စက်ဆုပ်ဖွယ်ကောင်းသော
Vol. 147 Ch. 2097
ရီဖူရှင်းက သူတို့၏ ခေါင်းများအား ယမ်းလိုက်သည်ကို မြင်လိုက်ရပြီးနောက် တိုက်ပွဲမြေပြင်သို့ ပြန်ကြည့်လိုက်သည်။ ဤသည်မှာ အလွန်ကြောက်မက်ဖွယ် တပ်ဖွဲ့များကြားမှ တိုက်ပွဲ ဖြစ်သည်။
သူက သူတို့၏ အရှိန်အဝါတို့ကို မခံစားမိသော်လည်း ပုံရိပ်မှတဆင့် ရီဖူရှင်းသည် တိုက်ပွဲက မည်မျှ ပြင်းထန်ကြောင်း ခံစားမိသည်။
၎င်းသည် ရီဖူရှင်းအား ဤလောကအတွင်း၌ မတူညီသော လူများက အမှန်တကယ် မတူကွဲပြားသောအရာများကို မြင်ရလိမ့်မည် ဖြစ်ကြောင်း သတိပြုမိစေသည်။
ထိုနေရာ၌ ကံကြမ္မာဒြပ်စင်တစ်ခု အမှန်တကယ် ရှိနေနိုင်သည်။
ယင်းသည် သူ၏ ကံကြမ္မာက သူ့အနီးရှိ အခြားလူများထက် ပို၍ အစွမ်းထက်နေသည်ဟု ဆိုလိုခြင်းပေလား။
"သွားကြစို့။" ရီဖူရှင်းက မရပ်တန့်ဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။ သူတို့က နတ်ပြည်ထောင်၏ နန်းတော်သို့ ရောက်လာခြင်း ဖြစ်ပုံရ၏။ ဤနေရာက ခမ်းနားလှသည်။ ရီဖူရှင်းက ၎င်းကို မြင်သောအခါ ဤနေရာသည် အတိတ်ကာလများ၌ မည်မျှ ခမ်းနားထည်ဝါခဲ့မည်ဖြစ်ကြောင်း ခန့်မှန်းမိသည်။
ဤသည်ကို ကြည့်လျှင် လေးမျက်နှာကျေးရွာအကြောင်း ကောလာဟလများက အမှန် ဖြစ်ပုံရလေသည်။ အတိတ်ကာလတွင် လေးမျက်နှာကျေးရွာက နတ်ပြည်ထောင်တစ်ခု ဖြစ်ခဲ့ပုံပင်။
"ဦးလေးရီ။" ထိုအခိုက်တွင် ထျယ်ထိုက ခေါင်းမော့ကာ ပြောလိုက်သည်။ သူသည် ရီဖူရှင်းအား ရှေ့သို့ ဆက်သွားရန် အရိပ်အမြွက်ပေးနေပုံရသည်။
ရီဖူရှင်းက ထျယ်ထို ကြည့်နေသော နေရာသို့ ကြည့်လိုက်၏။ ထိုနေရာ၌ လှေကားပျံတစ်ခု ရှိနေသည်။ လှေကား၏ ထိပ်တွင် တန်ခိုးရှင်တစ်စု ရှိနေ၏။ သူတို့က ကြီးမားသော စစ်တပ်တစ်ခုအသွင် ပေါ်သည်။ သူတို့က လှေကားများကို တက်နေကြဟန်တူသည်။ သူသည် ထိုနေရာ၌ တန်ခိုးရှင် မည်မျှများများ ရှိနေမည်ကို သူ မသိသော်လည်း ထိပ်ဆုံးတွင် ပုံရိပ်တစ်ခုကို ခပ်ဝါးဝါး မြင်နေရသည်။ ၎င်းက အစစ်အမှန်မဟုတ်ဘဲ စွမ်းအင်လှိုင်းများက လူသားသဏ္ဌာန်ပေါ်နေခြင်း ဖြစ်၏။
သို့သော်လည်း ရီဖူရှင်းက ၎င်းကို ရှင်းရှင်းလင်းလင်း ကြည့်ချင်သည့်အခါ ပို၍ပင် ဝေဝါးလာပုံပေါ်သည်။
