← Chapters

တောင်းပန်ခြင်း

Vol. 148 Ch. 2099

တောင်းပန်ခြင်း

Vol. 148 Ch. 2099

နန်ဟိုင်ချင်းက ရီဖူရှင်း၏အပြုအမူကို မြင်သည့်အခါ မှင်တက်သွား၏။ ဤ အတိုင်းအတာထိ သူ၏ တည်ရှိမှုကို လျစ်လျူရှူရန် ဖြစ်နိုင်ပါသလား။

ရီဖူရှင်းက သူ့ကို ဖြတ်ကျော်ကာ ရှေ့သို့ ဆက်လျှောက်သွားသည်။ သူက မုယွင်ရှုထံသို့ လှမ်းသွားခြင်း ဖြစ်သည်။

နန်ဟိုင်ချင်း၏ ခန္ဓာကိုယ်မှ ဖိနှိပ်ခြင်း မဟာလမ်းစဉ်သို့ ထွက်ပေါ်လာပြီး ထိုလေဟာနယ်ကို ချက်ချင်းဖိနှိပ်ပစ်လိုက်သည်။ ဤ နေရာအတွင်း၌ ရှိနေသည့် မည်သူမဆို လှုပ်ရှားရန် ခက်ခဲသွားခဲ့ကြသည်။

မဟာလမ်းစဉ်၏ မမြင်နိုင်သော ဖိအားက သူတို့ကို ရေအောက်ထဲ၌ ပိတ်မိနေသကဲ့သို့ မွန်းကြပ်ဖွယ် ခံစားမှု ဖြစ်လာအောင် ပြုလုပ်နိုင်စွမ်း ရှိသည်။ သူတို့သည် တစ်လက်မမျှပင် လှုပ်ရှားရန် မလွယ်ကူပါ။

သိသာစွာပင် ရီဖူရှင်းသည်လည်း ထိုစွမ်းအားကို ခံစားမိသည်။ သူ၏ ခန္ဓာကိုယ်ထက်၌ နတ်အလင်းတို့ ထွက်ပေါ်လာပြီး ထိုမဟာလမ်းစဉ်ဖိအားက သူ့ပေါ်သို့ မသက်ရောက်သကဲ့သို့ ရှေ့သို့ ဆက်လှမ်းသွား၏။

နန်ဟိုင်ချင်းက သူ့ကို တစ်ခုခုလုပ်လိုသော်လည်း ပုံရိပ်တစ်ခုက သူ့ရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။ ထိုလူက မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေပြီး သူ့ကို တိတ်ဆိတ်စွာ ကြည့်နေ၏။ နန်ဟိုင်ချင်းသည် ကျောရိုးတလျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရ၏။ ထိုလူ၏ အရှိန်က အလွန် လျင်မြန်လှသဖြင့် သူပင် လှုပ်ရှားရန် အချိန်မရှိလိုက်ခင် ထိုလူက သူ့ရှေ့တွင် ရောက်ရှိနေပြီး ဖြစ်သည်။

ထိုလူ၏ မျက်လုံးများမှ အလင်းတန်းနှစ်ခု ထိုးထွက်လာခဲ့သည်။ တောက်ပသော အလင်းက သူ့ကို မမြင်ရလုနည်းပါး ဖြစ်သွားစေပြီး တခဏအတွင်း၌ သူ၏ စိတ်ထဲတွင် ပရမ်းပတာနှင့် အလွန် ရှုပ်ထွေးသွားစေသည်။ နန်ဟိုင်ချင်းက စက္ကန့်ပိုင်းအတွင်း ချိုးဖျက်နိုင်စွမ်း ရှိသော်လည်း သူ့ မျက်လုံးများတွင် တောက်ပသော အလင်းတို့ဖြင့် ပြည့်နှက်နေဆဲဖြစ်လေရာ သူ၏ အာရုံစိုက်မှုကို ​​ပြန်လည်ရရှိ​အောင် စောင့်ဆိုင်းရုံသာ တတ်နိုင်သည်။

ထိုအခိုက်အတန့်တွင် နန်ဟိုင်ချင်းသည် ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရပြီး ချက်ချင်းပင် အန္တရာယ်ကို ခံစားမိသည်။ သူက မလှုပ်ရှားသော်လည်း သူ၏ မျက်လုံးများက သူ့ရှေ့မှ လူထံသို့ စူးရဲစွာ ရောက်နေသည်။

