← Chapters

မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှု

Vol. 33 Ch. 490

မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှု

Vol. 33 Ch. 490

စူးချင်း၏ခွန်အားကို မြင်လိုက်ရချိန်တွင်တော့ ထိုလူက နောက်သို့ ပြန်လှည့်သွားပြီး တောနက်ထဲသို့ ပြေးဝင်သွားပြန်သည်။ သို့သော်လည်း သူ့ခြေထောက်တွင် ဒဏ်ရာရနေသောကြောင့် သိပ်မြန်မြန် မပြေးနိုင်တော့ပေ။ သူ ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားပြန်သည်။ သူက ပြန်ထရန် ရုန်းကန်နေပြီး ဆက်ပြေးရန် ပြင်ဆင်နေခဲ့သော်လည်း စူးချင်းက သူမ၏ဓားပျော့ဖြင့် သူ့လည်ပင်းကို ဖိကာ ထရပ်ရန် အမိန့်ပေးလိုက်သည်။

"ထစမ်း"

"ငါ မင်းကို သတ်မယ်"

ထိုလူက မြေပြင်မှ ထရပ်ရင်း အရူးတစ်ယောက်ကဲ့သို့ စူးချင်းကို ခုန်အုပ်လိုက်သည်။ သူ့မျက်လုံးများက နီရဲနေပြီး ဆံပင်များကလည်း ရှုပ်ပွနေကာ သူ့လက်သည်းများကပင် မည်းနက်ကောက်ကွေးနေသည်။ ထို့ကြောင့် သူ့ကို ကြည့်ရသည်မှာ တောနက်ထဲမှ ရက်စက်ကြမ်းကြုတ်သော လူရိုင်းတစ်ယောက်နှင့် ဆင်တူနေသည်။

သို့သော်လည်း စူးချင်း၏အမြင်အရ သူက သူရဲငါးကောင်နှင့် မတူဘဲ အဖမ်းခံထားရသော အလုပ်သမားတစ်ယာက်နှင့် ပိုတူနေသည်။ ထို့ကြောင့် စူးချင်းက သူမ၏ဓားကို သူ့ရင်ဘတ်ထဲသို့ ထိုးသွင်းရမည့်အစား သူ့ကို ကန်ထုတ်လိုက်သည်။ ထို့အပြင် သူမက သူမ၏ခွန်အားကို အများကြီး အသုံးမပြုခဲ့ပေ။

“သားရဲ‌ကောင်တွေ၊ ငါ ထောင်ချောက်တွေ ကူတပ်ပေးရင် ငါ့သမီးကို လွှတ်ပေးမယ်လို့ မင်းတို့ ကတိပေးခဲ့ကြတယ်။ အခု မင်းတို့... မင်းတို့က ငါ့သမီးလေးကို သတ်လိုက်ကြပြီ၊ မင်းတို့ အရမ်းလွန်သွားပြီ။ ငါ မင်းတို့ကို သေတဲ့အထိ ပြန်တိုက်ခိုက်မယ်"

အကန်ခံရပြီးနောက်တွင်ပင် ထူလူက အရူးသဖွယ် အော်ဟစ်နေပြီး ပြန်ကုန်းထကာ စူးချင်းဆီသို့ အပြေးအလွှား တိုးဝင်လာပြန်သည်။

သူ့စကားကို ကြားလိုက်ချိန်တွင် စူးချင်း၏နှလုံးခုန်သံက စောင့်တက်လာခဲ့သည်။

ထောင်ချောက်တွေ ကူတပ်ပေးဖို့ သူ့ကို ဖမ်းထားတာလား? ဒီလူက ချင်ထျဲ ဖြစ်နိုင်လား?

ယခုတစ်ကြိမ်တွင် စူးချင်းက သူ့ကို ကန်မထုတ်တော့ဘဲ သူ့၏တိုက်ခိုက်မှုကို အသာအယာ ရှောင်တိမ်းလိုက်သည်။ ထို့အပြင် ထိူလူ သူ့ကိုယ်သူ နာကျင်အောင် မလုပ်မိစေရန်အတွက်လည်း သူ့၏အပ်စိုက်မှတ်ကို နှိပ်ချလိုက်သည်။ ထို့နောက် စူးချင်းက ထိုလူကို သေသေချာချာ အကဲခတ်လိုက်သည်။

သူက အလွန်အမင်း ညစ်ပတ်နေပြီး သူ့ဆံပင်များက ရှုပ်ပွနေကာ သူ့တစ်ကိုယ်လုံးတွင် ပေါင်းပင်များ၊ သစ်ရွက်များ ဖုံးလွှမ်းနေသည်။ သူ့မျက်​နှာက ညစ်​ပတ်​​နေသော်လည်း သူ့မျက်​လုံးများကတော့ အဖြူရောင်သာ ဖြစ်​​နေသေးသည်​။

"ရှင်က ချင်ထျဲလား?"

