← Chapters

အားများစွာ စိုက်ထုတ်ရခြင်း မရှိဘဲ သေကုန်ကြခြင်း(၃)

Vol. 20 Ch. 286

အားများစွာ စိုက်ထုတ်ရခြင်း မရှိဘဲ သေကုန်ကြခြင်း(၃)

Vol. 20 Ch. 286

ရွှီယန်က ဝမ်းသာသွား၏။ ဒီစစ်ဘုရင်ဝူရွှမ်းမှာ လူကောင်းတစ်ယောက် ဖြစ်လေသည်။ သူမသည် သူမကိုယ်သူမ အဆုံးမခံရန်အတွက် ပိုက်ဆံကို ပေးခဲ့၏။ သူ၏ဘဝတွင် ယခုကဲ့သို့ လူမျိုးကို ဘယ်တုန်းကမှ တွေ့ဖူးခဲ့ခြင်း မရှိပါ။

"သဘောတူတယ်။ သဘောတူတယ်... ဒါဆိုရင် ဓားချက်ကို ခံယူကြည့်.."

ရွှီယန်က စိတ်ဝိဉာဉ်ပုံဆောင်ခဲ အိတ်ကို ဖမ်းဆုတ်ပြီးနောက် သူ၏ ဓားရှည်ကို ထုတ်ပြီး ခုတ်ပိုင်းလိုက်သည်။

"ဝေါင်း.."

နဂါးဟိန်းခြင်း တောင်နှင့်မြစ်က ထွက်ပေါ်လာ၏။ စစ်ဘုရင်ဝူရွှမ်းမှာ ဒေါသတကြီး ဖြစ်နေသော်လည်း ဂရုမစိုက်ခြင်း သို့မဟုတ် သတိလက်လွတ် ပြုမူရဲခြင်း မရှိပါ။

သူမ၏ လက်ထဲတွင် မိုးမခရွက်ကဲ့သို့ ဓားနှစ်ချောင်းတို့ ပေါ်လာပြီး ရှေ့သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်၏။

ရွှီယန်၏ ခွန်အားမှာ အလွန်သန်မာပါသည်။ သူမအနေနှင့် ၎င်းကို သံသယဝင်ခြင်း မရှိပေ။ မဟုတ်ပါက ချန်းလန်ကျွန်းပေါ်ရှိ စိန်ခေါ်မှုကို မည်ကဲ့သို့ လက်ခံရဲမည်နည်း။

သို့ရာတွင် သူမကို ဓားချက် နှစ်ချက်သုံးချက်နှင့် ခုတ်သတ်နိုင်သည်ဟူသည့် စကားက အလွန် ဒေါသထွက်စရာ ကောင်းလှသည်။ ဘာပဲဖြစ်ဖြစ် သူမသည် အထွတ်အထိပ် စစ်ဘုရင်အဆင့် ဖြစ်၏။ အထွတ်အထိပ် စစ်ဘုရင်များ အကြား၌ပင်လျှင် အားနည်းခြင်း မရှိပေ။

ဤသည်ကို အမှိုက်သရိုက် စစ်ဘုရင်များနှင့် နှိုင်းယှဉ်လို့ ရနိုင်မည်လား။

"ဘုန်း.."

ဓားချက်က သက်ဆင်းလာပြီး တောင်နှင့်မြစ်တို့က ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ နဂါးဟိန်းသံက ပဲ့တင်ထပ်လာခဲ့၏။

စစ်ဘုရင်ဝူရွှမ်း၏ မျက်နှာက ကြီးစွာပြောင်းလဲသွားသည်။ သူမ၏ ဓားအလင်းက ပြိုလဲကာ ရန်သူ၏ ဓားချက်တစ်ချက်အောက်တွင် တိမ်နှင့်လေတို့ လှိုင်းထကုန်ကြ၏။ နောက်သို့ အမြန် ဆုတ်ခွာလိုက်ရသည်။

ရွှီယန်က ဆက်လက် တိုက်ခိုက်ခြင်း မပြုပါ။ သူ့အနေနှင့် တစ်ဖက်လူကို သတ်ဖြတ်ရန် ရည်ရွယ်ခြင်း မရှိပေ။

"ခုနက ခုတ်လိုက်တဲ့ ဓားချက်က အလွန်ဆုံး သာမန် ဓားချက်လို့ပဲ ဆိုနိုင်တယ်။ ဘယ်လို ခံစားရလဲ။ ခွန်အားအပြည့်ကိုသုံးရင် သုံးချက်ကို ခံနိုင်မယ် ထင်လား.."

