← Chapters

အနှောင့်အယှက်မဲ့မြင်ကွင်း

Vol. 148 Ch. 2100

အနှောင့်အယှက်မဲ့မြင်ကွင်း

Vol. 148 Ch. 2100

နန်ဟိုင်ချင်းနှင့် အခြားနှစ်ယောက်သည်လည်း မုယွင်ရှုနှင့်အတူ ထွက်ခွာသွားကြသည်။ သူ မထွက်သွားခင် ရီဖူရှင်းနှင့် အခြားလူများကို တစ်ချက်ကြည့်သွား၏။ ကြည့်ရသည်မှာ တုန်းဟွာနယ်မြေမှ လာသော ထိုတန်ခိုးရှင်များကို သူ လျှော့တွက်ခဲ့ပုံရလေသည်။

သူသည် ထိုလူများက တုန်းဟွာနယ်မြေ၏ နယ်မြေသခင်အိမ်တော်မှ လာခြင်းဟုပင် သံသယဝင်မိသည်။

ထိုသို့သာဖြစ်လျှင် တုန်းဟွာနယ်မြေသည် ရှန်ချင်းနယ်မြေအတွင်းရှိ လေးမျက်နှာကျေးရွာကို ကျူးကျော်ရန် အစီအစဉ်ဆွဲ၍ ကြိုးစားနေခြင်း ဖြစ်ရမည်။

နန်ဟိုင်ချင်းနှင့် အခြားလူများ ထွက်သွားပြီးနောက် ရီဖူရှင်းက ထျယ်ထိုကို လှည့်ကြည့်လိုက်သည်။ နတ်အလင်း၏ လွှမ်းခြုံမှုအောက်တွင် ထျယ်ထိုအား တောက်ပသော အလင်းတို့ ဝန်းရံနေ၏။ ရီဖူရှင်းသည် ထျယ်ထို၏ ဘိုးဘေးဝိညာဉ်ကဲ့သို့ ကြီးမားလှသော နတ်ဘုရားတစ်ပါး၏ အရိပ်ကို ကောင်းကင်ထက်၌ ခပ်ဝါးဝါး မြင်ရသည်။

ကောလာဟလများသာ အမှန်ဖြစ်လျှင် ထိုနတ်ဘုရားကဲ့သို့ အရိပ်သည် အတိတ်က စောင့်ရှောက်သူအရှင် ခုနစ်ပါးမှ တစ်ပါး ဖြစ်နိုင်သည်။ ထျယ်ထိုက သူ့ မျိုးဆက်တစ်ယောက် ဖြစ်နိုင်သလား။

ဘန်း....

ထျယ်ထိုက နောက်ထပ် စွမ်းအင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာစေသည်။ လူတိုင်း၏ အံ့အားသင့်မှုနှင့်အတူ သူ့သက်စောင့်ဝိညာဉ်က ပေါက်ကွဲထွက်လာ၏။ သက်စောင့်ဝိညာဉ်က တဖန် နိုးထလာကာ နတ်ဘုရားတစ်ပါးကဲ့သို့ လူတိုင်းကို လွှမ်းခြုံသွားသည်။ သူက လက်ထဲမှ နတ်ဘုရားတူကို ဝှေ့ယမ်းလိုက်ပြီး လောကထဲရှိ အရာအားလုံးကို လွှမ်းမိုးနေသကဲ့သို့ပင် ဖြစ်သည်။ မရပ်တန့်နိုင်သော စစ်တပ်တစ်ခုသဖွယ် နတ်ဘုရားတူသည် ပြင်းထန်သည့် အရှိန်အဟုန်ကို သယ်ဆောင်ထားပြီး ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာစေသည်။

ထိုသည်မှာ ထျယ်ထို၏ သက်စောင့်ဝိညာဉ်မှ ဖြစ်ပေါ်လာသည့် ထူးခြားဆန်းကြယ်သော ဖြစ်စဉ်တစ်ခုဖြစ်သည်။ ၎င်းက ယခင် မုယွင်ရှု ထုတ်ဖော်ပြသခဲ့သော လွှမ်းမိုးနိုင်သည့် ရွှေတောင်ပံခွန်ပန်ငှက် ပန်းချီနှင့် ဆင်တူ၏။ ထျယ်ထိုသည် နိုးထခြင်းဖြစ်စဉ်အား တွေ့ကြုံ​နေရစဉ်တွင် များပြားလှသော ပုံရိပ်များက သူ့ခေါင်းထဲ၌ ပေါ်ပေါက်လာနေ၏။

