← Chapters

ဆေးပင်ခူးတာတောင် စံချိန်ရှိသေးတာလား

Vol. 12 Ch. 174

ဆေးပင်ခူးတာတောင် စံချိန်ရှိသေးတာလား

Vol. 12 Ch. 174

ယီယွင်က ဆိုသည်..." နည်းပြချင် အကြံပြုပေးတာကို ကျေးဇူးတင်ပါတယ်။ နည်းပြချင် ပြောချင်တာကို ဒီအငယ်လေးက နားလည်ပါတယ် "

သို့သော် ပြီးပြည့်စုံသည့် လူများအတွက်ပင် သူတို့ထက် ပိုတော်သော လူများ ပေါ်လာစမြဲပင်။ သူက ရှေးဦးမြားတစ်စင်းသာ ထိုးစိုက်နိုင်ခဲ့သော်လည်း သီးခြားမိသားစုမှ ပါရမီရှင်တစ်ဦးကမူ ရှေးဦးမြားခုနစ်ချောင်းပင် ထိုးခဲ့ချေ၏။ ကွာခြားချက်က မြင်သာလှသည်။

ကတုံးချင် မျက်မှောင်ကုတ်ကာ..." မင်းရဲ့ အကြောင်းပြချက်ကို ပြောပြနိုင်မလား "

ယီယွင်က ယုံကြည်ချက်ကို မပြောင်းလဲသည်မှာ အကြောင်းရှိရလိမ့်မည်ဟု သူ ခံစားမိသည်။ ထိုသို့သာမဟုတ်ပါက နားလည်ရန် ခက်ခဲသွားပေလိမ့်မယ်။

ယီယွင်က ဆိုသည်..." ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျုပ် တိမ်ရိုင်းနယ်မြေထဲမှာ ရှိချိန်တုန်းခဲ့ စားဝတ်နေရေးအတွက် နေ့စဥ် ဆေးပင်ခူးခဲ့ရတယ်လေ။ ကျုပ် လမ်းလျှောက်တတ်စကတည်းက ဆေးပင်ခူးခဲ့ရတာပဲ။ ဒါကြောင့် ဒီနှစ်တွေမှာ ကျုပ်က ဆေးပင်ခူးတဲ့အတွေ့အကြုံတွေ စုဆောင်းနိုင်ခဲ့တယ်။ ပြီးရင် ကျုပ်က ဆေးပင်ခူးတာမှာ ပါရမီနည်းနည်းရှိတော့ ကောင်းကောင်းလုပ်နိုင်မယ်လို့ ထင်ပါတယ် "

ယီယွင်က ရှင်းပြလိုက်သော်လည်း ဘေးပတ်လည်မှ လူများကမူ မှင်တက်မိနေကြပြီး ယီယွင်ကို ထူးထူးဆန်းဆန်း ကြည့်နေကြသည်။

တိမ်ရိုင်းနယ်မြေတဲ့လား။ ဆေးပင်းခူးခဲ့တာတဲ့လား။

ယခုရောက်ရှိနေသည့် လူငယ်သူရဲကောင်းများသည် ဆေးပင်ခူးခဲ့ကြဖူးသည်ဖြစ်ပြီး သူတို့ အဆင့်ချိုးဖျက်ရာတွင် အထောက်အကူလိုချိန်မှသာ လုပ်ကြပေသည်။ မည်သူကများ စားဝတ်နေရေးအတွက်လုပ်ရန် လိုအပ်လေသနည်း။

ယီယွင်၏ခွန်အားက သူတို့ထက် ပိုကြီးမားကြောင်းကို သူတို့ သိကြလေ၏။

ယင်းကြောင့် သူတို့အဖို့ လက်ခံနိုင်ရန် ပိုမိုခက်ခဲသွားခဲ့လေ၏။ တိမ်ရိုင်းနယ်မြေထဲမှ ဆင်းရဲသော ဆေးပင်ခူးကလေးတစ်ဦးက မိသားမျိုးနွယ်ကြီးများထံမှလာသည့် သူတို့ထက် ပိုတော်နေသည်တဲ့လား။

သူတို့ ပြောစရာမဲ့နေရ၏။ ယင်းသည် မြည်းတစ်ကောင်က မြင်းအုပ်ထဲသို့ ဝင်ရောကာ မြင်းအားလုံးကို အနိုင်ယူလိုက်သည်နှင့် တူနေချေသည်။

