ရုပ်သေးရုပ်လား? ဆေးဖော်စပ်တဲ့ ကူလီလုပ်သားပဲ!
Vol. 30 Ch. 420
"ကျွန်မတို့ ရှားစစ်တပ်ကိုလည်း အကြောင်းကြားထားပြီးသားပါ၊ ရှေ့ဖြစ်ဟော အသင်းက အဆာခံဆေးလုံး ငါးသောင်း ထောက်ပံ့ပေးနိုင်တာနဲ့ ဒုတိယအဆင့် သတ္တုတွင်း နယ်မြေတစ်ခုကို တူးဖော်ခွင့်ရမယ်တဲ့။"
စုရှင်းသည် ထိုစကားကို ကြားသောအခါ ခေါင်းကို အသာအယာ ငြိမ့်ပြပြီး ခဏတာ စဉ်းစားကာ ပြောလိုက်သည်။
"အဲ့ဒီလိုဆို အဆင်ပြေပါတယ်... ကျွန်တော် မျက်နှာအာဟာရပြု ဆေးလုံးတွေ ထုတ်လုပ်တာကို ခဏရပ်ထားအုံးမယ်။ အဆာခံ ဆေးလုံးတွေပဲ အာရုံစိုက်ပြီး ဖော်စပ်တော့မယ်။"
"နောက်ကျ ရှေ့ဖြစ်ဟော ကုန်သွယ်ရေးအသင်းရဲ့ အဓိက စီးပွားရေး လမ်းကြောင်းက ထူးခြားသတ္တုတွင်း တူးဖော်ရေး ဖြစ်လာလိမ့်မယ်။"
ကျင်းချုံးရွှယ်သည် သူ၏ စကားကို နားထောင်ပြီးနောက် ငြင်းဆိုခြင်း မရှိဘဲ ပြန်ပြောသည်။
"ရှေ့ဖြစ်ဟော အသင်းကို ကျွန်မနဲ့ ရှင်နဲ့ နှစ်ဦး ပူးပေါင်း တည်ထောင်ထားတာမလား။ ဒီလိုမျိုး အဓိက ဆုံးဖြတ်ချက်တွေမှာ ကျွန်မ ဘာမှ မကန့်ကွက်ပါဘူး..."
"ပြီးတော့ ရှေ့ဖြစ်ဟော အသင်းရဲ့ လက်ရှိ လုပ်ငန်းလည်ပတ်မှုတွေက တည်ငြိမ်နေပြီဆိုတော့ ငွေကြေးက ထပ်ပြီး ထည့်သွင်းဖို့လည်း မလိုတော့ဘူး... မျက်နှာအာဟာပြု ဆေးလုံးတွေကတော့ ဖောက်သည်တစ်ချို့ရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ တခါတရံတော့ ဖော်စပ်ပေးမှ ရမယ်ထင်တယ်။"
ဤစကားကို ကြားပြီးနောက် စုရှင်းသည် ခေါင်းငြိမ့်လိုက်သည်၊ ကျင်းချုံးရွှယ်၏ အကြံဉာဏ်များသည် သူ၏ကိုယ်ပိုင် အတွေးများနှင့် တစ်ထပ်တည်း ကျနေသည်။
သူတို့နှစ်ဦးသည် ခဏတာ စကားဆက်ပြောနေကြသည်။ ထိုစဥ် ကျင်းချုံးရွှယ်သည် ရယ်စရာ တစ်ခုခုကို သတိရသွားပုံ ရသည်။
"ဒါနဲ့လေ၊ မကြာသေးခင်က ရှင် ကြားမိသေးလား... ပုလဲ စီးပွားရေးအသင်းရော၊ မြောက်ယွမ် စီးပွားရေးအသင်းရော အပြင်... ကျွန်မရဲ့ ဒုတိယ အဘိုးအရင်းတောင်မှ ဒဏ္ဍာရီလာ လျှို့ဝှက် စွမ်းအားရှင် တစ်ဦးကို ရှာဖွေနေကြတယ်တဲ့"
"ဘာကြောင့် ရှာနေကြသလဲ ဆိုတာကတော့ အကြောင်းရင်း မသိရသေးဘူး၊ ဒါပေမယ့် အသက်ရှည်တာနဲ့ ပတ်သက်မယ်ထင်တယ်။"
ဤသို့ပြောပြီးနောက် ကျင်းချုံးရွှယ်သည် ရယ်မောလိုက်သည်။
"ရှင် ယုံနိုင်မှာ မဟုတ်ဘူး... ကျွန်မရဲ့ ဒုတိယ အဘိုးအရင်းက အသက်ငါးရာကျော်ပြီ၊ ကောင်းကင်ဘုံ ဘုရင်အဆင့် ကျွမ်းကျင်သူ ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်...အခုလေ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ပက်ပြေးနေတာ ချော်ပါလဲတယ်..."
