← Chapters

ကျွန်တော့်ကို လုပ်ခွင့်ပြုပါ!

Vol. 20 Ch. 292

ကျွန်တော့်ကို လုပ်ခွင့်ပြုပါ!

Vol. 20 Ch. 292

ကလေးဆိုး နှစ်ကောင်၏ အမြန်နှုန်းက တကယ်ကို ထူးခြားတာသည်။နှစ်မိနစ်တောင် မကြာသေးပေ၊ ကလေးဆိုး တစ်နဲ့ ကလေးဆိုး နှစ်တို့ဟာ ရှေးဟောင်းရေတွင်း ပြိုကျသွားတဲ့ နေရာရှေ့ကို ရောက်လာခဲ့ပြီဖြစ်ပေသည်။

ဒီအချိန်မှာတော့ ခေါင်းဆောင် လျှို၊ လျန်နဲ့ ဒီတို့ သုံးယောက်က မြေကြီးပြိုကျတဲ့ နေရာ အလယ်နားကို ရောက်လာနေပြီ။

အပေါ့အပါးသွားပြီးမှ ပြန်လာတဲ့ ဒီကတော့ ခေါင်းဆောင် လျှိုနဲ့ လျန်တို့ဆီကို အခုမှ လိုက်မီတာဖြစ်ပြီး လမ်းလျှောက်နေရင်း ခါးပတ်ကိုပါ ပတ်နေဆဲဖြစ်သည်။

ကလေးဆိုး နှစ်ကောင်က အချင်းချင်း အကြည့်ဖလှယ်လိုက်ပြီး ခြေလှမ်းကို နှေးလိုက်ကာ လူသုံးယောက်နောက်ကနေ တွားသွားလိုက်သည်။

သူတို့က ပြေးမနေတော့ပေမယ့် သူတို့၏ တွားသွားနှုန်းကတော့ သာမန်လူတွေအတွက် အံ့ဩစရာကောင်းလောက်အောင် မြန်နေဆဖဲဖြစ်သည်။

ချွတ်ချွတ်ချွတ်အသံတွေ ထွက်လာတော့ လူသုံးယောက်စလုံး ရုတ်တရက် ရပ်တန့်သွားပြီး နောက်ကို လှည့်ကြည့်လိုက်သည်။

ကလေးဆိုး နှစ်ကောင်ကို ရုတ်တရက်မြင်လိုက်ရတော့ သုံးယောက်စလုံး အံ့အားသင့်သွားကြပြီး လျန်နဲ့ ဒီကတော့ မျက်နှာတည်သွားပြီး ချက်ချင်း ဘေးကို ရှောင်လိုက်သည်။ ခေါင်းဆောင် လျှိုကတော့ သူ့၏ သံလိုက်ဓားနဲ့ ရှေ့ကို ခုန်သွားပြီး ကလေးဆိုး တစ်ကို ခုတ်ချလိုက်‌လေသည်။

သံလိုက်အလင်းက တစ်ပေခွဲလောက်အထိ တိုးသွားပြီး ခေါင်းဆောင် လျှိုက ကလေးဆိုး နှစ်ကောင်နားကို လုံးဝ မကပ်သေးပေမယ့် သူ့၏တိုက်ခိုက်မှုက ကလေးဆိုး တစ်ကို ထိခိုက်စေနိုင်တုန်းပဲ။

ဒါပေမယ့် အဲဒီတိုက်ခိုက်မှုက ပစ်မှတ်ကို လွဲသွားလေသည်။

နတ်ဆိုးနှိမ်နင်းသူတွေက သူတို့ကို မြင်လိုက်တာနဲ့ ကလေးဆိုး နှစ်ကောင်က လှည့်ပြီး ခြေလက်များကို သုံးကာ လျင်မြန်စွာ ပြေးသွားနှင့်ပြီးသားဖြစ်သည်။

ခေါင်းဆောင် လျှို၏ သံလိုက်ဓားက အောက်ကို ရောက်လာချိန်မှာ ကလေးဆိုး တစ်ဟာ နှစ်မီတာအကွာကို ရောက်နှင့်နေပြီ။