မြည်းတစ်ကော​င်က မြင်းတစ်ကောင်ထက် အခြေနေဆိုးပြနေရန် မလိုအပ်ပေ။ မြည်းတစ်ကောင်က ခံနိုင်ရည် ၊ ခွန်အား ၊ အစားနည်းခြင်းတို့တွင် ပိုသာလေ၏။ မြင်းတစ်ကောင်က အလေးအပင်အလုပ်များ လုပ်နိုင်ခြင်းမရှိဘဲ အားနည်းသည့်တိုင်အောင် ပြေးအားတွင်မူ ပိုကောင်းလေသည်။ အားသာချက်များ ကိုယ်စီရှိကြသည်ဟုပင် ဆိုနိုင်သည်။ သို့သော် လူတိုင်းသည် မြင်းတစ်ကောင်သာ ဖြစ်လိုကြပြီး အလုပ်ကြိုးစားသည့် မြည်းတစ်ကောင် မဖြစ်လိုကြပေ။

ယခုတွင်မူ မြင်းအုပ်စုက သူတို့၏စွမ်းရည်ကို လေ့ကျင့်ပေးနိုင်သည့် အလုပ်ကို ရွေးချယ်ခဲ့လေပြီး ယီယွင်ကမူ ဆေးပင်ခူးသည်ကိုသာ ရွေးချယ်ခဲ့သည်။

သူတို့ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။ ဆေးပင်ခူးရာတွင် မည်သည့်ပါရမီများ ရှိရဦးမည်နည်း။ မည်သူကများ ဆေးပင်မခူးနိုင်ဘဲ ရှိလေသနည်း။

" ဒီကောင်လေး... သောက်ကျိုးနည်းပဲ " ကျိုးခွေ့ ယီယွင်အား မျက်မှောင်ကုတ်၍ ကြည့်လိုက်သည်။ သူသည် ယီယွင်နှင့် အကြိမ်အနည်းငယ်ခန့် ထိပ်တိုက်တွေ့ဖူးလေပြီး နောက်ဆုံးတစ်ခေါက်တွင် မလိုအပ်ဘဲ ရှုံးခဲ့ရသည်မှလွဲ၍ သူက အခြားနှစ်ကြိမ်လုံး ရှုံးခဲ့ရချေသည်။ ယီယွင်၏စွမ်းအားကို သိနေသည့် သူ့အဖို့ သိလိုစိတ်များ တဖွားဖွားဖြစ်လာရ၏။

" အရေးစိုက်မနေနဲ့ အစ်ကိုခွေ့... ဒီကောင်လေးက တောသားဘဝကို ခုံမင်နေတာလို့ ငါထင်တယ်။ အရိုင်းနယ်မြေကလာတဲ့ လူတွေက တွေးခေါ်ပုံ ထူးခြားကြတာပဲကိုး "

" အဖိုးကြီးရှုံး ပြောတာ မှန်တယ်။ တိုင်အာနတ်မြို့တော်ကို ရောက်လာပြီဆိုမှတော့ ငါတို့ရဲ့စွမ်းအားတွေ တိုးလာစေဖို့အတွက် မှော်နဂါးကြေးပြားတွေ အမြန်စုဆောင်းရမယ်။ ငါတို့က အမဲလိုက်ထွက်တာ ဒါမှမဟုတ် ဆုကြေးငွေများပြီး အန္တရာယ်ပိုများတဲ့ အခြားအလုပ်တွေ လုပ်လို့ရတယ်။ ဆေးပင်ခူးတာက မှော်နဂါးကြေးပြားတွေ အမြန်ဆုံးစုဆောင်းနိုင်တဲ့အလုပ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီကလေးယီယွင်က ငါတို့ထက် နည်းနည်းလောက် ပိုသန်မာပေမဲ့ သူက ပျက်စီးနေတဲ့လမ်းကြောင်းကို ရွေးလိုက်ပြီဆိုတော့ ဘယ်သူမှ တားမရတော့ဘူး။ နောက်ပိုင်းကျရင် ဒီကောင် မထင်မရှားဖြစ်သွားပြီး ငါတို့တွေအတွက် ခြေနင်းတုံးတစ်ခုပဲ ဖြစ်လာလိမ့်မယ် "

