ဆင်းသက်ဂိုဏ်းတွင် လျှို့ဝှက် ထောက်လှမ်းခြင်း၊ ဗီလိန်ခေါင်းဆောင် ဖြစ်လာရန် ရည်မှန်းခြင်း!
Vol. 30 Ch. 412
[ယခင်နှင့် နှိုင်းယှဉ်လျှင် သင်၏ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင် ရေးထိုးမှုများသည် သိသိသာသာ ရင့်ကျက်လာခဲ့သည်။ ဤနေရာမှစ၍ နောက်ဆုံးတွင် အောင်မြင်သည်အထိ အဆက်မပြတ် ကြိုးစားမှုများသာ လိုအပ်တော့သည်။]
[ထို့ကြောင့် နောက်တစ်နှစ်တာ ကာလအတွင်း သင်သည် ဝိဉာဉ်ငါးများပေါ်တွင် အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်များကို နေ့စဉ် ရေးထိုးခဲ့သည်။]
လက်တွေ့ကမ္ဘာတွင် ဤအရာကို မြင်သောအခါ စုရှင်းသည် အနည်းငယ် ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။
“ဟုတ်ပါရဲ့၊ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်က အမည်ခံအားဖြင့် အစီအရင်တစ်ခု ဖြစ်ပေမဲ့ အခြေခံအားဖြင့်ဆိုရင်ကျ အစီအရင်ပညာ၊ အဆောင်လက်ဖွဲ့ ပညာနဲ့ ဝိဉာဉ်စွမ်းအင်ပညာတို့ ပေါင်းစပ်မှုပဲ။ ဒီသုံးခုကို ပေါင်းစည်းလိုက်မှသာ လုံလောက်ပြီး ထိရောက်တဲ့ ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်ကို ဖန်တီးနိုင်မှာ!”
စုရှင်းတွင် ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်၏ အနာဂတ် တိုးတက်မှု အတွက် ကြီးမားသော မျှော်လင့်ချက်များ ရှိနေသည်။
“ပြီးတော့ ရုပ်သေးပညာ ကျင့်စဉ်ကလည်း အတူတူပဲ… ဒါဆိုရင် ဒီလမ်းကြောင်းသုံးခုကို တစ်ပြိုင်နက် ကျင့်ကြံတာက မဆိုးတဲ့ အတွေးတစ်ခု ဖြစ်နိုင်ပြီး အနာဂတ်ကျ နယ်ပယ်များစွာမှာ အသုံးဝင်နိုင်တယ်!”
ခဏတာ ရပ်နားပြီးနောက် စုရှင်းသည် စိတ်ရှုပ်ထွေးစွာဖြင့် တွေးလိုက်သည်။
“ဒါပေမယ့်လည်း ဆင်းသက်ဂိုဏ်းရဲ့ အရွယ်အစားက ငါ့ရဲ့ မျှော်လင့်ချက်ကို အနည်းငယ် ကျော်လွန်နေသေးတယ်… ငါက အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ချင်တယ်ဆိုရင် တိတ်တဆိတ် အရှိန်မြှင့်ဖို့ လိုကောင်း လိုမယ်!”
သူ၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ထံသို့ ပြောင်းသွားသည်။
[ဆယ့်နှစ်နှစ်မြောက်နှစ်တွင် သင်သည် ဝိဉာဉ်ငါးပေါ်တွင် အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်ကို နောက်ဆုံးတွင် အောင်မြင်စွာ ရေးထိုးနိုင်ခဲ့သည်။]
[ဒြပ်စင်ငါးပါး စစ်သည်တော်၏ ခွဲခြားသတ်မှတ်မှုအရ ဤအသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်သည် အခြေခံ အစီအရင် တစ်ခု ဖြစ်သော အဆင့် ၁ အဆင့်နိမ့်မျှသာ ဖြစ်သည်။]