"မင်းက ဘယ်သူလဲ?"

ချင်ထျဲက သူ့ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့ကြောင်း နားလည်နေပြီး စူးချင်းကို မုန်းတီးစွာ စိုက်ကြည့်နေသည်။ ထို့အပြင် သူက မေးခွန်းကို မဖြေဘဲ မေးခွန်းဖြင့်သာ တုံ့ပြန်လိုက်သည်။

ချင်ထျဲက မငြင်းသောကြောင့် စူးချင်းက သူ့ကို ချင်ထျဲဟု အတည်ပြုလိုက်သည်။ ထို့ကြောင့် စူးချင်းက သူ့ကို ပြန်ဖြေပေးလိုက်သည်။

"ကျွန်မ ရှင့်ကို ကယ်ဖို့ ရောက်လာတာ"

“ဟား ဟား... ကယ်မယ်၊ မင်းက ငါကို ကယ်မယ်ပေါ့လေ၊ ငါက မင်းကို သိတောင်မသိဘူး။ မင်းက ဘာလို့ ငါ့ကို လာကယ်ရတာတုန်း"

ချင်ထျဲက ဟာသတစ်ခုကို ကြားလိုက်ရသလို ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ လက်ရှိအချိန်တွင် သူက မည်သူ့ကိုမျှ မယုံနိုင်တော့‌ပေ။

“ကျွန်မ ရှင့်သမီးအတွက် လက်စားချေဖို့ သရဲငါးကောင်ကို သတ်လိုက်ပြီ”

စူးချင်းက သူ့ကို ပုံစံခွက်သွန်းလောင်းပေးရန် မပြောချင်သေးပေ။

အခုအချိန်မှာ ချင်ထျဲက အမုန်းတရားတွေနဲ့ ပြည့်နှက်နေတယ်။ သူက သရဲငါးကောင်ကို မုန်းတယ်။ သူတို့က သူတို့အတွက် ချင်ထျဲ ထောင်ချောက်တွေ ဆင်ပေးဖို့ ချင်ထျဲရဲ့သမီးကို ဖမ်းပြီး ခြိမ်းခြောက်ကြပုံပဲ၊ ချင်ထျဲက ထောင်ချောက်တွေ ဆင်ပေးခဲ့ပေမယ့် သူတို့က ချင်ထျဲကို ပြန်မလွှတ်ပေးခဲ့ကြဘူး။ အဲ့ဒါကြောင့် ချင်ထျဲက သူတို့ကို မုန်းတီးနေမှာ သေချာတယ်။ သူမက သူ့အတွက် သရဲငါးကောင်ကို ကူသတ်ပေးတယ်လို့ ပြောလိုက်ရင် ချင်ထျဲက သူ့ရဲ့သတိကို နည်းနည်းတော့ လျော့ချသွားလိမ့်မယ်။

“မင်း... မင်းက သရဲငါးကောင်ကို သတ်ခဲ့တယ်တဲ့လား? ဟား… ဟား၊ ကောင်မလေး... မင်းက ဒီလောက်တောင် လိမ်ညာရဲတယ်ပေါ့။ လျှာခလုပ်တိုက်မှာ မကြောက်ဘူးလား?"

စူးချင်း၏စကားကို ကြားလိုက်ရချိန်တွင် ချင်ထျဲက ထပ်ရယ်နေပြန်သည်။

သူ သိုင်းလောကတစ်ခုလုံး ရှာဖွေခဲ့တာတောင် သရဲငါးကောင်ကို လွန်ဆန်ရဲတဲ့သူကို မရှာနိုင်ခဲ့ဘူး။ သူ သူ့ပိုက်ဆံတွေကို အကုန်သုံးခဲ့တာတောင် ဘယ်သူကမှ သူ့ကို မကူညီရဲကြဘူး။

ဒီကလေးမလေးကို ကြည့်ရတာ အလွန်ဆုံးရှိမှ ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ်ပေါ့။ ဘယ်သူကမှ မယှဉ်နိုင်လောက်အောင် အစွမ်းထက်တဲ့ သရဲငါးကောင်ကို သူမက ဘယ်လို ယှဥ်ပြိုင်နိုင်မှာလဲ?

