← Chapters

ခန္ဓာကိုယ်လဲလှယ်ခြင်း (အပိုင်း ၃)

Vol. 20 Ch. 295

ခန္ဓာကိုယ်လဲလှယ်ခြင်း (အပိုင်း ၃)

Vol. 20 Ch. 295

ယန်ကျွင်းဇဲက ကျန်းရှောင်မိုနဲ့ ထုံဒီတို့၏ ပခုံးတွေကို ထပ်ပြီး ဆုပ်ကိုင်လိုက်ကာ ခေါင်းငုံ့ပြီး တိုးတိုးလေးပြောလိုက်သည်၊ “ဒီနှစ်ယောက်က အပေါင်းအပါတွေ၊ တမင်တကာ မြေပြင်ပေါ်မှာ လဲလျောင်းပြီး ငါတို့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ပြင်ဆင်နေတာ၊ ဒါကြောင့် အခုတော့ ဟိုကို မသွားကြသေးနဲ့။”

ထုံဒီ အံ့အားမသင့်ခင်မှာပဲ ယန်ကျွင်းဇဲက ဆက်ပြောသည်၊ “အစ်ကိုထုံ၊ ခင်ဗျားရဲ့ ‘လျှို့ဝှက်ဆွဲသီး’ အားလုံးကို ကျွန်တော့်ကို ပေးပါ။ ကျွန်တော်တို့ ဘယ်သူမှ ဟိုကို မသွားသင့်ပေ၊ အဝေးကနေ တိုက်ခိုက်တာနဲ့ စလိုက်ကြရအောင်။”

ထုံဒီက ပိုတောင် အံ့အားသင့်သွားသည်၊ “အားလုံးကို? မင်းကို ငါရဲ့ ‘လျှို့ဝှက်ဆွဲသီး’ အားလုံး ပေးရမယ်?”

“ငါ့မှာလည်း နည်းနည်းပါးပါးရှိတယ်” လို့ ကျန်းရှောင်မိုက ပြောသည်။

ယန်ကျွင်းဇဲက ခေါင်းခါပြသည်၊ “‘စူပါစွမ်းအင်ပေါက်ကွဲမှု’ ကိုတော့ ကိုယ့်ဘာသာ သိမ်းထား၊ ရိုးရိုး ‘လျှို့ဝှက်ဆွဲသီး’ ပဲ ပေးပါ။”

ထုံဒီက သူ့၏ ‘လျှို့ဝှက်ဆွဲသီး’ အားလုံးကို ထုတ်ပြီး ယန်ကျွင်းဇဲကို ပေးလိုက်သည်။ ယန်ကျွင်းဇဲကလည်း လက်ခံယူပြီးနောက် သူကိုယ်ပိုင်‘လျှို့ဝှက်ဆွဲသီး’ ကို ထုတ်ကာ ယန်လုံ သေဟန်ဆောင်နေတဲ့ဘက်ကို ကျောပေးပြီး ‘လျှို့ဝှက်ဆွဲသီး’ ကို စီလိုက်သည်။

ဆွဲသီးများထဲမှာ “မီး” လေးခု၊ “အေးခဲမှု” နှစ်ခု၊ “စွမ်းအင်မြင့်ပြိုလဲမှု” တစ်ခု နဲ့ “ပြိုလဲခြင်း” သုံးခု ပါဝင်သည်။

သူတို့သုံးယောက် ခဏတာ တိုးတိုးတိတ်တိတ်ပြောဆိုပြီး၊ လူတစ်ဦးစီ ‘လျှို့ဝှက်ဆွဲသီး’ အနည်းငယ်စီယူကာ လက်ဖဝါးထဲမှာ ကိုင်ထားပြီး ယန်လုံနဲ့ မိုတားတို့ဆီကို ပိုနီးအောင် သွားကြသည်။

တစ်ချိန်တည်းမှာပဲ ယန်ကျွင်းဇဲက ယန်လုံကို “အေးခဲမှု” နှစ်ခု ပစ်လိုက်ပြီး၊ ထုံဒီကတော့ မိုတားကို “မီး” ဆွဲသီးလေးခု ပစ်လိုက်သည်။