"အလင်းလမ်းစဉ်။"

နန်ဟိုင်ချင်းသည် အတွေ့အကြုံရင့်ကျက်ရာ သူ့ကို ကြီးစွာ ခြိမ်းခြောက်နိုင်သော အလင်းလမ်းစဉ်ကို တစ်ဖက်လူက ကျွမ်းကျင်ကြောင်း ချက်ချင်းသတိပြုမိလိုက်သည်။ သူက အလျင်စလို မလှုပ်ရှားရဲတော့ပေ။ သူ လှုပ်ရှားလိုက်သည်နှင့် သူ့ရှေ့မှ လူက သူ့ကို တိုက်ခိုက်ရန် ချက်ချင်းတုံံ့ပြန်လာလိမ့်မည်ဟု ခံစားမိ၏။

ထို့အပြင် ထိုလူ၏ အဆင့်က သူနှင့် ယှဉ်နိုင်စွမ်း ရှိသည့်အတွက် နန်ဟိုင်ချင်းကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားသည့် တစ်စုံတစ်ယောက်သည် သူနှင့် အဆင့် တူညီနေသော်လည်း ဤ လူက ရီဖူရှင်းကဲ့သို့ အဖွဲ့ထဲမှ အဓိကလူတစ်ယောက်ပင် ဟုတ်မနေချေ။

နန်ဟိုင်ချင်းသည် သူ၏ ပြိုင်ဘက်ကို အနည်းငယ်မျှပင် အထင်မသေးရဲတော့ပေ။ သူသည် သူရှေ့မှ လူကို အာရုံစိုက်လိုက်ကာ ရီဖူရှင်းအား လတ်တလော လျစ်လျူရှုထားလိုက်သည်။

သူ့ရှေ့တွင် ပေါ်လာသည့် သူမှာ ချန်ယိပင် ဖြစ်၏။ ချန်ယိသည် ယခင် တုန်းဟွာအခမ်းအနား၌ပင် အလွန် အစွမ်းထက်နေပြီး ဖြစ်သည်။ သူက ဤ နှစ်များအတွင်း အချိန်ကို အလဟဿမဖြစ်စေခဲ့ပဲ သူ့ကိုယ်သူ တိုးတက်အောင် တောက်လျှောက် လုပ်ဆောင်ခဲ့သည်။

ထို့အပြင် သူ၏ တိုးတက်မှုက သိသာထင်ရှားသည်။

ချန်ယိ၏ ထွက်ပေါ်လာမှုက နန်ဟိုင်ချင်းကို ချုပ်နှောင်ထားခဲ့နိုင်သည်။ လက်ရှိတွင် ထူးခြားသော အခြေအနေတစ်ရပ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်းက အတားအဆီးမဲ့စွာ မုယွင်ရှုထံသို့ တိုက်ရိုက် လျှောက်သွား၏။ ချန်ယိက ထိုနေရာ၌ ရှိနေသရွေ့ နန်ဟိုင်ချင်းသည် လှုပ်ရှားမှု ပြုလုပ်ရဲမည် မဟုတ်ပေ။

ရီဖူရှင်းက မုယွင်ရှုရှေ့သို့ ရောက်ရှိလာသည့်အခါ သူ့အမူအရာက ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။ မုယွင်ရှုက နန်ဟိုင်ချင်းနှင့် အခြားလူများကို ကြည့်လိုက်ပြီး တိတ်တခိုး ကျိန်ဆဲလိုက်၏။ ဤ အမှိုက်အုပ်စုက အမှန်တကယ် စွမ်းအားမရှိပါဘဲ သူတို့ကိုယ်သူတို့ ကောင်းကင်တတိယ အလွှာရှိ ထိပ်သီးအင်အားစုတစ်ခုအဖြစ် ကြွေးကြော်ရဲကြသည်။

သူတို့က ဤ အပြင်လူများနှင့်ပင် ရင်ဆိုင်နိုင်စွမ်း မရှိကြပေ။

ရီဖူရှင်းကို ကြည့်နေသည့် ထိုမျက်လုံးများက ပမာမခန့်အသွင် ပြသနေဆဲဖြစ်ပြီး နောက်ဆုတ်ရန် မည်သည့် ရည်ရွယ်ချက်မှ ရှိပုံ မရပေ။ သူက ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောလိုက်၏။ "အောက်မေ့တမ်းတခြင်း အခမ်းအနားမှာ အပြင်လူတွေကို တိုက်ခိုက်တာကနေ မတားမြစ်ထားပေမယ့် ဒီနေရာမှာ လေးမျက်နှာကျေးရွာတွေက တစ်စုံတစ်ယောက်ကို ထိရဲရင် ဘယ်တော့မှ အသက်ရှင်လျက် ထွက်သွားရမှာ မဟုတ်ဘူး။"

