← Chapters

မော့ချန်၏အခက်အခဲ

Vol. 33 Ch. 493

မော့ချန်၏အခက်အခဲ

Vol. 33 Ch. 493

"မော့ချန်ရဲ့အခြေအနေ ဘယ်လိုရှိလဲ?"

ရှောင်းကျဲယွိက ကျန်းကျင့်လင်းက အလျင်စလို မေးလိုက်သည်။

“မြောက်ပိုင်းလူရိုင်းတွေက သူတို့ရဲ့ အဆုံးစွန် အစွမ်းထတ်တဲ့ လက်နက်တွေကို အသုံးပြုနေတာကြောင့် မော့ချန်က အန္တရာယ်များတဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်”

ကျန်းကျင့်လင်းက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။

"သူတို့ သိမ်းပိုက်နိုင်သွားပြီလား?"

မော့ချန်၏အခြေအနေ ထိုမျှပြင်းထန်နေလိမ့်မည်ဟု ရှောင်းကျဲယွိကိုယ်တိုင်လည်း မမျှော်လင့်ထားခဲ့ပေ။ သူက မော့ချန်အတွက် အမြဲတမ်း စိတ်ချနေခဲ့ပြီး လော့ချန်နှင့် ကျင်းချန်တို့ကိုသာ စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။ သူ ယုံကြည်စိတ်အချရဆုံးမြို့က ပြိုလဲလုနီးပါးဖြစ်မည်ဟုတော့ သူ လုံးလုံးလျားလျား မမျှော်လင့်ထားခဲ့ပေ။

“အခုထိတော့ အဆင်ပြေနေပါသေးတယ်၊ ကံကောင်းထောက်မစွာနဲ့ စစ်သူကြီးမင်းရန် ရောက်လာပြီး မြောက်ပိုင်းသားလူရိုင်းတွေကို အနိုင်ယူခဲ့တယ်။ သခင်လေး၊ ဒီအချိန်မှာ မြောက်ပိုင်းလူရိုင်းတွေ ဒီလို အင်အားနဲ့ ရောက်လာတာက ပုံမှန်မဟုတ်ဘူး၊ ကျွန်တော်တို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်၊ ကျွန်တော်တို့ သတိထားမှ ဖြစ်မယ်”

ကျန်းကျင့်လင်းက အမှန်တကယ် စိတ်ပူနေခြင်း ဖြစ်သည်။

သူတို့ မော့ချန်ကို သိမ်းပိုက်နိုင်သွားရင် ကျင့်ရှီလျိုမြောင်အတွက်လည်း အန္တရာယ်ရှိလာလိမ့်မယ်။ လွမ်ဟုန်ရဲ့မိသားစုဝင်တွေရော သခင်မလေးရဲ့မိသားစုဝင်တွေရော အားလုံးက အဲ့ဒီမှာ ရှိနေကြတယ်။

“ငါတို့အတွက် ရိက္ခာခြောက်တွေ ပြင်ဆင်ပေးထား။ ငါတို့ မနက်ဖြန် မနက်စောစော ပြန်ထွက်ခွာမယ်"

တကယ်လို့ မြောက်ပိုင်းလူရိုင်းတွေရဲ့ကျူးကျော်မှုက ချိုးယုံခန်းနဲ့ပတ်သက်နေတယ်ဆိုရင် သူ မော့ချန်ကို ချက်ချင်း ပြန်သွားမှ ဖြစ်မယ်။ ချိုးယုံခန်း သေသည်ဖြစ်စေ အသက်ရှင်နေသည်ဖြစ်စေ သူ အဲ့လူရဲ့ကို တွေ့ရမှဖြစ်မယ်။ သေရင်လည်း အလောင်းကို ရအောင်ရှာမယ်၊ မသေသေးရင်လည်း မဖြစ်မနေ လက်ရဖမ်းဆီးရမယ်။ မဟုတ်ရင် ချိုးယုံခန်းက သူ့အတွက် အရမ်းကို ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်။

