← Chapters

မင်း အရင်ဘဝတုန်းက ဝေါယာဥ်ထမ်းတဲ့ကောင် ဖြစ်ရမယ်

Vol. 12 Ch. 170

မင်း အရင်ဘဝတုန်းက ဝေါယာဥ်ထမ်းတဲ့ကောင် ဖြစ်ရမယ်

Vol. 12 Ch. 170

" ရယ်စရာကောင်းလိုက်တာကွာ။ ရွှမ်းဝူစစ်တပ်ရဲ့ ထုံထိုင်းပေမဲ့ ခြေလက်အင်္ဂါတွေ သန်မာအားကောင်းကြတဲ့ လူတွေတောင် ရှေးဦးမြားကို နံရံထဲ ထိုးစိုက်ဖို့မပြောနဲ့ ကြွအောင်တောင် မမြောက်နိုင်ကြပါ့လား " ကျင်းလုံဝေ့မှ စစ်သည်တစ်ဦးက အသံပို့လွှတ်လိုက်သည်။

သူတို့ တိုင်အာနတ်မြို့တော်သို့ ရောက်ရှိလာပြီး လေ့ကျင့်ရေးများ လုပ်ဆောင်ပြီးနောက်တွင် လေ့ကျင့်ရေးများက ကိုင်တွယ်ရန်ခက်ခဲလှကြောင်း သိရှိခဲ့ရသည်။ လေ့ကျင့်ရေးများက ခက်ခဲလွန်းချေသည်။

ထို့အပြင် သူတို့ တိုင်အာနတ်မြို့တော်သို့ ရောက်လာပြီးနောက်တွင် ဤသည်က ပုံမှန်လေ့ကျင့်ရေး ပထမနေ့ ဖြစ်နေလေ၏။

ရွှမ်းဝူစစ်တပ်မှ လူများမှာ ဆယ့်ငါးမိနစ်ခန့် အော်ဟစ်နေကြပြီးနောက် ၎င်းတို့၏မျက်နှာများ နီးရဲနေလျက်ဖြင့် မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။ သူတို့ လျှာတစ်လျစ်ထွက်နေကျပြီး အမှန်တကယ်ပင် ခွေးပိန်တစ်ကောင်ပမာ ဖြစ်နေကြလေ၏။

" မင်းတို့တွေ မစွမ်းနိုင်ကြတော့ဘူးလား " ကတုံးနှင့်လူက အော်လိုက်သည်။

" မစွမ်းနိုင်ကြတော့ဘူးလား " ဟူသည့် စကားကြော​င့် သူတို့ ရှက်သွားကြရလေ၏။ မစွမ်းနိုင်ကြတော့ဘူးလားဟူသည့် စကားက အမျိုးသားများအတွက် တားမြစ်စကားလုံးတစ်ခု ဖြစ်လေ၏။ သို့သော် သူတို့အဖို့ နှုတ်လှန်ထိုးနိုင်ခြင်း မရှိချေ။

" ဒီလောက်အားနည်းတဲ့ လူစုကို ငါ တစ်ခါမှမမြင်ဖူးဘူး။ မင်းတို့က မြားတံနဲ့ ထိုးနိုင်လိမ့်မယ်လို့ ငါ အစကထင်နေခဲ့တာ။ အခုကျ မင်းတို့ မစွမ်းနိုင်တော့ဘူးပဲ "

" မင်းတို့တွေ မစွမ်းနိုင်တော့ဘူးဆိုမှတော့ ဘာကိစ္စက ယောက်ျားတစ်ဦးအဖြစ် ဆက်လုပ်နေဦးမလဲ။ မင်းတို့ကိုယ်မင်းတို့ သင်းကွပ်ပြီးတော့ မိန်းမပဲလုပ်လိုက်ကြတော့ " ကတုံးနှင့်လူ၏ စကားများက အမှန်ပင် အဆိပ်ပြင်းလှသည်။