အောက်မေ့တမ်းတခြင်းအခမ်းအနား ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အပြင်လူများက ရွာအတွင်းသို့ ဝင်လာသည်နှင့် သူတို့သည် ရွာသားများ၏ ဂုဏ်သိက္ခာကို နင်းချေခြင်းမှ အကြွင်းမဲ့ တားဆီးထားသည့် ထိန်းချုပ်ကန့်သတ်မှုအောက်တွင်သာ ရှိနေရမည် ဖြစ်သည်။ သူတို့သည် ရွာသားများကို ဆန့်ကျင် တိုက်ခိုက်ရန် ခွင့်ပြုချက်မရှိထားပေ။

ထို့ကြောင့် မုယွင်ရှုက ရီဖူရှင်းကို မကြောက်ရွံ့ချေ။ တစ်ဖက်လူက သူနှင့် ရင်ဆိုင်ရန် နည်းလမ်းမရှိသည်ကို အလွန် သေချာနေသည်။

ရီဖူရှင်းက မုယွင်ရှုထံသို့ လျှောက်သွားကာ သူ့အား အထင်အမြင်သေးသော အမူအရာနှင့် ကြည့်လိုက်သည်။ "ဒီရွာထဲမှာ မဟုတ်ဘဲနဲ့ အပြင်လောကမှာသာဆိုရင် မင်းရဲ့ ဒီလို မောက်မာနေမှုနဲ့ ဘယ်လိုသေမှန်းတောင် မသိ သေသွားရလိမ့်မယ်။"

မုယွင်ရှုက မျက်မှောင်ကြုတ်ကာ ခေါင်းကို မော့၍ ရီဖူရှင်းကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ကျုပ် အပြင်လောကကို ရောက်ခဲ့ရင် လူတိုင်းက ကျုပ် နာမည်ကို သိကြလိမ့်မယ်။ ဘယ်သူက ကျုပ်ကို ထိရဲမှာလဲ။"

လူတွေက ပြောကြသည်မှာ လူငယ်များက မောက်မာတတ်သည်ဟု ဖြစ်ပြီး အလွန် ထူးခြားသော ပါရမီနှင့် စရိုက်သဘာဝရှိသော မုယွင်ရှုကဲ့သို့ ထူးခြားသည့် လူငယ်က ပို၍ ဆိုးသည်။ သူအပြည့်အဝ နားမလည်နိုင်သေးသော ကိစ္စများစွာ ရှိသေးသော်လည်း သူ့ကိုယ်သူ မျက်ကန်းယုံကြည်ချက်မျိုး ရှိနေသည်မှာ ငြင်းဆန်၍ မရပေ။

ဘုန်း...

မုယွင်ရှု၏ ခန္ဓာကိုယ်မှ မမြင်ရသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ သို့သော် တခဏအတွင်း မုယွင်ရှု၏ ခန္ဓာကိုယ်ကို ဆန့်ကျင် ဖိနှိပ်လာသော မမြင်ရသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့၏။ တခဏအတွင်း၌ မုယွင်ရှု၏ အမှုအရာက ကြောက်မက်ဖွယ် ကိုးယို့ကားယား ဖြစ်သွားသည်။ ရီဖူရှင်း၏ အေးစက်သော မျက်လုံးအစုံက ထက်ရှသော ဓားများကဲ့သို့ ထိုးဖောက်လာခဲ့ပြီး မုယွင်ရှုကို နေရာ၌ပင် မမြင်နိုင်သော လက်ကြီးတစ်ခုက ချုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။

ဘုန်း...

