လင်းထျန်းဘုံသို့
Vol. 19 Ch. 282
ရှင်းဝမ်ကျဲ၏ စကားကြောင့် ရှင်းဝေ့ကျန်းသည် အံ့ဩမှင်သက်သွား၏။
သို့သော် ရှင်းဝမ်ကျဲသည် ဤကမ္ဘာငယ်တွင်သာ တိတ်တဆိတ်နေထိုင်ခဲ့လိုခြင်းဖြစ်သည်။
ဟွမ်းသည် မတိုက်တွန်းပေ။ အသိမှတ်ပြုဟန်နှင့် ခေါင်းညိတ်ပြလိုက်၏။ ရွေးချယ်မှုများသည် သူတို့၏ လက်ထဲတွင်သာရှိသည်။
ထို့နောက် သူသည် စစ်ရှီးယဲ့ကို ကြည့်လိုက်၏။
“အရှင်..ကျုပ်နေခဲ့မှရမယ်..၊ မဟုတ်ရင် ဒီကမ္ဘာငယ်မှာ အဆင့်မြင့်ကျင့်ကြံသူမရှိတော့ပဲနေလိမ့်မယ်..”
စစ်ရှီးယဲ့သည် တွေးဆကာပြောလိုက်သည်။
ဟွမ်းသည် စစ်ရှီးယဲ့၏ အဆိုကိုနားလည်၏။ သူ့အနေနှင့် ဝမ်မုန့်ယွင်နှင့် မော့ရွှယ်အာကို ထားရစ်ခဲ့မည်မဟုတ်ပေ။ ထို့အပြင် စစ်ရှီးယဲ့ပါ လိုက်ပါလျှင် မူလနတ်အင်ပါယာအဆင့်ကျင့်ကြံသူကျန်ရှိတော့မည်မဟုတ်ပေ။
“ကောင်းပြီ..၊ မင်းအတွက် နန်းတော်သခင်ရာထူးကို လွှဲအပ်ခဲ့မယ်..”
“အရှင်..၊ ဒါက..မဖြစ်သင့်ဘူးလေ..၊ နန်းတော်သခင်ဆိုတာ..၊ အရှင်းလက်လွှဲချင်ရင်တောင် အရှင့်တပည့်တွေအတွက်ပဲ ဖြစ်သင့်တာမဟုတ်ဘူးလား..”
စစ်ရှီးယဲ့သည် ငြင်းဆန်နေသည်။ ထို့အပြင် ဟွမ်း၏ ထိုင်ခုံတွင် သူရဲတင်းစွာ မထိုင်ဝံ့ချေ။
“ရှင်းယန်တို့အတွက်က မသင့်လျော်သေးဘူး..၊ ပြီးတော့ မင်းက စီမံခန့်ခွဲမှုမရာမှာကျွမ်းကျင်တယ်..၊ ဒါဟာ ရာထူးတစ်ခုထက် မပိုဘူး..”
ဟွမ်းသည် ဖျောင်းဖျလိုက်၏။
အဘယ့်ကြောင့် သူ၏ရာထူးကို ငြင်းဆန်နေကြသည်မှန်းနားမလည်နိုင်ပေ။ သူသည် ထိုသို့ရာထူးများကို ဂရုစိုက်လွန်းသည်မဟုတ်..။
နေရာတစ်ခုအတွက် နာမည်တစ်ခု တည်ဆောက်ထားရန်လိုအပ်ခြင်းကြောင့်သာဖြစ်၏။
“ဒါပေမဲ့..အရှင်..”
“ဆက်မပြောနဲ့တော့..၊ ဟွမ်းရှန့်နန်းတော်အတွက် နန်းတော်သခင်တစ်ဦး လိုအပ်နေတယ်..၊ ဒါကမင်းကိုပေးတဲ့တာဝန်ပဲ..”
ဟွမ်းသည် စစ်ရှီးယဲ့၏ စောဒကတက်မှုကို နားမထောင်လိုတော့ပေ။
စစ်ရှီးယဲ့သည် မတက်သာစွာ လက်ခံလိုက်ရ၏။ တာဝန်များ ချထားပေးပြီးနောက် စစ်ရှီးယဲ့အပါအဝင် အကြီးအကဲများ ထွက်ခွာသွားကြသည်။
“မင်းတို့ မိဘတွေကို နှုတ်ဆက်ချေကြ..”
