← Chapters

ချုံခိုတိုက်ခိုက်ခြင်း (၂)

Vol. 20 Ch. 289

ချုံခိုတိုက်ခိုက်ခြင်း (၂)

Vol. 20 Ch. 289

စကားတောင် မဆုံးသေးခင် မြေပြင်ပေါ်မှာလဲနေတဲ့ ရှေးဟောင်းရုပ်အလောင်းက ရုတ်တရက် ထရပ်လိုက်သည်။ သူ့ကိုယ်ခန္ဓာက တောင့်တင်းနေပြီး ခံစားချက်မဲ့ မျက်နှာက သက်ရှိအားလုံးအပေါ်မှာ ရက်စက်တဲ့ အမူအရာ ရှိနေသည်။ သူ့ဘယ်လက်က ရှေးဟောင်းဓားကို ကိုင်ထားပြီး” စစ်သည်တစ်‌ သောင်းသတ်ဖြတ်ခြင်းခြင်း” ပညာကို အသုံးပြုလိုက်သည်။

လျန်က အချိန်မီမတုံ့ပြန်နိုင်ဘဲ ခဏအတွင်းမှာပဲ ရှေးဟောင်းဓားက ခါးတစ်ဝက်ကို ပိုင်းဖြတ်လိုက်သည်။

သူ့၏ကိုယ်အထက်ပိုင်းက လှည့်တဲ့ဟန်အတိုင်းပဲ ရှိနေသေးပေမယ့် ပိုင်းဖြတ်ခံထားရတဲ့ အပေါ်ပိုင်းတစ်ခုပဲ လှည့်သွားပြီး အောက်ပိုင်းကတော့ တစ်နေရာတည်းမှာ ရပ်တန့်နေပြီး သူ့မျက်နှာမှာ ကြောက်ရွံ့မှုတွေနဲ့ တောင့်တင်းသွားသည်။

သူ့ကိုယ်အထက်ပိုင်းက ဘေးတစ်ဖက်ကို လျှောကျသွားပြီး အူတွေထွက်ကျလာသည်။

“အား!”

ခေါင်းဆောင် လူလတ်ပိုင်းအမျိုးသားက တုန်လှုပ်မှုနဲ့အတူ မျက်လုံးတွေ နီရဲလာသည်။ သူ့စိတ်ထဲမှာ မသိစိတ်ကနေ သံလိုက်ဓားကို ဆွဲထုတ်ပြီး မိုတားကို ခုတ်လိုက်လေသည်။

သူ့၏မသိစိတ်ထဲမှာ ပြိုင်ဘက်က သူ့၏လုပ်ဖော်ကိုင်ဖက်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီးမှပဲ သတ်နိုင်ခဲ့သည်လို့ ယူဆထားတာကြောင့် သူတို့၏ တကယ့်စွမ်းအားက အဲဒီလောက် မြင့်မားမှာမဟုတ်ဘူးလို့ ယူဆထားသည်။

ကောယိုလျန် ဒီနေရာမှာ သေဆုံးသွားရခြင်း၏အကြောင်းရင်းက တခြားတစ်ခုခု ဖြစ်ရမယ်၊ ပြီးတော့ ပတ်ဝန်းကျင်မှာ တခြားထူးဆန်းမှုတွေလည်း ပုန်းအောင်းနေနိုင်သည်။

သူ့လုပ်ဖော်ကိုင်ဖက် သေဆုံးတာကို မြင်ပြီး ဒေါသတကြီး ပြန်တိုက်ခိုက်နေပေမယ့် ခေါင်းဆောင်လုပ် လူလတ်ပိုင်းအမျိုးသားက သူ့၏အာရုံစိုက်မှုတစ်ဝက်ကို ပတ်ဝန်းကျင်ဆီကို၊ အထူးသဖြင့် သူ့ဘေးမှာလဲလျောင်းနေတဲ့ ပိန်ပိန်ပါးပါးလူဆီကို လွှဲလိုက်သည်။

သို့သော်လည်း သူ့၏စွမ်းအားအများစုကို သံလိုက်ဓားထဲမှာ ထည့်သွင်းထားပြီး၊ သူ့၏စွမ်းအားအမြင့်ဆုံးဖြစ်တဲ့ တစ်ပေခွဲလောက်အထိ အလင်းတန်းထွက်လာစေသည်။

