မုန်တိုင်း၏ အစပျိုးလာမှု၊ လျှို့ဝှက်ဆန်းကြယ်သည့် ယင်လုံ့စံအိမ်
Vol. 20 Ch. 296
ချန်ချင်းစံအိမ်မှာ လျှင်မြန်စွာ ကျယ်ပြန့်နေဆဲ ရှိ၏။ များပြားလှသည့် စိတ်ဝိဉာဉ်ဆေးပင်များကို ဝယ်ယူကာ တတိယမြောက်အသုတ် ဆေးလုံးထုတ်လုပ်ခြင်းကို ဒန်ဆေးသန့်စင်ခြင်း ခန်းမအတွင်း၌ ပြင်ဆင်ထားပြီးဖြစ်၏။
ချီစုဆောင်းခြင်း ဆေးလုံးများအပြင် သူတို့သည် ချီနှင့်သွေးဆေးလုံး တစ်သုတ်ကိုလည်း သန့်စင်ကြရ၏။
ထိုဆေးလုံးများကို ရွှီကျွင်းဟယ်နှင့် ခုံရော့ကျစ်တို့က စွန့်ပစ်ဒေသနှင့် ထယ်ရှန်းမြို့၏ ပတ်ဝန်းကျင်ရှိ သိုင်းသမားများ ကျင့်ကြံရာတွင် အသုံးပြုသည်။
သဟွ၏ ဒဏ္ဍာရီမှာ တဖြည်းဖြည်းနှင့် တောတောင်များအကြား၌ ပျံ့နှံ့လာနေပြီး ထယ်ရှန်းမြို့အထိ ရောက်ရှိလာခဲ့သည်။ နောက်ပိုင်းတွင် သဟွ၏ ဂုဏ်ကျက်သရေကို ပြန်လည်တည်ဆောက်မည်ဟူ၍ အချို့ အော်ဟစ်ကြွေးကြော်သူများပင် ရှိလာခဲ့၏။
ဤသည်မှာတော့ ပုန်ကန်ရာတွင် အတွေ့အကြုံရှိသည့် ခုံရော့ကျစ်၏ လုပ်ဆောင်မှု ဖြစ်သည်။
'စတင်တဲ့ သိုင်းသမားအရေအတွက် မကြာခင်မှာ ၁၀၀ကိုချိုးဖျက်တော့မယ်..'
လီရွှမ်က စိတ်အားထက်သန်စွာ မျှော်လင့်နေ၏။ သူဖန်တီးထားသည့် သိုင်းပညာအား စတင်ခြင်းသို့ ကျင့်ကြံနိုင်သူ အရေအတွက် ၁၀၀သို့ ရောက်ရှိပါက မည်ကဲ့သို့သော တန်ပြန်အကျိုးပြုမှုကို ရရှိလာမည်နည်း။
ယခုအချိန်၌ သဟွသိုင်းပညာ၏ ကျင့်ကြံမှုသည် လျှင်မြန်သည့် တိုးတက်မှု အချိန်အခါ အတွင်းသို့ ရောက်ရှိနေပါသည်။ လုံလောက်သည့် ဒန်ဆေးလုံးများ၏ ထောက်ပံ့ပေးမှုနှင့်အတူ လူတစ်ယောက်၏ ပါရမီသာ မနိမ့်ပါးပါက ကျင့်ကြံမှု အမြန်နှုန်းကို ကြီးစွာ မြင့်တက်စေမှာဖြစ်၏။
စုလင်းရှုံမှာ မူလအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်ပြီး ဖြစ်သည်။ လီရွှမ်၏ ခွန်အားက တိုးတက်လာခဲ့ပြန်၏။
ဒန်ဆေးသိုင်းပညာကျမ်း အတိုင်း လေ့လာရင်းက စုလင်းရှုံသည် အတွေးအမြင် အသစ်အချို့အား ရရှိခဲ့၏။
မကြာခင်တွင် ပိုမို အဆင့်မြင့်မားသည့် ဒန်ဆေးသိုင်းပညာကျမ်းတစ်ခု ထွက်ပေါ်လာမည်ဟု ယုံကြည်ရသည်။
ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်းအတတ် မှာတော့ ၎င်းနှင့် ပတ်သက်၍လည်း စုလင်းရှုံသည် အတွေးအမြင်အချို့အား ရရှိပြီးဖြစ်၏။ သူမ၏ မလုံလောက်သည့် ခွန်အားကသာလျှင် အတားအဆီး ဖြစ်လာခဲ့သည်။
"မုန်တိုင်းတစ်ခု ရောက်လာပြီ.."