ရွှီယန်က သူ၏ဓားကို ပြန်သိမ်းရင်းက ပြော၏။

စစ်ဘုရင်ဝူရွှမ်းက တိတ်ဆိတ်သွားသည်။ စိတ်ထဲတွင် ကျိန်ဆဲမိ၏။ သူမ၏ပုံစံက ရှုပ်ထွေးနေပြီး မကျေမနပ်လည်း ဖြစ်နေပါသည်။ ယခုကဲ့သို့သော မကောင်းဆိုးဝါးကောင်ကို မည်သည့်ဆရာက သင်ကြားပေးလိုက်သနည်း။

အမှန်တကယ်ကို စစ်မှန်သည့် ကျွမ်းကျင်သူများသည် မောက်မာစွာ ပြုမူခြင်း မရှိပေ။

"ဆရာ.. အဆင်ပြေရဲ့လား.."

ဝတ်စုံပြောင်နှင့် မိန်းကလေးက အမြန် ရှေ့သို့တက်လာ၏။ ဆရာဖြစ်သူ၏ မောဟိုက်နေသည့် ရင်ဘတ်ကို ဖိသည်။

"ဒေါသမထွက်ပါနဲ့... သခင်လေရွှီက လိမ်ပြောလေ့ မရှိပဲ အမြဲတမ်း စကားကို တည့်တိုးပဲ ပြောတတ်လို့ကို.. ဘာလို့ အရမ်းကြီး စိတ်ထဲထားနေမှာလဲ.."

"သစ္စာဖောက်မ.."

စစ်ဘုရင်ဝူရွှမ်းက မဲမှောင်သော မျက်နှာနှင့် သူမကို ကြမ်းတမ်းစွာ ကြည့်သည်။

ဝတ်စုံပြောင်နှင့် မိန်းကလေးက ဆရာဖြစ်သူကို နှစ်သိမ့်ပြီးနောက် ရိုကျိုးစွာ ခေါင်းငုံ့ပြီး လှည့်လာ၏။ သူမ၏ အသွင်အပြင်က တောင်းပန်နေသည့်ဟန် ရှိသည်။

"ကျေးဇူးပြုပြီး ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ။ သခင်လေးရွှီ... ဆရာက စိတ်တိုလွယ်တတ်တယ်။ ဒါပေမယ့် ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး.."

ရွှီယန်က ခေါင်းငြိမ့်၏။

"ရပါတယ်.."

"ညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သခင်လေးရွှီ.. ဒါက မြောင်မြောင်ရဲ့ ကျေးဇူးတင်မှုလေးပါ။ ရှင်စိတ်ထဲမထားဖို့ မျှော်လင့်တယ်.."

ဝတ်စုံပြောင်နှင့် မိန်းကလေးက ရွှီယန်ကို အိတ်တစ်ခုအား ပေးသည်။ သူမ၏ နူးညံ့ဖြူဖွေးသည့် လက်များဖြင့် အခွင့်အရေး ရချိန်တွင် ရွှီယန်၏လက်ကို အကြိမ်အနည်းငယ် ထိ၏။

ရွှီယန်၏ မျက်လုံးများက လင်းလက်သွားပြီး တက်ကြွစွာ ပြောသည်။

"အားနာစရာကြီး... မင်းကအရမ်းကို ယဉ်ကျေးလွန်းတာပဲ.."

"ဒါက ကျွန်မလုပ်သင့်တာပါ.."

ဝတ်စုံပြောင်နှင့် မိန်းကလေးက စိတ်မပါစွာဖြင့် သူမ၏လက်ကို ပြန်လည်ရုတ်သိမ်းသည်။

စစ်ဘုရင်ဝူရွှမ်းမှာ တပည့်ဖြစ်သူကြောင့် သေလောက်အောင် စိတ်ဆိုးနေပါသည်။ ဤသည်မှာ လက်ဆောင်ပေးရန်အတွက် နောက်ထပ် အခွင့်အရေးတစ်ခုလေလား။ ဒီကောင်လေးတွင် မည်ကဲ့သို့သော ဆွဲဆောင်မှုတို့ ရှိနေသနည်း။

"သခင်လေးရွှီ... ကျွန်မနာမည်က ယွင်မြောင်မြောင်ပါ။ ကျေးဇူးပြုပြီး ချန်းလန်ကျွန်းမှာ သတိထားပါ.."

ယွင်မြောင်မြောင်က ညင်သာစွာ ပြော၏။

"အထွတ်အထိပ်စစ်ဘုရင် အနည်းငယ်လောက်က စိုးရိမ်စရာ မရှိပါဘူး။ စိတ်ချပါ မိန်းက‌လေးမြောင်မြောင်.."

