ချန်ချင်းစံအိမ်၏ ဂုဏ်သတင်း အတွင်းဘက်နယ်မြေ၌ ပျံ့နှံ့ခြင်း(၃)
Vol. 20 Ch. 293
သို့ရာတွင် မူလအဆင့်၌ သန့်စင်သော ဓားနှလုံးသားကို ပြည့်စုံစွာ နားလည်သဘောပေါက်မှု ရလာရန်အတွက် ဖြစ်နိုင်ခြင်း မရှိပါ။
ရှဲ့လင်ဖုန်းက ဓားသခင် ချောက်ကမ်းပါးသို့ ပြန်ပြီး ကျင့်ကြံမှုပြုကာ ကိုယ့်ကိုယ်ကို မြှင့်တင်ရန်အတွက် ဓားသခင်ချောက်ကမ်းပါးမှ သိုင်းကျမ်းများကို ပိုမိုနက်ရှိုင်းအောင် လေ့လာရန် ဆုံးဖြတ်လိုက်သည်။
"ညီလေးရွှီ... လိုအပ်တာ တစ်ခုခုရှိရင် ငါ့ကို အချိန်မရွေး ဆက်သွယ်လိုက်.."
ရှဲ့လင်ဖုန်းက ရွှီယန်ကို တံဆိပ်ပြား တစ်ခုအား ပေးသည်။
ထိုတံဆိပ်နှင့် ဓားသခင်ချောက်ကမ်းပါး၏ မည်သည့် စခန်းသို့မဆို သွားရောက်ကာ စာပို့ငှက်ဖြင့် သူ့ဆီသို့ အကြောင်းကြားနိုင်၏။
"ကောင်းပြီ.."
ရွှီယန်က တံဆိပ်ပြားကို လက်ခံလိုက်သည်။
ချန်ချင်းစံအိမ်၏ အတွင်းဘက်နယ်မြေသို့ စတင်ဝင်ရောက်မှုမှာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရမည်ဖြစ်ကြောင်းအား သူနားလည်၏။
"ဓားသခင်ချောက်ကမ်းပါးရဲ့ ကိုယ်စား ချန်ချင်းစံအိမ်ကနေ ဆေးလုံး တစ်သုတ်လောက်ကို ငါဝယ်ချင်တယ်။ ပြီးတော့ လိုအပ်ရင် ဓားသခင်ချောက်ကမ်းပါးက ရှေ့တက်လာပြီး ဘယ်အန္တရာယ်ကိုမဆို ကူညီ တွန်းလှန်ပေးလိုတယ်.."
ရှဲ့လင်ဖုန်းက လေးနက်စွာ ပြော၏။
သူသည် ဒန်ဆေးလုံးများ၏ ဖြန့်ဝေမှုနှင့်အတူ ချန်ချင်းစံအိမ် ရင်ဆိုင်လာရမည့် စိန်ခေါ်မှုများကို ကောင်းမွန်စွာသိရှိ၏။ အကြီးမားဆုံး ဖိအားမှာ ထန်းပေါင်စံအိမ်ဖြစ်သည်။ ၎င်း၏ နောက်ခံနှင့် စစ်မှန်သည့် ခွန်အားကို မည်သူမှ မသိကြပေ။
"ကောင်းပါပြီ။ အကိုရှဲ့သာ... ကျန်းကျွင်းရာရဲ့ ကိုယ်စား ဆေးလုံးတွေကို ဝယ်ယူလိုတယ်ဆိုရင် ၃၀%လျော့ဈေးပေးမယ်.."
