စံချိန်ချိုးချင်သူ
Vol. 12 Ch. 178
ယီယွင် သည် ၎င်း၏ ပထမဆုံးနေ့တွင် ဆေးဖက်၀င်အပင် အနည်းငယ်ကို ခူးယူရန်သာ ရည်ရွယ်ခဲ့သည်။ ပထမနေ့တွင် ရာနှင့်ချီသော ဆေးဖက်ဝင်အပင်များကို ရှာဖွေခူးယူခဲ့မည်ဆိုလျှင် မသင်္ကာစရာကောင်းပေလိမ့်မည်။ အနာဂတ်တွင် ယီယွင်သည် ထိုအမျှ များပြားလှသော ဆေးပင်များကို ထပ်မံသယ်ယူလာခဲ့ပါက အခြားသူများ၏ သံသယစိတ်များကို နှိုးဆွလာမည်သာဖြစ်သည်။
ကျုံးယီ ၏ မှတ်တမ်းသည် ဆေးပင်အရေအတွက်ကြောင့်မဟုတ်ဘဲ ၎င်းခူးဆွတ်သော ဆေးဖက်၀င်အပင်များ၏ အရည်အသွေးကြောင့် ဖြစ်သည်။
စိတ်အားထက်သန်စွာ မှတ်သားနိုင်မှု နှင့် ကံကောင်းခြင်းများစွာဖြင့် အထူးကောင်းမွန်သော ဆေးဖက်၀င်အပင်များကို ရှာဖွေနိုင်ခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ပေ။ နဂါးကြေးခွံမှော်စာလုံး တစ်ထောင်တန်ဖိုးရှိ ဆေးဖက်၀င်အပင်အချို့ကို ရွေးချယ်ခူးယူလိုက်ရုံဖြင့် နဂါးကြေးခွံ မှော်စာလုံးထောင်ပေါင်းများစွာကို အလွယ်တကူရနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဤနည်းဖြင့် စံချိန်ချိုးရန်မှာ ကျိုးကြောင်းဆီလျော်လှပေသည်။
အကယ်၍ ယီယွင်သည် ဤနည်းလမ်းကို အသုံးမပြုဘဲ အပင်များစွာကို ဆယ်ဆမှ အဆနှစ်ဆယ်အထိ ရှာဖွေခူးယူခဲ့ခြင်းဖြင့် ပမာဏ စံချိန်ချိုးမည်ဆိုပါက တစ်ခုခုသံသယ၀င်လာကြမည်ဖြစ်သည်။
ထို့ကြောင့် ယီယွင် သည် ဆေးပင်အရေအတွက်မဟုတ်ဘဲ သူခူးဆွတ်ထားသော ဆေးဖက်၀င်အပင်များ၏ အရည်အသွေးအတိုင်း အနိုင်ယူချင်ခဲ့သည်။ စံချိန်ချိုးဖို့ ဖြည်းဖြည်းချင်း လုပ်ဆောင်ရပေမည်။
ထိုဆေးပင်များကို စုဆောင်းပြီးနောက် ယီယွင် သည် သူ၏လှုပ်ရှားမှုစွမ်းရည်ကို အာရုံစိုက်လေ့ကျင့်ခဲ့သည်။
ယီယွင်သည် တစ်နေ့တာအချိန်အများစုကို လေ့ကျင့်ရင်းကုန်ဆုံးစေသည်။ ယီယွင်သည် လှုပ်ရှားမှုစွမ်းရည်ကို လေ့ကျင့်နေစဉ်အတွင်း ထိုနေရာရှိ ဆေးပင်တချို့ကို ရှာဖွေခဲ့သည်။လေ့ကျင့်ပြီး အနားယူပြီးနောက်တွင် ယီယွင် လည်း ထိုဆေးပင်များကို ဆွတ်ယူလိုက်လေသည်။
ယီယွင်ခူးဆွတ်လိုက်သောဆေးပင်မှာ အဝါရောင်အဆင့်ရှိသော ဆေးဖက်၀င်အပင်များထဲမှ တစ်ခုဖြစ်သော အမှောင်သစ်သီး ဖြစ်သည်။ နတ်မြို့ တော်တွင် ထိုအမှောင် သစ်သီးကို နဂါးအကြေးခွံ ၅၀ ဖြင့် လဲလှယ်နိုင်သည်။