နောက်ဆုံးတွင် ရွှီယန်တစ်ယောက် ဝတ်စုံပြောင်နှင့် မိန်းကလေး၏ အမည်အား ယွင်မြောင်မြောင် ဖြစ်သည်ဟု သိလာခဲ့၏။

ပထမဆုံး ဝူရွှမ်းစံအိမ်၌ သူမကို စတင်တွေ့ဆုံခဲ့သည့် အချိန်ကို ပြန်လည် တွေးတောမိသည်။ မနေနိုင်ဘဲ တစ်ဖက်လူ၏ အလှအပနှင့် ဆွဲဆောင်မှုကို ပြန်ပြောင်းစဥ်းစားမိ၏။

အမှန်တကယ်ကို မြောင်မြောင်ဟူသည့် အမည်အတိုင်းပင် လှပကာ လက်လှမ်းမီနိုင်ခြင်း မရှိပေ။ စိတ်ထဲတွင် ထာဝရ စွဲမြဲစေ၏။ သို့ရာတွင် သူမ၏ ဆွဲဆောင်မှုမှာ သူ့အပေါ် အသုံးဝင်ခြင်း မရှိပေ။

ယွင်မြောင်မြောင်က မည်သည်ကိုမှ ဆက်လက်ပြောကြားနိုင်ခြင်း မရှိခင်တွင် စစ်ဘုရင်ဝူရွှမ်းမှာ ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ပေ။ တပည့်ဖြစ်သူကို ဆွဲခေါ်ကာ ထွက်ခွာသွား၏။

"မြောင်မြောင်က တကယ့်ကို မိန်းမကောင်းလေးပဲ... သူမရဲ့ လုပ်ပုံကိုင်ပုံက အရမ်းကို ရက်ရောပြီးတော့ စေတနာပါတယ်။ အရင်တုန်းကလည်း ကျွန်တော်ရဲ့စိတ်ကို လေ့ကျင့်ရာမှာ အပြည့်အဝ ကူညီပေးခဲ့တယ်။ သူမက တကယ့်ကို ရှားပါးတယ်.."

ရွှီယန်က တွေးဆစွာ ပြော၏။

ဘေးရှိ မုန့်ချုံက ခေါင်းငြိမ့်သည်။ သူ၏ သဘောတူညီမှုကို ဖော်ပြ၏။

ရှဲ့လင်ဖုန်းက တိတ်ဆိတ်နေပါသည်။

"ညီလေးရွှီက တကယ်ကို နှလုံးသားထဲမှာ မိန်းမ မရှိဘူးပဲ။ သူ့ရဲ့ စိတ်အခြေအနေက အရမ်းကို နက်နဲလွန်းတယ်။ ငါ့အနေနဲ့ နှိုင်းယှဉ်ကြည့်ဖို့ အခွင့်အရေးတောင် မရှိနိုင်ဘူး.."

ဟူရှန်း၏ မျက်နှာ ကြွက်သားများက တွန့်ကွေးသွားသည်။

'ဒီနှစ်ယောက်က တကယ့်ကို နှလုံးသားမဲ့တာပဲ... မိန်းကလေးရဲ့ မျက်လုံးတွေထဲက နူးညံ့တဲ့ ချစ်ခင်ယုယမှုတွေကို သတိမထားမိဘူးလား..'

သူက စဉ်းစားသည်။

"ဒါပေမယ့် သူတို့ရဲ့စိတ်က အဲ့လိုပဲ တစ်သက်မတ်ထဲ အမြဲ ရှိနေလို့ နှလုံးသားထဲမှာ သိုင်းပညာပဲ ပြည့်နေပြီး အခြားဟာတွေ မရှိတာ ဖြစ်မယ်။ အဲ့ဒါကြောင့်မလို့ မကောင်းဆိုးဝါးဆန်ပြီး အရမ်း စွမ်းအားကြီးနေတာ.."

"ငါလည်း ငါ့ရဲ့စိတ်တွေကို ပြောင်းလဲဖို့ လိုအပ်တယ်။ အရမ်းကြီး လျှောက်ပြီးတော့ မစဉ်းစားသင့်ဘူး။ နှလုံးသားထဲမှာ သိုင်းပညာဘဲ ရှိနေတာ အကောင်းဆုံးပဲ.."

ဟူရှန်းက ကိုယ့်ကိုယ်ကို စဉ်းစား၏။

All Chapters