← Chapters

ချင်းထျဲအတုနဲ့ အစစ်

Vol. 33 Ch. 483

ချင်းထျဲအတုနဲ့ အစစ်

Vol. 33 Ch. 483

ရှောင်းကျဲယွိ၏ဓားက ကင်းခြေများကြီး၏ဝမ်းဗိုက်ကို မထိုးဖောက်နိုင်ခဲ့သော်လည်း ကင်းခြေများကြီးက ဒေါသထွက်သွားကာ ၎င်း၏ ဓါးနှင့်တူသော ခြေတံများဖြင့် ရှောင်ကျဲယွိ တိုက်ခိုက်လိုက်သည်။

ရှောင်းကျဲယွိက ထိုကင်းခြေများကြီး၏ ခြေတံများကို ရှောင်ရှားရန် နောက်သို့ လှန်ချကာ ကင်းခြေများ ခြေတံရှည်နှစ်ချောင်းကို သူ့ဓားဖြင့် ခုတ်ဖြတ်လိုက်သည်။ နောက်ပိုင်းတွင် ကင်းခြေများကြီး၏ခြေတံများက ၎င်း၏အားနည်းချက် ဖြစ်ကြောင်း သူ တွေ့ရှိခဲ့ရပြီး ထိုခြေတံရှည်ကြီးများ အတိအကျ ပစ်မှတ်ထားတိုက်ခိုက်နေခဲ့သည်။

သို့သော်လည်း ရှောင်းကျဲယွိကို စိတ်ပျက်သွားစေသည့်အရာက သူ ထိုကင်းခြေများကြီး၏ခြေတံငါးချောင်းကို ဖြတ်တောက်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသော်လည်း ထိုခြေတံများ အသစ်ပြန်ထွက်လာရန် အချိန်သိပ်မကြာခဲ့ပေ။

စူးချင်းက ကင်းခြေများကြီး၏ အဆိပ်များကို ရှောင်တိမ်းလိုက်ပြီး ချင်ယွီအာကို မြှားဖြင့် ထပ်ပစ်လိုက်သည်။ အကွာအဝေးက နီးကပ်လွန်းသောကြောင့် သူမ ရှောင်ချင်လျှင်တောင် ရှောင်တိမ်းရန် မလွယ်ကူလှ‌ပေ။ ချင်ယွီအာက ကင်းခြေများကြီးကို အမိန့်ပေးရန် ပုလွေမှုတ်နေရင်း သူမထံသို့ ပြေးဝင်လာသော မြှားတိုးလေးကြောင့် ထိတ်လန့်သွားခဲ့သည်။

သူမ ထိတ်လန့်သွားပြီး ပုလွေဆက်မမှုတ်နိုင်သောကြောင့် ကင်းခြေများကြီး၏တိုက်ခိုက်မှုများကလည်း ရပ်တန့်သွားခဲ့သည်။ ချင်ယွီအာထံသို့ မြှားတိုလေး ပြေးဝင်သွားပြီး သူမ အန္တရာယ်ရှိနေသည်ကို မြင်လိုက်ရချိန်တွင် သူမ၏ဘေးနားမှ အစေခံက သူမ၏အသက်ကို ဂရုမစိုက်ဘဲ ချင်ယွီအာကို ကယ်တင်ရန် အမြန်ပြေးလာခဲ့သည်။ သူမက ချင်ယွီအာအတွက် မြှားတံကို ပိတ်ဆို့ပေးရန် သူမ၏ ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။

အစေခံက သွေးအန်ကာ သေဆုံးသွားခဲ့ပြီး ချင်ယွီအာက သူမ၏ပုလွေကို အလျင်အမြန် ပြန်မှုတ်လိုက်သည်။ ရပ်တန့်နေသော ကင်းခြေများကြီးကလည်း ထပ်မံတိုက်ခိုက်လာပြန်သည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့က ကင်းခြေများကြီးအား အမိန့်ပေးနေသည်မှာ ချင်ယွီအာ၏ပုလွေဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့ကြသည်။ စူးချင်းနှင့် ရှောင်းကျဲယွိတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ချင်ယွီအာကို အတူတကွ တိုက်ခိုက်ကြတော့သည်။

သူတို့နှစ်ယောက်က အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး တစ်ကောင်က ကင်းခြေများကြီးကို ထိန်းထားကာ ကျန်တစ်ယောက်က ချင်ယွီအာကို ဖမ်းရန် တိုးဝင်နေခဲ့သည်။

သို့သော် ကင်းခြေများကြီးက ၎င်း၏သခင်ကို ကာကွယ်ရန် အလျင်အမြန် ရှောင်တိမ်းနေခဲ့ပြီး လူသားများထက်ပင် ပိုမိုပါးနပ်နေဟန်ရှိသည်။ စူးချင်းက ချင်ယွီအာကို တိုက်ခိုက်လိုက်တိုင်း ကင်းခြေများကြီးက ချင်ယွီအာကို ကာကွယ်ကာ နောက်သို့ ပြန်ဆုတ်သွားတက်သည်။

နှစ်ဘက်စလုံး ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေခဲ့ပြီး စူးချင်းပင်လျှင် စိုးရိမ်လာမိသည်။

သူမရဲ့စစ်နတ်ဘုရားစွမ်းရည်က ဒီကင်းခြေများကြီးကိုတောင် မကိုင်တွယ်နိုင်တော့ဘူးလား? ဒါက တကယ်ကို ဝိညာဉ်သားရဲတစ်ကောင်ဖြစ်နေတာလား?

ရှောင်းကျဲယွိနှင့် စူးချင်းတို့က တူညီသောအတွေးကို တပြိုင်တည်း တွေးမိလိုက်ကြသည်။ ရှောင်းကျဲယွိက ရုတ်တရက် သူ့ဆရာဦးလေး ပေးလိုက်သည့် အဆောင်ကမ္ပည်းပြားကို ပြန်သတိရသွားခဲ့သည်။ သူက ထိုအဆောင်ကမ္ပည်းပြားကို အိတ်ထဲမှ ကမန်းကတန်း ထုတ်ယူပြီး သူ့သွေးဖြင့် ယစ်ပူဇော်လိုက်သည်။

