ရီဖူရှင်းက ရှေ့သို့ ​ခြေလှမ်းကာ ပြောလိုက်သည်။ ဤ ရွာအတွင်း၌ သာမန်လူ အများအပြားရှိသောကြောင့် ဤ အဘိုးအိုကလည်း သူတို့ထဲမှ တစ်ယောက် ဖြစ်လိမ့်မည်။ ထိုအဘိုးအိုကို ကြည့်ရသည်မှာ အသက်ရှစ်ဆယ် ဝန်းကျင်လောက်ရှိသော်လည်း ရီဖူရှင်းကိုယ်တိုင်သည်ပင် အမှန်စင်စစ်၌ ထိုမျှငယ်ရွယ်နေခြင်းမရှိပေ။ အသက်နှင့် ပတ်သတ်၍ ပြောရလျှင် ထိုလူအား အဘိုးဟု ခေါ်ဆိုရန် မသင့်လျော် သော်လည်း ဤသည်မှာ သူ၏ လေးစားသမှုကို ပြသသော နည်းလမ်းပင် ဖြစ်သည်။

အမှန်စင်စစ် အသက်ကိုသာ မူတည်၍ ပြောရလျှင် ထိုသူကို အကိုကြီးဟု ခေါ်ရန် ပိုပြီး သင့်တော်လိမ့်မည်။

ဤကျင့်ကြံခြင်းလောကတွင် အသက်ဟူသည်မှာ အရေးကြီးသည့် အချက်မဟုတ်ဘဲ မည်သူမှလည်း ဂရုမစိုက်ကြပေ။

"ကျုပ် အဆင်ပြေပါတယ်။" ရီဖူရှင်းက ယဉ်ကျေးသမှုနှင့် ပြောဆိုနေသည်ကို မြင်သည့်အခါ အဘိုးကြီးက လက်ကိုယမ်းလိုက်သည်။ "ကျေးဇူးပြုပြီး ဝင်လာထိုင်ပါဦး။"

"ကျေးဇူးတင်ပါတယ် စီနီယာ။" ရီဖူရှင်းက ပြောလိုက်သည်။

"ကျုပ်ကို အဘိုးမာလို့ပဲ ခေါ်ပါ။" လူအိုကြီးက အပြုံးနှင့် ပြောလိုက်ပြီး ရီဖူရှင်းနှင့် အခြား လူများကို အိမ်ထဲသို့ ခေါ်ဆောင်သွားသည်။ ဤနေရာက သူတို့ ခေတ္တမျှ အခြေချနေထိုင်မည် ဖြစ်သည်။

ရီဖူရှင်းတို့ အရှေ့မှ ရောက်ရှိလာသော အဖွဲ့နှစ်ခု၏ တက်ကြွမှုနှင့် ယှဉ်လျှင် ရီဖူရှင်း အ​ခြေချနေထိုင်သည့် နေရာက တိတ်ဆိတ်သည်ဟု ဆိုနိုင်သည်။ သူတို့ ရောက်လာပြီးနောက် လေးမျက်နှာကျေးရွာသို့ လူများစွာ ဝင်ရောက်လာကြသည်။

တဖြေးဖြေးနှင့် လေးမျက်နှာကျေးရွာက အလွန် သက်ဝင်လှုပ်ရှားလာကြတော့သည်။ ရီဖူရှင်းက အဘိုးမာ ရှောင်လင်းတို့နှင့် မိတ်ဆွေဖွဲ့ပြီးနောက် သူသည် ရွာအနီးတစ်ဝိုက်သို့ လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

အဘိုးမာက ရှောင်လင်းကို ရီဖူရှင်းနှင့် အတူ ရွာသို့ လိုက်ပြရန် ပြောလိုက်၏။ သူတို့က လေးမျက်နှာကျေးရွာအတွင်းရှိ ကျောက်တုံးပြာလမ်းတွင် လမ်းလျှောက်လာနေရင်း သူသည် ရွာက ပုံမှန်ထပ်ပို၍ သက်ဝင်လှုပ်ရှားနေသည်ကို မြင်တွေ့ရသည်။ သို့သော်လည်း ထိုသည်မှာ အဓိက မြို့များ၏ လူသူထူထပ်ပြီး သက်ဝင်လှုပ်ရှားမှုနှင့် ယှဉ်လျှင် ဝေးကွာနေသေးသည်။

