စွမ်းအားကြီးသူများ စုစည်းမှု၊ ရွှီယန်၏ ရောက်ရှိလာမှု
Vol. 20 Ch. 289
ချန်းလန်ကျွန်းပေါ်တွင် နတ်ဆိုးအရှင်သခင် သာမက အခြားအထွက်အထိပ် စစ်ဘုရင်များလည်း ရှိနေမှာပါ။
အရေအတွက် အတိကျမှာတော့ မသိနိုင်ဘဲ ရှိနေသေး၏။
ထို့အပြင် ထိုအထွတ်အထိပ် စစ်ဘုရင်များမှာ မည်သည့် အင်အားစုမှ ဖြစ်သည်ဟူသည်ကို မရှင်းလင်းပဲ ဖြစ်နေပါသည်။ သို့ပေမယ့် ထိုသူများသည် ဝတ်စုံနက်ဝတ် လူများနှင့် ပတ်သက်နေခြင်း သို့မဟုတ် နတ်ဆိုးဂိုဏ်းနှင့် ပတ်သက်နေခြင်းတို့ ရှိနေလောက်မှာ ဖြစ်၏။
တတိယမြောက် အင်အားစု ပါဝင်လာမည်လား ဟူသည်ကတော့ မသိနိုင်သေးပေ။ ရွှီယန်အတွက် ထိုအထွတ်အထိပ် စစ်ဘုရင်များ မည်သည့်အင်အားစုမှ ဖြစ်သည်ဟူသည်မှာ အရေးမကြီးပါ။ ထိုသူများကို အနိုင်ယူလိုက်ပါက အဆင်ပြေ၏။
ချန်းလန်ကျွန်း၏ အပြင်ဘက်ရှိ ချန်းလန်မြစ်အထက်တွင် သင်္ဘောငယ်များ မျောလွင့်နေ၏။ တစ်ခုချင်းစီတိုင်းက ကျွန်းနှင့် အကွာအဝေးတစ်ခု ခြားနားထားပါသည်။
သို့ပေမယ့် စွမ်းအားကြီးသူများ အတွက် ထိုမျှလောက်သော အကွာအဝေးမှာ ဘာမှမဟုတ်ပေ။ ထိုသင်္ဘောငယ်များ တစ်ခုချင်းစီတိုင်း၏ အပေါ်တွင် စွမ်းအားကြီးသူများ ရှိနေပြီး တိုက်ပွဲကို လာရောက် ကြည့်ရှု့ကြခြင်း ဖြစ်သည်။
ချန်းလန်ကျွန်း၏ တိုက်ပွဲမှာ အတွင်းဘက်နယ်မြေတွင် နှစ်ပေါင်း တစ်ထောင်ကျော် ကြာသည့်တိုင်အောင် မဖြစ်ပွားခဲ့သည့် အဓိက တိုက်ပွဲတစ်ခု ဖြစ်၏။
တစ်ဖက်တွင် ရုတ်တရက် မြင့်တက်လာသည့် အနှိုင်းမဲ့သည့် ပါရမီရှင်တစ်ယောက် ပါဝင်နေပြီး တစ်ဖက်တွင် နတ်ဆိုးဂိုဏ်းမှ နာမည်ကျော်ကြားသည့် နတ်ဆိုးအရှင်သခင် ပါဝင်နေပါသည်။
ထိုကဲ့သို့သော မဟာတိုက်ပွဲကြီးကို သိုင်းသခင်များ အနေနှင့် သူတို့ကိုယ်သူတို့ ကြည့်ရှု့တွေ့မြင်နိုင်ရန် အရည်အချင်း မပြည့်မှီဟု ခံစားရ၏။
သင်္ဘောငယ် တစ်ခု၏ အပေါ်တွင် စစ်ဘုရင်ဝူရွှမ်းနှင့် ယွင်မြောင်မြောင်တို့ ရှိနေကြ၏။ ထိုဆရာတပည့်နှစ်ယောက်တို့ အပြင် အခြားစစ်ဘုရင် နှစ်ယောက်လည်း ရှိနေပါသည်။ အားလုံးတို့မှာ ဝူရွှမ်းစံအိမ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။
"ယွဲ့နိုင်ငံရဲ့ တော်ဝင်မိသားစုလည်း ရောက်လာတယ်.."
ဝူရွှမ်းစစ်ဘုရင်က အဝေးသို့ လှမ်းမျှော်ကြည့်သည်။ ခရမ်းရောင် သင်္ကေတနှင့် သင်္ဘောငယ်တစ်ခုကို တွေ့လိုက်ရ၏။
ယွင်မြောင်မြောင်က မျက်လုံးများကို ကျဉ်းမြောင်းကာ ထိုလားရာသို့ လှည့်ကြည့်သည်။ မျက်မှောင်ကျုံ့သွား၏။
"ယွဲ့နိုင်ငံရော ဝင်ပါလာမလား.."