သူသည် ထိုချုပ်နှောင်မှုမှ လွတ်မြောက်ချင်နေသကဲ့သို့ သူ၏ နောက်ကျောဘက်မှ ကြီးမားသော ရွှေရောင်တောင်ပံကြီးတစ်စုံ ပေါ်ပေါက်လာခဲ့သည်။

သို့သော်လည်း သူသည် လွတ်မြောက်သွားအောင် သူ၏ တောင်ပံများကို ခတ်နိုင်စွမ်း မရှိခဲ့ပေ။  မမြင်ရသော လက်ကြီးတစ်ဖက်အဖြစ်သို့ ပြောင်းလဲထားသည့် စွမ်းအားများက သူ၏ ခန္ဓာကိုယ်အား ဆန္ဒရှိသလို လှုပ်ရှား၍ မရအောင် ဖိနှိပ်ထားခဲ့သည်။

"လေးမျက်နှာကျေးရွာထဲမှာ ခင်ဗျားက ကျုပ်ကို ဆန့်ကျင်ချင်နေတယ် ခင်ဗျားသေချင်နေတာလား။" မုယွင်ရှုက ရီဖူရှင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ငါ့မှာ တခြား လုပ်စရာ ဘာမှမရှိတာမို့လို မင်း ဒီအတိုင်း ဆက်နေချင်လည်း ရတယ်။ ငါ့မှာ အချိန်တွေ ပိုလွန်းနေတယ်" ရီဖူရှင်းက သူ၏ ခြိမ်းခြောက်မှုများကို လျစ်လျူရှုကာ ပြောလိုက်သည်။ "ငါတို့ ဒီလိုပုံစံအတိုင်း ဆက်နေပြီးတော့ မင်းဘယ်လို ကောင်းကောင်းမွန်မွန် ပြုမူရမယ်ဆိုတာ သင်ပေးမယ်ဆိုရင်ကော ဘယ်လိုလဲ။"

"ခင်ဗျား လုပ်ရဲတယ်လား။" မုယွင်ရှုက ရီဖူရှင်းကို စိုက်ကြည့်ကာ ဒေါသတကြီးပြောသည်။ ရီဖူရှင်းက သူ့ကို ဤကဲ့သို့ ထိန်းချုပ်ထားခြင်းမှာ သူ့အား အကျဉ်းချထားခြင်းနှင့် မခြားပေ။

သို့ဆိုလျှင် အောက်မေ့တမ်းတခြင်းအခမ်းအနားနှင့် သူ လုံးဝ လွဲချော်သွားနိုင်သည်။

ထိုသို့သော အခွင့်အရေးမှာ အရေးကြီးပြီး ရှားပါးလှသည်။ သို့သော် သူက ရီဖူရှင်းနှင့် ဤ နေရာ၌ တချိန်လုံး နေရမည်လား။

"မင်း အဲဒီလို မနေချင်ဘူးဆိုရင် ထျယ်ထိုကို ဦးသုံးကြိမ်ညွှတ်ပြီး တောင်းပန်လိုက်။" ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။

"ကျုပ်ကလား။ သူ့ကို တောင်းပန်ရမယ်ဟုတ်လား။" မုယွင်ရှုက ရီဖူရှင်း၏ စကားများကို ကြားသည့်အခါ သူ့ကို ကြည့်လိုက်သည်။ "မဖြစ်နိုင်ဘူး။"

"ဒီလိုဆိုမှတော့ မင်း တခြား ဘာအခွင့်အလမ်းမှ ရှာနေစရာမလိုတော့ဘူး။ ငါမင်းကို ဒီနေရာမှာ နေရအောင် အဖော်ပြုပေးမယ်။" ရီဖူရှင်းက ပြန်ဖြေလိုက်ပြီး တိုက်ပွဲ မြေပြင်သို့ ကြည့်လိုက်သည်။ မုယွင်ရှု၏ အမူအရာက ပြောင်းလဲသွားသည်။ ရီဖူရှင်းက ဟာသပြောနေခြင်းမဟုတ်ကြောင်း သူရိပ်မိလိုက်သည်။

တိုက်ပွဲမြေပြင်တွင် ရှိနေသော အမှိုက်သုံးယောက်က သူ့အား ကြည့်ရှုရန် အချိန်မရှိနေပေ။ ကြီးမားသော စွမ်းရည်ရှိသည်ဟု ပြောဆိုခဲ့သည့် နန်ဟိုင်ချင်းက လူငယ်တစ်ယောက်၏ ထိန်းချုပ်မှုကို ခံထားရသည့်အတွက် လှုပ်ရှားနိုင်စွမ်းမရှိပေ။