ထိုအဆောင်ကမ္ပည်းပြားပေါ်သို့ သူ့သွေးတစ်စက်ကျရောက်သွားသည်နှင့် ရွှေရောင်အလင်းတန်းများ လင်းလက်လာပြီး ကင်းခြေများကြီးက ချက်ချင်း တွန့်ဆုတ်သွားကာ ထွက်ပြေးရန် ကြိုးစားတော့သည်။ ၎င်း၏ဟန်ပန်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသောကြောင့် ထိုအဆောင်ကမ္ပည်းပြားက ကင်းခြေများကြီးအပေါ် အမှန်တကယ် ထိရောက်မှုရှိမှန်း သိသာနေလေသည်။ ထို့ကြောင့် ရှောင်းကျဲယွိက လေထဲသို့ ခုန်တက်သွားပြီး အဆောင်ကမ္ပည်းပြားကို ကင်းခြေများကြီး၏ဦးခေါင်းထိပ်ပေါ် လှမ်းကပ်လိုက်သည်။

ကင်းခြေများကြီး၏အကာအကွယ်က အရင်ကလောက် ခံနိုင်ရည်မရှိတော့ပေ။ ရှောင်းကျဲယွိက ထိုအခြေအနေကို အခွင့်ကောင်းယူကာ ကင်းခြေများကြီး၏ ဦးခေါင်းနောက်မှ အဆစ်ကြားနေရာကို ဓားဖြင့် လှမ်းထိုးလိုက်ရာ အစိမ်းရောင်သွေးများ စမ်းရေကဲ့သို့ စီးကျလာသည်။ စူးချင်းကလည်း ထိုအဖြစ်အပျက်ကို မြင်သွားခဲ့ပြီး ကင်းခြေများကြီး၏မျက်လုံးကို ထိုးဖောက်ရန် ခုန်တက်သွားပြန်သည်။ ယခုတစ်ကြိမ်တွင်တော့ သူမ မျက်လုံးတစ်လုံးကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။ ကျယ်လောင်သော အော်ညည်းသံနှင့်အတူ ကင်းခြေများကြီးက လေထဲတွင် ကျွမ်းပြန်သွားသည်။ ချင်ယွီအာကို တင်ဆောင်ထားသည့် ကြာဖြူပွင့်ကြီးကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ စူးချင်းက ရှေ့သို့ ပြေးသွားလိုက်ပြီး သတိလစ်နေသော ချင်ယွီအာကို ကောက်မလိုက်သည်။ ထို့နောက် စူးချင်းက သူမ၏အပ်စိုက်မှတ်များကို ဖိနှိပ်လိုက်ပြီး အရိုးပျော့ဆေးမှုန့်ပါ ထပ်သုံးလိုက်သည်။ ကင်းခြေများကြီးအား ထိန်းချုပ်နိုင်သည့်ပုလွေကိုလည်း သူမ၏စနစ်ထဲသို့ ပစ်ထည့်ကာ သိမ်းဆည်းလိုက်သည်။

ထို့နောက် ကျန်နေသော အစေခံများအားလုံးကို အလျင်အမြန် သတ်ဖြတ်ပစ်လိုက်သည်။

ဒီလောက် သုံ့ပန်းတွေ အများကြီးကို စောင့်ကြည့်ဖို့ သူမတို့မှာ လူအင်အား မရှိဘူး။

တစ်ဖက်တွင်လည်း ရှောင်းကျဲယွိက ကင်းခြေများကြီးကို လွမ်တောင်ဖြင့် အပိုင်းပိုင်းဖြတ်နေခဲ့သည်။ ရှောင်ချီ ပြေးထွက်လာချိန်တွင် မြေပြင်ပေါ်ရှိ ကင်းခြေများအပိုင်းအစများကို တွေ့သွားပြီး ဝမ်းသာအားရ ကောက်ယူနေတော့သည်။

ဟား ဟား ဒါတွေအားလုံးက ရတနာတွေပဲ။

ရှောင်ချီက ၎င်းတို့ကို သန့်စင်ရန် အတွက် ဆေးမီးဖိုထဲသို့ ပစ်ချနေချိန်အထိ ထိုကင်းခြေများအပိုင်းအစက တွန့်လိမ်ကာ ရုန်းကန်နေကြသေးသည်။ သို့သော်လည်း နောက်ဆုံးတွင် မသေမျိုးအဖြစ် ပြောင်းလဲနေခဲ့သည်ဟု ယူဆနိုင်သည့် ကင်းခြေများကြီးက ဆေးလုံးငယ်များအဖြစ်သို့ ရောက်ရှိသွားကာ အစွမ်းပြသခွင့် မရှိတော့ပေ။

"တော်‌သေးတာပေါ့၊ ဆရာဦးလး ပေးလိုက်တဲ့ ဒီအဆောင်စာရွက်လေးကို ယူလာမိစေတဲ့ မိုးကောင်းကင်ကိုပဲ ကျေးဇူးတင်ရတော့မယ်"

‌ရှောင်းကျဲယွိက ပင်ပန်းနွမ်းနယ်စွာ ညည်းညူလိုက်ပြီး ပြင်းပြင်းထန်ထန် သက်ပြင်းချလိုက်သည်။ သူ့အဝတ်အစားများတွင် ချွေးများ စိုရွှဲနေပြီး သူ အမှန်တကယ် အမောဆို့လုနီးပါး ဖြစ်ခဲ့ရသည်။

ဆရာဦးလေးက ဒီအ‌ဆောင်ကမ္ပည်းပြားကို လုံခြုံအောင် သိမ်းထားခိုင်းတာ အံ့သြစရာ မရှိတော့ဘူး။ ဆရာဦးလေးက သူနဲ့ ချင်းအာ အန္တရာယ်ကြီးတစ်ခုနဲ့ ရင်ဆိုင်ရမှာကို ကြိုတင် ခန့်မှန်းနိုင်ခဲ့တာပဲ ဖြစ်မှာပေါ့။

"အင်း၊ ဆရာဦးလေးအတွက် အရက်ကောင်းကောင်း အိုးတစ်ရာ ချက်ပေးလိုက်မယ်"

စူးချင်းလည်း သက်ပြင်းချနေမိသည်။

သူမ ကိုယ်ကိုကိုယ် မယုံနိုင်လောက်အောင် အစွမ်းထက်တယ်လို့ ထင်ထားခဲ့မိပေမယ့် ဒီအသက်တစ်ထောင်ဝိဥာဏ်မိစ္ဆာကြီးကို ဆန့်ကျင်ဖို့တော့ သူမမှာ စွမ်းအား မရှိခဲ့ဘူး။ ကံကောင်းလို့ သူမတို့မှာ ဆရာဦးလေးပေးလိုက်တဲ့ အဆောင်စာရွက် ပါလာခဲ့တာလေ။ မဟုတ်ရင်တော့ သူမနဲ့ ရွှေရှန့်‌ ကင်းခြေများကြီးရဲ့ခြေတံတွေကြားမှာ အသက်ပျောက်သွားနိုင်တယ်။

"နင် ဘာလို့ ဆင်းလာတာလဲ? အပေါ်မှာ ဘာတွေ ဖြစ်ခဲ့သေးလဲ?"

