ကမ္ဘာ၏ လျှို့ဝှက်ချက်၊ သွေးနီလ ပြန်လည် ရှင်သန်ထမြောက်ခြင်း!
Vol. 30 Ch. 417
စုရှင်းသည် ပတ်သက်နေသည့် ဆက်နွှယ်မှုများကို အကြမ်းဖျင်း ခွဲခြမ်းစိတ်ဖြာပြီးနောက် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"နဂါးစောင့်ရှောက်သူ... အကြီးအကဲက ဒီဒုက္ခပင်လယ်ကနေ လွတ်မြောက်ခဲ့ပြီဆိုတော့ ကျွန်တော်တို့ ညီအစ်ကိုတွေလည်း လွတ်မြောက်ဖို့ အခွင့်အရေးရအောင် အကြံဉာဏ်လေး ပေးပါဦး။"
နဂါးစောင့်ရှောက်သူသည် စုရှင်း၏ စကားကိုကြားသောအခါ ညင်သာစွာ ပြုံးရယ်လိုက်ပြီး စုရှင်း၊ လောရွှေရင်၊ အစွန်းရောက် ဂိုဏ်းခေါင်းဆောင်နှင့် အခြား စောင့်ရှောက်သူများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ထို့နောက် သူက ပြောသည်။
"ဟားဟား... အားလုံးပဲ ကြိုးစားကြ... အပေါ်က ပေးတဲ့ တာဝန်အနည်းငယ်ကို ထပ်ပြီး အောင်မြင်အောင် လုပ်နိုင်ရင်... ဒီနေရာမှာရှိတဲ့ လူတိုင်း ဒုက္ခပင်လယ်ကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရလိမ့်မယ်!"
"အားလုံး မြင်တဲ့အတိုင်းပဲ... ဒီနေ့ သခင်က စိတ်ကြည်နေတယ်... တစ်နေ့နေ့မှာသာ သခင့်ရှေ့မှာ စကားကောင်း ပြောဖို့ အခွင့်အရေးရခဲ့ရင်... အားလုံး ဒီကြယ်ပြာကနေ ထွက်ခွာပြီး ဒီသတ်ဖြတ်ခြင်း နယ်မြေကနေ လွတ်မြောက်နိုင်မှာပါ..."
နဂါးစောင့်ရှောက်သူ၏ စကားများသည် နားဝင်ပီယံ ရှိလှသည်။ ထိုစကားကို ကြားလိုက်သောအခါ ဆင်းသက်ဂိုဏ်းမှ အဆင့်မြင့် အဖွဲ့ဝင်များ အားလုံး စိတ်လှုပ်ရှားသွားကြသည်။
စုရှင်းသည်လည်း အပြင်ပန်းတွင် စိတ်လှုပ်ရှားဟန် ဆောင်နေခဲ့သည်။
သို့သော် စိတ်ထဲတွင်မူ စုရှင်းသည် နဂါးစောင့်ရှောက်သူက သူတို့အား မျှော်လင့်ချက် အမှားများ ပေးနေသည်ကို သဘောပေါက်လိုက်ပြီ ဖြစ်သည်။
နဂါးစောင့်ရှောက်သူ၏ ထိုလျှို့ဝှက်ဆန်းကြယ်သူ အပေါ် ထားရှိသည့် သဘောထားကို ကြည့်ခြင်းအားဖြင့် သူသည် မည်သို့မျှ ဩဇာတိက္ကမ ကြီးမားနိုင်မည် မဟုတ်ပေ။
သို့သော် စုရှင်းသည် ထုတ်မပြောဘဲ နောက်ဆုံးမေးခွန်း တစ်ခုကိုသာ မေးလိုက်သည်။
"နဂါး အကြီးအကဲ... ခုနက လူက သွေးနတ်ဘုရားလား။"
