← Chapters

ကယ်ဆယ်ရေး (၂)

Vol. 20 Ch. 287

ကယ်ဆယ်ရေး (၂)

Vol. 20 Ch. 287

ဒီထူးဆန်းမှုနဲ့ ဆက်သွယ်ပြောဆိုဖို့က မဖြစ်နိုင်သလောက်ပါပဲ။ သူ့ “စိတ်စွဲလမ်းမှု”ကို အကောင်အထည်ဖော်ဖို့ ကူညီနိုင်မှသာလျှင် ဖြစ်နိုင်လေသည်။ ဒီလိုဆိုရင်တော့ ထူးဆန်းမှုက ကိုယ့်နောက်ကို လိုက်လာဖို့ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်ပါချေ။

ဘာကြောင့်လဲဆိုတော့ လမ်းမှာ ကောယိုလျန်က တတ်နိုင်သမျှ လူအများကြီးဆီက အကူအညီရဖို့ ထွက်သွားနိုင်လေသည်။

ဒါကြောင့် အချိန်ကို ချွေတာနိုင်မယ်ဆိုရင် ဒီထောင့်မှာရှိတဲ့ ကောယိုလျန်၏ ထူးဆန်းမှုကို ခေါ်သွားတာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် “ထူးဆန်းမှုထိန်းသိမ်းရေး ကိရိယာ”က အဓိက အရေးပါတဲ့ ကိရိယာဖြစ်လေသည်။

ကျန်းရှောင်မို စကားပြောလို့ ပြီးတာနဲ့ ယန်ကျွင်းဇဲက ခဏစဉ်းစားပြီးနောက် ကောယိုလျန်ကို “ဦးလေးကော၊ ကျွန်တော် အခု ဦးလေးကို ကူညီဖို့ ကြိုးစားနေတာပါ။ ဦးလေးကို ကယ်တင်ဖို့အတွက် ဦးလေး ဝိညာဉ်ကို ခေါ်သွားပြီး ခန္ဓာကိုယ်ကို ရှာဖွေတာက အမြန်ဆုံးနဲ့ အချိန်အကုန်သက်သာဆုံးနည်းလမ်းပါပဲ” လို့ ပြောလိုက်သည်။

ကျန်းရှောင်မိုက ယန်ကျွင်းဇဲ ဘာပြောချင်မှန်း နားမလည်ဘဲ ကြောင်တောင်တောင် နားထောင်နေခဲ့သည်။

ယန်ကျွင်းဇဲ ဆက်ပြောလိုက်သည်။ “ဒါကြောင့် အခု ကျွန်တော် ဦးလေး ဝိညာဉ်ကို ခေါ်သွားဖို့ လိုအပ်တယ်။ ကျေးဇူးပြုပြီး မခုခံပါနဲ့၊ ဘာ အကြံအစည်မှ မထားပါနဲ့။ ဘာလို့လဲဆိုတော့ ဦးလေး ဝိညာဉ်ကို ခေါ်သွားတာနဲ့ ဦးလေး၏ ခန္ဓာကိုယ်ကို တွေ့တာနဲ့ တပြိုင်နက် ဦးလေးကို ချက်ချင်း ကယ်တင်နိုင်မှာမိုလို့ပါ!”

“ဘာ!” ကျန်းရှောင်မိုက အံ့အားသင့်စွာနဲ့ ယန်ကျွင်းဇဲကို ကြည့်လိုက်သည်။

ဒီအချိန်မှာ ယန်ကျွင်းဇဲက သူ့စိတ်ထဲမှာ “အချိန်-ဟင်းလင်းပြင် မြေပုံ”ကို အသက်ဝင်စေလိုက်ပြီး အဲဒီမှာ ထူးဆန်းတဲ့ ကလေးနှစ်ယောက်၊ တွားသွားမကောင်းဆိုးရွားတစ်ကောင်နဲ့ လျှာရှည်ကျန်းကျန်းတို့၏ အရိပ်တွေက ၁၂ ခုမြောက် ဆုံမှတ်မှာ ရှိနေကြသည်။

ယန်ကျွင်းဇဲအတွေးများ လှုပ်ရှားသွားပြီး “နတ်ဆိုး ချုပ်နှောင်ခြင်း”ကို အသက်သွင်းလိုက်သည်။ “ဒိုင်မေးရှင်း စွမ်းအင်” ၁၀၀ မှတ်ကို အလျင်အမြန် သုံးလိုက်သည်။