ကလေးဆိုး နှစ်ကတော့ “ဂူဂူ”ဆိုတဲ့ အသံ မြည်ပြီး ကလေးဆိုး တစ်၏ရှေ့ကနေ ပြေးသွားပြီး တစ်ခါတလေ နောက်ကို လှည့်ကြည့်လိုက်သေးသည်။

နတ်ဆိုးနှိမ်နင်းသူ သုံးယောက်စလုံး အံ့အားသင့်သွားကြသည်။ ခေါင်းဆောင် လျှိုက သံလိုက်ဓားကို ကိုင်ထားရင်း ဘယ်ညာကြည့်လိုက်တော့ လျန်နဲ့ ဒီတို့ကလည်း အံ့ဩတကြီး ဖြစ်နေကြတာကို တွေ့လိုက်ရလေသည်။

လျန်က သူ့၏ ဝိညာဉ်ရှာဖွေရေးကိရိယာကို ကြည့်လိုက်တော့ ဒီအနီးအနားမှာ ကလေးဆိုး နှစ်ကောင်၏ အနီရောင်အစက်နှစ်ခုကိုပဲ မြင်နေရပြီး တခြားဘယ်အရာကိုမှ ရှာမတွေ့ပေ။

ပြီးတော့ ဒီထူးဆန်းမှု နှစ်ခု၏ အပြုအမူကလည်း ထူးဆန်းနေပေသည်။ သူတို့ဆီကို ကပ်လာဖို့ပဲ ရည်ရွယ်ပြီး ချက်ချင်း ပြန်ပြေးသွားသလိုမျိုးဖြစ်ပြီး တိုက်ခိုက်ဖို့ ရည်ရွယ်ချက်လည်း မရှိပေ။

ဒါ့အပြင် ဒီထူးဆန်းမှု နှစ်ကောင်ဟာ ခေါင်းငုံ့ထားပြီး သူတို့ကို မကြည့်ပေ။ ကြောက်ရွံ့နေသလိုပဲ၊ ဒါပေမယ့်လည်း ဒီလူသုံးယောက်နားကို ချဉ်းကပ်ဖို့ အတင်းအကျပ် ခိုင်းစေခံထားရသလို‌ဖြစ်သည်။

နတ်ဆိုးနှိမ်နင်းသူတွေက သူတို့ကို လိုက်မဖမ်းဘူးဆိုတာကို သဘောပေါက်သွားတော့ ကလေးဆိုး နှစ်ကောင်က ချက်ချင်းရပ်လိုက်ပြီး လှည့်လာသည်။ သို့ပေမယ့် ခေါင်းကိုတော့ ဆက်ငုံ့ထားပြီး သူတို့က သွားများ စိကာ ရွဲ့ပြနေကြသည်။ ဒါက သူတို့ကို သတိပေးနေတာ ဖြစ်နိုင်သလို ခေါင်းဆောင် လျှိုနဲ့ တခြားသူတွေကို ခြိမ်းခြောက်နေတာလည်း ဖြစ်နိုင်သည်။

“အစ်ကိုကြီး၏ အတွေ့အကြုံနဲ့ ဗဟုသုတတွေနဲ့ဆိုရင် ဒီထူးဆန်းမှု နှစ်ကောင်က ဘာကိုဆိုလိုတာလဲ”လို့ ဒီက မနေနိုင်ဘဲ မေးလိုက်မိသည်။

ခေါင်းဆောင် လျှိုလည်း မျက်မှောင်ကြုတ်သွားပြီး ခေါင်းခါပြလိုက်ပြီး “သူတို့က ငါတို့ကို တိုက်ခိုက်ဖို့ ပစ်မှတ်အဖြစ် သတ်မှတ်ထားတာ မဟုတ်ဘူးထင်သည်။