ရွှမ်းဝူစစ်တပ်မှ လူများက လျှို့ဝှက်၍ အသံပို့လွှတ်နေကြသည်။ သူတို့က ယီယွင်နှင့် သူစိမ်းသက်သက်သာ ဖြစ်လေသောကြောင့် များစွာမပြောကြပေ။ လူတစ်ဦး မိုက်မဲသည့်ဆုံးဖြတ်ချက်အား လုပ်နေလျှင် ပြိုင်ဘက်များဖြစ်သည့် သူတို့က ပြုံးပြုံးကြီး ကြည့်နေကြမည်ဟုပင် ဆိုရချေမည်။

ကတုံးချင် ခေါင်းယမ်းကာ ယီယွင်ကို ဖျောင်းဖျခြင်းမပြုတော့ဘဲ ဆိုလိုက်သည်..." မင်းတို့ကိုယ်မင်းတို့ ဂရုစိုက်ကြပါ။ နှစ်စဥ် တပ်သားသစ်တွေထဲမှာ ထူးချွန်တဲ့သူက နည်းနည်းပါတယ်။ နှစ်နှစ်အချိန်အတွင်းမှာ ချိုးနျိုနဲ့ ချူရှောင်းရန် နှစ်ဦးစလုံးဟာ အစောတုန်းက မင်းတို့မြင်ခဲ့ရတဲ့ ယန်းချန်နဲ့ ယောင်တာအိုတို့တွေ ဖြစ်လာလိမ့်မယ် "

" သူတို့နှစ်ယောက်လုံးက တစ်နှစ်အတွင်းမှာ ကောင်းကင် ဒါမှမဟုတ် မြေကြီး ဂုဏ်စာရင်းမှာ ထိပ်ဆုံးတစ်ထောင်အတွင်း ဝင်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းတို့အတွက်ကရော။ ထိပ်ဆုံးတစ်ထောင်အတွင်း ဝင်ဖို့ ဘယ်လောက်ကြာမှာလဲ။ ပြီးရင် မင်းတို့ တိုင်အာနတ်မြို့တော်က ထွက်မသွားခင်မှာ ထိပ်ဆုံးတစ်ထောင်အတွင်း ဝင်နိုင်ပါ့မလား " ကတုံးချင်က ထိုစကားများပြောကာ ထွက်ခွာသွားလေသည်။

တိုင်အာနတ်မြို့တော်ထဲတွင် ထိပ်ဆုံးတစ်ထောင်အတွင်း ဝင်နိုင်သည့်သူ မည်သူကိုမဆို တိုင်အာနတ်ပြည်ထောင်ထဲရှိ ဂိုဏ်းအဖွဲ့အစည်းအားလုံးက အာရုံစိုက်ကြလိမ့်မယ် ကတုံးချင်က ပြောခဲ့သည်။

တစ်နှစ်အတွင်း ထိပ်ဆုံးတစ်ထောင်အတွင်း ဝင်နိုင်ခဲ့ပါက နှစ်နှစ်ဆိုလျှင် ထိပ်ဆုံးနှစ်ရာအတွင်း ဝင်နိုင်လိမ့်မည်ဟု ဆိုလိုလေသည်။ သုံးနှစ်ဆိုလျှင် ထိပ်ဆုံး ၅၀ ၊ ၆၀ အတွင်း ဖြစ်ပေလိမ့်မည်။ ခြောက်နှစ်ပြည့်ပြီး တိုင်အာနတ်မြို့တော်မှ ထွက်ခွာချိန်တွင် ထိပ်ဆုံး ငါးနေရာမှ သုံးနေရာအတွင်း ဝင်နိုင်လေပြီး ပထမနေရာပင် ဖြစ်လာနိုင်သည်။

ပထမနေရာကို ယူရန်မှာမူ ဝေးလွန်းချေ၏။ ထိုနေရာကို ယူထားသူက ယန်းချန်နှင့် ယောင်တာအိုတို့အတွက်ပင် အလှမ်းဝေးလွန်းသည်။ ထို့အပြင် ယန်းချန်နှင့် ယောင်တာအိုတို့က သူတို့ အမီလိုက်ရန် ဝေးကွာလွန်းနေသူများ ဖြစ်ကြလေ၏။ ကွာခြားချက်က သိသာလှချေသည်။