စူးချင်းက ကင်းခြေများကြီး၏အပိုင်းအစများကို ဝမ်းသာအားရ ကောက်ကာ ချက်ချင်း သန့်စင်နေသည့် ရှောင်ချီကို တွေ့လိုက်သောကြောင့် တအံ့တသြ မေးလိုက်သည်။

"အဲဒီလူအိုကြီးက အဆိပ်သုံးခဲ့တယ်!"

ရှောင်ချီက ချင်းထျဲ တစ္ဆေမယ်တော်ကြီးအား ကယ်တင်ရန် သက်တော်စောင့်ဆယ်ယောက်ကို အဆိပ်ခတ်ခဲ့ကြောင်း စူးချင်းကို ပြန်ပြောနေခဲ့သည်။

"ရှောင်ချီ အဲ့ချင်ထျဲကိုဆိုတဲ့လူအိုကြီးရဲ့အရွတ်တွေကို ဖြတ်လိုက်တယ်။ ပြီးတော့ သူ့ကို ကြိုးလည်း ချည်ထားခဲ့တယ်၊ အခု သက်တော်စောင့်အစ်ကိုကြီးတွေက သူတို့ကို စောင့်ကြည့်နေတယ်!"

ဘေးနားတွင် ရပ်နေသည့် ‌ရှောင်းကျဲယွိကတော့ ရှောင်ချီကို ထိတ်လန့်စွာ စိုက်ကြည့်နေလေသည်။

ရှောင်ချီက လူ့စကားကို ပြောနိုင်တယ်လား?

ရှောင်ချီက သခင်ဖြစ်သူထံ သတင်းပို့ပြီးမှသာ သခင်ကြီးက အနီးနားတွင် ရှိနေဆဲဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။ ‌ထို့နောက် သူမက ရှောင်းကျဲယွိကို ချစ်စဖွယ် မျက်နှာလေးဖြင့် ပြောင်ပြကာ စနစ်ထဲသို့ ပြန်ပြေးဝင်ပြီး ပုန်းနေခဲ့သည်။

"သူက လူတွေလို စကားပြောနိုင်တယ်လား?"

‌ရှောင်းကျဲယွိက ရှောင်ချီ၏မျက်နှာထားကြောင့် ပို၍ အံ့သြသွားခဲ့သည်။

စကားပြောနိုင်တဲ့အပြင် မျက်နှာအမူအရာကိုလည်း ဖော်ပြနိုင်တယ်လား? ဒါက ဝိညာဉ်သားရဲ မဟုတ်ဘူးလား?

“ဒါက မသေမျိုးဂိုဏ်ရဲ့ ရတနာလေးလေ”

စူးချင်းက ရှောင်ချီကို အေးအေးဆေးဆေး ဝင်ကယ်တင်ပေးလိုက်ပြီး မသေမျိုးဂိုဏ်း၏၏ဆန်းကြယ်မှုများထဲမှ တစ်ခုဖြစ်ကြောင်း ရှင်းပြလိုက်သည်။ မသေမျိုးဂိုဏ်းအပေါ် မယိမ်းယိုင်သော ယုံကြည်မှုများ ရှိနေသည့် ‌ရှောင်းကျဲယွိကလည်း အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။

"ချင်းအာရဲ့ ကံကြမ္မာက တကယ့်ကိုအံ့သြလောက်စရာပါပဲ။ ဒီမသေမျိုးဂိုဏ်းကလည်း တကယ်ကို အံ့သြစရာကောင်းတယ်"

ထို့နောက် စစ်မြေပြင်ကို ရှင်းလင်းရန် သက်တော်စောင့်ဆယ်ဦးကို လှမ်းခေါ်လိုက်ပြီး စူးချင်းနှင့် ‌ရှောင်းကျဲယွိတို့က ချင်ယွီအာကို စစ်ဆေးမေးမြန်းရန်အတွက် သူမကိုခေါ်ကာ သစ်သားအဆောက်အဦးပေါ်သို့ ပြန်တက်လာခဲ့ကြသည်။

အပေါ်ထပ်တွင် ဝက်များကဲ့သို့ ချည်နှောင်ခံထားရသည့် ချင်ထျဲနှင့် တစ္ဆေမယ်တော်ကြီးကို တွေ့လိုက်ရသည်။ စူးချင်းနှင့် ‌ရှောင်းကျဲယွိတို့ကို မြင်လိုက်ရချိန်တွင် ချင်ထျဲ၏မျက်လုံးတစ်ဖက်မှ ပြင်းထန်ကြမ်းတမ်းသော နာကြည်းမှုများ ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် မယုံကြည်မှုနိုင်သည့် အရိပ်အယောင်များလည်း ထွက်ပေါ်လာသည်။

သူတို့ ဝိဥာဉ်ငါးပါးဂိုဏ်းရဲ့နတ်သားရဲကတောင် ဒီနှစ်ယောက်ကို မသတ်ရဲဘူးလား? ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?

(ဝိဥာဉ်ငါးပါးဂိုဏ်း နဲ့ သရဲငါးကောင် တူပါပဲနော်၊ သူတို့က သူတို့ကိုယ်သူတို့ နံမည်လှလှလေး‌ပေးထားတာပေါ့၊ အပြင်လူတွေကတော့ ရိုးရှင်းတဲ့နံမည်ခေါ်တာပါ)

"ဒါက နင့်သမီးလား?"

စူးချင်းက ချင်ယွီအာကို ချင်ထျဲ ရှေ့သို့ ပစ်ချလိုက်ပြီး လှောင်ပြောင်မေးမြန်းလိုက်သည်။

"ငါ့ကို သတ်ချင် သတ်လိုက်၊ မင်း ကြိုက်သလို လုပ်၊ လာ ခနဲ့မနေနဲ့၊ ကဝေမ၊ ပြီးတော့ အရမ်းလည်းပျော်မနေနဲ့၊ ခေါင်းဆောင်က ငါတို့အတွက် လက်စားချေပေးလိမ့်မယ်။ မင်း ဒီကနေ အသက်ရှင်လျက် ပြန်သွားနိုင်ဖို့ မစဉ်းစားနဲ့တော့"

ချင်ထျဲက သူတို့ဘက်မှ အခြေအနေ မျှော်လင့်ချက်မဲ့နေပြီ နားလည်လိုက်သောကြောင့် ဘာမှ ထပ်မတောင်းဆိုတော့ပေ။ သို့သော်လည်း သူက စူးချင်းကို အေးစက်သော အပြုံးဖြင့် ခြိမ်းခြောက်နေပြီး စိတ်အားငယ်နေသူတစ်ဦး၏နောက်ဆုံးမျှော်လင့်ချင်ဖြင့် တုံပြန်နေခဲ့သည်။

"နင့်ကို ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ ပေးသေရမှာလဲ?"