“မီး” ဆွဲသီးလေးခု ပေါက်ကွဲပြီး တစ်စက္ကန့်အကြာမှာတော့ ကျန်းရှောင်မို၏လက်ထဲက “ပြိုလဲခြင်း” ‘လျှို့ဝှက်ဆွဲသီး’ အားလုံး မီးတောက်နေတဲ့ မိုတား၏ကိုယ်ပေါ်ကို ပေါက်ကွဲကျရောက်သွားသည်။

မိုတား၏ကိုယ်လုံးက မီးတောက်တွေထဲ ပေါက်ကွဲသွားတဲ့အခါ “ပြိုလဲခြင်း” ‘လျှို့ဝှက်ဆွဲသီး’ သုံးခုက သူ့ကို နှစ်စက္ကန့် သုံးစက္ကန့်လောက် တန့်သွားစေပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးပင်လယ်ထဲကို နစ်မြုပ်သွားတော့သည်။

ယန်လုံဘက်မှာတော့ အဘိုးကြီးက “အေးခဲမှု” နှစ်ခု ထိမှန်သွားတာကြောင့် သူ့ခန္ဓာကိုယ်၏ မျက်နှာပြင်မှာ ရေခဲပါးလွှာလေးတစ်ခု ချက်ချင်းဖြစ်ပေါ်လာသည်။

သာမန်လူတစ်ယောက်ဆိုရင် “အေးခဲမှု” နှစ်ခုက သူ့ကို နေရာမှာတင် အေးခဲသေဆုံးသွားဖို့ လုံလောက်ပေမယ့် ယန်လုံ၏ခန္ဓာကိုယ်က သာမန်မဟုတ်ပေ။

အရေးကြီးတဲ့အချိန်မှာ သူ့တုံ့ပြန်မှုကြောင့် အားနည်းတဲ့ “နတ်ဆိုးဝိညာဉ်” ပေါ်လာခဲ့သည်။

ရုတ်တရက် လှုပ်ရှားလိုက်ပြီး “နတ်ဆိုးဝိညာဉ်” က သူ့၏လက်သည်းနက်နှစ်ခုကို ဆန့်ထုတ်လိုက်ကာ ယန်လုံကို ကယ်တင်ဖို့ ရေခဲတွေကို အမြန်ဖောက်ထွင်းလိုက်သည်။

နောက်တစ်နေရာမှာတော့ မိုတားလည်း ထိုင်လိုက်သည်။ သူက မီးတောက်တွေထဲမှာ မြုပ်နေပေမယ့် သူ့ကိုယ်ခန္ဓာကနေ အဖြူရောင်ရေနွေးငွေ့တွေ အများကြီး ထွက်နေခဲ့သည်။ အေးစက်နေတဲ့ ယင်စွမ်းအင်နဲ့ “မီး” ဆွဲသီးမီးတောက်တွေက တစ်ခုကိုတစ်ခု ခုခံနေကြပြီး မိုတားကို ရပ်နိုင်အောင် ကြိုးစားစေကာ ယန်လုံကို ကယ်တင်ဖို့ ကြိုးစားနေသည်။

အဲဒီအချိန်မှာပဲ ယန်ကျွင်းဇဲက “စွမ်းအင်မြင့်ပြိုလဲမှု” ကို ပစ်လိုက်သည်။

ဒီ ‘လျှို့ဝှက်ဆွဲသီး’ ၏ ပစ်မှတ်က မိုတားလည်း မဟုတ်၊ ယန်လုံလည်း မဟုတ်ဘဲ သူတို့နှစ်ယောက်၏ကြားက လက်တစ်ကမ်းအကွာအဝေးပဲ ရှိတဲ့ အလယ်မှတ်နေရာ ဖြစ်သည်။

“စွမ်းအင်မြင့်ပြိုလဲမှု” က ချက်ချင်းပေါက်ကွဲသွားသည်။

“ဘုန်း” ဆိုတဲ့အသံနဲ့အတူ လှိုင်းလုံးတစ်ခုက အရပ်မျက်နှာအားလုံးကို တွန်းထုတ်သွားသည်။ ဒါက ရိုးရိုး “ပြိုလဲခြင်း” ‘လျှို့ဝှက်ဆွဲသီး’ လိုမဟုတ်ပေ၊ ထိမှန်ရင် မိုတားကို နှစ်စက္ကန့် သုံးစက္ကန့်လောက်ပဲ ဖမ်းထားနိုင်မှာ။