ကိစ္စပေါင်းများစွာကို ဖြတ်သန်းကျော်လွှားပြီးနောက်တွင် ရှောင်းကျဲယွိတစ်ယောက် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူက သူ၏ညီအကိုများနှင့် ရွာသားများကိုသာ အထူးဂရုစိုက်ပေးနေသည့် လူငယ်လေးတစ်ယောက် မဟုတ်တော့ပေ။ သူ ရင့်ကျက်လာသည်နှင့်အမျှ သူ အသေးအမွှားများကို လျစ်လျူရှူကာ ကြီးကျယ်သောအလုပ်များကို လုပ်နိုင်မှ အလယ်ပိုင်းလွင်ပြင်မှလူများ ပျော်ရွှင်အေးချမ်းသောဘဝဖြင့် နေထိုင်နိုင်မည်ကို သူ နားလည်လာခဲ့ပြီ ဖြစ်သည်။

“ဟုတ်ကဲ့ပါ သခင်လေး၊ သခင်လေးနဲ့ သခင်မလေး အေးအေးဆေးဆေး အနားယူလိုက်ပါဦး။ ကျွန်တော်တို့ ပြန်ထွက်သွားပါတော့မယ်”

ကျန်းကျင့်လင်းက လက်သီးအုပ်အရိုအသေပေးရင်း နောက်ပြန်ဆုတ်သွားခဲ့သည်။ သခင်ငယ်လေးက သူ ပြန်ရောက်သည်နှင့် မော့ချန်သို့ အလျင်အမြန် ပြန်သွားလိမ့်မည်ဟု သူ အချိန်အတော်ကြာကတည်းက ခန့်မှန်းထားခဲ့သည်။ ထို့ကြောင့် သူက ရိက္ခာခြောက်နှင့် သိုးသားခြောက်များ ပြင်ဆင်ထားရန် သူ့လူများကို အမိန့်ပေးထားပြီး ဖြစ်သည်။ သူက သူ့သခင်လေး သူ့ကို ခေါ်ကာ မော့ချန်သို့ ပြန်သွားမည့်အချိန်ကို အဆင်သင့် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

သူက ရိက္ခာခြောက်များ စတင်ထုတ်ပိုးရန် အမိန့်ပေးလိုက်သည့်အပြင် သခင်လေးနှင့် သခင်လေး၏ဇနီး ရေချိုးရန်နှင့် အဝတ်လဲရန် ရေနွေးများ ပို့ပေးဖို့ပါ ညွှန်ကြားလိုက်သေးသည်။ မြောင်ကျားတောင်ခရီးစဉ်အတွင်း သခင်လေးတို့တဖွဲ့လုံး ကောင်းမွန်စွာ အနားယူနိုင်ခြင်းမျိုး မရှိလောက်သည်ကို သူ ခန့်မှန်းမိသောကြောင့် သူ့သခင်လေး ရေချိုးပြီး စောစောအနားယူနိုင်ရန် သူ စီစဥ်ပေးနေခဲ့သည်။

"ချင်းကောင်မလေး၊ မင်းမှာ သေရည် ရှိသေးလား?"

ကျိုးပေါ်ကလည်း သူ အလွန်ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပြီး ဆုံးရှုံးသွားသော သူ့၏စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်အတွက် အရက်အနည်းငယ် လိုအပ်သောကြောင့် စူးချင်းထံသို့ ထပ်မံရောက်ရှိလာပြန်သည်။

“သေရည်က အိုးတစ်ဝက်ပဲ ကျန်တော့တယ်။ ကျွန်မ ဆရာဦးလေးကို အကုန်လုံး ပေးလိုက်မယ်!"

အဘိုးအိုကို ကြည့်ရသည်မှာ အလွန်ပင်ပန်းနွမ်းနယ်နေပုံရပြီး သူ အရက်သောက်ပြီးနောက် ပြန်လည်တက်ကြွလာတတ်သည်ကိုလည်း စူးချင်း သိထားပြီး ဖြစ်သည်။ သို့သော် စူးချင်းက အနည်းငယ် သံသယဖြစ်နေခဲ့သည်။

သူရဲ့ကျင့်ကြံမှုကိုက သူရဲ့ခွန်အားကို မြှင့်တင်ဖို့ သေရည်ကို သုံးပြီး ကျင့်ကြံရတာမျိုးလား?