"ယုံချင်ယုံ မယုံချင်၊ အခု ရှင့်ခြေထောက်က မြှားဒဏ်ရာကို အရင်ကုပေးမယ်"

စူးချင်းက ချင်ထျဲ၏သရော်လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ အေးစက်စွာ ပြန်ပြောလိုက်သည်။ သူမ၏ လျစ်လျူရှုမှုကြောင့် ချင်ထျဲက သူမကို မလှောင်ပြောင်တော့ဘဲ သူ့၏ညစ်ပတ်နေသော ဆံပင်များကြားမှ စူးချင်းကို ချောင်းကြည့်နေလေသည်။

သူမရဲ့မျက်လုံးတွေက ခံစားချက်မဲ့နေပြီး ရေခဲတောင်တစ်ခုလို အေးခဲနေတယ်။ အဲ့တော့ သူမမှာ အေးစက်တဲ့ စိတ်သဘောထားရှိပုံပဲ။

အဲ့အေးစက်နေတဲ့ အကြည့်တစ်ချက်ကတောင် သူ့ကို အေးခဲသွားသလို ခံစားရစေတယ်။

ထို့နောက် ချင်ထျဲက စူးချင်းအား အထင်အမြင်သေးနေခြင်းကို ဖယ်ရှားလိုက်သည်။

ဒီမိန်းခလေးရဲ့ကိုယ်ပေါ်မှာ ရှိနေတဲ့ ရောင်ဝါက သာမန်လူတွေ ပိုင်ဆိုင်နိုင်တဲ့ အရာမဟုတ်ဘူး။ သူမရဲ့ရောင်ဝါက သူမြင်ဖူးသမျှ သိုင်းပညာရှင်တွေ အားလုံးထက် ပိုပြင်းထန်တယ်။ သူမက တကယ် အစွမ်းထက်မယ် ထင်တယ်။

စူးချင်းက ချင်ထျဲ သူမအး ကြည့်နေသည်ကို သိနေသော်လည်း သူ့ကို အကဲခတ်ခွင့်ပေးထားလိုက်သည်။ သူမက သွေးတိတ်ဆေးကို ထုတ်ကာ သူ့ဒဏ်ရာပေါ်သိူ့ ဖြူးပေးလိုက်သည်။ သွေးတိတ်သွားသည်နှင့် သူမက သူ့ကို သတိပေးရင်း မြှားကို ဆွဲထုတ်လိုက်သည်။

“ခဏလောက် သည်းခံလိုက်”

ချင်ထျဲ မတုံ့ပြန်နိုင်ခင်မှာပင် သူ့ခြေထောက်မှ စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ နာကျင်စွာအော်ဟစ်လိုက်မိသည်။

"အား!"

“အခု အဆင်ပြေသွားပြီ”

စူးချင်းက ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး ထပ်ပြောလိုက်ပြီး သူ့ဒဏ်ရာပေါ်သို့ အနာကျက်ဆေး ထပ်ဖြူးပေးလိုက်သည်။ ရှောင်ချီ အနားတွင် မရှိသောကြောင့် စနစ်ထဲမှ နူးညံ့သည့် ပိတ်ဖြူတစ်ပိုင်းကို ရှာကာ ချင်ထျဲကို ဂရုတစိုက် ပတ်တီးစည်းပေးလိုက်သည်။

မကြာသေးမီက ပြင်းထန်စွာ နာကျင်နေခဲ့သည့် ဒဏ်ရာက ဆေးကြောင့် ချက်ချင်းနီးပါး သက်သာလာခဲ့သည်။ ထို့ကြောင့် ချင်ထျဲက စူးချင်း၏အစွမ်းကို ယုံကြည်သွားတော့သည်။