“စွမ်းအင်မြင့်ပြိုလဲမှု” ၏ လှိုင်းလုံးက မိုတားကို အနီးကပ်ထိတွေ့လိုက်ချိန်မှာ လေးငါးမီတာအထိ အတင်းအကျပ် တွန်းထုတ်လိုက်သည်။ မိုတား၏ကိုယ်လုံးက မထိခိုက်ပေမယ့် သူ့နဲ့ ယန်လုံကြားက အကွာအဝေးကို ကျယ်စေပြီး သူ ယန်လုံကို ချက်ချင်းမကူညီနိုင်အောင် တားဆီးလိုက်သည်။

ကျန်းရှောင်မိုနဲ့ ထုံဒီတို့ကတော့ ကြိုတင်ပြင်ဆင်ထားသလိုပဲ ယန်လုံ၏ကိုယ်လုံးက နောက်ကို တွန်းထုတ်ခံနေရပြီး မရပ်သေးခင်မှာပဲ တစ်ပြိုင်နက်တည်း ရှေ့ကို ခုန်တက်လိုက်ကြသည်။ သူတို့က ယန်လုံဆီကို သံလိုက်ဓားတွေနဲ့ ထိုးချလိုက်သည်။

ယန်လုံမှာ ရေခဲပါးလွှာလေးပဲ ရှိပြီး သံလိုက်ဓားတွေကတော့ အင်အားနဲ့ ခုတ်ချလိုက်ရုံနဲ့ အလွယ်တကူ ဖောက်ထွင်းဝင်ရောက်နိုင်သည်။ ဒါ့အပြင် သံလိုက်အလင်း၏ အကူအညီနဲ့ ယန်လုံ၏နောက်မှာ ရေခဲတွေကို ဖြိုခွဲနေတဲ့ “နတ်ဆိုးဝိညာဉ်” က ဆင်းလာနေတဲ့ သံလိုက်ဓားတွေကို ဖမ်းဆုပ်ဖို့ ချက်ချင်း လက်တွေကို ဆန့်ထုတ်လိုက်သည်။

ကျန်းရှောင်မိုနဲ့ ထုံဒီတို့ကတော့ ကောင်းကောင်းပြင်ဆင်ထားပြီးသား။ သူတို့၏ သံလိုက်ဓားတွေက ယန်လုံဆီကို မချဉ်းကပ်ခင်မှာပဲ သံလိုက်အလင်းကို ထုတ်လွှတ်ပြီးသားဖြစ်နေသည်။

အဲဒီအလင်းက “နတ်ဆိုးဝိညာဉ်” ၏ တည်ရှိနေမှုကနေ ချက်ချင်း ခုခံအားကို ရရှိလိုက်တာကြောင့် နတ်ဆိုးဝိညာဉ်ကို တုန်ယင်သွားစေသည်။ အဲဒီ အားနည်းနေပြီဖြစ်တဲ့ ဝိညာဉ်က အဲဒီနေရာမှာတင် ပျက်စီးမတတ် ဖြစ်သွားခဲ့သည်။

သို့သော်လည်း ဒီရုန်းကန်မှုက တစ်မိနစ်ထက်တော့ ပိုကြာမှာမဟုတ်ပေ၊ ပြီးရင်တော့ “နတ်ဆိုးဝိညာဉ်” ကလည်း မှေးမှိန်သွားပြီး ထပ်ပေါ်လာတော့မှာ မဟုတ်ပေ။

ယန်လုံက အလွန်အားနည်းနေပြီ။ မိုတားသာ သူ့ဘေးမှာ ရှိနေရင် ဒီအချိန်မှာ အကူအညီရနေလောက်ပြီ။

ဒါပေမယ့် မိုတားကတော့ မီးတောက်တွေကြားမှာ မြုပ်နေပြီး မီတာများစွာ အကွာကို တွန်းထုတ်ခံထားရတာကြောင့် အခုတော့ အဖြူရောင်ရေနွေးငွေ့တွေ အများအပြား ထုတ်လွှတ်ပြီး ခုခံနေပြီး ယန်လုံဆီကို လှမ်းလာနေသည်။