ရွှီယန်က အပြုံးတစ်ခုဖြင့် ပြော၏။
ဘေးရှိ ဟူဟိုင်မှာ ထိုဆေးလုံးများကို မည်သည် ဖြစ်သနည်းဟု အံ့ဩနေပါသည်။ ကျန်းကျွင်းရာသည် ရွှီယန်၏နောက်ရှိ ချန်ချင်းစံအိမ်နှင့် ပူးပေါင်းမှုအချို့ ပြုလုပ်ကာ ချန်ချင်းစံအိမ်အား သက်ဆိုင်ရာ ပြဿနာများတွင် ကူညီဖြေရှင်းပေးမည်လား။ ဤသည်က သေးငယ်သည့် တန်ကြေး မဟုတ်ပေ။
သို့ပေမယ့် သူ့အနေနှင့် ဝင်ရောက်ပြောကြားခြင်း မပြုပါ။ ရှဲ့လင်ဖုန်းမှာ ဓားသခင်ချောက်ကမ်းပါးမှ အလားအလာ အကောင်းဆုံး ပါရမီရှင်တစ်ယောက် ဖြစ်ပြီး လက်ရှိ ဓားနန်းတော်သခင် ရှဲ့ထန်းဟန်၏ တစ်ဦးတည်းသောသားလည်း ဖြစ်သည်။ နောငါလာမည့် ဓားနန်းတော်သခင်လည်း ဖြစ်၏။ သူသည် ဒီဆုံးဖြတ်ချက်များကို ချမှတ်ရန်အတွက် အဆင့်မှီပါသည်။
သူတို့၏ ထွက်ခွာသွားမှု အပြီးတွင် ရွှီယန်နှင့် မုန့်ချုံတို့ ခုနစ်စင်ကြယ်အကယ်ဒမီသို့ ထွက်ခဲ့ကြ၏။ နတ်ဆိုးအရှင်သခင် ဟော်ထူ၏ ရတနာများကိုတော့ ခုနစ်စင်ကြယ် အကယ်ဒမီမှ ပြန်ရောက်လာပြီးမှ ရှာဖွေလျှငိလည်း နောက်ကျမည် မဟုတ်ပါ။
မြေပုံသာ အတုဖြစ်နေပါက အချိန်ဖြုန်းတီးရာ ကြပါသည်။ အစစ်ဖြစ်လျှင်လည်း နတ်ဆိုးအရှင်သခင် ဟော်ထူမှာ အလွန်လျှို့ဝှက်သည့် လူဖြစ်ရာ အခြားသူများအနေနှင့် အချိန်တိုအတွင်း ရှာတွေ့နိုင်မည် မဟုတ်ပေ။
"ဟူရှန်း... မင်းနဲ့ ဦးလေးဟိုင်တို့ ချန်ချင်းစံအိမ်က ဆေးလုံးတွေ ဝယ်ယူဖို့အတွက် တာဝန်ယူလိုက်။ ချန်ချင်းစံအိမ်ကို ပစ်မှတ်ထားတဲ့ လူတွေကိုလည်း တားဆီးပေး.."
ရှဲ့လင်ဖုန်းက ပြော၏။
"ဟုတ်ကဲ့ပါ သခင်လေး.."
ဟူရှန်းက စိတ်လှုပ်ရှားစွာဖြင့် ဖြေကြားသည်။
"ဘာဆေးလုံးတွေ မို့လို့လဲ.."
ဟူဟိုင်က သိလိုစွာမေး၏။
"အဲ့ဒါက ချီစုဆောင်းခြင်း ဆေးလုံးပါ။ ဦးလေးဟိုင်... စမ်းကြည့်ပြီးရင် သိလိမ့်မယ်.."
ရှဲ့လင်ဖုန်းက ချီစုဆောင်းခြင်း ဆေးလုံး တစ်ပုလင်းကို ပေးလိုက်၏။ ဆေးလုံးကို စမ်းသပ်ကြည့်ပြီးနောက် ဟူဟိုင်မှာ တစ်ခုခု ထူးခြားနေကြောင်းကို နားလည်လိုက်သည်။
ဆေးလုံးတစ်လုံးကို စားသုံးလိုက်သည်နှင့် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ဖြစ်သည့် သူပင်လျှင် အနည်းငယ် မှင်သက်သွားခဲ့၏။ ဒီဆေးလုံးသည် ကျင့်ကြံမှုတွင် အထောက်အကူများစွာ ဖြစ်ပါသည်။ သိုင်းသခင်တစ်ယောက်သာ ဒီဆေးလုံးနှင့် ကျင့်ကြံပါက တိုးတက်မှုအမြန်နှုန်းကို သေချာပေါက် မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ထို့အပြင် လူတစ်ယောက်၏ ပါရမီသာ အရမ်းကြီး မဆိုးဝါးပါက အထွတ်အထိပ် သိုင်းသခင်အဆင့်သို့ ချိုးဖျက်ရန်မှာ ခက်ခဲမှု မရှိပုံပေါ်သည်။