ထိုနာမည်ကို ကြားလိုက်ရသောအခါ နဂါးစောင့်ရှောက်သူ၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး မေးလိုက်သည်။
"အဲ့ဒီနာမည်ကို မင်း ဘယ်ကနေ ကြားဖူးတာလဲ။"
စုရှင်းသည် သုန်သုန်မှုန်မှုန် ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော် တစ်ခါတုန်းက သွေးနတ်ဆိုးကမ္ဘာကို အမှတ်တမဲ့ ရောက်ခဲ့ဖူးတယ်လေ... အဲ့ဒီမှာ မတော်တဆ သိခဲ့ရတာပါ။"
စုရှင်း၏ လိမ်ညာမှုသည် လွယ်လင့်တကူ ထွက်ပေါ်လာသည်။
စုရှင်း၏ စကားကို ကြားသောအခါ နဂါးစောင့်ရှောက်သူသည် သူ့ကို သံသယ မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"အဲ့ဒီလူက သွေးနတ်ဘုရား မဟုတ်ဘူး... နောက်ပြီးတော့ မမေးသင့်တာတွေကို မမေးစမ်းပါနဲ့။"
ဤသို့ ပြောပြီးနောက် နဂါးစောင့်ရှောက်သူသည် တစ်ခါတည်း ထွက်ခွာသွားသည်။
မကြာမီပင်၊ မြှုပ်နှံသရုပ်ပြခြင်း ပြီးဆုံးသွားပြီး စုရှင်းသည် လက်တွေ့ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာသည်။
လက်တွေ့ကမ္ဘာသို့ ပြန်ရောက်သောအခါ စုရှင်းသည် သူ၏နားထင်များကို ပွတ်သပ်ကာ တီးတိုးရေရွတ်သည်။
"ဟုတ်တယ်... လျှို့ဝှက်ချက်တွေ သိရဖို့က ပိုနီးလာပြီ!"
"ဒီတော့...ကြယ်ပြာကနေ ထွက်ဖို့ လမ်းတစ်ခု ရှိသေးတာပေါ့!"
"အာ့လမ်းကတော့ ဆင်းသက်ဂိုဏ်းကို တကယ်ဝင်ပြီး ဝိညာဉ်သွေးကြော နဂါးကို ပေးအပ်ပြီး ကြယ်ပြာကနေ ထွက်ခွာသွားဖို့ပဲ... သုံးထောင်ကမ္ဘာကို ရောက်တဲ့အခါကျမှ သင့်တော်တဲ့ အချိန်မှာ ထွက်ပြေးရမယ်..."
ခဏကြာ စဉ်းစားပြီးနောက် စုရှင်းသည် ထိုလမ်းကို လျင်မြန်စွာ ဖျက်ပစ်လိုက်သည်။
ဝိညာဉ်သွေးကြော နဂါးလိုမျိုး ကမ္ဘာ့အမြင့်ဆုံး ရတနာအား စုရှင်းသည် ဘယ်လိုများ အလွယ်တကူ ပေးအပ်နိုင်မည်နည်း။
ထို့အပြင် သူ ကြယ်ပြာမှ လွတ်မြောက်သွားခဲ့လျှင်ပင် စုရှင်း၏ မိသားစုနှင့် သူငယ်ချင်းများ...ကြယ်ပြာပေါ်ရှိ ဘီလီယံနှင့်ချီသည့် လူသားများသည် မည်သို့ ဖြစ်သွားမည်နည်။
စုရှင်းသည် ထိုသို့ဖြစ်မည်ကို မလိုလားပါ။
"သတ်ဖြတ်ခြင်း စစ်မြေပြင်ပေါ်ကနေ ကမ္ဘာ့ဂိတ်ကို ဖြတ်ကျော်ဖို့ နည်းလမ်း ရှာနိုင်မှ ရမယ်... အာ့ကျမှ ဒီသေတွင်းကနေ တကယ် လွတ်မြောက်နိုင်လိမ့်မယ်!"
