မှော်နဂါး ကြေးပြား အဆင့်
Vol. 12 Ch. 180
“အဲတာက လွယ်ပါတယ်…”
ဥက္ကာခဲ မြက်ကို ယီယွင်မည်သို့ရှာတွေ့ခဲ့လဲဆိုသည် မိန်းမပျိုလေးများ၏ မေးခွန်းကို ဖြေရှင်းနေရသည်။ယီယွင်က ထိုအပင်ကိုရှာသည်မှာ အရမ်းမခက်ခဲသလိုပုံစံဖြင့်
"ဟုတ်ပါတယ် ကျောက်တုံးတိုင်းကို လိုက်မကြည့်နိုင်ပါဘူး ဒါပေမယ့် မြက်တွေကို ဥက္ကာခဲတွေနဲ့ အတူတွေ့နိုင်တယ်။ ဥက္ကာခဲ ပုံစံတွေကိုတော့ ကောင်းကောင်းခွဲခြားနိုင်တယ်၊ တိုင်အာနတ်မြို့တော် ရဲ့ ဆေးတောင်တန်းမှာ ကျောက်တုံးတွေ အများကြီးရှိနိုင်တယ် ဒါပေမယ့် ဥက္ကာခဲကတော့ နည်းနည်းပဲရှိတယ်။ ဥက္ကာခဲတိုင်းကို လိုက်ရှာကြည့်ရတာပေါ့"
"မင်းက ဥက္ကာခဲဆိုတာ ဘယ်လိုမျိုးလဲ သိတာလား" မိန်းမပျိုလေးများက ထပ်မံမေးလိုက်လေသည်။ ၎င်းတို့မှာ ဥက္ကာခဲလိုမျိုး အရာများအား မရေရာသော အယူအဆများအဖြစ်သာ ရှိကြပြီး ငယ်ရွယ်သေးသောကြောင့် ထိုအရာများအကြောင်း သေချာမသိကြပေ။
ယီယွင် က "ဥက္ကာခဲများသည် သာမာန်ကျောက်တုံးတွေလို မျက်နှာပြင်တွေက မတူနိုင်ဘူး ခြားနားချက်တွေ အများကြီးရှိတယ်။ ဥက္ကာခဲတွေ ကြွေကျလာတဲ့အခါ အပူဓာတ်က အလွန်မြင့်မားလွန်းတယ်။ ကောင်းကင်အဆင့် ယွမ်ချီ စွမ်းအား အတွင်းမှာ လောင်ကျွမ်းအရည်ပျော်သွားပြီး ၏ မျက်နှာပြင်မှာ အခွံပုံစံတစ်ခု ဖြစ်ပေါ်လာပြီး အဲဟာက မဲနက်ပြီးတောက်ပြောင်နေတာ၊ အဲတာကပဲတခြား ကျောက်တုံးတွေနဲ့ မတူစေတာပဲ၊ဒါတင်မကဘူး ဥက္ကာခဲပြုတ်ကျလာတဲ့ အရှိန်က အရမ်းမြန်တာကြောင့် အရာ၀တ္တု တစ်ခုလုံးကို လောင်ကျွမ်းပြီး၊ အေးမြသွားရင်တော့ ကောင်းကင်အဆင့်ယွမ်ချီ စွမ်းအားက လမ်းကြောင်းတစ်ခုကို ချန်ထားခဲ့တယ် လမ်းကြောင်းအသွင်အပြင်က သိပ်မထင်ရှားပေမယ့် အဲဒီ’လေစီးကြောင်း’ ကို သေချာကြည့်ရင်တော့ ရှာတွေ့နိုင်ပါတယ်”
ယီယွင် က ပါးစပ်ထဲရှိရာ ပေါက်ကရစကားများကိုပြောနေခြင်းဖြစ်သည်။ ယီယွင်မှာလည်း ရှင်းရှင်းလင်းလင်းသိသောကြောင့် မဟုတ်ပဲ ကြုံရာကျပန်းဇာတ်လမ်းတစ်ပုဒ်အား သူ့ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများနှင့် အတူ အတိတ်ကမ္ဘာကသိခဲ့ဖူးသော ဥက္ကာခဲတွေအကြောင်း ဗဟုသုတများအပေါ် အခြေခံပြီး ပြောပြနေသောကြောင့် ပြောသမျှမှာ ယုံချင်စဖွယ်ဖြစ်နေလေသည်။