ဤသည်က ရှက်စရာကောင်းလှချေ၏။ သူတို့၏ဘဝတွင် ထိုမျှအထိ အရှက်ရဖူးခြင်း မရှိခဲ့ဖူးပေ။

လူငယ်တစ်ဦးက မကျေမချမ်းဆိုလေသည်..." ချင်... နည်းပြချင်... ကျုပ်တို့က မစွမ်းနိုင်တာမဟုတ်ဘူး ရှေးဦးမြားက လေးလွန်းနေတာပဲ။ နည်းပြချင်က အလွယ်တကူ စွမ်းဆောင်နိုင်တယ်ဆိုပေမဲ့ ကျုပ်တို့က ငယ်သေးတယ်လေဗျာ။ ကျုပ်တို့က နတ်အရိုင်းမြေခန်းမထဲမှာ နှစ်နာရီနေခဲ့ပြီးတော့ အလေးအပင်သယ်ပြီးလည်း ဖားခုန်ခုန်ခဲ့ရသေးတယ်။ ကျုပ်တို့ရဲ့ စွမ်းအားတွေ ပြန်မပြည့်သေး....."

" ကျုပ်တို့ကို အချိန်နည်းနည်းပဲ ပေးလိုက်စမ်းပါ။ ကျုပ်တို့တွေ စွမ်းအင်ပြန်ပြည့်လာရင် ရှေးဦးမြားကို မဖို့က ခက်ခဲမှာမဟုတ်တော့ဘူး "

ကတုံးနှင့်လူက အသက်အရွယ်ကို အသုံးချနေပြီး မဖြစ်နိုင်သောတာဝန်များ ခိုင်းစေနေသည်ဟု လူငယ်က စောင်းပါးရိပ်ခြေ ပြောခဲ့လေသည်။

ကတုံးနှင့်လူ၏ မျက်ဝန်းတွင် အေးစက်သောအလင်း ထွက်ပေါ်လာကာ... " အိုး...တကယ်ကြီးလား "

လူငယ် ချက်ချင်းပင် ပါးစပ်ပိတ်သွားလေပြီး ကတုံးနှင့်လူကို မကြည့်ရဲတော့ပေ။

ကတုံးနှင့်လူ၏ ဒဏ်ပေးလိုစိတ်ကို ဤရက်များအတွင်း၌ လူတိုင်း သိရှိခဲ့ကြသည်။ သို့သော် သူက အလွန်ပင်သန်မာကာ ရှေးဦးမြားကိုပင် မြေဖြူခဲပမာ ပစ်နိုင်လေ၏။ ဤလူငယ်များက မောက်မာကြသော်လည်း ကတုံးနှင့်လူ၏ရှေ့တွင် မည်သည့်မောက်မာမှုမျှ မပြရဲကြပေ။ လူငယ်များက ကတုံးနှင့်လူကို လူဆိုးချင် ဟုပင် တိတ်တဆိတ်ခေါ်ကြလေ၏။

" မင်း ထွက်လာခဲ့ "

ကတုံးနှင့်လူက ကျိုးခွေ့ကို ခေါ်လိုက်သည်။

ကျိုးခွေ့၏ မျက်ဝန်းများ တောက်ပသွားသည်။ သူ့အား လူဆိုးချင်က ခေါ်ချင်ခဲ့သည်မှာ သရုပ်ပြခိုင်းရန်အတွက် ဖြစ်ချေသည်။ ယင်းသည် လူဆိုးချင်က သူ့အား အသိအမှတ်ပြုထားကြောင့် သက်သေပြနေလေ၏။ ဤသည်ကား သူ တောက်ပရမည့်အချိန်ဖြစ်ပြီး ကျရှုံး၍မရပေ။

ကျိုးခွေ့ လက်သီးဆုပ်ကာ စစ်သည်များအကြားမှ ထွက်လာခဲ့သည်။

ကျိုးခွေ့က ခက်ခဲသည့် ရှေးဦးမြားကို ရွေ့နိုင်မည်ဟု ထင်မထားပေ။ ကျိုးခွေ့သည် သူ၏နောက်လိုက်များ ရှေးဦးမြားကို မနိုင်ကြကြောင်းကို မြင်တွေ့ခဲ့ကာ ခက်ခဲမှုကို သိရှိသွားခဲ့သည်။ ထို့ကြောင့် ကျိုးခွေ့က ယွမ်ချီများ ပြန်ပွားများစေရန်ကိုသာ ပါးနပ်စွာဖြင့် ရွေးချယ်ခဲ့သည်။

