← Chapters

အပိုင်း ၉၄၅-၉၄၈

Vol. 48 Ch. 945-948

အပိုင်း ၉၄၅-၉၄၈

Vol. 48 Ch. 945-948

အပိုင်း ( ၉၄၅ )

ရယ်နိုင်ပါဦးမလား

ယဲ့ဖန်မှ သဘောတူလိုက်သည်ကို ကြားပြီးနောက် လူတိုင်း အံ့ဩသွားကြသည်။

အချို့မှာ စိတ်မရှည်ဖြစ်ပြီး ဆဲဆိုကြတော့သည်။

သူတို့သည် ထိုကောင်လေး ဘာတွေတွေးနေမှန်း အမှန်တကယ်ပင် လုံးဝ မသိနိုင်ပေ။

သူ၏ ခွန်အားဖြင့် ပတ်ဆန်းဝူကို အလွယ်တကူ အနိုင်ရနိုင်လေသည်။

နောက်ထပ်တစ်ချီ နိုင်လိုက်လျှင်ဖြင့် သန်း၃၀၀အား ရရှိမည်ဖြစ်သည်။

သို့သော် ထိုကောင်လေးမှာ လီယောင်းဂျီ၏ စိန်ခေါ်မှုကို လက်ခံလိုက်သည်။

ဒါက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ မဟုတ်ဘူးလား။

" ဘယ်ခွေးက သူ့ခေါင်းကို လာကန်သွားလို့ ဦးနှောက်မရှိဘဲ ဒီလို စိန်ခေါ်တာကို တကယ်ကြီး လက်ခံရတာလဲ "

" ဟုတ်တယ်၊ သူ ၃ပွဲလုံး ဆက်တိုက်နိုင်ဖို့ မခွင့်အရေးရှိနေပြီးသားကို လီယောင်းဂျီရဲ့ စိန်ခေါ်တာ လက်ခံပြီး လိုလိုလားလားကြီး ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ။ သူက အရိုက်ခံချင်နေတာလား "

" ဒီလီယောင်းဂျီက သန်မာလွန်းတယ်။ သူက ယွမ်၁သောင်းကနေတောင် ယွမ်သန်း၃၀၀အထိ အနိုင်ရထားတာ။ အဲ့လိုလူက ဘယ်လိုလုပ် သူ့လိုကောင်လေးရဲ့ ပြိုင်ဘက်ဖြစ်မှာလဲ "

" သေတွင်းထဲ ခုန်မချရင် သေမှာမဟုတ်ဘူးကိုကွာ။ စိတ်တိုလိုက်တာ "

" ဘာပဲဖြစ်ဖြစ် ရှုံးရင် တာဝန်ခံရမှာ သူပဲ။ တခြားသူတွေကို အပြစ်တင်လို့မရဘူး "

" သွားရိုက်ပြီးတော့ အဲ့ခွေးကောင်ကို အိပ်ရာကနိုးအောင်သာ လုပ်ပေးလိုက်ချင်တော့တယ် "

သိသာစွာပင် ယဲ့ဖန်မှ လီယောင်းဂျီအား နိုင်မည်ဟု ဘယ်သူကမှ မထင်ထားကြပေ။

ထိုလူသည် တစ်မနက်တည်းဖြင့် သန်း၃၀၀ရအောင် ကစားနိုင်သူ ဖြစ်သည်။

သူသည် လောင်းကစားဘုရင်ပြိုင်ပွဲ၌ နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိထားသည့် ဟုန်းကျားကျွန်းထက်ပင် သန်မာသည်ဟု ဆိုနိုင်သည်။

အဲ့တာကို အဲ့လိုကောင်လေးက ဘယ်လိုလုပ် နိုင်မှာလဲ။

ပတ်ဆန်းဝူသည်ပင် မောက်မာသော အမူအရာဖြင့် ပြောလာလေသည်။

" ကောင်လေး၊ မင်းကများ ငါ့ဆရာရဲ့ စိန်ခေါ်ချက်ကို လက်ခံရဲတယ်တဲ့လား။ မင်းက တကယ်သေချင်နေတာပဲ။ အဲ့လိုဆိုမှတော့ ခဏနေ မင်းမျက်နှာပေါ် ငါကိုယ်တိုင် စာလုံးရေးထွင်းပေးမယ် "

ချန်းဖေးအယ်မှာတော့ အခြေအနေမှ ရုန်းထွက်နိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။

ယဲ့ဖန် ရှုံးပါက သူမတို့ ရှောင်ထွက်နိုင်သည်။

သူမတို့အား မည်သူက တားနိုင်မည်နည်း။

လီယောင်းဂျီသည်လည်း အလွန်ပျော်ရွှင်သွားသည်။

" မင်းက လက်ခံမှတော့ ငါ စည်းကမ်းတွေကို အရင်ဆုံး ရှင်းပြမယ်။ လူတစ်ယောက်ချင်းစီတိုင်းက အန်စာတုံး ၆တုံးစီ ရှိမယ်။ ဂဏန်းနံပါတ်အနည်းဆုံး ရတဲ့သူက နိုင်မယ်။ တစ်ချီတည်းနဲ့ အနိုင်ရတဲ့သူကို ဆုံးဖြတ်ရမယ် "

ယဲ့ဖန်သည် ထိုင်ခုံကျောမီကို မီလိုက်ပြီး ဘာမှမဖြစ်လိုက်သလို ခေါင်းညိတ်လိုက်သည်။

" ဒါဆို စကြတာပေါ့။ ခင်ဗျား အရင်စ "

လီယောင်းဂျီသည် အချိန်ဖြုန်းမနေပေ။

သူ၏ လက်ဖဝါးကို စားပွဲပေါ်သို့ ညင်သာစွာ ပွတ်လိုက်ပြီးသည့်အခါ မျက်လှည့်ကဲ့သို့ အန်စာတုံး ၆တုံးမှာ ပေါ်ထွက်လာလေသည်။

အန်စာတုံးများကြားမှ အကွာအဝေးသည် ညီတူညီမျှရှိနေပြီး နံပါတ်များမှာလည်း တစ်ခုတည်းဖြစ်ကာ တစ်ညီတည်း တစ်ဖြောင့်တည်း စီတန်းနေတော့သည်။

ပညာရှင်တစ်ယောက် အကွက်ရှေ့လျှင် သေသပ်လှပေသည်။

သူသည် အလွန်သေးငယ်လှသည့် ပြကွက်ကို ပြလိုက်ခြင်းသာ ဖြစ်သော်လည်း ရှိနေသည့်လူတိုင်းကို အဆုံးမရှိစွာ ထိတ်လန့်စေကုန်ခဲ့သည်။

ဤရိုးရှင်းသော လုပ်ဆောင်ချက်မှ ထိုလူသည် အန်စာတုံးများအပေါ် မည်မျှ အားစိုက်ထုတ်ထားကြောင်း မြင်နိုင်သည်။

လီယောင်းဂျီသည် အန်စာတုံးနှင့် ပတ်သက်ပါက ပြစ်မျိုးမှဲ့မထင်အခြေအနေသို့ ရောက်ရှိနေပြီဟု ပြောနိုင်သည်။

လီယောင်းဂျီမှ ပြသသောအင်အား ကြီးလေလေ၊ သူတို့ ယဲ့ဖန်ကို မြင်ပြင်းကပ်လေလေ ဖြစ်သည်။

သူက ပတ်ဆန်းဝူလို တည်သီးပျော့ကို မရွေးဘဲ တစ်ကိုယ်လုံး အဆူးတွေနဲ့ ဖုံးထားတဲ့ ဒူးရင်းသီးလို လီယောင်းဂျီကို ဘာလို့ သွားကိုင်ရတာလဲ။

ကိုယ့်အတတ်နဲ့ အစူးပြန်မစူးဘူးလား။

ယဲ့ဖန်သည် ထိုလူမှ တမင်တကာ ပညာပြနေမှန်း သိလေသည်။

ထို့ကြောင့် သူ၏ နှုတ်ခမ်းထောင့်မှာ ကွေးတက်လာရသည်။

" ခင်ဗျားကို ခဏတော့ ပညာပြခွင့်ပေးလိုက်မယ်။ ခဏနေထိ ပြုံးနိုင်သေးရင်တော့ ကျုပ်အရှုံးပေါ့ "

လီယောင်းဂျီသည် ယဲ့ဖန်၏ စကားကြောင့် စိတ်မယိုင်သွားချေ။

သူသည် အန်စာခွက်ကို ဖြည်းဖြည်းချင်း ကောက်ကိုင်ပြီး စားပွဲပေါ်မှ ညင်သာစွာ ဖြတ်ခနဲ ကောက်ယူကာ အန်စာ၆တုံးကို ထည့်လိုက်သည်။

ဒေါက် ဒေါက် ဒေါက် ဒေါက်

သူ၏ လက်သည် လေထဲတွင် လှုပ်ယမ်းနေပြီး အထဲမှ အန်စာထိရိုက်သံများမှာလည်း အလွန်သာယာနာပျော်ဖွယ်ကောင်းစွာ လှပသော သံစဉ်ကို ဖန်တီးနေသည်။