စူးချင်းက ချင်ထျဲ၏အပ်စိုက်မှတ်ကို ပြန်ဖွင့်ပေးလိုက်ပြီး သူ့ကို ထပ်ပြောလိုက်သည်။

"ဒီမှာ ထိုင်နေပြီး ကျွန်မကို စောင့်နေ၊ ကျွန်မ ဆေးပင်သွားရှာရဦးမယ်”

"ငါ မင်းနဲ့ လိုက်ခဲ့မယ်။ ဆေးပင်တွေ ရှိတဲ့နေရာကို ငါ သိတယ်"

ချင်ထျဲက ဤနေရာမှ ထွက်ခွာချင်နေပြီး စူးချင်းက သူ၏မျှော်လင့်ချက် ဖြစ်လာခဲ့သည်။ သူမထံတွင် ဝိဉာဏ်ငါးပါးဂိုဏ်း၏ အမှတ်အသား မရှိသောကြောင့် သူမက အပြင်လူဖြစ်နိုင်သည်ဟု သူ ယူဆလိုက်သည်။ အပြင်လူတစ်ယောက်က ဤနေရာသို့ ရောက်လာနိုင်သည့်အတွက် သူမထံတွင် အရည်အချင်းရှိနိုင်မည်ဟုလည်း သတ်မှတ်လိုက်သည်။ ထို့အပြင် အကြောင်းတစ်ခုခုကြောင့် ထိုမိန်းကလေးက သူ့ကို ကယ်ထုတ်ပေးနိုင်မည်ဟု သူ ယုံကြည်သွားခဲ့သည်။

“ရတယ်”

စူးချင်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး ချင်ထျဲကို လမ်းပြခိုင်းလိုက်သည်။ အစပိုင်းတွင် ချင်ထျဲ၏ခြေထောက်က ထော့နဲ့ထော့နဲ့ ဖြစ်နေသေးသော်လည်း နောက်ပိုင်းတွင် သူ့ခြေထောက်က လုံးဝ မနာတော့သည်ကို ချင်ထျဲလည်း ခံစားမိသွားခဲ့သည်။ သူက စူးချင်းကို အံ့သြတကြီး စိုက်ကြည့်နေပြန်သည်။

ဒီမိန်းခလေးက သူ့ကို နတ်ဆေးတစ်မျိုး ပေးခဲ့တာလား?

စူးချင်းက သူ့အကြည့်များကို လျစ်လျူရှုထားလိုက်သည်။ သူမက မြေပြင်ပေါ်ရှိ အပင်စိမ်းစိမ်းများကိုသာ ကြည့်နေပြီး ကျီးပေါင်းအမြစ်နှင့် မဲနယ်ရွက်များကို ရှာဖွေနေခဲ့သည်။

“ဟိုဘက်နားက ချိုင့်ဝှမ်းရဲ့အောက်ခြေမှာ ဆေးပင်တွေ အများကြီး ရှိတယ်”

ချင်ထျဲက မလှမ်းမကမ်းမှ ချိုင့်ဝှမ်းတစ်ခုကို ညွှန်ပြလိုက်သည်။ သူက သူမ လိုချင်သော ဆေးပင်ကို အမြန် ရှာပြီး သူ့ကို ပြန်ခေါ်ထုတ်သွားနိုင်ရန် မျှော်လင့်နေသောကြောင့် စူးချင်းအား ဆေးပင်များ ရှိနိုင်မည့်နေရာကို ပြောပြနေခြင်း ဖြစ်သည်။

"အင်း၊ ကျွန်မကို ဒီမှာ စောင့်နေ"

စူးချင်းက သူ့ကို ခေါင်းညိတ်ပြလိုက်သော်လည်း သူမ နောက်သို့ ဆက်မလိုက်ခိုင်းတော့ပေ။ သူ ညွှန်ပြသည့်လမ်းက သွားရလာရ မလွယ်ကူသောကြောင့် သူ လိုက်လာလျှင် သူမအတွက် နှောင့်နှေးစေနိုင်သည်။

ချင်ထျဲက ခေါင်းညိတ်လိုက်ပြီး ကျောက်တုံးကြီးတစ်ခုကို ရှာကာ ဝင်ထိုင်လိုက်သည်။ သူ ခေါင်းပြန်‌မော့လိုက်ချိန်တွင် စူးချင်းက နွယ်ကြိုးများကို တွဲခိုကာ အောက်ဘက်သို့ ခုန်ဆင်းသွားသည်ကို သူ တွေ့လိုက်ရသည်။ သူက စူးချင်းကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေပြန်သည်။