ဒါပေမယ့် နောက်တစ်စက္ကန့်မှာပဲ သူ့စိတ်ထဲမှာ “ခုခံမှုကို တွေ့ရှိသည်၊ ဤချုပ်နှောင်မှု ကြိုးစားချက် မအောင်မြင်ပါ” ဆိုတဲ့ မက်ဆေ့ခ်ျတစ်ခု ပေါ်လာခဲ့သည်။

“ကျွန်တော်တို့ ဦးလေးကို မကြာခင် ကယ်တင်မှာပါ၊ ကျေးဇူးပြုပြီး မခုခံပါနဲ့”

ကျန်းရှောင်မို၏ အံ့အားသင့်နေတဲ့ အကြည့်အောက်မှာ ယန်ကျွင်းဇဲ ထပ်ပြောလိုက်သည်။

ဒုတိယအကြိမ် ကြိုးစားတာက နောက်ထပ် “ဒိုင်‌မေးရှင်းစွမ်းအင်” ၁၀၀ မှတ်ကို သုံးလိုက်ပြီး သူက “နတ်ဆိုး ချုပ်နှောင်ခြင်း”ကို ထပ်ပြီး အသက်သွင်းလိုက်သည်။

သုံးစက္ကန့်ကြာတော့ ဒုတိယမြောက် မက်ဆေ့ခ်ျတစ်ခု ရောက်လာခဲ့သည်။ “ခုခံမှုကို တွေ့ရှိသည်၊ ဤချုပ်နှောင်မှု ကြိုးစားချက် မအောင်မြင်ပါ”။

ယန်ကျွင်းဇဲက မျက်လုံးများ လှိမ့်လိုက်ပြီး ကျန်းရှောင်မို စူးစမ်းတဲ့ အကြည့်ကို ခံစားမိလိုက်တော့ သူမကို “ငါ မင်းကို ဘယ်တုန်းက စိတ်ပျက်အောင် လုပ်ခဲ့ဖူးလို့လဲ” လို့ ပြောသလိုမျိုး ယုံကြည်မှုရှိတဲ့ အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်။

ကောယိုလျန်ဆီကို ပြန်လှည့်ပြီး သူဆက်ပြောသည်။ “ဦးလေးကောကျွန်တော် ကူညီမယ်လို့ ပြောခဲ့တယ်။ ကျွန်တော် သေချာပေါက် ကူညီမှာပါ။ ဦးလေး ခန္ဓာကိုယ်ကို ရှာပေးရုံသာမက ဦးလေး သေဆုံးရတဲ့ အကြောင်းရင်းကိုလည်း ရှာဖွေပေးနိုင်တယ်။ တစ်စုံတစ်ယောက်က ဦးလေးကို ထိခိုက်အောင် လုပ်ခဲ့တယ်ဆိုရင် သူတို့ဟာ ရှောင်မိုနဲ့ ကျွန်တော့်၏ ဒေါသကို ရင်ဆိုင်ရပါလိမ့်မယ်!”

ပြောပြီးတာနဲ့ သူက နောက်ထပ် “ဒိုင်‌ မေးရှင်းစွမ်းအင်” ၁၀၀ မှတ်ကို သုံးလိုက်ပြီး “နတ်ဆိုး ချုပ်နှောင်ခြင်း”ကို ထပ်ပြီး စတင်လိုက်သည်။

အချိန်တွေ ကုန်လွန်သွားပြီး ဒီအချိန်မှာ ယန်ကျွင်းဇဲက အချိန်တွေ နှေးကွေးသွားသလို ခံစားနေရသည်။

ငါးစက္ကန့်လောက်ကြာတော့ သူ့စိတ်ထဲမှာ မက်ဆေ့ခ်ျတစ်ခု ပေါ်လာခဲ့သည်။

“ချုပ်နှောင်မှု အောင်မြင်ပါသည်၊ ကောယိုလျန် (အဆင့်မြင့် ရုပ်ထုဝိညာဉ် ) ကို ရရှိပါသည်၊ လက်ရှိ ရင်းနှီးမှု အဆင့်- ကြားနေ”

တစ်ချိန်တည်းမှာပဲ သူ့ရှေ့က ကောယိုလျန်၏ အရိပ်က ပျောက်ကွယ်သွားပြီး သူ့စိတ်ထဲက “အချိန်-ဟင်းလင်းပြင် မြေပုံ” ၏ ၁၂ ခုမြောက် နေရာမှာ ကောယိုလျန်၏ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

“အား!”