သို့သော်လည်း စူးချင်းက ကျိုးပေါ်ကို ခက်ခဲအောင် မလုပ်တော့ဘဲ ကျန်နေသည့် အရက်အိုးတစ်ဝက်စာကို ထုတ်ပေးရန် ရှောင်ချီအား တောင်းဆိုလိုက်သည်။

"သခင်လေးလား? မင်းက စစ်သူကြီးရှောင်းရဲ့သားလား?"

လော့ချန်သို့ ဝင်ရောက်လာပြီးမှသာ ရှောင်းကျဲယွိက ရှောင်းဟမ်၏သားဖြစ်ကြောင်း ချင်ထျဲ သိရှိသွားခဲ့သည်။ ထိုအကြောင်းအရာက သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားစေခဲ့သည်။

သူ ဒီတသက်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် သူ့ကိုယ်သူ မြှုပ်နှံထားပြီး အသက်ကိုတောင် ပေးဆပ်ခဲ့တဲ့ စစ်သူကြီးမင်း ရှောင်းဟမ် တယောက်တည်းကိုပဲ လေးစားသဘောကျခဲ့တာပါ။ အခု သူ လေးစားရတဲ့ စစ်သူကြီးမင်းရဲ့သားဆီမှာ အမှုထမ်းရမှာမို့ သူ အရမ်းဂုဏ်ယူနေမိပြီ။

“အင်း”

ရှောင်းကျဲယွိကလည်း ဂုဏ်ယူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

အချိန်တွေ ကြာလာပြီး သူ့အဖေအကြောင်းကို ပိုပို သိလာရတာနဲ့အမျှ သူ သူ့အဖေကို ပိုချစ်ပြီး ပိုလေးစားလာမိတယ်။ သူ့အဖေမှာ မယိမ်းမယိုင် ခိုင်ခံတဲ့ စိတ်ဓာတ်ရှိတယ်။ အခု သူ့အဖေ သေဆုံးခဲ့တာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်သွားပြီ ဆိုပေမယ့် လူတွေက သူ့အဖေကို ချစ်ခင်လေးစားနေကြဆဲပဲ။ သူလည်း သူ့အဖေလိုလူမျိုး ဖြစ်ချင်တယ်။ နာမဉ်ကို ကြားလိုက်တာနဲ့ ပြည်သူတွေကို စိတ်လှုပ်ရှားစေမယ့်လူမျိုးပေါ့။ လူတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်နိုင်တာက ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို အောင်မြင်ဖို့အတွက် အခြေခံအုတ်မြစ်ဆိုတာကိုလည်း သူ သိနေခဲ့တာကြာပြီ။

ချင်ထျဲက မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကာ လက်သီးအုပ်လိုက်သည်။ ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် ကတိပေးလာခဲ့သည်။

“ဒါက အရမ်းကောင်းတယ်။ ဒီလက်အောက်ငယ်သားက တစ်သက်လုံး သခင်လေးကို လိုက်ပါဖို့ ဆန္ဒရှိပါတယ်”

“ကောင်းပြီ၊ ခင်ဗျားကို စစ်တပ်အတွက် လက်နက်ထုတ်ဖို့ အထူးတပ်မှူးအဖြစ် ကျုပ် ခန့်အပ်မယ်။ ခင်ဗျား ဆန္ဒရှိလား?"

ရှောင်းကျဲယွိက ချင်ထျဲ၏လက်ကို ဆုပ်ကိုင်ကာ သူ့ကို ပြန်ထူပေးလိုက်ပြီး လက်နက်များပြုလုပ်ရမည့် အထူးတပ်မှူးအဖြစ် တာဝန်ခန့်အပ်လိုက်သည်။

“ကျွန်တော်ကို ဒီရာထူးပေးတဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်”

ချင်ထျဲကလည်း ရှောင်းကျဲယွိ၏အမိန့်ကို ချက်ချင်း လက်ခံခဲ့ပြီး ကျေးဇူးတင်ကြောင်း ဖော်ပြရန် လကအောက်ငယ်သားတစ်ဦး၏အပြုအမူအတိုင်း လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