ယီယွင်က အခြားသူများ၏ ထင်မြင်ချက်များကို လျစ်လျူရှုထားသည်။ သူ ညစာစားပြီးသည်နှင့် အိပ်ဆောင်သို့ ပြန်ခဲ့လေသည်။ သူ သမထထိုင်ကာ ရှေးဦးမျိုးစိတ်စွမ်းအင်များကို ခန္ဓာကိုယ်နှင့် တဖြည်းဖြည်းချင်း ပေါင်းစည်းနေစေခဲ့လေ၏။

တစ်ညတာကုန်လွန်ကာ ကောင်းကင် ထိန်လင်းလာခဲ့သည်။ တိုင်အာနတ်မြို့တော်တွင် မြူခိုးဝေနေလျက်ရှိ၏။ ယီယွင် ကိုယ်လက်သုတ်သင်ပြီးနောက် သူ၏အလုပ်အား တင်ပြရန် ပြင်လိုက်သည်။

စုန့်ကျစ်ကျွင်းလည်း ထွက်လာခဲ့လေ၏။ သူတို့နှစ်ဦးက အခန်းချင်းကပ်လျက် ဖြစ်သည်။

ယနေ့တွင် စုန့်ကျစ်ကျွင်းက ​ချမ်းသာသော သခင်လေးတစ်ဦးပမာပင် သာမန်ဝတ်စုံသာ ဝတ်ဆင်ထားပြီး တောသားဟန်ပန် အနည်းငယ်ရှိနေသည်။

" ယီယွင်... ဆေးပင်ခူးတာက အချိန်ဖြုန်းတာပဲ။ မင်းရဲ့အသက်အရွယ်နဲ့ မင်းရဲ့ လှုပ်ရှားမှုနည်းစနစ်က ငါ့ဘဝ မြင်ဖူးသမျှထဲမှာ အတော်ဆုံးနော် " စုန့်ကျစ်ကျွင်းသည် ယီယွင်၏ ဆုံးဖြတ်ချက်ကြောင့် လုံးဝပင် ပဟေဠိဖြစ်နေရ၏။

ယီယွင်က တဒင်္ဂလှုပ်ရှားမှုတွင် အောင်မြင်မှုကြီးအဆင့်သို့ ဝင်ရောက်နေပြီဖြစ်ရာ လက်ရည်ယှဥ်ဖော်လုပ်သည်က သူ့အတွက် အကျိုးကျေးဇူး ကြီးမားစေမည်ဟု ဆိုလိုလေသည်။ စုန့်ကျစ်ကျွင်း အမှန်ပင် အလွန်မနာလိုဖြစ်ရသည်ကိုပင် ယီယွင်က ဆေးပင်ခူးရန်ကိုသာ ရွေးချယ်ခဲ့လေသောကြောင့် ရတနာကို ဖြုန်းတီးနေခြင်းသာ ဖြစ်လေသည်။

" မင်း ငါ့နောက်ကိုလိုက်ဖို့ တကယ်ပဲ မစဥ်းစားတော့ဘူးလား " စုန့်ကျစ်ကျွင်းသည် ယီယွင်၏ ဆုံးဖြတ်ချက်အတွက် နောင်တရမိသည့်ပမာ ခံစားနေရဆဲပင်။

" မစဥ်းစားတော့ဘူး " ယီယွင် ပြုံးလိုက်သည်။

စုန့်ကျစ်ကျွင်း သက်ပြင်းချကာ..." ထားလိုက်ပါတော့။ မင်းမှာလည်း မင်းရဲ့ဆုံးဖြတ်ချက် ရှိတာပဲ။ ငါ့အတွေးတွေက မင်းနဲ့ မသင့်တော်လောက်ဘူး "

စုန့်ကျစ်ကျွင်းသည် ယီယွင် တဒင်္ဂလှုပ်ရှားမှုတွင် အောင်မြင်မှုကြီးအဆင့်သို့ ရောက်ခဲ့စဥ်ကတည်းက လေးစားခဲ့ရလေ၏။ ယီယွင်၏ဆုံးဖြတ်ချက်က ထူးဆန်းသော်လည်း ယီယွင်တွင် အကြောင်းပြချက်ရှိလိမ့်မည်ဟု သူ ယုံကြည်ထားသည်။

ဆယ့်ငါးမိနစ် ကြာပြီးသည့်နောက်တွင် ယီယွင် အလုပ်နေရာသို့ ရောက်သွားခဲ့လေ၏။ မတူညီသော တောက်တိုမယ်ရအလုပ်များတွင် သက်ဆိုင်ရာနေရာများ ရှိလေ၏။