ဒါပေမယ့် တစ်ချိန်တည်းမှာပဲ တစ်ခုခုကို သတိပေးနေသလိုပဲ”လို့ ပြောလိုက်‌လေသည်။

“ဒါက သူတို့ပိုင်နက်ဖြစ်ပြီး ငါတို့ဝင်လာတာကို မြင်တော့ ဒီကောင်နှစ်ကောင်က ငါတို့ကို ဟန့်တားဖို့ ခြိမ်းခြောက်တာ ဖြစ်နိုင်လား” လျန်က တွေးလိုက်မိသည်။

“မဖြစ်နိုင်ဘူးထင်သည်။” ခေါင်းဆောင် လျှိုက ခေါင်းခါပြလိုက်ပြီး သူက သံလိုက်ဓားကို ကိုင်ထားရင်း ရှေ့ကို နှစ်လှမ်းလောက် တိုးလိုက်သည်။

ဒီလိုမြင်လိုက်ရတော့ ကလေးဆိုး နှစ်ကောင်က ချက်ချင်းပဲ ပြန်လှည့်ပြီး ဆယ်လှမ်းကျော်လောက် မြန်မြန် တွားသွားလိုက်ပြီးမှ ရပ်ပြီး နောက်ကို ပြန်လှည့်ကြည့်လိုက်လေသည်။

“ဒီကောင်တွေ ငါတို့ကိုကစားနေတာလား” ဒီက ရုတ်တရက် “ပြိုလဲမှု လျှို့ဝှက်ဆွဲသီးကို ထုတ်လိုက်ပြီး ရှေ့ကို နှစ်လှမ်းလောက် တိုးလိုက်သည်။

ဒါက ကလေးဆိုး နှစ်ကောင်ကို လန့်သွားစေပြီး စိုးရိမ်တကြီးနဲ့ ရှေ့ကို မြန်မြန် တွားသွားလိုက်ပြီးသူတို့အတော် ဝေးဝေး ရောက်သွားမှ ရပ်ပြီး နောက်ကို ပြန်ကြည့်လိုက်မှ လူသုံးယောက်က အရင်နေရာမှာပဲ ရပ်နေဆဲဆိုတာ သဘောပေါက်သွားကြသည်။

“တစ်ခုခုတော့ မမှန်ဘူး” ဒီက တီးတိုး ရေရွတ်လိုက်သည် “သူတို့က ငါတို့ကို သူတို့နောက် လိုက်စေချင်နေသလိုပဲ”။

ခေါင်းဆောင် လျှိုလည်း အံ့ဩသွားလေသည်။ သူက ကလေးဆိုး နှစ်ကောင်၏ စွမ်းအားက မကြီးဘူးဆိုတာ သတိထားမိနှင့်ပြီးသားဖြစ်ပေသည်။

သူ့တစ်ယောက်တည်းနဲ့တောင် သူတို့ကို ကိုင်တွယ်နိုင်သည်။ သူ့ဘေးမှာ ကြယ်တစ်ပွင့်နတ်ဆိုးနှိမ်နင်းသူ လျန်နဲ့ ဒီလည်းရှိသေးလေသည်။

သူတို့ သုံးယောက်စလုံးက တစ်ချိန်တည်း လိုက်သတ်မယ်ဆိုရင် အရှိန်ကို ထိန်းချုပ်ဖို့ “စွမ်းအင်မြင့်ပြိုလဲမှု လျို့ဝှက်ဆွဲသီး”ကို သုံးလိုက်မယ်ဆိုရင် ဆယ်မိနစ်တောင် မကြာခင်မှာ ဒီထူးဆန်းမှုတွေကို ဖယ်ရှားနိုင်မယ်လို့ သူတို့ယုံကြည်လေသည်။

ထိုကြောင့် ဒီထူးဆန်းမှု နှစ် ကောင်၏ ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့် အပြုအမူက ပုံမှန်မဟုတ်ပေ။