ဓားသခင်ချောက်ကမ်းပါးသို့ ဝင်ရောက်ခဲ့သည့် မည်သူမဆိုသည် ပါရမီနည်းပါးခြင်း မရှိပါ။
လူတစ်ယောက်အနေနှင့် ဒီဆေးလုံးများကိုသာ မှီခိုပြီး ခွန်အားအဆင့်ကို မြှင့်တင်နေပါက သူတို့၏ တိုက်ခိုက်မှု စွမ်းအားက ကောင်းမွန်ခြင်းမရှိတာ ဖြစ်ပေလိမ့်မည်။
သို့ပေမယ့် ကျင့်ကြံမှုအဆင့် မြင့်တက်ခြင်းက ခြုံငုံသုံးသပ်ကြည့်ပါက ခွန်အားကို ကြီးစွာမြင့်မားလာစေမှာဖြစ်၏။
ထို့အပြင် အဆင့်ချိုးဖျက်မှု အပြီးတွင် အချိန်များကို ပိုမိုအသုံးပြုပြီး မိမိ၏ စွမ်းရည်များကို ခိုင်မာအောင်လုပ်ကာ အတတ်ပညာများကို ပိုမိုကျင့်ကြံလို့ ရ၏။
"သခင်လေး... ဒီဆေးလုံးတွေရဲ့ အာနိသင်က အံ့သြစရာပဲ.."
ဟူဟိုင်က အသံပြုသည်။
"အဲ့ဒါတွေကို ရွှီယန်ရဲ့ ဂျူနီယာညီမလေးက ဖန်တီးထားတာ။ ကျွန်တော့မှာ ညီလေးရွှီနဲ့ နက်ရှိုင်းတဲ့ ရင်းနှီးမှုရှိတယ်။ သန့်စင်ခိုင်းချင်တဲ့ အထူးဆေးလုံးတစ်ခုခု ရှိရင် စိတ်ဝိဉာဉ်ဆေးပင်တွေကို ထောက်ပံ့ပေးရုံပဲ။ ကျွန်တော့်အထင်တော့ ဓားသခင်ချောက်ကမ်းပါးက အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်တွေကို ဒန်ဆေးလုံးအဖြစ် သန့်စင်တာက ကောင်းမွန်တဲ့ ရွေးချယ်မှုပဲ.."
ရှဲ့လင်ဖုန်းက အပြုံးတစ်ခုဖြင့် ပြောသည်။
သူက ချက်ချင်းပင် ပြန်လည်ရှင်သန်ခြင်း ဆေးလုံးတစ်လုံးကို ပေးလိုက်ပြီး ပြော၏။
"ဒါက ပြန်လည်ရှင်သန်ခြင်းဆေးလုံးပဲ... အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ဒဏ်ရာအပြင်းအထန် ရနေရင်တောင် အသက်ရှူနေသ၍ ဒီဆေးလုံးကို သောက်ပြီး ပြန်လည်ကောင်းမွန် လာနိုင်တယ်။ အဲ့ဒီ့အပြင် ထိခိုက်သွားတဲ့ အခြေခံတွေကိုလည်း ပြန်ပြီးတော့ ကုစားပေးတယ်.."
ဟူဟိုင်၏ အသက်ရှူမှုက လေးလံလာခဲ့၏။ သူ၏မျက်လုံးများက ပြူးကျယ်သွားသည်။ ဆေးလုံးကို ကြည့်ရုံဖြင့် ၎င်း၏ ထူးကဲမှုကို သူအနေနှင့် တွေ့မြင်နိုင်၏။ ရှဲ့လင်ဖုန်း၏ စကားများနှင့် ပတ်သက်ပြီး သံသယဝင်မိခြင်း မရှိပေ။
"ဒီဆေးလုံးတွေက တကယ့်ကို အံ့ဖွယ်ပဲ.."
သခင်လေးသအနေနှင့် ဓားသခင်ချောက်ကမ်းပါး၏ ခွန်အားကို အသုံးပြုပြီး ချန်ချင်းစံအိမ်အတွက် ဖြစ်ပေါ်လာနိုင်မည့် ပြဿနာများကို ကာကွယ်ပေးလိုတာ အံ့သြစရာ မရှိပေ။