ချန်းလန်ကျွန်းမှာ ယွဲ့နိုင်ငံ၏ ပိုင်နက်အတွင်းတွင် ရှိနေပြီး သူတို့၏ အုပ်ချုပ်မှုအတွင်း၌ ရှိသည်ဟု ဆိုနိုင်ပါသည်။ အစက ယင်ဟုန်၏ ပိုင်နက်ဖြစ်ခဲ့၏။ သို့ပေမယ့် ယခုအချိန်၌ ရွှီယန်က ပိုင်ဆိုင်ထားသည်။
သို့ရာတွင် အတွင်းဘက်နယ်မြေတွင် စွမ်းအားကြီးသူများသာ အမှန်ဖြစ်ပြီး ယွဲ့နိုင်ငံပင်လျှင် စစ်ဘုရင်တစ်ယောက်၏ နယ်မြေတစ်ခုအား ပိုင်စိုးခြင်းကို အလောတလျင် ဆန့်ကျင်မည် မဟုတ်ပါ။
ထိုနည်းအတိုင်းပင် ထိုစစ်ဘုရင်ကလည်း သူတို့ထိန်းချုပ်ထားသည့် နယ်မြေကို ယွဲ့နိုင်ငံ၏ ပိုင်နက်မဟုတ်ဟု ငြင်းဆန်နိုင်ခြင်း မရှိပါ။ နှစ်ဖက်စလုံးက နားလည်မှုတစ်ခု ရရှိထား၏။
"ယွဲ့နိုင်ငံသာ ဝင်ပါလာရင် နတ်ဆိုးအရှင်သခင် ဟော်ထူကို ပစ်မှတ်ထားမှာလား။ ဒါမှမဟုတ် ရွှီယန်ကို ပစ်မှတ်ထားမှာလားဆိုတာ မရှင်းလင်းဘူး.."
စစ်ဘုရင်ဝူရွှမ်းက ခေါင်းကိုရမ်း၏။
ယွဲ့နိုင်ငံ၏ သင်္ဘောပေါ်တွင် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ဦး ရပ်နေ၏။ သူက ချန်းလန်ကျွန်း၏ လားရာဆီသို့ လှမ်းမျှော်ကြည့်ကာ အသံပြုသည်။
"ဒီကျွန်းကို ယင်ဟုန်ရဲ့အပိုင်လို့ လူသိများပေမယ့် တကယ့်တကယ်တော့ ဒါက နန်းတော်ရဲ့အပိုင်ပဲ။ ရွှီယန်မှာ ဒီဟာကို ပိုင်ဆိုင်ဖို့ အရည်အချင်းရှိလား ဆိုတာကို ကြည့်ရတာပေါ့.."
ဤသည်မှာ ယွဲ့နိုင်ငံ၏ ဒုတိယမင်းသား ဖြစ်၏။ သူ၏ဘေးတွေ စူးရှသည့် မျက်လုံးများနှင့် အလယ်အလတ် အသက်အရွယ်နှင့် လူကြီးတစ်ယောက် ရှိနေပါသည်။ သူသည် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ဖြစ်၏။
"အရှင်မင်းသား... ကျွန်တော်ရော ဝင်ပြီး လှုပ်ရှားရမလား.."
လူလတ်ပိုင်း လူကြီးက မေးသည်။
"မလိုဘူး။ ဒီတိုင်းပဲ စောင့်ကြည့်ကြမယ်.."