သူတို့က ဒီသုံးယောက်ကို မြေပြိုတဲ့နေရာကို တကယ်မသွားစေချင်တာ ဖြစ်နိုင်လေသည်။

ဒီလို တွေးမ်ပြီးနောက် ခေါင်းဆောင် လျှိုက လျန်နဲ့ ဒီကို တိုးတိုးလေး ပြောလိုက်လေသည်။ “မင်းတို့နေရာမှာပဲ နေ၊ မလှုပ်နဲ့။ ငါက ရှေးဟောင်းသစ်ပင်ဘက်ကို လှည့်ပြီး လျှောက်သွားသလို ဟန်ဆောင်မယ်၊ မင်းတို့နှစ်ယောက်က ဒီထူးဆန်းမှု နှစ် ကောင်၏ တုံ့ပြန်မှုကို စောင့်ကြည့်ကြ”လို့ ပြောလိုက်လေသည်။

ပြောပြီးတာနဲ့ သူက ရှေးဟောင်းသစ်ပင်အနီးက မြေပြိုတဲ့နေရာဘက်ကို လှည့်ပြီး သွားလိုက်လေသည်။

အဲဒီအချိန်မှာ ကလေးဆိုး နှစ်ကောင်က စိုးရိမ်သွားပြီး ပါးစပ်ကိုဖွင့်ကာ “အဲအဲ”လို့ အော်လိုက်ကြပြီး တစ်ကောင်ကတော့ စိတ်လိုလက်ရ ရှေ့ကို တစ်လှမ်းတိုးလိုက်သေးသည်။သို့ပေမယ့် အန္တရာယ်ကို ချက်ချင်း အာရုံခံမိလိုက်ပြီး နောက်ပြန်ဆုတ်လိုက်လေသည်။

နောက်ပြန်ဆုတ်ပေမယ့် ကလေးဆိုး နှစ်ကောင်က ပိုပြီး စိတ်လှုပ်ရှားလာကြလေသည်။

ခေါင်းဆောင် လျှိုက ရပ်ပြီး လှမ်းကြည့်လိုက်တော့ လျန်က ချက်ချင်း ခေါင်းညိတ်ပြီး “‌ ခေါင်းဆောင်၊ အတည်ပြုပြီးပါပြီ၊ သူတို့က တကယ်ပဲ ငါတို့ကို အဲဒီနေရာကို မသွားစေချင်ဘူး”လို့ ပြောလိုက်လေသည်။

“အရင်တစ်ကောင်ကို ဖမ်းပြီး ဘာဖြစ်နေလဲဆိုတာ ကြည့်ရအောင်”။

မကြာခင်မှာပဲ ခေါင်းဆောင် လျှိုက နောက်ကို လှည့်ပြီး ပြန်လာသည်။

ဒါပေမယ့် ကွေ့ပတ်ပြီး လျှောက်လာခဲ့သည်။

ဒီကတော့ လျှို့ဝှက်ဆွဲသီး နှစ်လုံးကို ထုတ်လိုက်ပြီး လျန်က “ဝိညာဉ် နှောင့်ယှက် ရေးကိရိယာ”ကို ဆွဲထုတ်လိုက်လေသည်။ တစ်ယောက်ချင်းစီက သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းတွေအတိုင်း ကလေးဆိုး နှစ်ကောင်နားကို ချဉ်းကပ်သွားကြသည်။

ခေါင်းဆောင် လျှို ပြန်လာတာကို မြင်တော့ ကလေးဆိုးတွေက အော်ဟစ်တာကို ရပ်လိုက်ပြီး သူတို့၏ ခြေလက်များကို သုံးပြီး နောက်ပြန်ဆုတ်လိုက်ကြသည်။ သို့ပေမယ့် သူတို့က တစ်ခါမှ နောက်ကို မလှည့်ပေ။ အကယ်၍ သူတို့ လှည့်လိုက်ရင် လူသုံးယောက်ထဲက တစ်ယောက်ယောက်က ပြန်လှည့်သွားမှာကို ကြောက်နေသလိုမျိုးပဲဖြစ်သည်။

ဒီလို လှုပ်ရှားတဲ့နည်းလမ်းက သူတို့၏ အရှိန်ကို ထိခိုက်စေသည်။ သူတို့ မြန်မြန်မရွေ့နိုင်ဘဲ နတ်ဆိုးနှိမ်နင်းသူ သုံးယောက်နဲ့ ကလေးဆိုးတွေကြားက အကွာအဝေးက တဖြည်းဖြည်း နီးလာသည်။