ထို့အပြင် သူ၏ လှုပ်ရှားမှုများမှာ အလွန်ကျက်သရေရှိလှပြီး လက်ချောင်းအက ပြသနေသယောင် ထင်ရသည်။

သူ၏ အန်စာခေါက်ပုံကို ကြည့်ရသည်ကပင် အနုပညာတစ်ရပ်သဖွယ်ဖြစ်နေသည်။

လူတိုင်း သက်ပြင်းချလိုက်ကြသည်။

" ဒါက ငါမြင်ဖူးသမျှထဲ လှပအသေသပ်ဆုံး အန်စာခေါက်တဲ့ ပုံစံပဲ။ အန်စာခေါက်တာက ဒီလောက် လှပသေသပ်မှန်း မသိခဲ့ဘူး "

" အဲ့ဒီနည်းပညာနဲ့တင် သူက အန်စာပညာကို အဆုံးထိ တက်မြောက်ကစားထားမှန်း မြင်နေရပြီ "

" ဟူး၊ ဒီကလေး ဘာတွေတွေးနေမှန်းကို မသိတော့ဘူး။ သူက ဒီလိုလူဆီကနေတောင် စိန်ခေါ်တာကို လက်ခံရဲတာလား "

" သူ့အကြောင်းကို ပြောမနေနဲ့တော့။ ပြောရင် ဒေါသထွက်လာလွန်းလို့ ...... "

လီယောင်းဂျီ၏ သရုပ်ပြမှုမှာ ကောင်းလေလေ၊ လူတိုင်းမှ ယဲ့ဖန်အပေါ် ဒေါသထွက်လေလေဖြစ်သည်။

သူသည် နေရာ၌ ရှိနေသော တရုတ်များအားလုံးကို ကူညီကာ အနိုင်ပေးနိုင်သည်။

အဲ့တာကို ဘာလို့များ သေချင်နေရတာလဲ။

လီယောင်းဂျီ၏ လှုပ်ရှားမှုများမှာ အလွန်သေသပ်ကြောင်း ယဲ့ဖန်ပင် လက်ခံရသည်။

သူကတော့ ထိုသို့ မလုပ်နိုင်ပေ။

လီယောင်းဂျီသည် လူအများရှေ့၌ စိန်ခေါ်ရဲ၍ သေချာပေါက် ကျွမ်းကျင်မှုစွမ်းရည် ရှိရပေမည်။

ဘန်း

လီယောင်းဂျီသည် အန်စာတုံးခွက်ကို စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။

ထို့နောက် နှုတ်ခမ်းထောင့်မှ ကွေးတက်သွားပြီး အန်စာခွက်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

" ဟာ ..... "

လူတိုင်း မှင်သက်သွားကြသည်။

စားပွဲပေါ်ရှိ အန်စာ၆တုံးမှာ နံပါတ် ၁ မျက်နှာပြင်ကိုစာ ပြသနေကြ၍ စုစုပေါင်း ၆မှတ်ရထားလေသည်။

သူတို့၏ သဘောတူညီချက်အရ နံပါတ်အနည်းဆုံး ရအောင် ခေါက်နိုင်သည့်လူက အနိုင်ရရှိမှာ ဖြစ်သည်။

အန်စာ ၆တုံး၏ အနိမ့်ဆုံးနံပါတ်မှာ ၆ ဖြစ်သည်။

တစ်နည်းပြောရလျှင် လီယောင်းဂျီသည် မရှုံးနိုင်သော အနေအထားသို့ ရောက်နေပြီဖြစ်သည်။

ယဲ့ဖန်မှ ၆မှတ်ရအောင် ခေါက်နိုင်လျှင်ပင် သရေကျမည်သာ ဖြစ်သည်။

လူတိုင်းသည် ခေါင်းခါပြီး သက်ပြင်းချကြသည်။

တစ်ဖက်မှ ပြိုင်ဘက်သည် အလွန်အင်အားကြီးသည်။

အနိုင်ယူရန် လမ်းစ မမြင်ရပေ။

ပတ်ဆန်းဝူနှင့် ကိုရီးယားအုပ်စုမှာ စိတ်လှုပ်ရှားစွာ အားပေးကြပြီး ယဲ့ဖန်ကို ဂုဏ်မောက်သော အမူအရာများဖြင့် ကြည့်နေကြသည်။

လီယောင်းဂျီသည် ခွက်ကို ဖြည်းညှင်းစွာ တွန်းပို့လိုက်သည်။

" မင်း အလှည့် "

ယဲ့ဖန်သည် အန်စာခွက်ကို ယူပြီး သူ့ကို အားကိုးရာမဲ့စွာ ကြည့်လိုက်သည်။

" ခင်ဗျားက မရက်စက်လွန်းဘူးလား။ ချက်ချင်း ၆ ရအောင် ခေါက်လိုက်တော့။ ဘယ်လိုပဲခေါက်ခေါက် ကျွန်တော်က နိုင်ဖို့ မဖြစ်နိုင်တော့ဘူး "

လီယောင်းဂျီ၏ မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ချက်ရှိနေသည်။

" မစိုးရိမ်ပါနဲ့။ သရေကျနိုင်ပါသေးတယ်။ မင်း ၆မှတ်ရသရွေ့ ငါတို့ နောက်တစ်ချီ ကစားနိုင်တယ် "

" ဟူး၊ ဒါဆိုလည်း အဲ့တစ်နည်းပဲ ရှိတော့တယ် "

ယဲ့ဖန်သည် ခေါင်းကိုခါပြီး သက်ပြင်းချလိုက်သည်။

ထို့နောက် အန်စာခွက်ကို ယူပြီး အန်စာ ၆တုံးကို ပစ်ထည့်လိုက်ပြီး စတင် လှုပ်ယမ်းတော့သည်။

အခြားအရာများ ထည့်မတွက်လျှင်ပင် သူ၏ အန်စာခေါက်ပုံမှာ လီယောင်းဂျီထက် များစွာ ဆိုးရွားလှသည်။

လှုပ်ခတ်ပုံမှာ မလှပသည့်အပြင် ကပျက်ကချော်နိုင်လှသည်။

အန်စာခွက်မှာ စားပွဲနှင့် တစ်ခါတလေ တိုက်မိပြီး အလွန်ကြားရဆိုးသောအသံ ထွက်လာလေသည်။

လူတိုင်း၏ နှလုံးသားမှာ အေးစက်နေပြီး အလွန်အရှက်ရနေကြသည်။

ဒီလိုအရည်အချင်းနဲ့များ စိန်ခေါ်တာကို လက်ခံရဲသေးတာလား။

ယဲ့ဖန်သည် အခြားသူများ၏ အတွေးကို ဂရုမစိုက်ပေ။

သူ၏ စည်းချက်အတိုင်းသာ ဆက်လှုပ်ခါနေသည်။

မိနစ်ဝက်မျှ ကြာကပီးသည့်အခါ လှုပ်ရှားနေသည့်လက်ကို ရုတ်တရက် ရပ်လိုက်ပြီး ယုံကြည်မှုရှိစွာ အန်စာခွက်ကို ဖယ်လိုက်သည်။

လူတိုင်းမှ စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည့်အခါ အန်စာ ၆တုံးကို မြင်လိုက်ရသည်။

၁ မှတ်၊ ၁မှတ်၊ .......... ၆မှတ်

ပထမပိုင်း အန်စာတုံးများကို မြင်သည့်အခါ သူတို့၏ မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။

သို့သော် နောက်ဆုံးတစ်လုံးကို မြင်သည့်အခါ ကောင်းကင်ပြာမှ မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။

ရှုံးသွားတာလား။

အပိုင်း ( ၉၄၆ )

ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်ပါ့မလားဆိုတာ လောင်းမလား

ယဲ့ဖန်၏ အန်စာ ၆တုံးအနက် ၅တုံးမှာ ၁မှတ်စီ ဖြစ်ပြီး နောက်ဆုံးတစ်လုံးမှာ ၆မှတ်ဖြစ်၍ စုစုပေါင်း ၁၁မှတ် ဖြစ်လေသည်။

သူသည် လုံးဝပင် ရှုံးနိမ့်သွားခဲ့ရသည်။

ယခင် သဘောတူညီချက်အရ ယဲ့ဖန် ရှုံးပါက ပတ်ဆန်းဝူ၏ လက်ရှိအပြစ်များကို ဖယ်ပေးရမည့်အပြင် တန်ပြန် ယဲ့ဖန်၏ မျက်နှာပေါ်၌ 'ကျွန်တော်က ရူးနေတဲ့ ဝက်ပါ'ဟူ၍ စာလုံးများ ရေးထွင်းရပေမည်။

ထိုသည်မှာ အန္တရာယ်မရှိသော်လည်း အလွန်အမင်း အရှက်ကွဲကာ သိက္ခာကျလေသည်။

" သူ ရှုံးပြီ။ အဲ့လိုကြီး ရှုံးသွားတာလား "

