← Chapters

အစစ်အမှန်နတ်ဘုရားအဆင့်

Vol. 19 Ch. 280

အစစ်အမှန်နတ်ဘုရားအဆင့်

Vol. 19 Ch. 280

သူသည် ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ လိုရင်းကို ပြောလေသည်။

“ရောင်းရင်း..၊ ကျုပ်တို့ ကျိုးကမ္ဘာငယ်က ဟွမ်းရှန့်နန်းတော်နဲ့ မဟာမိတ်ပြုချင်တယ်..”

“ကောင်းပြီ..၊ ဒီကိစ္စဆိုရင် မဟာမိတ်ခေါင်းဆောင်သွမ့်နဲ့ ဆွေးနွေးလို့ရတယ်..”

ဟွမ်းသည် လက်ခံသည့်အလားဆိုလိုက်၏။ သို့သော် ဝမ်မုန့်ယွင်သာကြားနိုင်ပါက မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများနှင့် အကြည့်ခံရမှာ ကျိန်းသေပင်။

“ရောင်းရင်း အထင်လွဲနေပြီထင်တယ်..၊ ကျုပ်က ဟွမ်းရှန့်နန်းတော်ရဲ့ လက်အောက် ဝင်ချင်တာမဟုတ်ပဲ အတူတကွ မဟာမိတ်ဖွဲ့ချင်တာ..”

ကျိုးဧကရာဇ်သည် မျက်မှောင် အနည်းငယ်ကြုတ်သွားသော်လည်း အသေအချာ ရှင်းပြလိုက်၏။ သူသည် ဟွမ်းရှန့်နန်းတော်နှင့် မဟာမိတ်ဖွဲ့ရန် ရောက်ရှိလာခြင်းပင်။

အဘယ်ကြောင့် အဆင့်ငါးကျင့်ကြံသူ ခေါင်းဆောင်နေသည့် မဟာမိတ်အဖွဲ့အစည်းတွင် ဝင်ရောက်စေမှန်းနားမလည်နိုင်ပေ။

“ကွာခြားချက်ရှိလို့လား..”

ဟွမ်းသည် နားမလည်နိုင်သည့် အကြည့်ဖြင့်မေးလိုက်၏။ ထိုကောင်သည် အဘယ်ကြောင့် ရှုပ်ထွေးအောင် ပြောဆိုနေရသနည်း။

“အစ်ကိုလေး..”

စုန့်ချင်းသည် အဓိက ကွာခြားချက်ကို တီးတိုးရှင်းပြလိုက်၏။ သို့မှသာ ဟွမ်းသည် သဘောပေါက်သွားတော့သည်။

“ကျုပ်တို့ ကမ္ဘာငယ်နှစ်ခုလုံးကို မဟာမိတ်ပြုကြောင်း ကြေညာလိုက်ပါမယ်..”

ဟွမ်းသည် အလေးနက်ပြောလိုက်၏။ ကျိုးဧကရာဇ်၏ သဘောထားကို စုန့်ချင်းတို့မှတဆင့်ကြားသိရပြီး ဖြစ်သည်။

ထို့ကြောင့် များများစားစားတွေးမနေတော့ချေ။ ထို့အပြင် အားလုံး၏ သဘောတူညီချက်လည်းရရှိထားသည်။

ကျိုးဧကရာဇ်သည် အသိမှတ်ပြု ကျောက်ပြားငယ်တစ်ထုတ်ယူလိုက်ကာ နှစ်ဦးသား၏ သဘောတူညီချက်များကို ထည့်သွင်းလိုက်၏။

“ရောင်းရင်း..၊ ကျုပ် မူလနတ်အင်ပါယာအဆင့်ကနေ ထပ်ပြီး မတက်နိုင်တော့ဘူး..၊ ပြီးတော့ ကမ္ဘာငယ်လေးကနေ ထွက်ခွာနိုင်ခြင်း မရှိဘူးဖြစ်နေတယ်..”

