အတိတ်ကဇာတ်လမ်း
Vol. 19 Ch. 272
ကျိုးဧကရာဇ်၏ လက်ကိုရုတ်သိမ်းလိုက်ချိန်တွင် ယွဲ့ဝူယောင်တို့၏ အကာအကွယ်သည် မှိန်လျနေပြီး ပျောက်ကွယ်လုနီးပါးဖြစ်လာသည်။
ဤရိုက်ချက်တွင် သူတို့၏ စွမ်းအင်များအားလုံးကို ထုတ်သုံးကာ ကာကွယ်ခဲ့ရ၏။ ထို့ကြောင့်ပင် စွမ်းအင်ကုန်ဆုံးလုနီးပါး ဖြစ်လာခဲ့သည်။
“မင်းတို့ အညံ့မခံသေးဘူးလား..”
ကျိုးဧကရာဇ်၏ ပုံရိပ်သည် သာမန်လေသံနှင့် မေးလိုက်၏။
“ခင်ဗျား အိမ်မက်ထဲမှာပဲရမယ်..”
ပိုင်ကျန့်ယွီသည် မောဟိုက်နေသည့် လေသံနှင့် ခွန်းတုန့်ပြန်လိုက်သည်။
“အခုထိ ခေါင်းမာတုန်းပဲ..”
ကျိုးဧကရာဇ်သည် ခေါင်းအသာခါယမ်းပြီးနောက် စွမ်းအင်အနည်းငယ်ထည့်သွင်း၍ ထပ်မံရိုက်ချလိုက်ပြန်သည်။
ယွဲ့ဝူယောင်တို့သည် စွမ်းအင်များကို ထပ်မံထုတ်ဖော်လိုက်သော်လည်း စွမ်းအင်ကုန်ဆုံးမှုကြောင့် ထွက်ပေါ်မလာတော့ချေ။ သူတို့သည် မျှော်လင့်ချက်မဲ့သွား၏။ သို့သော် သူတို့အားလုံးသည် ဤဆုံးဖြတ်ချက်အတွက် နောင်တရဟန်မရှိချေ။
ကျိုးဧကရာဇ်၏ လက်ဝါးကြီးသည် နောက်တဖန် ကျရောက်လုဆဲဆဲတွင် သာယာနာပျော်ဖွယ်အသံလေး ထွက်ပေါ်လာ၏။
“ဟွမ်းရှန့်နန်းတော်က အနိုင်ကျင့်ဖို့လွယ်ကူတယ်များ ထင်နေလား..”
ထိုအသံနှင့်အတူ အလင်းတန်းတစ်ခုသည် ကျိုးဧကရာဇ်၏ ပုံရိပ်ကို ထိမှန်သွား၏။
“ရွှစ်..”
ကြမ်းတမ်းဟန် မရှိသည့် အလင်းတန်းသည် ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်နှင့် တပြိုင်နက် ကျိုးဧကရာဇ်၏ ပုံရိပ်သည် စက္ကူတစ်ရွက်အား မီးရှို့လိုက်သည့်အလား ပျောက်ပြယ်သွားသည်။
“ဒါက..”
ကျန်းယွမ်ချင်းနှင့် ဟွေ့လုံချန်တို့သည် မှင်သက်သွားကြ၏။ ထိုအရာသည် ကျိုးဧကရာဇ်၏ ပုံရိပ်သက်သက်ဖြစ်သော်လည်း သူတို့ပင် အနိုင်ယူနိုင်သည့် အရာမျိုး မဟုတ်ပေ။
သို့သော် ရောက်ရှိလာသည့် မိန်းကလေး၏ တိုက်ခိုက်မှု တစ်ခုကြောင့် ပျက်ပြယ်သွားရလေသည်။ သူတို့သည် ပါးစပ်အဟောင်းသားနှင့်သာ ကြည့်နေနိုင်တော့၏။
စုန့်ချင်းသည် ယွဲ့ဝူယောင်တို့အနား ရောက်ရှိလာပြီး ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်..၊ အစ်မချင်း..”