ဒါက သူ့အတွက် ဂုဏ်ယူစရာ ဖြစ်သလို သူ့မိသားစုဝင်တွေ အပါအဝင် သူ့ရဲ့ဘိုးဘေးဘီဘင်တွေအထိ ဂုဏ်ပြုခံရမယ့် ကိစ္စကြီးလေ။ သခင်လေးတို့ ဇနီးမောင်နှံက သာမန်လူတွေ မဟုတ်ကြဘူး။ သူတို့က အနှေးနဲ့အမြန်ဆိုသလို ကောင်းကင်အထိ ပျံသန်းသွားကြတော့မှာ။ သူ သခင်လေးရဲ့နောက်ကို လိုက်ပြီး အကျိုးဆောင်ပေးနိုင်ရင် တနေ့မှာ သူလည်း အောင်မြင်လာမှာ မဟုတ်ဘူးလား? သခင်လေးက မြင့်မြတ်တဲ့နေရာကို သိမ်းပိုက်နိုင်တဲ့အခါ သူကလည်း တည်ထောင်သူ သူရဲကောင်းတွေထဲကတစ်ဦး ဖြစ်လာလိမ့်မယ်။ အချိန်တန်ရင် သူ့အမေအတွက် တော်ဝင်ဘွဲ့တံဆိပ်တစ်ခုတောင် ရလာနိုင်သေးတယ်။

ထိုအချိန်တွင် စစ်သည်လေးယောက်က ရေချိုးစည်နှစ်စည်ကို အခန်းထဲသို့ သယ်ဆောင်လာကြသည်။ သခင်လေးနှင့် သခင်မလေးတို့ ရေချိုးပြီး အဝတ်အစားလဲရန် ပြင်ဆင်နေကြသည်ကို နားလည်လိုက်သောကြောင့် ချင်ထျဲက ပြန်ထွက်သွားရန် အလျင်စလို ခွင့်တောင်းလိုက်သည်။

ကျန်းကျင့်လင်းက ချင်ထျဲနှင့် ကျိုးပေါ်အတွက် အခန်းများ ပြင်ဆင်ရန် သူ့လူများကို အမိန့်ပေးထားပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူက ထိုလူများ ရေချိုးရန်လည်း ရေချိုးစည်များ ထည့်သွင်းပေးထားပြီး အလွန်စဉ်းစားပေးတတ်သူဟု ဆိုနိုင်ပေသည်။

ရက်အနည်းငယ်ကြာအောင် ရေမချိုးခဲ့ရသည့် စူးချင်းကလည်း ရေနွေးပူပူများကို မြင်သည်နှင့် ရေစိမ်ရန် မစောင့်နိုင်တော့ပေ။

စစ်သည်များက သစ်သားရေစည်နှစ်စည်ကို ခန်းဆီး၏အနောက်ဘက်တွင် ဘေးချင်းကပ် နေရာချထားပေးခဲ့သည်။ ကွာခြားချက်မှာ စူးချင်း၏ သစ်သားစည်ထဲတွင် ပန်းပွင့်ခြောက်လေးများ ထည့်ထားပြီး ရှောင်းကျဲယွိအတွက်ကတော့ ရေနွေးသီးသန့်သာ ဖြည့်ထားပေးခြင်း ဖြစ်သည်။

အရာအားလုံး ပြင်ဆင်ပေးပြီးနောက်တွင် စစ်သည်များက ပြန်ဆုတ်ခွာသွားကြပြီး တံခါးကို ပြန်ပိတ်ပေးသွားကြသည်။ သက်တော်စောင့်များက တံခါးဝတွင် ရပ်စောင့်နေကြပြီး မည်သူ့ကိုမျှ ဝင်ခွင့်မပေးကြတော့ပေ။

ရှောင်းကျဲယွိက စူးချင်းအနားသို့ တိုးကပ်လာကာ သူမ၏လက်လေးကို ဆုပ်ကိုင်ရင်း ခန်းဆီးနောက်သို့ အတူလျှောက်သွားလိုက်ကြသည်။ သူက ဆွဲဆောင်မှုရှိသော အသံဖြင့် စနောက်လာပြန်သည်။