ရီဖူရှင်း နှင့် အခြားလူများက သူ့ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ သူတို့က အလျင်စလို လုပ်စရာမလိုသည့်အတွက် ထျယ်ထို၏ အတွေ့အကြုံကို အနှောက်အယှက် မပေးကြပေ။ အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့က ခုနစ်ရက်ကြာမြင့်မည် ဖြစ်သည်။ ထို့အပြင် ကျင့်ကြံခြင်းအခွင့်အရေးက အခုသွား အခုရခြင်းမျိုး မဟုတ်ပေ။ ထိုအစား လူတစ်ယောက်၏ ကံတရားပေါ် မူတည်သည်။ အရာအားလုံးက ကြိုတင်သတ်မှတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် စိတ်ရှည်ရှည် မစောင့်ဆိုင်းနိုင်စရာ အကြောင်းမရှိပေ။

ရှောင်လင်းက အနည်းငယ် စိုးရိမ်ပူပန်နေသည်။ သူမက ထျယ်ထိုကို စိုက်ကြည့်နေခဲ့၏။ သူမက ကျင့်ကြံခြင်းအကြောင်းကို မသိသည့်အတွက် ထျယ်ထိုထံ၌ မကောင်းသည့်အရာ တစ်ခုခု ဖြစ်ပျက်သွားမည်ကို ကြောက်ရွံ့နေသည်။ သူမ၏ မျက်လုံးများက သူ့ပေါ်တွင် ကော်နှင့်ကပ်ထားသကဲ့သို့ တစ်ချိန်လုံး ရှိနေ၏။

ထျယ်ထိုက ရွာထဲတွင် သူမ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်သည်။

ခေတ္တကြာမြင့်သွားပြီးနောက် ထူးခြားကာ ဆန်းကြယ်သော သဘာဝဖြစ်စဉ်က ပျောက်ကွယ်သွားသည်။ ထျယ်ထိုက သူ့မျက်လုံးများကို တဖြေးဖြေး ဖွင့်ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ် ကြီးထွားလာမှုကြောင့် သူ့အဝတ်အစားများက စုတ်ပြဲသွားသည်။ သူက လှည့်ကြည့်လိုက်လျှင် သူက အဝတ်အစားဗလာဖြစ်နေပြီး ရှောင်လင်းက သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ ရှက်ရွံ့သော အပြုံးတစ်ခုက သူ့မျက်နှာထက် ပေါ်ပေါက်လာ၏။

"ထျယ်ထို နင့်ကို ကြည့်ရတာ အရပ်ရှည်လာသလိုပဲ။" ရှောင်လင်းသည် အရာအားလုံးက အလွန် ဆန်းကြယ်ကြောင်း ခံစားမိသည်။ ထျယ်ထိုက အချိန်ခဏလေးအတွင်း ထိုမျှ ကြီးထွားလာသည်။

"ခွန်အားကရော..."

"မသိဘူး။" ထျယ်ထိုက ခေါင်းကုတ်လိုက်သည်။ သို့ဆိုလျှင်ပင် သူက ရှောင်လင်းထက် ပို၍ သိသည်။ သူက ကျင့်ကြံခြင်း၌ ကောင်းချီးရရှိထားသည်ဟု ဆရာသခင်က ပြောခဲ့ပြီး သူက သီးသန့်ကျောင်း၌ သင်ကြားခဲ့သူ ​ဖြစ်လေသည်။ သူက အများအပြားကို သင်ယူခဲ့ရပြီး ကျင့်ကြံခြင်းကို ပိုမိုကောင်းမွန်သော နားလည်မှုများ ရရှိခဲ့သည်။