ရွှမ်းဝူစစ်တပ်မှ လူငယ်များသည် ကျိုးခွေ့ ရှေ့ထွက်သွားသည်ကို မြင်တွေ့ကာ မျက်ဝန်းများ တောက်ပလာ၏။ ကျိုးခွေ့က သူတို့၏အစ်ကိုကြီးဖြစ်ပြီး သူတို့ထဲတွင် အသန်မာဆုံး ဖြစ်လေသည်။ ကျိုးခွေ့သာ လုပ်နိုင်ခဲ့ပါက သူတို့သည်လည်း မျက်နှာပန်းပွင့်ရပေလိမ့်မည်။ အနည်းဆုံးအနေဖြင့် ရွှမ်းဝူစစ်တပ်မှ လူတစ်ဦးက ယောက်ျားတစ်ဦးဖြစ်ကြောင်း ပြောနိုင်ပေလိမ့်မည်။

သို့သော် ကျိုးခွေ့ ဘာမျှမလုပ်ရသေးမီတွင် ကတုံးနှင့်လူက အခြားတစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။ ထိုသူက အခြားသူမဟုတ်လေဘဲ ယီယွင် ဖြစ်လေသည်။

ကတုံးနှင့်လူက ယီယွင်အား လက်ညှိုးထိုးပြခဲ့သည်ကို မည်သူကမျှ အံ့အားမသင့်ကြပေ။ ဖားခုန်ခုန်ရာတွင် ယီယွင်က ကျိုးခွေ့ကို အနိုင်ယူခဲ့သည်ဖြစ်ပြီး ယခုအခါတွင် ယီယွင်က တောက်ပနေသည်။

ကတုံးနှင့်လူက ယီယွင်ကို အဓိပ္ပါယ်ပါပါ ကြည့်ကာ..." ကောင်လေး... ထွက်လာခဲ့ "

ကျိုးခွေ့နှင့် ယီယွင်တို့အကြားမှ ကွာခြားချက်က ကြီးမားလေသည်။

ကျိုးခွေ့က ကတုံးနှင့်လူနှင့် အရပ်အမောင်းတူပြီး ပိုမို၍ပင် တောင့်တင်းလေသည်။ အခြားတစ်ဖက်တွင်မူ ယီယွင်က အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးသာ ဖြစ်သည်။ လေးမီတာရှည်သည့် ရှေးဦးမြားနှင့် ယှဥ်ကြည့်မည်ဆိုလျှင် ယီယွင်က ရှေးဦးမြား၏ အမြီးပိုင်းထက် တစ်ပေခန့်သာ ပိုရှည်လေသည်။

အရပ်အမောင်း ပြဿနာကြောင့် ယီယွင် စိတ်ပျက်နေရသည်။ အရိုင်းနယ်မြေမှ ကလေးများက အာဟာရအလျင်မမီလေသောကြောင့် ကြီးထွားမှု နောက်ကျလေ၏။

ယခုတွင် ယီယွင်က အာဟာရအလျင်မီလာခဲ့သည်။ သူ မနက်ခင်း နိုးထလာချိန်တိုင်းတွင် အရိုးအဆစ်များ ဖျိုးဖျိုးဖျစ်ဖျစ် မြည်နေသည်ကို ခံစားမိလေ၏။

ယီယွင် စစ်သည်များအကြားမှ ထွက်လာကာ သတ္တုသေတ္တာကြီးဆီသို့ သွားလိုက်လေသည်။

လူကြီးလက်မောင်းလုံးခန့်ရှိသည့် မြားတံကို ယီယွင်က လက်နှစ်ဖက်ဖြင့် ကိုင်ရမည်။ ထိုသို့မဟုတ်ပါက သူ ဟန်ချက်ထိန်းနိုင်မည်ပင် မဟုတ်ပေ။

ယီယွင်က ကတုံးနှင့်လူကို တစ်ချက်ကြည့်လိုက်ရာ ကတုံးနှင့်လူ၏ အကြည့်ထဲတွင် ထူးဆန်းသောအလင်းတစ်ခု ရှိနေသည်ကို သတိပြုမိသွားခဲ့သည်။

ကျိုးခွေ့က ယီယွင်အား တစ်ချက်ကြည့်ကာ မာန်တင်းလိုက်သည်။ ဤတစ်ကြိမ်တွင် သူ ရှုံး၍မဖြစ်ပေ။