ကျန်းရှောင်မိုက ရုတ်တရက် ကောယိုလျန်၏ ဝိညာဉ် ပျောက်ကွယ်သွားတာကို သတိထားမိလိုက်ပြီး အံ့အားသင့်စွာအော်ဟစ်လိုက်မိသည်။

သူမပါးစပ်ကို ဖုံးအုပ်ပြီး ယန်ကျွင်းဇဲကို လှမ်းကြည့်လိုက်တော့ သူက ဂုဏ်ယူနေတဲ့ ပုံစံမျိုးနဲ့ ပြောနေသည်။ “မပူပါနဲ့၊ သူ့ကို အောင်မြင်စွာ ခေါ်သွားခဲ့ပြီ”။

ဒီလိုပြောနေပေမယ့် ယန်ကျွင်းဇဲက တကယ်တော့ စိတ်လှုပ်ရှားနေခဲ့သည်။ သူက မကြာသေးခင်ကမှ သေဆုံးပြီး ဝိညာဉ်အသစ် ဖြစ်ပေါ်လာတဲ့ ကောယိုလျန်ဟာ “အဆင့်မြင့် ရုပ်ထုဝိညာဉ် ” အဆင့်ကို ရောက်တဲ့အထိ ထူးဆန်းမှု အဆင့်က အရမ်းမြင့်နေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

မှတ်ထားရမှာက အဘွားရန်၏ သားနဲ့ ချွေးမတို့ မကြာသေးခင်ကမှ သေဆုံးခဲ့တုန်းက သူတို့ဖြစ်ပေါ်လာတဲ့ ထူးဆန်းမှုက ဘာမှမဟုတ်ပါချေ။

ဖယောင်းတိုင်ကို ကြောက်လန့်တကြား ကိုက်နေတာက အဘိုးကောလို သေတာနဲ့ တပြိုင်နက် “အဆင့်မြင့်ရုပ်ထု ဝိညာဉ် ” ဖြစ်သွားတဲ့ ခမ်းနားတဲ့ ပုံစံမျိုးကို မည်သို့မှ မမီပါချေ။

ဒါ့အပြင် ယန်ကျွင်းဇဲက ထူးဆန်းမှုဟာ အချိန်တစ်ခုကြာပြီးနောက် အဆင့်တက်နိုင်တယ်ဆိုတာကို အရမ်းရှင်းလင်းစွာ သိနေခဲ့သည်။

တစ်ချို့ ဘေးအန္တရာယ်ကြောင့် ဖြစ်နိုင်သလို အကြောင်း- အကျိုးဆက်စပ်မှုကြောင့် ဖြစ်ပေါ်လာခြင်းကြောင့်လည်း ဖြစ်နိုင်လေသည်။

တစ်နည်းအားဖြင့်ပြောရရင် အရင်ဘဝမှာ စွမ်းရည်ရှိခဲ့တဲ့ ကောယိုလျန်ဟာ သေဆုံးပြီးနောက် သူ့၏ ထူးဆန်းမှု အဆင့်မှာ သာမန်လူတစ်ယောက်၏ အဆင့်ထက် အများကြီး ပိုကြီးမားတဲ့ အပြောင်းအလဲကို ကြုံတွေ့ခဲ့ရမှာ သေချာလေသည်။

ဒါက ကောယိုလျန်ဟာ အခုချိန်မှာ “အဆင့်မြင့်ရုပ်ထု ဝိညာဉ်” ဖြစ်နေပေမယ့် အချိန်ပေးလိုက်ရင် ဦးလေးကောဟာ တစ်ဆင့်၊ ဒါမှမဟုတ် နှစ်ဆင့်တောင် တက်နိုင်ပြီး “ ရုပ်အလောင်း ဝိညာဉ်” အဆင့်ကို ရောက်ဖို့ အခွင့်အရေး အများကြီးရှိနေတာကို ဆိုလိုလေသည်။