"ဦးလေးရီ။" ထျယ်ထိုက ရုတ်တရက် တစ်ခုခုကို မှတ်မိသွားသည့်အတွက် ရီဖူရှင်းအား ကြည့်ကာ မေးလိုက်သည်။ "အဖေပြောတာ ကျွန်တော်က အခွင့်အလမ်းကို ခံစားမိနိုင်ပြီး နိုးထတဲ့ အတွေ့အကြုံ ရလာလိမ့်မယ်တဲ့။ အခု ဖြစ်သွားတာကို နိုးထခြင်းလို့ မှတ်ယူရနိုင်လား။"

"ဖြစ်နိုင်ပါတယ်။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ လေးမျက်နှာကျေးရွာမှ လူများက ထူးခြားသည်။ ရိုးရိုးသားသား ပြောရလျှင် ကောင်းချီးပေးခံရသူများကို မဆိုထားနှင့် ကျင့်ကြံရန် မဖြစ်နိုင်ဟု ဆုံးဖြတ်ခံရသော ရွာသားများပင်လျှင် ကောင်းမွန်သော ကျင့်ကြံသူများ ဖြစ်လာနိုင်သည်။ ထျယ်ထိုက ပုန်းကွယ်နေသော အရည်အချင်းများစွာကို ပိုင်ဆိုင်ထားပြီး လေးမျက်နှာကျေးရွာ၏ ဘိုးဘေးနယ်မြေအတွင်း၌ နိုးထခြင်းကို တွေ့ကြုံခဲ့ရသည်။

"အခု ခံစားရသက်သာသွားပြီ။ အဖေတော့ ပျော်မှာပဲ။" ထျယ်ထိုက ခေါင်းကုတ်ရင်း တုံးအသော အပြုံးနှင့် ပြောလိုက်သည်။ ကြည့်ရသည်မှာ သူကျင့်ကြံရသည့် အချက်က သူ့မျက်မမြင်အဖေ ပျော်ရွှင်စေရန် ဖြစ်နိုင်သည်။

သူ ဤနေရာက ထွက်သွားပြီးနောက် သူ့အဖေကို စိတ်ကျေနပ်အောင် လုပ်နိုင်စွမ်း ရှိလိမ့်မည်။

တခြားနေရာကို သွားကြည့်ကြရအောင်။" ရီဖူရှင်းက ပြောလိုက်သည်။

"ဟုတ်ကဲ့။" ထျယ်ထိုက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ရှောင်လင်းမှာလည်း နိုးထမယ့် အခွင့်အရေး ရှိလာနိုင်တယ်။ အဲဒီနောက်မှာ သူမက ကျင့်ကြံနိုင်ပြီး သီးသန့်ကျောင်းရဲ့ ဆရာသခင်လက်အောက်မှာ ကျွန်တော်နဲ့အတူ လေ့လာနိုင်လိမ့်မယ်။"

ရှောင်လင်း၏ တောက်ပသော မျက်လုံးများတွင် မျှော်လင့်ချက်တို့နှင့် ပြည့်နေခဲ့သည်။ သီးသန့်ကျောင်း၌ ဆရာသခင်နှင့် သင်ယူရခြင်းက အမြဲတမ်း သူမ၏ ဆန္ဒဖြစ်၏။ သူမသည် နေ့ရက်တိုင်း ဆရာသခင်၏ ညွှန်ကြားပြသမှုကို ရယူရန် စိတ်အားထက်သန်ခဲ့သည်။

ရွာသားများအားလုံးက သူ့ကို ကြည်ညိုလေးစားကြသော်လည်း သူမသည် သူနှင့် တွေ့ဆုံခွင့်ရမည့် အခွင့်အရေးက ရှားပါးလှသည်။

ရီဖူရှင်းနှင့် အခြားလူများက ရှေ့ဆက်သွားကြသည်။ အချို့လူများက မတူညီသော နေရာများကို ရှာဖွေကြသော်လည်း မည်သည့် သဲလွန်စမှ မရှာဖွေနိုင်ကြသေးပေ။ သူတို့က ဟိုဟိုဒီဒီ လျှောက်သွားရင်း အခွင့်အရေး ရှာဖွေနေကြသည်။