" ဟား၊ ဒီလိုဖြစ်လာမယ်ဆိုတာ အဝေးကြီးကတည်းက ကြိုမြင်ပြီးသား။ ဘယ်သူ့ကို အပြစ်တင်ရမလဲတောင် မသိတော့ဘူး။ အပြစ်တင်ချင်ရင် ခေါင်းမာလွန်းတဲ့ အဲ့ကလေးကိုပဲ အပြစ်တင်ရမယ် "

" ဟုတ်တယ်။ သူ နိုင်နိုင်ရဲ့သားနဲ့ စောက်ကြီးစောက်ကျယ်လုပ်ပြီး ပတ်ဆန်းဝူရဲ့ ဆရာသမားနဲ့ ယှဉ်တာတဲ့လေ။ သေတွင်းတူးတာပဲ "

" သူ့ကိုယ်သူ အပြစ်တင်ရမှာပဲ။ ဘယ်သူနဲ့မှ မဆိုင်ဘူး "

လူတိုင်းမှာ ယဲ့ဖန်အပေါ် အတော်လေး အငြှိုးထားနေကြတော့သည်။

အချို့မှာ သနားစရာကောင်းသည်ဟု ခံစားကြရပြီး အချို့မှာ တန်သည်ဟု ခံစားရသည်။

ဘယ်သူက ငါတို့စကားကို နားမထောင်ဖို့ ပြောလို့လဲ။ နည်းတောင် နည်းသေးတယ်

လီယောင်းဂျီမှ ချက်ချင်း ပြုံးလိုက်ပြီး ယဲ့ဖန်ကို ကြည့်ကာ ပြောသည်။

" လူကြီးမင်း၊ မင်း ရှုံးပြီ "

အမှန်တိုင်း ပြောရလျှင် ယဲ့ဖန်၏ ခန့်မှန်းမရသော လှုပ်ရှားချက်များကြောင့် လီယောင်းဂျီသည် ပွဲစဥ်ရလဒ် မထွက်မီကအထိ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။

ထိုကောင်လေးမှ မည်သည်ကို လုပ်နိုင်သည်အား သူ ခန့်မှန်းမရဖြစ်နေလေသည်။

ဤတစ်ခါ သူ့ကို စိန်ခေါ်ရန် စွန့်စားရခြင်းမှာ လောင်းကစားတစ်ခုပင် ဖြစ်သည်။

ရလဒ်ထွက်လာမှသာ သူ့နှလုံးသားထဲမှ လှုပ်ရှားမှုကြီး တည်ငြိမ်သွားခဲ့သည်။

သူ၏ ယခင်က စိုးရိမ်မှုများသည် မလိုအပ်တော့သည်ဟု ထင်ရသည်။

ထိုကလေးသည် အရည်အချင်းများစွာ ရှိကောင်းရှိနိုင်သော်လည်း သူ၏ အရည်အချင်းများဖြင့် သူ့လို ဆရာကြီးအား ခြိမ်းခြောက်ရန် မလုံလောက်သည်မှာ ထင်ရှားလေသည်။

ပတ်ဆန်းဝူသည် အများသူငှာထက် ပို၍ပင် စိတ်လှုပ်ရှားနေသည်။

ထို့ကြောင့် ရှေ့သို့ ချက်ချင်း ခုန်ထွက်လာပြီး ကဲ့ရဲ့လိုက်သည်။

" ခွေးသား၊ မင်းရှုံးသွားပြီ။ မင်း အခုလောင်းကြေးကို တာဝန်မယူသင့်ဘူးလား။ ကဲ၊ စကားလုံးတွေကို ငါ ဘယ်လိုရေးပေးရမလဲ။ တရုတ်လို ထွင်းပေးရမလား ဒါမှမဟုတ် ကိုရီးယားကို ရေးပေးသင့်လား "

ယဲ့ဖန်မှ သူ့မျက်နှာ၌ စကားလုံးများ ရေးထွင်းရန် အတင်း ဖိအားပေးခဲ့သည့် မြင်ကွင်းမှာ သူ့စိတ်ထဲ၌ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲဖြစ်သည်။

ထိုအကြောင်းကို တွေးလိုက်သည့်အခါ မုန်းတီးစိတ်များ ထပ်မံပေါ်ထွက်လာပြီး အံကြိတ်လိုက်သည်။

တစ်ဖက်မှ ရှုံးသွားသည်ကို မြင်ပြီး ပတ်ဆန်းဝူသည် အလွန်စိတ်လှုပ်ရှားနေကာ ထိုကောင်၏ မျက်နှာပေါ်၌ အရှက်ကွဲစေမည့် စကားလုံးအကြီးကြီးများကို ရေးထွင်းပေးရန် စိတ်အားထက်သန်နေသည်။

ချန်းဖေးအယ် သက်ပြင်းချလိုက်ပြီး သူမအိတ်ထဲကို ဖြည်းညှင်းစွာ လက်လှမ်းလိုက်သည်။

သူမသည် ရန်လိုသည့်အသွင်ဖြင့်သာ ရှောင်ထွက်ရတော့မည် ဖြစ်သည်။

ထိုကဲ့သို့ လုပ်ခြင်းသည် တရုတ်နိုင်ငံအား အရှက်ရစေမည် ဖြစ်သော်လည်း အခြားနည်းလမ်း မရှိတော့ချေ။

အားလုံးမှ အော်ဟစ်နေကြသော်လည်း ယဲ့ဖန်မှာတော့ ငြိမ်သက်နေခဲ့သည်။

သူ့မျက်နှာ၌ အပြုံးမပျက်ပေ။

" ငါ ရှုံးတယ်လို့ ဘယ်သူပြောလဲ။ သေချာကြည့်ပါဦး "

သူ့စကားကို ကြားပြီးနောက် အားလုံးက သူ့ကို သံသယအပြည့်ဖြင့် ကြည့်နေသည်။

အရှုံးက အရှုံးပဲလေ။

သေသေချာချာကြည့်ရုံနဲ့ ပြန်နိုင်ပါ့မလား။

အားလုံးသည် စိတ်ရှုပ်နေကြသော်လည်း တစ်ညီတစ်ညွတ်တည်း အန်စာတုံးများကို ပြန်ကြည့်လိုက်ကြသည်။

ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။

ထိုအချိန်တွင် လေပြေတစ်ချက်တိုက်ပြီး ၆မှတ် ရထားသော နောက်ဆုံးအန်စာသည် ရုတ်တရက် ကွဲအက်သွားသည်။

တစ်ချိန်တည်းမှာပင် အထဲမှ ပြဒါးရည် ထွက်လာသည်။

ထိုအန်စာတုံးထဲတွင် ပြဒါးရည်နှင့် ပြည့်နေသဖြင့် လှည့်စားရ လွယ်ကူစေသည်။

ရှိနေသူတိုင်း အံသြသွားကြသည်။

ဤကဲ့သို့ ရုတ်တရက် အလှည့်အပြောင်းရှိလာမည်ဟု မည်သူမှ မမျှော်လင့်ထားပေ။

အန်စာတုံးသည် ရုတ်တရက် ကွဲအက်သွားပြီး ပြဒါးရည်များ ထွက်လာသည်။

" ဒီ လီယောင်းဂျီက တစ်မနက်လုံး အနိုင်ရနေတာ အံ့သြစရာ မရှိတော့ဘူး။ ဆိုတော့ အန်စာတုံးတွေက ပြဒါးတွေနဲ့ ပြည့်နေခဲ့တာလား "

" သူက လိမ်ခဲ့ပေမယ့်လည်း သူ လိမ်လို့ရတယ်လို့ သူ့ရဲ့ အရင်စာချုပ်တွေထဲမှာ ရေးထားတယ်။ အဲ့တော့ မမှားဘူးလားလို့ "

" လိမ်တာကို ခွင့်ပြုထားရင်တောင် ဒါက ကျွမ်းကျင်သူတွေကြားက တိုက်ပွဲတစ်ခုပဲလေ။ ငါတို့ အနိုင်ရခဲ့ရင်တောင် တရားမျှတမှု မရှိဘူး "

" ဒီညီငယ်လေးက အစွမ်းထက်လွန်းတာမဟုတ်ဘူးလား။ သူက အန်စာတုံးတစ်တုံးကိုတောင် ကွဲအောင်လုပ်နိုင်ခဲ့တာပဲ။ သူဘယ်လိုလုပ်လိုက်တာလဲ "

" ဒါက နည်းနည်း မယုံနိုင်စရာကောင်းတယ်။ ငါ တစ်ခါမှတောင် မကြားဖူးဘူး "

" အခု အန်စာတုံးတစ်တုံးက ကျိုးသွားပြီ။ ဒီပွဲကို ဘယ်လိုရေတွက်မှာလဲ "

" မေးစရာလိုသေးလို့လား သေချာပေါက် ၅ မှတ်ပေါ့ "

" ဒီညီငယ်လေး အနိုင်ရတယ်လို့ ဆိုလိုတာလား "

" အမလေး ဘုရား၊ သူက တန်းပြီး ယွမ် သန်း၃၀၀ နိုင်သွားတာလား "

" ဒီနေ့တော့ ငါ့ရဲ့ အမြင်တွေ ကျယ်ကုန်ရပြီ ..... "