စူးချင်းက အေးစက်စွာ ရယ်မောလိုက်သည်။

“နင်လည်း ဒီသရဲမကြီးလိုမျိုး ဝေဒနာကို ခံစားကြည့်သင့်တာပေါ့။ နင့်ရဲ့ပါးစပ်က ဘယ်လောက်ကြာကြာ ပိတ်ထားနိုင်မယ်ဆိုတာ ငါ ကြည့်ချင်သေးတယ်”

စူးချင်းက သူမ၏ “အကျိုးခြေအရွတ်ခွဲ” သိုင်းပညာကို အသုံးပြုပြီး ချင်ထျဲကို နှစ်ရှီးချန်(လေးနာရီကြာ)အောင် ညှင်းပန်းနှိပ်ဆက်နေခဲ့သည်။ ချင်ထျဲက သူ့ကိုယ်သူ ခံနိုင်ရည် ကောင်းလွန်းသည်ဟု ယူဆထားခဲ့သော်လည်း တစ်ရှီးချန်မပြည့်မီ နာကျင်စွာ အော်ဟစ်နေပြီ ဖြစ်သည်။

"နတ်ဆိုးမ၊ ကဝေမ၊ ငါ့ကို သတ်လိုက်။ ငါ့ကို မြန်မြန် သေလိုက်ပါတော့”

တစ္ဆေမယ်တော်ကြီးက ဤကဲ့သို့သော ဝေဒနာမျိုးကို နှစ်ကြိမ်တိုင်တိုင် ခံစားခဲ့ရပြီး ဖြစ်သောကြောင့် ယခုအချိန်တွင် သူမလည်း အလွန်အမင်းကြောက်လန့်တုန်လှုပ်နေခဲ့သည်။ စူးချင်းက သူမအား တတိယအကြိမ် မြည်းစမ်းခိုင်းမည်ကို သူမ စိုးရိမ်နေမိသည်။

သူမ မျှော်လင့်ထားသည့်အတိုင်း စူးချင်းက သူမကို ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလာခဲ့သည်။

"အခု နင့်မှာ တန်ဖိုးမရှိတော့ဘူးဆိုတော့ နင့်ကို ဆက်ပြီး အသက်ရှင်ခွင့်ပေးတာက အစားအသောက် ဖြုန်းတီးနေတာနဲ့ အတူတူပဲ”

တစ္ဆေမယ်တော်ကြီး၏ ကျန်ရှိနေသော မျက်လုံးတစ်ဖက်က ပြူးကျယ်သွားခဲ့သည်။

သူမ အခု ခွေးထက်ဆိုးတဲ့ ဘဝနဲ့ နေ နေရတယ်ဆိုပေမယ့် သေတော့ မသေချင်သေးဘူးလေ။

“မသေချင်ရင် ဒီတောင်ပေါ်ရဲ့ အခြေအနေတွေအားလုံးကို သေသေချာချာ ပြောပြလိုက်”

စူးချင်းက တစ္ဆေမယ်တော်ကြီး သေခြင်းတရားကို ကြောက်လန့်နေကြောင်း ရိပ်မိသွားပြီး မြောင်ကျားတောင်တန်းအကြောင်း အသေးစိတ်ပြောပြရန် အမိန့်ပေးလိုက်သည်။

‘သူတို့မှာ ဘယ်လိုအဆိပ်မျိုးတွေရှိလဲ? သူတို့က လူတွေကို ဘယ်လို အဆိပ်ခတ်တာလဲ? ထောင်ချောက်တွေရော တပ်ဆင်ထားသေးလား? ဘယ်နေရာမှာ တပ်ဆင်ထားတာလဲ?’ စသည်ဖြင့် စုံလင်အောင် မေးမြန်းနေခဲ့သည်။

စူးချင်းက “သင့်ကိုယ်သင် သိပြီး သင်၏ရန်သူကို သိခြင်းက စစ်ပွဲတိုင်းကို အနိုင်ရလိမ့်မည်” ဟူသော စကားအတိုင်း ကျင့်သုံးသူဖြစ်သည်။

သရဲငါးကောင်က သူမ ထင်ထားတာထက် ပိုအစွမ်းထက်နေတယ်။ သူတိုရဲ့ အခြေအနေနဲ့ နည်းလမ်းတွေကို ရှင်းရှင်းလင်းလင်း နားလည်ထားမှ သူမတို့လည်း ရှောင်စရာရှိတာရှောင်နိုင်ပြီး အသေအပျောက်နည်းသွားလိမ့်မယ်။

သို့သော်လည်း တစ္ဆေမယ်တော်ကြီးက သူမ၏မျက်လုံးကို မှိတ်ချလိုက်ပြီး အသေခံရန်သာ ဆုံးဖြတ်ထားပုံရသည်။

အကြီးအကဲကို သစ္စာဖောက်ရင် ပိုဆိုးတဲ့ သေခြင်းမျိုးနဲ့ ကြုံရလိမ့်မယ်။ သူမ အဆိပ်ငါးပါးချိုင့်ဝှမ်းထဲကို ပစ်ချခံရပြီး အဆိပ်ကောင်တွေက သူမကို ဝါးစားကြလိမ့်မယ်။ အခု အသတ်ခံလိုက်ရတာက ပိုကောင်းတာပေါ့။

တစ္ဆေမယ်တော်ကြီး မပြောချင်သည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက သူမကို ဓားဖြင့် တစ်ချက်တည်းထိုးသတ်လိုက်သည်။

တောင်တက်လမ်းကို သွားလာရတာ ခက်ခဲတယ်လေ၊ ဒီသရဲမကြီးကို သယ်သွားဖို့ လူတစ်ယောက်လိုပြီး ခရီးနှောင့်နှေးစေတယ်။

တစ္ဆေမယ်တော်ကြီး သေသွားသည်ကို မြင်လိုက်ရချိန်တွင် ချင်ထျဲ၏မျက်လုံးတစ်ဖက်က သွေးရောင် လွှမ်းလာခဲ့သည်။ သူက စူးချင်းကို စိုက်ကြည့်ကာ ကြိမ်းမောင်းအော်ဟစ် နေပြန်သည်။

“မင်း ကြောက်စရာကောင်းလောက်တဲ့ သေခြင်းနဲ့ သေရလိမ့်မယ်၊ ငါတို့ရဲ့ အဆိပ်ငါးပါးတောင်ကြားက အဆိပ်ရှိတဲ့ အင်းဆက်တွေက မင်းကို သေတာထက်ပိုဆိုးတဲ့ ဘဝအကြောင်း ပြောပြလိမ့်မယ်”

