← Chapters

ထူးခြားသည့်နည်းလမ်း

Vol. 19 Ch. 276

ထူးခြားသည့်နည်းလမ်း

Vol. 19 Ch. 276

“ကျုပ်တို့နဲ့ အသွင်အတူတူပဲပေါ့..”

ရွှမ်းလုံနှင့် ဟေးယန်သည် အံ့ဩတကြီးမေးလိုက်မိကြသည်။ သူတို့နှင့် အလားသဏ္ဌာန်တူသည့် ရတနာမျိုး ယခုမှ ကြုံတွေ့ဖူးခြင်းပင်။

ဟွမ်းသည် နားလည်သွား၏။ ရွှမ်းလုံနှင့် ဟေးယန် ထွက်ပေါ်လာချိန်တွင် ထိုနှစ်ကောင်သည် မည်အသည့်အရာမျှ မမှတ်မိခဲ့ချေ။

‘သူတို့နှစ်ယောက်ကလဲ ပြန်လည် မွေးဖွားလာတဲ့ ရတနာလက်နက်တွေလား..’

ထို့အပြင် သူတို့စတင်ဖြစ်ပေါ်လာချိန်က ကလေးများအသွင်နှင့် စတင်ပေါ်ထွက်လာခဲ့ခြင်းပင်။

“အတိတ်က ဘာတွေ ဖြစ်ခဲ့တာလဲ..၊ အဲ့ဒီလူက ဘယ်သူလဲ..၊ ကျုပ်ကရော ဘယ်သူလဲ..”

ဟွမ်းသည် များပြားသည့် မေးခွန်းများစွာ မေးလိုက်မိ၏။ ထိုမေးခွန်းများသည် လတ်တလောမေးချင်နေသည့် အရာများပင်။

လင်းရှု့သည် ထိုအကြောင်းအရာများကို ရှင်းပြချင်၏။ သို့သော် သူမနေနှင့် မတက်နိုင်ပေ။

“ရှင့် သိချင်တာတွေ အရမ်းများနေမယ်ဆိုတာ ကျွန်မသိပါတယ်..၊ ဒါပေမဲ့ အဲ့ဒီလူရဲ့ ဖြစ်တည်မှုကြောင့် ကျွန်မ ထုတ်ပြောလို့မရဘူး..”

“ဒါဆို မင်းပြောလို့ရတဲ့ အရာတွေကို အသေးစိတ်ပြောပြ..”

ဟွမ်းသည် အသေးစိတ်သိလိုနေ၏။ လင်းရှု့သည် ခေါင်းအသာ ညိတ်ပြလိုက်သည်။ သူမ၏ ဝိညာဉ်သည် ရွှေရောင်သစ်ပင်ငယ်လေးနှင့် မပေါင်းစည်းသေးခြင်းမှာ ထိုအကြောင်းအရာများ အတွက်ဖြစ်၏။ သို့သော် သူမ၏ ပြောပြနိုင်စွမ်းသည် အကန့်သတ်ရှိနေသည်။

“အဲ့ဒီလူက ဒီစင်္ကြာဝဠာကြီးတစ်ခုလုံးရဲ့ အထက်မှာ ရှိခဲ့တာ..၊ သူ့ရဲ့ တည်ရှိမှုကို သာမန်ကျင့်ကြံသူတွေတောင် မသိနိုင်ဘူး..”

“နဂါးနက်အစွယ်နဲ့ လက်နက်တစ်ခုကို ဖန်တီးခဲ့တယ်..၊ ဒါကြောင့် ဒီကောင်လေး ဖြစ်တည်လာတာပဲ..”

လင်းရှု့သည် ရွှမ်းလုံကို ညွှန်ပြကာ ဆိုလိုက်၏။

ရွှမ်းလုံ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူသည် နဂါးတစ်ကောင်ဟု ခံယူထားသော်လည်း သူ၏ မူလအသွင်သည် ပေတံတစ်လက်ဖြစ်နေသောကြောင့် စိတ်ဓာတ်များကျဆင်းခဲ့ရ၏။

သို့သော် နဂါးနက်တစ်ကောင်၏ အစွယ်နှင့် ပြုလုပ်ခံထားရသည် လက်နက်ဖြစ်နေမှန်း ယခုမှပင် သိရှိလိုက်ရသည်။

‘လက်နက်ကို ဒီလိုဝိညာဉ်နဲ့ တစ်သားတည်းဖြစ်တည်အောင် လုပ်နိုင်စွမ်းရှိတာလား..’