ထိုမြင်ကွင်းကြောင့် ရှိနေသူတိုင်း အံ့အားသင့်ခဲ့ရသည်။

ထိုသည်က အဆန်းအပြားတွေများသည့် လောင်းကစားနယ်မြေရှိ သူတို့ဘဝထဲ၌ မြင်ဖူးသမျှထံ အထူးဆန်းဆုံးဟု ပြောလို့ရသည်။

တစ်စုံတစ်ယောက်သည် အန်စာတုံးအား အမှန်တကယ်ပင် ပျက်စီးသွားအောင် လုပ်နိုင်သည်။

ထိုသည်က တကယ်ပင် စိတ်ကူးမယဉ်ခဲ့သည့်အရာ ဖြစ်သည်။

လီယောင်းဂျီမှ ဘာမှပြန်မပြောနိုင်ခင် ပတ်ဆန်းဝူမှ အရှေ့သို့ ခုန်ထွက်လာသည်။

" ဒီအဝိုင်းကို ထည့်မတွက်ဘူး။ မင်းက အန်စာက ခွဲလိုက်တာက လှည့်စားတာပဲ။ အဲ့တာကြောင့် ဒီပွဲကို ထည့်မရေဘူး ...... "

သူ စကားမဆုံးခင်မှာပင် ရှိနေသူအားလုံးက သဘောမတူကြတော့ချေ။

" ဘာလို့ မရရမှာလဲ။ အန်စာတုံးတွေကို မခွဲရဘူးလို့ ပြိုင်ပွဲမတိုင်ခင်မှာ သဘောတူထားတာ မရှိဘူး "

" ဟုတ်တယ်။ လိမ်ကစားတဲ့အကြောင်းကို ပြောချင်ရင် အန်စာတုံးတွေထဲကို ပြဒါးတွေ လောင်းထည့်ထားတာကရော လိမ်တာမဟုတ်ဘူးလား "

" ကိုရီးယားလူမျိုးတွေက တကယ် အရှက်မရှိတာ လွန်လွန်းတယ် "

" ငါတို့ တရုတ်တွေကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်နေတာလား။ စကားပြန်ပြောင်းရဲရင် ဒီနေ့ ရှေးဟောင်းလမ်းထဲကနေ လမ်းလျှောက် ထွက်သွားဖို့တောင် မစဉ်းစားနဲ့ "

" အရှုံးက အရှုံးပဲ။ ဘာလို့ အကြောင်းပြချက်တွေ အများကြီး လာပေးနေတာလဲ "

ပတ်ဆန်းဝူသည် အလွန်ထိတ်လန့်သွားပြီး ပြန်မတုံ့ပြန်ရဲတော့ပေ။

သူသည် လီယောင်းဂျီကို အမြန်ကြည့်လိုက်သည်။

" ဆရာ၊ ဒါ ...... "

လီယောင်းဂျီသည် ယဲ့ဖန်ကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။

သူသည် ရုတ်တရက် ပြုံးလိုက်သည်။

" ဒီအချီမှာ မင်းအနိုင်ရတယ် "

" ဆရာ ..... "

ပတ်ဆန်းဝူ အထိတ်တလန့်ဖြစ်သွားပြီး နောက်ထပ် တစ်ခုခုပြောချင်နေသည်။

လီယောင်းဂျီက သူ့ကို တားရန် သူ့လက်ကို မြှောက်လိုက်တယ်။

" ဘာမှ ထပ်ပြောစရာ မလိုတော့ဘူး။ အန်စာတုံးတွေကို မခွဲရဘူးလို့ သဘောတူထားတာ မရှိဘူး။ ဒီလူကြီးမင်းက အန်စာတုံးတွေကို ခွဲနိုင်ခဲ့တယ်။ တကယ် အံ့သြစရာကောင်းပါတယ်။ ငါ့အရှုံးကို လက်ခံတယ် "

ယဲ့ဖန်သည် သူ့မျက်နှာတွင် ခံစားချက်များစွာ ရှိမနေဘဲ ပေါ့ပါးစွာသာ ခေါင်းညိတ်ပြခဲ့သည်။

" ဒါဆို ကျွန်တော် နိုင်တယ် "

အားလုံးက ချက်ချင်း ဝမ်းသာသွားကြသည်။

" ဟားဟား၊ ငါတို့အနိုင်ရပြီ။ ငါတို့အနိုင်ရပြီ။ ငါတို့က တရုတ်တွေက အကောင်းဆုံးမှန်း ငါသိတယ် "

" ဒီကိုရီးယားတွေက တစ်မနက်လုံး နိုင်ထားပြီး အခုနောက်ဆုံးတော့ ရှုံးသွားပြီ၊ ဟားဟားဟား "

" သူတို့ တစ်မနက်ခင်းလုံးမှာ ရခဲ့တဲ့ ပိုက်ဆံတွေအားလုံးကို တစ်ချက်တည်းနဲ့ ရှုံးသွားပြီ။ အဲ့တာက အရမ်းမိုက်တယ် "

" ငါ ကျိန်ပြောရဲတယ်။ ဒီညီငယ်လေးက နောက်ဆို ငါ့ရဲ့ စံပြပုဂ္ဂိုလ် ဖြစ်လာတော့မှာ "

" သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲပြီး သေတွင်းတူးတယ်လို့ ဘယ်သူပြောတာလဲ "

" အဟွတ်၊ အဟွတ်၊ သူများတွေကို နှိမ့်ချမိတာက ငါတို့အပြစ်ပဲ။ အဲ့ညီလေးမှာ တကယ်ယုံကြည်မှုရှိနေခဲ့တာပဲ "

ရှိနေသည့် တရုတ်လူမျိုးများ အားလုံးသည် ယဲ့ဖန်၏ အောင်ပွဲအတွက် ဂုဏ်ယူနေကြပြီး ရွှင်မြူးကာ အော်ဟစ်အားပေးကြချက် မြင်ကွင်းမှာ အလွန်အသက်ဝင်နေသည်။

ချန်းဖေးအယ်သည် သူမ၏ လက်သီးသေးသေးလေးများကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားသည်။

ထိုနည်းဖြင့် သူမကို ဒုက္ခအများကြီး သက်သာစေသည်။

ပတ်ဆန်းဝူနှင့် တခြားသူများမှာ ရှက်ရွံ့စွာဖြင့် ရပ်နေခဲ့ကြသည်။

လီယောင်းဂျီမှာတော့ သူတို့ တွေးနေသည်များကို ဂရုမစိုက်ချေ။

သူသည် ဘဏ်ကတ်နှင့် နဂါးကိုးခွက်ကို ယဲ့ဖန်အရှေ့သို့ တိုက်ရိုက် တွန်းပေးလိုက်သည်။

" ဒီမနက် ငါတို့အနိုင်ရခဲ့တဲ့ ဆုကြေးတွေအားလုံး ဒီထဲမှာပဲ။ ငါတို့ ဘာလို့ ထပ်လောင်းပြီး မကစားကြတာလဲ "

ယဲ့ဖန် သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။

" ခင်ဗျားက ဘာလောင်းချင်သေးတာလဲ "

လီယောင်းဂျီ၏ နှုတ်ခမ်းသည် ထူးဆန်းသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

" မင်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်နိုင်မလားဆိုတာ ငါ လောင်းကြေးထပ်ကြမယ် "

လီယောင်းဂျီ၏ စကားကို ကြားသောအခါ လူတိုင်း၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။

သူက ဘာကို ဆိုလိုတာလဲ။

ဒါက ရုပ်ဖျက်ထားတဲ့ ခြိမ်းခြောက်မှုတစ်ခုလား။

ယဲ့ဖန် စကားမပြောမီတွင် လူတိုင်းက ကျိန်ဆဲကြတော့သည်။

" ဒီကောင်က ဘာဆိုလိုတာလဲ။ အဲ့ညီလေးက ဘာလို့ ပိုက်ဆံ မယူနိုင်ရမှာလဲ "

" မေးစရာ ရှိသေးလို့လား။ အလောင်းအစားကို တာဝန်မယူချင်တော့ဘဲ သူ့ကို ခြိမ်းခြောက်နေတာ သိသာပါတယ် "

" ကိုရီးယားတွေက တကယ်ကို အရှက်မရှိတာပဲ။ ညီလေး၊ မကြောက်နဲ့ "

" မှန်တယ်။ ငါတို့ တရုတ်တွေရဲ့ ပိုင်နက်ထဲမှာ ကိုရီးယားတွေက သူတို့လုပ်ချင်တာကို လုပ်ခွင့်ပေးလို့ ရမလား "

" ဟမ်း၊ စကားကို ပြန်ပြောင်းချင်ရင် ငါတို့ကို သဘောတူလားလို့ အရင်မေးရမှာပေါ့ "

" ငါတို့သဘောမတူဘူး ....... "

အပိုင်း ( ၉၄၇ )