လုရှင်းယန်၊ လင်းယိုဟန်နှင် ကျောက်ဝမ်အာတို့ကို ဆိုလိုက်၏။
“ဟုတ်ကဲ့ပါ..၊ ဆရာ..”
တပည့်များလည်း ထွက်ခွာသွားကြသည်။
“အရှင်..၊ အရှင့်နောက် လိုက်ဖို့ ဘာကြောင့် ကျွန်မ ဆုံးဖြတ်ချက်ကို မမေးတာလဲ..”
ခန်းမအတွင်း အားလုံးထွက်ခွာသွားပြီးနောက်တွင် ဝမ်မုန့်ယွင်သည် မေးခွန်းထုတ်လိုက်၏။
ဟွမ်းသည် အနည်းငယ်တွေဝေသွားသသည်။ သူမ၏ ဆန္ဒကို မမေးမြန်းမိချေ။
“မင်း ဆန္ဒမရှိဘူးလား..”
သူမသည် လိုက်ပါလိုခြင်း မရှိသည်လည်း ဖြစ်နိုင်၏။
သို့သော် ဝမ်မုန့်ယွင်သည် အပြုံးလေးနှင့်ဖြေလိုက်သည်။
“ရှိတယ်..ရှင့်..”
ဟွမ်း “...”
‘ဒါဆို ဘာလို့ မေးခိုင်းနေတာတုန်း..’
နောက်ရက်တွင် မြူနှင်းမြို့တော်တွင် လုရှင်းယန်သည် သူ၏ ဖခင်အား တိတ်ဆိတ်နှုတ်ဆက်နေသည်။
“အဖေ..၊ ချန်အာကို ရအောင်ပြန်ခေါ်ခဲ့ပါ့မယ်..”
သူသည် လုချောင်းယန်ကို အရိုအသေပေးနေရင်းဆိုလိုက်၏။ သူသည် အချိန်တံခါးမှ နှစ်အရေအတွက်ကို ထည့်မတွက်လျှင်တောင် မုန့်ချန်အာနှင့် ဝေးကွာသွားသည်မှာ နှစ်တစ်ရာခန့် ရှိတော့မည်။
အဆင့်နှစ်နယ်မြေ ပျောက်ကွယ်သွားမှုနှင့်အတူ မုန့်ချန်အာသည် လင်းထျန်းဘုံသို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် မကြာခင်တွေ့ဆုံနိုင်တော့မည်ဖြစ်သောကြောင့် ပို၍ တက်ကြွနေ၏။
“ကောင်းတယ်..”
လုချောင်းယန်သည် အသိမှတ်ပြုလိုက်၏။ ထို့နောက် သူ၏ ဆုံးမဩဝါဒများ စတင်ခြွေလေသည်။
နောက်ရင်တွင် ဟွမ်းသည် သူတို့အားလုံးကို လင်းရှန်နယ်မြေတွင် နေစေခဲ့ကာ ဟွမ်းရှန့်နန်းတော်မှ တိတ်တဆိတ်ပျောက်ကွယ်သွားတော့၏။
“အရှင်..၊ ကျုပ်တို့ ပြန်ဆုံနိုင်ဦးမှာလား..”
စစ်ရှီးယဲ့သည် ဟွမ်းပျောက်ကွယ်သွားသည်ကို အချိန်ကြာမြင့်သည်အထိ ငေးကြည့်နေ၏။
ဟွမ်း၏ ကမ္ဘာငယ် ထွက်ခွာမှုသည် ကမ္ဘာငယ်နှစ်ခုလုံးကို အသိမပေးခဲ့ချေ။ တိတ်တဆိတ် ထွက်ခွာသွားခြင်းပင်။
ဟွမ်းသည် ကောင်းကင်ထက်သို့ တဟုန်ထိုး ပျံသန်းနေသည်။ သူသည် လင်းထျန်းဘုံ၏ လမ်းကြောင်းကို ခံစားမိသော်လည်း စုန့်ချင်းကဲ့သို့ ဆွဲထုတ်ခံရခြင်း မရှိပေ။
“ငါခံစားမိတာက ဒီနေရာပဲ..၊ ဒါပေမဲ့ ဘာထူးခြားမှုမှလဲ မရှိဘူး..”