ဒီကောင်မလေးက တကယ်ကို အံ့သြစရာပဲ။

ချိုင့်ဝှမ်း၏အောက်ခြေတွင် ဆေးပင်များ အများအပြား ရှိနေသည့်အပြင် အဖိုးတန်ဆေးဖက်ဝင်အပင်များလည်း ရှိနေခဲ့သည်။ သို့သော်လည်း စူးချင်းထံတွင် ၎င်းတို့ကို ခူးရန် အချိန်မရှိပေ။ သူမက မဲနယ်ရွက်များနှင့် ကျီးပေါင်းအမြစ်များကိုသာ ဂရုတစိုက် ရှာဖွေနေခဲ့သည်။ ဆေးနှစ်မျိုးကို လုံလုံလောက်လောက် ခူးဆွတ်ပြီးနောက်တွင် စူးချင်းက နွယ်ကြိုးကို ပြန်ဆွဲက အပေါ်သို့ ပြန်တက်လာခဲ့သည်။

ချင်ထျဲက စူးချင်း ပြန်လာသည်ကို မြင်သွားပြီး အမြန် ထရပ်လိုက်သော်လည်း စူးချင်းကို အံ့သြကြီးစွာ လှမ်းကြည့်နေသေးသည်။

"သွားကြရအောင်!"

စူးချင်းက သူ့ကို ဖြတ်ကျော်သွားပြီး သူ့ကို မကြည့်ဘဲ ရိုးရှင်းသော စာကားတစ်ခွန်းမျှသာ ပြောသွားခဲ့သည်။ စူးချင်းက သူ့ကို လိုက်ခွင့်ပြုလိုက်သောကြောင့် ချင်ထျဲက သူမနောက်သို့ ကမန်းကတန်း ပြေးလိုက်သွားသည်။

စူးချင်းက ချင်ထျဲကို ရတနာများ ဝှက်ထားသည့် လှိုဏ်ဂူဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ချင်ထျဲက ဂူ၏အပြင်ဘက်တွင် ရပ်နေပြီး အထဲသို့ ဝင်ရန် အကြောက်အကန် ငြင်းဆန်နေပြန်သည်။

ဒါက သူ့ရဲ့အိပ်မက်ဆိုးပဲ။ တကယ်လို့ သူ သူ့အတွက် ထွက်လမ်းကိုသာ ကြိုတင် မပြင်ဆင်ထားခဲ့ရင် သူလည်း တခြားလက်မှုပညာရှင်တွေနဲ့အတူ ဒီလိုဏ်ဂူထဲမှာပဲ ဘဝဆုံးနေလောက်ပြီ။

ယခုအချိန်တွင် သူက စူးချင်းအပေါ်လည်း ယုံကြည်မှု မရှိတော့ပေ။ သူမက သရဲငါးကောင်ထဲမှ တစ်ကောင်ဖြစ်သည်ဟု သူ ထင်လာခဲ့သည်။

အဲ့လိုမှမဟုတ်ရင် သူတပ်ဆင်ထားတဲ့ ထောင်ချောက်တွေကို ဘယ်လို ကျော်ဖြတ်လာနိုင်မှာတုန်း။

ချင်ထျဲက သူ့၏ယန္တရားအတက်ပညာအပေါ် ယုံကြည်မှု ရှိပြီး ထိုထောင်ချောက်များကို မည်သူမျှ မဖြိုခွဲနိုင်ဟု ထင်နေခဲ့သည်။

"မင်းက သရဲငါးကောင်ထဲက တစ်ကောင်ပဲ"

ချင်ထျဲက အော်ဟစ်ပြီး လှည့်ပြေးလိုက်သော်လည်း စူးချင်းက သူ့လည်ဂုတ်ကို ဆွဲကိုင်ကာ သူ့ကို ပြန်ဆွဲထားလိုက်သည်။

ချင်ထျဲ အစွမ်းကုန် ရုန်းကန်နေသော်လည်း သူ၏ခွန်အားက စူးချင်းကို မယှဉ်နိုင်ပေ။ သူမက သူ့ကို ဂူထဲသို့ အလွယ်တကူ ဆွဲခေါ်သွားနိုင်ခဲ့သည်။