သူ့၏ကြီးမားတဲ့ ခန္ဓာကိုယ်ကြောင့် မိုတား၏ခြေလှမ်းတွေက တိုတောင်းသည်။ “စွမ်းအင်မြင့်ပြိုလဲမှု” ၏ လှိုင်းလုံးက သူ့ကို တွန်းထုတ်ခဲ့ပေမယ့် သူ့ကိုယ်ခန္ဓာက မလွဲမသွေ ပျက်စီးမှုတွေ ခံစားရပေမယ့်လည်း သူဆက်လက် ရုန်းကန်နိုင်နေခဲ့သည်။ သူ့လှုပ်ရှားမှုတွေက နည်းနည်းလေး နှေးကွေးသွားရုံပါပဲ။

ဒီအချိန်မှာ ကျန်းရှောင်မို၏ဓားက ယန်လုံ၏ရင်ဘတ်ကို ပစ်မှတ်ထားပြီး၊ ထုံသည်၏ဓားကတော့ သူ့လည်ပင်းကို ပစ်မှတ်ထားနေတုန်းပဲ။

နှစ်ယောက်စလုံးက “သံလိုက်အလင်း” ကို အသက်သွင်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပြီး အဲဒီအချိန်မှာတော့ အရင်ကထက်ပိုပြီး ပြင်းထန်နေခဲ့သည်။ “ဖျတ်” ဆိုတဲ့ အသံနဲ့အတူ “နတ်ဆိုးဝိညာဉ်” ၏ပုံရိပ်က ပျက်စီးသွားပြီး နောက်ဆုတ်သွားကာ ယန်လုံ၏နောက်ကို အမြင်အာရုံကနေ ပျောက်ကွယ်သွားသည်။

မိုတား၏ခြေသံတွေက နီးကပ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်က မီးနဲ့ အဖြူရောင်ရေနွေးငွေ့တွေ ရောနှောပြီး ဝန်းရံနေသည်။ သူက ရှေးဟောင်းဓားတစ်ချောင်းကို အနီးဆုံးဖြစ်တဲ့ ကျန်းရှောင်မိုဆီ လွှဲပစ်လိုက်သည်။

ဒီမြင်ကွင်းကို မြင်တော့ ယန်ကျွင်းဇဲ၏ မျက်နှာက တင်းမာသွားပြီး သူက စိတ်ပိုင်းဖြတ်ပြီး ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ကာ သူတို့နှစ်ယောက်ကြားမှာ ဝင်ရပ်ရင်း သူ့၏ “ဝိညာဉ်တစ်ပိုင်းခန္ဓာ” ကို အသက်သွင်းလိုက်သည်။

“အ ရေပြားတစ်ခြမ်” တာဝန်ကို ကိုင်တွယ်တဲ့အခါမှာ သူက ဝိညာဉ်စွမ်းအင်” ကို အကုန်သုံးပြီးသားဖြစ်ပြီး သူ့ကို “ဝိညာဉ်အတုခန္ဓာ” ကို ပေးခဲ့တဲ့ “‌ နောက်ကျောလှည်အမျိုးသမီး” နဲ့ “ကီယာ” နှစ်ယောက်လုံး၏ စွမ်းအင်တွေလည်း ကုန်ခမ်းခဲ့သည်။

ဒါကြောင့် “မီးအိမ်ကိုင်အမျိုးသမီး” နဲ့ “ခေါင်းတလားနီ” တာဝန်တွေတစ်လျှောက်လုံး ယန်ကျွင်းဇဲက “ဝိညာဉ်စွမ်းအင်” ကို မသုံးခဲ့ပါချေ။

သူအဲဒီအချိန်တုန်းက သုံးလို့မရပေဆိုတာကို ကောင်းကောင်းသိခဲ့ပြီး၊ “‌ေနာက်ကျောလှည့်အမျိုးသမီး” နဲ့ “ ခေးအာ” တို့ကို အနားယူစေချင်ခဲ့တာလည်း ပါသည်။

သို့ပေမယ့် ဒီလို ဖိအားများတဲ့အချိန်မှာ သူသာ မိုတားကို ဆယ်စက္ကန့်လောက်တားဆီးနိုင်ပြီး ကျန်းရှောင်မိုနဲ့ ထုံသည်ကို သူတို့၏ဓားတွေနဲ့ ယန်လုံကို ဖယ်ရှားနိုင်အောင် ခွင့်ပြုနိုင်မယ်ဆိုရင် ယန်လုံကို လုံးဝနာခံတဲ့ မိုတားက ရပ်တန့်သွားဖွယ်ရှိသည်။