ဟွမ်းသည် တိတ်တဆိတ် တွေးလိုက်မိ၏။ အတော်ပင် အံ့အားသင့်ဖွယ်ကောင်းပေသည်။ လင်းရှု့သည် ဆက်လက်ရှင်းပြနေ၏။

“အရင်က ကျွန်မကလဲ သာမန်သစ်ပင်ငယ်လေးပဲ..၊ ဒါပေမဲ့ သူ့ရဲ့ သာမန်ပျိုးထောင်မှုနဲ့တင် ကျွန်မက အသိစိတ်ဖြစ်တည်လာပြီး လူသားအသွင်ရရှိလာတာ..”

ထိုသူသည် ရွှေရောင်သစ်ပင်ငယ်အား သာမန်မျှ ရေလောင်းပေါင်းသင်မှုသာ ပြုလုပ်ခဲ့သည်။ သို့သော် သူ၏ ခန္ဓာမှ ထွက်ပေါ်လာသော စွမ်းအင်များကြောင့် သူမသည် တဖြည်းဖြည်းနှင့် အသိစိတ်ရရှိလာခဲ့၏။

ထိုအသိစိတ်ကပင် လောက၏ စွမ်းအင်များကို စုပ်ယူလာနိုင်ခဲ့ကာ ထူးခြားသည့် သစ်ပင်ငယ်လေးဖြစ်တည်လာသည်။

အချိန်အတော်ကြာပြီးနောက်တွင် သူမသည် လူသားတစ်ဦးကဲ့သို့ပင် လှုပ်ရှားသွားလာမှုများ ပြုလုပ်နိုင်လာ၏။

ထိုသူ၏ ဆန်းကြယ်သည့် စွမ်းအားများကြောင့် သူဖန်တီးခဲ့သည် လက်နက်အတော်များများသည် အသိစိတ်များ ဖြစ်တည်လာကြသည်။

လင်းရှု့သည် တည်ငြိမ်သည့် အမူအယာနှင့် အတိတ်ကအကြောင်းအရာများကို အဆက်မပြတ်ပြောဆိုနေ၏။ သူမ၏ လေသံတွင် ထိုအရာများကို ပြန်လည်မြင်ယောင်လာဟန်ရသည်။

“အဲ့ဒီသူက တိတ်တဆိတ်ပဲ ဖြတ်သန်းရတာကိုနှစ်သက်သူတစ်ဦးပဲ..”

“ပြီးတော့ သူက လောကအရေးမှာ ဝင်ရောက်စွက်ဖက် ခြင်းမရှိခဲ့ဘူး..၊ ဒါပေမဲ့ လောကကြီးက သူ့ကို တိတ်တဆိတ် နေခွင့်မပြုခဲ့ဘူး..”

“ရန်သူတွေ ပေါ်ထွက်လာတာကြောင့် ဒီလောကကြီးတစ်ခုလုံး ကပြောင်းကပြန် ဖြစ်ခဲ့ရတယ်..”

သူမသည် ထိုတည်ရှိမှုများကို ထုတ်ဖော်နိုင်စွမ်းမရှိသောကြောင့် ရန်သူဟုသာ သုံးနှုန်းခဲ့လေသည်။

“လောကကြီးရဲ့ အထွတ်အထိပ် တော်တော်များများလည်း ကျဆုံးခဲ့ရပြီး ဟန်ချက်ပျက်ယွင်းလာတယ်..၊ လက်ပိုက်ကြည့်မနေနိုင်တော့တဲ့ သူက ပါဝင်ပတ်သတ်ခဲ့တာပေါ့..”

“ဒါပေမဲ့ ရန်သူရဲ့ ခွန်အားက အတော်လေးကြောက်စရာကောင်းခဲ့တယ်..”

ထိုသူသည် ဤစင်္ကြာဝဠာတွင် အထွတ်ထိပ်တည်ရှိသူတစ်ဦးဖြစ်သော်လည်း ဝင်ရောက်လာသည့် ရန်သူများသည် သာမန်မဟုတ်ခဲ့ပေ။

အကြီးကျယ်ဆုံးတိုက်ပွဲ တစ်ခုဖြစ်လာခဲ့ပြီး ထိုတိုက်ပွဲကြောင့် နှစ်ဘက်လုံးတွင် ဆုံးရှုံးမှုများစွာ ဖြစ်ခဲ့ရသည်။