ကိစ္စများပြီးစီးသည့်နောက်တွင် ကျိုးဧကရာဇ်သည် စမ်းသပ်လိုသည့် မေးခွန်းမျိုး ထုတ်မေးလိုက်သည်။

သူသည် ယခင်က ကျိုးကမ္ဘာငယ်မှ ထွက်ခွာတော့မည်ဟု ကျင့်ကြံသူများကို ကြေညာခဲ့သော်လည်း အစစ်မှန်တွင် ထွက်ခွာနိုင်ခြင်း မရှိခဲ့ချေ။ သို့သော် ကြေညာပြီးသည့် ကိစ္စဖြစ်သောကြောင့် သူ့အနေနှင့် ဖုံးကွယ်နေရန်သာ ဆုံးဖြတ်ခဲ့ရသည်။

ဟွမ်းသည် ကျိုးဧကရာဇ်၏ မေးခွန်းကို မည်သို့မျှ သဘောမထားပေ။ ယခင်က သူသည် သိရှိခြင်းမရှိခဲ့သော်လည်း ရွှမ်းလင်ကြောင့် အတော်များများ သိရှိလာခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ရှင်းပြလိုက်၏။

“ဒါက ကမ္ဘာငယ်လေးရဲ့ ဥပဒေသကြောင့်ပဲ..၊ အစစ်အမှန် နတ်ဘုရားအဆင့်ကို တက်ရောက်နိုင်မှ ဒီကမ္ဘာငယ်လေးကနေ ထွက်ခွာနိုင်လိမ့်မယ်..”

“အစစ်အမှန်နတ်ဘုရားအဆင့်လား..”

ကျိုးဧကရာဇ်သည် သံယောင်လိုက်ကာ ရေရွတ်လိုက်၏။

“အစစ်အမှန်နတ်ဘုရားအဆင့်ကို တက်ရောက်ချင်ရင် ဝိညာဉ်သန္ဓေသားကို ပုံဖော်နိုင်ဖို့လိုတယ်..”

“ဝိညာဉ်သန္ဓေသား ဖြစ်ပေါ်လာရင် အစစ်အမှန်နတ်ဘုရားအဆင့်ကို တက်ရောက်သွားပြီးတော့ အခြားဘုံတစ်ခုရဲ့ လမ်းကြောင်းကို ခံစားမိလာလိမ့်မယ်..”

ဟွမ်းသည် ရှင်းပြလိုက်၏။ ထိုအရာသည် ရွှမ်းလင်ပြောခဲ့သည့် အကြောင်းအရာများပင်။

“ရောင်းရင်းရော..၊ အဲ့ဒီလမ်းကြောင်းကို တွေ့နိုင်ပြီလား..”

ကျိုးဧကရာဇ်သည် နားလည်သွားပြီးနောက် ဆက်လက်မေးမြန်းလိုက်၏။

သို့သော် ဟွမ်းသည် လှုပ်သည်ဆိုယုံမျှသာ ခေါင်းညိတ်လိုက်၏။ သူသည် ထိုသို့အရာမျိုး ဝေဝေဝါးဝါးခံစားမိပြီး ဖြစ်သည်။ သို့သော် အသေအချာ စစ်ဆေးမှု မပြုရသေးပေ။

“ရောင်းရင်း..၊ ကျုပ် ဝိညာဉ်သန္ဓေသားကို ဘယ်လိုပုံဖော်ရမလဲ..”

ကျိုးဧကရာဇ်သည် ဟွမ်း၏ ရှင်းပြမှုများကြောင့် အထင်ကြီးလာလေပြီ။

ထို့ကြောင့် နည်းလမ်းကို ထုတ်ဖော်မေးမြန်းလိုက်သည်။

“ဒါက ခင်ဗျားရဲ့ နားလည်မှုနဲ့သက်ဆိုင်လိမ့်မယ်..၊ ခင်ဗျားကျင့်ကြံတဲ့ နည်းစနစ်ရဲ့ အဆုံးစွန်ထိရောက်အောင် လျှောက်လှမ်းကြည့်ပါ..”

ဟွမ်းသည် ရှင်းပြလိုက်သော်လည်း မသေချာပေ။ သို့သော် မျက်နှာ မပျက်လိုသောကြောင့် တွေးဆကာ ထင်ကြေးပေးလိုက်ခြင်းပင်။

သို့သော် ကျိုးဧကရာဇ်သည်တော့ အထင်ကြီးသွားလေသည်။ သူသည် နားလည်သဘောပေါက်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။ ဟွမ်းကို အရိုအသေပင်ပြုကာ ထွက်ခွာသွားတော့၏။

ဟွမ်း “...”

‘နည်းနည်းပါးပါး သံသရတောင် မဝင်ဘူးလား..’