"သူတို့အားလုံးက သီးသန့်ကျောင်းရဲ့ ကျောင်းသားတွေပဲ။" ရှောင်လင်းက ခပ်တိုးတိုး ပြောလိုက်သည်။ သူမသည် ဆရာသခင်၏ သင်ကြားမှုကို ခံယူရသော ကျောင်းသားများအား မနာလိုအားကျသ​ဖြင့် တစ်ယောက်စီတိုင်းကို သေချာမှတ်မိသည်။ အခွင့်အရေး ရရှိသူများအားလုံးက သီးသန့်ကျောင်းမှ ကျောင်းသားများ ဖြစ်ကြသည်။

ဆရာသခင်၌ အတော်လေး ကောင်းမွန်သော အမြင်ရှိသည်။

"ဟုတ်တယ်။" ထျယ်ထိုကလည်း ခေါင်းညိတ်လိုက်သည်။

ရီဖူရှင်းသည် သူတို့၏ စကားများမှတဆင့် အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့၌ အခွင့်အရေးအချို့ရသူများမှာ ဆရာသခင် ရွေးချယ်ခြင်းကို ခံခဲ့ရသူများဖြစ်ကြောင်း သတိထားမိသည်။ ကြည့်ရသည်မှာ ဆရာသခင်က သူတို့၏ ပင်ကိုယ်စွမ်းရည်ကို အစကတည်းက သတိပြုမိပုံရ၏။

"ဒီလိုဆိုရင် ကျွန်မမှာ အခွင့်အရေး တစ်ခုမှ မရှိလောက်ဘူးထင်တယ်။" ရှောင်လင်းက ထိုအတွေးကြောင့် ဝမ်းနည်းကာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ဆရာသခင်က သူမကို ကျင့်ကြံရန် မရွေးချယ်ခဲ့သည့်အတွက် သူမက လက်ဗလာနှင့် ပြန်သွားရရန် ဖြစ်နိုင်ချေများသည်။

"အဲဒါအမှန်မဟုတ်ဘူး။ ဆရာသခင်ကို ငါ မေးကြည့်တော့ အရင်တုန်းက ခြွင်းချက်ရှိဖူးတယ်လို့ ပြောတယ်။ တချို့လူတွေက ဒီ​နေရာကို လာပြီးမှ ကျင့်ကြံခြင်းစွမ်းရည် ရုတ်တရက် ရရှိလာတယ်လို့ ပြောကြတယ်။ မင်းကလည်း သူတို့ထဲက တစ်ယောက်ဖြစ်နိုင်တယ်။" ထျယ်ထိုက ရှောင်လင်းအား နှစ်သိမ့်လိုက်သည်။

"အင်းပါ။" ရှောင်လင်းက ထျယ်ထို သူမ စိတ်သက်သာရာရအောင် ပြောကြောင်း သိသည်။

ရီဖူရှင်းက ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ ခမ်းနားကြီးကျယ်သော ရှေးဟောင်းနတ်ပြည်ထောင်က တောက်ပကာ တစ်ချိန်တည်းမှာပင် သိမ်မွေ့နက်နဲဟန် ရှိသည်။ ခမ်းနားကြီးကျယ်သော နန်းတော်သည် လူအများ၏ ကြည်ညိုခြင်းနှင့် ရိုသေလေးစားမှုတို့ကို ခံယူရပြီး ဂုဏ်ရှိန်ကြီးမားပေသည်။

ရီဖူရှင်းသည် မုယွင်ရှုနှင့် သူလူများက နတ်ပြည်ထောင်၏ နန်းတော် ဘယ်ဘက်သို့ လျှောက်သွားကြောင်း သတိပြုမိလိုက်၏။ သူက ထိုနေရာတွင် တောက်ပနေသော နတ်ငှက်များကို ဝေဝေဝါးဝါး မြင်ရသည်။ ငှက်များက ရွှေရောင်ရုပ်တုကဲ့သို့ ထင်မှတ်ရပြီး မုယွင်ရှုက အထဲကို ဝင်သွားခဲ့သည်။