စုရှင်း၏ ပါးစပ်သည် အနည်းငယ် တွန့်ကွေးသွားပြီး သူသည် စူးစမ်းသော လေသံဖြင့် မေးလိုက်သည်။
"အိုး? သူတို့ ဒီစွမ်းအားရှင်နဲ့ ပတ်သက်တဲ့ သတင်းတစ်ခုခုရော တွေ့ပြီတဲ့လား?"
ကျင်းချုံးရွှယ်က ခေါင်းခါလိုက်သည်။
"မတွေ့ပါဘူး... အဲ့ဒီအကြီးအကဲက သွားလိုက်လာလိုက် လုပ်နေတာ ဘာအရိပ်အယောင်မှတောင် မကျန်ခဲ့ဘူး... စီးပွားရေးအသင်း တချို့ဆို နတ်ဆိုးနှိမ်နင်းရေး စခန်းက ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူ တစ်ဦးကိုတောင် မေးမြန်းခဲ့တယ်တဲ့။ ဒါပေမယ့် အဲ့ဒီ အကြီးအကဲနဲ့ ပတ်သက်တဲ့ အချက်အလက် ဘာတစ်ခုမှ မတွေ့ခဲ့ပါဘူး။"
ဤအရာကို ကြားပြီးနောက် စုရှင်းသည် များစွာ စိတ်သက်သာရာ ရသွားသည်။
ထိုဖြစ်ရပ်ပြီးနောက် စုံစမ်းထောက်လှမ်းခြင်း ခံရမည့် အဖြစ်ကိုတော့ စုရှင်း မျှော်လင့်ထားပြီး ဖြစ်သည်။
သို့သော် ရလဒ် မရနိုင်ကြောင်းလည်း ကြိုတင် သိထားသည်။ အဘယ်ကြောင့်ဆိုသော် စုရှင်းသည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို ကာကွယ်ထားပြီး လျှို့ဝှက်လုပ်ဆောင်ခဲ့သည်။ အန္တရာယ်အားလုံး နီးပါးကို ဖယ်ရှားနိုင်ရန် အတွက်လည်း သရုပ်ပြခြင်းတွင် အကြိမ်ကြိမ် စမ်းသပ်ထားပြီး ဖြစ်သည်။ သူ့အား ဘယ်လိုများ ရှာတွေ့နိုင်မည်နည်း။
ထို့ပြင် ရှားနိုင်ငံတွင် ရှိသည့် လူသား ဘီလီယံပေါင်း များစွာထဲတွင် စုရှင်းကဲ့သို့သော ရိုးရိုးတက္ကသိုလ် ကျောင်းသားတစ်ဦးကို မည်သူမှ သံသယ ဝင်ကြမည် မဟုတ်ပေ။
မကြာမီပင်၊ သူတို့၏ စကားဝိုင်း ပြီးဆုံးသွားသည်။
စုရှင်းသည် တစ်ပတ်စာ ပစ္စည်းအသစ်များနှင့်အတူ ဝိညာဉ်စိုက်ခင်းဂူသို့ လျှို့ဝှက်စွာ ပြန်လာခဲ့သည်။
တစ်ပတ်စာ ပစ္စည်းအသစ်များသည် စုရှင်းကို သရုပ်ပြခြင်း စွမ်းအင်မှတ်ပေါင်း သန်း၁၅၀ ပေးခဲ့သည်။
စုရှင်း စိတ်ကူးထားသည့် အတိုင်းပင် ဒုတိယအဆင့် ထူးခြားသတ္တုတွင်း နယ်မြေ တစ်ခုသည် တစ်ပတ်လျှင် သရုပ်ပြခြင်း စွမ်းအင်မှတ်ပေါင်း သန်း ၅၀ နီးပါး အမြတ် ရရှိစေနိုင်သည်။
ထို့ကြောင့် စုရှင်း၏ သရုပ်ပြခြင်း စွမ်းအင်သည် ၂.၉၆၈၂၃ ဘီလီယံမှတ်သို့ ရောက်ရှိသွားသည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် စုရှင်းသည် သရုပ်ပြခြင်း အသစ်တစ်ခု အတွက် ပြင်ဆင်လိုက်သည်။
သရုပ်ပြခြင်း မပြုလုပ်မီ၊ စုရှင်းသည် ဤသရုပ်ပြခြင်း အတွက် ပန်းတိုင်များကို သတ်မှတ်လိုက်သည်။
"စွမ်းအားရဲ့ မူလအစကို နားလည်သဘောပေါက်ပြီး အသေးစား အောင်မြင်မှုကို အမြန်ဆုံး ရရှိအောင် လုပ်မယ်... ဒါမှ ငါ ခန္ဓာကိုယ် ပေါင်းစည်းခြင်း အဆင့်ကို အမြန် ထိုးဖောက်နိုင်မှာ!"