လေးမျက်နှာကျေးရွာ၌ ခမ်းနားကြီးကျယ်သော ရှုမျှော်ခင်းများ မရှိသော်လည်း ၎င်း၏ တည်ဆောက်ပုံမှာ ထူးခြားသော ကျက်သရေ ရှိသည်။ ကြည်လင်သော မြစ်တလျှောက်တွင် ကျောက်စရစ်ခဲများ ခင်းထားသည့် လမ်းလေးရှိနေပြီး လှေငယ်လေးများက ရံဖန်ရံခါ မြစ်ထဲတွင် ရွက်လွှင့်နေတတ်ကြသည်။ တခါတရံ၌ အသိမိတ်ဆွေ တစ်ယောက်နှစ်ယောက် တွေ့သည့်အခါ ရှောင်လင်းကို ရပ်တန့်၍ နှုတ်ဆက်တတ်ကြပြီး သူမထံမှ စိတ်အားထက်သန်သော တုံ့ပြန်မှုကို အမြဲ ရရှိကြသည်။

သူတို့ တံတားကို ဖြတ်လျှောက်လာသည့်အခါ ဝတုတ်သော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ဆန့်ကျင်ဘက်မှ လျှောက်လာကာ ပြောလိုက်သည်။ "ရှောင်လင်း။"

"ဦးလေး ကျူံး။" ရှောင်လင်းက တုံ့ပြန်လိုက်သည်။ မျက်နှာထက်တွင် အပြုံးတစ်ခုရှိနေသော ထိုလူက ရှောင်လင်း၏ ဘေးမှာ ရီဖူရှင်းနှင့် အခြားလူများကို ကြည့်ကာမေးလိုက်သည်။ "ဧည့်သည်တွေလား"

"ဟုတ်တယ်.. ဒါက ဦးလေးရီပါ။" ရှောင်လင်းက ခေါင်းညိတ်လိုက်သည်။

"ဘယ်က လာကြတာလဲ။" ထိုလူက မေးမြန်းလိုက်သည်။

"အရမ်းဝေးတယ်။ ဦးလေးရီ ပြောတာတော့ တုန်းဟွာနယ်မြေကတဲ့" ရှောင်လင်းက ထိုနေရာက မည်သည့်နေရာဖြစ်ကြောင်း မသိသလို သူမက ကိစ္စ တော်တော်များများကို သေချာသိရှိခြင်း မရှိပေ။

လူ၀ကြီးက ရီဖူရှင်းနှင့် အခြားလူများကို အကဲခတ်လိုက်ရင်း ဆက်ပြောသည်။ "ကြည့်လို့တော့ ကောင်းတယ်။ ဒါပေမယ့် သိပ်အသုံးဝင်မှာတော့ မဟုတ်ဘူး။ အဘိုးမာက ရွေးလိုက်တာလား။"

"အဘိုးက ကျွန်မကို သွားကြည့်ဖို့ ပြောလိုက်တာ။ အဲဒါကြောင့် ဦးလေးရီနဲ့ တခြားလူတွေကို တွေ့လာခဲ့တာပဲ။" ရှောင်လင်းက ပြန်ဖြေလိုက်သည်။

"အဘိုးမာက အရမ်းနမော်နမဲ့ နိုင်တာပဲ။" လူဝကြီးက မယုံကြည်မှုများနှင့် အတူ ပြောလိုက်သည်။ "အိမ်တစ်အိမ်မှာ ခွဲတမ်း တစ်ခုစီပဲ ရှိတာ။ ဒါကို မင်းတို့တွေက လွယ်လွယ်လေး သုံးလိုက်ကြတယ်။"