"ဟိုနေရာမှာ ဘာရှိနေတာလဲဆိုတာ တစ်ယောက်ယောက် ဖော်ထုတ်နိုင်လား။" ရီဖူရှင်းက သူ့ဘေးရှိ ရှားရှင်းယွန်နှင့် အခြားလူများကို မေးလိုက်သည်။ ရှားရှင်းယွန်နှင့် အခြားလူများက ဇဝေဇဝါအကြည့်များနှင့် သူတို့၏ ခေါင်းများအား ယမ်းလိုက်သည်။ ထိုသည်မှာ ယခင်ကနှင့် တူညီပေသည်။ ဤလောကအတွင်း၌ သူတို့က ရီဖူရှင်းထက် ပို၍ မြင်နိုင်စွမ်း ရှိပါမည်လား။
"ကျွန်တော်မြင်နိုင်တယ်။" ထျယ်ထိုက ပြောလိုက်သည်။ "အဲဒီနေရာမှာ ကြီးမားတဲ့ လူကြီးတစ်ယောက်ရှိတယ်။ သူက အရမ်း ခမ်းနားထည်ဝါပုံပဲ။ တူကလည်း အကြီးကြီးနဲ့ ဘယ်လောက်တောင် လေးလိုက်မလဲ။"
ရီဖူရှင်းက ထျယ်ထို၏ စကားများကို ကြားသောအခါ ထူးဆန်းသည့် အမူအရာတို့ ထုတ်ဖော်ပြသလာသည်။ထျယ်ထိုက ၎င်းကို အမှန်တကယ် မြင်နိုင်သည်။ သူက မျက်မမြင်ထျယ်နှင့် ပတ်သတ်၍ ဇာတ်လမ်းများကို အဘိုးမာထံမှ ကြားဖူး၏။ ထျယ်ထိုက မျက်မမြင်ထျယ်၏ ပါရမီကို ဆက်ခံခဲ့ပြီး အချို့သော စွမ်းရည်များ နိုးထလာခဲ့၏။ ထို့ကြောင့် သူက ဤနေရာနှင့် လိုက်ဖက်ညီနေသည်မှာ ဖြစ်နိုင်သည်။
ဤသည်မှာ ထျယ်ထို၏ ကံကြမ္မာအခွင့်အလမ်း ဖြစ်နိုင်၏။
"အဲဒီကို သွားကြရအောင်။" ရီဖူရှင်းက ပြောကာ ထျယ်ထိုကို ခေါ်ဆောင်သွားသည်။ သူက ရှေ့ဆက်သွားပြီး တစ်နေရာသို့ ရောက်သောအခါ ရီဖူရှင်းသည် ရုတ်တရက် အလွန် ခမ်းနားထည်ဝါသော စွမ်းအားကို ခံစားမိလိုက်သည်။ စွမ်းအားက သဏ္ဌာန်မဲ့ လှိုင်းတစ်ခု ဖြစ်လာပြီး သူ့ခန္ဓာကိုယ်ကို တုန်ယင်လာစေသည်။ ၎င်းက အမှန်တကယ်ပင် သူ့ပုံရိပ်အား နောက်သို့ တွန်းပို့နေသည်။ ရှားရှင်းယွန် နှင့် အခြားလူများက ပြန်လှည့်လာပြီး ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ သူတို့သည် သူတို့ရှေ့မှ မြင်ကွင်းကို မမြင်နိုင်သည့်အတွက်ကြောင့် ထိုစွမ်းအားကို တုံ့ပြန်မှု မရှိပေ။
"တကယ်ကို ဆန်းကြယ်တာပဲ။" ရီဖူရှင်းက ထူးဆန်းစွာ ရေရွတ်လိုက်သည်။ ထျယ်ထိုက ရီဖူရှင်း၏ လက်အား လွှတ်လိုက်ပြီး တစ်ယောက်တည်း ဆက်တက်သွားခဲ့သည်။ ရီဖူရှင်းက ထျယ်ထိုလှေကားများသို့ ဆက်ကာ တက်သွားသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် ထျယ်ထိုက ထိုပုံရိပ်ယောင်ရှေ့၌ ရပ်လိုက်၏။
ရီဖူရှင်းသည် ထျယ်ထိုအား ကြည့်လိုက်သည်။ သူသည် ယခု အဘိုးမာ ပြောခဲ့သည့် စကားများကို ပို၍ပင် နားလည်လာခဲ့ပြီ ဖြစ်သည်။ ဤလောက၏ အရှင်သခင်က လေးမျက်နှာကျေးရွာကို တည်ထောင်ခဲ့သည့် ပထမဆုံး ဘိုးဘေး ဖြစ်ရမည်။ ဤနေရာသည် မူလကတည်းက သူတို့အတွက် ချန်ရစ်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ အပြင်လူတစ်ယောက်အနေနှင့် ရီဖူရှင်းသည် အချို့သော စွမ်းအားများ၏ တွန်းလှန်မှုကို ခံနေရပုံပေါ်၏။