သူတို့ ကလေးဆိုးတွေနားကို လုံလောက်စွာ နီးလာတာနဲ့ သူတို့ သုံးယောက်စလုံးဟာ မြေပြိုတဲ့နေရာကနေ အများကြီး ဝေးသွားနှင့်ပြီဖြစ်သည်။

ရုတ်တရက် ဒီက အေး‌စိမ့်မှု လျှို့ဝှက်ဆွဲသီးတစ်လုံးကို ပစ်လိုက်ပြီး

အရိုးထဲအထိ ချမ်းအေးစေသည်။ ကလေးဆိုး၏ ခြေထောက်ဘေးက မြေပြင်ပေါ်ကို ရောက်တာနဲ့ နှင်းခဲအငွေ့တစ်ခု ထွက်လာပြီး နှစ်မီတာ၊ သုံးမီတာအတွင်းက အရာအားလုံးကို အေးခဲသွားစေသည်။

လေတောင် ခဲသွားသလို တုန်ခါနေသည်။

ကလေးဆိုး နှစ်ကောင်က မမျှော်လင့်ဘဲ တောင့်တင်းသွားပြီး သူတို့၏ လှုပ်ရှားမှုတွေ နှေးကွေးသွားသည်။တစ်ချိန်တည်းမှာပဲ လျန်က သူ့လက်ထဲမှာ နှောင့်ယှက် ရေးကိရိယာကို ကိုင်ထားရင်း ပြေးလာခဲ့သည်။

နောက်တစ်စက္ကန့်မှာပဲ ကလေးဆိုးတွေက နှောင့်ယှက် ရေးကိရိယာ၏ နှောင့်ယှက်နိုင်တဲ့ အကွာအဝေးထဲကို ရောက်လာပြီး သံလိုက်စက်ကွင်းက ရှုပ်ထွေးသွားသည်။

ဒီအချိန်မှာတော့ ကလေးဆိုးတွေက အမှန်ပင် ထိတ်လန့်သွားသည်။ သူတို့က “ဂူဂူ”ဆိုတဲ့ အသံများ အော်ပြီး လှည့် ထွက်ပြေးဖို့ ကြိုးစားသည်။ ဒါပေမယ့် သူတို့၏ ကိုယ်တွေက ရွှံ့ထဲမှာ နစ်နေသလို ဖြစ်နေပြီး လှည့်ဖို့တောင် ခက်ခဲနေသည်။

ခေါင်းဆောင် လျှိုက မပုန်း‌နေတော့ပေ။ သူက ပြေးဝင်သွားပြီး သူ့၏ သံလိုက်ဓားက သူ့နဲ့ အနီးဆုံး ကလေးဆိုးကို ဦးတည်ထားပြီး ခြေထောက်ဆီကို ခုတ်ချလိုက်သည်။

ကလေးဆိုးက လျင်မြန်သည်။ထိုကြောင့် တကယ်လို့ သူ့ကို လှုပ်ရှားလို့ မရအောင် လုပ်ထားနိုင်ရင် ဖမ်းရလွယ်သည်။

ကလေးဆိုး တစ်ကတော့ သူ့ခြေထောက်များကို ခွဲခံရတော့မှာဖြစ်လို့ ရုတ်တရက် လန့်သွားသည်။လုံးဝ ရှောင်လို့မရပေ၊ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး အရာရာကို လက်လျှော့လိုက်တဲ့ အော်ဟစ်သံနှင့်‌ အော်လိုက်သည်။

ချလောင်း!