ကောယိုလျန်၏ ထူးဆန်းမှုအဆင့်ကို မြင်လိုက်ရတော့ ယန်ကျွင်းဇဲ၏ ရင်ထဲမှာ လောဘစိတ် ပေါ်လာခဲ့သည်။ သူက မြေပုံ၏ ၁၂ ခုမြောက် ဆုံမှတ်မှာရှိတဲ့ ကောယိုလျန်၏ ပုံရိပ်ကိုကြည့်ပြီး ဝေခွဲရခက်နေခဲ့သည်။

ဒါပေမယ့် သူက ဤအတွေးကို အမြန်ပယ်ချလိုက်သည်။ ဘာလို့လဲဆိုတော့ ကျန်းရှောင်မိုက သူ့၏ မျက်နှာအမူအရာကို အသေအချာ စိုက်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာနေလို့ဖြစ်ပေသည်။

“ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ”

ကျန်းရှောင်မိုက ခေါင်းခါလိုက်ပြီး “မင်း ဘာလုပ်နေတာလဲလို့ ငါ့ကိုပြောပါဦး။ ဘာလို့ ဝမ်းချုပ်နေတဲ့ ပုံစံဖြစ်နေတာလဲ? ငါတို့မှာ အချိန်သိပ်မရှိတော့ဘူးဆိုတာ မင်းသိတယ်။

ဒါကြောင့် ဦးလေးကော၏ ခန္ဓာကိုယ်ကို အရင်ရှာကြရအောင်၊ ပြီးမှ မင်း အိမ်သာတက်လို့ရတယ်လေ၊ ရတယ်မလား?”

ယန်ကျွင်းဇဲ၏ ပါးစပ်က ရွဲ့သွားပြီး ရွာ၏ အရှေ့ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ “အဘိုးကော ဘယ်ကိုသွားတယ်ဆိုတာ ငါသိပြီထင်တယ်”။

ဒီမတိုင်ခင်က ယန်ကျွင်းဇဲဟာ ရွာထဲက အဆင့်မြင့်တာဝန်တွေ အားလုံးကို ရှာဖွေတွေ့ရှိထားပြီးပြီဖြစ်ပြီး ရွာ၏အရှေ့ဘက်ခြမ်းမှာ “အလောင်း ပျံ့နှံ့ခြင်း” ဆိုတဲ့ တာဝန်တစ်ခု ရှိလေသည်။ ဒီတာဝန်၏ အဆင့်က နည်းနည်း ထူးခြားလေသည်။ အဲဒါက တချို့ အခြေအနေအောက်မှာ “ကြက်သီးထဖွယ် (အနိမ့်)”ကနေ “ထိတ်လန့်ဖွယ် (အလယ်အလတ်)”ကို တက်နိုင်လေသည်။

ဟုတ်‌ပေသည်၊ ယန်ကျွင်းဇဲက ကြယ်လေးပွင့်“နတ်ဆိုးနှိမ်နှင်သူ” အဆင့်ရှိတဲ့ ကောယိုလျန်ဟာ “ထိတ်လန့်ဖွယ် (အလယ်အလတ်)” လို တာဝန်တစ်ခုကနေ ထူးဆန်းမှုတွေကို မသတ်နိုင်ရင်တောင် အန္တရာယ်ကင်းစွာ နောက်ဆုတ်နိုင်တဲ့ စွမ်းအားရှိသည်ဆိုတာ သိထားလေသည်။

သူက ကောယိုလျန်ဟာ “အလောင်းပျံ့နှံ့ခြင်း” တာဝန်မှာ သေဆုံးသွားလိမ့်မယ်လို့ မယုံကြည်ပါချေ။ ဒါက တကယ်ကို နားလည်ရခက်လေသည်။

ဒါမှမဟုတ် သူက ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိပေမယ့် ဒီဖြစ်နိုင်ခြေက သိပ်ကို မဖြစ်နိုင်တာကြောင့် ယန်ကျွင်းဇဲက မှန်းဆရုံသာရှိပြီး အတည်မပြုရဲခဲ့ပါချေ။

ဘယ်လိုပဲဖြစ်ဖြစ် ရွာ၏ အရှေ့ဘက်ခြမ်းက ဒီတာဝန်တစ်ခုတည်းကသာ ကောယိုလျန်ကို ခြိမ်းခြောက်နိုင်ပုံရလေသည်။ ဒါ့အပြင် ကောယိုလျန် လက်ရှိအခြေအနေ ရောက်သွားတာကို ရှင်းပြနိုင်မယ့် တခြားအကြောင်းပြချက် မရှိပါချေ။