"ဒီအပြင် ရုပ်သေးရုပ် လမ်းစဉ်ကိုလည်း မြှင့်တင်ဖို့ လိုသေးတယ်၊ ရုပ်သေးရုပ်တွေ အများကြီး ထပ်ဖန်တီးနိုင်ရင် နောက်ကျ သရုပ်ပြခြင်း စွမ်းအင်တွေ ပိုရနိုင်မယ်၊ အဲ့ဒီအချိန်ကျရင် ခန္ဓာကိုယ် ပေါင်းစည်းခြင်းအဆင့် အတွက် လိုအပ်တဲ့ စွမ်းအင်လည်း လုံလောက်သွားလိမ့်မယ်..."
ဤသို့တွေးပြီးနောက် စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။
"သရုပ်ပြခြင်းကို စတင်မယ်!"
[ဒင်! ဤသရုပ်ပြခြင်းသည် စွမ်းအင်မှတ် ၆၆၀၀ ကုန်ကျပါမည်။ ကျန်ရှိသော စွမ်းအင်မှတ်များမှာ ၂.၉၆၈၂၃ ဘီလီယံ ဖြစ်ပြီး၊ ကျန်ရှိသော သရုပ်ပြခြင်း အကြိမ်ရေမှာ အကန့်အသတ် မရှိပါ။]
[သရုပ်ပြခြင်း စတင်ပါပြီ!]
[ခရမ်းရောင် စွမ်းရည် တစ်ခုကို ရယူရန် စွမ်းအင်မှတ် ၁၀၀,၀၀၀ ကုန်ကျပါမည်၊ ရွှေရောင် ဒဏ္ဍာရီလာ စွမ်းရည် တစ်ခုကို ရယူရန် စွမ်းအင်မှတ် ၁ သန်း ကုန်ကျပါမည်၊ ရယူလိုပါသလား?]
"ရွှေရောင် အရည်အချင်းရှိတဲ့ စွမ်းရည်ကို ရယူမယ်!"
စုရှင်းသည် မတွန့်ဆုတ်ဘဲ ပြောလိုက်သည်။
[ဒင်၊ ဂုဏ်ယူပါသည်၊ ခရမ်းရောင် စွမ်းရည် အမြင့်ဆုံး လှံပညာကို သင် ရရှိခဲ့သည်၊ သင့်တွင် နောက်တစ်ကြိမ်၌ ရွှေရောင် စွမ်းရည် ရရှိရန် အခွင့်အရေး ၅၀% ရှိသည်...]