လီရွှမ်က ခြံဝန်းထဲတွင် မတ်တပ်ရပ်နေရင်းက သက်ပြင်းချသည်။
ထန်းပေါင်စံအိမ်၏ မူလကိုယ်စားလှယ် နေရာတွင် အခြားတစ်ယောက် အစားထိုးလာခဲ့၏။ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ဖြစ်သည်။ ထို့အပြင် ထန်းပေါင်စံအိမ်အတွက် ဆေးပင်များကို စုစည်းရန်အတွက် အချိန်အချို့ လိုမည်ဟု ရွှီကျွင်းဟယ်ကို ပြောခဲ့၏။
ချန်ချင်းစံအိမ်ကို ထန်းပေါင်စံအိမ်အတွင်းသို့ ဝင်ရောက်ကာ ထန်းပေါင်စံအိမ်၏ အဖွဲ့တစ်ခု ဖြစ်လာမည်လားဟုလည်း အရိပ်အမွက် ပြောခဲ့၏။
ဒန်ဆေးသန့်စင်ခြင်း သင်တန်းသားများကိုလည်း လူအချို့က တိတ်တဆိတ် ဆက်သွယ်ကာ ခေါ်ယူရန် ကြိုးစားခဲ့သည်။ သို့ရာတွင် သင်တန်းသားအားလုံးတို့မှာ သစ္စာရှိကြပြီး ရွှီကျွင်းဟယ်ကို ချက်ချင်း တင်ပြခဲ့ကြ၏။
ခုံရော့ကျစ်၏ ဦးနှောက်ဆေးမှုအောက်တွင် ဒီလူများသည် သဟွ၏ ပြန်လည် ပေါ်ထွန်းလာမှုအပေါ် ခိုင်မာသည့် ရည်မှန်းချက်တို့ ရှိပါသည်။
ခံစားခွင့်များ ကောင်းမွန်ကာ ကျင့်ကြံရန်အတွက် ဆေးလုံးလည်း လိုအပ်ခြင်းမရှိရာ အခြားအဖွဲ့အစည်းများကို ဝင်ရောက်ဖို့ စိတ်မကူးကြပေ။
ရွှီကျွင်းဟယ်သည် ချဲ့ထွင်မှုကို စတင် လျော့ချလိုက်၏။ ဆေးလုံးများ၏ ရောင်းချပေးမှုကိုလည်း စတင်ကန့်သတ်လာခဲ့သည်။ စိတ်ဝိဉာဉ်ဆေးပင် နည်းပါးမှုကြောင့် ဆေးလုံးထုတ်လုပ်ရန် လုံလောက်ခြင်းမရှိ ဖြစ်နေသည်ဟု ဆို၏။ ထို့ကြောင့် စျေးကွက်၏ လိုအပ်ချက်အား မဖြည့်စွမ်းနိုင်ဘဲ ဖြစ်နေပါသည်။
ထန်းပေါင်စံအိမ်က ပိုမိုသည့် မည်သည့် လှုပ်ရှားမှုကိုမှ လုပ်ဆောင်ခြင်း မရှိသလို ခွန်အားသုံးကာ ဖိအားပေးမည့် လက္ခဏာကိုလည်း မပြပါ။ ဤသည်မှာ မထင်မှတ်ထားစရာ ဖြစ်၏။
မုန့်ရှူရှူက အိတ်ကြီးတစ်အိတ်နှင့် ပြန်လာခဲ့သည်။ ယခုအချိန်၌ သူသည် အလွန်တက်ကြွနေ၏။ နေရာတိုင်းရှိ အဆင့်မြင့် စိတ်ဝိဉာဉ်ဆေးပင်များကို ရှာဖွေနေပါသည်။
"သိုလှောင်အိတ်တစ်ခုသာ ရှိရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ.."
သူသည် စိတ်ဝိဉာဉ်ဆေးပင်အိတ်ကို ချကာ သက်ပြင်းချသည်။ နောက်ဆုံးတွင် ရွှီယန်နှင့် မုန့်ချုံတို့၏ အဘယ်ကြောင့် သိုလှောင်အိတ်အား အလွန် လိုချင်နေကြောင်းကို နားလည်လာခဲ့၏။
သိုလှောင်အိတ်သာရှိပါက ကြီးမားသည့် အိတ်ကြီးများကို သယ်နေစရာလိုမည် မဟုတ်တော့ပေ။ ဤသည်က လူအများ၏ အာရုံကို အလွန်ဆွဲဆောင်၏။
"ကျေးဇူးတင်ပါတယ် အစ်ကိုမုန့်.. ပင်ပန်းသွားပြီ.."
စုလင်းရှုံက သူ့ကို စိတ်ရင်းဖြင့် ကျေးဇူးတင်၏။
"မပင်ပန်းပါဘူး... စိတ်ဝိဉာဉ်ဆေးပင်တွေကို ရှာဖွေတာက ငါအကျွမ်းကျင်ဆုံး ကိစ္စပဲ.."