ထိုအမှောင်သစ်သီး သည် အဝါရောင်အဆင့်ရှိသော ဆေးဖက်ဝင်အပင်များထဲမှ အကောင်းဆုံးဆေးဖက်ဝင်အပင် တစ်ခုဖြစ်သည်။ အဆင့်နိမ့် ဆန်းကြယ်မှု အဆင့်ရှိသော ဆေးဖက်ဝင်အပင်အချို့ထက်ပင် တန်ဖိုးရှိလေသည်။
ယီယွင် ယနေ့ ခူးယူခဲ့သော ဆေးပင်များသည် နဂါးအကြေးခွံ ၂၀၀ ခန့်ရှိမည်ဟု ခန့်မှန်းနေသည်။ သာမာန် ကျင့်ကြံသူ ရရှိနိုင်မှုမှာ ၇ဆမှ ၈ဆ အထိဖြစ်သည်။
ယီယွင် က ကျေနပ်စွာ ပြုံးလိုက်သည်။ နဂါးကြေးခွံ ၂၀၀ ကျော်တန်ကြေးရှိသော ဆေးပင်ကို မတော်တဆ ရွေးမိခဲ့သည်။ ပုံမှန်လူသစ်တစ်ယောက်အတွက် နဂါးကြေးခွံမှော်စာလုံး ၃၀ သာ ငှားရမ်းခအဖြစ်ပေးရန်ရှိသည့်အတွက် ၊ အခြေနေ ကောင်းမွန်သည်ဟု ဆိုနိုင်သည်။
အတွေ့အကြုံကို ဖြည်းညှင်းစွာ စုဆောင်းခြင်းဖြင့်၊ နဂါးကြေးခွံ ၄၀-၅၀ ခန့်တန်ဖိုးရှိသော ဆေးဖက်၀င်အပင်များကို ရွေးချယ်နိုင်ခဲ့သည်။
ပထမနေ့တွင် ၂၀၀ တန်ဆေးပင်ကို ခူးယူရန် မှာမသင့်တော်သေးပေ။
သို့သော် ၁၉၀၀၀ စံချိန်ကို ချိုးဖျက်ထားထားသော ကျုံးယီ နှင့် နှိုင်းယှဥ်ကြည့်ပါက ယီယွင်၏စံချိန်မှာ နိမ့်ကျနေဆဲပင်။ ကျုံးယီ ၏ တစ်နေ့လျှင် ပျမ်းမျှ အမြတ်ငွေသည် နဂါးကြေးခွံ ၃၀၀ ကျော်ရှိသည်။ ၎င်းမှာ နေ့တိုင်း ရရှိခြင်းဖြစ်သည်။
ထိုပမာဏမှာ အံဩဖွယ်ကောင်းအောင် အလွန်များပြားသည်ဟု ဆိုနိုင်ပေသည်။
ကျုံးယီ သည် အဆင့်အတန်းမြင့်သော ဆေးဖက်ဝင်အပင်များ အများအပြားကို ရှာတွေ့ခြင်းမှာ ကံကောင်းခြင်း တစ်ခုတည်းကြောင့်လားဆိုသည်ကို ယီယွင် သေသေချာချာမသိနိုင်ပေ။
အမှန်ပင်၊ ဆေးဖက်၀င်အပင်များကို ရှာတွေ့ရန်မှာ ကံကောင်းရန်လည်း လိုအပ်ပေသည်။ကံကောင်းခြင်းများကြောင့် ကောင်းကင်အဆင့်ရှိ အပင်တစ်ပင်ကို တွေရှိခြင်းမှာ အံ့သြစရာမဟုတ်ပေ။သို့သော် ကံတရားဟာ အမြဲကောင်းနိုင်သော အရာမဟုတ်ပေ။ ကံကောင်းသောရက်များသည် တစ်ရက် သို့မဟုတ် နှစ်ရက်ဖြစ်နိုင်သော်လည်း နေ့တိုင်းတော့ ကံမကောင်းနိုင်ပေ။
"ဒီအကြီးတန်း ကျုံးယီ ဟာ စိတ်အားထက်သန်စွာ မှတ်သားနိုင်မှု ဒါမဟုတ် တခြားအားသာချက်တစ်ခုခုတော့ ရှိလိမ့်မယ်။ သူ့မှာ ဒီလိုစံချိန်တွေကို ချန်ထားခဲ့ဖို့ အထူးအရည်အချင်းတစ်ခုတော့ ရှိသင့်တယ်..."