အခြားတစ်ဖက်တွင် ထျယ်ထိုက ထိုနေရာကို မြင်နိုင်ပြီး တည့်မတ်စွာ လျှောက်တက်သွားသည်။ ထိုဘိုးဘေးက သူ၏ ပညာရပ်များကို သူ့မျိုးဆက်ထံ လက်ဆင့်ကမ်းတော့မည်လား။
ထျယ်ထိုက ထိုနေရာ၌ ရပ်နေသောအခါ တောက်ပသည့် နတ်အလင်းတန်းများက သူ့အနီးတွင် ဝန်းရံလာခဲ့သည်။ သူက ခေါင်းကိုမော့ပြီး ကြည့်လိုက်သည့်အခါ မည်သည့်ခံစားမှုကိုမှ မခံစားရပေ။ သို့သော် မကြာခင်၌ ထျယ်ထိုသည် တစ်ခုခုက ကွဲပြားလာကြောင်း ခံစားလိုက်ရသည်။ ပုံရိပ်ယောင်က သဏ္ဌာန်တစ်ခုဖွဲ့စည်းလာပုံရ၏။ ပုံရိပ်ကို ဝန်းရံနေသော နတ်အလင်းက ချက်ချင်းပင် ထျယ်ထို၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည်။
ထို့နောက် သူ့ပုံရိပ်က ပြင်းထန်စွာ တုန်ယင်လာသည်။ ထျယ်ထိုသည် လက်နှစ်ဖက်နှင့် ဦးခေါင်းကို ကိုင်ကာ နာကျင်စွာ အော်ဟစ်လိုက်သည်။
"အစ်ကို ထျယ်ထို။" ရှောင်လင်းက ခေါ်လိုက်သည်။ သူက ထျယ်ထိုနာကျင်စွာ အော်ဟစ်လိုက်သည်ကို မြင်သောအခါ ကြောက်ရွံ့သလို ခံစားရသည်။ သူမက ရှေ့သို့ ခြေလှမ်းလိုက်သော်လည်း ရီဖူရှင်းက သူမ လက်ကို ကိုင်ကာ ပြောလိုက်သည်။ "သူ အဆင်ပြေပါတယ်။ သူက ဘိုးဘေးရဲ့ အချို့ ပညာရပ်တွေကို ဆက်ခံနေရတာလေ။"
"အင်း" ရှောင်လင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ သို့သော်လည်း သူမက စိုးရိမ်ပူပန်စွာ ကြည့်နေဆဲ ဖြစ်သည်။
ထိုအချိန်တွင် ရုတ်တရက် ထူးခြားသော စွမ်းအားက လေဟာနယ်အတွင်း ထွက်ပေါ်လာခဲ့သည်။ မရေတွက်နိုင်သော ရွှေရောင်နတ်အလင်းတို့က ထျယ်ထိုရပ်နေသည့် နေရာသို့ ကျဆင်းလာသလို ထင်မှတ်ရသည်။ ရီဖူရှင်းသည် မရေတွက်နိုင်သော ပုံရိပ်များက ကောင်းကင်၌ မားမားမတ်မတ် ရပ်နေသည့် ကြီးမားလှသော ပုံရိပ်ကြီးတစ်ခုအဖြစ် ပေါင်းစည်းဖွဲ့တည်လာကြောင်း ခပ်ရေးရေး ခံစားမိလိုက်၏။
အဘိုးမာပြောသည့်စကားကို အခြေခံလျှင် လေးမျက်နှာနတ်ဘုရားက စောင့်ရှောက်သူအရှင် ခုနစ်ပါးကို ခန့်အပ်ခဲ့သည်ဟု ဆိုခဲ့သည်။ ၎င်းပုံရိပ်က သူတို့ထဲမှ တစ်ယောက် ဖြစ်နိုင်သည်။ ထျယ်ထိုက သူ့စွမ်းရည်ကို ဆက်ခံရခြင်း ဖြစ်နိုင်သည်။