မုယွင်ရှုတွင် စောင့်ရှောက်သူအရှင် ခုနစ်ပါးမှ တစ်ပါး၏ အမွေဟု ဆိုနိုင်သော ရွှေတောင်ပံခွန်ပန်ငှက် သက်စောင့်ဝိညာဉ် ရှိသည်။ ထို့ကြောင့် သူက ဤနေရာ၌ အခွင့်အရေးတစ်ခု ရရှိသည်မှာ သဘာဝပင် ဖြစ်၏။ ထို့အပြင် မုယွင်ရှုက ကြီးမားသော ပါရမီကို ​ပိုင်ဆိုင်ထားသော အထင်ကြီးဖွယ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

သူ၏ နောက်ကျောမှ တောက်ပံတစ်စုံထွက်ပေါ်လာကာ ကောင်းကင်ထက်တွင် တောက်ပသော ရွှေရောင်အလင်းများ ဖြာကျလာပြီး ကြီးမားသည့် ရွှေတောင်ပံခွန်ပန်ငှက်တစ်ကောင် ပေါ်ထွက်လာသည်။ မုယွင်ရှုက နတ်ဘုရား၏ အလင်းများထဲ နစ်မြုပ်ကာ လေထဲတွင် ရစ်ဝဲ​နေသည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှ မျက်စိကျိန်းလောက်ဖွယ် တောက်ပသော နတ်အလင်းများ ထွက်ပေါ်လာပြီး လူအများ၏ အာရုံကို ဖမ်းစားသွားနိုင်သည်။ အားလုံးသော လူငယ်လေးများက မုယွင်ရှု၏ ကံကောင်းမှုအား မနာလိုဖြစ်နေကြသည်။

အပြင်လူများသည်ပင် သက်ပြင်းချလိုက်ကြ၏။ မှန်ကန်သော လူကို ရွေးချယ်ရန်မှာ အရေးကြီးသည်။ နန်ဟိုင်မိသားစုက မုယွင်လန်ကို သူတို့၏ သားမက်အဖြစ် ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်သည်။ မုယွင်ရှုကိုပါ သူတို့ဘက်သို့ ဆွဲဆောင်လိုက်ခြင်းဖြင့် သူတို့က အနာဂတ်၌ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်လာလိမ့်မည်။

မုယွင်လန်နှင့် မုယွင်ရှုတို့သာ မတော်တဆ သေဆုံးခြင်း မရှိခဲ့လျှင် သူတို့က ဆရာသခင် ကျင့်ကြံသူများအဖြစ်သို့ သေချာပေါက် ရောက်ရှိကြလိမ့်မည်။ လေးမျက်နှာကျေးရွာမှ တန်ခိုးရှင်များအနေနှင့် သူတို့က ပြီးပြည့်စုံသော လမ်းစဉ်နှင့် မွေးဖွားလာကြသည်။

"အံ့သြစရာပဲ။" လင်းက ထိုနေရာသို့ စိုက်ကြည့်ကာ တိတ်ဆိတ်စွာ ပြောလိုက်သည်။ သူမက မုယွင်ရှုကို ကောင်းစွာ မတွေးထားလျှင်ပင် ယခုအခိုက်အတန့်တွင် သူက နတ်ဘုရား၏ သားတော်တစ်ပါးကဲ့သို့ တောက်ပနေကြောင်း ဝန်ခံရလိမ့်မည်။

"ကျွန်တော်က သူ့ထက် ပိုတော်လာမှာ သေချာပေါက်ပဲ။" ထျယ်ထိုက မုယွင်ရှုအား ကြည့်ကာ ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။

ရီဖူရှင်းသည် ထျယ်ထို၏ တက်ကြွသော စိတ်ဓာတ်ကြောင့် ပြုံးကာ ပြောလိုက်သည်။ "မင်း သေချာပေါက် ဖြစ်လာမှာပါ။"

ထို့နောက် သူက လှည့်ပတ်အကဲခတ်ကာ ဤလောကက မည်သို့သော စွမ်းအားများ ရှိနေသည့်အတွက် ဤနေရာရှိ အရာအားလုံးကို မြင်နိုင်ရသနည်းဟု သိချင်မိသည်။

***

All Chapters