" အစ်ကိုခွေ့...သွား "

" အစ်ကိုခွေ့... ရက်ရက်စက်စက် ထိုးပစ်လိုက် "

ကျိုးခွေ့က လက်များ ဖြန့်ချည်ဆုပ်ချည်လုပ်ပြီး ခြေထောက်များ လွှဲယမ်းကာ သွေးပူ​အောင်လုပ်သည်။ ထို့နောက် ကျိုးခွေ့က မြင်းထိုင် ထိုင်ကာ ရှေးဦးမြား၏ အမြီးပိုင်းကို လက်နှစ်ဖက်သုံးကာ ကိုင်လိုက်သည်။ သူ၏တင်ပါးနှင့် ကြွက်သားများအားလုံး တင်းမာဖောင်းကားလာ၏။

" ကြွစမ်းကွာ " ကျိုးခွေ့ အော်လိုက်လေပြီး ရှေးဦးမြား၏ အဖျားပိုင်းကို ပင့်မြောက်ကာ ပခုံးပေါ်တွင် တင်လိုက်သည်။ ထို့နောက် ရှေးဦးမြား၏ အခြားအဖျားပိုင်းကို သတ္တုသေတ္တာ၏ ဘောင်ပေါ်သို့ ပင့်တင်လိုက်သည်။ ထို့နောက် သူ၏ပခုံးအား မြားတံကိုယ်ထည်အတိုင်း လျောဆင်းသွားစေပြီး မြားတံ၏ အလယ်ခေါင်နေရာတွင် ထားလိုက်လေသည်။ ထိုသို့ဖြင့် သူ ရှေးဦးမြားကို ပင့်မြောက်နိုင်သွားလေ၏။

" သိပ်ကောင်းတယ် အစ်ကိုခွေ့ "

ရွှမ်းဝူစစ်တပ်မှ လူများ စိတ်လှုပ်ရှားသွားကြလေ၏။ ကျိုးခွေ့က ရှေးဦးမြားကို ပင့်မြောက်နိုင်ခဲ့သည့် ပထမဆုံးလူ ဖြစ်သည်။

" ထိုးပစ်လိုက်တော့ "

" ထိုးပစ်လိုက်တော့ "

ကျိုးခွေ့က ခွန်အားများ ပေါက်ကွဲစေပြီး ရှေးဦးမြားကိုထမ်းကား ခရမ်းရောင်အဖြိုက်နက်နံရံဆီသို့ ခြေလှမ်းကျဲကြီးများနှင့် ပြေးသွားလေသည်။

ဒေါင်...။

သတ္တုသံတစ်ခု ထွက်လာပြီး ရှေးဦးမြားက ခရမ်းရောင်အဖြိုက်နက်နံရံကို ပြင်းစွာထိမှန်သည်။ ကျိုးခွေ့၏ လက်မောင်းနှင့်ပခုံးတို့ ထုံကျဥ်သွားရလေ၏။ သူ၏ပခုံး တစ်စစီဖြစ်သွားပြီဟုပင် ခံစားလိုက်ရသည်။

ကတုံးနှင့်လူသည် ခရမ်းရောင်အဖြိုက်နက်က ပျော့ပြောင်းသည်ဟု ဆိုခဲ့ချေ၏။ ကျိုးခွေ့မှာ ကတုံးနှင့်လူကို ကျိန်ဆဲချင်သွားလေသည်။ ခရမ်းရောင်အဖြိုက်နက်က အဘယ်သို့များ ပျော့လေသနည်း။ လေ့ကျင့်သားရနေသည့် သူ၏ခန္ဓာကိုယ်က အဘယ်သို့များ တစ်စစီဖြစ်လုနီးပါး ခံစားလိုက်ရလေသနည်း။

သို့သော် ရလဒ်က အဆင်ပြေလေသည်။ သူသည် ရှေးဦးမြားကို ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ ခက်ခဲမှုကြီးစွာနှင့်ပင် ထိုးသွင်းနိုင်ခဲ့လေ၏။ မြားတံထိပ်ပိုင်း တစ်ဝက်ခန့်သည် သတ္တုနံရံထဲတွင် နစ်မြုပ်နေပြီး တစ်ပေခန့် နက်လေသည်။