ရှောင်ချီက ဆေးမိနေသူများကို ဂရုစိုက်ပေးနေခဲ့သည်။ သူမက အလွန်စိုးရိမ်နေပုံရပြီး ခြေသံကြားသည်နှင့် စူးချင်းဆီသို့ အားတက်သရောပြေးလာလေသည်။

သူမ သူမ၏သခင်ကို ခေါ်ခါနီးတွင် ချင်ထျဲကို တွေ့လိုက်ရသောကြောင့် ချက်ချင်း ပါးစပ်ပြန်ပိတ်ထားလိုက်သည်။

“ဒီမှာ ဆေးပင်တွေ၊ မြန်မြန် ဆေးဖော်လိုက်တော့”

စူးချင်းက ကျီးပေါင်းအမြစ်နှင့် မဲနယ်ရွက်များကို ရှောင်ချီဆီသို့ လှမ်းပေးလိုက်ပြီး ဘေးဘက်မှ ဆေးမိနေသည့်လူများကို လက်ညှိုးထိုးပြကာ ချင်ထျဲအား ထပ်ပြောလိုက်သည်။

"ဒါတွေ အားလုံးက ရှင့်ရဲ့ကျေးဇူးတွေလေ"

သူမ စကားပြောနေရင်း ချင်ထျဲပါ ဆေးမိသွားသည်ကို သူမ တွေ့လိုက်ရသည်။ သူက သူက သူမကို လည်ပင်းညှစ်ရန် ရှေ့တိုးလာပြီး သူ့မျက်လုံးများက ရက်စက်ကြမ်းတမ်းသည့်အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။ စူးချင်းတစ်ယောက် ချင်ထျဲ၏အပ်စိုက်အပ်ကို ထပ်နှိပ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

ရှောင်ချီက ဖြေဆေးကို အမြန် ပြင်ဆင်ပေးနိုင်ခဲ့သည်။ စူးချင်းက ရှောင်းကျဲယွိနှင့် ကျိုးပေါ်တို့ကို ဖြေဆေးကို အရင်တိုက်လိုက်ပြီး ရှောင်ချီက စစ်သည်ဆယ်ယောက်ကို ဆေးတိုက်ရန် တာဝန်ယူလိုက်သည်။

အဆိပ်ဖြေဆေးသောက်ပြီးနောက်တွင် ရှောင်းကျဲယွိနှင့် ကျိုးပေါ်တို့က အပြည့်အဝ သတိပြန်ဝင်လာခဲ့သည်။ စူးချင်းက သူ့ကို ကယ်တင်လိုက်ရသည့်အတွက် ကျိုးပေါ်က အလွန်ရှက်နေပြန်သည်။

"ဒီအဘိုးကြီး တကယ်ပဲ သတိလွတ်သွားတာလား? ငါ့ကို ကယ်တင်ပေးခဲ့တဲ့ ချင်းကောင်မလေးကိုပဲ ကျေးဇူးတင်ရတော့မယ်"

“သေရည်အိုးငါးဆယ် နုတ်မယ်”

စူးချင်းက ကျိုးပေါ်ကို တမင်တကာ စနောက်လိုက်သည်။ သူ့ကိုယ်သူ အပြစ်တင်နေပုံရသည့် ကျိုးပေါ်၏မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး ထအော်လိုက်သည။

“ဒါတော့ မဖြစ်ဘူး၊ အဲဒါက အဆင်မပြေဘူး။ အရမ်း များလွန်းတယ်။ မင်း မင်းရဲ့စကားကို ပြန်ပြင်လို့ မရတော့ဘူး၊ အိုးတစ်ရာလို့ ပြောပြီးရင် အိုးတစ်ရာပဲ"

ရှောင်းကျဲယွိကတော့ လိုဏ်ဂူထဲတွင် နောက်ထပ်လူတစ်ယောက်ရှိနေသည်ကို ချက်ချင်း သတိပြုမိသွားပြီး စစ်ဆေးရန် လျှောက်သွားနေခဲ့သည်။ သူက လွမ်တောင်ကို ထိုလူ၏လည်ပင်းပေါ်သို့ တင်လိုက်ရင်း အော်မေးလိုက်သည်။

“ခင်ဗျားက ဘယ်သူလဲ?”

All Chapters