← Chapters

နန်းတော်သခင်ဖြစ်ချင်လား

Vol. 19 Ch. 279

နန်းတော်သခင်ဖြစ်ချင်လား

Vol. 19 Ch. 279

“လတ်တလောကိစ္စတွေပြီးရင်..၊ လက်ထောက်မြို့သခင် လေးဦးကို လင်းရှန်နယ်မြေမှာ ကျင့်ကြံခိုင်းထားလိုက်..”

“ပြီးတော့ တပည့်တွေ အားလုံးကို ကျင့်ကြံရေးမှာ အာရုံစိုက်ခိုင်းထား..၊ အကြီးအကဲဝမ်..၊ မင်းလဲ တပည့်လက်ခံပြီးရင် ကျင့်ကြံဖို့အာရုံစိုက်တော့..”

ဟွမ်းသည် လတ်တလောကိစ္စများ ဖြေရှင်းပြီးလျှင် အားလုံးအတွက် စွမ်းအား တိုးတက်စေရေးတွင်သာ အားစိုက်စေသည်။

“အရှင် ဟွမ်းရှန့်နန်းတော်က၊ ဒီအတိုင်းပစ်ထားလို့မရဘူးလေ..”

ဝမ်မုန့်ယွင်သည် တွေဝေစွာပြောလိုက်၏။ သူမတို့အားလုံးသာ ကျင့်ကြံလိုက်ပါက နယ်မြေအရေးကိစ္စများတွင် စီမံမည့်သူမရှိတော့ချေ။

“ဒီတစ်လောမှာ..၊ ကျုပ်တာဝန်ယူထားလိုက်မယ်..”

ဟွမ်းသည် စိတ်မပူစေရန်ပြောဆိုလိုက်၏။

ဟွမ်း၏ ယုံကြည်ချက်ကြောင့် ဝမ်မုန့်ယွင်၏ မျက်ဝန်းများသည် လေးနက်သွား၏။ ထို့နောက် သူမသည် စိတ်မချသည့်လေသံနှင့် မေးခွန်းထုတ်လေသည်။

“ဖြစ်ပါ့မလား..”

ဟွမ်း “...”

‘ငါက နန်းတော်သခင်ကွ၊ မင်းရဲ့ မယုံသင်္ကာအကြည့်က ဘာတုန်း..’

ဟွမ်းသည် စွံ့အသွားရ၏။

အနှီအမျိုးသမီးသည် သူ၏ နန်းတော်သခင်ဆိုသည့် ဂုဏ်ပုဒ်ကို မေးခွန်းထုတ်နေလေပြီ..။

သူမကို ဤအတိုင်းလွှတ်ထား၍ မရတော့ချေ။ နောက်ဆို ပို၍ အထင်သေးလာနိုင်၏။

နန်းတော်သခင် တစ်ဦး၏ အရှိန်အဝါနှင့် ဖိနှိပ်မှ ရပေတော့မည်။

“ဖြစ်ပါတယ်..၊ စိတ်ချလက်ချကျင့်ကြံကြ..”

စစ်ရှီးယဲ့ “...”

ဤစကားများသည် တစ်ခုခု လွဲမှားနေသည်ဟု ခံစားမိသော်လည်း မည်သည့်နေရာက လွဲမှားနေမှန်းစဉ်းစား၍မရချေ။

နောက်ရက်များတွင် ဝမ်မုန့်ယွင်တို့၏ စီစဉ်မှုကြောင့် အဖွဲ့အစည်းများသည် အခြေတကျဖြစ်လာတော့၏။

ဝမ်မုန့်ယွင်သည် နန်းတော်အတွက် နန်းစောင့်တပည့် တစ်ရာခန့်ကို ရွေးချယ်ခဲ့သည်။ ထို့နောက်သူတို့အတွက် နေရာများ ချထားပေးကာ နန်းတော်တွင် ကျင့်ကြံစေခဲ့၏။

ထိုကိစ္စများ ရှင်းလင်းပြီးသည့်နောက် တပည့်များနှင့် အတူ အကြီးအကဲများပါမကျန် ဟွမ်းသည် လင်ရှန်းနယ်မြေသို့ ပို့ဆောင်ပေးလိုက်သည်။ ဤတစ်လျှောက်လုံး ကျင့်ကြံရေးတွင်သာ အာရုံစိုက်စေရန်ဖြစ်၏။

