← Chapters

ရတနာပုံကြီး

Vol. 33 Ch. 488

ရတနာပုံကြီး

Vol. 33 Ch. 488

"မနက်စာ အရင်စားကြရအောင်"

ရှောင်းကျဲယွိက တောနက်ထဲသို့ တချက်လှမ်းကြည့်ရင်း ဖြေလိုက်သည်။

အထဲမှာ ဘယ်လိုအခြေအနေတွေ ရှိနေမှန်း မသိနိုင်သေးဘူး။ အရင် စားထားမှပဲ ခွန်အားအပြည့်နဲ့ ရှေ့ဆက်နိုင်လိမ့်မယ်။

"ကောင်းပြီလေ၊ စားကြတာပေါ့"

ကျိုးပေါ်ကလည်း မနက်စား စာရန် သဘောတူလိုက်သည်။ သို့သော် သူက စူးချင်းကို လှမ်းကြည့်ပြီး သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်နေပြန်သည်။

မနေ့က သူ အရက်တစ်အိုးလုံး သောက်ခဲ့ရပေမယ့် အခု ထပ်သောက်ချင်နေတုန်းပဲ။ အခုအချိန်မှာ လေထဲကနေ နောက်ထပ် အရက်တစ်အိုးလောက် ထပ်ထွက်လာဖို့ သူတကယ် မျှော်လင့်နေမိတယ်။

စူးချင်းကတော့ သူ့အမူအရာများအားလုံးကို မြင်နေလျက် မမြင်ချင်ယောင်ဆောင်နေခဲ့သည်။

သူမရဲ့စနစ်ထဲမှာ အရက်တစ်အိုးပဲ ကျန်တော့တယ်။ ထောင်ချောက်တွေကို ချိုးဖျက်ပြီး ချင်ထျဲကို ရှာဖွေနိုင်ရင် အောင်ပွဲခံဖို့ ချန်ထားသင့်တာ မဟုတ်ဘူးလား? အဲ့အချိန်ရောက်ရင် ဆရာဦးလေးက သောက်စရာတောင်းလာမှာ သေချာတယ်။

အခုချိန်ထုတ်ပေးလိုက်ရင် ဆရာဦးလေးရဲ့အရက်ကို စွဲလမ်းနေတဲ့ အကျင့်ဆိုးကြီးအရာ ထမင်းစားရင်း တစ်ခါတည်းအကုန်သောက်လိုက်မှာ သေချာတယ်။ အောင်ပွဲခံရမယ့်အချိန် သူ ထပ်တောင်းလာရင် ဘာနဲ့ပေးရတော့မှာလဲ?

စူးချင်းက မသိသလို ဟန်ဆောင်နေသည်ကို မြင်လိုက်ရချိန်တွင် ကျိုးပေါ်က သက်ပြင်းချရင်း ညည်းတွားနေတော့သည်။

“ဟူး၊ မသောက်ရရင် ငါ့မှာ အားအင်တွေ ရှိတာ့မှာ မဟုတ်ဘူး”

ထို့နောက် သူက သစ်ပင်တစ်ပင်အောက်တွင် ဝင်ထိုင်ကာ သူ့မျက်လုံးများကို မှိတ်ရင်း အနားယူနေလေသည်။

"ချင်းအာ၊ မင်းမှာ သေရည်ရှိသေးလား?"

ရှောင်းကျဲယွိက ဆရာဦးလေးဖြစ်သူ၏ သနားစရာကောင်းသော အသွင်အပြင်ကို မကြည့်ရက်သောကြောင့် သူ့ကိုယ်စား စူးချင်းကို မေးပေးလိုက်သည်။

“နောက်တစ်အိုးပဲ ရှိတော့တယ်။ ထောင်ချောက်တွေကို ဖျက်ပြီးမှ ဒီအကြောင်းကို ထပ်ပြောကြမယ်။ အရက်သောက်တာက အလုပ်ကို နှောင့်နှေးစေလိမ့်မယ်”