ထိုကမ္ဘာကြီးတွင် သဘာဝအတိုင်း ထက်မြက်သော ဗီဇရှိသူများ အလွန်နည်းပါးလှသည်။ လူတချို့မှာ ၎င်းတို့၏ပတ်ဝန်းကျင်ကို ကြည့်ရှုနိုင်ပြီး မြက်ပင်ကအစ မြင်ကွင်းတိုင်း၏ အနေအထားတိုင်းကို မှတ်မိနိုင်စွမ်းရှိသည်။ ထိုလူများဟာ နိုးကြားနေသော တိရစ္ဆာန်များလိုပင် ၎င်းတို့ကို အနားတွင် ခိုးကြောင်ခိုးဝှက်လုပ်ရန်မှာ ခက်လှပေသည်။
ထိုထိုးထွင်းသိမြင်မှုသည် လူတစ်ဦး၏ တိုက်ခိုက်နိုင်စွမ်းကို အများကြီး မထိရောက်နိုင်သေးပေ။သို့သော် အကယ်၍ ထိုလူတို့သည် အန္တရာယ်ရှိသည့် မှော်ဆန်သည့် နယ်ပယ်ထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင်၊ ထိုထိုးထွင်းသိမြင်မှုသည် ၎င်းတို့၏ အသက်များကို မကြာခဏ ကယ်တင်ပေးလိမ့် ဖြစ်သည်။
ယီယွင် မှာ ကျုံးယီကဲ့သို့ လူများကို ယုံကြည်သည်။
ကျုံးယီ ၏ မှတ်တမ်းထဲမှ နဂါးအကြေးခွံ ၂၀၀ တန် ဆေးဖက်ဝင်အပင်များကို ယီယွင် ခူးယူခဲ့မည်ဆိုပါက အာရုံစူးစိုက်မှု အလွန်အကျွံ ရရှိမည်မဟုတ်ပဲ လူများမှာ ယီယွင်ကို ကံကောင်းခြင်းကြောင့် ဟုသာ ထင်မြင်ကြပေလိမ့်မည်။
ယီယွင်မှာ ညနေစောင်း၏ နီရဲနေတဲ့နေရောင်ကိုမြင်ရအထိ လေများ ရှုသွင်း ရှုထုတ်ကာ တရားထိုင်နေလေသည်။
နေ၀င်သွားသောအခါ ယီယွင် သည် သူ၏ ဆေးဖက်၀င်အပင်များကို သေချာထုပ်ပိုးကာ နေရာကုန်ကူးခြင်း အစီအရင်ဖြင့် တိုင်အာ နတ်မြို့သို့ ပြန်သွားလေသည်။
ယီယွင် ခူးယူလာသော ဆေးပင်များအပြင် ယီယွင် သည် ၎င်း၏ ဆေးပင်ရှာသည့်ခရီးတွင် ဒယ်စောက်၂၀၀အလေးချိန် ပုံဖော်ထားသော ပြဒါးစီး၀တ်ရုံကိုလည်း ခန္ဓာကိုယ်တွင် ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ ၎င်း၀တ်ရုံမှာ ယီယွင်၏ခန္ဓာကိုယ်ကို ပိုမိုကောင်းမွန်စေပြီး ရှေးဦးသွေးမျိုးစိတ်များ၏ စွမ်းအင်ကို အပြည့်အဝစုပ်ယူနိုင်စေခဲ့သည်။တစ်ချိန်တည်းမှာပင်၊ ကြီးမားသောဖိအားအောက်တွင် ယီယွင်မှာ သူ၏ခွန်အားကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး တဒင်္ဂလှုပ်ရှားမှု၏ ခမ်းနားသော အောင်မြင်မှုအဆင့်ကို နက်ရှိုင်းစွာနားလည်နိုင်စေခဲ့သည်။
အလုပ်ရုံးခန်းကို ပြန်ရောက်သောအခါ ယီယွင်သည် ဆေးဖက်၀င်အပင်တောင်းများ ကိုင်ဆောင်ထားသော မိန်းကလေးတစ်စုကို တွေ့လိုက်ရသည်။