အလင်းတန်းက မိုတား၏ ရှေးဟောင်းဓားနဲ့ ထိခိုက်မိတဲ့အခါ ချက်ချင်းပျောက်ကွယ်သွားပြီးနောက် သံလိုက်ဓားနဲ့ တိုက်ခိုက်လာတဲ့ ရှေးဟောင်းဓားတို့ကြားမှာ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

ခလွမ်းဆိုတဲ့အသံနဲ့အတူ သံလိုက်ဓဓားက ကျိုးသွားပြီး ရှေးဟောင်းဓားကတော့ ဆက်လက်ထိုးစိုက်လာနေသည်။

ခေါင်းဆောင် လူလတ်ပိုင်းအမျိုးသားက ချက်ချင်း ကြောက်လန့်တကြားဖြစ်သွားပြီး သူအားလုံးကို အာရုံစိုက်လိုက်ပြီး တဖြည်းဖြည်းနီးကပ်လာတဲ့ ဓားထိပ်ကိုကြည့်ကာ သံလိုက်ဓားကို လွင့်ပစ်ရင်း လျင်မြန်စွာ နောက် ဆုတ်လိုက်သည်။

ရှေးဟောင်းဓားက ဆက်လက်နီးကပ်လာဆဲဖြစ်ပြီး ဓားထိပ်က သူ့မျက်လုံးရှေ့မှာ ပိုပိုကြီးလာသည်။

“မဖြစ်သေးဘူး” ခေါင်းဆောင်လုပ်တဲ့ လူလတ်ပိုင်းအမျိုးသားက မောဟိုက်စွာ ပြောလိုက်ပြီး ရှေးဟောင်းရုပ်အလောင်း၏ စွမ်းအားက အလွန်တရာ အင်အားကြီးမားကြောင်း သိလိုက်သည်။ သူက အော်ဟစ်လိုက်ပြီး “စွမ်းအင်မြင့် ပြိုလဲမှု”ဆွဲသီးနှစါလုံးကို ရှေးဟောင်းရုပ်အလောင်းဆီ ပစ်ပေါက်လိုက်ရင်း “ဒီ၊ ပြေးတော့!” လို့ အော်လိုက်လေသည်။

ဒီက အစကတည်းက စိုးရိမ်တကြီးဖြစ်နေတာကြောင့် အခြေအနေကိုမြင်တော့ နောက်လှည့်ပြီး ထွက်ပြေးလိုက်သည်။

ခေါင်းဆောင် လူလတ်ပိုင်းအမျိုးသား သယ်ဆောင်လာတဲ့ အင်အားအကြီးဆုံး ပစ္စည်းတွေကတော့ “ထူးဆန်းမှု နှောင့်ယှက် ရေး”ကိရိယာအပြင် ဤစွမ်းအင်မြင့် ပြိုလဲမှု”ဆွဲသီးနှစ်လုံးပဲ ဖြစ်သည်။

ဒါပေမယ့် ဒီလို သေခြင်းရှင်ခြင်း အခိုက်အတန့်မှာ ပြိုင်ဘက်၏ ရှေးဟောင်းဓားက သူ့မျက်နှာရှေ့ရောက်နေပြီဖြစ်လို့ “ထူးဆန်းမှု နှောင့်ယှက်ရေး”ကိရိယာကို အသက်သွင်းတာက အသုံးမဝင်တော့ပေ။

ဒါ့အပြင် နှောင့်ယှက်ရေးကိရိယာက သူ့ကျောပိုးအိတ်ထဲမှာ ရှိနေသေးပြီး မထုတ်ရသေးပေ။ ထုတ်နိုင်ရင်တောင်မှ ရှေးဟောင်းရုပ်အလောင်းကို ဆန့်ကျင်တဲ့ သူ့၏ထိရောက်မှုက သာမန်ထူးဆန်းမှုတွေနဲ့ ယှဉ်ရင် အများကြီး ပိုဆိုးရွားသည်။

“စွမ်းအင်မြင့် ပြိုလဲမှု”နှစ်လုံးကို ပစ်ပေါက်လိုက်တာက ပြိုင်ဘက်ကို ကာကွယ်ဖို့အတွက် ခေါင်းဆောင် လူလတ်ပိုင်းအမျိုးသား၏ နောက်ဆုံး ခုခံမှုပဲ ဖြစ်ပေသည်။