[အမြင့်ဆုံး လှံပညာ]: လှံပညာအပေါ် နားလည်သဘောပေါက်မှုသည် သာမန်လူများကို ကျော်လွန်သည်။ လှံလမ်းစဉ်တွင် သင်၏ ပါရမီသည် သာမန်လူထက် အကြိမ်ပေါင်းများစွာ သာလွန်သည်။
အသစ်ရရှိသော စွမ်းရည်ကို ကြည့်ပြီးနောက် စုရှင်းသည် မထူးဆန်းသလို ခေါင်းခါလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ရွှေရောင် စွမ်းရည် မဟုတ်ပေ။
"လှံပညာလား... မဆိုးပါဘူး၊ ဒါပေမယ့် ဘယ်သူက လက်နက်တိုင်းကို ကျွမ်းကျင်နိုင်မှာလဲ? ငါကိုယ်တိုင်တောင်... အရာအားလုံးကို ကျွမ်းကျင်နိုင်မှာ မဟုတ်ဘူး။"
ဓားပညာတွင်သာ သူ့ကိုယ်သူ လုံးလုံးလျားလျား မြှုပ်နှံထားခဲ့သော စုရှင်းသည် လှံပညာကို ယခုအချိန်တွင် လိုက်စားရန် ရည်ရွယ်ချက် မရှိပေ။
ဤသို့တွေးပြီးနောက် စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ပြန်လည် ရောက်ရှိသွားသည်။
[ဝိညာဉ်စိုက်ခင်းဂူထဲတွင်၊ သင်သည် သရုပ်ပြခြင်း တစ်ခုအတွင်း ရောက်ရှိနေကြောင်း သဘောပေါက်သည်။]
[နောက်ထပ် တစ်လခွဲကြာသည်အထိ၊ သင်သည် ဆေးလုံးများ ဖော်စပ်နေပြီး ကြီးမြတ်သော ဉာဏ်ပညာ အခြေအနေကို စုဆောင်းနေခဲ့သည်။]
[တစ်လခွဲအကြာတွင် သင်သည် လောထျန်း ညီလာခံသို့ ဝင်ရောက်ရန် ထွက်ခွာခဲ့သည်။]
လက်တွေ့ကမ္ဘာတွင် စုရှင်းက အသာအယာ ခေါင်းငြိမ့်လိုက်သည်။
ဤသရုပ်ပြခြင်းတွင် သူသည် ရုပ်သေးရုပ် လမ်းစဉ်ကို သင်ယူရန် အတွက် တစ္ဆေအဖွားကြီး၏ လမ်းညွှန်မှုကို ဆက်လက် ခံယူရန် စီစဉ်ထားသည်။
"မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အသုံးပြုမယ်... ကြာချိန်: ၂၄ နာရီ!"
[ဒင်၊ သင်သည် မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အောင်မြင်စွာ အသုံးပြုလိုက်သည်... ကျန်ရှိသော စွမ်းအင်မှတ်များ: ၂.၉၆၅၈၃ ဘီလီယံ။]
…
မကြာမီပင်၊ မြှုပ်နှံသရုပ်ပြခြင်း ပြီးဆုံးသွားသည်။
ဤသရုပ်ပြခြင်းတွင် စုရှင်းသည် တစ္ဆေအဖွားကြီးထံမှ ရုပ်သေးရုပ် လမ်းစဉ်နှင့် ပတ်သက်သော အသိပညာများကို များစွာ ထပ်မံ ရရှိခဲ့သည်။
"အသေးစား အောင်မြင်မှု အဆင့်ကို မရောက်သေးပေမယ့်... ရုပ်သေးရုပ် လမ်းစဉ်အပေါ် နားလည်မှုက သိသိသာသာတော့ တိုးတက်လာပြီ!"
စုရှင်းသည် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။
[တစ်လအကြာတွင်၊ သင်သည် ကတိအတိုင်း လောရွှေရင်နှင့် တွေ့ဆုံပြီး ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။]
[လေ ရွှေရင်သည် ဤအချိန်တွင် ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီဖြစ်ပြီး သင်သည်လည်း ဆင်းသက်ဂိုဏ်း အတွင်း၌ နောက်လိုက် အဖွဲ့တစ်စုကို လျင်မြန်စွာ စုဆောင်းနိုင်ခဲ့သည်။]
[နောက်တစ်နှစ်အထိ သင်သည် ဆင်းသက်ဂိုဏ်းတွင် နေ့စဉ် ဆေးလုံးများ ဖော်စပ်ရင်း၊ ရုပ်သေးရုပ် လမ်းစဉ်ကို လေ့လာရင်း နေထိုင်ခဲ့သည်။]
[ဒုတိယနှစ်တွင်၊ သင်သည် အချိန်ယူ၍ လောထျန်း ညီလာခံသို့ ထပ်မံ ဝင်ရောက်ခဲ့သည်။]
"မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အသုံးပြုမယ်…”
…