ဆေးပင်ရှာသည့် မိန်းကလေးများသည် တိုင်အာနတ်မြို့တွင် အဝတ်ကြမ်းများကို ၀တ်ဆင်ကြသည်။အသွင်အပြင်မှာ မိတ်ကပ်မလိမ်းကျံထားခြင်း မရှိဘဲ ရိုးရိုးရှင်းရှင်း ရွာသူလေးများလိုပင်။
"အစ်မ ၀မ် ၊သံမဏိချိန်ခွင်ကို အဲဒီလောက် အလေးမတင်ထားပါနဲ့၊ ကျွန်မတို့ စားဖို့တောင် မတတ်နိုင်တော့ဘူး၊ အစ်မ ဘာလို့ အဲဒီလောက် တင်ထားရတာတုန်း"
ကလေးမလေးက ချစ်စရာကောင်းသော အသံလေးဖြင့် ပြောလိုက်လေသည်။
သို့သော် ၀မ် မှာ ၎င်းတို့အား ဂရုစိုက်ခြင်းမရှိပေ။ ရှည်လျားသော တုတ်တံ၊ ခိုဥအရွယ် အလေးတုံးနှင့် တောက်ပြောင်သော ပန်းကန်ပြားဖြင့် ဆေးဖက်၀င်အပင်များ၏ အလေးချိန်ကို တိုင်းတာလျှက်ရှိသည်။
မိန်းကလေး လွှဲပြောင်းပေးသည့် ဆေးဖက်ဝင်အပင်များကို ၀မ် မှာ ဆေးပင်များကို အလေးချိန်မတိုင်းတာမီတွင် အစိုဓာတ်ဖယ်ရှားသည့် အစီအရင်တစ်ခုပေါ်တွင် တင်ထားလေသည်။ ဆေးဖက်၀င်အပင်များ၏ အလေးချိန်ကို ၀မ် မှ စစ်ဆေးပြီး သူမ မှတ်တမ်းတင်ထားသော အရေအတွက်ကို အနည်းငယ် ပြောင်းလဲမှု ပြုရုံဖြင့် ကြီးကြီးမားမား ဖြစ်မည်မဟုတ်ပေ။ သို့သော် ၀မ်ဟာ ရိုးသားဖြောင့်မတ်သူဖြစ်သဖြင့် မည်သူမှ ၀မ်ဆီကနေ အခွင့်အရေးများ ပိုရနိုင်မည် မဟုတ်ပေ။
"နောက်တစ်ယောက်"
၀မ် သည် စိတ်မရှည်စွာ လက်ဝှေ့ယမ်းကာ ရှေ့မှာ မိန်းကလေးများကို လျစ်လျူရှုလိုက်သည်။
မိန်းကလေးများသည် သူမ၏ လျှာကို ထုတ်ပြကာ နောက်သို့ ဆုတ်သွားသည်။ ထိုမိန်းကလေးများ နောက်တွင် ယီယွင် စောစောက တွေ့ခဲ့ဖူးသော ကောင်မလေးတချို့ ရှိနေသည်။
ထိုမိန်းကလေးများကို ဦးဆောင်သူမှာ ကျောက်ချင်ချန်း ဖြစ်ပြီး ၎င်းတို့အားလုံးသည် လော့ဟော် အသင်းမှဖြစ်သည်။
အစပိုင်းတွင် ကျောက်ချင်ချန်း နှင့် ယီယွင် တို တွေ့ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ် သူမက ယီယွင်ကို နှုတ်ဆက်ခြင်းမရှိခဲ့ပေ။
"အဆင့်နိမ့် အဝါရောင်အဆင့်ရှိသော ဆေးဖက်ဝင်အပင်များ၊ ၅၄၅ ဂရမ်။ ၅၀ ဂရမ်မပြည့်လို့ လျော့ချမယ်၊ ၅၀၀ဂရမ် အဖြစ် ရေတွက်ပေးမယ်။ စုစုပေါင်း နဂါးကြေးခွံ ၁၀၀ ရမယ်" ၀မ် သည် သူမ၏ သံမဏိချိန်ခွင်ဖြင့် ကျွမ်းကျင်စွာ ချိန်တွယ်နေလေသည်။ သူမသည် စကားတစ်ခွန်းကို လျင်မြန်စွာ ပြောလိုက်လေ၏။ ဂရုတစိုက်နားမထောင်မိပါက သူမပြောသည်ကို ပြန်ပြောဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