သူက ခေါင်းယမ်းလိုက်ရင်း ဖြတ်လျှောက်သွားသည်။ သူက ရီဖူရှင်းတို့အား ဖြတ်ကျော်သွားသည့်အခါ  ရေရွတ်နေဆဲ ဖြစ်သည်။ "သူတို့က သူတို့အတွက် ဘာက ကောင်းမလဲ ဆိုတာကို မသိကြဘူး။ အရမ်းဆိုးတာပဲ။ အခုဆိုရင် ဖန်းမိသားစုက လုမိသားစုနှင့် ပူးပေါင်းထားတယ်။ သူတို့က အကောင်းဆုံး အခွင့်အရေး ရှိနိုင်လိမ့်မယ်။ သူတို့က နားမလည်ရင်လဲ ဒီအခွင့်အရေးအတွက် ရှန်ချင်းနယ်မြေက ကျော်ကြားတဲ့ တစ်စုံတစ်ယောက်ကို ရွေးချယ်သင့်တယ်။ ဒီလူတွေအတွက် ဖြုန်းတီးပစ်စရာ မလိုဘူးလေ။"

သူက ရီဖူရှင်းနှင့် အခြားလူများ ဒေါသထွက်မည်ကို မကြောက်ရွံ့ပေ။ ဤ လေးမျက်နှာကျေးရွာ၌ အပြင်လူများက ရိုင်းစိုင်းကြမ်းတမ်းသည့် အရာ တစ်ခုခု လုပ်ဆောင်မည်ကို အကြွင်းမဲ့ တားမြစ်ထားသည်။ မည်သူကမှ ဤ နှစ်များအတွင်း ထိုစည်းမျဉ်း များကို မချိုးဖောက်ရဲပေ။ ထိုသည်မှာ အရှင်ဒွန်ဟောင် ကိုယ်တိုင် ချမှတ်ထားသည့် စည်းမျဉ်းဖြစ်၏။

ထို့အပြင် တစ်စုံတစ်ယောက်က စည်းမျဉ်းများကို ချိုးဖောက်ကာ တစ်ခုခု လုပ်ဆောင်ခဲ့လျှင်ပင် ထိုသူများသည် အရှင်ဒွန်ဟောင်ကိုယ်တိုင် လက်တစ်ချောင်း မ,စရာမလိုဘဲ ဤရွာမှ ထိုလူများအသက်ရှင်လျှက် ထွက်ခွာသွားနိုင်လိမ့်မည်မဟုတ်ဟု သူ ယုံကြည်သည်။

"ဦးလေးရီ သူ့ကို စိတ်ထဲမထားပါနဲ့။" လူဝကြီး ထွက်သွားပြီးနောက် ရှောင်လင်းက သူမ ခေါင်းကို မော့ကာ ကြည့်လိုက်သည်။ သူမ မျက်လုံးက ကြည်လင်ကာ ဖြူစင်ရိုးသားမှများနှင့် ပြည့်နေသည်။

"မထားပါဘူး။" ရီဖူရှင်းက ပြုံးကာ ရှောင်လင်း၏ ပခုံးပေါ်သို့ လက်တင်၍ ပြောလိုက်သည်။ "ငါတို့ ဆက်ပြီး လမ်းလျှောက်ထွက်ကြမလား။"

"ကောင်းပါပြီ။" ရှောင်လင်းက အပြုံးနှင့် ခေါင်းညိတ်လိုက်ကာ ရှေ့သို့ ဆက်လျှောက်သွားသည်။

ဤ ရွာက အလွန် မကြီးသလို အလွန်လဲ မသေးပေ။ ရီဖူရှင်းနှင့် အခြားလူများက အတော်ကြာ လျှောက်လာခဲ့ပြီးနောက် ခမ်းနားသော အိမ်တော်တစ်ခု ရှေ့သို့ ရောက်လာခဲ့သည်။ ထိုအိမ်ထဲမှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။ "လင်း။"

ရှောင်လင်းက လှည့်ကြည့်လိုက်လျှင် သူမအား ခေါ်လိုက်သည့် သူက မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဆင်​မြန်းထားပြီး ထူးခြားသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ သူထံမှ စွမ်းအားအရှိန်အဝါ ခပ်ရေးရေးပင် ထွက်ပေါ်နေပြီး သူက တန်ခိုးရှင်တစ်ယောက်ဖြစ်ကြောင်း ညွှန်ပြနေသည်။