စူးချင်းကလည်း ကျိုးပေါ်ကို ကြည့်ရင်း ထိုအဘိုးအိုက အနည်းငယ် သနားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သို့သော် ထောင်ချောက်များကို ဖျက်ဆီးရခြင်းက အလွန်အန္တရာယ်များလှပြီး ထိုအဘိုးကြီး အရက်မူးနေလျှင် မှားယွင်းဆုံးဖြတ်မိမည်ကို သူမ စိုးရိမ်နေမိသည်။

“ဆရာဦးလေးက တခြားသူတွေနဲ့ မတူဘူး၊ သောက်ပြီးရင် သူ တက်ကြွနေလိမ့်မယ်၊ မသောက်ရရင်တော့ သူ့စိတ်က လန်းဆန်းနေမှာ မဟုတ်ဘူး”

ရှောင်းကျဲယွိက စူးချင်းကို တိုးတိုးလေး ပြောပြလိုက်ပြီး စူးချင်း၏မျက်နှာက မည်းမှောင်သွားသည်။

ဒါက အရက်စွဲနေတဲ့ အရူးတွေရဲ့အမူအကျင့် မဟုတ်ဘူးလား? မသောက်ရရင် အားမရှိသလို ပျော့ခွေနေပြီး သောက်ပြီးတာနဲ့ ခွန်အားတွေက ဘယ်ကနေထွက်လာမှန်းမသိအောင် အကန့်အသတ်မဲ့ ထွက်လာလိမ့်မယ်။

"ရှောင်ချီ၊ အရက်အိုးကို နည်းနည်းခွဲထည့်လိုက်"

စူးချင်းက ရှောင်ချီကို အရက်များ ခွဲထည့်ပေးရန် တောင်းဆိုလိုက်သည်။ သူမက ကျိုးပေါ် လည်ချောင်းစိုစွတ်ရုံ ပမာဏသာ ပေးမည်ဖြစ်ပြီး သူ လန်းဆန်းသွားအောင် လုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

ရှောင်ချီက သခင်ဖြစ်သူ၏ဝေယျာဝစ္စများအား ကူညီလုပ်ကိုင်ပေးရသည်ကို သဘောအကျဆုံး ဖြစ်သည်။ အိုးကြီးထဲမှ အရက်များကို အိုးအသေးထဲသို့ လောင်းထည့်လျှင် ဖိတ်စင်ရန် အလားအလာများလှသည်။ ထို့ကြောင့် ဥာဏ်များလွန်းသော ရှောင်ချီက အိုးအသေးကို အိုးအကြီးထဲသို့နှစ်ကာ အရက်ဖြည့်လိုက်သည်။ သို့သော်လည်း ထိုလုပ်ရပ်ကြောင့်ပင် အဘိုးအိုက စူးချင်းထံတွင် အရက်ကျန်နေသေးကြောင်း မှန်းဆနိုင်သွားခဲ့သည်။

သူက ချိုမြမြသေရည်ကို မော့သောက်လိုက်ပြီးမှ အိုးကို လက်ညှိုးထိုးကာ စူးချင်းကို လှမ်းပြောလိုက်သည်။

"ချင်းကောင်မလေး၊ မင်းက မရိုးသားဘူး။ ဒီအိုးရဲ့အပြင်ဘက်မှာ သေရည်နံ့တွေ ရနေတယ်။ မင်း အိုးအကြီးထဲကနေ ပြန်ခွဲလာတာမလား?”

ရှောင်ချီက ကျိုးပေါ်ကို မယုံနိုင်စွာ စိုက်ကြည့်နေခဲ့သည်။

ဒီရှေးခေတ်မှာ မသေမျိုးနတ်ဘုရားတွေ တကယ်ရှိနေတာပဲ။ သူ ပြောတာက ကွက်တိ မှန်တယ်။

“မသေမျိုးဂိုဏ်းထဲက သေရည်ကို ထုတ်ယူဖို့က သိပ်မလွယ်ဘူးလေ။ ဆရာဦးလေး၊ ဆရာဦးလေးက အဲဒါကို တန်ဖိုးထားရမယ်။ ဘာလို့ တစ်ခါတည်း အကုန်သောက်ရမှာတုန်း?"