ဒေါင်...။

သို့သော် ထိုအနက်က ရှေးဦးမြား သတ္တုနံရံထဲတွင် ခိုင်မာစွာရပ်တည်နိုင်ရန် မလုံလောက်ပေ။ ကျိုးခွေ့ ဆုပ်ကိုင်ထားသည်ကို ဖြေလျော့လိုက်သည်နှင့် ရှေးဦးမြားသည် မြေပြင်သို ပြုတ်ကျသားလေ၏။

" အစ်ကိုခွေ့က တကယ်ကို ယောက်ျားတစ်ယောက်ပဲ "

ရွှမ်းဝူစစ်တပ်မှလူများ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ မြားတံက မတည်ငြိမ်သော်လည်း ထိုးစိုက်နိုင်ခဲ့လေ၏။

သို့သော် ကျိုးခွေ့ မျက်မှောင်ကုတ်နေသည်။ သူ ရလဒ်ကို မကျေနပ်ပေ။ ကတုံးနှင့်လူက ရှေးဦးမြားကို ပေါ့ပေါ့ပါးပါးပင် ပစ်ပြသွားကာ တည်ငြိမ်နေစေခဲ့သည်။ ထိုအချင်းအရာက မည်မျှခက်ခဲကြောင်းကို သူ ကိုယ်တွေ့ကြုံလာမှသာ သိခဲ့ရလေသည်။

ကတုံးနှင့်လူက ပြုံးကာ ကျိုးခွေ့ကို သဘောကျဟန်ဖြင့် ဆိုလိုက်သည်..." မဆိုးဘူး။ မင်း မြားတံကို ပင့်မြောက်သွားတဲ့နည်းလမ်းက အတော်လေးကို ပြောင်မြောက်တယ်။ မင်းက မြားတံရဲ့အရင်းပိုင်းကို အရင်မြောက်ရမယ်ဆိုတာ သိတယ်။ ပြီးတော့ ပခုံးကို လျောဆင်းသွားပြီး သတ္တုကိုယ်ထည်ကို ပင့်မြောက်လိုက်တယ်။ ဒီနည်းလမ်းအတိုင်း လုပ်တာက မင်းအတွက် အားကုန်သက်သာစေတယ်။ မင်းက အရင်ဘဝတုန်းက ဝေါယာဥ်ထမ်းသမား ဖြစ်ခဲ့တယ်ထင်တယ် "

ကတုံးနှင့်လူက အစပိုင်းတွင် ကျိုးခွေ့ကို မြောက်ပင့်ပေးနေခဲ့ပြီး နောက်ပိုင်းတွင် ရိုက်ချသွားခဲ့ချေသည်။

ဝေါယာဥ်ထမ်းသမားတဲ့လား။

ကျိုးခွေ့မှာ ကတုံးနှင့်လူ၏ ဆိုလိုရင်းလိုကို တစ်ခဏအကြာမှသာ နားလည်သွားခဲ့သည်။ သူက ရှေးဦးမြားအား ထိုးစိုက်သည့်ပုံစံကို ကတုံးနှင့်လူက ပြက်ရယ်ပြုသွားခြင်း ဖြစ်လေသည်။

ရှေးဦးမြားက လှံတစ်ချောင်းနှင့် ဆင်တူသည်။ လှံထိုး လေ့ကျင့်ရာတွင် လှံတံကို လက်ထဲတွင် ကိုင်ထားရမည်သာ ဖြစ်လေ၏။ မည်သူကများ လှံကို ထိုသွင်းရန်အတွက် ပခုံးပေါ်တွင် ထမ်းထားပါမည်နည်း။

" ကျုပ်..."