ပိုပြီး အံ့အားသင့်စရာကောင်းသည်မှာ ထိုသူက ဆယ်ကျော်သက်အရွယ်ပင် ရှိသေးသော်လည်း သူ၏ ကျင့်ကြံခြင်းက မနိမ့်လှပေ။

ရီဖူရှင်း နားလည်ထားသည်မှာ လေးမျက်နှာကျေးရွာရှိ လူများက ကျင့်ကြံရန် ​မဖြစ်နိုင်ဘဲ သူတို့ ကျင့်ကြံနိုင်ခဲ့လျှင် အလွန် ထူးချွန်ထက်မြက်သည့် ပါရမီကို ပိုင်ဆိုင်ထားကြမည် ဖြစ်သည်။ ဤ လူငယ်က ကျင့်ကြံခြင်း၌ ကောင်းချီးပေး ခံထားရသူဖြစ်ကြောင်း သိသာ၏။

"အကို ဖန်းချွင့်" ရှောင်လင်းက ခေါ်လိုက်သည်။ သူမ၏ အသံက အနည်းငယ် တုံ့ဆိုင်းနေသည်။ သူမက ထိုကောင်လေး၏ အရှေ့တွင် သတိထားနေပုံရ၏။

ထိုကောင်လေး၏ အမည်က ဖန်းချွင့် ဖြစ်ပြီး ရီဖူရှင်းနှင့် အခြားလူများကို ကြည့်လာသည့် သူ့ မျက်လုံးများတွင် အထင်အမြင်သေးမှု အချို့ ရှိနေသည်။ သူက ပြောလိုက်၏။ "ရှောင်လင်း ဒီကို ခဏလောက် လာဦး။"

ရှောင်လင်းက ခေါင်းငုံ့ကာ သူ၏ ဘေးနားသို့ လျှောက်သွားခဲ့သည်။ သူမက ဖန်းချွင့် ပြောသည်အား ကြားလိုက်ရ၏။ "ရွာကို လတ်တလော ဝင်လာတဲ့ လူတွေ အများကြီးရှိတယ်။ ဒါပေမယ့် မင်းတို့က ဂရုမစိုက်ဘဲနဲ့ သူတို့ကို ရွေးလိုက်တယ်။ ဒါက မင်းအဘိုးရဲ့ အကြံများလား။"

ရှောင်လင်းက ခေါင်းငုံ့နေဆဲဖြစ်ပြီး ဖန်းချွင့်ခေါ်သည့်အတိုင်း အိမ်အတွင်းသို့ လိုက်ပါသွားသည်။ အိမ်ထဲကို ရောက်လာသည့်အခါ ရှောင်လင်းသည် စိတ်ကျဉ်းကျပ်မှုကို ခံစားလိုက်ရပြီး သူ့ အရှေ့တွင် သက်လတ်ပိုင်း လူကြီးတစ်ယောက်က တိတ်ဆိတ်စွာရပ်ရင်း သူတို့အား ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုသက်လတ်ပိုင်း လူကြီး၏ နောက်တွင် လူအနည်းငယ် ရှိနေပြီး သူ့ ဘေးတွင် ထူးချွန်ထက်မြက်သည့် လူငယ်လေး တစ်ယောက်ရှိနေသည်။

"အဘိုးဖန်း။" ရှောင်လင်းက နှုတ်ဆက်လိုက်၏။ ဖန်းမိသားစုက သူတို့နှင့် ကွဲပြားခြားနားသည်။ ဖန်းမိသားစုသည် အစွမ်းထက် ကျင့်ကြံသူများကို မွေးထုတ်ပေးနိုင်သောကြောင့် လေးမျက်နှာကျေးရွာတွင် ကျော်ကြားသည်။ ယခု သူတို့၏ မျိုးဆက် ဖန်းချွင့်သည်လည်း အလွန် ပါရမီ ရှိသည်။ သူက သီးသန့်ကျောင်းတွင် ဆရာနှင့် သင်ယူလေ့လာနေပြီး သူက ဆရာ နှစ်သက်သော ကျောင်းသား တစ်ယောက်ဖြစ်သည်။