စူးချင်းက မျက်နှာသေဖြင့် လိမ်ပြောလိုက်သည်။ သို့သော် သူမလည်း သူမ၏စကားက မယုံနိုင်စရာဖြစ်နေကြောင်း သိနေခဲ့သည်။

“ဟုတ်တာပေါ့၊ မသေမျိုးဂိုဏ်က အရာတွေကို ထုတ်ယူဖို့က မလွယ်ဘူး”

တစ်ယောက်က သတ္တိရှိရှိ လိမ်ပြောခဲ့ပြီး နောက်တစ်ယောက်ကလည်း အမှန်တကယ် ယုံကြည်ဟန် ပြသလာခဲ့သည်။

ရှောင်းကျဲယွိ ပြောခဲ့သည့်အတိုင်း အရက်သောက်ပြီးနောက်တွင် ကျိုးပေါ်က အားအင်များ ပြန်ပြည့်ဖြိုးလာပုံရသည်။ သူ့မျက်လုံးများက တောက်ပလာပြီး သူ့ခန္ဓာကိုယ်က အလင်းရောင်ကို မျိုချလိုက်သလို ပေါ့ပါးလာခဲ့သည်။ အရက်က သူ့ကို လန်းဆန်းစေရန် လှုံ့ဆော်ပေးနိုင်သည့်ဆေးနှင့် ဆင်တူနေလေသည်။

“အားလုံး မြေပြင်ပေါ်က သွေးစက်တွေကို ကြည့်ကြ"

မနေ့ညက ထွက်ပြေးသွားသည့် ကျားကြီးက သွေးလမ်းကြောင်းတစ်ခု ချန်ထားပေးခဲ့ပြီး ထိုသွေးလမ်းကြောင်းအတိုင်း လျောက်သွားလျှင် အန္တရာယ်ကင်းနိုင်မည်ဟု ယူဆရသည်။ ဤတောအုပ်က ချိုင့်ဝှမ်း၏အပြင်ဘက်မှ တောအုပ်ထက် ပိုထူထပ်သည်။ ကံကောင်းထောက်မစွာဖြင့် သားရဲကောင် ချန်ထားခဲ့သောလမ်းတစ်ခု ရှိနေခဲ့သည်။

ကျိုးပေါ်က လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို ဂရုတစိုက် လိုက်ကြည့်နေပြန်သည်။ ကျားကြီးက လမ်းပြပေးထားခဲ့သည့်တိုင် သူက သတိကို လုံးဝ မလျှော့ချခဲ့ပေ။

သူတို့ တောအုပ်ထဲသို့ ဝင်လာပြီး သိပ်မကြာခင်မှာပင် စူးရှသော ငှက်အော်သံများကို ကြားလိုက်ရသည်။ အနက်ရောင်ငှက်တစ်အုပ်က သစ်ပင်များပေါ်မှ ကောင်းကင်သို့ ပျံတက်သွားကြပြီး စူးချင်းနှင့် အခြားသူများအပေါ်သို့ အနက်ရောင်မြူကဲ့သို့ ဖုံးအုပ်လိုက်သည်။

“ရှေ့မှာ တခုခု ရှိနေပြီ ထင်တယ်။ ကိုယ် ရှေ့ကနေ သွား​​မယ်"

ရှောင်းကျဲယွိက လွမ်တောင်ကို ဆွဲထုတ်ပြီး ရှေ့မှ လျှောက်သွားလိုက်သည်။ စူးချင်းက သူ့၏နောက်မှ မီတာဝက်ခန့်ခွာကာ လိုက်ပါနေခဲ့ပြီး ပတ်ပတ်လည်ကို သတိထား စောင့်ကြည့်နေခဲ့သည်။