"ဇနီးလေး၊ မင်းရဲ့ ဒီခင်ပွန်းသည်က မင်း ရေချိုးပြီး အဝတ်အစားလဲနိုင်ဖို့ ကူညီပေးပါရစေ"

လမ်းခရီးတလျှောက်လုံး သူတို့၏ပတ်ဝန်းကျင်တွင် လူများ အမြဲရှိနေကြပြီး သူတို့ဇနီးမောင်နှံ ရင်းရင်းနှီးနှီး မနေရသည်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ရှောင်းကျဲယွိက သူ့ဇနီးသည်ကို အလွန်လွမ်းဆွတ်တမ်းတနေပြီ ဖြစ်သည်။

“ကောင်းသားပဲ!”

စူးချင်းကလည်း သူ့၏ကမ်းလှမ်းမှုကို မကန့်ကွက်ခဲ့ပေ။

အခု သူမ အရမ်း ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရတယ်။ အရင်တုန်းက သူမ တချိန်လုံး တိုက်ခိုက်နေခဲ့ပေမယ့် ပင်ပန်းတယ်လို့ တစ်ခါမှ မခံစားခဲ့ရဖူးဘူး။ အခု ရုတ်​တရက်​ သူမ ‌ဘာလို့ အားနည်း​နေရတာလဲ။ အဆိပ်ရှိတဲ့ အင်းဆက်တွေကို တိုက်ထုတ်ဖို့ စွမ်းအင်တွေ အလွန်အကျွံ သုံးစွဲခဲ့ရတာကြောင့် ဖြစ်နိုင်လား?

စူးချင်းက သူမ ပင်ပန်းနေသလို ခံစားနေမိသောကြောင့် ရှောင်းကျဲယွိကို အင်္ကျီကူချွတ်ခိုင်းရန် သူမ၏လက်ကို ဆန့်တန်းပေးလိုက်သည်။

အမျိုးသမီးတွေကပဲ အမျိုးသားတွေကို ပြုစုခစားရမယ်လို့ ဘယ်သူက ပြောထားလို့လဲ? ယောက်ျားတွေက ကောင်းကင်ကြီးဖြစ်ပြီး မိန်းမတွေက မြေမှုန်တွေသာသာပဲလို့ ပြောခဲ့တာက အတ္တကြီးတဲ့ယောကျာ်းတွေရဲ့နောက်ဆက်တွဲစကားတွေပဲ။

သူမအတွက်တော့ အဲ့စကားတွေအကုန်လုံးက အဓိပ္ပာယ်မရှိတဲ့ ပေါက်ကရစကားတွေပဲ။ သူမ ရှောင်ကျဲယွိကို စိတ်နှလုံးအကြွင်းမဲ့ ချစ်နိုင်ပေမယ့် သူ့ဆီကနေ သူမအတွက် လေးစားမှုနဲ့ အလေးအနက်ထားမှုကိုတော့ လိုချင်သေးတယ်။

စူးချင်းက သူမလက်နှစ်ဖက်ကို ဆန့်တန်းပြီး အဝတ်အစားအလဲခံရန် စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရချိန်တွင် ရှောင်းကျဲယွိက ခပ်ဖွဖွ ရယ်မောလိုက်သည်။

ဒါကမှ သူ့ရဲ့ချင်းအာလေ၊ သူမက တခြားသူတွေနဲ့ မတူဘူး၊ သူကလည်း သူမရဲ့အဲ့လိုအပြုအမူတွေကြောင့် သူမကို ပိုတိုးတိုးပြီး ချစ်နေမိတာထင်ပါရဲ့။