ကျိုးခွေ့ ဒေါသထွက်သွားသော်လည်း လုံးဝပင် ချေပပြောဆိုနိုင်ခြင်း မရှိပေ။

ထိုစဥ် ကတုံးနှင့်လူက ယီယွင်ကိုကြည့်ကာ... " မင်း ကြိုးစားကြည့် "

လူဆိုးချင်က ယီယွင်ကို အာရုံစိုက်နေခဲ့သည်။ လူဆိုးချင်က မြင့်မားစွာ မျှော်လင့်ထားသည်။ ဤနှစ်များအတွင်း၌ လူဆိုးချင်က ပါရမီရှင်အစစ်များစွာကို မြင်ခဲ့ဖူးသည်။ သို့သော် ဤတစ်ခေါက်တွင် ကျင်းပြည်နယ်မှ လူရာချီခန့်ကို လူဆိုးချင်က စိတ်တိုင်းကျခြင်းမရှိပေ။ အများဆုံးအနေဖြင့် လူဆိုးချင်က ယီယွင်ကိုသာ အနည်းငယ်ခန့် အာရုံစိုက်မိသည်။

ယီယွင် အသက်မှန်မှန်ရှုလိုက်သည်။ ဤတစ်ခေါက်က စစ်မှန်သော ခွန်အားကို ယှဥ်ပြိုင်ရမည်ဖြစ်ပြီး လှည့်ကွက်မပါပေ။

ယီယွင်၏ထူးချွန်မှုက ခွန်အား မဟုတ်ပေ။ အခြားသူများနှင့်ယှဥ်လျှင် ယီယွင်၏ခွန်အားက မလုံလောက်သေးပေ။

" ဒါလေး ကူကိုင်ပေးထားပါ "

ယီယွင်က အဝတ်များချွတ်ကာ ပြဒါးစီးဝတ်စုံကို ဖယ်ရှားလိုက်ပြီး ရှုကျန်းအား ကမ်းပေးလိုက်သည်။

" အိုး...ပြဒါးစီးဝတ်စုံလား "

လူအများသည် ယီယွင် အဝတ်ချွတ်သည်ကို မြင်လိုက်ရပြီး ပြဒါးစီးဝတ်စုံကို တွေ့မြင်သွားကြသည်။ ပြဒါးစီးဝတ်စုံသည် ဒယ်စောက်ဆယ်လုံး အလေးအချိန်မှ ဒယ်စောက်တစ်ထောင် အလေးချိန်အထိ အမျိုးမျိုး ပြောင်းလဲနိုင်သည်။

ယီယွင် ဖားခုန်ခုန်ခဲ့ချိန်တွင် ပြဒါးစီးဝတ်စုံကို ဝတ်ထားခဲ့ကြောင်း သိသာလေ၏။ ပြဒါးစီးဝတ်စုံကို ဒယ်စောက်ဆယ်လုံး အလေးအချိန်၌ ထားခဲ့မည်ဆိုလျှင်ပင် ဒယ်​​​စောက် ၂၅၀ နှင့် ပေါင်းလိုက်လျှင် ဒယ်စောက် ၂၆၀ ဖြစ်သွားမည်ဖြစ်ပြီး ယင်းက ရယ်စရာတစ်ခု မဟုတ်ချေ။

" ဂရုစိုက်ပါ ညီနောင်ယီ။ မင်းက နတ်အရိုင်းမြေခန်းမထဲကနေ ထွက်လာခဲ့ရပြီး ဖားခုန်ခုန်တာကိုလည်း အကြာကြီးလုပ်ထားရတယ်။ ဒီမြားတံ ပေါ့ပါးမဲ့ပုံလည်း မရှိဘူး။ ဒဏ်ရာမရအောင် ဂရုစိုက်ပါ "

ယီယွင်က ရှုကျန်းကို ခေါင်းညိတ်ပြလိုက်သည်။

လှုပ်ရှားမှုနည်းစနစ်အား စစ်ဆေးသည်ဆိုလျှင် ယီယွင်အဖို့ ပြဒါးစီးဝတ်စုံကို ချွတ်ရန်မလိုပေ။ သို့သော် ခန္ဓာကိုယ်ခွန်အားကို စမ်းသပ်နေသည်ဖြစ်၍ ယီယွင်အဖို့ အားကုန်ထုတ်သုံးရပေတော့မည်။

ယနေ့ လေ့ကျင့်ရေးက ယီယွင်အတွက် စိန်ခေါ်မှုကြီးမားသည်။ လက်ရှိ သူ၏ခွန်အားက ရှေးဦးမြားကို ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ ထိုးစိုက်ရန်အတွက် အလွန်ခက်ခဲလိမ့်မည်ဟု သူ ခံစားမိသည်။

All Chapters