သို့သော် ထိုဇာတ်လမ်းကို အတည်ပြုရန်မှာ မလွယ်ကူပေ။ ဥက္ကာခဲများကို ခွဲခြားသိရှိရန်မှာ ကျောက်မျက်ရတနာများကို အကဲဖြတ်ရသည့် အတတ်ပညာနှင့်တူသည်။ လူတစ်ဦးသည် စကားလုံးအနည်းငယ်ကို ကြားပြီးနောက် လွယ်လင့်တကူ သင်ယူ၍မရနိုင်ပေ။ ဥက္ကာခဲတိုင်းသည် ကွဲပြားခြားနားလှသည်။ ယီယွင်ပြောပြသော လက္ခဏာများနှင့် ဥက္ကာခဲအမျိုးအစားအချို့တွင် တွေ့ရှိနိုင်သောကြောင့် ယီယွင် ပြောခဲ့သည်များအားလုံးမှာ ပေါက်ကရတော့မဖြစ်ချေ။
နောင်တွင် တစ်စုံတစ်ဦးသည် ယီယွင် လိမ်ပြောနေကြောင်း သက်သေပြနိုင်ခဲ့လျှင်ပင် လိမ်မပြောရ ဟုသော စည်းကမ်းထုတ်ထားခြင်း မရှိပေ။ တိုင်အာနတ်မြို့တော် တွင် ပါရမီရှင်များအကြားတွင် ပြိုင်ဆိုင်မှုများမှာ အမြဲရှိနေသော်ကြောင့် အခြားသူများက ယီယွင်မှာ ၎င်း၏ လျှို့ဝှက်ချက်များကို မျှဝေလိုခြင်းမရှိသောကြောင့်ဟု ယူဆကာ အခြေအမြစ်မရှိသော ဇာတ်လမ်းကိုများ ဖန်တီးနေသည်ဟုသာ ထင်မှတ်ကြပေလိမ့်မည်။
ကျောက်ချင်ချန်း နဲ့ တွဲဖက်မိန်းကလေးများမှာ ယီယွင်ပြောသမျှကို ယုံကြည်နေသည်မှာ သေချာလှသည်။ ယီယွင်၏စကားကြောင့် ၀မ် ပင် အပြစ်မပြောနိုင်ပဲရှိနေလေ၏။ ယီယွင် ၏စကားများသည် ကျိုးကြောင်းဆီလျော်ပြီး ၀မ်မှာလည်း စစ်သည်တစ်ဦးဖြစ်သောကြောင့် ဥက္ကာခဲများနှင့်ပတ်သက်သောအရာကို သိရှိခြင်းလည်း မရှိပေ။
"အစ်ကို ယီယွင် က အရမ်းတော်တာပဲ၊ ကျောက်တုံးတွေ အမျာကြီးကြားထဲက ဥက္ကာခဲကိုတောင် ရှာတွေ့နိုင်တယ်..." အသက် ဆယ့်သုံးနှစ်အရွယ် မိန်းမပျိုလေးက ယီယွင်အား အားကျသည် အကြည့်ဖြင့် ကြည့်ကာပြောလိုက်လေသည်။
ထိုမိန်းမပျိုလေးမှာ ဆေးဖက်၀င်အပင်များရှာရာတွင် ယီယွင်နှင့်အတူ တွဲဖက်အဖြစ် လိုက်သွားချင်နေသည်။ သို့သော် တိုင်အာနတ်မြို့တော် ၏ စည်းမျဉ်းများ အရ စစ်သည်များသည် ဆေးဖက်၀င်အပင်များ ရှာရာတွင် တစ်ယောက်တည်း ရှာရမည်ဖြစ်သည်။၎င်းမှာ ဆေးပင်များကို သီးသန့်လဲလှယ်ခြင်းမှ တားဆီးရန် အတွက်ဖြစ်သည်။
မဟုတ်ပါက လူ ၂၀ - ၃၀ ၏တန်ဖိုးရှိသောဆေးဖက်ဝင်အပင်များကို လူတစ်ဦးထဲသို့ ပေးလိုက်ခြင်းဖြင့်စံချိန်ကို အလွယ်တကူချိုးဖျက်နိုင်သော ကြောင့်ဖြစ်သည်။