တကယ်တော့ ၀မ် ၏ ကျင့်ကြံမှုအဆင့်မှာ စိတ်အားထက်သန်မှုနဲ့အတူ သူမ၏လက်ဖြင့်ပင် ဆေးဖက်၀င်အပင်တွေရဲ့ အလေးချိန်ကို တိကျစွာပြောပြနိုင်လေသည်။ သို့သော် ၀မ် သံမဏိချိန်ခွင်ကို အသုံးပြုရခြင်းမှာ အလေးကို အရှေ့နှင့်အနောက်သို့ ပို့ကာ ချိန်တွယ်ခြင်းဖြင့် ကျင့်ကြံသူ အများအပြား၏ နှလုံးသားကို ဆွဲဆောင်နိုင်သောကြောင့် ဖြစ်သည်။
“၉၅ ဂရမ်…”
ထိုနံပါတ်ကိုကြားတော့ ရွှင်မြူးနေသော ကျောက်ချင်ချန်း က မပြုံးနိုင်လျှက်ရှိနေလေ၏။
ပုံမှန်အားဖြင့်၊ အလယ်အလတ်တန်းစား အဝါရောင်အဆင့်နှင့် အထက်ရှိသော ဆေးဖက်၀င်အပင်များကိုသာ တစ်ခုပြီးတစ်ခု ချိန်တွယ် တွက်ချက်မည်ဖြစ်သည်။ အဆင့်နိမ့် အဝါရောင်အဆင့်ရှိသော ဆေးဖက်ဝင်အပင်အများစုကို အစီအရင်တစ်ခုအသုံးပြု၍ အစိုဓာတ်ဖယ်ပြီးသား ဆေးဖက်၀င် ၅၀ ဂရမ်တိုင်းအတွက် နဂါးကြေးခွံ ၁၀ခု ပေးထားလေသည်။
နောက်ဆုံး ၄၅ ဂရမ်ကို လျှော့ချလိုက်ခြင်းက ကျောက်ချင်ချန်းကို အဆင်မပြေ ဖြစ်စေခဲ့သည်။သူမ နောက်ထပ် ၅ဂရမ်သာ လိုတော့သည်။
အဆင့်နိမ့် အဝါရောင်အဆင့်ရှိသော ဆေးဖက်ဝင်အပင်များသည် အဖိုးမတန်သော်လည်း၊ ထိုဆေးပင်ရှာသည့်မိန်းကလေးများအတွက်၊ ယင်းအပင်များသည် ၎င်းတို့၏ အဓိက ၀င်ငွေဖြစ်သည်။ အဆင့်အတန်းမြင့်သော ဆေးဖက်ဝင်အပင်များသည် ရှာရခက်ခဲ လွန်းလှသည်။ ဥပမာအားဖြင့်၊ ယီယွင် ၏ ဥက္ကာခဲမြက်များသည် ကျောက်ဆောင်တစ်ခုအတွင်း ခိုအောင်း ပေါက်ရောက်နေခြင်းဖြစ်သည်။ ကျောက်တုံးကို ဖယ်ရှားမှသာ တွေ့မြင်နိုင်မည်အပင်မျိုးဖြစ်သည် ထိုကဲ့သို့ အပင်မျိုးကို မည်ကဲ့သို့ ရှာတွေ့နိုင်မည်နည်း။
ကျောက်ချင်ချန်း ၏ အဖွဲ့ငယ်တွင် မိန်းကလေး လေးဦးရှိသည်။ ၎င်းတို့၏ အလယ်အလတ်တန်းနှင့် အထက်တန်းစား ဆေးဖက်၀င်အပင်များ အားလုံးနှင့်အတူ၊ ၎င်းတို့၏ နေ့စဥ်ဝင်ငွေမှာ နဂါးကြေးခွံ ၁၆၆ ရှိသည်။
နဂါးကြေးခွံ ၁၀၀ကို ငှားရမ်းခအဖြစ် နုတ်လိုက်လျှင် ၆၆ခု သာကျန်တော့ပြီး လူတစ်ဦးလျှင်ပျမ်းမျှ နဂါးကြေးခွံ ၁၅နှင့် ၁၆ခု ခန့်အထိသာ ရရှိတော့မည် ဖြစ်သည်။
“ဒီဝင်ငွေက တော်တော်ဆိုးတယ်...”