ဟွမ်းသည် ကမ္ဘာငယ်၏ နယ်နိမိတ်အဆုံးသို့ ရောက်ရှိနေသည်။ သူသည် နှစ်ပေါင်း ခုနှစ်ဆယ်အတွင်း ဤနေရာကို အကြိမ်ကြိမ်စမ်းစစ်ခဲ့၏။
သို့သော် သူ၏တပည့်များ ကျင့်ကြံမှု မပြီးဆုံးသေးသောကြောင့် ထည်းထည်းဝင်ဝင် မပြုမှုခဲ့ပေ။ မထင်မှတ်ထားသည့် အရာများ ဖြစ်မလာလိုပေ။ ယခုတွင်တော့ ကိစ္စများအားလုံးရှင်းလင်းသွားပြီမို့ စိတ်တိုင်းကျ စစ်ဆေးလို့ရပြီဖြစ်သည်။
“ဒီအလွှာကို ဖောက်ထွက်ရမယ်ထင်တယ်..”
ဟွမ်းသည် ပြောပြောဆိုဆိုနှင့် သူ၏လက်တွင် စွမ်းအင်များကို လည်ပတ်ကာ သူ၏ရှေ့ရှိ လေဟာနယ်ကို ဆုတ်ဖြဲလိုက်၏။
“ဖျတ်စီးစမ်း..”
သူ၏ အားမာန်အပြည့်နှင့် ဆုတ်ဖြဲလိုက်မှုကြောင့် လေဟာနယ်သည် စတင်ယို့ယွင်းစပြုလာသည်။ ထိုအက်ကွဲကြောင်း အတွင်းမှ ပြင်းထန်သည့် ဆွဲငင်ထားတစ်ခုပေါ်ထွက်လာ၏။
သို့သော် ထူးခြားစွာနှင့် ထိုစုပ်ယူမှုသည် ဟွမ်း၏ ခန္ဓာကိုယ်ကို သက်ရောက်ခြင်း မရှိပေ။
သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားရ၏။
“ဒါဆို ငါကိုယ်တိုင်ဝင်သွားမယ်..”
သူသည် အက်ကွဲကြောင်းအတွင်း ဝင်ရောက်ရန်ကြံစည်လိုက်သည်။ သို့သော် အက်ကွဲကြောင်းသည် လျှင်မြန်သည့် အရှိန်နှုန်းနှင့် ပျောက်ကွယ်သွားလေ၏။
“အချိန်ကြာသွားလို့များလား..”
ဟွမ်းသည် ထိုအက်ကွဲကြောင်းကို စစ်ဆေးချိန်ကြာသွားသောကြောင့် ပျောက်ကွယ်သွားသည်ဟု ယူဆလိုက်သည်။
နောက်တစ်ဖန် ပြန်လည်၍ ဆုတ်ဖြဲလိုက်၏။ လေဟာနယ်အက်ကွဲကြောင်း ပေါ်လာသည်နှင့်တပြိုင်နက် ဝင်ရောက်ရန် ကြိုးစားလိုက်သည်။
သို့သော် သူ့ထက်ပင် မြန်ဆန်သည့် အရှိန်နှင့် ပိတ်ဆို့သွားပြန်၏။
ဟွမ်း “...”
နောက်ထပ် အကြိမ်များစွာ ကြိုးစားသော်လည်း သူဝင်ရောက်သည့်အချိန်တိုင်းတွင် ပြန်လည်ပိတ်ဆို့သွားစမြဲသာ..။
‘ငါနဲ့ ကစားချင်နေတာလား..’
တစ်ရက်ခန့်ကြာပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်သည် ဒေါသမီးလျှံများ တောက်လောင်လာ၏။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အနက်ရောင်မီးလျှံများ တောက်လောင်လာသည်။
စိတ်ရှည်မှုသည် အကန့်အသတ်ကို ကျော်လွန်သွားလေပြီ..။ ဆက်လက်၍ အချိန်ကုန် မခံလိုတော့ပေ။
ရွှမ်းလုံပေတံကို ထုတ်ယူကာ စွမ်းအင်များ စီးဆင်းစေပြီးနောက် အားကုန်လွဲယမ်းလိုက်သည်။ ရွှမ်းလုံပေတံတွင် အနက်ရောင်မီးတောက်၏ စွမ်းအင်များလည်းပါဝင်နေ၏။
ပေတံဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက် ကမ္ဘာမြေတုန်ဟီးမတက် မိုးခြိမ်းသံများပေါ်ထွက်လာသည်။
ပေတံ၏ ထိပ်ဖျားတွင်လည်ပတ်နေသည့် ကြောက်မက်ဖွယ်စွမ်းအင်များသည် ခေါင်းမာဟန်ရှိသည့် လေဟာနယ်ကို ထိခက်သွား၏။
“ဝုန်း..”