ယီယွင် သည် ဆေးဖက်၀င်အပင်မျိုးစုံကို စတင်ထုတ်ယူလိုက်သည်။ တစ်ခုချင်းစီကို ရေတွက်ပြီး အဆင့်နိမ့် အဝါရောင်အဆင့်ရှိသော ဆေးဖက်ဝင်အပင်များကို အစိုဓာတ်ထုတ်ယူပြီးနောက် ၀မ် သည် ယီယွင် ၏ အမှန်တကယ် ခူးဆွတ်ခဲ့သော- မှော်နဂါးကြေးပြားတန်ဖိုး ၂၀၈ပြား အား လျင်မြန်ပင် ရေတွက်နေသည်။
“၂၀၈…”
ယီယွင်၏ အနောက်ဘက်မှ မိန်းမပျိုလေးများမှာ ငြိမ်သက်လျှက် ရှိကြသည်။ ၎င်းတို့ စိတ်ထဲတွင်တန်ဖိုးကို ကြိုတင်ခန့်မှန်းထားသော်လည်း အမှန်တကယ် တန်ဖိုးအရေအတွက် ထွက်ပေါ်လာသောအခါ ၎င်းတို့ တုန်လှုပ်သွားကြလေသည်။
၎င်းအခြေအနေမှာ ရယ်စရာကောင်းလွန်းလှသည်။ ထိုမိန်းကလေးမှာ ဘဏ်ချေးငွေဆပ်ရန် ကာလတစ်လျှောက်လုံး ဆေးဖက်၀င်အပင်များကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ပြီးနောက်တွင် ချေးငွေဆပ်ရန် အတွက် မှော်နဂါးကြေးပြား ၂၀၀သာ ရှိခဲ့ကြလေသည်။
၎င်းတို့လေးဦးချေးထားသော မှော်နဂါးကြေးပြားပမာဏကို ယီယွင် က တစ်ရက်အတွင်း ရရှိခဲ့လေသည်။
ဒါဟာ တကယ့်ကို စိတ်တိုဖွယ်ရာ နှိုင်းယှဉ်မှု တစ်ခုပင်..။
"မင်းရဲ့ကံက မဆိုးဘူးဆိုတာ သေချာပါတယ်။ မင်းမှာ ကျွမ်းကျင်မှုတစ်ခုခုတော့ ရှိတယ်။" ယီယွင် ၏ ဆေးဖက်ဝင်အပင်များကို သိမ်းဆည်းပြီးနောက် ၀မ်က သူမ၏ ကျဉ်းမြောင်းလှသော မျက်လုံးများဖြင့် ယီယွင်အား စိုက်ကြည့်ရင်း ပြောလိုက်လေသည် "မင်း စံချိန်ချိုးဖို့ အကြောင်းတွေ အများကြီး မေးနေတာ မဆန်းပါဘူး။ မင်း တော်တော် ယုံကြည်မှု ရှိပုံပဲ၊ ကောင်းပြီ မင်းရဲ့ တံဆိပ်ပြား ကို ဒီမှာ လာယူ"
ယီယွင် သူ့နေအိမ်သို့ ဝင်ရောက်သောအခါ ကတုံးချင် က ယီယွင်ကို တံဆိပ်ပြားနံပါတ်ထုတ်ပေးခဲ့သည်။ တံဆိပ်ပြား၏ အရှေ့ဘက်တွင် မှော်စာလုံးများဖြင့် ပြည့်နှက်နေပြီး နောက်ကျောတွင် “နတ်အရိုင်းတော” ဟူသော စကားလုံးများ ပါဝင်သည်။
တံဆိပ်ပြားတစ်ခုစီကို မှော်နဂါးကြေးပြား ၁၀ပြားဟု ရေးထိုးထားသည်။ ယီယွင် ၏ တံဆိပ်ပြားအားလုံး မှာ အတူတူပင် ဖြစ်သည်။
ဝမ်က ယီယွင်ထံမှ တံဆိပ်ပြားကို ယူပြီးနောက် စိတ်ဝိညာဉ်ဖြင့် အတွင်းတွင် အမှတ်အသားပြုလုပ်လိုက်လေသည်။ စက္ကန့်အနည်းငယ် အကြာတွင် ရွှေရောင် အမှတ်အသားများသည် သူမ၏တံဆိပ်ပြားမှ ယီယွင်၏တံဆိပ်ပြားထဲသို့ ပျံသန်းသွားကြသည်။ထို ရွှေရောင် အမှတ်အသားများသည် ပျားများအုပ်လိုက် ပျံသန်းနေသကဲ့သို့ ဖြစ်နေလေသည်။