ဒါကြောင့် “ဝိညာဉ်စွမ်းအင်” ကို သုံးဖို့က ခက်ခဲမှန်းသိပေမယ့် အောင်မြင်မှုက ဒီတစ်မိနစ်အပေါ်မှာပဲ မူတည်နေသည်။ မဟုတ်ရင် နောက်ပြန်ရစ်ဖို့က မလွဲမသွေပဲ၊ ဒါကြောင့် ယန်ကျွင်းဇဲမှာ သုံးရမယ့်အပြင် တခြားရွေးချယ်စရာ မရှိတော့ပေ။

သူ့ခေါင်းက အမြန်လှည့်သွားပြီး အမည်းရောင်အမွေးတွေ ထွက်လာပေမယ့် အဲဒီနောက်မှာတော့ မကြုံစဖူးတဲ့ အားနည်းမှုတစ်ခု ရောက်ရှိလာတာကြောင့် ပြောင်းလဲမှုက ရုတ်တရက် ရပ်တန့်သွားပြီး အဲဒီပုံစံအတိုင်းပဲ ဆက်ရှိနေနိုင်ခဲ့သည်။

မိုတား၏ ရှေးဟောင်းဓားက အောက်ကို ရိုက်ချလာပြီး ယန်ကျွင်းဇဲ၏ မရှည်လှတဲ့ ဆံပင်တွေနဲ့ အမြန်ရစ်ပတ်ခံရတာကြောင့် သူ့၏တိုးတက်မှုနှုန်းက သိသိသာသာ နှေးကွေးသွားသည်။

သို့သော်လည်း ဆံပင်ပြတ်သံတွေက ချက်ချင်းလိုက်လာပြီး အရင်က မပျက်စီးနိုင်လောက်အောင် ခိုင်မာတဲ့ ဆံပင်တစ်ချောင်းစီက ရှေးဟောင်းဓား၏အစွန်းအောက်မှာ ပါးလွှာတဲ့ချည်မျှင်တွေလို ပြတ်တောက်ကုန်သည်။

တစ်ချိန်တည်းမှာပဲ ယန်ကျွင်းဇဲက သူ့၏လက်နှစ်ဖက်စလုံးကို ဆန့်ထုတ်ပြီး မိုတား၏ ရင်ဘတ်ကို ဆွဲကိုင်ကာ ပြင်းပြင်းထန်ထန် တွန်းလိုက်သည်။

ပုံမှန်ဆိုရင် သူ “-ဝိညာဉ်တစ်ပိုင်းအခြေအနေ” ကို ဝင်ရောက်ပြီးနောက် သူ့၏အားအင်က အဆများစွာ တိုးလာပေမယ့် ဒီအချိန်မှာတော့ တွန်းလိုက်ရုံနဲ့ မိုတားက နောက်ကို နှစ်လှမ်းပဲ ဆုတ်သွားခဲ့သည်။

မိုတားက သူ့ဓားကို လှည့်လိုက်ပြီး ဓားကို ရစ်ပတ်ထားတဲ့ ဆံပင်အားလုံးကို ဖြတ်တောက်လိုက်ကာ ယန်ကျွင်းဇဲ၏ခေါင်းကို ထိုးလိုက်သည်။

ယန်ကျွင်းဇဲ၏ “ဝိညာဉ်ခန္ဓာ” က အလွန်အားနည်းနေပြီး မှေးမှိန်စပြုနေပြီဖြစ်တာကြောင့် သူကြောက်လန့်ပြီး နောက်ကို နှစ်လှမ်းဆုတ်သွားခဲ့သည်။ ဒါပေမယ့် ဓားဖျားက အနီးကပ်လိုက်လာပြီး သူရှောင်ဖို့ လမ်းမရှိတော့ပေ။