သို့သော် ဆေးပင်ခူးအလုပ်က များစွာပို၍ တိတ်ဆိတ်လေသည်။

ယီယွင် ခရီးဦးတည်ရာသို့ ရောက်သွားချိန်၌ ဆေးပင်များကို အေးဆေးစွာစီမံနေသည့် မိန်းကလေးအချို့အား တွေ့လိုက်ရသည်။

ထိုမိန်းကလေးများက ယီယွင်ကိုမြင်ကာ အံ့အားသင့်သွားကြ၏။ သူမတို့က ယီယွင်၏ တပ်သားသစ်ဝတ်စုံကို မြင်ကြသည်။ တပ်သားသစ် ယောက်ျားလေးတစ်ဦးက ဆေးပင်ခူးသည်မှာ မယုံကြည်နိုင်စရာပင်။

ယီယွင်က ထိုမိန်းကလေးများကို လျစ်လှူရှုကာ အမည်စာရင်း တင်ပြပြီးနောက် ဆေးခြင်းတစ်လုံး ၊ ဆေးပင်များထည့် ကျောက်စိမ်းသေတ္တာတစ်ခု ၊ ဆေးတောင်တန်းမြေပုံတို့ကို ယူဆောင်ခဲ့သည်။

တာဝန်ခံသည် အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးဖြစ်ပြီး နောက်ဆုံးအမည်က ဝမ် ဖြစ်သည်။ သူမက ယီယွင် ရောက်လာသည်ကို ထူးခြားဟန်မပြပေ မှန်ကိုသာ ကြည့်နေခဲ့သည်။။ သူမက ဆံပင်ကို အမျိုးမျိုးကစားနေသည်ဖြစ်ပြီး စိတ်ကျေနပ်သည့်ဟန် ရှိမနေပေ။

" အ...အစ်မ... ဒီဂျူနီယာရဲ့ ဆေးပင်တွေ မှော်နဂါးကြေးပြား ဘယ်လောက်နဲ့ လဲလှယ်ပေးမလဲဆိုတာကို သိလို့ရမလား "

ဝမ်မိန်းကလေးကို မှန်ကိုချကာ ယီယွင်ကို ကြည့်လိုက်သည်။ ယီယွင်က " အစ်မ " ဟု ခေါ်ဝေါ်ခဲ့ခြင်းကြောင့် သူမက စိတ်ကောင်းဝင်နေလျက်ရှိကာ ဆေးပင်ခူးရန်လာသည့် ထိုငပျင်းလေးအပေါ် စိတ်ရှည်ပေးနေမိသည်။ သူမက စာအုပ်တစ်ခုကို ယီယွင်ဆီ ပစ်ပေးကာ ဆိုလိုက်သည်..." အဲ့ဒါက ဆေးပင်တွေနဲ့ မှော်နဂါးကြေးပြားတွေရဲ့ လဲလှယ်နှုန်းတွေပဲ။ ကိုယ့်ဘာသာပဲ ကြည့်လိုက်တော့ "

ယီယွင် စာအုပ်ကိုဖမ်းယူက ပထမစာမျက်နှာကို ကြည့်လိုက်သည်။ ပထမစာမျက်နှာတွင် ရေးထားသည့်အရာများကြောင့် ယီယွင် အံ့အားသင့်သွားရသည်။

ပထမစာမျက်နှာတွင် ရေးထားသည်မှာ....။

" ချီလင်းနှစ် ၈၂ ခု ၊ ကျုံးယီက ရက်ခြောက်ဆယ်နဲ့တင် ဆေးပင် ပေါင် ၆၃၀ ခူးခဲ့ပြီး မှော်နဂါးကြေးပြား ၁၉၂၆၀ ပြား ရခဲ့တယ်။ သူက ဘိုးဘေးတွေရဲ့စံချိန်ကို ချိုးဖျက်ခဲ့တယ်။ ဒီမှတ်တမ်းဟာ အနာဂတ်မျိုးဆက်သစ်တွေ စိတ်အားတက်ကြွစေဖို့ပါ "

စံချိန်တဲ့လား။ မဖြစ်နိုင်တာ...။

" ဆေးပင်ခူးတာလို တောက်တိုမယ်ရအလုပ်မှာတောင် စံချိန်ရှိသေးတာလား "

ကျုံးယီက ရက်ခြောက်ဆယ်အတွင်း စံချိန်ချိုးခဲ့ချေ၏။

All Chapters