ထို့နောက် သူသည် စုန့်ချင်းကို ကြည့်လိုက်မိ၏။ သူမ၏ အသွင်သည် ရုတ်ချည်း ကျင့်ကြံခြင်းတွင် နစ်မြုတ်သွားသည့်အလားပင်..။

ဟွမ်း “...”

နောက်ရက်များတွင် ဟွမ်းရှန့်နန်းတော်နှင့် ကျိုးကမ္ဘာငယ်တို့သည် မဟာမိတ်ဖြစ်ကြောင်း ကမ္ဘာငယ်နှစ်ခုတွင် ကြေညာလိုက်တော့၏။

တဖြည်းဖြည်းနှင့် ကမ္ဘာငယ်နှစ်ခု အကြား ရင်းနှီးမှုများတိုးတက်လာပြီး အဖုအထစ်များစွာလည်း ပြေလျော့လာခဲ့သည်။

ထို့အပြင် လေဟာနယ်မုခ်ဝများ ထူထောင်ကာ ကမ္ဘာငယ်နှစ်ခုအကြား ဆက်သွယ်ရေးရာ ကိစ္စများသည် ပို၍ ချောမွေ့လာတော့၏။

လူငယ် ကျင့်ကြံသူများသည်လည်း နယ်မြေအသီးသီးမှ ခြားနားသည့် နည်းစနစ်များကိုလည်း ဖလှယ်ခွင့်ရလာကြသည်။

ဟွမ်း၏ နည်းစနစ်ပို့ချပြီးသည့် အချိန်မှ စ၍ စုန့်ချင်းသည် ကျင့်ကြံခြင်းတွင်နနစ်မြောသွားခဲ့၏။

ဤသို့နှင့်တစ်နှစ်ခန့်ကြာပြီးနောက်တွင် စုန့်ချင်းထံတွင် ထူးခြားသည့် လက္ခဏာရပ်များပေါ်ထွက်လာသည်။

သူမ၏ ခန္ဓာကိုယ်တွင် အလင်းတန်းများ ပေါ်ထွက်လာပြီး သူ၏ ဝိညာဉ်ပင်လယ်သည် ဆန်းကြယ်သည့် စွမ်းအင်များဝင်ရောက်လာသည်။

ထိုစွမ်းအင်များသည် တဖြည်းဖြည်းနှင့် စုစည်းလာပြီး စုန့်ချင်းနှင့်ဆင်တူသည့် အသေးစားဝိညာဉ်ငယ်လေးဖြစ်တည်လာသည်။

ဟွမ်း “...”

‘ဒီလိုလဲ ဖြစ်သွားတာပဲလား..’

ဟွမ်းသည် စုန့်ချင်း၏ ဖြစ်စဉ်ကို တိတ်ဆိတ်စွာ ကြည့်ရှုနေ၏။ သူသည် ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ သူမ၏ ဖြစ်စဉ်သည် ဝိညာဉ်သန္ဓေသားပုံဖော် နေခြင်းပင်။

သူသည် ထိုကိစ္စကို ကျိုးဧကရာဇ်ရှေ့တွင် မျက်နှာ မပျက်လိုသောကြောင့်သာ ထင်ကြေးပေးခဲ့ခြင်းဖြစ်သည်။ ထိုနည်းလမ်းသည် မှန်သလား မှားသလားပင် သူမသိချေ။

သို့သော် စုန့်ချင်းသည် အစစ်အမှန်နားလည်သွားဟန်ရှိ၏။ သူမ၏ ဝိညာဉ်သန္ဓေသားသည် ပုံပေါ်လုနီးနီးဖြစ်လာလေပြီ..။

“ဒါက..”

ကျိုးဧကရာဇ်သည် စုန့်ချင်း၏ အဖြစ်အပျက်ကို သတိထားမိသောကြောင့် အလျှင်မြန် ရောက်ရှိလာခြင်းပင်။ သူလည်း စုန့်ချင်း၏ လုပ်ဆောင်မှုများကြောင့် မှင်သက်နေသည်။

‘သူမ အောင်မြင်တော့မယ်..၊ နန်းတော်သခင်လမ်းပြပေးတဲ့ နည်းလမ်းက အစစ်အမှန်ပဲ..’

ကျိုးဧကရာဇ်သည် ရုတ်ချည်းဆိုသလို ဟွမ်းကို အရိုအသေပြုလိုက်၏။

“ကျေးဇူးတင်ပါတယ် နန်းတော်သခင်..”