ထို့အပြင် ရှောင်လင်းသည် ဖန်းချွင့်၏ အဖေက အပြင်လောက၌ အစွမ်းထက်သော သူတစ်ယောက်ဖြစ်ကြောင်း ရွာသားများထံမှ ကြားဖူးသည်။ သို့သော်လည်း အသေးစိတ် အချက်အလက်များအနေ​ဖြင့် သူမ သိနိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။

ဖန်းမိသားစုက ရွာအတွင်းသို့ ဝင်ရောက်လာသော သူများကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ချင်လျှင် မည်သူကမှ သူတို့၏ ဖိတ်ကြားချက်ကို ငြင်းဆန်လိမ့်မည် မဟုတ်ပေ။

"အင်း။" သက်လတ်ပိုင်း လူကြီးက ခေါင်းညိတ်လိုက်ပြီး ရှောင်လင်းကို ကြည့်ကာ ပြောလိုက်၏။ "​ရှောင်လင်း မင်းအဘိုးက ဒီလူတွေကို ဖိတ်ခေါ်ခဲ့တာလား။"

"ထင်တာပါပဲ။ အဘိုးက တစ်စုံတစ်ယောက်ရွာကို လာမယ်ဆိုတာ ကြားတော့ ကျွန်မကို သွားပြီးတော့ စစ်ဆေးခိုင်းလိုက်တာ။ တကယ်လို့ အခွင့်အရေးတစ်ခုခုရှိရင် အဲဒီလူတွေကို ကျွန်မတို့ အိမ်ဖိတ်ခေါ်လို့ ရအောင်လို့လေ။" ရှောင်လင်းက ပြန်​ဖြေလိုက်သည်။

သက်လတ်ပိုင်း လူကြီးက ခေါင်းညိတ်ကာ ပြောလိုက်၏။ "ဘာမှမဟုတ်တော့ဘူး။ မင်းသွားလို့ရပြီ။"

"ဟုတ်ကဲ့ပါ.. အဘိုးဖန်။" ရှောင်လင်းထွက်သွားပြီးနောက် ဖန်းချွင့်က သက်လတ်ပိုင်း လူကြီးကို မေးလိုက်သည်။ "အဘိုး ရှောင်လင်းကို ဘာလို့ ဒီကိစ္စတွေ မေးတာလဲ။"

သက်လတ်ပိုင်း လူကြီးက မတုံ့ပြန်ပေ။ သူက မေးလိုက်သည်။ "ဒီလူက တုန်းဟွာနယ်မြေက လာခဲ့တာ။ သူက လေးမျက်နှာကျေးရွာမှာ အခွင့်အလမ်းကို စမ်းသပ်ဖို့ ကြိုးစားဖို့မလား။ ဒါပေမယ့် သူက 'လု' နဲ့ 'အန်း' မျိုးရိုးတွေနဲ့ တစ်ချိန်တည်း ရွာကို ရောက်လာခဲ့တာမို့ လျစ်လျူရှုခံလိုက်ရတာလို့ ကြားမိတယ်။"

"ဟုတ်တယ်။ အရှေ့က လူတွေကြောင့် သူတို့က လုံးဝ လျစ်လျူရှုခံလိုက်ရတာ။" သူ့ဘေးမှ သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်သည်။

ဤသည်မှာ လူငယ်လေးကို အံ့အားသင့်သွားစေပြီး သူက မေးလိုက်သည်။ "ဘာကိုဆိုလိုတာလဲ။"

သူတို့ ရည်ညွှန်းသည့် လျစ်လျူရှုခြင်းဟူသည်မှာ ကွဲပြားခြားနားသော အဓိပ္ပါယ်ရှိပုံရ၏။

"လမ်းကျဉ်းကို ဖြတ်သန်းဖို့ လိုတဲ့ စည်းမျဉ်းတွေကို သိလား။" သက်လတ်ပိုင်းလူကြီးက မေးလိုက်သည်။