အခြေအနေက ဒီနေရာကို ရောက်လာပြီ

လီယောင်းဂျီ၏ စကားမှာ လူအုပ်ကြီး၏ ဒေါသကို ချက်ချင်း နှိုးဆွလိုက်သည်။

လူတိုင်းသည် ထိုကိုရီးယားများကို ပေးဆပ်စေချင်၍ ကျယ်လောင်စွာ အော်ဟစ်ကြတော့သည်။

ပတ်ဆန်းဝူနှင့် အခြား ကိုရီးယားများသည် သူတို့၏ ဒေါသကြောင့် ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်သွားကာ မျက်နှာများ ဖြူဖျော့နေကြသည်။

ထိုအချိန်တွင် လမ်းဘက်မှ ကျယ်လောင်သော အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

" ဒီကလေးအတွက် ဘယ်သူက ရပ်တည်ပေးချင်လဲ ကြည့်ရအောင်။ မင်းတို့မှာ သတ္တိရှိရင် ထွက်လာခဲ့လိုက် "

ထိုစကားကို ကြားပြီး အားလုံးက လှည့်ကြည့်လိုက်ကြသည်။

လမ်း၏ အဆုံး၌ လူတစ်စုက ပြင်းထန်စွယ လျှောက်လာနေသည်။

စုစုပေါင်း အယောက် ၃၀လောက် ရှိသည်။

ထိုလူတစ်စု၏ လက်ထဲ၌ ဓားနှင့် အခြားလက်နက်များ ကိုင်ဆောင်ထားကြကာ အားလုံးမှာလည်း အလွန်ရက်စက်သည့်ပုံပေါက်ကြသည်။

ရှေ့ဆုံး၌ လျှောက်လာသူမှာ ဆံပင်ရှည်နှင့် အမျိုးသားတစ်ဦး ဖြစ်သည်။

ထိုလူသည် အသက်သုံးဆယ်ခန့် ရှိပုံရသည်။

သူသည် အတော်လေး ချောမောပြီး သူ့မျက်နှာပေါ်၌ ယုတ်မာတဲ့ အပြုံးတစ်ခုရှိတယ်။

ယဲ့ဖန်၏ မတရားမှုအတွက် ခံပြင်းခဲ့ကြသည့် သူများသည် ထိုလူကို တွေ့ပြီးနောက် မျက်နှာဖြူဖျော့သွားကြသည်။

ထို့နောက် အားလုံး အနောက်သို့ ဆုတ်ခွာသွားကြသည်။

ထိုအသက်၃၀အရွယ်လူငယ်သည် လမ်းလျှောက်လာပြီး ခေါင်းငုံ့ကာ စီးကရက်ကို မီးညှိလိုက်သည်။

ထို့နောက် လူအုပ်ကြီးကို ပြန်၍မော့ကြည့်လိုက်သည်။

" ဒီကလေးကို ကူညီမယ်လို့ ဘယ်သူပြောတာလဲ။ မင်းတို့ ယောက်ျားဆိုရင် ရှေ့ကို တက်လာလိုက် "

လူတိုင်းသည် သူ့ကို မကြည့်ရဲကြဘဲ သူ့အကြည့်ကို ရှောင်နေကြသည်။

ထိုလူသည် မတတ်နိုင်ဘဲ တိုးတိုးလေး ရယ်လိုက်သည်။

သူသည် ယဲ့ဖန်ကို ပြန်၍ လှည့်ကြည့်လိုက်သည်။

" ကောင်စုတ်လေး၊ မင်း ပြဿနာရှာတာ လုံလုံလောက်လောက် ရှိနေပြီ။ မင်း မသေချင်ဘူးဆိုရင် သွားလိုက်တော့ "

ယဲ့ဖန်သည် သူ့ကို လှည့်မကြည့်ဘဲ လီယောင်းဂျီကိုသာ ငြိမ်ငြိမ်လေး ကြည့်နေလိုက်သည်။

" ခင်ဗျားက လောင်းကြေးကို တာဝန်ယူဖို့ စိတ်ကူးမရှိဘူးလို့ ထင်တယ် "

လီယောင်းဂျီသည် သူ့မျက်နှာပေါ်၌ မာန်တက်သော အပြုံးတစ်ခု ရှိနေသည်။

" မိတ်ဆက်ပေးပါရစေ။ ဒါက လောင်းကစားနယ်မြေရဲ့ ဟန်မိသားစုက ဒုတိယမြောက် သခင်လေး ဟန်အန်းထုံးပဲ။ ဟန်မိသားစုရဲ့ အင်အားကိုတော့ မင်း ကြားဖူးလောက်တယ် မဟုတ်လား "

ယဲ့ဖန်မှ ပေါ့ပါးစွာ ရယ်လိုက်သည်။

သူသည် လောင်းကစားမြို့တော်ရှိ အဓိကအင်အားစုများအကြောင်း ကျောင်းဖုလင်အား မေးမြန်းခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် သဘာဝကျစွာဖြင့် ဟန်မိသားစုအကြောင်း သူ ကြားဖူးသည်။

ဟန်မိသားစုသည် လောင်းကစားမြို့တော်တွင် ဒုတိယအကြီးဆုံး အင်အားစုဖြစ်ပြီး ရှောင်မိသားစုပြီးလျှင် ဒုတိယအကြီးဆုံးဟု ဆိုနိုင်သည်။

ထို့အပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်သည် အလွန်ပြင်းထန်ခဲ့ပြီး ရှောင်မိသားစုကိုပင် အလဲထိုးနိုင်ရန် အလားအလာကောင်းများ ရှိခဲ့သည်။

ယခုအခါတွင် မိသားစုနှစ်စုသည် တစ်ဖက်နှင့်တစ်ဖက် ရန်ဆောင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် ထိုကိုရီးယားလူမျိုးများသည် ဟန်မိသားစုနှင့် ဆက်နွယ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

လီယောင်းဂျီသည် ယဲ့ဖန်ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။

" အခု မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပထမတစ်ခုက မင်းရဲ့ လက်တစ်ဖက်ကို အချိုးခံပြီး ထွက်သွား။ ဒုတိယနည်းလမ်းက ငါနဲ့ ထပ်လောင်းဖို့ပဲ။ ဒီပိုက်ဆံတွေနဲ့ ဒီလမ်းထဲကနေ ဘေးကင်းကင်း ထွက်သွားနိုင်နယ်ဆို မင်း အနိုင်ရလိမ့်မယ်။ ဒါပေမယ့် မင်းဒီမှာ သေသွားနိုင်တဲ့ ဖြစ်နိုင်ခြေလည်း ရှိတယ်။ မင်း ရွေး "

သူ၏ ရွေးချယ်မှုနှစ်ခုကို လူတိုင်းမှ ကြားသောအခါတွင် မတတ်နိုင်ဘဲ အရှက်မဲ့လွန်းသည့် သူ့ကို စိတ်ထဲမှ ကျိန်ဆဲမိကြသည်။

ဒီကောင်က အသေအချာကြီး ရှုံးထားတာကို ဒီလို ရွေးချယ်ဖို့ အကြံပြုရဲသေးတယ်လား။

ထိုရွေးချယ်မှု နှစ်ခုထဲမှ မည်သည့်အရာကိုပဲ ရွေးပါစေ သူသည် ကြီးလေးသည့် အဖိုးအခကို ပေးရပေမည်။

ဒါက နိုင်တဲ့သူကို ဆက်ဆံပုံလား။

သို့သော် လက်ရှိအခြေအနေအရ တစ်ဖက်လူမှာ အင်အား ပြင်းထန်နေသည်။

တစ်ဖက်သူကို ဟန်မိသားစုမှ ကျောထောက်နောက်ခံပေးထားသည်။

ဘယ်သူက "မရဘူး"လို့ ပြောရဲမှာလဲ။

ယဲ့ဖန်သည် လီယောင်းဂျီကို ခဏတာ စိုက်ကြည့်ပြီး ရုတ်တရက် ရယ်လိုက်သည်။

" ကောင်းပြီ၊ ပြိုင်ပွဲကို ဆက်ပြိုင်ဖို့ ရွေးချယ်တယ် "

လီယောင်းဂျီသည် သူ့ကို အရူးတစ်ယောက်လို ကြည့်နေသည်။

" မင်း စဉ်းစားပြီးပြီလား။ ရှုံးရင် သေလိမ့်မယ် "

ယဲ့ဖန်သည် နှာခေါင်းကို ပွတ်သပ်လိုက်သည်။

" ခင်ဗျား ရှုံးရင်ရော ဘာဖြစ်မှာလဲ "

လီယောင်းဂျီသည် မနေနိုင်ဘဲ ရယ်လိုက်သည်။

" ငါရှုံးရင်လား။ ငါရှုံးရင် မင်းဆီက အသနားခံမယ် "

ယဲ့ဖန်သည် လက်ဖျောက်တီးလိုက်သည်။

" ဒါဆို ရပြီ။ ဘာကိုစောင့်နေတာလဲ၊ စလိုက်ကြရအောင် "

ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် လောင်းကြေးရထားသည့် ဘဏ်ကတ်နှင့် စားပွဲပေါ်ရှိ နဂါးကိုးခွက်ကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေလျက် လူတိုင်း၏ နှလုံးသားမှာ လည်ချောင်းထဲသို့ ရှိနေသယောင် ဖြစ်လာသည်။