ပြိုကျနေတဲ့ ရှေးဟောင်းရေတွင်းဘေးမှာ…

ကောယိုလျန်၏ ခန္ဓာကိုယ်ဟာ တွားသွားပြီးနောက် လှုပ်ရှားမှု ရပ်တန့်သွားခဲ့ပြီး ဒုတိယမြောက် နိုးလာတဲ့လူကတော့ ယန်လုံ ဖြစ်လေသည်။

ယန်လုံ၏ ခန္ဓာကိုယ်က သာမန်ပါပဲ၊ ဒါပေမယ့် “ဝိညာဉ်တစ်ပိုင်းအဆင့်”မှာ ရှိနေတာနဲ့ “မကောင်းဆိုးရွားဝိညာဉ်” ၏ ကာကွယ်မှုတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ စိန်လိုပဲ ခိုင်မာတဲ့ ကြီးမားတဲ့ သဘာဝအင်အားကို ရောက်ရှိနိုင်လေသည်။

ဟုတ်ပေသည်၊ ဒါက သူကြယ်လေးပွင့် “နတ်ဆိုးနှိမ်နှင်သူ” အဆင့် ဒါမှမဟုတ် အဲဒီ့ထက် ပိုမြင့်တဲ့ အထူးသဖြင့် ကောယိုလျန်လို အတွေ့အကြုံရှိတဲ့လူနဲ့ မတွေ့ဆုံတဲ့ အခြေအနေမှာ ဖြစ်လေသည်။

သူ့၏ “ဝိညာဉ်တစ်ပိုင်းကိုယ်”၏ ကာကွယ်မှုကြောင့် ယန်လုံဟာ ပြင်းထန်တဲ့ တုန်ခါမှုလှိုင်းကြောင့် သတိလစ်သွားရုံသာဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့ သံလိုက်စက်ကွင်းက လုံးဝရှုပ်ထွေးနေခဲ့လေသည်။ သူ့ကို နောက်ဆုံး ကာကွယ်ပေးခဲ့တဲ့ “မကောင်းဆိုးရွားဝိညာဉ်”ကလည်း အနီးကပ် “စူပါ-စွမ်းအင် ပေါက်ကွဲမှု”ကို ခံနိုင်ရည်ရှိပြီးနောက် သူ့ဘာသာသူ ထွက်သွားခဲ့လေသည်။

ဒီနှုန်းအတိုင်းဆိုရင် သူက ခဏတာလောက် ပြန်ပြီး အသုံးပြုနိုင်တော့မှာ မဟုတ်ဘူးထင်သည်။

ယန်လုံဟာ ပြင်းထန်တဲ့ ချောင်းဆိုးသံတွေကြောင့် နိုးလာခဲ့ပြီး နာကျင်စွာနဲ့ မြေပြင်ပေါ်မှာ လဲလျောင်းနေခဲ့လေသည်။

သူ ပြန်ကောင်းလာဖို့ အတော်လေး အချိန်ယူလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲက ကြွက်သားတိုင်း နာကျင်နေသလို ခံစားခဲ့ရသည်။

ဒါပေမယ့် သေချာစစ်ဆေးကြည့်ပြီးနောက် ဒါက စိတ်ထင်ရုံသာဖြစ်သည်ဆိုတာ သူသိလိုက်ရသည်။ သူ့ရင်ဘတ်နဲ့ ဝမ်းဗိုက်ပေါ်က ခရမ်းရောင်အမည်းစွဲနေတဲ့ နေရာတစ်ခုကလွဲပြီး ဒဏ်ရာသိပ်မရခဲ့ပါချေ။

ဒါက တုန်ခါမှုလှိုင်း၏ အနီးကပ် သက်ရောက်မှုကြောင့် ဖြစ်တာက သိသာလေသည်။

“မကောင်းဆိုးရွားဝိညာဉ်”၏ ခံနိုင်ရည်အားမြှင့်ပေးမှု မရှိခဲ့ပေဆိုရင် ဒီတစ်ကြိမ်မှာ သူ သေချာပေါက် သေဆုံးသွားနိုင်လေသည်။