သို့သော် စုန့်ချင်းသည် ဆက်လက်ကျင့်ကြံနိုင်ခြင်းမရှိတော့ကြောင်းပြောဆိုခဲ့သည်။

သူမ၏ ယခင်က ကျင့်ကြံမှုများကြောင့် ယခုဘဝတွင်ကျင့်ကြံခြင်းလမ်းကြောင်းသည် ချောမွေ့နေခဲ့၏။ ထို့အပြင် ယခင်က မရောက်ဖူးခဲ့သည့် မူလနတ်အင်ပါယာ အဆင့်ထိပင် တိတ်တဆိတ် တက်ရောက်လာနိုင်ခဲ့သည်။

သို့သော် သူမသည် မူလနတ်အင်ပါယာ၏ အထက်အဆင့်ကို တက်လှမ်းနိုင်ခြင်း မရှိတော့ချေ။

“ကမ္ဘာငယ်ရဲ့ ဖိနှိပ်မှုကြောင့် ထင်တယ်..”

ဟွမ်းသည် ထိုအရာကိုသာ တွေးမိသွား၏။ မဟုတ်လျှင် ကမ္ဘာငယ်များတွင် အစစ်အမှန်နတ်ဘုရားများ ပေါ်ထွက်လာနိုင်မည်ဖြစ်သည်။

“လင်းရှု့က ကမ္ဘာငယ်ရဲ့ ဥပဒေသကို လျစ်လျှုရှုနိုင်ခြင်းမရှိတာလား၊ ဒါမှမဟုတ် သူမ အိပ်ပျော်နေတာကြောင့် ဖြစ်နိုင်မလား..”

ဟွမ်းသည် အတွေးနက်သွား၏။ လင်းရှု့သည် ကောင်းကင်ထက်မှ တည်ရှိမှုများကိုပင် တားဆီးနိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ကမ္ဘာငယ်၏ ဥပဒေသသည် သူမကို ထိန်းချုပ်ထားနိုင်မည်မဟုတ်ပေ။

နောက်ပိုင်းတွင် နန်းစောင့်တပည့် အသစ်များသည် ကျင့်ကြံမှုများတွင်သာ အာရုံစိုက်နေသောကြောင့် ဟွမ်းရှန့်နန်းတော်သည် ဆိတ်ငြိမ်သွားပြီး ဟွမ်းနှင့် စုန်ချင်းတို့သာ ရှိနေသည်။

ထို့အပြင် အားလုံး၏ စီမံဆောင်ရွက်သွားမှုများအောက်တွင် ဟွမ်းသည် သက်တောင့်သက်သာဖြစ်နေ၏။

နန်းတော်၏ ဥယျာဉ်တွင် ဟွမ်းသည် ငြိမ်သက်စွာထိုင်နေသည်။ သူသည် ယခုကဲ့သို့ တိတ်တဆိတ် မနေရသည်မှာ ကြာညောင်းလှချေပြီ။

ထိုအချိန်တွင် မိုးပြာရောင်ဝတ်စုံလေးနှင့် အမျိုးသမီးငယ်လေးသည် သူ၏ အနားသို့ ရောက်ရှိလာ၏။

“အစ်ကိုလေး..”

စုန့်ချင်းသည် ဟွမ်း၏ ငြိမ်သက်နေသည့် အခြေအနေကို နှောက်ယှက်လိုက်၏။

သူမ၏ ကြည်လင်နုနယ်သည့် မျက်နှာပေါ်တွင် ဝဲကျနေသည့် ဆံနွယ်များကို သပ်ကာ ဟွမ်း၏ အနီးတွင် နေရာယူလိုက်သည်။

ဟွမ်းသည် အသိမှတ်ပြုဟန်နှင့် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် တစ်စုံတစ်ခုကို သတိရသွားဟန်နှင့် ဆိုလိုက်သည်။

“ရှောင်ချင်း...၊ ဟွမ်းရှန့်နန်းတော်သခင်ဖြစ်ချင်လား..”

“ရှင်..”

စုန့်ချင်းသည် သူမ၏ ကြည်လင်နေသည့် မျက်ဝန်းများပင် ပြူးကျယ်သွားရ၏။ ဟွမ်း၏ တည့်တိုးဆန်သည့် မေးခွန်းကြောင့် ပြာယာခပ်သွားသည်။ သူမ၏ အတွေးများလည်း ရောက်ယက်ခက်ကုန်၏။

‘အစ်ကိုလေး..က ဒီလောက်ထိ ပွင့်လင်းတာလား..’