စူးချင်း၏မျက်နှာကလည်း ရေခဲကဲ့သို့ အေးစက်လာသည်။ သူမက ချင်ထျဲ၏နားရွက်ဖျားကို ဓားဦးထိပ်ဖြင့် ထိုးစိုက်ကာ လှီးဖြတ်လိုက်သည်။ ချင်ထျဲက နာကျင်စွာ အော်ဟစ်နေသော်လည်း စူးချင်းကတော့ လုံးဝ အကြင်နာတရား မရှိသူ ဖြစ်သည်။ သူမက သူ့မျက်နှာပေါ်က အရေပြားအပိုင်းအစများကို တစ်ခုချင်း ဆုတ်ဖြဲနေခဲ့သည်။

နောက်ဆုံးတွင် စူးချင်းက သူ့မျက်နှာပေါ်မှ လူသားအရေပြားမျက်နှာဖုံးကို ဆုတ်ဖြဲနိုင်ခဲ့သည်။ မျက်နှာဖုံးအောက်မှ သူ့မျက်နှာက ပိန်ကပ်ခြောက်သွေ့နေပြီး အသက်ခြောက်ဆယ်ကျော် ရှိပုံရသည်။ သူ့မျက်နှာပေါ်တွင် အရေးအကြောင်းများ ထူထပ် ရှိနေပြီး တစ္ဆေမယ်တော်ကြီးနှင့် ဆင်တူလှသည်။ တစ်ယောက်က အဘိုးကြီးဖြစ်ပြီး ကျန်တစ်ယောက်က အဘွားကြီးဖြစ်နေခြင်းသာ ကွာခြားသည်။ ချင်ထျဲက သူ၏လူသားအရေခွံမျက်နှာဖုံး စုတ်ပြဲသွားသည်ကို နားလည်သွားခဲ့ပြီး ရယ်မောလိုက်သည်။

သူက တစ္ဆေမယ်တော်ကြီးကို နူးညံ့သောအကြည့်ဖြင့် ကြည့်ကာ တိုးတိုးလေး လှမ်းပြောလိုက်သည်။

"အဘွားကြီး၊ ငါ့ကို စောင့်နေပါ၊ ငါ မကြာခင် မင်း ဆီလာခဲ့မယ်"

စူးချင်းက အရေပြားမျက်နှာဖုံးကို လွှင့်ပစ်လိုက်ကာ နာကျင်မှုကြောင့် ချွေးများ ထွက်နေဆဲဖြစ်သော်လည်း တစ္ဆေမယ်တော်ကြီး၏အလောင်းကို ချစ်မြတ်နိုးစွာ ငေးကြည့်နေဆဲဖြစ်သော ချင်ထျဲကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

မျှော်လင့်ထားသလိုပဲ၊ ဒါက ချင်ထျဲ အယောင်ဆောင်ထားတဲ့ လူပဲ။ ဒီမျက်နှာက တကယ့်အစစ်တောင် ဖြစ်နိုင်သေးတယ်။ သရဲငါးကောင်က ချင်ထျဲကို သိနေပြီး ရွှေရှန့်နဲ့ သူမ ချင်ထျဲကို လိုက်ရှာနေတာကိုလည်း သိနေတယ်။ အဲ့ဒါကြောင့် သူမတို့ကို မြှားခေါ်ဖို့ အယောင်ဆောင်နေကြတာပဲ။

"ချင်ထျဲအစစ်က ဘယ်မှာလဲ?"

စူးချင်းက ချင်ထျဲအတု၏ရှေ့တွင် ထိုင်ကာ ခပ်တင်းတင်း ထပ်မေးလိုက်သည်။

"ဟား ဟား၊ ငါ မင်းကို ဘယ်တော့မှ မပြောပြဘူး။ ငါ့ကို သတ်လိုက်၊ ငါ ငါ့ရဲ့ ညီမဖုန့်ကို သွားရှာမယ်"

ချင်ထျဲအတုက စူးချင်းကို ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောရင်း တုံ့ပြန်လိုက်သည်။ သူက သေခြင်းတရားကို မကြောက်ဘဲ အမြန်ဆုံး သေချင်နေခဲ့သည်။

ဒါဆို သေခြင်းထက် ပိုဆိုးစေတဲ့ ညှဉ်းပန်းနှိပ်စက်မှုကနေ လွတ်မြောက်နိုင်ပြီး ညီမဖုန့်နဲ့အတူ သေဆုံးနိုင်လိမ့်မယ့်။

သူ ပြောလိုက်ရင် အဆိပ်ငါးပါးချိုင့်ဝှမ်းထဲ ပစ်ချခံရပြီး သူ့ခန္ဓာကိုယ်ကို ထောင်ပေါင်းများစွာသော အဆိပ်ပြင်းအင်းဆက်တွေရဲ့ ကိုက်ဖဲ့စားသောက်ကြမှာ မဟုတ်ဘူးလား?

"နင်က ငါ့ကို မပြောဘူးပေါ့လေ ဟုတ်လား?"

စူးချင်းက ချင်ထျဲရှေ့မှာတွင် အေးအေးဆေးဆေး ထိုင်နေရင်း " နင် မပြောရင် သူ(မ)ကို အပိုင်းပိုင်း ဖြတ်ပြီး ဝံပုလွေစာ ကျွေးမယ်၊ သူ(မ)ရဲ့ခန္ဓာကိုယ်တစ်ခုလုံး တပိုင်းပြီးတပိုင်း ပျောက်ဆုံးသွားတာကို နင် စောင့်ကြည့်နေပေါ့။ ပြီး‌တော့ နင်သေသွားရင် ဒီစာရွက်လေးကို နင့်ကိုယ်ပေါ်မှာ ကပ်ပေးလိုက်မယ်၊ နင် သေသွားရင်တောင် သူနဲ့ ပြန်ပေါင်းဖို့ မဖြစ်နိုင်တော့ဘူး"

စူးချင်းက ကျိုးပေါ် ပေးထားခဲ့သည့် အဆောင်စာရွက်ကို ဆွဲထုတ်ပြီး ချင်ထျဲအတု၏ရှေ့တွင် ဝှေ့ယမ်းကာ အေးစက်သောအသံဖြင့် ထပ်ပြောလိုက်သည်။ သူမက ချင်ထျဲ တစ္ဆေမယ်တော်ကြီး၏ဝိညာဉ်နှင့် ပြန်လည်ပေါင်းစည်းခြင်းမှ တားဆီးမည်ဟု ခြိမ်းခြောက်နေခြင်း ဖြစ်သည်။