ပို၍ အစွမ်းထက်သော နတ်အလင်းက ချက်ချင်း ဆင်းသက်လာသည်။ ယင်းသည် လေဟာနယ်အတွင်း ပြိုင်ဘက်ကင်း စွမ်းအားတို့ ထွက်ပေါ်လာစေ၏။ ထျယ်ထိုက နတ်အလင်းနှင့် လွှမ်းခြုံထားခြင်းကို ခံထားရသည်။ သူ့ခန္ဓာကိုယ်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာနေပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ အရိုးများ၊ ကြွက်သားများနှင့် သွေးကြောတို့က ပြန်လည်ဖွဲ့စည်းတည်ဆောက်သလို ပြောင်းလဲနေပုံရသည်။
အဝေးမှ လူများသည် ဤနေရာသို့ ဦးတည်လာနေပြီး ထျယ်ထို ရပ်နေသည့် နေရာသို့ ကြည့်လိုက်ကြသည်။
အခြားနေရာတစ်ခုမှ မုယွင်ရှုနှင့် သူ့လူများလည်း ရောက်ရှိလာကြသည်။
မုယွင်ရှုက ထျယ်ထိုကို စိုက်ကြည့်လိုက်သည်။ မုယွင်ရှုက ငယ်ရွယ်သော်လည်း သူ့အသက်အရွယ်ထက်ပင် ပို၍ ရင့်ကျက်စွာ ပြုမူတတ်သည်။ ထျယ်ထိုကို ကြည့်နေသော သူ့အကြည့်များက အေးစက်နေ၏။ ထျယ်ထိုသည် အမှန်တကယ်ပင် ကံကြမ္မာအခွင့်အလမ်းများ ရရှိခဲ့သည်။ ဆိုလိုသည်မှာ ထျယ်ထိုက နိုးထခြင်းအဆင့်ကို တွေ့ကြုံနေရခြင်း ဖြစ်၏။
မုယွင်ရှု၏ ပုံရိပ်က ရှေ့သို့ တိုးဝင်သွားသည်။ သူက အမှန်တကယ်ပင် ထျယ်ထိုရပ်နေသည့် နေရာသို့ တဟုန်ထိုး ပြေးဝင်သွားခြင်း ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းကဲ့သို့ပင် သူသည်လည်း ထျယ်ထိုအနီးသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်သည်နှင့် သဏ္ဌာန်မဲ့ စွမ်းအားတစ်ခုက မုယွင်ရှုကို နောက်သို့ တွန်းပို့လိုက်သည်။
မုယွင်ရှုက သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းကာ ထျယ်ထိုအား စောင့်ကြည့်နေသည်။ သူသည်လည်း ထျယ်ထိုအနီး၌ မည်သည်တို့ ဖြစ်ပျက်နေသည်ကို ရှင်းလင်းစွာ မဖော်ထုတ်နိုင်ပေ။ သူက ထျယ်ထိုကို ဝန်းရံထားသည့် နတ်အလင်းများကိုသာ မြင်နိုင်ပေသည်။ သူသည် ထျယ်ထိုက ကံကြမ္မာအခွင့်အလမ်းများ ရရှိသည်ကို သိ၏။
ဤစွမ်းအားက သူ့ကို ထျယ်ထိုအနီးသို့ ချဉ်းကပ်ရန် ခွင့်မပြုဘဲ တားဆီးနေသည်။
"သူ့ကို တားစမ်း။" မုယွင်ရှုက သူ့ဘေးမှ လူများကို အမိန့်ပေးလိုက်သည်။ သူ့အပြုအူများက ရီဖူရှင်းအား မျက်မှောင်ကြုတ်သွားစေသည်။ မုယွင်ရှုက လေးမျက်နှာကျေးရွာအတွင်း၌ ကျော်ကြားသူ ဖြစ်သည်။ သူက ငယ်ရွယ်သော်လည်း အလွန်ထူးချွန်သူ ဖြစ်၏။ သို့ပေမယ့် သူက အမှန်တကယ်ပင် ကျိုးကြောင်းမဆီလျော်စွာ ပြုမူနေသည်။ သူတို့ မည်မျှ ပြဿနာဖြစ်ခဲ့ကြပါစေ ထျယ်ထိုက သူနှင့် ကျောင်းအတူတူ တက်နေသူ ဖြစ်သည်။ သူတို့အားလုံးက သီးသန့်ကျောင်းတွင် နေကြပြီး ရွာသားအချင်းချင်းလည်း ဖြစ်သည်။