ရွှမ်းလုံပေတံ၏ ထိုးခွဲမှုကြောင့် လေဟာနယ်သည် ခေါင်းမမာနိုင်တော့ပေ။ ပြန်လည်ပျောက်ကွယ်ရန် အချိန်ယူရသည်အထိ ကျယ်ဝန်းသည့် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်သွားသည်။
ဟွမ်းသည် ထိုအက်ကွဲကြောင်းသို့ ဝင်ရန် ဦးတည်လိုက်၏။
“ရွှစ်..”
ချက်ချင်းဆိုသလို တစ်ဒါဇင်ခန့်ရှိသည့် စွမ်းအင်အလန်းတန်းများသည် ထိုအက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ဟွမ်းထံ အလင်း၏ အလျင်နှင့် တိုးဝင်လာ၏။
ဟွမ်းသည် ထိုစွမ်းအင်အလင်းများကြောင့် မျက်မှောင်ကြုတ်သွားရသည်။ သို့သော် သူသည် တုန့်ဆိုင်းမနေပဲ ထိုအလင်းတန်းများကို ရွှမ်းလုံပေတံနှင့် ခုခံလိုက်၏။
“ဝုန်း..၊ ဝုန်း..”
သူသည် ထိုစွမ်းအင်များကို ခုခံလိုက်ချိန်တွင် မူလနတ်အင်ပါယာထက် သာလွန်သည့် စွမ်းအင်များကို ခံစားမိသွားသည်။ ထိုအရာသည် သူရင်ဆိုင်ဖူးခြင်း မရှိသေးသည့် စွမ်းအင်များပင်။
ဟွမ်းသည် အလင်းတန်းအချို့ကို တားဆီးဖျတ်ဆီးလိုက်ပြီး ကျန်ရှိသည့် အလင်းတန်းများကို ရှောင်တိမ်းရန်ကြိုးစားလိုက်၏။
သို့သော် ၎င်းတို့သည် ဦးတည်ချက် သတ်မှတ်ထားသည့် အလား ဟွမ်း၏ နောက်သို့ တဟုန်ထိုး လိုက်ပါလာသည်။
“အကုန်လုံးကို ဖျတ်စီးပစ်ရမယ်ထင်တယ်..”
ဟွမ်းသည် ဆက်လက်ရှောင်တိမ်းမနေတော့ပဲ မြန်ဆန်သည့် အမြန်နှုန်းနှင့် ၎င်းတို့ကို ဖျတ်ဆီးလိုက်တော့၏။
“ဝုန်း..”
သူ၏ ရွှမ်းလုံပေတံနှင့် ဆက်တိုက်ဆိုသလို ဖျတ်ဆီးပြီးနောက်တွင် ကောင်းကင်ယံရှိလေဟာနယ်သည် ပြန်လည်ပိတ်ဆို့လုနီးပါးဖြစ်သွားသည်။
“သေစမ်း..”
ဟွမ်းသည် အလျှင် အမြန်နှင့် အက်ကွဲကြောင်းသို့ ချည်းကပ်လိုက်၏။ ထိုအချိန်တွင် လေဟာနယ်အက်ကွဲကြောင်းအတွင်းမှ စူးနစ်သည့် အသံထွက်ပေါ်လာသည်။
“ဝိညာဉ်သန္ဓေသားမဖန်တီးရသေးပဲ..၊ နယ်နိမိတ်ကို ဖြတ်ကျော်ခွင့်မရှိဘူး...”
ထိုအသံကြောင့် ဟွမ်း၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။ သူသည် ထိုအက်ကွဲကြောင်းမှ ကြီးမားသည့် စွမ်းအင်တစ်ခု သက်ဆင်းလာသည်ကို ခံစားမိသောကြောင့်ပင်။
သူ၏ ခံစားချက်သည် မမှားယွင်းပေ။ လေဟာနယ် အက်ကွဲကြောင်းအတွင်းမှ လက်ဝါးကြီးတစ်ခု ပေါ်ထွက်လာတော့၏။
ဟွမ်း၏ အမူအယာသည် လေးနက်သွားသည်။ အစောပိုင်း စွမ်းအင် အလင်းတန်းများထက်သာလွန်နေသောကြောင့်ပင်။