အခြားတိုက်ပွဲနှစ်ခုတွင်လည်း သူတို့က အရေးသာနေခြင်း မရှိပေ။

သူတို့သည် မုယွင်ရှုတို့ဘက်တွင် ရီဖူရှင်းနှင့် မည်သို့ ဖြစ်ပျက်နေသည်ကို မြင်သော်လည်း မုယွင်ရှု၏ လုံခြုံရေးကို စိတ်မပူကြပေ။ ရီဖူရှင်းက မည်မျှ အတင့်ရဲပါစေ သူက လေးမျက်နှာကျေးရွာအတွင်း၌ မုယွင်ရှုအား သေသည်အထိ သတ်ရဲလိမ့်မည် မဟုတ်ကြောင်း သိသည်။ မဟုတ်လျှင် သူက ရွာအတွင်းမှ အသက်ရှင်လျက် ထွက်သွားရလိမ့်မည် မဟုတ်ပေ။

"တောင်းပန်ပါတယ်။" မုယွင်ရှုက မသာမယာအသံနှင့် ပြောဆိုလိုက်သည်။ ယခင်က သူသည် ဤ နေရာ၌ ထျယ်ထိုကို မြင်သည့်အခါ သူ့အခွင့်အရေးကို ဖျက်ဆီးပစ်ချင်ခဲ့သည်။ သို့သော်လည်း ယခုတွင် ၎င်းက ဖြစ်နိုင်ပုံမရတော့။ သူက ဤ နေရာ၌ ရီဖူရှင်း၏ ထိန်းချုပ်မှုကို မခံချင်ဘဲ အခြားတစ်နေရာသို့ သွားကာ သူ၏ ကိုယ်ပိုင်အခွင့်အရေးကို ရှာဖွေချင်သည်။

"ရိုးသားမှုကို ငါမခံစားမိဘူး။ မင်း ထျယ်ထိုနဲ့ မျက်နှာချင်းဆိုင်ပြီးတော့ သုံးကြိမ်ဦးညွှတ်လိုက်။" ရီဖူရှင်းက ပြန်လှည့်ကာ ထျယ်ထိုကို ကြည့်လိုက်သည်။ မုယွင်ရှုက သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ရီဖူရှင်းအား ကြည့်လိုက်၏။ သို့သော်လည်း သူ၏ အမူအရာသည် ချက်ချင်းပင် ပုံမှန်သို့ ပြန်ဖြစ်သွားကာ ထျယ်ထိုကို ဦးညွှတ်ကာ ပြောလိုက်သည်။ "ငါတောင်းပန်ပါတယ်။"

"ဦး သုံးကြိမ်ညွှတ်။" မုယွင်ရှုသည် အမှန်တကယ်ပင် တောင်းပန်ခြင်းအတွက် ဦးသုံးကြိမ်ညွှတ်ခဲ့ရလေသည်။

ထို့နောက် သူက ရီဖူရှင်းအား အပြုံးနှင့် ကြည့်လိုက်၏။ "ဒီလိုဆိုရင်ရော လက်ခံနိုင်ပြီလား။"

ရီဖူရှင်းသည် မုယွင်ရှုအား ကြည့်လိုက်ပြီး မကောင်းသော ခံစားချက်များကို ရသည်။ လူငယ်ကား နောင်တွင် အလွန်ကြီးမားသော အန္တရာယ်ကို သယ်ဆောင်လာနိုင်သည်။

"ဒီနေရာက ထွက်သွား။"

ရီဖူရှင်းက သူ၏ အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ရာ မုယွင်ရှုသည်လည်း ချက်ချင်း လွတ်လပ်သွား၏။ သူက ရီဖူရှင်းအား နက်ရှိုင်းသော အကြည့်တစ်ချက်ပေးလိုက်ပြီးနောက် ပြန်လှည့်ကာ ထွက်ခွာသွားခဲ့သည်။ သူက သူ့လူများအား ပြောလိုက်၏။ "သွားကြစို့။"

ထိုမျက်လုံးများမှ ရီဖူရှင်းသည် ပြင်းထန်သည့် သတ်ဖြတ်လိုခြင်း ဆန္ဒများကို ခံစားမိသည်။ သို့သော်လည်း ဤ လူငယ်လေး၏ စရိုက်ကို သိရှိသည့် အတွက်ကြောင့် သူက အံ့သြ သွားခြင်းတော့ မရှိပေ။

***

All Chapters