ရှောင်းကျဲယွိက ချုံပုတ်များကို တွန်းဖယ်လိုက်ရာ မနေ့ညက ဓားတန်းလန်းဖြင့် ထွက်ပြေးသွားသည့်ကျားကြီးကို သူတို့ တွေ့လိုက်ရသည်။ ကျားကြီးက နောက်ဆုံးထွက်သက်ကို စောင့်ဆိုင်းရင်း မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ ဓားပျော့ကလည်း ၎င်း၏တင်ပါးပေါ်တွင် စိုက်ဝင်နေဆဲ ဖြစ်သည်။ ကျားကြီး၏ဘေးတွင် ထိုင်ကာ မိခင်ဖြစ်သူကို ဝမ်းပမ်းတနည်း စိုက်ကြည့်နေသည့် ကျားပေါက်လေးနှစ်ကောင်လည်း ရှိနေပြန်သည်။ ရံဖန်ရံခါတွင် သူတို့က တအီအီ အော်နေရင်း မိခင်ဖြစ်သူကို လျှာဖြင့် လျက်ပေးနေကြသည်။

“ချင်းကောင်မလေး၊ မင်း သူ့ကို ကယ်နိုင်ရင် ကယ်ပေးလိုက်ပါ"

ကျိုးပေါ်က စူးချင်းကို လက်ဟန်ခြေဟန်ဖြင့် တိုက်တွန်းလိုက်သည်။

ဒီကောင်မလေးရဲ့ခန္ဓာကိုယ်မှာ သွေးအရိပ်တွေ များလွန်းနေတယ်။ အဲ့ဒါတွေကို လျှော့ချဖို့ ကုသိုလ်ကောင်းမှုတွေ များများ လုပ်ခိုင်းရမယ်။

စူးချင်းက ခေါင်းညိတ်လိုက်ပြီး ဆေးတချို့ကို ထုတ်ကာ ရှေ့သို့ တိုးသွားလိုက်သည်။ သေလုမျောပါးဖြစ်နေသည့် ကျားကြီးက စူးချင်းကို မြင်သည်နှင့် ထရပ်ရန် ရုန်းကန်နေပြီး သားပေါက်လေးနှစ်ကောင်ကို ကာကွယ်ရန် သွားများကို ဖြဲကာ လှမ်းခြိမ်းခြောက်နေသည်။

ကျားကြီး သေတော့မည်မှန်း သိသာနေသော်လည်း ကျားငယ်လေးများကို ကာကွယ်ရန် သူမ၏နောက်ဆုံးခွန်အားကို အသုံးပြုနေဆဲဖြစ်သည့်အတွက် စူးချင်းလည်း ရင်နင့်သွားရသည်။ သို့သော် သူမက အေးစက်စွာ ပြောနေဆဲပင်။

"ငါ နင့်ကို ကယ်ပေးဖို့ လာတာ"

ကျားကြီးက နားလည်နေပုံဖြင့် သူမအား ခြိမ်းခြောက်နေခြင်းကို ရပ်တန့်လိုက်သော်လည်း သတိဖြင့် စိုက်ကြည့်နေသေးသည်။

ကျားပေါက်လေးနှစ်ကောင်က ငယ်သေးသည်ဆိုသော်လည်း အလွန်သေးငယ်သည့်အရွယ်တော့ မဟုတ်ပေ။ သူတို့က ကျားမကြီး၏ရှေ့တွင် ရပ်နေကာ အစွယ်များကို ထုတ်ပြရင်း စူးချင်းကို စိုက်ကြည့်နေကြသည်။

“ဟိုဘက်ကို သွား၊ ငါက နင်တို့ အမေကို ကယ်တင်ပေးမလို့၊ ငါ့ကို မနှောက်ယှက်နဲ့"