ဒုတိယမင်းသားက ဖြေကြား၏။ သူ့အနေနှင့် ယွဲ့နိုင်ငံ၏ မင်းသားဟူသည့် မြင့်မားထည်ဝါသည့် ဘွဲ့ထူးကို ခံယူထားပေမယ့် စစ်မှန်သည့် စွမ်းအားမှာ အထွတ်အထိပ် စစ်ဘုရင် အပေါ်တွင် မှီခိုနေပါသည်။
လူလတ်ပိုင်း လူကြီး၏ တာဝန်မှာ သူ့ကို ကာကွယ်ရန်သာ ဖြစ်၏။ ထိုထက်ပိုပြီး သူ၏ အမိန့်များကို နားထောင်စရာ မလိုပေ။
သို့ရာတွင် ပုံမှန်အားဖြင့် အထွတ်အထိပ်စစ်ဘုရင် စောင့်ရှောက်သူက သူ၏အမိန့်များကို အရမ်းကြီး လျစ်လျူရှု့ခြင်း ပြုလေ့မရှိပါ။ မင်းသားတစ်ပါးက အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကို တိုက်ရိုက်ဆန်စွာ အမိန့်မပေးနိုင်ခြင်းသာ ရှိ၏။
ယေဘုယျအားဖြင့် အထွတ်အထိပ် စစ်ဘုရင်အား လှုပ်ရှားမှု ပြုရန်အတွက် ဖိတ်ခေါ်မှုမျိုးဖြင့် တောင်းဆိုကြသည်။ ဤသည်မှာ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်၏ ဂုဏ်သိက္ခာ ဖြစ်၏။ ယွဲ့နိုင်ငံကဲ့သို့ ကြီးမားလှသည့် နိုင်ငံကြီး၏ မင်းသား ဖြစ်နေလျှင်ပင် သူတို့ကို လေးစားစွာဖြင့် ဆက်ဆံရသည်။
နောက်ထပ် သေးငယ်သည့် လှေတစ်ခုပေါ်တွင် ဖူယွင်ထန်းက ချန်းလန်ကျွန်းကို တိတ်ဆိတ်စွာ ကြည့်နေ၏။
သူ၏ဘေးတွင် အဘိုးကြီးတစ်ယောက် ထိုင်နေရင်းနှင့် စာအုပ်တစ်အုပ်ကို ဖတ်ရှုနေပါသည်။
ထိုအဘိုးကြီးတွင် ရှုပ်ပွနေသည့် ဆံပင်များရှိ၏။သူ၏အသွင်က လက်ထဲရှိ စာအုပ်ပေါ်၌ လုံးဝနှစ်မြှုပ်ထားသည့်ဟန် ရှိသည်။ သို့ရာတွင် သူသည် အထွတ်အထိပ်စစ်ဘုရင်တစ်ယောက် ဖြစ်၏။
သင်္ဘောများစွာတို့ အကြားတွင် သင်္ဘောတစ်ခုမှာ အဖိုးတန်ထုလုပ်ခြင်း ရတနာများကို အသုံးပြုထားပြီး အလွန်အကျွံ တန်ဖိုးကြီးနေ၏။ ဤသည်မှာတော့ ထန်းပေါင်စံအိမ်၏ သင်္ဘောဖြစ်သည်။
ယခုကဲ့သို့သော ကြီးမားလှသည့် အဖြစ်အပျက်ကြီးတွင် အတွင်းဘက်နယ်မြေရှိ အဓိကအင်အားစုများမှ စွမ်းအားကြီးပုဂ္ဂိုလ် အသီးသီး ရောက်ရှိလာကြ၏။ ယန်နိုင်ငံနှင့် ခရမ်းရောင်တိမ် နိုင်ငံတို့မှ ပင်လျှင် တိုက်ပွဲကို ကြည့်ရှု့မည့် သူတို့၏ စစ်ဘုရင်များ ရောက်ရှိနေကြသည်။
ထိုအထဲ၌ သစ်သားလှေငယ်တစ်ခုသည် ချန်းလန်ကျွန်း၏ မြစ်ပေါ်၌ တိတ်ဆိတ်စွာ ပေါ်နေ၏။ သင်္ဘောဦးတွင် လူတစ်ယောက် တင်ပျဉ်ခွေထိုင်နေပြီး အနက်ရောင်ဓားရှည်တစ်ချောင်းကို သူ၏ ပေါင်နှစ်ဖက်ပေါ်တွင် တင်ထားသည်။
ထိုသင်္ဘောသည် ချန်းလန်ကျွန်းပေါ်ရှိ စွမ်းအားကြီးမားသည့် လူများစွာတို့၏ အာရုံကို သတိမထားမိစွာ ရှိနေ၏။ ဘာပဲဖြစ်ဖြစ် ဒီနေရာသို့ ရောက်လာကြသည့် စွမ်းအားကြီး ပုဂ္ဂိုလ်များစွာတို့ ရှိနေပါသည်။ အားလုံးတို့သည် စစ်ဘုရင်များဖြစ်ကြပြီး နှိမ့်ချစွာ နေနေကြသည့် လူများစွာလည်း ပါဝင်၏။
ထန်းပေါင်စံအိမ်မှ စွမ်းအားကြီး ပုဂ္ဂိုလ်များသာလျှင် ထိုသစ်သားသင်္ဘောငယ်ကို သတိထားကာ ကြည့်နေ၏။
"ကျန်းကျွင်းရာရဲ့ ဟူဟိုင် ရောက်နေတယ်။ ရွှီယန်နဲ့ ရှဲ့လင်ဖုန်းက ရင်းနှီးတဲ့ မိတ်ဆွေတွေပဲ။ ဖြစ်နိုင်တာက ဟူဟိုင်လှုပ်ရှားဖို့ စီစဉ်နေတာလား. "
"ဟူဟိုင်တစ်ယောက်တည်းနဲ့ ပါဝင်လှုပ်ရှားရင်တောင် လူတစ်ယောက်ကိုပဲ တားနိုင်မှာ။ ရှဲ့ထန်းဟန် ရောက်လာမှပဲ အသုံးဝင်လိမ့်မယ်.."