[သင်သည် အောင်မြင်စွာ ရေးထိုးထားသော ဝိဉာဉ်ငါးကို သင့်လက်ထဲတွင် ကိုင်ထားပြီး ဂရုတစိုက် လေ့လာကြည့်ရှုရာ ဝိညာဦစွမ်းအင် စုဆောင်းသည့်နှုန်းသည် မမြန်ဆန်ကြောင်း တွေ့ရှိခဲ့သည်။ ၎င်းသည် ဒြပ်စင်ငါးပါးအရော ဝိဉာဉ်အမြစ် ကျင့်ကြံသူ တစ်ဦး၏ ကျင့်ကြံမှုအရှိန်နှင့် ခန့်မှန်းခြေအားဖြင့် တူညီသည်။ ထိုသို့သော ကျင့်ကြံသူများကြားတွင်ပင် မခိုင်မာပေ။]
[အဆက်မပြတ် တွက်ချက်မှုများမှတစ်ဆင့် သင်သည် ရှင်းလင်းပြတ်သားသော ဥပမာတစ်ခုကို ပုံဖော်နိုင်ခဲ့သည်။]
[သင်၏ နှစ်မျိုးပေါင်း ဝိညာဉ်အမြစ်နှင့် မိုးကြိုး ဝိဉာဉ်အမြစ်တို့ပေါင်း၍ သင်၏ အခြေခံ ကျင့်ကြံမှုအရှိန်သည် ခန့်မှန်းခြေအားဖြင့် အဆင့် ၁၅၀ ရှိသည်။]
[သာမန် နတ်ဘုရား ဝိဉာဉ်အမြစ် ကျင့်ကြံသူ၏ အရှိန်သည် အဆင့် ၁၀၀ ဖြစ်သည်။]
[စစ်မှန်သော ဝိဉာဉ်အမြစ်သည် အဆင့် ၅၀ ဖြစ်သည်။ နှစ်ခု၊ သုံးခုနှင့် လေးခုရောစပ် ဝိဉာဉ်အမြစ်များသည် အဆင့်အလိုက် လျော့နည်းလာသည်…]
[အနိမ့်ဆုံးဖြစ်သော ဒြပ်စင်ငါးပါးရောစပ် ဝိဉာဉ်အမြစ်၏ ကျင့်ကြံမှုအရှိန်သည် ၀.၈ မှ ၁.၅ အဆင့်ခန့် ရှိသည်။]
[အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်ကို အောင်မြင်စွာ ရေးထိုးပြီးနောက် ကျင့်ကြံသူတစ်ဦး၏ အရှိန်ကို ၀.၅ အဆင့်ခန့် တိုးစေနိုင်သည်။]
[ဤအရှိန်နှင့် ပတ်သက်၍ သင်သည် သိပ်မကျေနပ်ပေ။ ထိုသို့သော အနည်းငယ် တိုးတက်မှုသည် သင့်အတွက် လုံးဝ အသုံးမဝင်သလောက် ဖြစ်သည်။]
[ထို့ကြောင့် သင်သည် အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်၏ ရေးထိုးမှုကို ထပ်မံ လေ့လာရန် ဆုံးဖြတ်ခဲ့သည်။]
[ဆယ့်သုံးနှစ်မြောက်နှစ်တွင် သင်သည် သင့်ရေကန်ထဲရှိ ဝိဉာဉ်ငါးများ၏ ပမာဏကို တိုးချဲ့လိုက်သည်။ ဝိဉာဉ်ငါး တစ်သောင်းနီးပါး ရှိပြီဖြစ်သည်။]
[သင်သည် အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်ကို နေ့စဉ် ရေးထိုးရန် ကြိုးစားခဲ့သည်။ သင်၏ အောင်မြင်မှုနှုန်းသည် ၁၀% မှ ၅၀% ခန့်သို့ တဖြည်းဖြည်း တိုးလာခဲ့သည်။]
[ဆယ့်လေးနှစ်မြောက်နှစ်တွင် သင်၏ ဝိဉာဉ်စိုက်ခင်းဂူ ရေကန်တွင် အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင် ရေးထိုးထားသော ဝိဉာဉ်ငါး ခြောက်ထောင်ကျော် ရှိနှင့်ပြီး ဖြစ်သည်။]
[ဤနေ့တွင် သင်သည် ဝိဉာဉ်ငါး အရေအတွက် လုံလောက်ပြီဟု ယုံကြည်ခဲ့ပြီး အသေးစား ဝိညာဥ်စွမ်းအင် စုဆောင်းခြင်း အစီအရင်၏ နေရာချထားမှုကို ထပ်မံ စမ်းသပ်ရန် ဆုံးဖြတ်ခဲ့သည်။]
[သင်သည် ဝိဉာဉ်ငါး တစ်ကောင်ကို ထုတ်ယူပြီး သင့်လက်ဖဝါးပေါ်တွင် တင်ကာ အတွင်းရှိ ဝိဉာဉ်စွမ်းအင်၏ စီးဆင်းမှုကို ဂရုတစိုက် လေ့လာခဲ့သည်။]
[ထို့နောက် သင်သည် ဝိဉာဉ်စုတ်တံကို ထုတ်ယူကာ ဝိဉာဉ်မှင်တွင် နှစ်မြှုပ်ပြီး ငါး၏ ကျောပေါ်ရှိ လက်ဖဝါး အရွယ်အစား အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်ကို စတင် ပြုပြင်မွမ်းမံခဲ့သည်။ ၎င်း၏ စွမ်းအားကို ပိုမိုမြှင့်တင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။]