စူးချင်းက ရက်စက်ကြမ်းကြုတ်ပုံရသော ကျားပေါက်လေးနှစ်ကောင်ကို လက်တစ်ဖက်တည်းဖြင့် တွန်းထုတ်လိုက်သည်။ ကျားပေါက်လေးများက သွားဖြဲကာ ထပ်‌ရောက်လာသော်လည်း စူးချင်း၏ပါးရိုက်ချက်ကို လက်ခံလိုက်ကြရသည်။

"ကောင်းကောင်းမွန်မွန် နေကြစမ်း"

ရိုက်နှက်ခံလိုက်ရသော ကျားပေါက်လေးများ၏ဦးခေါင်းလေးများထဲတွင် တဝီဝီမြည်နေပြီး နှစ်ကောင်သား ရီဝေဝေ ဖြစ်နေကြသည်။

ဒီလူသားအမျိုးသမီးက ကျားတွေထက်တောင် ပို ရက်စက်သေးတယ်။ သူမကို ရန်စ လို့ မဖြစ်ဘူး။

စူးချင်းက ကွေးနိုင်သောဓားပျော့ကို မဆွဲထုတ်မီ ကျားမကြီး၏ဒဏ်ရာပေါ်သို့ သွေးတိတ်ဆေး အရင် ဖြူးပေးလိုက်သည်။ ထို့နောက် အနာကျက်စေရန် ဒဏ်ရာပေါ်သို့ အနီရောင်လိမ်းဆေး ထပ်ဖြူးပေးလိုက်သည်။ နောက်ဆုံးတွင် သူမက ကျားမကြီး၏ပါးစပ်ကို ဆွဲဖြဲကာ ဆေးလုံးသုံးလုံး ပစ်ထည့်ပေးလိုက်သည်။ ကျားမကြီး၏အတွင်းပိုင်းနှင့် ပြင်ပဒဏ်ရာများကို ကုသပေးရခြင်းက ပြဿနာကြီး မဟုတ်ဘဲ ထိုကျားမကြီးက ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။

ကျားမကြီးက စူးချင်း၏ကြင်နာမှုကို ခံစားမိပုံရပြီး သူမ၏ခြေထောက်ကို ခေါင်းနှင့် ပွတ်သပ်ကာ ယဉ်ပါးသော အိမ်မွေးတိရစ္ဆာန်ကဲ့သို့ ပြုမူနေခဲ့သည်။

ကျားမကြီး၏ နူးညံ့သော အပြုအမူက စူးချင်း၏အတွင်းစိတ်ကို လှုံ့ဆော်ပေးနိုင်ခဲ့ပြီး သူမ၏အသံက ယခင်ကကဲ့သို့ အေးစက်နေခြင်း မရှိတော့ပေ။ သူမက ကျားမကြီး၏ခေါင်းကို ပုတ်ကာ လေသံပျော့ပျော့ဖြင့် ညွှန်ကြားလိုက်သည်။

"ရပြီ၊ နင့်ရဲ့ သားသမီးတွေကို ဂရုစိုက်ပြီး နေကောင်းအောင်နေ!"

ကျားမကြီး၏ဒဏ်ရာကို ကုသပေးပြီးနောက်တွင် စူးချင်းက နောက်သို့ ပြန်လှည့်ကြည့်ကာ လူတိုင်းအား အော်ပြောလိုက်သည်။

"ဆက်သွားကြရအောင်"

“ဒီနေရာက ရတနာတွေ ဝှက်ဖို့ လုပ်ထားတဲ့ နေရာပဲ”

ထောင်ချောက်နှစ်ခုကို ဖြေရှင်းပြီးနောက်တွင် ကျိုးပေါ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလာခဲ့သည်။