“အာ့ ဘာကြောင့်အပင်တစ်ပင် ထပ်မကောက်မိတာလဲ နောက်ထပ်အရွက်နည်းနည်းဆို ၅ဂရမ်ပြည့်မှာ…”
ကျောက်ချင်ချန်းက မကျေမချမ်းဖြစ်သွားကာ ၀မ် ကိုကြည့်ပြီး "အစ်မ ၀မ် ၊ကျွန်မတို့က ၅၅၀ ဂရမ်ရောက်ဖို့ ၅ ဂရမ်လောက်လေးပဲလိုတော့တာပါ လျော့ပေးလိုက်ပါ အစ်မ ၀မ်ရယ် ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က အရမ်းကောင်းတဲ့ ဆေးရည်တွေ ရှာပေးခဲ့တယ်လေ။ ဈေးနှုန်းကလည်းသင့်တင့်ပြီး ညီအစ်မတွေသုံးဖို့ သင့်တော်ပါတယ်။ အခက်အခဲ တော်တော်များများကြောင့် နတ်မြို့တော်ဘဏ်ကနေ နဂါးကြေးခွံ ၂၀၀ ကို ချေးထားသေးတယ်၊ ချေးငွေက အတိုးနှုန်းကလည်း ၁၅% တောင် အတိုးနှုန်းက ၃ လအတွင်း ပြန်မဆပ်နိုင်ရင်ရင် ညီမလေးတို့ အကုန်လုံး လမ်းပေါ်မှာ အိပ်ကြရလိမ့်မယ်။
“လကုန်ခါနီးပြီဆိုတော့ ညီမတို့မှာ နဂါးကြေးခွံ ၂၀၀ လောက်ပဲရှိတော့တယ်၊ ညီမလေးတို့မှာ ပေးဖို့ လုံလောက်ရင် ညီမလေးတို့ မပြောပါဘူး၊ အခုဟာ တစ်လစာအတိုးပေးရသေးတယ် အစ်မရယ်...”
ကျောက်ချင်ချန်း ပြောသည့်အတိုင်း သူမ၏သနားခံသော မျက်လုံး၀ိုင်းကြီးဖြင့် ဝမ်ကို စိုက်ကြည့်ကာ အပြစ်ကင်းသော ချစ်စဖွယ် အကြည့်ဖြင့် မျက်တောင်များကို ခတ်လိုက်သည်။
၀မ် သည် သူမ၏ သံမဏိချိန်ခွင်ကို ချလိုက်ပြီး အဖိုးတန်မှန်ကို ကောက်ယူလိုက်လေသည်။ ကျောက်ချင်ချန်း က တောင်းတောင်းပန်ပန်ပြောနေသည်ကို ခေါင်းပင်ထောင်မကြည့်ပေ။ ၀မ်က သူမ၏ ရှေ့ဆံပင်ကို ညှိလိုက်ပြီး ခဏအကြာတွင် အေးစက်စွာဖြင့် "နင်တို့ပြောတဲ့အထဲမှာ ငါနဲ့ပတ်သက်တာ ဘာပါလဲ"
ကျောက်ချင်ချန်း ၏အပြုံးသည် အေးခဲသွားသည်။သို့သော် မျက်နှာလိုမျက်နှာရ ဆက်ပြုံးကာဖြင့် "အစ်မ ၀မ် ရဲ့မှန်က အရမ်းအဖိုးတန်တယ်လို့... ကျွန်မ ပြောနိုင်တယ်၊ ပြီးတော့ အစ်မ၀မ်ကလည်း အရမ်းလှတယ်။ကျွန်မသာ အစ်မ ၀မ် လောက်လှရင် မှန်ကိုလက်ထဲက ချနိုင်မှာတောင်မဟုတ်ဘူး"
“ကျေးဇူးတင်ပါတယ်”
၀မ် သည် ကျောက်ချင်ချန်း ၏ ချီးမွမ်းခြင်းကို လက်ခံပြီးနောက် ... သူမလက်ထဲက မှန်ချပ်လေးကို ကိုင်လိုက်ပြီး...