ရှောင်းကျဲယွိက စူးချင်း၏အပြင်ဘက်အဝတ်များကို ညင်ညင်သာသာ ချွတ်ပေးလိုက်သည်။

သူ့ချင်းအာက အရမ်းချောမောလှပပြီး ချစ်စရာကောင်းလွန်းတယ်။ အရင်တုန်းကတော့ သူမက အပြစ်ကင်းစင်ပြီး ငယ်ရွယ်နုပျိုတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ ဒါပေမယ့် အိမ်ထောင်ကျပြီးတော့ သူမက ပိုပြီး ဖွံ့ဖြိုးလာခဲ့တယ်။ သူမရဲ့အသားအရေလေးတွေက ပိုချောမွတ်လာတယ်၊ သူမရဲ့ရင်ဘတ်လေးကလည်း အရင်ကထက် ပိုမောက်လာတယ်၊ သူမရဲ့ခါးလေးတွေက သွယ်လျလာပြီး တင်ပါးလေးတွေကလည်း ပိုတင်းလာတယ်။ အခု သူမက မက်မွန်သီးမှည့်လေးလို ဆွဲဆောင်မှုအပြည့်နဲ့ မွှေးရနံ့တွေ ထုတ်လွှတ်ပေးနေပြီး သူ ဝါးစားလာမှာကို စောင့်နေသလိုလေးဖြစ်နေပြီ။

ရှောင်းကျဲယွိက စူးချင်းကို အဝတ်များကူချွတ်ပေးနေရင်း သူ မသက်မသာဖြစ်လာပြီး စိတ်မငြိမ်ဖြစ်လာတော့သည်။ သူက သူမကို ကောက်ပွေ့လိုက်ပြီး ပန်းပွင့်ချပ်များ ဖုံးလွှမ်းနေသည့်ရေနွေးထဲသို့ အသာအယာ ထည့်ပေးလိုက်သည်။ ကျောက်စိမ်းကဲ့သို့ ချောမွေ့ပြီး ဆွဲဆောင်မှုရှိနေသော စူးချင်း၏အရေပြားများပေါ်သို့ ပူနွေးသော ရေနွေးငွေ့များ ရစ်သိုင်းလာပြီး သူမ၏အနက်ရောင်ဆံပင်များက ရေပေါ်တွင် ပြန့်ကျဲနေသည်။ လက်ရှိ စူးချင်းကို မြင်နေရသည်က ချစ်စရာကောင်းသော နတ်သမီးလေးကို မြင်ယောင်နေသလို ခံစားရစေသည်။ ထိုပုံရိပ်လေးက ရှောင်းကျဲယွိကို ပို၍ သည်းမခံနိုင် ဖြစ်လာစေခဲ့သည်။

ဒီလောက်လှပတဲ့ ဇနီးလေးကို ဒီလိုပုံစံနဲ့ မြင်နေရတာတောင် တောင့်ခံနိုင်ရင် သူ ယောက်ျား မဟုတ်တော့ဘူး။

ရှောင်းကျဲယွိက သူ့အဝတ်အစားများကို အမြန် ချွတ်ချလိုက်ပြီး စူးချင်း၏ သစ်သားရေစည်ထဲသို့ တိုးဝင်လိုက်သည်။ သူက အရပ်ရှည်ပြီး သန်မာသည့်အပြင် အလျင်လုနေသေးသည်။ သူ ရေစည်ထဲသို့ ဝင်သွားချိန်တွင် စူးချင်းတစ်ယောက် ခြေထောက်ပင် မကြွနိုင်အောင် အပြင်းအထန် ဖိညှစ်ခံလိုက်ရသည်။ ရှောင်းကျဲယွိက သူမ၏ခြေကျင်းဝတ်ကို ဆွဲကာ သူမကို သူ့ပေါ်သို့ ဆွဲတင်လိုက်သည်။ ရေများ လျှံကျလာပြီး ယခုအချိန်တွင် တိတ်ဆိတ်မှုက အသံများထက် ပိုသာယာဖွယ် ဖြစ်နေခဲ့သည်။

စူးချင်းကလည်း မငြင်းဆန်ခဲ့ပေ။ သူမ၏တင်းမာနေသော စိတ်အာရုံကို ဖြေလျှော့ရန် အထူးလိုအပ်နေသည်။ သူမက စိတ်နှလုံးအကြွင်းမဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သူတို့နှစ်ဦး၏အချစ်များက အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားတော့သည်။