ဂျိန်း

ပထမဆုံး “စွမ်းအင်မြင့် ပြိုလဲမှု”က ရှေးဟောင်းဓားထိပ်နဲ့ ထိမိပြီး မိုးခြိမ်းသံလိုမျိုး ပေါက်ကွဲသံထွက်ပေါ်လာသည်။ လှုပ်ရှားမှုလှိုင်းလုံးများက နေရာတစ်ခုလုံးကို ဖြတ်သန်းသွားလေသည်။

ဒီလှုပ်ရှားမှုလှိုင်းက ခေါင်းဆောင် လူလတ်ပိုင်းအမျိုးသားကို အကြီးအကျယ် သက်ရောက်မှုမရှိပေမယ့် ရှေးဟောင်းရုပ်အလောင်းဆီကို ရောက်သွားတဲ့အခါ မိုတားက ငြိမ်သက် နေသည်။ သူ့၏ဓားထိပ်က နည်းနည်းလေးပဲ ရွေ့သွားပြီး ရှေ့ကို ဆက်တိုးနေဆဲပဲ ဖြစ် ပေသည်။

ဒုတိယ “စွမ်းအင်မြင့်ပြိုလဲမှု”က အသက်ဝင်လာပြီး ရှေးဟောင်းဓား၏ဘေးကနေ နောက်ထပ် လှိုင်းတစ်လုံး ပေါက်ကွဲထွက်လာသည်။

သူ့၏လက်မောင်းကို တစ်ချက်လှုပ်ရှားလိုက်တာနဲ့ မိုတားက ဤလှိုင်းကို ထပ်မံတားဆီးလိုက်ပြန်သည်။ ဓားထိပ်က နည်းနည်းလေး ထပ်လွဲသွားပြီး အခုတော့ ခေါင်းဆောင် လူလတ်ပိုင်းအမျိုးသားကို ထိနေပြီဖြစ်ကာ သူ့ဘယ်ဘက်ရင်ဘတ်ကို ထိုးဖောက်ပြီး ကျောဘက်ကနေ ဖောက်ထွက်သွား လေသည်။

ခေါင်းဆောင် လူလတ်ပိုင်းအမျိုးသားက ရုတ်တရက် တောင့်တင်းသွားပြီး နောက်ပြန်ဆုတ်တာ ရပ်တန့်လိုက်သည်။ သူ့၏ရင်ဘတ်ကို ငုံ့ကြည့်လိုက်တော့ ရှေးဟောင်းဓားက သူ့နှလုံးသားနဲ့ လက်ဆစ်တစ်ဆစ်စာပဲ ကွာတော့တာကို တွေ့လိုက်ရလေသည်။

ပြီးမှ မိုတားက ဓားရိုးကို လှည့်လိုက်တော့ ရုပ်အလောင်းစွမ်းအင်လှိုင်းက သူ့၏ဗဟိုချက်ကနေ ပျံ့နှံ့သွားသည်။ ဓားလှည့်လိုက်တာနဲ့ ခေါင်းဆောင် လူလတ်ပိုင်းအမျိုးသား၏ ရင်ဘတ်က ဒဏ်ရာဟာ နားကွဲမတတ်အသံနဲ့အတူ ပွင့်ထွက်သွားပြီး ပုခုံးကနေ နှစ်ခြမ်းကွဲသွား လေသည်။

မိုတားက ရှေးဟောင်းဓားကို ဆွဲထုတ်ပြီး သူ့၏ဓားကို ထွက်ပြေးနေတဲ့ ဒီဆီကို ချိန်ကာ အရှိန်နဲ့ ပစ်လွှတ်လိုက်သည်။

ဟီးခနဲ မြည်သံနဲ့အတူ ရှေးဟောင်းဓားက ဒီ၏ကျောဘက်ကို စိုက်ဝင်သွားပြီး သူ့ကို နှစ်မီတာ သုံးမီတာလောက်အထိ ရှေ့ကို လွှင့်သွားစေသည်။ သူက မြေပြင်ပေါ်လဲကျသွားပြီး ထပ်မလှုပ်တော့ပေ။

“တော်တယ်၊ မိုတား!”