[ဘုန်း! မမျှော်လင့်ဘဲ မိနစ်အနည်းငယ် ကြာပြီးနောက် သင်သည် ကျရှုံးခဲ့ပြီး သင့်လက်ထဲရှိ ဝိဉာဉ်ငါးသည် ငါးပြုတ်အဖြစ်သို့ ပေါက်ကွဲသွားခဲ့သည်။]
[သင်သည် စိတ်ဓာတ်မကျဘဲ နောက်ထပ် ဝိဉာဉ်ငါး တစ်ကောင်ကို ထုတ်ယူပြီး သင်၏ ကြိုးစားမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။]
[ဤနည်းဖြင့် လအနည်းငယ် ကုန်လွန်ခဲ့ပြီး သင့်လက်ထဲတွင် ဝိဉာဉ်ငါး တစ်ထောင်နီးပါး သေဆုံးခဲ့သည်။]
[တစ်ရက်တွင် သင်သည် ရုတ်တရက် စိတ်ကူးစိတ်သန်းတစ်ခု ရရှိခဲ့ပြီး ဝိဉာဉ်ငါး၏ ကျောပေါ်ရှိ အစီအရင်ကို ချောမွေ့စွာ ပြုပြင်မွမ်းမံရန် စတင်ခဲ့သည်။]
[သင်၏ စုတ်တံကို ချလိုက်ပြီးနောက် ဆယ့်ငါးမိနစ် အကြာတွင် ဝိဉာဉ်ငါး၏ ကျောပေါ်ရှိ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်သည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။]
[၎င်းသည် အဆင့် ၁ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင် တစ်ခုပင် ဖြစ်နေသေးသော်လည်း အရင်ကနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ တိုးတက်လာခဲ့သည်!]
[သင်သည် ၎င်း၏ ဝိဉာဉ်စွမ်းအင် စုပ်ယူမှု ထိရောက်ပုံကို စမ်းသပ်ကြည့်ရာ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်၏ လုပ်ဆောင်မှု အရှိန်သည် နှစ်ဆနီးပါး တိုးလာကြောင်း အံ့အားသင့်စွာ တွေ့ရှိခဲ့သည်။]
[၀.၅ အဆင့်မှ အပြည့်အဝ ၁ အဆင့်အထိ တိုးတက်မှု ဖြစ်သည်။]
[၎င်းသည် ဒြပ်စင်ငါးပါး ရောစပ်ဝိဉာဉ်အမြစ် ကျင့်ကြံသူ တစ်ဦး၏ တစ်နေ့လျှင် ၂၄ နာရီ မနားတမ်း ကျင့်ကြံခြင်း၏ ထိရောက်မှုနှင့် နီးပါးတူညီသည်။]
ဤအရာကို မြင်သောအခါ စုရှင်းသည် ပျော်ရွှင်လာကာ သူ့ဘာသာ ရေရွတ်လိုက်သည်။
“နောက်ဆုံးတော့ အောင်မြင်သွားပြီ!”
“အဆင့် ၁ အသေးစား ဝိညာဥ်စွမ်းအင် စုဆောင်းခြင်း အစီအရင်ဘဲဆိုပေမယ့် ဒြပ်စင်ငါးပါး ရောစပ် ဝိဉာဉ်အမြစ် ကျင့်ကြံသူ တစ်ဦးရဲ့ ကျင့်ကြံမှုအရှိန်နဲ့ တူတူဘဲ… ပိုမြင့်တဲ့အဆင့်ကို ရောက်ရင် ဘယ်လောက်တောင် အံ့ဩစရာ ကောင်းလိုက်မလဲ?”
စုရှင်းကို အများဆုံး စိုးရိမ်စေသည်မှာ၊
အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်သည် တစ်နေ့လျှင် ၂၄ နာရီ လည်ပတ်ခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်တွင် ဝိဉာဉ်စွမ်းအင် ရှိနေသရွေ့ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်သည် အလိုအလျောက် ကျင့်ကြံနိုင်မည် ဖြစ်သည်။
ဤသည်မှာ အပန်းဖြေနေစဉ်တွင် အတွေ့အကြုံများ ရရှိနေသကဲ့သို့ပင် ဖြစ်ပြီး အကျိုးသက်ရောက်မှုများကို ပုံစံတူ စီစဉ်နိုင်မည်!