စုရှင်းသည် အသက်ကို ပြင်းပြင်းရှုသွင်းလိုက်ပြီး ခဏကြာ စဉ်းစားလိုက်သည်။ ပြီးနောက် သူ အမြဲတစေ ဂရုတစိုက် သိမ်းဆည်းထားခဲ့သော ချင်းယွင် လက်မှတ်ကို ထုတ်လိုက်သည်။
ချင်းယွင်နယ်မြေ၊ ချင်းယွင်ဂိုဏ်း၊ ချင်းယွင်ကျီ... ထို့ပြင် ချင်းယွင် လက်မှတ်။
ယခုအခါ စုရှင်းသည် ချင်းယွင်ကျီက သုံးထောင်ကမ္ဘာရှိ အမြင့်ဆုံး စွမ်းအားရှင် တစ်ဦး ဖြစ်ကြောင်း သေချာသွားပြီ ဖြစ်သည်။
ထိုစဉ်က ချင်းယွင်ကျီသည်လည်း စုရှင်းကို လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း အဆင့်သို့ ရောက်ရှိသည်နှင့် ဤလက်မှတ်ကို အသုံးပြု၍ ချင်းယွင်ဂိုဏ်းသို့ ဝင်ရောက်ကာ ချင်းယွင်ကျီ၏ တရားဝင်တပည့် ဖြစ်လာနိုင်ကြောင်း ကတိပေးခဲ့သည်။
သို့သော် စုရှင်းသည် ချင်းယွင်ကျီက သူ့အပေါ် တခြား ရည်ရွယ်ချက်များ ရှိနေမည်ကို အမြဲတမ်း စိုးရိမ်နေခဲ့သည်။
ထိုအချိန်တွင် စုရှင်း၌ ခုခံရန် အင်အား မရှိနိုင်တော့ပေ။
တစ်ဆင့်တက်၍ စဉ်းစားလျှင်…
ချင်းယွင်ကျီသည် စုရှင်းအပေါ် မကောင်းသော ရည်ရွယ်ချက် မရှိခဲ့လျှင်တောင် သူသည် ဤချင်းယွင် လက်မှတ်ကို ယခုချက်ချင်း အသက်သွင်းနိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ကြယ်ပြာနှင့် ပတ်ဝန်းကျင်ရှိ သေးငယ်သောကမ္ဘာ ဒါဇင်ပေါင်းများစွာကို ထိုသွေးနီလက ပိတ်ဆို့ထားခဲ့သောကြောင့် ဖြစ်သည်။
စုရှင်းသည် ချင်းယွင် လက်မှတ်မှတစ်ဆင့် ချင်းယွင်ဂိုဏ်းသို့ ရောက်ရှိရန် လမ်းမရှိခဲ့ပေ။
"ဒီကမ္ဘာကနေ အရင်ဆုံး ထွက်ခွာပြီး သေးငယ်သော ချင်းယွင် နယ်မြေလို့ခေါ်တဲ့ နေရာကို ရောက်မှပဲ... ချင်းယွင် လက်မှတ်ကို အသက်သွင်းပြီး ချင်းယွင်ဂိုဏ်းကို ဝင်နိုင်မှာလား?"
စုရှင်းက စဉ်းစားလိုက်သည်။
သို့သော် အရေးတကြီး လုပ်ရမည့် ကိစ္စမှာ ခန္ဓာကိုယ် ပေါင်းစည်းခြင်း အဆင့်သို့ လျင်မြန်စွာ ထိုးဖောက်ရန်ပင် ဖြစ်သည်။
ထိုအခါမှသာ စုရှင်းသည် ဝိညာဉ်သွေးကြော နဂါးကို ရရှိရန် သို့မဟုတ် သတ်ဖြတ်ခြင်း တမန်တော်ကို အနိုင်ယူပြီး ကျင့်ကြံသူများ ကမ္ဘာသို့ သွားရန် အရည်အချင်း ရှိမည် ဖြစ်သည်။
ဤသို့ စဉ်းစားပြီးနောက် စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ သူ၏အကြည့်ကို ပြောင်းလိုက်သည်။
[၂၃နှစ်မြောက်၊ ကျင်းကျယ်နေ့တွင်၊ သင်သည် စွမ်းအား၏ မူလအစကို ဆက်လက် နားလည်သဘောပေါက်ခဲ့ရာ သင်၏ စွမ်းအား မူလအစအပေါ် နားလည်မှုသည် ပိုမိုနက်ရှိုင်းလာပြီး အစပြုသူ အဆင့်သို့ ချဉ်းကပ်လာခဲ့သည်။]