ကျောက်ချင်ချန်း နှင့် တွဲဖက် မိန်းမပျိုလေးများမှာ ဘေးနားမှ ကြည့်နေကြကာ ထိုမြင်ကွင်းကြောင့် မနာလို ဖြစ်နေလေ၏။
ယီယွင် ၏ တံဆိပ်ပြားသည် မှော်နဂါးကြေးပြား အားလုံးကို စုပ်ယူပြီးနောက်၊ တံဆိပ်ပြားမျက်နှာပြင်ပေါ်တွင် ရွှေရောင်လိုင်းအချို့ ပေါ်လာသည်။ ၎င်းတို့သည် နဂါးအကြေးခွံများကဲ့သို့ဖြစ်ပြီး အလွန်လှပလွန်းပေသည်။
“ကျေးဇူးတင်ပါတယ်” ယီယွင် က ပြုံးပြီး သူ့တံဆိပ်ပြားအား ပြန်ယူလိုက်လေသည်။ ဤနှုန်းဖြင့်၊ ၄-၅ ရက်ခန့်အတွင်း စုဆောင်းနိုင်ပါက၊ ယီယွင်မှာ နတ်အရိုင်းမြေ ကျောင်းတော်ခန်းမ သို့ဝင်ရောက်ရန် မှော်နဂါးကြေးပြားများ အလုံအလောက်ရရှိနိုင်မည်ဖြစ်သည်။
“ဟို…မောင်လေး ယီယွင်…” ယီယွင် နေရာမှ ထွက်ခွာဖို့ ပြင်နေချိန်တွင် ကျောက်ချင်ချန်း က နီမြန်းနေသောမျက်နှာဖြင့် ခေါ်လိုက်လေသည်။
"အိုး ဘာကိစ္စရှိလို့လဲ" ယီယွင် က ကျောက်ချင်ချန်း ကို ကြည့်ပြီး သူမစကားတစ်ခုခုပြောလိုဟန်ရှိသည်ကို တွေ့မြင်ပြီး သူမ ပြောလိုသည့်စကားများကို ယီယွင် ခန့်မှန်းမိသည်။
“ဒီအကြောင်း…”
" မှော်စာလုံး ချေးချင်လား" ယီယွင် က ပွင့်ပွင်လင်းလင်း သိနေသဖြင့် ကျောက်ချင်ချန်းမှာ ကြောင်အမ်းအမ်းဖြစ်သွားလေသည်။
တကယ်တမ်းတွင် ကျောက်ချင်ချန်းမှာ ယီယွင် နှင့် မရင်းနှီးသည်အတွက် မှော်နဂါးကြေးပြား ကို ချေးငှားရန်မှာ မလွယ်လှပေ။
တိုင်အာနတ်မြို့တော် တွင် ကျင့်ကြံသူများကြား ချေးငွေကိစ္စများကို နတ်မြို့ တာဝန်ရှိသူများက မဖြေရှင်းပေးကြပေ။၎င်းကိစ္စများကို ဖြေရှင်းပေးမည့် စည်းမျဥ်းစည်းကမ်းများ များသာမက ၎င်းနှင့် ပတ်သက်သည့် မည်သည့်အရာမှ ထုတ်ပြန်ထားခြင်း မရှိခဲ့ပေ။ အချုပ်အားဖြင့်၊နတ်မြို့ သည် ကျင့်ကြံသူများကြားတွင် မှော်နဂါးကြေးပြားများ ချေးငှားခြင်းကို မထောက်ခံခဲ့ပေ။
တိုင်အာနတ်မြို့တော် က မျှတသော ကုန်သွယ်မှုနဲ့ လောင်းကစားတိုက်ပွဲ များကိုသာ ပံ့ပိုးပေးသည်။ အကျိုးအမြတ်လိုချင်လျှင် မိမိတို့၏ ခွန်အားကို သက်သေပြရပေမည်။ ခွန်အားကို အသုံးမပြုပဲ အကျိုးအမြတ်ရရှိခြင်းမျိုး နတ်မြို့တွင် မရှိပေ။