ဒီအချိန်မှာပဲ ယန်လုံက ညည်းသံတစ်ခု ထွက်လာသည်။ သူ့မျက်လုံးတွေ ပြူးကျယ်စွာနဲ့ ကျန်းရှောင်မို၏သံလိုက်ဓားက သူ့ရင်ဘတ်ထဲ ထိုးဝင်သွားတာကို ကြည့်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက နှလုံးနာကျင်မှု ဝေဒနာကို ခံစားရပြီးနောက် ထုံကျင်သွားတာကြောင့် နာကျင်မှုကို မခံစားရတော့ပေ။

ညည်းသံက ပဲ့တင်ထပ်နေတုန်းပဲ၊ နောက်တစ်စက္ကန့်မှာ ထုံဒီ၏သံလိုက်ဓားက သူ့လည်ပင်းထဲကို “ဖျတ်” ကနဲ ထိုးဝင်သွားတာကြောင့် ယန်လုံ၏ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် တုန်ယင်လာပြီး သတိလစ်မေ့မြောစပြုလာသည်။

ဓားဖျားက သူ့ကို ထိုးတော့မယ့်အချိန်မှာ ယန်ကျွင်းဇဲ ရပ်တန့်သွားပြီး အမြန်ချဉ်းကပ်လာတဲ့ ရှေးဟောင်းဓားက သူ့မျက်လုံးနဲ့ နှစ်စင်တီမီတာအကွာမှာ ရုတ်တရက် ရပ်တန့်သွားတာကို တွေ့လိုက်ရသည်။

မိုတားက ဓားထိုးတဲ့ပုံစံအတိုင်းပဲ တစ်လက်မမှ ငြိမ်သက်စွာ ရပ်နေခဲ့သည်။

ယန်ကျွင်းဇဲ၏ “ဝိညာဉ်ခန္ဓာ” က အခုဆို လုံးဝမှေးမှိန်သွားပြီ၊ သူ့နဖူးပေါ်မှာ ချွေးတွေ စိုရွှဲနေပြီး သူ့နှလုံးခုန်သံကကျယ်‌ လောင်နေသည်။ မြေပြင်ပေါ်က ယန်လုံကို လှည့်ကြည့်လိုက်တော့ သူ့ရင်ဘတ်ထဲမှာ ဓားတစ်ချောင်း ရှိနေပေမယ့် သေစေနိုင်တဲ့ ထိုးချက်က သူ့လည်ပင်းပေါ်မှာ ဖြစ်နေသည်။

ထုံဒီက အားအများကြီး ထည့်လိုက်တာကြောင့် ယန်လုံ၏လည်ပင်းကို အဲဒီတစ်ချက်တည်းနဲ့ လုံးဝနီးပါး ပြတ်သွားခဲ့သည်။

“ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ!”

ယန်ကျွင်းဇဲ သက်ပြင်းရှည်ကြီးချလိုက်ပြီး ရှေ့က ရှေးဟောင်းဓားက ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းသွားတာကို သတိပြုမိလိုက်သည်။

ရှေးဟောင်းအလောင်း မိုတား၏ကိုယ်လုံးက မီးတောက်တွေ ငြိမ်းသွားပြီး အဖြူရောင်မီးခိုးငွေ့တွေပဲ ထွက်နေတုန်းပဲ၊ အဲဒီမီးခိုးငွေ့တွေက မီးလောင်နံ့သင်းသင်းလေးပါနေသည်။

မိုတားက မီးလောင်သွားပေမယ့် “ယင်စွမ်းအင်” ၏ အကာအကွယ်ကြောင့် သူ့ကိုယ်လုံးက ပြင်းထန်စွာ မပျက်စီးခဲ့ပါချေ။

ရှေးဟောင်းဓားကို အောက်ချပြီးနောက် မိုတားက မျက်လုံးတွေ ပြူးကျယ်စွာနဲ့ ယန်ကျွင်းဇဲကို စိုက်ကြည့်နေတုန်းပဲ၊ သူ့နှုတ်ခမ်းတွေက အနည်းငယ် လှုပ်ရှားနေသည်။

“ငါက မိုတား၊ ငါ့လမ်းကို ပိတ်တဲ့သူတွေ သေရမယ်!”

“ဟာကွာ!”