ယွဲ့ဝူယောင်တို့သည် ကျေးဇူးတင်စကားဆိုလိုက်၏။ သူမတို့သည် မိမိကိုယ်ကိုယ် အထင်ကြီးခဲ့မိကြသည်။ သူမတို့အနေနှင့် အဓိပတိ နတ်အင်ပါယာများကိုပင် တိုက်ခိုက်နိုင်သော်လည်း မဟာနတ်အင်ပါယာအဆင့်သည် သူတို့ ခုခံနိုင်သည့် အနေအထားများ မဟုတ်ခဲ့ချေ။
လုရှင်းယန်တို့သည်လည်း ခေါင်းငုံထားမိကြ၏။ ထိုပုံရိပ်သက်သက်ကပင် အန့်လျန်၏ တိုက်ခိုက်မှုများထက် ပြင်းထန်လွန်းနေခဲ့သည်။
“အဲ့ဒီကောင်ကို ရှင်းလိုက်ဦးမယ်..”
စုန်ချင်းသည် ထိုသို့ မလိုအပ်ကြောင်းပြောကာ လေဟာနယ်ကို ကျော်ဖြတ်၍ သူမ၏ အကြည့်ထုတ်ဖော်လိုက်၏။
“ထွက်မလာသေးဘူးလား..”
“နယ်မြေငယ်လေးမှာ မူလနတ်အင်ပါယာ တစ်ဦးရှိနေမယ်လို့ မမျှော်လင့်မိဘူး..”
လူရွယ်တစ်ယောက်သည် လေဟာနယ်အတွင်းမှ ထွက်လာခဲ့သည်။ သူ၏ အသွင်သည် ဟွေ့လုံချန်တို့နှင့် မတူညီပဲ ငယ်ရွယ်နေ၏။
“တကယ်ပဲ ကျိုးဧကရာဇ်ပဲ..၊ သူပြန်လာခဲ့တာလား..”
ကျန်းယွမ်ချင်းတို့သည် အတွေးနက်သွား၏။ ကျိုးဧကရာဇ်သည် ဤကမ္ဘာငယ်လေးမှ ထွက်ခွာသွားသည်ဟု သိရှိထားကြခြင်းဖြစ်သည်။
“ရှင် တိုက်ခိုက်ကြည့်ချင်လား..”
စုန့်ချင်းသည် သူမ၏ ဝိညာဉ်စွမ်းအင်များကို လည်ပတ်လိုက်ပြီး တိုက်ခိုက်တော့မည် အသွင်ပြုလုပ်လိုက်၏။
ကျိုးဧကရာဇ်၏ မျက်နှာသည် သူမ၏ အပြုအမူကြောင့် လေးနက်သွားတော့သည်။
တစ်ဖက်ရှိ ထိုအဖြစ်အပျက်များကို မသိပဲ လျှိုဝှက်နယ်မြေတစ်ခု အတွင်းရောက်ရှိနေသည့် ဟွမ်းသည် ထိုနေရာတွင် စစ်ဆေးမှုများ ပြုလုပ်နေ၏။
သူသည် ဤနေရာတွင် ဝိညာဉ်စွမ်းအင်များ နည်းပါးနေသော်လည်း ထူးခြားစွာပင် ရတနာ အချို့တည်ရှိနေသည်။
သို့သော် ထိုရတနာများသည် သူထံတွင်ရှိသည့် ကျိုးပဲ့နေသည့် လက်နက်များလောက်ပင် မကောင်းသောကြောင့် စိတ်မဝင်စားခဲ့ချေ။
ထို့နောက် ထူးဆန်းသည့် ဂူတစ်ခုကို တွေ့ရှိလိုက်သောကြောင့် ဝင်ရောက်သွား၏။ ထိုအချိန်တွင် ဂူထဲမှ ထက်ရှလှသည့် အသံထွက်ပေါ်လာသည်။
“မင်း..ဘယ်သူလဲ..၊ အချိန်မကျသေးပဲ ဘာကြောင့် လေဟာနယ်စစ်တလင်းထဲ ဝင်ရောက်လာတာလဲ..”
“လမ်းကြုံလို့..”
ဟွမ်းသည် အတိအကျ မပြေပေ။ ထိုအသံကြောင့် ဤနေရာသည် သူ၏ တပည့်များ ဝင်ရောက်ခဲ့ဖူးသည့် လေဟာနယ်စစ်တလင်းဖြစ်သည်ကို သိရှိလိုက်၏။ ထို့နောက် သူ၏ ရှေ့တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး မာန်မဲလိုက်သည်။
“လမ်းကြုံဝင်လို့ရအောင် ဒီနေရာကို လမ်းဘေးဈေးဆိုင် မှတ်နေလား..”
“ခင်ဗျားက ဘယ်သူတုန်း..”