စူးချင်းက တစ္ဆေမယ်တော်ကြီး၏လက်ကို ခုတ်ထစ်ရန် ပြင်ဆင်နေပြီး သူမ၏ အေးစက်သော စကားလုံးများကို ကြားလိုက်ရချိန်တွင် ချင်ထျဲ၏မျက်လုံးများထဲ၌ ကြောက်ရွံ့မှုများ ပေါ်လာခဲ့သည်။

သူက သေခြင်းတရားကို မကြောက်သလို ညှဉ်းပန်းနှိပ်စက်ခြင်းတွေကို ခံနိုင်ရည်ရှိပေမယ့် ဒီတစ်ခုကိုတော့ သူ တောင့်မခံနိုင်ဘူး။ သူ ဒီဘဝမှာပဲ ဖြစ်ဖြစ် ‌နောက်ဘဝမှပဲဖြစ်ဖြစ် ညီမဖုန့်နဲ့ အတူရှိချင်တယ်။ ဒါက သူ ဘာလို့ အဆိပ်ငါးပါးတောင်ကြားကနေ ထွက်လာပြီး ချင်ထျဲအဖြစ် ဟန်ဆောင်နေရတယ်ဆိုတဲ့ အကြောင်းအရင်းပဲ။ သူက သူ့ရဲ့ညီမဖုန့်ကို ကယ်တင်နိုင်ဖို့ စူးချင်းတို့အဖွဲ့ကို အဆိပ်ငါးပါးတောင်ကြားအထိ မြှားခေါ်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒါကြောင့် သူ ချင်ထျဲအယောင်ဆောင်ပြီး ဒီကြီးမားတဲ့ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့တာ။

"ငါ ပြောတယ်.. ငါ‌ ပြောမယ် ညီမဖုန့်နဲ့ငါ့ကို မခွဲပါနဲ့၊ သူ့ခန္ဓာကိုယ်ကို ထပ်ပြီး မဖျက်ဆီးနဲ့တော့"

ချင်ထျဲအတုက စူးချင်းကို အသနားခံတောင်းပန်လိုက်သည်။

"ဒါကတော့ နင် အမှန်အတိုင်း ပြော မပြောဆိုတဲ့အပေါ်မှာ မူတည်သေးတယ်"

စူးချင်းက သူမဘက်မှ စတင်မလိုက်လျှောဘဲ ချင်ထျဲအတုကို အရင် ပြောခိုင်းလိုက်သည်။

"သူ(မ)က ချင်ထျဲရဲ့သမီးက ချင်ယွိအာပဲ။ သူ(မ)က ပုလွေကို ကောင်းကောင်းမွန်မွန် တီးမှုတ်နိုင်လို့ ငါတို့ရဲ့အကြီးဆုံးအစ်ကိုက သူ(မ)ကို သဘောကျပြီး လွန်ခဲ့တဲ့တစ်နှစ်က မြောင်ကျားတောင်ကို ဖမ်းခေါ်လာခဲ့တာ"

သရဲငါးကောင်၏ ခေါင်းဆောင်ဖြစ်သော တစ္ဆေဘုရင်က စန်းကောင်တီရှိ ထျဲကျူးတောင်သို့ အလည်အပတ် ရောက်ရှိနေစဉ်အတွင်း ချင်ယွိအာ၏ပုလွေမှုတ်သံကို ကြားခဲ့ရသည်။ သူက သူမ၏ဇာတာအကြောင်းကို စုံစမ်းမေးမြန်းခဲ့ပြီး သူမက သူတို့ရှာဖွေနေသော သူတော်စင်အပျိုစင်ဖြစ်ကြောင်း သိလိုက်သဖြင့် သူမကို ဖမ်းခေါ်သွားခဲ့သည်။ ထိုအချိန်တွင် ချင်ထျဲအစစ်က ခရီးဝေး သွားနေခဲ့သည်။ သို့သော်လည်း ချင်ထျဲအစစ် ပြန်ရောက်လာချိန်တွင် သူက သူ့အဆက်အသွယ်များဖြင့် လိုက်လံစုံစမ်းခဲ့ပြီး သမီးဖြစ်သူကို သရဲငါးကောင်က ဖမ်းသွားခဲ့ကြောင်း သိရှိသွားခဲ့သည်။ ထိုအချိန်မှစ၍ သူက သူ့သမီးကို ပြန်ကယ်တင်ပေးနိုင်မည့်သူများကို တိုင်းပြည်အနှံ့ အပြေးအလွှား လိုက်လံရှာဖွေတော့သည်။

သရဲငါးကောင်က ထိုပြသနာကို ရှောင်ရှားရန် ချင်ထျဲကိုပါ ဖမ်းဆီးလိုက်ကြပြီး မြောင်ကျားတောင်တွင် အကျဥ်းချထားခဲ့သည်။ ဂီတပါရမီရှင်ဖြစ်သည့် ချင်ယွိအာကတော့ ကင်းခြေများကြီးကို ထိန်းချုပ်နိုင်သည့် ဂီတသင်္ကေတကို တီးမှုတ်နိုင်ခဲ့သည်။ သူတို့က ချင်ယွိအာကို ချင်ထျဲဖြင့် ခြိမ်းခြောက်ပြီး တစ္ဆေအပျိုစင် ဖြစ်လာစေရန် အတင်းအကျပ် စေခိုင်းခဲ့သည်။ ထို့နောက် ကင်းခြေများကြီးကို ထိန်းချုပ်စေကာ လူသတ်ခိုင်းခဲ့သည်။

ချင်ထျဲအတု၏စကားကို ကြားပြီးနောက် စူးချင်းနှင့် ရှောင်းကျဲယွိက အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ဒါကို ပြသနာတွေ ဖြေရှင်းတယ်လို့ သတ်မှတ်တာလား?