ယန်ကျွင်းဇဲက လန့်သွားသည်၊ ဒီလူက ရုတ်တရက် ဒီလောက်ပြင်းထန်တဲ့ စကားတွေ ပြောလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ ဒါက အရမ်းကို ယုတ္တိမရှိပေ။

ဒါပေမယ့် သူက ကောယုလျန် မဟုတ်ပေ၊ ဒါကြောင့် ဘာမှမစဉ်းစားဘဲ ချက်ချင်း ဘေးကို ဆုတ်လိုက်သည်။

ကျန်းရှောင်မိုနဲ့ ထုံဒီလည်း အမြန်ဆုတ်လိုက်ကြပြီး ထုံဒီက ယန်လုံ၏လည်ပင်းထဲက သံလိုက်ဓားကိုတောင် ပြန်ဆွဲထုတ်ဖို့ အချိန်မရလိုက်ပေ။

မြေပြင်ပေါ်က ယန်လုံ၏ အလောင်းကို မကြည့်တော့ဘဲ မိုတားက အလောင်းကို ကျော်ပြီး ဓားကိုင်ကာ ရှေ့ကို ဆက်လျှောက်သွားသည်။

“ဒီလိုနဲ့ သွားတော့မှာလား” လို့ ယန်ကျွင်းဇဲက ရေရွတ်လိုက်မိသည်။

အဲဒီနေရာမှာ ရှိနေတဲ့ ဘယ်သူမှ မိုတား၏လမ်းကို မပိတ်ဆို့ရဲပေ။ ကျန်းရှောင်မိုနဲ့ ထုံဒီက သူတို့၏ ကန့်သတ်ချက်တွေကို သိကြသည် - ဒီရှေးဟောင်းအလောင်းက အရမ်းသက်တမ်းမရင့်သေးပေမယ့် ထူးခြားတဲ့အတွေ့အကြုံတွေ ရရှိထားတာက သူတို့၏ ခံနိုင်ရည်အားထက် ကျော်လွန်နေသည်ဆိုတာ သိသာနေသည်။

သူတို့က မိုတား ခြေလှမ်းတွေ လှမ်းသွားတာကို ကြည့်နေခဲ့သည်။

တစ်ချိန်တည်းမှာပဲ ကျန်းရှောင်မို၏ရင်ထဲမှာ အရမ်းကို လေးလံနေခဲ့သည်၊ သူမက ခေါင်းကိုလှည့်ပြီး ကြည့်လို့မရနိုင်လောက်အောင် ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ ကောယုလျန်၏ အလောင်းကို ကြည့်လိုက်သည်။

ထုံဒီလည်း ကောယုလျန်ကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ အခုတော့ ဒီကြောက်စရာကောင်းတဲ့ ရှေးဟောင်းအလောင်းနဲ့ ရင်ဆိုင်ဖို့ သူစိတ်မရှိတော့ပေ။

ကောယုလျန် မသေဘူးဆိုရင်တော့ တစ်မျိုးပေါ့။

“ရှောင်မို၊ မင်း ဘာလို့ ဦးလေးကော အလောင်းကို မနက်မလင်းခင် ရှာဖို့ ဒီလောက် အသည်းအသန်ဖြစ်နေတာလဲ။ ဘာအသုံးဝင်လို့လဲ” လို့ ယန်ကျွင်းဇဲက ရှေးဟောင်းအလောင်း မိုတား တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ဘက်ကို ကြည့်ရင်း မေးလိုက်သည်။

“ကြယ်‌လေးပွင့်နတ်ဆိုးနှိမ်နင်းသူတွေက အရမ်းရှားတယ်၊ သူတို့က သူတို့ ဝိညာဉ်တွေကို မနက်လင်းတဲ့အထိ သံလိုက်အားနဲ့ ထိန်းသိမ်းထားနိုင်တယ်” လို့ ကျန်းရှောင်မိုက ဝမ်းနည်းစွာ ပြန်ဖြေသည်၊ “ဌာနချုပ်မှာ ‘ဝိညာဉ်ထိန်းသိမ်းရေးကိရိယာ’ တွေရှိတယ်။ အလောင်းမပျက်စီးရင် အလောင်းကို ပြန်ယူပြီး နတ်ဆိုးနှိမ်နင်းရေးအဖွဲ့ခွဲရုံးကို ပို့ပြီး ထိန်းသိမ်းထားတဲ့ ဝိညာဉ်တွေကို ထုတ်လွှတ်ပေးရင် ဌာနချုပ်က ‘ဝိညာဉ်ထိန်းသိမ်းရေးကိရိယာ’ တွေနဲ့ ဦးလေးဂ ကောကို အဝေးကနေ ရှင်ပြန်ထမြောက်အောင် လုပ်ပေးနိုင်တယ်!”