ဟွမ်းသည် ဝိညာဉ်အသွင်နှင့် အဘိုးအိုတစ်ဦးအား တွေ့ရှိလိုက်သောကြောင့် ပြန်လည်မေးခွန်းထုတ်လိုက်၏။
သို့သော် ထိုအဘိုးအိုသည် ခွန်းတုန့်ပြန်ခြင်း မရှိပဲ ဟွမ်းကို စေ့စေ့စပ်စပ်ကြည့်ကာ လေ့လာနေသည်။
“မင်းမှာ ဓားနဲ့ ပတ်သတ်ပြီး ထူးခွန်တဲ့ ပါရမီမပါဘူး..၊ မင်းရဲ့ အရိုးအရင်းမြစ်ကလဲ ထူးဆန်းနေတယ်..၊ နှမြောစရာပဲ ငါ့ရဲ့အမွေဆက်ခံဖို့ မသင့်လျော်ဘူး..”
ထိုအဘိုးအိုသည် ပြောဆိုလိုက်၏။ ဟွမ်း၏ ခန္ဓာကိုယ်အနေအထားသည် သူ့အတွက် ညံ့ဖျင်းဟန်ရှိသည်။
“ခင်ဗျား အမွေက ဘာလဲ..”
ဟွမ်းသည် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
ဟွမ်း၏မေးခွန်းကြောင့် အဘိုးအိုသည် သူ၏ လက်ဝှေ့ယမ်းလိုက်ချိန်တွင် အနီးရှိ လေထုသည် ဓားတစင်းသဖွယ်ဖြစ်တည်သွားသည်။
ထို့နောက် ဟွမ်းထံ ဦးတည်ကာ ပစ်လွှတ်လိုက်၏။
“သေချင်နေတာလား..”
ဟွမ်းသည် အလျင်အမြန်လှုပ်ရှားကာ ဝိညာဉ်အဘိုးအိုကို ရိုက်ချလိုက်သည်။ ထိုအချင်အရာကြောင့် အဘိုးအိုသည် မျက်လုံးများ ပြူးကျယ်သွား၏။
“ရပ်လိုက်စမ်း မင်းဘာလုပ်တာလဲ..”
သို့သော်လည်း သူ၏ အော်ဟစ်မှုသည် နောက်ကျသွားလေသည်။ ဟွမ်း၏ ရိုက်နှက်မှုကို မတုန့်ပြန်နိုင်ချေ။
“ဘုန်း..”
အဘိုးအို၏ ဝိညာဉ်သည် ဂူ၏ အဆုံးထိသို့ပင် လွင့်စင်သွား၏။ အဘိုးအို၏ ဝိညာဉ်သည် ဂူနံရံနှင့် တိုက်မိသွားသောကြောင့် ဂူတစ်ခုလုံး လှုပ်ယမ်းသွားသည်။
“မင်း..မင်း..”
အဘိုးအိုသည် တုန်ယင်နေပြီး ဒေါသတကြီး အမူအယာနှင့်ကြည့်လိုက်၏။ သူသည် ‘ဘာကောင်လဲ’ ဆိုသည်ကို ပြသလိုသောကြောင့် သူ၏ စွမ်းအင်များ ထုတ်ဖော်လိုက်ခြင်းပင်။
သို့သော် ထိုလူငယ်သည့် သူ့ကို တိုက်ခိုက်သည်ဟု ထင်မှတ်သွားပြီး ရိုက်နှက်လေ၏။
သူ့တွင် တားဆီးချိန်ပင် မရလိုက်။
ယနေ့ခေတ်လူငယ်တွေ ဤမျှပင် စိတ်ဆတ် ကြသလော။
ထို့နောက် သူသည် ဟွမ်းတဟုန်ထိုး လာနေသည်ကို တွေ့လိုက်ရသောကြောင့် အလျှင်အမြန် အော်ဟစ်လိုက်ရ၏။
“ငါက ဓားဧကရာဇ်ကွ..”
ထိုအသံသည် ဟွမ်း၏ အရှိန်သည် ရပ်တန့်သွားသည်။ သူ၏ မျက်ဝန်းတွင် အံ့ဩဟန်များ ပေါ်ထွက်နေ၏။ ဓားဧကရာဇ်ဆိုသည်ကို ကျို့ယင်ထံမှ ကြားဖူးသောကြောင့်ပင်။
ထိုအခါမှသာ ဓားဧကရာဇ်သည် သက်ပြင်းချနိုင်တော့၏။ မဟုတ်လျှင် ထိုလူငယ်လက်ချက်နှင့် အလူးအလဲခံစားရပေဦးမည်။ သူသည် ထိုလူငယ်၏ ရိုက်နှက်မှုများကို မတားဆီးနိုင်ခဲ့ချေ။
“ခင်ဗျားက တနည်းတဖုံနဲ့ ရှင်သန်နေသေးတာပဲ..”