ကြည်လင်တဲ့ တိုက်မိသံတစ်ခု ထွက်လာပြီး လျှိုက နောက်ကို ဆုတ်လိုက်သည်။ သူ့ဓားကို မ,ကြည့်လိုက်တော့ ကျန်းရှောင်မိုက ကလေးဆိုး တစ်၏ ရှေ့မှာ ရောက်နေပြီး သံလိုက်ဓားကိုလည်း ကိုင်ထားသည်။ သူနဲ့ ကလေးဆိုး နှစ်ကောင်ကြားမှာ အပြည့်အဝ နေရာယူထားပြီးသားဖြစ်လေသည်။

“ရှောင်မို?!” လျှိုက သူ့ကို တစ်ချက်ကြည့်လိုက်တာနဲ့ မှတ်မိလိုက်သည်။

“အစ်ကိုထုံး၊ ဒါဆို အစ်ကို ရောက်လာတာကိုး” ကျန်းရှောင်မိုက ပြုံးလိုက်သည်။ ဒါပေမယ့် သူမ အသက်ရှူသံ မမှန်ဘူးဆိုတာ ထင်ရှားသည်။

“မင်း ဘာလုပ်နေတာလဲ။ ဒီထူးဆန်းမှုကို ဘာလို့ ကယ်နေတာလဲ” ထုံးလို့ခေါ်တဲ့ လျှိုက အံ့ဩတကြီး မေးလိုက်မိသည်။

“ဟေး… ဟေး…” နောက်ကနေ အသက်ရှူသံ ပြင်းပြင်းထွက်လာသည်။ ဘယ်အချိန်မဆို အသက်ရှူ မရတော့ဘဲ သတိလစ်သွားနိုင်သလိုပဲ “ငါ… ငါ… သူမကို… ဟေး… ဟေး…”

ကြည့်လိုက်တော့ ခါးကို ကိုင်ပြီး လမ်းလျှောက်နေတဲ့ ယန်ကျွင်းဇဲဖြစ်‌ ပေသည်။

ဒီကောင်က ပြေးနိုင်မှာ မဟုတ်တော့ဘဲ ခြေထောက်တွေကို ဆွဲပြီး လမ်းလျှောက်နေသလိုပဲ။

“ဝိညာဉ်တစ်ပိုင်း? မင်း ပြန်လာပြီလား”

လျှိုနဲ့အတူ လျန်နဲ့ ဒီတို့လည်း အံ့ဩသွားကြသည်။ ယန်ကျွင်းဇဲနဲ့ ကျန်းရှောင်မိုတို့၏ အခြေအနေကို နားမလည်ကြပေ။

“ဒီထူးဆန်းမှု နှစ်ကောင်ကို ယန်ကျွင်းဇဲက ရှင်တို့ကို ကယ်ဖို့ ခေါ်လာတာပါ” ယန်ကျွင်းဇဲက မောဟိုက်နေတာကြောင့် ကျန်းရှောင်မိုက ရှင်းပြလိုက်သည်။

“ဟုတ်တယ်။ အဲဒီဘက်မှာ…” ယန်ကျွင်းဇဲက ခေါင်းညိတ်ပြီး ရှေးဟောင်းသစ်ပင်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

“အဲဒီမှာ ရှေးဟောင်းအလောင်းကောင်တစ်ကောင်ရှိတယ်၊ အနည်းဆုံး သက်တမ်းအနှစ် ရှစ်ရာရှိပြီး ခင်ဗျားတို့ အစောကြီးကတည်းက ချဉ်းကပ်ခဲ့ရင် သေနှင့်ပြီ”လို့ ကျန်းရှောင်မိုက ဆက်ရှင်းပြလိုက်သည်။

“အား!”

လျှိုနဲ့ လျန်နဲ့ ဒီတို့က အချင်းချင်း အကြည့်ဖလှယ်လိုက်ပြီး အံ့ဩသွားကြသည်။

သူတို့က ကြောက်လန့်တဲ့မျက်လုံးတွေနဲ့ ရှေးဟောင်းသစ်ပင်ကို ကြည့်လိုက်သည်။ ဒါပေမယ့် အကွာအဝေးက နည်းနည်းဝေးတော့ မြေကြီးပေါ်မှာ အလောင်းကောင်ရှိမရှိကို သူတို့ လုံးဝမမြင်နိုင်ပေ။

“ထုံး… ထုံး… ထုံး…”

ယန်ကျွင်းဇဲ စကားမဆုံးခင်မှာပဲ ကျန်းရှောင်မိုက သူ့ကို ပြောလိုက်သည်။ “သူ့နာမည်က ထုံးဒီပါ။ မင်းတို့အတူတူ လာခဲ့တာ၊ အစ်ကိုထုံးဒီက မင်းနာမည်တောင် မသိဘူး!”