လင်းရှု့သည်လည်း ထိုတိုက်ပွဲ၏ ရိုက်ခက်မှုမှ မလွတ်မြောက်နိုင်ခဲ့ချေ။

သို့သော် ထိုသူသည် ရန်သူများကို အဆုံးသတ်စေသည်အထိ နှိမ်နင်းနိုင်ခြင်း မရှိခဲ့ပေ။ ထိုသူ့၏ ခွန်အားနှင့်တောင် အနိုင်ယူရန် ခက်ခဲနေသည့်အတွက် ကျင့်ကြံသူများသည် အလွန်ပင် စိတ်ဓာတ်ကျဆင်းလာ၏။

ထိုသို့ အခက်အခဲများစွာ ကျရောက်နေချိန်တွင် ထိုသူသည် ထူးခြားသည့် အရာတစ်ခုကို ထုတ်ဖော်ခဲ့သည်။

ထိုအရာကြောင့်ပင် ဤစင်္ကြာဝဠာကြီး တည်ရှိနေသေးခြင်းဖြစ်၏။

“အဲ့ဒီအရာက ဘာလဲ..”

ဟွမ်းသည် မနေနိုင်တော့ပဲ ထုတ်မေးလေသည်။ လင်းရှု့သည် ခေါင်းခါယမ်းကာဆို၏။

“ကျွန်မရဲ့ နားလည်နိုင်စွမ်း နိမ့်ကျတာကြောင့် အဲ့ဒါက ဘာလဲဆိုတာ မပြောပြနိုင်ဘူး..၊ ဒါပေမဲ့ နည်းစနစ်တစ်ခုထက် သာလွန်တာတော့အမှန်ပဲ..”

ထိုအချင်းအရာကြောင့် ထိုသူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ဤစင်္ကြာဝဠာကြီးနှင့် ပေါင်းစပ်သွားခဲ့၏။

ထို့ကြောင့်ပင် ရန်သူများသည် ဝင်ရောက်နိုင်ခြင်း မရှိတော့ပဲ သူတို့၏ကျုးကျော်မှု မပြုနိုင်ကြတော့ပေ။

ထိုအရာသည် ရန်သူများအားလုံးကို ရှင်းလင်းနိုင်ခြင်း မရှိခဲ့သော်လည်း လောကကြီး၏ ငြိမ်းအေးမှုကို ပြန်လည် ရရှိလာစေ၏။

သို့သော် အချို့ရန်သူများသည် ဤစင်္ကြာဝဠာတွင် ကျန်ရှိသေးသည်။

“ဒါဆို သူက လောကတစ်ခုလုံးကို ပိတ်လှောင်ခဲ့တာပေါ့..”

ဟွမ်းသည် မေးခွန်းထုတ်သည်။ သူသည် တကယ်ပင်ကြီးမားသည့် လောကကြီးကို ရှု့မြင်လာ၏။ သူ၏ နားလည်နိုင်စွမ်းနှင့်ပင် လိုက်မှီရန် အချိန်ယူနေရသည်။

“အဲ့လိုလည်းဟုတ်ပေမဲ့..၊ ဒီစင်္ကြာဝဠာထဲမှာ ဝင်ရောက်ပြီးသားဖြစ်နေတဲ့ တည်ရှိမှုတစ်ခုကို ချိတ်ပိတ်ခဲ့တာလည်းဟုတ်တယ်..”

လင်းရှု့သည် အတိအကျဆို၏။

ထိုသူသည် ကျုးကျော်ဝင်ရောက်လာသည့် ရန်သူကို ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်တောက်ကာ ချိတ်ပိတ်ခဲ့သည့် ပုံစံမျိုးပင်။

ထို့ကြောင့်ပင် ထိုလူနှင့် ပတ်သတ်သည့် အသေးစိတ်များကို ထုတ်ဖော်ပြောရန် ခက်ခဲနေခြင်းဖြစ်သည်။

“ဒါဆို အဲ့ဒီတည်ရှိမှုက ပြန်လည်ထွက်ပေါ်လာနိုင်တာလား..”

ဟွမ်းသည် အနည်းငယ်စဉ်းစားပြီးနောက် မေးလိုက်၏။

“ဘယ်လောက်အထိ သန်မာတဲ့အရာဖြစ်ပါစေ၊ အချိန်ရဲ့ တိုက်စားမှုအောက်မှာ ယို့ယွင်းလာတက်တယ်..”

လင်းရှု့သည် ဖြေးညှင်းစွာဆက်ပြောသည်။

“သူ့ရဲ့ စွမ်းအားတွေကလဲ အဲ့ဒီလိုပဲ..၊ ပချိန်စီးကြောင်းကို မလွန်ဆန်နိုင်ဘူး..”