ဟွမ်း “...”

ဟွမ်းသည် တုန့်ပြန်စရာ စကားပင်မရှိချေ။ သို့သော်လည်း သူ၏ အမူအယာကို ထိန်းသိမ်းထားပြီးနောက် အသိမှတ်ပြုဟန်နှင့် ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် သူတို့နှစ်ဦးသည် စုန့်ချင်း၏ ဖြစ်စဉ်ကို အာရုံစိုက်နေကြသည်။

သူမ၏ ဝိညာဉ်သန္ဓေသားသည် ပို၍ ရုပ်လုံးပေါ်လာပြီး စုန်ချင်းနှင့် တစ်ထေရာတည်း ထပ်တူကျနေသည်။ ထို့နောက် သူမ၏ စိတ်တွင် အနည်းငယ်ရုန်းကန်နေရဟန်ရှိ၏။

‘သူမ တစ်ခုခုကိုရင်ဆိုင်နေရတာလား..’

ဟွမ်းသည် ထိုအဖြစ်အပျက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။

သို့သော် ထိုရုန်းကန်နေမှုသည် နာရီခန့်အကြာတွင် ရပ်တန့်သွားလေသည်။ သို့မှသာ ဟွမ်းသည် စိတ်အေးသွားဟန်ရှိ၏။

ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် စွမ်းအင်လှိုင်း တစ်ချက်ထွက်ပေါ်လာသည်။

“ဝုန်း..”

ထိုလှိုင်း၏ ရိုက်ခတ်မှုကြောင့် ကျိုးဧကရာဇ်ပင် တည်ငြိမ်မှု ပျက်ယွင်းသွားကာ နောက်သို့ ခြေလှမ်း များစွာ ဆုတ်လိုက်ရ၏။

“ဒါ အစစ်မှန်နတ်ဘုရားအဆင့်ရဲ့ စွမ်းအားလား..”

ကျိုးဧကရာဇ်သည် အလွန်တုန်လှုပ်သွား၏။ သို့သော် သူကိုယ်တိုင်လည်း ပို၍ ကြိုးစားလိုစိတ်ဖြစ်ပေါ်လာသည်။

သူ၏ ရှေ့တွင် ရပ်တည်နေဆဲဖြစ်သည့် ဟွမ်းကို ရုတ်ချည်း ကြည့်လိုက်မိ၏။ စုန့်ချင်း၏ စွမ်းအင်လှိုင်းများသည် သူ့အား သက်ရောက်ဟန်မရှိပေ။ တည်တည်ငြိမ်ငြိမ်နှင့် ကြည့်ရှု့နေဆဲပင်။

‘နန်းတော်သခင်ရဲ့ စွမ်းအားက ဘယ်လောက်အထိ သာလွန်နေတာဖြစ်လိမ့်မလဲ..’

ကျိုးဧကရာဇ်သည် မှတ်ချက်ပေးမိသွားသည်။ ထို့အပြင် သူ၏ ဟွမ်းအပေါ် အထင်ကြီးစိတ်သည် ပို၍ပင် များပြားလာတော့၏။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် စုန့်ချင်းထံမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းသည် အားပျော့သွားပြီး တစ်ခဏချင်း ပျောက်ကွယ်သွားတော့သည်။

သူမ၏ အရှိန်အဝါကို ထိန်းသိမ်းသွားနိုင်ဟန် ရှိ၏။ သူ၏ ဝိညာဉ်သန္ဓေသားသည် ဝိညာဉ်ပင်လယ်အတွင်း တည်ငြိမ်စွာ နေရာယူသွားသည်။

သူမသည် အစစ်မှန်နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပြီဖြစ်၏။ တိတိကျကျဆိုရလျှင် အစစ်အမှန်နတ်ဘုရားအဆင့်၏ စဦးအလွှာပင်ဖြစ်သည်။

ထို့နောက်တွင် သူမ၏ စွမ်းအင်များကို ရုတ်သိမ်းကာ မျက်ဝန်းများပွင့်ဟလာ၏။

“ဂုဏ်ယူပါတယ်..မိန်းကလေးစုန့်..”

ကျိုးဧကရာဇ်သည် အလျင်စလို ဂုဏ်ပြုလိုက်၏။

All Chapters