"ချင်ထျဲကို ချုပ်ထားတဲ့နေရာကို အတိအကျ ပုံဆွဲပေး"

စူးချင်းက ချင်ထျဲအတုကို ပုံဆွဲခိုင်းနေသော်လည်း ရှောင်ချီက သူ့အရွတ်များကို ဖြတ်တောက်ခဲ့သောကြောင့် စုတ်တံကို ပါးစပ်ဖြင့် ကိုက်စေကာ စာရွက်ပေါ်တွင် ပုံဆွဲခိုင်းရသည်။ ရှောင်ချီက စနစ်ထဲမှ စာရွက်နှင့် စုတ်တံကို ထုတ်ယူပေးခဲ့ပြီး အကောင်းဆုံးတာဝ် ထမ်းဆောင်နေခဲ့သည်။

ချင်ထျဲအတုက စုတ်တံကို ကိုက်ပြီး ချင်ထျဲအစစ် အကျဥ်းကျနေသည့်နေရာကို ကြိုးကြိုးစားစား ပုံဆွဲပေးနေခဲ့သည်။ သို့သော်လည်း သူ့၏မှုန်ဝါးဝါး မျက်လုံးတစ်လုံးအောက်တွင် ဆိုးသွမ်းရက်စက်သော အကြည့်တစ်ခု ရှိနေခဲ့သည်။

"ဒါက အဆိပ်ငါးပါးတောင်ကြားပဲ။ သွားကြပေါ့၊ ဒါက မင်းတို့ရဲ့သေလမ်း ဖြစ်လာလိမ့်မယ်"

"ဒီမြေပုံက အတုဆိုရင်တော့ အကျိုးဆက်ကို သေချာ သိသွားစေရမယ်"

မြေပုံကို ရရှိပြီးနောက် ရှောင်းကျဲယွိက ချင်ထျဲအတုကို သတိပေးလိုက်သည်။

"ငါ သိပါတယ်၊ မင်းတို့ စိတ်ချလက်ချ သွားလို့ရတယ်”

ချင်ထျဲအတုက ခေါင်းညိတ်ကာ မျက်လုံး မှိတ်လိုက်ရင်း သေခြင်းတရားကို စောင့်ဆိုင်းနေလေသည်။

ဤလူက အသက်မရှင်ချင်တော့သလို စူးချင်းကလည်း ဝန်ထုပ်ဝန်ပိုးများ မသယ်သွားချင်တော့သည့်အတွက် ချင်ထျဲအတုကို တစ်ချက်တည်း လက်စသတ်ပေးလိုက်သည်။ ထို့နောက် သူ့၏ခန္ဓာကိုယ်နှင့် တစ္ဆေမယ်တော်ကြီး၏အလောင်းများကို အလောင်းဖျော်မှုန့်ဖြင့် ဖျော်ပေးလိုက်သည်။

နောက်ဆုံးတွင် စူးချင်းက ကျိုးပေါ်ပေးထားသည့် အဆောင်ကမ္ပည်းပြားကို သေသေချာချာ ပြန်သိမ်းထားလိုက်သည်။

ရှေးခေတ်က လူတွေက အယူသီးကြတယ်လို့ သူမ ထင်ခဲ့ပေမယ့် ဒီစာရွက်လေးတစ်ရွက်ကတောင်မှ ချင်ထျဲအတုကို ထိတ်လန့်စေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အရမ်းအသုံးဝင်တယ်။

"ဟား ဟား၊ ချင်းကောင်မလေး၊ ငါ့ရဲ့အဆောင်က ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ မင်း သိသွားပြီလား?"

စူးချင်းက ကျိုးပေါ်ပေးထားသည့် အဆောင်လေးကို သေသေချာချာ ခေါက်လိုက်ပြီး သူမ၏အိတ်ထဲသို့ ပြန်ထည့်နေချိန်တွင် ကျိုးပေါ်က သူခိုး ဖမ်းမိသွားသလို ပီတိဖြာနေသည့်အပြုံးဖြင့် ရောက်လာခဲ့သည်။

တဆက်တည်းမှာပင် ကျိုးပေါ်က ရှောင်းကျဲယွိကို အထင်အမြင်သေးစွာ ဆူပူနေပြန်သည်။

“ကောင်လေး၊ မင်း ထောင်ထားတဲ့ ထောင်ချောက်တွေကိုလည်း ကြည့်လိုက်ဦး၊ ငါ့ကိုတောင် မတားနိုင်ဘူး”

“....”

ရှောင်းကျဲယွိ၏မျက်နှာကတော့ မည်းမှောင်သွားလေသည်။

‘ကျွန်တော့်ထောင်ချောက်တွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဆရာဦးလေးကိုတော့ တားနိုင်ပါ့မလား?!"

စူးချင်းက အမူအရာမပြောင်းပဲ အဆောင်စာရွက်ကို သိမ်းလိုက်ကာ ကျိုးပေါ်ကို ပြုံးပြုံးလေး ကြည့်နေရင်း ပြန်မေးလိုက်သည်။

"ဆရာဦးလေး ကျွန်မတို့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ?"

ဆရာဦးလေး ရောက်လာတာက သူမတို့အတွက် တကယ့်ကို ကြီးစွာတဲ့ အကူအညီတစ်ခု ဖြစ်လာစေတယ်။ ဒီတောင်ကြီးလို ထောင်ချောက်တွေ ပြည့်နေတဲ့ နေရာမှာ ဆရာဦးလေး ရှိနေသရွေ့ သူမတို့ လုံခြုံနေလိမ့်မယ်။

"ငါ့ရဲ့အရက်အိုးတွေ ကုန်သွားလို့ ချင်းကောင်မလေးကို လာရှာတာ၊ ငါ တောင်ခြေကို ရောက်တာနဲ့ ပေါက်ကွဲသံကြားတယ်၊ ပြီးတော့ လေထဲမှာ လွင့်နေတဲ့ ကြာပန်းဖြူကြီးကိုလည်း တွေ့လိုက်ရသေးတယ်။ အဲ့ဒါကြောင့် ရှာရတာ အရမ်းလွယ်ကူ လွန်းတယ်"

ကျိုးပေါ်က သူ့၏မုတ်ဆိတ်မွေးသုံးချောင်းကို ပွတ်သပ်ရင်း ပြတ်ဖြေလိုက်သည်။

သူက အရက်လေး တစ်ခွက်သောက်ရဖို့ တောင်တွေ မြစ်တွေကို ဖြတ်ကျော်လာရတာလေ၊ သူအတွက်လည်း မလွယ်ကူနေဘူး။

ကျိုးပေါ်က စူးချင်းကို လိမ္မာပါးနပ်စွာ ပြုံးပြလိုက်ပြီး "ဟေ့ ချင်းကောင်မလေး၊ မင်း ငါ့ကို အရက်အိုးတစ်ရာလောက် ချက်ပေးမယ်လို့ ပြောခဲ့တယ်နော်၊ မင်း ကတိတည်ရမယ်!"

“ဆရာဦးလေး၊ ကျွန်တော်တို့ ကင်းခြေများကြီးနဲ့ တိုက်ခိုက်နေကတည်းက ခင်ဗျား ရောက်နေခဲ့တာလား?”