“မဆိုးဘူး။ နောက်ပိုင်းကျ ပိုပြီးမြင့်မားတဲ့ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်တွေကို လုပ်ဖို့ ကြိုးစားရမယ်…”
ဤအတွေးနှင့်အတူ စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ဘက်သို့ သူ့အကြည့်ကို ပြောင်းလိုက်သည်။
[နောက်လအနည်းငယ်အတွင်း သင်သည် ထိုဝိဉာဉ်ငါးများ အားလုံးပေါ်ရှိ အဆင့် ၁ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်များကို ပြုပြင်မွမ်းမံခဲ့သည်။]
[လအနည်းငယ် ကြာပြီးနောက် သင့်တွင် အလွန် ကောင်းမွန်သော အဆင့် ၁ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်များ ရေးထိုးထားသော ဝိဉာဉ်ငါး ၅,၀၀၀ ရှိလာခဲ့သည်။]
[ဆယ့်ငါးနှစ်မြောက်နှစ်တွင် သင်သည် အဆင့် ၂ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်ကို ရေးထိုးဖို့အတွက် ကြိုးစားရန် ပြင်ဆင်ခဲ့သည်။]
[သင်သည် နေ့စဉ် နေ့ရောညပါ လေ့လာကာ ကြိုးစားခဲ့သည်။ လအနည်းငယ် ကြာပြီးနောက် ဝိဉာဉ်ငါး တစ်ထောင်ကျော် သင့်လက်ထဲတွင် သေဆုံးခဲ့သည်။]
[သင်၏ အဆက်မပြတ် စမ်းသပ်မှုများမှတစ်ဆင့် သင်သည် သင်၏ ပထမဆုံး အဆင့် ၂ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်ကို နောက်ဆုံးတွင် အောင်မြင်စွာ ရေးထိုးနိုင်ခဲ့သည်။]
[သင်၏ တိုင်းတာမှုအရ အဆင့် ၂ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်သည် ကျင့်ကြံမှု အဆင့်သုံးခုနှင့် ညီမျှသည်။]
[တစ်နည်းအားဖြင့် ပြောရလျှင် ကျင့်ကြံသူတစ်ဦးပေါ်တွင် အဆင့် ၂ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်တစ်ခု ရေးထိုးထားခြင်းသည် လေးခုရောစပ် ဝိဉာဉ်အမြစ် ကျင့်ကြံသူ၏ ကျင့်ကြံမှုအရှိန်နီးပါးကို အလိုအလျောက် ပေးနိုင်မည်…]
[ထို့အပြင် သင်သည် အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်၏ အဆင့်တိုင်းကို သာမန်နှင့် အလွန် ကောင်းမွန်သော အဆင့်များအဖြစ် ခွဲခြားထားကြောင်း တွေ့ရှိခဲ့သည်။]
[အဆင့် ၂ အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်ကို ထပ်မံ၍ ပြုပြင်မွမ်းမံပါက အလွန် ကောင်းမွန်သော အဆင့် ၂ သို့ ရောက်ရှိနိုင်ပြီး ဝိဉာဉ်စွမ်းအင် အရှိန်သည် အဆင့် ငါးခုနီးပါးနှင့် ညီမျှလိမ့်မည်ဟု သင် ယူဆခဲ့သည်! ဤသည်မှာ လေးခုရောစပ် ဝိဉာဉ်အမြစ် ကျင့်ကြံသူတစ်ဦး၏ စွမ်းဆောင်ရည် အထွတ်အထိပ်နီးပါး ဖြစ်သည်။]
[တစ်ရက်တွင် သင်သည် အသေးစား ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်၏ တိုးတက်မှုကို ဆက်လက် လေ့လာရန် ပြင်ဆင်နေချိန်တွင် ရုတ်တရက် အရေးကြီးသော မစ်ရှင်တစ်ခုကို လက်ခံရရှိခဲ့သည်။]
[မစ်ရှင်၏ သီးခြား လိုအပ်ချက်မှာ နတ်ဆိုးနှိမ်နင်းရေး စခန်းသို့ သွားပြီး ဒဏ္ဍာရီလာ ပညာရှင်တစ်ဦးကို လုပ်ကြံရန် ဖြစ်သည်။]
[ဤမစ်ရှင်တွင် လက်ရှိ သဘာဝအဖွဲ့၏ ခေါင်းဆောင်၊ ဒဏ္ဍာရီလာအဆင့် အထွတ်အထိပ် ခွန်အားရှင်တစ်ဦး အပြင် သင်နှင့် လောရွှေရင်တို့ အပါအဝင် ဒဏ္ဍာရီအဆင့် စောင့်ရှောက်သူ လေးဦး ပါဝင်သည်။]
[ဤမစ်ရှင်ကို လက်ခံရရှိသောအခါ သင်သည် သဘာဝအဖွဲ့၏ ခေါင်းဆောင်ကို ဖယ်ရှားရန် အတွက် ပြီးပြည့်စုံသော အခွင့်အရေး ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။]
…