ထုံးဒီဆိုတဲ့ လျှိုက သတိပြန်ဝင်လာပြီး အကြည့်ကို ပြောင်းလိုက်သည်။ အနည်းငယ်ရှက်ရွံ့စွာနဲ့ပဲ ရှင်းပြလိုက်သည်။ “သူ့ကို ဝိညာဉ်တစ်ပိုင်းလို့ ခေါ်နေကျဖြစ်နေတယ်။ ခုနလေးကပဲ သူ့နာမည်ကို မှတ်မိသေးတာ၊ အခု နောက်လှည့်လိုက်တော့ မေ့သွားပြီ”လို့ ပြောလိုက်လေသည်။

ယန်ကျွင်းဇဲက ဘာမှမပြောတော့ဘဲ မောဟိုက်နေပြီး ကလေးဆိုး နှစ်ကောင်ကို သိမ်းဆည်းလိုက်သည်။

ထုံးဒီနဲ့ တခြားနတ်ဆိုးနှိမ်နင်းသူ နှစ်ယောက်က ဒီလိုမြင်ရတော့ အံ့ဩမှုနဲ့အတူ သူတို့၏ အကြည့်တွေက တင်းမာသွားပေမယ့် ဘာမှတော့ မမေးကြပေ။

ခဏအကြာမှာ ယန်ကျွင်းဇဲက အသက်ရှူမှန်သွားပြီး သူ့ရင်ဘတ်ကို ပုတ်လိုက်ကာ “ကျွန်တော့်မှာ နည်းလမ်းအချို့ရှိတယ်။ ဒီဝိညာဉ်တစ်ပိုင်းခန္ဓာနဲ့ ကျွန်တော်မွေးထားတဲ့ ဝိညာဉ်တွေကတစ်ဆင့် အန္တရာယ်ရှိတဲ့နေရာတွေကို သိနိုင်တယ်။ ဒါကြောင့် ကျွန်တော် အဲဒီနေရာနားကို မချဉ်းကပ်ဖို့ အနီးနားက နတ်ဆိုးနှိမ်နင်းသူတွေကို သတိပေးဖို့ သူတို့ကို အမြန်သွားခိုင်းခဲ့တာပါ”လို့ ပြောလိုက်သည်။

“အခု ဘာလုပ်ရမလဲ”လို့ ဒီက မေးလိုက်သည်။

“ရှေ့မှာ ရှေးဟောင်းအလောင်းကောင်နဲ့ဆိုတော့ ဦး လေးကော ကိုယ်ခန္ဓာအပြည့်အစုံကို ရှာတွေ့ဖို့ မဖြစ်နိုင်ဘူးထင်တယ်။” ယန်ကျွင်းဇဲကတော့ ကောယုလျန်၏ ကိုယ်ခန္ဓာ ပျက်စီးသွားပြီဆိုတာကို သူတို့ကို မပြောပြပေ။ သူက အလျင်အမြန် စဉ်းစားလိုက်သည်။

“အဲဒီရှေးဟောင်းရေတွင်းအနီးက သံလိုက်စက်ကွင်းကလည်း အရမ်းထူးဆန်းတယ်။ ကျွန်တော်ရှိမှပဲ ဆက်သွားနိုင်မယ်ထင်တယ်။ ဖြစ်နိုင်ရင် ခင်ဗျားတို့ ကျွန်တော့်ကို ဒီအမိုးအောက်မှာပဲ စောင့်နေတာက ပိုကောင်းပါတယ်”လို့ ပြောလိုက်သည်။