အနားတွင် ရပ်နေသည့် ရှောင်းကျဲယွိက လုံးဝ မှင်သက်သွားပြီး သူ့၏ဆရာဦးလေးကို အံ့သြတကြီးဝင်မေးလိုက်သည်။

"ဆရာဦးလေး ဘာလို့ အစောကြီးကတည်းက မကူညီရတာလဲ၊ ကင်းခြေများကြီးက ဒီလောက်ကြောက်စရာကောင်းတာကို ဆရာဦးလေး မမြင်ဘူးလား?"

"ဟုတ်တယ်၊ မင်းက ဘာလို့ ဒီလောက်တုံးရတာလဲ? ဘာလို့ အဆောင်ကို မြန်မြန် မထုတ်ရတာလဲ?"

ကျိုးပေါ်က ရှောင်းကျဲယွိကို အထင်အမြင်သေးစွာဖြင့် အပြစ်တင်လိုက်ပြီး သူ့ကိုယ်သူ အပြစ်ကင်းသလို ပြူမူနေလေသည်။

"ဆရာဦးလေးရဲ့အဆောင်က အဲ့ကင်းခြေများမိစ္ဆာကို အနိုင်ယူနိုင်မယ်လို့ ဘယ်သူ ကြိုသိမှာလဲ?"

ရှောင်းကျဲယွိက သူ့ဦးလေးကို မကျေမနပ် တုံ့ပြန်လိုက်သည်။

ဒီလူကြီးက အသက်ကြီးနေတာကို ဘာလို့ ဒီလောက် ကလေးဆန်နေရတာလဲ?

ဒီအဆောင်က ဘာအတွက်လဲဆိုတာ သူတို့ကို မပြောလိုက်ဘူးလေ။ အဲ့တုန်းက အော်ပြောရင်တောင် ရသေးတယ်၊ ဆရာဦးလေးက သူ အမောဆို့ပြီး သေသွားမှ အော်ပြောမှာလား?

"မင်းတို့နှစ်ယောက် ကင်းခြေများကြီးနဲ့ တိုက်ခိုက်နေတာက အရမ်းကြည့်ကောင်းတယ်"

ကျိုးပေါ်က တူတပည့်ဖြစ်သူ၏ ဒေါသထွက်နေသည့် အမူအရာကို ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ဒါက သူတို့ရဲ့ အရည်အချင်းတွေကို မြှင့်တင်ဖို့ အခွင့်အရေးတစ်ခုလေ။

သူတို့က ဒီကင်းခြေများမိစ္ဆာကိုတောင် တိုက်ခိုက်အနိုင်ယူနိုင်ခဲ့ပြီးပြီ၊ တခြားဘယ်သူတွေက သူတို့ရဲ့ပြိုင်ဘက် ဖြစ်နိုင်တော့မှာလဲ?

"ဆရာဦးလေးက ကျွန်တော်တို့ကို လှောင်ပြောင်နေတာလား?"

ရှောင်းကျဲယွိက သူ့၏ဆရာဦးလေးကို ကူကယ်ရာမဲ့ စိုက်ကြည့်နေခဲ့သည်။

သူက ဘယ်လိုတောင် ရယ်နိုင်ရတာလဲ?

“သေရည်အိုးတစ်ရာက ဆယ်အိုးဖြစ်သွားပြီ”

စူးချင်း၏အေးစက်သော စကားလုံးများက ကျိုးပေါ်၏မျက်နှာပေါ်မှ အပြုံးကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့သည်။

"ဘာလို့လဲ? ချင်းကောင်မလေး၊ မင်း ပြောပြီးသား စကားကို ပြန်ပြင်လို့မရဘူး"

ကျိုးပေါ်က စူးချင်းနှင့် ငြင်းခုံရန် စတင်လိုက်သော်လည်း သူမက သူ့ကို လျစ်လျူရှုကာ သစ်သားကုတင်ပေါ်သို့ လှဲချလိုက်ပြီး အိပ်ပျော်သွားခဲ့သည်။

"ယွိအာ၊ မင်း မင်းမိန်းမကို ထိန်းထားဦး။ သူ(မ)က ငါ့ကို နှိပ်စက်နေတယ်"

စူးချင်း လဲအိပ်လိုက်သည်ကို မြင်လိုက်ရချိန်တွင် ကျိုးပေါ်က ရှောင်းကျဲယွိဘက်သို့ လှည့်သွားပြီး တိုင်တန်းနေပြန်သည်။

ရှောင်းကျဲယွိကလည်း အကြောအခြင်ဆန့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် သန်းဝေလိုက်သည်။

"ဝါး၊ ကျွန်တော် မလုပ်နိုင်တော့ဘူး။ အရမ်းပင်ပန်းပြီး အိပ်ချင်နေပြီ"

ထိုစကားကို ပြောပြီးနောက် သူက စူးချင်းအနားသို့ ဝင်လှဲအိပ်လိုက်သည်။ ထို့နောက် မျက်လုံးတစ်မှိတ်အတွင်းမှာပင် ကျယ်လောင်သော ဟောက်သံများ ထွက်ပေါ်လာသည်။

ကျိုးပေါ်က ကြမ်းပြင်ပေါ်တွင် ‌ဒေါသကြီး မတ်တပ်ရနေပြီး အိပ်ပျော်နေသည့်လူငယ်စုံတွဲကို စိုက်ကြည့်နေခဲ့သည်။

သူက သူတို့ကို ကူညီဖို့ တော်တွေ တောင်တွေကို ဖြတ်ကျော်လာခဲ့ပေမယ့် အရက်အိုးတစ်ရာက ဆယ်အိုး ဖြစ်သွားပြီ။

ဘာလို့ သူလိုမျိုး လူအိုကြီးအပေါ် ဒီလောက်ရက်စက်ရတာလဲ?

ချင်ယွီအာက တစ်ညလုံး ကြမ်းပြင်ပေါ်တွင် ပစ်ချခံထားရပြီး နံနက်မိုးလင်းမှ ပြန်သတိရလာခဲ့သည်။ သူမ၏မျက်လုံးများက ရီဝေဝေ ဖြစနေကာ စိတ်ရှုပ်နေပုံရသည်။ ထို့နောက် သူမ၏လက်များ ထုံကျင်နေသည်ကို ခံစားလိုက်ရပြီး သူမ ကြိုးချည်ခံထားရကြောင်း သိသွားခဲ့သည်။ သူမက ချက်ချင်း ထိတ်လန့်တကြား ထထိုင်ကာ သစ်သားကုတင်ပေါ်တွင် အိပ်နေသည့်လူများကို အော်ပြောလိုက်သည်။

"ဘယ်သူလဲ? ဘယ်သူက ငါ့ကို ကြိုးချည်ထားတာလဲ?"

"နင်တို့ ဘာလို့ ငါ့ကို ဖမ်းတာတာလဲ? ငါ့ကို အခု လွှတ်ပေး"

All Chapters