စူးချင်းကလည်း ဤအဘိုးအို အလွန်ထက်မြက်သည်ဟု ခံစားနေမိသည်။

ရှေးခေတ်က လူတွေရဲ့ဉာဏ်ပညာက သူမ စိတ်ကူးနိုင်တာထက်ကို ကျော်လွန်နေပြီ။ ဒီယန္တရားကိုပဲ ဥပမာအနေနဲ့ ကြည့်လိုက်လေ၊ အဲ့ဒါကြောင့်လည်း ခေတ်သစ်မှာတောင် ရှေးခေတ်က သင်္ချိုင်းတွေရဲ့ယန္တရားတွေကို မဖြေရှင်းနိုင်ဘဲ တချို့သင်္ချိုင်းတွေက ဒီနေ့ဒီအချိန်အထိ မူလအတိုင်းတည်ရှိနေတာပေါ့။

"ယွိအာ၊ အခု မင်းအတွက် လိုအပ်တဲ့ စစ်တပ်ရန်ပုံငွေတွေ ရလာတော့မယ်။ မင်း အဲ့ဒီအနက်ရောင်ကျောက်တုံးတွေ ရဖို့ ပင်ပင်ပန်းပန်း ကြိုးစား‌နေစရာ မလိုတော့ဘူး”

ရတနာများကို ရှာမတွေ့သေးမီမှာပင် ကျိုးပေါ်က ရှောင်းကျဲယွိအတွက် အစီအစဥ်များ ရေးဆွဲနေပြီဖြစ်ကာ ရှောင်းကျဲယွိအား အလောတကြီး လှမ်းပြောလိုက်သည်။

သူက ကျောက်မီးသွေးများကို အမည်းရောင်ကျောက်တုံးများဟု ခေါ်ပြီး ရှောင်းကျဲယွိ၏ စစ်တပ်အတွက် ကုန်ကျစရိတ်များအားလုံးကို ထိုအနက်‌ရောင်ကျောက်တုံးများမှ ရရှိခဲ့ကြောင်းလည်း သူ သိထားပြီး ဖြစ်သည်။ ယခု သူတို့က သရဲငါးကောင်၏ရတနာများ ဝှက်ထားသည့်နေရာကို ရှာတွေ့ပြီဖြစ်သောကြောင့် ကောင်းကင်ကပင် ယွိအာကို ကူညီနေသည်ဟု သူ သတ်မှတ်လိုက်သည်။

"အဲ့လိုဖြစ်လာရင်တော့ အကောင်းဆုံးပေါ့"

ရှောင်းကျဲယွိကလည်း တောနက်ထဲသို့ လှမ်းကြည့်လိုက်ပြီး မနီးမဝေးမှ တောင်ကုန်းတစ်ခုက သူ့အာရုံကို ဖမ်းစားလိုက်သည်။

သရဲငါးကောင်က လူတွေကို လုပ်ကြံသတ်ဖြတ်ရင်း ရွှေငွေနဲ့ အဖိုးတန်ရတနာတွေ အများကြီး ရရှိခဲ့ကြတယ်။ သူတို့ရဲချမ်းသာကြွယ်ဝမှုက တိုင်းပြည်တစ်ပြည်ရဲ့ပိုင်ဆိုင်မှုနဲ့ ပြိုင်ဆိုင်နိုင်တဲ့ အနေအထားကိုတောင် ရောက်နေလောက်ပြီ။

သူတို့ စကားစမြည်ပြောနေသည့် အသံကို ကြားလိုက်ရချိန်တွင် ချင်ယွီအာ၏မျက်နှာက လုံးဝ ပျက်ယွင်းသွားခဲ့သည်။

အဲဒါက ဝိဉာဏ်ငါးပါးဂိုဏ်းရဲ့ ရတနာတွေပဲ၊ ဘယ်သူ့ကိုမှ ယူသွားခွင့် မပြုနိုင်ဘူး။

"သွားကြရအောင်၊ ဟိုရှေ့က တောင်က ရတနာသိုက် ဖြစ်နိုင်တယ်။ သူတို့ ချင်ထျဲကို ဘာကြောင့် ဖမ်းထားတယ်ဆိုတာ ငါ သိသွားပြီ၊ သူတို့က သူတို့ရဲ့စည်းစိမ်ဥစ္စာကို ကာကွယ်ဖို့ ချင်ထျဲကို ဖမ်းပြီး ဒီထောင်ချောက်တွေ တပ်ဆင်ခိုင်းချင်တာ ဖြစ်မယ်”