“အဲ့ဒီတုန်းက ရန်သူပြန်ပြီး နိုးထလာလိမ့်မယ်လို့ ကျွန်မထင်မိတယ်..၊ ဒီအကြောင်းတွေပြောပြဖို့သူ လိုအပ်နေလို့ မင်္ဂလာကောင်းချီးသစ်ပင်နဲ့ မပေါင်းစည်းပဲ နေထိုင်ခဲ့တာ..”

အကြောင်းမှာ ထိုအဖြစ်အပျက်များကို သိရှိကာ ရှင်သန်နေဆဲဖြစ်သူသည် တည်ရှိမှုအချို့နှင့် ရန်သူများသာကျန်ရှိတော့သောကြောင့်ပင်။

“ဒီကိစ္စတွေက ကျုပ်နဲ့ ဘယ်လိုသက်ဆိုင်တာလဲ..”

ဟွမ်းသည် အနည်းငယ်နားလည်လာသော်လည်း သူနှင့် ပတ်သက်ဆက်နွယ်မှုကို မသိရှိရသေးချေ။ ထို့အပြင် ထိုအကြောင်းအရာများတွင် သူနှင့် သက်ဆိုင်သည့် အရာများ မပါရှိချေ။

“ကျွန်မ ရွှေရောင်သစ်ပင်ငယ်လေးကို ရှင့်ကို ပေးအပ်လိုက်တာက ရှင်ဆီမှာ အဲ့ဒီလူရဲ့ ပုံရိပ်ကို ခံစားမိလို့..၊ ဒါပေမဲ့ ရှင်က သူ့ရဲ့ ပြန်လည်မွေးဖွားလာတဲ့သူမဟုတ်ဘူး..”

လင်းရှု့လည်း အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ ထို့နောက် ရွှမ်းလုံနှင့် ဟေးယန်ကို ကြည့်ကာဆို၏။

“ထူးဆန်းတာက အဲ့ဒီလူရဲ့ ပိုင်ဆိုင်မှုတွေက ရှင့်စိတ်ဝိညာဉ်နဲ့ ချိတ်ဆက်နေတယ်..၊ သူတို့ရဲ့ ပုံစံက အတင်းအကြပ် ချိတ်ဆက်ထားခံရတဲ့ပုံမပေါ်ဘူး..”

ထို့နောက် သေချာသည့်အရာတစ်ခုကိုတော့ပြောပြလိုက်သည်။

“ပြီးတော့ ရှင်ရဲ့ ဝိညာဉ်က မပြည်စုံဘူး..”

လင်းရှု့၏စကားကြောင့် ဟွမ်းသည် အနည်းငယ်ငြိမ်သက်သွား၏။ လင်းရှု့သည် သူ့အကြောင်း ပြောဆိုနိုင်မည်ဟုထင်ထားခဲ့သည်။ သို့သော် သူမကိုယ်တိုင်ပင် မရေမရာဖြစ်နေ၏။

ထို့နောက် သူသည် ထူးဆန်းသည့်အရာကို တွေးမိသွားသောကြောင့် မေးလိုက်သည်။

“ဒါကြောင့် ကျုပ်က ကျင့်ကြံလို့မရတာလား..”

“ဖြစ်နိုင်တယ်..၊ ကျွန်မ ရှင့်ဆီက သန်မာတဲ့ စွမ်းအင်တွေကို ခံစားမိပေမဲ့..၊ ရှင့်ရဲ့ စွမ်းအင်သွေးကြောအချို့က ချိတ်ဆက်မနေဘူး..”

လင်းရှု့သည် ဟွမ်း၏ အနားသို့ ချည်းကပ်လာပြီး သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးမှုပြုနေ၏။ ဟွမ်းသည် မည်သို့မျှ စိတ်မရှိသည့်အလား ခွင့်ပြုပေးထားသည်။

“ဒါပေမဲ့ ကျုပ်ဘာကြောင့် မခံစားမိတာလဲ..”

ဟွမ်းသည် သူ၏ ခန္ဓာကိုယ်တွင် ပိတ်ဆို့နေသည့်အရာမျိုး ရှိနေသည်ကို မခံစားမိပေ။

“ရှင့်ရဲ့ ဝိညာဉ်ပင်လယ်..”

လင်းရှု့သည် ထောက်ပြလိုက်၏။ ထိုစကားကြောင့် ဟွမ်းသည် မှင်သက်သွားသည်။

All Chapters