‘ငါလက်ခံလိုက်သင့်လား..’

‘ယွီဟွာပြန်ရောက်လာရင်ရော ငါ့ကို ဘယ်လိုထင်မြင်သွားမလဲ..’

‘ယွီဟွာ မရှိတော့ အထီးကျန်နေတယ်ထင်တယ်..’

စက္ကန့်ပိုင်းအတွင်း စုန့်ချင်း၏ အတွေးများသည် ရာချီသွား၏။ သူမသည် စကားများ အထစ်ထစ်အငေါ့ငေါ့ဖြစ်ကာ ပြောလိုက်သည်။

“အစ်..အစ်ကိုလေး..၊ ကောင်းပါ့မလား..”

“အဆင်ပြေပါတယ်..၊ ငါ ကိုယ်တိုင်ခွင့်ပြုတဲ့ ကိစ္စပဲလေ..”

ဟွမ်းသည် လေးနက်သည့်လေသံနှင့် ဆိုလိုက်၏။ စုန့်ချင်းသည် အသက်ရှုသံများ မြန်ဆန်လာသည်ဟု ခံစားမိသည်။ ထိုသူသည် ယခင်ဘဝက သူမ၏ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်၏။

သို့သော် ဝေးကွာလှသည့် အခြေအနေကြောင့် ထိုသူ့အနား မရောက်နိုင်ခဲ့ချေ။

သို့သော် ပြန်လည်မွေးဖွားပြီးနောက်ပိုင်းတွင် သူမသည် မယုံနိုင်လောက်အောင်ပင် ဟွမ်း၏ ဂရုစိုက်မှုကို ခံစားခဲ့ရသည်။ ထို့အပြင် ယခုတွင် ထိုသူသည်... အို.. ဆက်၍မတွေးနိုင်တော့ချေ။

သို့သော် ဟွမ်း၏ နောက်ဆက်တွဲစကားကြောင့် သူမသည် ရေခဲပုံးနှင့် လောင်းချခံလိုက်ရသည့်အလား အေးခဲသွား၏။

“ငါ..၊ လင်းထျန်းဘုံကို ထွက်သွားတဲ့အချိန်ကျရင် ဟွမ်းရှန့်နန်းတော်မှာ ဦးဆောင်မဲ့သူ တစ်ယောက်လိုအပ်တယ်..၊ အဲ့ဒီနေရာအတွက် မင်းနဲ့သင့်လျော်တယ် ခံစားမိလို့..”

စုန့်ချင်း “...”

‘ငါ ဘာတွေ တွေးနေမိပါလိမ့်..’

စုန်ချင်းသည် သူမ၏ အတွေးများအတွက် အလွန် ရှက်ရွံ့သွားရ၏။ သူမ၏ စိတ်ကို တည်ငြိမ်အောင် မနည်း ပြန်ထိန်းနေရသည်။ အတွေးများ ချွတ်ချော်ခဲ့ရလေ၏။

‘နန်းတော်သခင်ရာထူးပေးတာ..ဒီလောက်ထိ ရှက်စရာလို့လား..’

ဟွမ်းသည် သူမ၏ အမူအယာများကို ကြည့်ကာ အံ့ဩသွားသည်။ သူထွက်ခွာသွားချိန်တွင် ဟွမ်းရှန့်နန်းတော်ကို ဤအတိုင်းပစ်မထားခဲ့ချင်ပေ။

ဟွမ်းရှန့်နန်းတော်ကို သူယုံကြည်သည့်သူများထံတွင် အပ်နှံချင်ခဲ့သည်။ ထို့ကြောင့်ပင် ထိုက်ဟုန်ကျွင်းတို့ကိုပါ ကျင့်ကြံစေခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုကိစ္စအတွက် စုန့်ချင်းဖြစ်ပျက်နေသည့် အမူအယာကို နားမလည်နိုင်တော့ပေ။

သို့်သော် မထင်မှတ်လောက်အောင်ပင် စုန်ချင်း၏ ငြင်းဆိုချက်ကို ကြားလိုက်ရ၏။

“ကျွန်မ..၊ မလုပ်နိုင်ဘူး..”

သူမ၏ လေသံသည် ပြတ်သားလွန်းနေသည်။ ဟွမ်းသည် သူမ၏ အမူအယာကြောင့် မေးလိုက်၏။

“ဘာကြောင့်လဲ..”

“ကျွန်မ..၊ ကျွန်မ မလုပ်ချင်ဘူး..”