[ဤအချိန်အတွင်း၊ သင်သည် ကြယ်ပြာမှ ဆင်းသက်ဂိုဏ်း ဌာနချုပ်သို့ ထွက်ခွာရန် အခွင့်အရေးကို မည်သည့်အချိန်တွင် ရမည်လဲဟု နဂါးစောင့်ရှောက်သူကို အမြဲတစေ မေးမြန်းခဲ့သည်။ သို့သော်လည်း နဂါးစောင့်ရှောက်သူက တစ်ခွန်းတစ်ပါဒမှ မပြောခဲ့ပေ။]
[၂၄နှစ်မြောက်၊ ကျင်းကျယ်နေ့တွင်၊ သင်သည် စွမ်းအား၏ မူလအစကို ဆက်လက် လေ့ကျင့်ခဲ့သည်။]
[သင်သည် နဂါးစောင့်ရှောက်သူကို သွားတွေ့ခဲ့သော်လည်း နဂါးစောင့်ရှောက်သူသည် ရှောင်လွှဲသွားပြီး သင့်ကို မတွေ့ခဲ့ပေ။]
[၂၅နှစ်မြောက်၊ ကျင်းကျယ်နေ့တွင်၊ သင်သည် စွမ်းအား၏ မူလအစကို ဆက်လက် နားလည်သဘောပေါက်ခဲ့သည်။]
[တစ်နေ့တွင်၊ ဒဏ္ဍာရီအဆင့် နတ်ဆိုးသားရဲ စစ်တပ်သည် နတ်ဆိုးနှိမ်နင်းရေး စခန်းသို့ ရောက်ရှိလာသည့် သတင်းကို သင် ရရှိခဲ့သည်။ ကြယ်ပြာ၏ ပျက်စီးခြင်းသည် မကြာမီ ရောက်တော့မည်ကို သင် သိလိုက်သည်။]
[သင်သည် နဂါးစောင့်ရှောက်သူကို သွားရှာခဲ့ရာ သူသည် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။]
[သင်သည် ဆင်းသက်ဂိုဏ်း၏ ရတနာတိုက်သို့ သွားခဲ့ရာ ၎င်းသည် ဗလာ ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။]
[သင်သည် သွေးနတ်ဆိုးဂိုဏ်းသို့ သွားခဲ့ရာ တားမြစ်နယ်မြေတွင် သွေးကန်များနှင့် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များ အားလုံး ပျောက်ကွယ်သွားသည်ကို တွေ့ရှိခဲ့သည်...]
[သင်သည် သင်၊ လောရွှေရင်၊ အစွန်းရောက် ဂိုဏ်းခေါင်းဆောင်နှင့် ဆင်းသက်ဂိုဏ်း၏ နောက်လိုက် ထောင်ပေါင်းများစွာကို နဂါးစောင့်ရှောက်သူက စွန့်ပစ်သွားကြောင်း ချက်ချင်း နားလည်လိုက်သည်။]
[နဂါးစောင့်ရှောက်သူသည် အမြဲတစေ ကိုယ်ကျိုးသာ ကြည့်တတ်သူ တစ်ဦး ဖြစ်သောကြောင့် သင် အံ့သြခြင်း မရှိခဲ့ပေ။]
[ဆန့်ကျင်ဘက်အားဖြင့်၊ ဆင်းသက်ဂိုဏ်း၏ အဆင့်မြင့် စောင့်ရှောက်သူများက အသက်ရှင် ရပ်တည်နိုင်ရန် လူသားမျိုးနွယ်နှင့် သူတို့၏ကမ္ဘာကို သစ္စာဖောက်ခဲ့ကြသည် ဆိုသည့် အချက်က သင့်အတွက် ရယ်စရာ ဖြစ်နေသည်။]
[သို့သော် ယခုအခါတွင် သူတို့အားလုံးသည်လည်း စွန့်ပစ်ခြင်း ခံခဲ့ရပြီး အသက်ရှင်ရန် အခွင့်အရေးပင် မရရှိခဲ့ပေ။]
[သင်သည် အလွန် တိတ်ဆိတ်နေခဲ့ပြီး သားရဲကြီး ရောက်ရှိလာမည့်နေ့ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။]
[တစ်နေ့တွင်၊ ကောင်းကင်ကို ဖုံးအုပ်ထားသော သားရဲကြီးတစ်ကောင် ဆင်းသက်လာပြီး ရှား တစ်နိုင်ငံလုံးကို တစ်လုပ်တည်း မျိုချလိုက်သည်။]
[သင်သည် သင်၏ ကာကွယ်ရေး ဂန်ချီကို အသက်သွင်းပြီး သားရဲ၏ ဝမ်းဗိုက်အတွင်းရှိ နေရာလွတ်ထဲသို့ ဝင်ရောက်ခဲ့သည်...]
[သင်သည် မိုးကြိုးဧရိယာထဲသို့ တက်ကြွစွာ ဝင်ရောက်ခဲ့ပြီး မိုးကြိုး၏ နှစ်ခြင်း ခံယူခြင်းကို လက်ခံခဲ့သည်…]
…