ကျိုးပေါ်က တောင်ကုန်းကို ကြည့်နေရင်း သူ့မျက်လုံးများကို မှေးကျဥ်းကာ သူ့၏အမြင်ကို ပြောပြလာခဲ့သည်။

အားနည်းတဲ့သူတွေအတွက် တန်ဖိုးရှိတဲ့အရာတစ်ခုကို လက်ထဲမှာ ထားတာက ပြသနာကို ဖိတ်ခေါ်တာနဲ့ အတူတူပဲ။ ချင်ထျဲကလည်း ယန္တရားပညာကို ကျွမ်းကျင်တာကြောင့် ဒီဘေးအန္တရာယ်ဆိုးကြီးကို တွေ့ကြုံခံစားခဲ့ရတယ်။

ချင်ထျဲအတုရဲ့စကားတွေက အပေါ်ယံကနေ ဖုံးကွယ်ထားတဲ့ အလိမ်အညာသက်သက်ပဲ။ သရဲငါးကောင်က ချင်ထျဲရဲ့သမီးကို ပစ်မှတ်ထားတာ မဟုတ်ဘူး။ သူမမှာ ဂီတပါရမီလည်း မရှိနိုင်ဘူး။ သူတို့ရဲ့ပစ်မှတ်က ချင်ထျဲပဲ။ သူတို့က ချင်ထျဲကို ခြိမ်းခြောက်ပြီး အလုပ်လုပ်ခိုင်းချင်လို့ သူ့သမီးကို ဖမ်းခဲ့ကြာတာ။

ဒီလိုတွေးကြည့်လိုက်တော့ အားလုံးက အဓိပ္ပါယ်ရှိလာပြီ။ နောက်ပြီး ဒီချင်ယွီအာကလည်း သမီးအတုပဲ။ သူမရဲ့အစစ်အမှန်ဝိသေသလက္ခဏာက သရဲဂိုဏ်းက လူပဲ ဖြစ်နိုင်တယ်။

ထိုအတွေးများက စူးချင်း၏အတွေးများ ဖြစ်ပြီး ရှောင်းကျဲယွိကလည်း ထိုကဲ့သို့ တွေးနေခဲ့သည်။ သူက မည်းမှောင်နေသောမျက်နှာဖြင့် ချင်ယွီအာဆီသို့ လျှောက်သွားကာ သူ့လက်ထဲမှ လွမ်တောင်ဖြင့် သူမ၏မျက်လုံးများကို ချိန်ရွယ်လိုက်သည်။

"ပြောစမ်း၊ မင်းက ဘယ်သူလဲ?"

ချင်ယွီအာက သူမရှေ့မှ အေးစက်နေသော ဓားသွားကို မြင်လိုက်ပြီး တပြိုင်တည်းမှာပင် ရှောင်းကျဲယွိ၏ အေးစက်သော အသံကို ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ လူသတ်ချင်စိတ်ကို ခံစားရလိုက်ချိန်တွင် သူမ အလွန်ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။

"ငါ... ငါ...ငါက ချင်ယွီအာပါ၊ ချင်ထျဲရဲ့သမီး"

သူမ အံကြိတ်ကာ သည်းခံရန် ဆုံးဖြတ်ထားခဲ့သည်။

သူမ ချင်ထျဲရဲ့သမီးလို့ ပြောနေသရွေ့ သူမ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိနိုင်သေးတယ်။ သူတို့ကတော့ ရတနာတွေ ရှိတဲ့ဂူထဲကို ဝင်သွားတာနဲ့ တစ်ယောက်မှ အသက်ရှင်လျက် ပြန်ထွက်လာဖို့ မစဉ်းစားကြနဲ့တော့....

All Chapters