မှော်နဂါးကြေးပြားကို ချေးငှားလိုလျှင် ဘဏ်တွင်သာ ပြုလုပ်နိုင်သည်။ အတိုးနှုန်းမှာ ၁၂-၁၅% ဖြင့် အကြွေးနွံထဲ ကျရန် လွယ်ကူသောကြောင့် ချေးငွေထုတ်ယူသူမှာ အလွန်နည်းပါးလှသည်။
စစ်သည်များကြားတွင် သီးသန့်ချေးငွေများနှင့်ပတ်သက်၍ နတ်မြို့တော်တွင် ဝင်ရောက်စွက်ဖက်ခြင်းလည်း မရှိပေ။ တစ်ဖက်က ပြန်မဆပ်ပါက အဆုံးပင်ဖြစ်သည်။
ထို့အပြင်၊ မည်သူမျှ မှော်နဂါးကြေးပြားများ ပိုလျှံနေသူများ မဟုတ်ကြပေ။ လူတိုင်းသည် ၎င်းတို့၏ တစ်ပြားတစ်ချပ်ကိုပင် ချွေတာနေကြ သူများဖြစ်ကြရာ တခြားသူများထံသို့ ချေးငှားရန်မှာ မဖြစ်နိုင်ပေ...
"အဲဒါ... ငါတို့က ဘဏ်က ချေးငွေကို ပြန်ဆပ်ဖို့ လိုလို့ပါ၊ ငါတို့က မှော်နဂါးကြေးပြား ၃၀ ပဲလိုတာ၊ မဟုတ်ဘူး... ၂၀လောက်ပဲ ချေးလို့ရမလားဟင်..." ကျောက်ချင်ချန်း၏ မျက်နှာမှာနီမြန်းလျှက် အသံမှာ တဖြည်းဖြည်း တိုး၀င်သွား လေသည်။
မနေ့တုန်းကတော့ ကျောက်ချင်ချန်းမှာ ယီယွင် အား လော့ဟော် အသင်းမှာ တွဲဖက်အဖွဲ့ဝင်ဖြစ်ချင်လားလို့ မေးခဲ့လေသည်။ ထို့အပြင် ယီယွင် အကူအညီလိုအပ်ပါက သူမကကာကွယ်ပေးမည် ဟုပြောခဲ့သည်။
သို့သော် ယနေ့တွင် ကျောက်ချင်ချန်းမှာ ယီယွင် ထံမှ မှော်နဂါးကြေးပြားကို ချေးငှားနေလျှက်ရှိသည်။ ယီယွင် ကို သူမ မကာကွယ်ပေးရုံသာမက ယီယွင် က သူမအား ပြန်လည်ကာကွယ်ပေး နေရပေသည်။
မနေ့က ကျောက်ချင်ချန်း သူမပြောခဲ့သော စကားများကို ပြန်သတိရမိသဖြင့် ရှက်ရွံ့နေလေသည်။
“၂၀…” ယီယွင် က မျက်ခုံးကို ပင့်လိုက်လေသည်။၎င်းပမာဏမှာ ယီယွင်အတွက် ကြီးကြီးမားမား မဟုတ်ပေ။ တစ်နေ့လျှင် မှော်နဂါးကြေးပြား ၂၀၀ ကို အလျင်အမြန်စုဆောင်း၍ ငါးရက်အတွင်း နတ်အရိုင်းမြေ ကျောင်းတော်ခန်းမ သို့ ဝင်နိုင်ပေသည်။ ကျောက်ချင်ချန်း အား မှော်နဂါးကြေးပြား ၂၀ ကို ချေးငှားမည်ဆိုပါက နတ်အရိုင်းမြေ ကျောင်းတော်ခန်းမ အတွင်းသို့ ၀င်ရောက်မည့် အချိန်အား များစွာမထိခိုက်နိုင်ပေ။
ယီယွင် သည် ကျောက်ချင်ချန်းအား ကူညီရန် တာဝန်မရှိသော်လည်း မိမိအတွက်လည်း မထိခိုက်သဖြင့် ယီယွင် အနည်းငယ်စဉ်းစားပြီးနောက် ချေးငှားရန် မငြင်းဆန်ခဲ့ပေ။