ဒီကောင်က စိန်ခေါ်တာကို တကယ် လက်ခံလိုက်တာလား။

သူ ရူးနေတာလား။

ဟန်အန်းထုံးသည် အနည်းဆုံး လူနှစ်ဆယ်မှ သုံးဆယ်ခန့်ကို ခေါ်ဆောင်လာပြီး အားလုံးသည် ချွန်ထက်သောလက်နက်တစ်ခုစီ ကိုင်ဆောင်လာခဲ့သည်။

ဤလူများ အဝိုင်းခံရသည့်ကြားမှ အမြန်ရုန်းထွက်နိုင်ရန်မှာ အရူးတစ်ယောက်၏ အိပ်မက်သာ ဖြစ်လိမ့်မည်။

သူသည် ငါးပိသိပ်ခံရသကဲ့သို့ အပိုင်းပိုင်း လှီးဖြတ်ခံရနိုင်ဖွယ်ရှိနေသည်။

ဟန်အန်းထုံးသည် ခေါင်းကို ငုံ့လျက် ဆေးလိပ်ရှိုက်လိုက်ပြီး မီးခိုးတစ်မှုတ်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။

" ကောင်လေး၊ နာနာခံခံနဲ့ မင်းရဲ့ လက်တစ်ဖက်ကိုပဲ ခုတ်လိုက်ဖို့ အကြံပေးတယ်။ ငါတို့ကို လှုပ်အားရအောင် အတင်းအကျပ်မလုပ်နဲ့။ ငါတို့လှုပ်ရှားရင် လက်ကို ချိုးလိုက်ရုံနဲ့ မပြီးဘူး။ ငါးပိသိပ်တာကို မင်း မြင်ဖူးလား။ ဟားဟား ..... အဲ့တာကို တွေးကြည့်ရုံနဲ့တင် နာကျင်နိုင်တယ် "

သူ့မျက်နှာ၌ လှောင်ပြောင်သည့် အမူအရာဖြင့် ယဲ့ဖန်ကို လူရွှင်တော်အဖြစ် ဆက်ဆံနေသည်မှာ သိသာလေသည်။

ဂျိမ်း .......

ထိုအချိန်တွင် ကောင်းကင်ယံ၌ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် သတိပေးခြင်း မရှိပါဘဲ ချက်ချင်းပင် မိုးသည်းထန်စွာ ရွာချလာသည်။

ယဲ့ဖန် ပြုံးလိုက်သည်။

" ကြည့်ပါဦး၊ ကောင်းကင်က ဒီအခြေအနေရဲ့ လေထုကို မြှင့်တင်ပေးနေပြီ။ အခြေအနေက ဒီအထိ ရောက်နေပြီဆိုမှတော့ လူနည်းနည်းလောက်ကို မသတ်ဘူးဆိုရင် ဘယ်ကောင်းပါ့မလဲ ဟုတ်တယ်မလား "

ဟန်အန်းထုံးသည် သူ့လက်ထဲမှ ဓားရှည်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

" မင်း သေချင်နေတာပဲ၊ လာပြီး စမ်းလိုက်လေ "

မိုးသည် ပိုမို သည်းထန်လာပြီး ပတ်ဝန်းကျင်မှ အရာအားလုံးကို ဖုံးလွှမ်းသွားတော့သည်။

" ငါ့ကို တားတဲ့သူတိုင်း သေရမယ် "

ယဲ့ဖန် ကျယ်လောင်စွာ အော်လိုက်သည်။

သူ့ရှေ့မှ လူအုပ်သည် ယဲ့ဖန်ဆီသို့ ချက်ချင်း ပြေးတက်လာသည်။

ယဲ့ဖန်သည် သူ့အရှေ့၌ လူသန်းပေါင်းများစွာရှိလျှင်ပင် ရှေ့ဆက်သွားမည့် သူရဲကောင်းဆန်သော ပုံစံရှိတေသည်။

ချန်းဖေးအယ်သည် နောက်ကောက်ကျန်မနေဘဲ ယဲ့ဖန်နည်းတူ ရှေ့သို့ ချက်ချင်း ပြေးသွားခဲ့သည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် သူတို့၏ အရေအတွက်ထက် ဆယ်ဆမကသော ရန်သူကို ရင်ဆိုင်ရန် မဆိုင်းမတွ ရွေးချယ်ခဲ့သည်။

ကြည့်ရှုသူများ၏ ရင်ဘတ်ထဲ၌ မီးတောက်လောင်နေသည်ကို ခံစားလိုက်ရသည်။

အနှိမ်ချခံပြီး နေရခြင်းထက် သေသည်အထိ တိုက်ရခြင်းက ပိုကောင်းသည်။

သို့သော် ရပ်ကြည့်နေကြသူများမှာ ခုခံရန် သတ္တိမရှိခဲ့ကြပေ။

သူတို့သည် အရှက်ကွဲလျက် အသက်ရှင်ရန်သာ ရွေးချယ်နိုင်ခဲ့ကြသည်။

ထိုလူများသည် ကြည့်ပင် မကြည့်ရက်ကြချေ။

တွေးကြည့်စရာပင် မလိုဘဲ ဒီလူငယ်လေးနှစ်ယောက်မှာ ဖရိုဖရဲဖြင့် ဓါးသွားများအောက်၌ သေရမည်မှာ သေချာသည်။

လီယောင်းဂျီနှင့် ကျန်သည့် ကိုရီးယားလူမျိုးများသည် သူတို့ နှစ်ယောက် ခေါင်းဖြတ်ခံရမည်ကို စောင့်ဆိုင်းရင်း ရင်ခုန်နေကြသည်။

ယဲ့ဖန်တို့ သူတို့နှင့် ရန်သူဖြစ်ရန် သတ္တိရှိပါက သေခြင်းတရားသည်သာ သူတို့ကို စောင့်ကြိုနေမည် ဖြစ်သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ သေချာပေါက်သေတော့မည်ဟု လူတိုင်းမှ ထင်နေချိန်မှာပင် ........ ဆက်ဖြစ်လာသည့် မြင်ကွင်းက သူတို့၏ နားလည်နိုင်မှုကို လုံးဝ ပြောင်းလဲသွားစေသည်။

အပိုင်း ( ၉၄၈ )

မင်း ငါ့ကို ပေးရမယ့်အကြွေး။

မိုးသည်းထန်စွာ ရွာနေချိန်တွင် ယဲ့ဖန်သည် ရန်သူအုပ်စုထဲသို့ ဦးစွာ ပြေးတက်သွားခဲ့သူဖြစ်သည်။

ယဲ့ဖန်တို့ဆီ ဦးဆောင် ပြေးလာနေသော ဟန်မိသားစု၏ လူမိုက်မှာသည် သိသာသော ဝါရင့် ဖြစ်သည်။

သူ့လက်ထဲရှိ ဓားရှည်ကို ထောင့်ဖြတ် ခုတ်လိုက်ပြီး သူ၏ အရှိန်အဝါမှာ ပြင်းထန်လွန်းလှသည်။

ယဲ့ဖန်၏ ညာလက်သည် လျှပ်စီးလက်သကဲ့သို့ ဆန့်ထွက်ကာ ဓါးသွားကို ကိုင်ထားပြီး ပြိုင်ဘက်၏ ညာလက်ကို ဆွဲကာ လှည့်ပြီး သူ၏ ဘယ်ဘက်တံတောင်ဆစ်ဖြင့် နဖူးပေါ်သို့ ထိုးချလိုက်သည်။

ထိုလူသည် အော်ဟစ်ပြီး လဲကျတော့မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အခြားလူမိုက်မှ ယဲ့ဖန်ကို အရှေ့မှ ဓားဖြင့် လှမ်းခုတ်နေပြီဖြစ်သည်။

ယဲ့ဖန်သည် သူ၏ညာလက်ကို လွှတ်ရန် အချိန်မရှိပေ။

ထိုလူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းထက်တွင် ဆုပ်ကိုင်ထားလိုက်သည်။

ချွမ်

ဓားနှစ်လက်သည် ထိပ်တိုက်တွေ့ပြီး မီးပွားများ ဆက်တိုက် ထွက်ပေါ်နေသည်။

ယဲ့ဖန်သည် ထိုလူမိုက်၏ လက်ကောက်ဝတ်ကို ကိုင်ဆွဲကာ လက်ကောက်ဝတ်ကို ဖြတ်ပစ်လိုက်တော့သည်။

ဓားသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အဖြတ်ခံရသူလည်း သွေးများ ထွက်လာသည်။

ဓားရှည်သည် မြေပြင်ပေါ်သို့ မကျမီ ယဲ့ဖန်မှ ရုတ်တရက် ကန်ထုတ်လိုက်ကာ ဓား၏ ဦးတည်ရာကို ပြောင်းလဲလိုက်သည်။

ထို့နောက် ဘယ်ဘက်ခြမ်းမှ လူမိုက်တစ်ယောက်၏ ဝမ်းဗိုက်ထဲသို့ ထိုးဖောက်ဝင်သွားတော့သည်။