"ရှဲ့ထန်းဟန်က ပေါ်မလာတာ တော်တော်လေးကြာပြီ။ ကြည့်ရတာ တံခါးပိတ် ကျင့်ကြံနေပုံပဲ။ သူသာလာရင် ဟော်ထူသေချာပေါက် ထွက်ပြေးသွားမှာ.."
ထန်းပေါင်စံအိမ်မှ ကျွမ်းကျင်သူများက စကားပြောနေစဉ် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က သင်္ဘောငယ်ပေါ်သို့ ရောက်ရှိလာပြီး ဖြစ်၏။
"အဖေ... တစ်ယောက်တည်းလား.."
ဟူရှန်းက ပတ်ဝန်းကျင်ကို ကြည့်ကာ မေးသည်။
"ဦးလေးဟိုင်.."
ရှဲ့လင်ဖုန်းက နှုတ်ဆက်သည်။
"အင်း.."
ဟူဟိုင်၏ မျက်လုံးများက ပွင့်လာ၏။ ခေါင်းငြိမ့်ပြီးနောက် ချန်းလန်ကျွန်းဘက်သို့ ကြည့်ကာ ပြောသည်။
"အနည်းဆုံး အထွတ်အထိပ်စစ်ဘုရင် ၃ယောက်ရှိတယ်။ ငါလှုပ်ရှားရင်တောင် တစ်ယောက်ကိုပဲ တားနိုင်မှာ။ နှစ်ယောက်ဆိုရင် နှောင့်နှေးအောင် လုပ်နိုင်ဖို့ပဲ တက်နိုင်တယ်။ ဒါပေမယ့် အချိန်အကြာကြီး မဟုတ်ဘူး.."
ရှဲ့လင်ဖုန်းက နေပူများကို မှုတ်ထုတ်ကာ ပြောသည်။
"ညီလေးရွှီ ဒီကို လာရဲကတည်းက သူ့မှာ ယုံကြည်ချက်ရှိတယ်လို့ ဆိုလိုတာပဲ။ ဦးလေးဟိုင် ဝင်ပါဖို့အတွက် မလိုအပ်လောက်ဘူး.."
ဟူဟိုင်က အပြုံးတစ်ခုဖြင့် ပြော၏။
"ငါလည်း အရမ်းသိချင်နေတာ။ သခင်လေးကိုတောင်မှ နိမ့်ကျတယ်လို့ ခံစားရစေတာ ဘယ်လို အနှိုင်းမဲ့တဲ့ ပါရမီရှင်မျိုးလဲလို့.."
ထိုစကားအတွက် ရှဲ့လင်ဖုန်းက အပြုံးတစ်ခုကိုသာ အားတင်းကာ ပြုံးပြီး ပြောသည်။
"ဦးလေးဟိုင်... ကျွန်ဝောာ်က ဘယ်လိုလုပ်ပြီး ရွှီယန်ရဲ့ မကောင်းဆိုးဝါးဆန်တဲ့ ပါရမီနဲ့ နှိုင်းယှဉ်နိုင်မှာလဲ။ ဒီဘဝမှာ ဓားတာအိုရဲ့ စတင်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ရုံနဲ့ လုံလောက်နေပြီလို့ ပြောလို့ရနေပါပြီ.."
ဟူဟိုင်၏ပုံက အလိုမကျစွာ ဖြစ်သွားပြီး ပြောသည်။
"သခင်လေး... ဘာတွေပြောနေတာလဲ... မင်းရဲ့စွမ်းအားက သူ့ထက်ပိုပြီးတော့ နိမ့်ပါးနေရင်တောင် ဓားတာအိုရဲ့ စတင်ခြင်း အဆင့်ကို မရောက်သေးဘူးလို့ ပြောလို့မရဘူးလေ.."
ရှဲ့လင်ဖုန်းက ရိုးရှင်းစွာသာ သူ၏ခေါင်းကို ရမ်း၏။