ကျောက်ချင်ချန်း ဘယ်လိုပြောပြောရမည် မဟုတ်ပေ။
ကျောက်ချင်ချန်း လက်လျော့လိုက်လေသည်။ကျောက်ချင်ချန်း ဘယ်လိုပင် ပြောနေပါစေ ၀မ်က ထိုနဂါးကြေးခွံပမာဏထပ် ပို၍ ပေးမည့်ပုံ မရှိပေ။
၁၅% အတိုးကို အလွန် ချွေတာစုဆောင်းပြီး နောက်လတွင် ပေးဆပ်ရမည်ဖြစ်ကာ ပြန်မဆပ်နိုင်ပါ ၎င်းတို့အားလုံး လမ်းပေါ်မှာ အိပ်ရပေမည်။
မိန်းကလေးများအုပ်စုလိုက်ကြီး လမ်းပေါ်မှာအိပ်နေသည်ကို တိုင်အာနတ်မြို့တော်မှာ ယောက်ျားလေးများ တွေ့သွားပါက ဒါဟာ လုံးဝ အရှက်ကွဲမည် ကိစ္စပင်ဖြစ်သည်။
ကျောက်ချင်ချန်း နှင့် ၀မ် အကြား စကားပြောဆိုမှုကို ယီယွင် ကြားသည်။
တိုင်အာနတ်မြို့တော်တွင် ဘဏ်ရှိသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ထို့ကြောင့် အနုတ်လက္ခဏာပြနေသော နဂါးကြေးခွံပိုင်ရှင်များသည် ချေးငွေကို အားကိုးခြင်းဖြင့် သင့်တင့်လျောက်ပတ်သော အသက်မွေးဝမ်းကြောင်းကို ဆက်လက်ပြုလုပ်နိုင်မည် ဖြစ်သည်။
သို့သော်... ဘဏ်ကိုပေးဆပ်ရသော၁၅% အတိုးနှုန်းမှာ များပြားလှပေသည်။
နဂါးအကြေးခွံ မှော်စာလုံး ၁၀၀ ကို ချေးခြင်းဖြင့် နောက်လတွင် ၁၁၅ပေးဆပ်ရမည် ဖြစ်ပြီး နောက်လတွင်ဆပ်ရမည့် ငွေမှာ ၁၃၂ ဖြစ်သွားပေမည်။
အတိုးပေးချေးငွေတော်တော်များများမှ ၎င်းမှာ အရမ်းအဆိုးကြီးမဟုတ်ပေ။
ကျောက်ချင်ချန်း သည် ဖိအားများစွာခံနေရသည်မှာ အံ့သြစရာမဟုတ်ပေ။ ချေးငွေကို အချိန်တိုအတွင်း အတိုးအရင်းပါ ပြန်မပေးနိုင်ပါက အနာဂတ်တွင် ပြန်ဆပ်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။ ၆နှစ်တာကာလအတွင်း အတိုးမြင့်ချေးငွေဖြင့် မည်သူမှမနေချင်ပေ။ ထို့အပြင် အတိုးနှုန်းမှာလဲ ဆက်တိုက်မြင့်တက်လျှက်ရှိပေသည်။
ထိုကိစ္စမှာ ယီယွင်နှင့် သက်ဆိုင်ခြင်း မရှိပေ။ ထိုအချိန်တွင် ၀မ် သည် သူမလက်ထဲရှိ မှန်ကို ချလိုက်ပြီး ယီယွင်၏ ဆေးဖက်၀င်အပင်များကို ချိန်ဆရန် ပြင်လိုက်လေသည်။
"ဟေ့ မင်းက စံချိန်ချိုးချင်နေတာ မဟုတ်လား၊ ဘာရပ်လုပ်နေတာလဲ၊ မြန်မြန် ပေးလေ"
၀မ် အလွန်စိတ်မရှည်ပုံပေါ်သည်။ သူ့အမူအရာမှာ ဆေးဖက်၀င်အပင်တွေကို မြန်မြန်ချိန်ပြီး သူအရှေ့မှထွက်သွားရန် နှင့် သူမ၏ အဖိုးတန်အချိန်များကို မဖြုန်းတီးပစ်ချင်ပုံ ရသည်။