မုယွင်ရှုသည် ထျယ်ထိုက မဟာလမ်းစဉ်စွမ်းအား နိုးထလာသည့်အတွက် ပျော်ရွှင်ပေးသင့်သည်။ သူတို့ နှစ်ယောက်လုံးက ဤနေရာ၌ နယ်ခံများ ဖြစ်ကြ၏။ သူတို့ ဘိုးဘေးများထံမှ ပညာရပ်များကို ဆက်ခံနိုင်ခြင်းက သူတို့အတွက် ပျော်စရာကိစ္စသာလျှင် ဖြစ်သင့်သည်။
သို့သော် မုယွင်ရှုက ထိုသို့ မတွေးပေ။ သူသည် အလွန် ငယ်ရွယ်နေဆဲ အချိန်မှာပင် အတ္တကြီးလွန်းလှသည်။ သူက စိတ်ကျေနပ်သရွေ့ အရာအားလုံးကို လုပ်ဆောင်လိမ့်မည် ဖြစ်သည်။
"မင်းတို့ နှစ်ယောက်လုံးက လေးမျက်နှာကျေးရွာက ဒေသခံတွေပဲ။ ဒီနေရာမှာ တွေ့ကြုံရမယ့် မင်းရဲ့ ကံကြမ္မာအခွင့်အလမ်းကို ရှာဖို့ ကိုယ့်လမ်းကိုယ် သွားသင့်တယ်။ မင်းအနေနဲ့ ကိုယ့်အလုပ်ကိုယ် လုပ်ပြီး တခြားလူကို မနှောက်ယှက်တာ ပိုကောင်းလိမ့်မယ်။" ရီဖူရှင်းက မုယွင်ရှုအား ပြောလိုက်သည်။ ဤလူငယ်လေးက အထင်သေးစရာကောင်းအောင် ပြုမူနေသည်။
"ခင်ဗျားက ကျုပ်ကို အပြစ်ပြောနေတာလား။" မုယွင်ရှုအား ရီဖူရှင်းအား ကြည့်လိုက်သည်။ ထိုမောက်မာသော လူငယ်၏ မျက်လုံးများထဲ၌ အေးစက်သော အလင်းတို့ ဖြတ်ပြေးသွား၏။ သူက ရီဖူရှင်းအား အထင်သေးနေပုံရသည်။
"ကျုပ်လမ်းကို ဝင်မရှုပ်နဲ့။" မုယွင်ရှုက သူ့လမ်းအား ပိတ်ထားသော ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။
ရီဖူရှင်းသည်လည်း တစ်ဖက်လူကို တူညီစွာပင် ပြန်ကြည့်နေခဲ့သည်။ ရီဖူရှင်းက မုယွင်ရှု၏ စရိုက်အား မနှစ်သက်လျှင်ပင် မုယွင်ရှုက ငယ်ရွယ်သေးပြီး သူတို့က အခု သူ့ရွာထဲ၌သာ ရှိသေးသည်ကို ထည့်သွင်းစဉ်းစားရမည်။ ရီဖူရှင်းက မုယွင်ရှုနှင့် လေးနက်စွာ ရင်ဆိုင်ရန် စိတ်မဝင်စားသော်လည်း ထိုလူငယ်က ပိုပို၍ မောက်မာလာခဲ့သည်။
"ထွက်သွားစမ်း။" ရီဖူရှင်းက ပြောလိုက်သည်။ သူက ထပ်သည်းမခံနိုင်တော့ပေ။ သူက မုယွင်ရှုအား စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်၏။ ရီဖူရှင်းသည် နှစ်ပေါင်းများစွာ ကျင့်ကြံလာပြီး ဆိုးယုတ်သူအမြောက်အမြားနှင့် တွေ့ကြုံဖူးသည်။ သို့သော်လည်း သူသည် ထိုမျှ ငယ်ငယ်ရွယ်ရွယ်နှင့် စက်ဆုပ်ဖွယ်ကောင်းသော ဂျူနီယာတစ်ယောက်အား မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်တော့၏။
***