နောက်ဆုံးတွင် အနည်းငယ် တင်းတိမ်သွားသော ရှောင်းကျဲယွိက စူးချင်းကို သစ်သားရေစည်ထဲမှ ပြန်သယ်ထုတ်လာခဲ့သည်။ အောက်မှ ကော်ဇောလေးကတော့ ကြေကွဲစရာဖြစ်နေပြီး ရေစည်ထဲမှ ရေတစ်ဝက်လောက်က ကော်ဇောပေါ်တွင် ဖိတ်စင်နေကာ ပန်းပွင့်များက ကြမ်းပြင်အနှံ့ ပြန့်ကျဲနေသည်။

ရှောင်းကျဲယွိက စူးချင်းကို ပွေ့ချီပြီး အတွင်းခန်းဆီသို့ လှမ်းဝင်လိုက်သည်။ သူက သူမကို သူ့ပေါင်ပေါ်တင်ထားပြီး သူမ၏ခန္ဓာကိုယ်ပေါ်မှ ရေများကို သုတ်ပေးနေသည်။ စူးချင်း၏ ကျောက်စိမ်းနှင့်တူသော လက်လေးများကလည်း ရှောင်းကျဲယွိ၏လည်ပင်းကို မြဲမြံစွာ ချိတ်ဆွဲထားပြီး သူမကို ပြုစုပေးနေသည့် သူ့ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

အခု သူက မယုံနိုင်လောက်အောင် နူးညံ့သိမ်မွေ့နေပြီး စစ်မြေပြင်မှာ သူ ပြသခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တွေ လုံးဝ မရှိတော့ဘူး။ ဒီအခိုက်အတန့်မှာတော့ သူက နူးညံ့သိမ်မွေ့ပြီး စာနာတတ်တဲ့ အရမ်းချစ်တတ်တဲ့ ခင်ပွန်းသည်တစ်ယောက်ပဲ။

သူ သူမကို ပြုစုပေးနေရပေမယ့် သူက အဲ့ဒါကို မှားတယ်လို့ ထင်ပုံမပေါ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူက ကျေနပ်နေပုံရတယ်။

ဖြစ်နိုင်တာက သူမက သူနဲ့အတူ အေးအတူပူအမျှ ဖြတ်သန်းပေးခဲ့လို့ သူမအတွက် ဒီလိုလုပ်ပေးဖို့ ထိုက်တန်တယ်လို့ သူ တွေးနေခဲ့တာလား?

သူမလည်း သူ့ရဲ့ဒီနူးညံ့သိမ်မွေ့မှုတွေကို နှစ်သက်တယ်။ သူ့ဆီကနေ ဂရုတစိုက် ပြုစုပေးခံရတဲ့ ဒီခံစားချက်က တကယ်ကို ကြည်နူးစရာပဲ။

စူးချင်း၏အတွေးများ အပြည့်ဖြင့် ကျေနပ်သော မျက်ဝန်းလေးများက ဆွဲဆောင်မှု ပြည့်နေသလို သူ့လည်ပင်းပေါ်မှ အေးစက်ချောမွေ့သည့် လက်ကလေးနှစ်ဘက်ကလည်း ရှောင်းကျဲယွိ၏မီးတောက်များကို ပြန်လောင်ကျွမ်းလာစေသည်။ သူက စူးချင်းကို ခုတင်ပေါ်သို့ ညင်ညင်သာသာ တင်ပေးလိုက်သည်။

အခုကစပြီး ဧကရာဇ်မင်းက မိန်းမငယ်လေးကို ရင်ခွင်ထဲက မထုတ်ရက်လို့ ညီလာခံကို စောစောမသွားဘူးဆိုတဲ့ စကားကို သူ လက်ခံသွားပြီ။

ရေစည်များကို ပြန်သယ်ရန် ရောက်လာကြသည့် စစ်သည်များက သခင်မလေး၏ ရေစည် တစ်ဝက်ခန့်လွတ်နေသည်ကို တွေ့လိုက်ကြရသည်။ သခင်လေး၏ရေစည်ကတော့ အောက်ခြေကို မြင်နိုင်လောက်အောင် ကြည်လင်နေပြီး လုံးဝ ရေမချိုးထားပုံရသည်။