“ငါလိုက်လာရဦးမလား”လို့ ကျန်းရှောင်မိုက မေးလိုက်သည်။

ယန်ကျွင်းဇဲက မတုံ့ပြန်ဘဲ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ထုံးဒီကို မေးလိုက်သည်။ “ရွာ၏အနောက်ဘက်ခြမ်းက အသက်ရှင်ကျန်ရစ်တဲ့ နတ်ဆိုးနှိမ်နင်းသူတွေ အကုန်လုံး ပြန်ရောက်လာပြီမလား၊ ခင်ဗျားတို့နဲ့ မဆုံကြဘူးလား”လို့ မေးလိုက်သည်။

ထုံးဒီက ခေါင်းညိတ်ပြီး “ငါတို့ ကျန်းယောင်ဖေးနဲ့ တခြားသူတွေကို တွေ့ခဲ့သတယ်။ သူတို့ကို မိုမိသားစုရွာကနေ လိုက်ပို့ဖို့ တစ်ယောက်ယောက်ကို ပို့ထားနှင့်ပြီးသား။ ရွာအပြင်ဘက်မှာ သူတို့ကို တွေ့ဖို့ လူတွေရှိနေတယ်။

လူနာတင်ကားတွေလည်း အခုလောက်ဆို ရောက်နေလောက်ပြီ”လို့ ပြောလိုက်သည်။

“သူတို့ကို ကယ်တင်နိုင်တာ ကောင်းပါတယ်။” ကျန်းရှောင်မိုက ခေါင်းညိတ်လိုက်ပြီး ယန်ကျွင်းဇဲကို ပြန်ကြည့်ကာ “ငါလိုက်လာရဦးမလား”လို့ မေးလိုက်သည်။

ယန်ကျွင်းဇဲနဲ့အတူ အတွေ့အကြုံတွေ အများကြီးရှိပြီးနောက် သူမက သူ့၏ထူးခြားတဲ့ နတ်ဆိုးနှိမ်နင်းနည်းလမ်းတွေကို ကောင်းကောင်းသိသည်။ ဒါကြောင့် ယန်ကျွင်းဇဲက တစ်ယောက်တည်းသွားဖို့ ဆုံးဖြတ်ရင် သူမက သူ့ဖာသာ လိုက်မယ်လို့ ပြောမှာမဟုတ်ပေ။

ဘယ်လောက် အန္တရာယ်များတဲ့ အခြေအနေမျိုးမှာပဲ ဖြစ်နေပါစေ၊ ယန်ကျွင်းဇဲက အရာရာကို ကောင်းကောင်း ထိန်းချုပ်နိုင်ပုံရသည်။ ဒီအချက်မှာတော့ ကျန်းရှောင်မိုက သူ့ကို အပြည့်အဝ ယုံကြည်သည်။

ယန်ကျွင်းဇဲက ကျန်းရှောင်မိုကို ကြည့်ပြီး ထုံးဒီကို ကြည့်လိုက်သည်။ ပြီးတော့ သူ့စိတ်ထဲကနေ “ရုပ်အလောင်းဓာတ်ပျံ့နှံ့မှု” တာဝန်ကို တစ်ဖန် ဂရုတစိုက် ပြန်စစ်ဆေးလိုက်သည်။

ကျန်းရှောင်မိုနဲ့ ထုံးဒီကို တစ်ဖန် ကြည့်လိုက်ပြီး “ကျွန်တော် အစီအစဉ်ကို ပြောင်းလဲဖို့လိုတယ်။ ခင်ဗျားတို့ နှစ်ယောက်လုံး ကျွန်တော်နဲ့ လိုက်ရမယ်”လို့ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပဲ မြေကြီးပေါ် လဲလျောင်းနေပြီး ခန္ဓာကိုယ် အနည်းငယ် ထုံနေသလို ခံစားနေရတဲ့ ယန်လုံက သူ့လည်ပင်းကို အနည်းငယ် မတ်လိုက်ပြီး ဘေးတိုက်လှည့်ကာ သူ့စိတ်ထဲမှာ “အဲဒီလူတွေ ဘာဖြစ်နေတာလဲ။ ခုနကပဲ ငါသူတို့ကို မြင်လိုက်သေးတယ်။ ဘာလို့ မလာကြသေးတာလဲ!”လို့ တွေးလိုက်မိသည်။

All Chapters