မုန့်ရှူရှူက လက်ကို ဝှေ့ရမ်းသည်။ သူ၏ ခွန်အားမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။
စုလင်းရှုံက သူ့ကို အစစ်အမှန်ချီ သန့်စင်ခြင်း နည်းလမ်းအား သင်ကြားပေး၏။ သူသည် မူလအတွင်းအားချီကို မူလအစစ်အမှန်ချီအဖြစ် စတင် သန့်စင်နေပြီး ဖြစ်သည်။ သန့်စင်မှုသာ အောင်မြင်ပါက ခွန်အားကို ထပ်မံမြင့်တက်စေမှာ ဖြစ်၏။
သူ၏ အနာဂတ်က တောက်ပကာ တိုက်ခိုက်ခြင်း စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေပါသည်။
ရုတ်တရက် လီရွှမ်က သက်ဆိုင်ရာ လားရာတစ်ခုဆီသို့ ခေါင်းမော့ကြည့်သည်။
"သူတို့လာကြပြီ.."
စုလင်းရှုံက ကြောင်တောင်စွာ မေး၏။
"ဆရာ ဘယ်သူလာတာလဲ..."
"ချန်ချင်းစံအိမ်အတွက် ပြဿနာပေါ့.."
လီရွှမ်က ရယ်၏။
ရုတ်တရက် စုလင်းရှုံနှင့် မုန့်ရှူရှူတို့က ခေါင်းမော့ကြည့်ကြသည်။ ကောင်းကင်၌ ပုံရိပ်၁၀ခုကျော်သို့ ပျံသန်းလာခဲ့၏။ အားလုံးတို့သည် ဝတ်စုံနက်များကို ဝတ်ဆင်ထားကြပြီး ဓားရှည်များကို ကိုင်ဆောင်ထားကြသည်။ခေါင်းဆောင်မှာ စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။
ထိုလူအုပ်စုသည် ချန်ချင်းစံအိမ်၏ ကောင်းကင်အထက်သို့ ရောက်ရှိလာပြီးနောက် နေရာတဝိုက်ကို စူးစမ်း၏။ ထို့နောက် ဦးဆောင်လာသည့် စစ်ဘုရင်က တော်ဝင်အမိန့်တော်ကို ထုတ်ကာ ဖြန့်လိုက်သည်။
"ချန်ချင်းစံအိမ်... အမိန့်ကိုနာခံစေ... မင်းတို့ရဲ့ ချီစုဆောင်းခြင်း ဆေးလုံးကို ဖန်တီးနိုင်မှုက ငါတို့ ယွဲ့နိုင်ငံရဲ့ သိုင်းသမားတွေကို ကြီးစွာအကျိုးပြုခဲ့တယ်။ မင်းတို့ရဲ့ ထူးချွန်တဲ့ အကျိုးဆောင်မှုကို ငါတို့ အသိအမှတ်ပြုတယ်။ ဒါကြောင့်မို့လို့ အထူးဆုကြေးတွေကိုလည်း ပေးအပ်လိုက်တယ်။ ပြီးတော့ ချန်ချင်းစံအိမ်ကို ယွဲ့နိုင်ငံရဲ့ ဒန်ဆေးဌာနအဖြစ် တရားဝင်ချီးမြှင့်ပြီး ချန်ချင်းစံအိမ်ရဲ့ သခင်ကို ချန်ချင်းအမတ်ဆိုတဲ့ ဘွဲ့အမည်ကို ပေးဆောင်တယ်။ အမိန့်ကို လက်ခံစေ.."
ဦးဆောင်လာသည့် စစ်ဘုရင်က အမိန့်အား ဖတ်ကြားမှုအပြီးတွင် ခေါင်းငုံ့ကြည့်၏။ သူ၏ အရှိန်အဝါက မြင့်တက်လာခဲ့သည်။ ရှင်းလင်းစွာပင် သတိပေးနေခြင်း ဖြစ်၏။
အမိန့်ကို လက်ခံမည်လား။ ထိုသို့ဆိုပါက လူတိုင်းအနေနှင့် မိတ်ဆွေဖြစ်နိုင်ပါသည်။ ယွဲ့နိုင်ငံ၏ မြို့တော်သို့ သွားရောက်ကာ တော်ဝင်ဆန်သည့် ဘွဲ့ထူးတစ်ခုကို ရရှိမည်ဖြစ်၏။ ယွဲ့နိုင်ငံအရှင်မင်းကြီး၏ လက်အောက်တွင် ခစားလို့ ရပေမည်။
ခုခံပါက အပြစ်သားဖြစ်လာပြီး ယွဲ့နိုင်ငံ၏ ကျွန်များအဖြစ် သတ်မှတ်ခံရမည် ဖြစ်၏။
"ယွဲ့နိုင်ငံမှာ ငါ့ရဲ့ ချန်ချင်းစံအိမ်ကို အုပ်စိုးဖို့အတွက် ဘာအခွင့်မှ မရှိဘူး။ လာတဲ့နေရာကို ပြန်သွားနှင့်.."