သူတို့ အံ့အားသင့်နေကြသော်လည်း အသံမထွက်ရဲကြဘဲ သစ်သားစည်များကို တိတ်တိတ်လေး ပြန်သယ်သွားကြသည်။ သို့သော် အခန်းကို စောင့်ကြပ်ရသည့် သက်တော်စောင့်များကတော့ အခန်းထဲမှ ကုတင်လှုပ်သံကြောင့် ကမောက်ကမ ဖြစ်နေကြရသည်။ လူများကို အိပ်မက်မက်စေမယ့် ထိုအသံများကို လျစ်လျူရှုနိုင်ရန် သူတို့ စစ်စည်းကမ်းများကိုသာ အားကိုးတကြီး ရွတ်ဆိုနေကြရသည်။ သို့တိုင်အောင် အတွေးများက ရောက်တတ်ရာရာ ဖြစ်နေဆဲပင်။

သခင်လေး​ရဲ့ခန္ဓာကိုယ်​က သန်​မာလွန်းတယ်​။ ဒီလောက်အချိန်ကြာနေတာတောင် သူ မပင်ပန်းသေးဘူးလား? အမှန်တကယ် ကြောက်စရာကောင်းလွန်းတယ်။

အခုတော့ သခင်လေးက သူတို့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်သွားပြီ။ သူတို့ စစ်တိုက်တဲ့နေရာမပြောနဲ့ ဒီနေရာမှာတောင် သခင်လေးကို မယှဉ်နိုင်ကြသေးဘူး။

ကျန်းကျင့်လင်းနှင့် စုန့်ဖူတို့က သူတို့၏သခင်လေးနှင့် သခင်မလေးကို ကြိုဆိုဧည့်ခံရန် အစားအသောက်နှင့် သေရည်များ ပြည့်နေသည့် စားပွဲကြီးများ ခင်းကျင်းထားခဲ့သည်။ သို့သော်လည်း သူတို့ ထိတ်လန့်တကြား ပြန်ပြေးသွားရသည်။

သခင်လေးနဲ့ သခင်မလေးရဲ့ ပျော်ရွှင်ဖွယ်ပြန်လည်ဆုံစည်းမှုကို နှောင့်ယှက်မိရင် အပြစ်သား ဖြစ်သွားနိုင်တယ်လေ။

နောက်တစ်နေ့တွင် ရှောင်းကျဲယွိက တက်တက်ကြွကြွ နိုးလာပြီး သိုင်းပညာ လေ့ကျင့်ရန် လေ့ကျင့်ရေးကွင်းသို့ ‌ရောက်ရှိနေခဲ့သည်။ သူ့၏ကိုယ်ပိုင်သက်တော်စောင့်များက သူတို့ သခင်လေး၏ တက်ကြွသော အပြုအမူကို လှမ်းကြည့်နေကြပြီး သူတို့၏သခင်လေးကို ပို၍ ကြည်ညိုလေးစားသော အကြည့်များဖြင့် ကြည့်ရှုလာကြသည်။

မနေ့ညက အလုပ်တွေ အရမ်းကြိုးစားခဲ့တာတောင် သခင်လေးက ဒီနေ့အထိ တက်ကြွနေသေးတယ်။ သခင်လေးက အရမ်းသန်မာတာပဲ။

နံနက်စာစားပြီးနောက် စူးချင်းနှင့် ရှောင်းကျဲယွိတို့က လမ်းပေါ်သို့ ရောက်ရှိသွားပြီး မော့ချန်သို့ ဦးတည်လိုက်ကြသည်။ ကျန်းကျင့်လင်းကတော့ ရတနာများ သွားထပ်သယ်ရန် အပြေးအလွှား ထွက်ခွာသွားခဲ့သည်။

မော့ချန်၏အခြေအနေကို အတိအကျ မသိနိုင်သေးသောကြောင့် သူတို့ အမြန်ဆုံး ချီတက်လာခဲ့ကြသည်။

All Chapters