ခဏတာ အသက်ရှူပြီးနောက် ယန်လုံက မော့ကြည့်ပြီး မဝေးတဲ့နေရာကို လှမ်းကြည့်လိုက်သည်။

သူ ကောယိုလျန်၏ ခန္ဓာကိုယ်ဟာ မှောက်လျက်လဲလျောင်းနေတာကို တွေ့လိုက်ရသည်။ သေဆုံးခါနီးမှာ ရှေ့ကို ရွေ့ဖို့ ကြိုးစားခဲ့ပုံရပေမယ့် အခုတော့ ဒီထူးဆန်းတဲ့ ပုံစံနဲ့ ရပ်တန့်နေခဲ့ပြီး အချိန်အတော်ကြာ သေဆုံးနေခဲ့တာက သိသာလေသည်။

သူ့က တစ်ခါထပ်ပြီး ကြည့်လိုက်ပေမယ့် မိုတား၏ ခန္ဓာကိုယ်ကို မတွေ့ရပါချေ။

ယန်လုံ၏ ကျောရိုးထဲမှာ ချမ်းစိမ့်သွားခဲ့သည်။ သူ မြန်မြန်ဆန်ဆန် ထရပ်လိုက်ပြီး ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်တော့ မိုတားက အောက်ဘက် နည်းနည်းကျတဲ့ နေရာတစ်ခုမှာ ပက်လက်လဲလျောင်းနေတာကို တွေ့လိုက်ရပြီး လုံးဝငြိမ်သက်‌နေသည်။

နည်းနည်း စိတ်သက်သာရာရသွားတဲ့ ယန်လုံက အကြည့်လွှဲတော့မလို့ရှိသေး ရုတ်တရက် တောင့်တင်းသွားပြီး သူ့အကြည့်က မိုတား၏ ညာဘက်လက်မောင်းဆီကို ရွေ့သွားခဲ့သည်။

အဲဒီမှာတော့ လက်မောင်းက ပြတ်နေတာကို ထိတ်လန့်စွာ တွေ့လိုက်ရသည်။ ညာဘက်လက်မောင်းတစ်ခုလုံး လုံးဝပျောက်ကွယ်နေခဲ့သည်!

“အား!!!”

ဒီလောက် ပြီးပြည့်စုံလုနီးပါး “ရှေးဟောင်းအလောင်း”ကို တွေ့ရှိခဲ့ရတာဟာ အဖိုးတန်ရတနာတစ်ပါးကို ရှာဖွေဖို့ အချိန်အများကြီးပေးခဲ့တဲ့ ကျွမ်းကျင်သူတစ်ဦးဟာ ဒီအခိုက်အတန့်မှာ အဲဒီ့ရတနာ၏ ထောင့်တစ်နေရာကို အင်အားသုံးပြီး ချိုးဖျက်ခံလိုက်ရတာကို မြင်လိုက်ရသလိုပါပဲ။

သူ့နှလုံးသားထဲက နာကျင်မှုက ယန်လုံ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားခဲ့ပြီး ဒီနှလုံးသားနာကျင်မှုက သူ့ဒဏ်ရာတွေ၏ နာကျင်မှုကိုတောင် ကျော်လွန်သွားခဲ့သည်။

ယန်လုံ၏ မျက်လုံးတွေက သွေးရောင်ပြောင်းသွားပြီး မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ ကောယိုလျန်၏ ခန္ဓာကိုယ်ဆီကို ယိုင်တိယိုင်တိုင် သွားခဲ့သည်။

အနီးကပ်ရောက်တော့ သူ ထိုင်ချလိုက်ပြီး အရင်က ပေါက်ကွဲမှုကြောင့် မြေပြင်ကနေ လှိမ့်ထွက်လာတဲ့ ကျောက်တုံးကြီးတစ်တုံးကို ကောက်ယူကာ ကောယိုလျန်၏ ခေါင်းကို အားကုန် ဖိချေလိုက်သည်။

အက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်!

ယန်လုံက တိတ်ဆိတ်စွာပဲ ထပ်ပြီး ထိုင်ချလိုက်ပြီး ကျောက်တုံးကို ကောက်ယူကာ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်နဲ့ ပဉ္စမအကြိမ်မြောက်ထိ အားကုန် ဖိချေလိုက်သည်။

“မင်း သောက်ရူး၊ ငါ့ ‘ရှေးဟောင်းအလောင်း’ကို ဖျက်ဆီးခဲ့တယ်၊ မင်း… သေပြီးတော့လည်း အစိပ်စိပ်အမြွှာမြွှာ ဖြစ်စေချင်တယ်!!!”

All Chapters