ယဲ့ဖန် ဖမ်းမိထားသော ပထမဆုံးလူမိုက်သည်လည်း လုံးဝ မခုခံနိုင်ပေ။

ယဲ့ဖန်လက်ထဲမှ ဓားရှည်သည် သူ့ပေါင်ထဲသို့ တိုက်ရိုက် ထိုးဝင်သွားသည်။

ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း ထိုအရာများ အားလုံးသည် လျှပ်တစ်ပြက်အတွင်းသာ ဖြစ်ပျက်သွားသည်။

သူသည် လူရမ်းကား သုံးယောက်အား အမြစ်ဖျက်ပြီးနေပြီ ဖြစ်သည်။

ချန်းဖေးအယ်သည်လည်း လုံးဝ နောက်ကျန်ရစ်မနေပေ။

လုံခြုံရေးအဖွဲ့၏ တိုက်ခိုက်ရေးနည်းစနစ်များမှာ သတ်ဖြတ်ရန်သာ လုံးဝ ပြင်ဆင်ထားသည်။

ထို့ကြောင့် တိုက်ခိုက်မှု အကွက်များမှာ စိတ်ကူးယဉ်ဆန်နေခြင်း လုံးဝ မရှိပေ။

တစ်ယောက်ပြီး တစ်ယောက် အရေးကြီးသော တည်ချက်များကို တည့်တန်းစွာ တိုက်ခိုက်ကြသည်။

တခဏချင်းမှာပင် လူနှစ်ယောက် အရုပ်ကြိုးပြတ် ဖြစ်သွားသည်။

ယဲ့ဖန်တို့ နှစ်ယောက်သားသည် တစ်ယောက်ကိုတစ်ယောက် ပြုံးပြပြီး လူအုပ်ဆီသို့ ဆက်၍ တိုးဝင်သွားသည်။

မိုးကလည်း ပိုသည်းလာပြီ ဖြစ်သည်။

မိုးရေစက်များသည် သေခြင်းသံစဉ်ကဲ့သို့ မြေပြင်ပေါ်သို့ ကျနေသည်။

ရှေးဟောင်းလမ်း တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေတော့သည်။

သွေးနှင့် မိုးရေတို့သည် ရောနှောကာ မြောင်းထဲသို့ စီးကျသွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ကြသူများအတွက် အလွန်ကြောက်လန့် တုန်လှုပ်စစရာ ဖြစ်နေသည်။

ရုပ်ရှင်တွေထဲမှာသာ ထိုကဲ့သို့ ဒီလိုမြင်ကွင်းမျိုး မြင်ဖူးကြခြင်းဖြစ်သည်။

လက်တွေ့၌ ဖြစ်ပျက်နေမည်ဟု မည်သူကမှ မထင်ထားပေ။

လက်တွေ့၏ အကျိုးသက်ရောက်မှုသည် ရုပ်ရှင်ထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာပင် ထင်ရှားလှသည်။

သူတို့မျက်လုံးထဲ၌ ယဲ့ဖန် နှင့် ချန်းဖေးအယ် တို့သည် ကိုယ်ခံပညာရှင် စုံတွဲတစ်တွဲလို ဖြစ်နေသည်။

ဆယ်ချီမကသော ဓားများကို ကိုင်ရမ်းနေသော လူရမ်းကားများ ဝိုင်းရံခံရလျက် သူတို့သည် ဘယ်ညာမပြတ် တိုက်ခိုက်နေ့ကြသည်။

သူတို့သည် အလွန် လွတ်လပ်ပေါ့ပါးစွာဖြင့်သာ တိုက်ခိုက်နေကြသည်။

လီယောင်းဂျီနှင့် ကျန်သည့် ကိုရီးယားလူမျိုးများမှာ ပို၍ အံ့သြသွားကြရသည်။

ထိုလူငယ်နှစ်ယောက်၏ တိုက်ခိုက်ရေး စွမ်းအားသည် ဤမျှ ထူးခြားလိမ့်မယ်ဟု အိပ်မက်ထဲပင် ဘယ်တုန်းကမှ မထင်ခဲ့မိချေ။

သူတို့သည် လူဆယ်ချီ ဝိုင်းရံထားခံရသည့် အတွင်းမှာပင် အန္တရာယ်ကင်းပြီး လွတ်လပ်စွာ ချီတက်လိုက် ဆုတ်ခွာလိုက်ဖြင့် တိုက်ခိုက်နေခဲ့သည်။

ဟန်မိသားစုမှ လူတွေသည် သူတို့နှစ်ယောက်ကို တကယ်ပင် မတားနိုင်ခဲ့ပါက အကျိုးဆက်မှာ တွေးကြည့်လို့ပင် မရနိုင်လောက်အောင်ဖြစ်သည်။

သူတို့သည် ထိုဖြစ်နိုင်ချေကို သေချာစွာ တွေးမိပြီးနောက် သူတို့၏ မျက်နှာတွေသည် ပုံမှန်မဟုတ်သလို အရောင်ဖျော့သွားတော့သည်။

သူတို့ကိုပင် မပြောနှင့် ဟန်အန်းထုံးပင်တောင်မှ ကြောက်ရွံ့နေခဲ့သည်။

သူ၏ လက်အောက်ငယ်သားများ တစ်ယောက်ပြီးတစ်ယောက် သမခံနေရသည်ကို ကြည့်ပြီး လှည့်ပြေးချင်မိသည်။

သို့သော် သူ့ခြေထောက်များက သူ့စကားကို လုံးဝ နားမထောင်ကြောင်း သူသိလိုက်ရသည်။

ထိုနှစ်ယောက်မှ သူ့နား တဖြည်းဖြည်း နီးကပ်လာသည်ကို ရပ်ကြည့်နေမိသည်။

နှစ်မိနစ်အကြာတွင် သူနှင့်အတူ ခေါ်ဆောင်လာသော သက်တမ်းရင့် လက်အောက်ငယ်သားများ အားလုံးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ငိုယိုအော်ဟစ်နေကြသည်။

ထိုအချိန်တွင် ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် သူတို့ကို ဂရုမစိုက်ဘဲ သူ့ရှေ့သို့သာ လျှောက်လာခဲ့သည်။

" အခု မင်းတစ်ယောက်ထဲပဲ ကျန်တော့တယ် "

ယဲ့ဖန်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ရှိနေသည်။

အစောက ဟန်အန်းထုံး ပြုံးပြသည့် အပြုံးနှင့် တစ်ပုံစံတည်း တူနေသည်။

ဟန်အန်းထုံးသည် ဓားရှည်ကို ကိုင်လျက် တုန်လှုပ်နေပြီး ဓားကို မြှောက်ရန် သတ္တိမရှိခဲ့ချေ။

" ငါ ..... ငါက ဟန်မိသားစုရဲ့ ဒုတိယမြောက် သခင်ပဲ။ မင်း ငါ့ကို လက်ချောင်းနဲ့ ထိရဲရင် ထိလိုက် ငါ့အဖေက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး "

ယဲ့ဖန်သည် သူ၏ ခြိမ်းခြောက်စကားကို ကြားပြီး မထိန်းနိုင်ဘဲ ရယ်မိသည်။

" ဘယ်လို ရူးကြောင်ကြောင် နိုင်လိုက်လဲ။ မင်းက သေခါနီးမှာတောင် မောက်မာပြရဲတဲ့ သတ္တိရှိတုန်းလား "

သူ၏ ခြိမ်းခြောက်မှုသည် အသုံးမဝင်ကြောင်း မြင်လိုက်ရသဖြင့် ဟန်အန်းထုံးသည် မြေကြီးပေါ်တွင် ဒူးထောက်ထိုင်ချလိုက်သည်။

" ကျေးဇူးပြုပြီး၊ လွှတ်ပေးပါ။ ငါ မင်းကို ပိုက်ဆံတွေ အများကြီး ပေးနိုင်တယ်။ မင်း ငါ့ကို အသက်ရှင်လျက် လွှတ်ပေးနိုင်မယ်လို့ ငါမျှော်လင့်တယ် ...... "

ယဲ့ဖန် အထင်သေးစွာ နှာမှုတ်လိုက်သည်။

" မင်း ခုနကထိ မာနကြီးနေတာ မဟုတ်ဘူးလား။ မြန်လိုက်တာ၊ ဘယ်လောက်တောင် ကျောရိုးမရှိတဲ့ကောင်လဲ။ မင်းကို သတ်လိုက်ရင် ငါ့လက်တွေပဲ ညစ်ပတ်သွားမှာ "

ထိုအခါမှ ဟန်အန်းထုံးက ချက်ချင်း သက်ပြင်းချလိုက်သည်။

ထိုကလေးသည် ဟန်မိသားစုကိုတော့ ကြောက်ပုံရသည်။

" ဒါဆို ငါသွားလို့ရမလား "

စကားပြောနေရင်း မြေကြီးပေါ်မှ ထရန် ကြိုးစားလေသည်။

" စကားမဆုံးသေးဘူး "