ဟွမ်းသည် ဓားဧကရာဇ်၏ ရှေ့တွင် ရပ်တန့်ကာ ပြောဆိုလိုက်၏။ ကျို့ယင်သည် ထိုသူများ သေဆုံးလောက်ပြီဟု ပြောခဲ့သော်လည်း ထိုသူများသည် ဝိညာဉ်အဖြစ် ရှင်သန်နေထိုင်နေကြသည်။
“မင်းငါ့အကြောင်း ကြားဖူးတယ်လား..”
ဓားဧကရာဇ်သည် ကုန်းရုံးထကာ မေးလိုက်၏။ သူသေဆုံးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီမို့ ယနေ့ခေတ် ကျင့်ကြံသူများ သိရှိနေဦးမည်ဟု မထင်မှတ်ထားခဲ့ပေ။
“ဆိုပါတော့..”
“ငါက သေဆုံးပြီးပါပြီ..၊ ဒါက ဝိညာဉ်အကြွင်းကျန်သပ်သပ်ပဲ..”
ဓားဧကရာဇ်သည် သူ၏ အကြောင်းများကို ရှင်းပြပြောဆိုရန် ကြိုးစားလိုက်သည်။
“ဒီနေရာကို ခင်ဗျားတည်ဆောက်ခဲ့တာလား..”
ဟွမ်းသည် သူသိလိုရာသာ တည့်တည့်မေးလိုက်၏။ ထိုအဘိုးအို၏ နောက်ကြောင်းကို နားထောင်ရန် စိတ်မဝင်စားချေ။
ဓားဧကရာဇ် “...”
‘ငါဘယ်လိုသေဆုံးရတယ်ဆိုတာတောင်ပြောခွင့် မပေးဘူးလား..’
ဓားဧကရာဇ်သည် စွံ့အသွား၏။ သာမန်ကျင့်ကြံသူဆိုလျှင် အ လာဘ၊ သ လာဘ ပြောကာ ရင်းနှီးမှုရှိချိန်မှ သိလိုသည်များကို မေးမြန်းကြမည်မှာ ကျိန်းသေပင်။
သူသည် ပြောပြရန်ကြံရွယ်နေသော်လည်း ထိုလူငယ်သည် နားထောင်ချင်ဟန်မရပေ။ သို့သော်လည်း သူသည် အရှိန်ယူကာ စတင်ပြောရန်ကြံရွယ်လိုက်၏။
“ဒီအကြောင်းတွေပြောရရင် နည်းနည်းရှည်တယ်..”
“လိုရင်းကို အကျဉ်းချုံးပြော..”
ဟွမ်းသည် စိတ်မရှည်သည့်လေသံနှင့် ဆိုလိုက်သည်။ အကြောင်းအရာများကို ဇာတ်လမ်းတစ်ပုဒ်သဖွယ် နားမထောင်ချင်ပေ။ ထိုအဘိုးအို၏ အသွင်သည် အဆွေးဇာတ်လမ်းတစ်ပုဒ် ပြောချင်နေဟန်ရှိ၏။
ဓားဧကရာဇ် “...”
ဓားဧကရာဇ်သည် မည်သို့ပြောရမှန်းမသိအောင်ပင် စွံ့အနေ၏။ ထို့နောက် သူသည် တွက်ကပ်မနေပဲ ရှင်းပြပြောဆိုလိုက်တော့သည်။
“ငါတို့ အသက်ရှင်တုန်းက ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦး ငါတို့ရဲ့ ထျန်းကမ္ဘာငယ်ကို ရောက်ရှိလာတယ်..၊ သူမက ငါတို့ တစ်ခါမှ မကြုံဖူးတဲ့ စွမ်အားမျိုး ရှိတဲ့သူတစ်ယောက်ပဲ၊ ဒါပေမဲ့ ထူးဆန်းတာက အဲ့ဒီအမျိုးသမီးက ဝိညာဉ်အသွင်ပဲ ရှိတယ်..”