နတ်မြို့၌ အခြားသူတစ်ဦးကို သိခွင့်ရခြင်းမှာ အကျိုးရှိပေလိမ့်မည်။ ထိုလူများသည် အနာဂတ်တွင် ၎င်းတို့ဆီမှာ အကူအညီကို ပြန်လည်ရရှိနိုင်ပေသည်။
"အစ်မ ကျောက်၊ ကျွန်တော်တစ်ခုမေးချင်တယ်၊ အရင်က လော့ဟော်အာ က လူသား အဆင့်မှာ နံပါတ်တစ်ဖြစ်နေတာကို ကျွန်တော်တွေ့ခဲ့တယ်။ ဒါပေမယ့် ကောင်းကင်နဲ့ မြေကြီးအဆင့်မှာတော့ သူမအဆင့်က တော်တော်ဝေးသွားပြီ။ လူသား အဆင့်မှာ ဘာကိစ္စရှိလို့လဲ"
"လူသား အဆင့်... လူသား အဆင့် က မှော်နဂါးကြေးပြားပဲ မင်းရဲ့ တံဆိပ်ပြား ပေါ်က မှော်နဂါးကြေးပြား ပမာဏနဲ့ နတ်မြို့ မှဝယ်ယူတဲ့ အရင်းအမြစ်ပမာဏကို အဆင့် တစ်ခုအနေနဲ့ ပေါင်းစပ်သွားမှာ။ အကြီးတန်း လော့ က နံပါတ်တစ်ပဲ"
"ဒါပေမယ့် အကြီးတန်း လော့ က မင်းထင်သလောက် မချမ်းသာဘူး။ အကြီးတန်း လော့ က ဝင်ငွေအများကြီး ရှိတယ်၊ ဒါပေမယ့် သူကလည်း အသုံးစွဲကြီးတယ်။ သူက မှော်နဂါးကြေးပြားနဲ့ ပတ်သက်ပြီး စိတ်ပူတတ်တယ်... သူက ပျက်စီးခြင်းကောင်းကင် သခင် တစ်ယောက်ဖြစ်ပြီး ပျက်စီးခြင်း ကောင်းကင် ကျွမ်းကျင်မှုတွေကို လေ့ကျင့်ဖို့လိုတယ်၊ ဒါကြောင့် မှော်နဂါးကြေးပြားပမာဏ အများကြီးလိုတယ်"
“ဟုတ်ပြီ...” ဟု ယီယွန် နောက်ဆုံးတွင် နားလည်သွားသည်။ တိုင်အာ နတ်မြို့မှ ကျင့်ကြံသူများအကြား သီးသန့် လဲလှယ်ခြင်းကို ခွင့်ပြုထားသောကြောင့်၊ ပျက်စီးခြင်းကောင်းကင် သခင် ဖြစ်သော သူမသည် နဂါးအကြေးခွံမှော်စာလုံး များကို မြန်မြန်ဆန်ဆန်ရရှိမည် ဖြစ်သည်။ သို့သော် ပျက်စီးခြင်းကောင်းကင် ကျွမ်းကျင်မှုများ ကိုလေ့ကျင့်ရန် ကုန်ကျစရိတ်များလွန်းသဖြင့်၊ လော့ဟော်အာ သည် လူသားဂုဏ်စာရင်း တွင် နံပါတ်တစ်ဖြစ်သော်လည်း အရမ်းကြီး မချမ်းသာခြင်း ဖြစ်သည်။
တိုင်အာနတ်မြို့တော် မှ ချမှတ်ထားသော စည်းကမ်းများဖြင့် မည်သူမျှ ချမ်းသာရန် မဖြစ်နိုင်ကြောင်း ဆိုရပေမည်။ အရင်းအမြစ်များဝယ်ယူရန် မှော်နဂါးကြေးပြား ကို အသုံးပြုရသည်။
တိုင်အာနတ်မြို့တော် တွင် အရင်းအမြစ်များစွာ၏ ဈေးနှုန်းတန်ဖိုးများ ကြီးမြင့်လွန်းလှပေသည်။ မှော်နဂါးကြေးပြား ဘယ်လောက်ရှိရှိ အလွယ်တကူပင် ကုန်ဆုံးသွားနိုင်သည်။
"မှော်နဂါးကြေးပြား ၂၀ကို ချေးပေးလို့ရပါတယ်..."