သေချင်ယောင်ဆောင်ပြီး လဲလျောင်းနေတဲ့ ယန်လုံက ထရပ်လိုက်ပြီး ကျေနပ်နေတဲ့အပြုံးနဲ့ ပြောလိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေပေမယ့် သူ့၏စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။

မလှုပ်မယှက်လဲလျောင်းနေတဲ့ မိုတား၏ပုခုံးကို ဂုဏ်ယူစွာ ပုတ်ရင်း ယန်လုံက ရယ်မောလိုက်လေသည်။ ဒါပေမယ့် မကြာခင်မှာပဲ သူက အကြီးအကျယ် ချောင်းဆိုးလာပြီး ရင်ဘတ်ကို ဖိကိုင်ရင်း မသက်မသာ ဖြစ်နေသည်။ သွေးတစ်လုတ် ထွေးထုတ်ပြီးမှ သူ့ရင်ဘတ်ထဲက ကျပ်သိပ်နေတာတွေ ရှင်းသွားသလို ခံစားရသည်။

သူ့မှာ အတွင်းဒဏ်ရာအချို့ ရရှိထားပုံရသည်။

ရှေ့ကို လက်ညှိုးထိုးပြရင်း သူက မိုတားကို အမိန့်ပေးလိုက်သည်။ “ရှေးဟောင်းဓားကို ပြန်ယူခဲ့။ ပြီးရင် သစ်ပင်အိုကြီးဆီ ပြန်သွားပြီး ငါ့ကျောပိုးအိတ်ကို ယူခဲ့။ ငါခဏနားဖို့လိုတယ်၊ ငါတကယ်ကို မကောင်းသေးဘူး။”

ရှေးဟောင်းဓားကို ပြန်ယူလာပြီးနောက် မိုတားက သစ်ပင်ပေါ်တက်ပြီး ယန်လုံ၏ ကျောပိုးအိတ်နှစ်လုံးဖြစ်တဲ့ အကြီးတစ်လုံးနဲ့ အသေးတစ်လုံးကို ယူလာခဲ့သည်။

ယန်လုံး၏ဘေးကို ပြန်ရောက်လာတော့ ယန်လုံးက သူ့၏လက်ပြတ်ကိုပါ ကောက်ယူပြီး ကျောပိုးအိတ်ထဲ ထည့်ခိုင်းလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် လက်တစ်ဖက်တည်းရှိနေတာထက် လက်အရှည်မတူတာက ပိုကောင်းသေးသည်။

သူ့ရင်ဘတ်က ဆွဲဆုပ်ခံနေရသလို နာကျင်နေပေမယ့် ယန်လုံက ဤနေရာမှာ ဆက်နေတာ မလုံခြုံဘူးဆိုတာကို သိထားပြီး “ဒီနေရာကနေ ထွက်သွားကြစို့” လို့ အလျင်အမြန်ပြောလိုက်သည်။

သူ့ရင်ဘတ်ကို ဖိကိုင်ရင်း ထရပ်လိုက်ပြီး မိုတားက ကျောပိုးအိတ်တွေကို ကိုင်ထားကာ ရှေ့ဆက်ဖို့လုပ်နေတုန်း ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက အဝေးကအိမ်၏ လသာဆောင်နားမှာ တစ်စုံတစ်ယောက် လှုပ်ရှားနေတာကို တွေ့လိုက်ရပြီး သူတို့ဆီလာနေပုံရသည်။

“လှဲနေလိုက်”

ယန်လုံက အရေးတကြီး အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း မြေပြင်ပေါ်ကို အရင်ဆုံး ပစ်လဲချလိုက်သည်။

မိုတား၏တုံ့ပြန်မှုက နှေးပေမယ့် သူလည်း ယန်လုံးဘေးမှာ လှဲလျောင်းလိုက်ပြီး အခုနက သူရှိနေခဲ့တဲ့ပုံစံအတိုင်းပဲ ပြန်နေလိုက်သည်။

ဤမြေပြင်အနေအထားက သတိမထားမိအောင် ပုန်းအောင်းဖို့ အလွန် သင့်တော်ပေသည်။

ပြီးမှ ယန်လုံက အနည်းငယ် လှည့်လိုက်ပြီး ဘေးတိုက်လဲလျောင်းတဲ့ပုံစံကို ပြန်ပြောင်းလိုက်ကာ မိုတားကို တိုးတိုးလေး ပြောလိုက်သည်။ “ရှေးဟောင်းဓားကို ကိုင်ထားပြီး အရင်ကလိုပဲ လုပ်။ နောက်ထပ်လူနည်းနည်း ထပ်လာရင် အကုန်သတ်ပစ်လိုက်။”

All Chapters