စုန်ချင်း၏ အသံသည် အနည်းငယ်တိုးလျသွားသည်။ အကြောင်းအရင်းကို ထုတ်ဖော် မပြောနိုင်ပေ။ ထို့အပြင် ဝမ်းနည်းသွားဟန်ရှိ၏။ ထပ်မံပြောဆိုသည့် စကားက ပို၍ပင် တိုးလျသွားသည်။

“ကျွန်မ..၊ အစ်ကိုလေးနဲ့ လိုက်ခဲ့ချင်တယ်..”

ဟွမ်းသည် နားလည်သွားတော့၏။ သူမသည် ဤသို့ ကမ္ဘာငယ်လေးတွင် နေထိုင်လိုခြင်း မရှိလောက်ပေ။ သူမသည် ကျယ်ပြောသည့် လောကကြီးကို တွေ့ကြုံခံစားချင်သည်ဟု တွေးမိသွားသည်။

သို့သော် သူ၏ နားလည်မှုသည် အနည်းငယ်လိုအပ်နေသေးကြောင်းကို သူကိုယ်တိုင် မသိရှိချေ။

ထို့နောက်ဟွမ်းသည် ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။

“ဒါဆိုရင်တော့ ကိစ္စမရှိပါဘူး..၊ လင်းထျန်းဘုံကို မင်းလိုက်ခဲ့နိုင်တယ်..”

“တကယ်လား..”

စုန့်ချင်းသည် ရုတ်ချည်းဆိုသလိုတက်ကြွသည့်အမူအယာဖြစ်သွား၏။ သူမ၏ ခံစားချက်များသည် ပြန်လည်ကောင်းမွန်လာတော့သည်။

ဟွမ်းသည် ခေါင်းညိတ်ကာ အတည်ပြုပေးလိုက်၏။

သူမသည် ထခုန်လုမတက်ပင် ပျော်ရွှင်သွားရ၏။ ထိုအခါမှသာ စုန့်ချင်း၏ ချစ်စဖွယ်မျက်နှာထက်တွင် ပြုံးယောင်သန်းလာတော့သည်။ တဖြည်းဖြည်းနှင့် သူမ၏ အပြုံးသည် ပို၍ ပီပြင်လာ၏။

သူမသည် ဟွမ်းရှန့်နန်းတော်ကို ဦးဆောင်ရန်ထက် ဟွမ်းနှင့် အတူရှိရန်သာ နှစ်သက်လေသည်။ သို့သော် သူမ၏ ခံစားချက်များကိုတော့ ထုတ်ဖော်နိုင်ခြင်း မရှိပေ။

ထိုအချိန်တွင် သွမ့်မုယီထံမှ သတင်းပို့အဆောင်သည် လင်းလက်လာပြီး သတင်းစကားပါးလိုက်သည်။

“အရှင်..၊ ကျိုးဧကရာဇ်ဆိုတဲ့သူ ရောက်ရှိလာတယ်..”

“ကောင်းပြီ..၊ ခန်းမထဲကို လွှတ်လိုက်..”

ထို့နောက် ဟွမ်းသည် နန်းတော်အတွင်း ဝင်ရောက်စေခဲ့သည်။

“ရောင်းရင်း..၊ ကျုပ်က ကျိုးကမ္ဘာငယ်ရဲ့ ကျင့်ကြံသူပါ..”

ကျိုးဧကရာဇ်သည် သူ့ကိုယ်သူ ‘ဧကရာဇ်’ဟု မသုံးနှုန်းခဲ့ချေ။ စုန့်ချင်း၏ အရှင်ဟု ခေါ်ဝေါ်ခံရသည့်သူသည် သာမာန်မဟုတ်သည်ကို မှန်းဆမိ၏။

သို့သော် ထိုလူငယ်၏ အသွင်သည် ကြည့်ကောင်းလွန်းနေသည်မှလွဲ၍ အခြားထူးခြားချက်ကို ရှာမတွေ့ချေ။

“မိန်းကလေးစုန့်..”

ထို့နောက် ဟွမ်းကို စစ်ဆေးနေမှုများ ရပ်တန့်လိုက်ပြီး စုန့်ချင်းကိုပါ နှုတ်ဆက်လိုက်၏။

စုန့်ချင်းသည် အသိမှတ်ပြုဟန်နှင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ မျက်နှာထားနှင့် အမူအယာသည် တည်ငြိမ်နေ၏။

All Chapters