ယန်ကျွင်းဇဲက အကြမ်းဖျင်းတော့ ခန့်မှန်းပြီးသားဖြစ်ပေမယ့် ကျန်းရှောင်မို ပြောတာကို ကြားပြီးနောက် သူ့မျက်လုံးများ တောက်ပလာခဲ့သည်။

ကြယ်လေးပွင့်နဲ့အထက် နတ်ဆိုးနှိမ်နင်းသူတွေက ဒီလိုထူးခြားတဲ့စွမ်းရည်ရှိသည်၊ ဝိညာဉ်ကို သံလိုက်အားနဲ့ ခဏထိန်းသိမ်းထားပြီး အလောင်းကို ပြန်ယူလာပြီး ရှင်ပြန်ထမြောက်နိုင်သည်ဆိုတာကို သူ မတွေးဝံ့ခဲ့ပေ။

သို့သော်လည်း အခုတော့ ကောယုလျန်၏အလောင်းက ပြန်လည်မပြုပြင်နိုင်လောက်အောင်ကို ပျက်စီးနေခဲ့သည်။

အဲဒီအချိန်မှာပဲ ယန်ကျွင်းဇဲက ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး မေးလိုက်သည်၊ “ရှင်ပြန်ထမြောက်တာက သူ့၏ကိုယ်ခန္ဓာနဲ့ပဲ ဖြစ်ရတာ မဟုတ်လား”

ကျန်းရှောင်မို ခဏရပ်သွားပြီး မြေပြင်ပေါ်က ပိန်သွယ်နေတဲ့ ယန်လုံ၏ကိုယ်လုံးကို ကြည့်လိုက်သည်၊ “ဦးလေးဂေါ်ကို ရှင်ပြန်ထမြောက်ဖို့အတွက် ဒီဝိညာဉ်စွမ်းအင်ကျင့်ကြံသူ ကိုယ်ခန္ဓာကို သုံးမယ်လို့ ဆိုလိုတာလား”

“ဒါပေမယ့် ဒီကောင်၏လည်ပင်းက ပြတ်နီလုးပါး ခုတ်ဖြတ်ခံထားရတယ်၊ အလောင်းက ပျက်စီးနေပြီ မဟုတ်ဘူးလား” လို့ ထုံဒီက ပြောသည်။

ယန်ကျွင်းဇဲက ခေါင်းခါလိုက်ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ မိုတားရှိရာဘက်ကို မော့ကြည့်လိုက်သည်၊ “ကျွန်တော် ဆိုလိုတာက ဟိုကောင် ကိုယ်ခန္ဓာကို သုံးလို့ရမလားလို့”

“ဘာ!”

ကျန်းရှောင်မိုနဲ့ ထုံသည် နှစ်ယောက်လုံး ရပ်တန့်သွားပြီး သူ့ကို စိုက်ကြည့်နေခဲ့သည်။

“စဉ်းစားကြည့်ပါ၊ ဟိုကောင်ကိုယ်ခန္ဓာက ကောင်းကောင်းထိန်းသိမ်းထားတယ်၊ အခုတော့ လက်တစ်ဖက်ပဲ ပျောက်နေတာ။ ကြည့်လိုက်၊ ပြတ်နေတဲ့လက်က ဒီမှာပဲ ရှိတယ်မလား။ လုံးဝ ပြန်ဆက်လို့ရတယ်” လို့ ယန်ကျွင်းဇဲက ရှင်းပြသည်၊ “ဒါ့အပြင် ဒီရှေးဟောင်းအလောင်းမှာ ထူးခြားတဲ့ ကိုယ်ခန္ဓာရှိတယ်၊ အရမ်းအစွမ်းထက်တယ်။ ဦးလေး ကောသာ သူ့ကိုယ်ခန္ဓာကို သုံးပြီး ရှင်ပြန်ထမြောက်နိုင်ရင် သူ ကြယ်ငါးပွင့်နတ်ဆိုးနှိမ်နင်းသူအဖြစ်အဆင့်တက်ဖို့ အခွင့်အရေးရှိနိုင်တယ်!”

All Chapters