"တကယ် ကျေးဇူးကြီးလှပါတယ်" ကျောက်ချင်ချန်း သည် ဝမ်းသာအားရ ပြောလိုက်လေသည်။ ယီယွင် သည် ဤအကြိမ်တွင် သူမအတွက် များစွာအထောက်အကူဖြစ်ခဲ့လေသည်။
ယီယွင် ၏ မှော်နဂါးကြေးပြား များကို ဘဏ်၏ ချေးငွေအတိုးကို အချိန်မှီ ပေးချေရန် အသုံးပြုနိုင်ပြီ ဖြစ်သည်။
"နောက်လ ၅ ရက်နေ့ ပြန်ပေးပါမယ်" ကျောက်ချင်ချန်း က နောက်လတွင် ယီယွင်အား ပြန်ဆပ်မည်ဖြစ်ကြောင်းကို နှုတ်ဖြင့် ကတိပေးလိုက် လေသည်။
“ကောင်းပြီ” ယီယွင် ခေါင်းညိတ်လိုက်သည်။
ယီယွင် ထွက်သွားပြီးနောက် ကျောက်ချင်ချန်း သည် သူမအိပ်မက်ထဲတွင် ရှိနေသကဲ့သို့ ခံစားနေရသည်။ ထိုကောင်လေးတွင် မယုံနိုင်ဖွယ်ကောင်းသော စူးစမ်းနိုင်စွမ်းရှိနေလေ၏။
"သူလည်း ငါနဲ့ ရွယ်တူလောက်ပဲ ထင်တယ်" ဘေးနားမှ မိန်းမပျိုလေးက မျော်လင့်ချက်မဲ့စွာ ပြောလိုက်လေသည်။ သူမမှာ အသက် ဆယ့်နှစ်နှစ်ခန့်သာရှိပြီး၊ သူမကိုယ်သူမ ကလေးတစ်ယောက်အဖြစ် မသိစိတ်က ခံစားနေရသည်။
သို့သော် ယီယွင် လုပ်ခဲ့သည်အရာမှာ ကလေးတစ်ယောက်လုပ်နိုင်သော အရာများမဟုတ်ပေ။
"ဟုတ်တယ်... ယီယွင်က တစ်နေ့မှာ ထွန်းသစ်စကြယ်ပွင့်တောင် ဖြစ်လာနိုင်တယ်၊ ငါတို့က ယီယွင်နဲ့သာရင်းနှီးတဲ့ဆက်ဆံရေးရှိမယ်ဆိုရင် ငါတို့အတွက် အထောက်အကူဖြစ်နိုင်တယ်..."
ကျောက်ချင်ချန်း သည် သူမ၏ စဉ်းစားတွက်ချက်မှုများကို စတင်လုပ်ဆောင်ခဲ့သည်။ ယီယွင် ၏ ကျင့်ကြံမှုအဆင့်သည် အနာဂတ်တွင် ဘာမှမဖြစ်လာတောင် သူရဲ့ စူးစမ်းမှုစွမ်းရည်က အကျိုးရှိမည် ဖြစ်သည်။ စစ်သည်များသည် စူးစမ်းလေ့လာရန် အန္တရာယ်ရှိသော ဆန်းကြယ်မှု နယ်ပယ်များသို့ ရောက်သွားသောအခါ၊ ထက်မြက်သော အာရုံနှင့် စူးစမ်းမှုတို့က ၎င်းတို့အသက်များကို ကယ်တင်နိုင်သည်။ ထိုကဲ့သို့လူများဖြင့် မိတ်ဆွေလုပ်ထားခြင်းမှာ အနာဂတ်တွင် စိတ်ချရပေမည်။