"သိတယ်။ ကံကောင်းခြင်းမရှိတဲ့သူတွေ ဝင်လို့မရဘူး။" လူငယ်က တုံ့ပြန်လိုက်သည်။

သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်၏။ "နှစ်တိုင်း ဒီ ကံကောင်းခြင်း ပိုင်ဆိုင်ထားတဲ့ သူတွေကို လေ့လာခဲ့တယ်။ ခြုံပြောရရင် ချို့ယွင်းချက်ကင်း မဟာလမ်းစဉ် ပိုင်ဆိုင်ထားတဲ့ တန်ခိုးရှင်တွေက လမ်းကျဉ်းကို ဝင်နိုင်ပြီး ချို့ယွင်းချက်ကင်း မဟာလမ်းစဉ်ကို မပိုင်ဆိုင်တဲ့သူတွေက အဲဒီလိုလုပ်ဖို့ ခက်လိမ့်မယ်။"

လူငယ်လေးက ထိုစကားများကို ကြားသည့်အခါ သူက တစ်စုံတစ်ခုကို တွေးတောစဉ်းစားနေဟန် ဖြစ်သွားသည်။

"အပြင်က အဖွဲ့ထဲမှာ ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ် ပိုင်ဆိုင်ထားသူ ဘယ်နှစ်ယောက်ရှိမလဲ။" သက်လတ်ပိုင်းလူကြီးက ဆက်ပြောလိုက်သည်။ "သူတို့အားလုံးသာ ဖြစ်နေရင် ကြောက်စရာပဲ။ ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ်နဲ့ တန်ခိုးရှင်အများကြီး။ သူတို့ရဲ့ စွမ်းအားကို အသုံးပြုဖို့ ရှန်ချင်းနယ်မြေရဲ့ ထိပ်သီးအင်အားစုတွေ အတွက်တောင် ခက်ခဲလိမ့်မယ်။

"မဖြစ်နိုင်ဘူး။" လူငယ်လေးက ရေရွတ်လိုက်သည်။

"မဟုတ်ရင် ပိုပြီးတောင် ကြောက်ဖို့ကောင်းသေးတယ်။" သက်လတ်ပိုင်းလူကြီးက မျက်လုံးများကို ကျဉ်းမြောင်းရင်း ပြောလိုက်သည်။ လူငယ်လေးက သူ့ကို ကြည့်လိုက်သည့်အခါ သက်လတ်ပိုင်းလူကြီးက ဆက်ပြောလိုက်၏။ "လုံလောက်အောင် ကံကောင်းတဲ့ တစ်စုံတစ်ယောက်က တခြားလူတွေမှာ မရှိရင်တောင် သူက ဝင်လို့ရအောင် လုပ်ပေးနိုင်တယ်။ သူတို့ကို လူတစ်ယောက်တည်းက ရွာထဲ ခေါ်လာခဲ့တာ ဆိုရင် အဲဒီလူရဲ့ ကံကောင်းမှုက အရမ်း အားကောင်းလို့ပဲ။ အနီရောင်မေပယ်တွေ ပွင့်လာတဲ့ သဘာဝဖြစ်စဉ်ကို ဘယ်သူက ဖြစ်စေခဲ့တာလဲ မရှင်းလင်းသေးဘူး။

သူ့ဘေးမှ လူငယ်က ရုတ်တရက် အလွန် တည်ငြိမ်သွားသည်။ ယခင်က လူတိုင်း ယုံကြည်ကြသည်မှာ နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် လု ဟူသော အမည်နှင့် လူငယ်လေးကြောင့် ဖြစ်လာသည်ဟု ဖြစ်သည်။ အပြင်လောက၌ သူ၏ ဂုဏ်သတင်းက ကျော်ကြားပြီး သူ့ပါရမီက ထူးချွန်ထက်မြက်သည်ဟု ပြောနိုင်သည်။

သို့သော် သက်လတ်ပိုင်း လူကြီး ပြောသည့် စကားကို နားထောင်ကြည့်လျှင် ထိုလူရော အန်းရော့ဆုရော မဖြစ်နိုင်ဘဲ နောက်ထပ် အမည်မသိလူကြောင့် ဖြစ်နိုင်သည်။

"အဘိုးမာက မအိုသေးဘူးပဲ။" သက်လတ်ပိုင်းလူကြီးက မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ ဤအရာအားလုံးက တိုက်ဆိုင်ခြင်း ဖြစ်နိုင်ပါ့မလား။

***

All Chapters