ယဲ့ဖန်မှ ဆက်ပြောသည်။

" သေတာကို ရှောင်နိုင်ပေမယ့် ပြစ်ဒဏ်ကနေတော့ မလွတ်နိုင်ဘူး။ သတိပေးတဲ့အနေနဲ့ ခင်ဗျားရဲ့ လက်တစ်ဖက်ကို ဖြတ်မယ် "

ဟန်အန်းထုံး၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။

သူ ဘာမှပြန်မပြောနိုင်မီတွင် ယဲ့ဖန်သည် မြေကြီးပေါ်မှ ဓားတစ်ချောင်းကို ခြေထောက်ဖြင့် ကောက်ယူလိုက်ပြီး ခုတ်ချလိုက်တော့သည်။

ဖြန်း

ဟန်အန်းထုံး၏ ညာဘက်လက်မောင်းမှာ ပြတ်ထွက်သွားသည်။

အော်ဟစ်သံနှင့်အတူ မြေပြင်ပေါ်သို့လဲကျကာ ငိုကြွေးနေတော့သည်။

ရှိနေသူအားလုံးသည် ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

သူက ဟန်မိသားစုရဲ့ ဒုတိယသခင်လေးကိုတောင် လက်ဖြတ်ရဲတဲ့အထိ သတ္တိရှိတာလား။

သူ ရူးသွားပြီ၊ တကယ် ရူးသွားပြီ။

ယဲ့ဖန်က သူ့ကို မကြည့်တော့ချေ။

အနောက်သို့ လှည့်ကြည့်လိုက်ပြီး လီယောင်းဂျီဆီသို့ လျှောက်သွားသည်။

လီယောင်းဂျီနှင့် တခြားသူများမှာ ကြောက်လန့်နေကြပြီ ဖြစ်သည်။

ထိုလူငယ်လေးမှ ဤမျှ ရက်စက်လိမ့်မည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးချေ။

ယဲ့ဖန်သည် သေမင်းကဲ့သို့ မိုးရေထဲမှ လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် ကြောက်ရွံ့တေသော သူတို့သည် ဘောင်းဘီများ စိုစွတ်လာပြီဖြစ်သည်။

" ဆရာကြီး၊ ကျွန်တော်တို့ ရှင်းပြတာကို နားထောင်ပေးပါ ........ "

လီယောင်းဂျီသည် တစ်ဖက်လူနှင့် ဆွေးနွေးရန် ခက်ခက်ခဲခဲဖြင့် နှုတ်ကို ဖွင့်ဟလိုက်သည်။

သို့သော် ယဲ့ဖန်က သူ့ကို အခွင့်အရေး လုံးဝ မပေးချေ။

" ကျုပ်က ပိုက်ဆံ ယူပြီးတာနဲ့ ထွက်သွားချင်ရုံတင်ပါ။ ခင်ဗျားက ဘာလို့ အတင်းအကြပ်လုပ်ခိုင်းတာလဲ။ အရွယ်ရောက်တဲ့အခါ လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုအတွက် အကျိုးဆက်တွေကို ခံကြရမှာပဲ။ ခင်ဗျားလည်း ချွင်းချက်မဖြစ်စေရဘူး "

ယဲ့ဖန်သည် ပြောပြီးသည်နှင့် သူ့လက်ထဲမှ ဓားသည် ဖြတ်ခနဲ တောက်ပသွားသည်။

လူတော်တော်များများသည် ယဲ့ဖန်၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာပင် မမြင်လိုက်ရချေ။

လီယောင်းဂျီမှာတော့ မြေပြင်ပေါ်သို့ လဲကျနေပြီဖြစ်သည်။

သူ့လက်နှင့် ခြေရှိ ခြေဆစ်လက်ဆစ်များသည် ကျိုးသွားကာ လုံးဝ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေတော့သည်။

" အာ ...... "

လီယောင်းဂျီသည် မြေပြင်ပေါ်တွင် နာကျင်စွာ ငိုကြွေးနေသော်လည်း သူ့နှလုံးသားထဲတွင် နာကျင်မှုသည် သူ့ခန္ဓာကိုယ်မှ နာကျင်မှုထက် များစွာ ကြီးမားနေသည်။

သူ ရရှိထားသမျှ အရာအားလုံးသည် သူ၏ နည်းတစ်ထောင်မှ ရလာခြင်းဖြစ်သည်။

သူသည် ခြေချောင်းလက်ချောင်းများ မရှိပါက ဘာမှ လုပ်ရတော့မည် မဟုတ်ပေ။

အရာအားလုံးသည် အလကားဖြစ်ကုန်ရသည်။

ယဲ့ဖန်သည် သူ့ကို မကြည့်တော့ချေ။

ပတ်ဆန်းဝူဘက်သို့ လှည့်ကြည့်လိုက်သည်။

ပတ်ဆန်းဝူသည် သူ့အကြည့်ကို တွေ့ပြီး ချက်ချင်းပင် တုန်လှုပ်သွားသည်။

ထို့နောက် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ထိုင်နေသည်။

" ကျွန် .... ကျွန်တော် .... "

သူသည် ယဲ့ဖန်ထံမှ ကရုဏာ တောင်းကာ အသနားခံချင်သော်လည်း အကြောက်လွန်၍ စကားကိုပင် ထွက်လာအောင် မပြောနိုင်တော့ပေ။

ယဲ့ဖန် သူ့ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။

" စိတ်မပူပါနဲ့၊ အကြွေးတိုင်းမှာ ပိုင်ရှင်ရှိတယ်။ သူက ငါ့ကို သတ်ချင်ခဲ့တဲ့သူပဲ။ အဲ့တော့ အပြစ်မဲ့သူတွေကို ငါ ဘာမှ မလုပ်ဘူး "

ပတ်ဆန်းဝူသည် ချက်ချင်းပင် ကျေးဇူးတင်ကာ မျက်ရည်ကျမိသည်။

" ကျေး ...... ကျေးဇူး ........ "

သူ၏စကား မဆုံးခင်ပင် ယဲ့ဖန်၏ လက်ထဲမှ ဓားသည် တောက်ပလာပြန်သည်။

ဓားကို ပြန်ရုတ်သိမ်းလိုက်ချိန်မှာ၌ 'ငါက ဝက်တစ်ကောင်ပါ'ဆိုသည့် စကားလုံးမှာ ပတ်ဆန်းဝူ၏ မျက်နှာပေါ်၌ ထွင်းပြီးသား ဖြစ်နေသည်။

သူ့မျက်နှာတစ်ခုသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး အလွန်ကြောက်စရာကောင်းနေသည်။

" ဒါက မင်းငါ့အပေါ် အကြွေးတင်နေတာတဲ့ဟာ။ ငါကိုယ်တိုင် ဖြည့်ဆည်းပေးလိုက်ပြီ။ အဲ့တာ မကောင်းဘူးလား "

ပတ်ဆန်းဝူသည် သူ့မျက်နှာကို အုပ်ထားပြီး မြေပြင်ပေါ်၌ ဒူးထောက် ငိုနေခဲ့သည်။

ပြင်းထန်စွာ ငိုကြွေးနေရင်း သူ့နှလုံးသားမှာလည်း ကွဲအက်သွားရသည်။

ကြည့်ရှုသူ လူအုပ်ကြီးသည် အားလုံးကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

ဘယ်သူမှ အသံမထွက်ရဲကြချေ။

သူတို့၏ မျက်လုံးများထဲတွင် ယဲ့ဖန်သည် သေမင်းနှင့် တူနေသည်။

တခဏချင်းမှာပဲ ဟန်မိသားစု၏ လက်အောက်ခံ အဖွဲ့ဝင် ၃၀ကျော် အားလုံး ရိုက်နှက်ခံရသည်။

ဟန်မိသားစု၏ ဒုတိယသခင်လေးပင်လျှင် သူ၏ လက်တစ်ဖက်ကို ဖြတ်ခံလိုက်ရသည်။

လီယောင်းဂျီမှာတော့ လက်နှင့် ခြေထောက်တို့၏ အဆစ်များ ဖြတ်ခံရပြီး ပတ်ဆန်းဝူမှာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့သည်။

ထိုလူငယ်၏ နည်းလမ်းများသည် အင်မတန်မှပင် ကြောက်စရာကောင်းလှသည်။

ထိုအရာများအားလုံး လုပ်ပြီးသည့်အခါ ယဲ့ဖန်သည် သူ့လက်ထဲမှ ဓားရှည်ကို လွှင့်ပစ်လိုက်ပြီး လူတိုင်းကို ပြုံးပြလိုက်သည်။

" ဘယ်လိုလဲ၊ ကျွန်တော်တို့ တရုတ်တွေကို အရှက်မကွဲစေရဘူး ဟုတ်တယ်မလား "

သူ၏ လက်ရှိ အပြုံးသည် နေသာသော နေ့တစ်နေ့မှ ကောင်လေးတစ်ယောက်လိုပင် ဖြစ်သည်။

အစောက လူသတ်ခဲ့သော အရိပ်အယောင်ပင် မတွေ့ရချေ။

All Chapters