စုလင်းရှုံက အေးစက်စွာ ပြော၏။
"ဘယ်လောက် ရိုင်းစိုင်းလိုက်လဲ... ချန်ချင်းစံအိမ်က ပုန်ကန်ဖို့ စီစဉ်နေတာလား.."
ဦးဆောင်လာသည့် စစ်ဘုရင်က ဒေါသတကြီး အော်၏။ သူ၏ အငွေ့အသက်က ပေါက်ကွဲထွက်လာခဲ့သည်။
"နင်က သေချင်နေတာပဲ.."
စုလင်းရှုံက ဒေါသထွက်သွား၏။ လက်တစ်ဖက်နှင့် ဂေါ်ပြားကို ကောက်ယူကာ ရွှေအပ်များက ပျံထွက်လာပြီး ချက်ချင်းပင် ရန်သူကို သွားရောက်တိုက်ခိုက်သည်။
သူမအနေနှင့် မူလအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့သာ ရောက်ရှိသေးကာ ဒန်ဆေးသိုင်းပညာအား ကျင့်ကြံခြင်း ဖြစ်ပြီး တိုက်ခိုက်ရာတွင် ကျွမ်းကျင်မှု မရှိပေမယ့် ရန်သူမှာ စစ်ဘုရင်အဆင့်၏ အစောပိုင်း၌သာ ရှိပါသေးသည်။ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။
ဤသည်မှာ သူမ၏ တိုက်ခိုက်မှု အတွေ့အကြုံကို မြှင့်တင်ရန်အတွက် ကောင်းမွန်သည့် အခွင့်အရေး ဖြစ်၏။
ဘေးတွင် ဆရာရှိနေရာ မည်သည့် အန္တရာယ်မှ မကျရောက်နိုင်ဟုလည်း ယုံကြည်ချက်ရှိပါသည်။
"ဘုန်း.."
တိုက်ပွဲက စတင်လာခဲ့သည်။ စုလင်းရှုံ၏ လျှို့ဝှက်လေရွှေအပ်များမှာ အလွန်လျှင်မြန်ပြီး အသံမဲ့ ရွေ့လျားကြ၏။ စစ်ဘုရင်ကို အလစ်အငိုက်မိစေပြီး လျှပ်တပြက်အတွင်း လက်သို့ စိုက်ဝင်သွားစေသည်။
ချက်ချင်းပင် လက်တစ်ချောင်းလုံး ထုံကျဥ်စွာ ခံစားလိုက်ရ၏။ ထိုနေရာတစ်ဝိုက်ရှိ ကြွက်သားများလည်း အသက်ဓာတ်တို့ ဆုံးရှုံးလာသည့်အလား ညှိုးခြောက်လာခဲ့သည်။
သူ၏ မျက်နှာက ချက်ချင်းပင် ဖြူရော်သွား၏။ ဒီကောင်မလေးကို အထင်သေးခဲ့မိလေသည်။ ယာယီ ဂရုမစိုက်မှုက လက်ကို ဒဏ်ရာအပြင်းအထန် ရသွားစေပြီး တိုက်ခိုက်မှု စွမ်းအားတို့ကို ရုတ်လျော့သွားစေ၏။
ထိုအပြင် ရွှေအပ်များသည် အလွန်ခုခံရခက်လှပြီး ရှုပ်ထွေးလှသည်။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ သတိဖြင့်သာ တိုက်ခိုက်ရသည်။ စုလင်းရှုံနှင့် အချိန်တစ်ခုကြာအောင် တိုက်ခိုက်ပြီးသည့်တိုင်အောင် သူမကို အနိုင်မရဘဲ ရှိနေ၏။
"အတူတူ တိုက်ခိုက်ကြ.."
အဖော်ပါလာသည့် လူစုမှာ ထန်းရီအစောင့်တပ်ဖွဲ့မှ လက်ရွေးစင်များ ဖြစ်ကြသည်။ အားလုံးသည် သိုင်းသခင်အဆင့်၌ ရှိ၏။ လျှပ်တပြက်အတွင်း သိုင်းသခင် ၁၀ယောက်ကျော်တို့က ဝန်းရံလာခဲ့၏။
စုတ်တံကဲ့သို့ လက်နက်ကို ကိုင်ဆောင်ထားသည့် မုန့်ရှူရှူက လေထဲသို့ ခုန်တက်ကာ ဒေါသတကြီး ပြောသည်။
"မင်းတို့က ထန်းရီအစောင့်တပ်ဖွဲ့က ဖြစ်တော့ရော ဘာအရေးလဲ။ ဘယ်သူ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလဲ.."