← Chapters

သစ္စာဖောက်တို့ သေဆုံးခြင်း

Vol. 131 Ch. 1687

သစ္စာဖောက်တို့ သေဆုံးခြင်း

Vol. 131 Ch. 1687

သားရဲကမ္ဘာသည် ကမ္ဘာလောကအပေါင်း၏ ပြောင်းပြန်တစ်ဖက်ခြမ်းတွင် တည်ရှိ၏။ ပိုက်နက်ကား အလွန်တရာ ကျယ်ပြောပြီး စကြ၀ဠာတစ်ဝက်ကိုပင် နေရာယူထားသည်ဟု ဆိုရမည်။

သို့သော် သားရဲကမ္ဘာတွင် ယိုတု မရှိပေ။

မြေအောက်ဘုံအရှင်သခင်ပိစိလေး မှော်စွမ်းအင်ကို အသက်သွင်းပြီးသည့်အခါတွင်တော့ သားရဲကမ္ဘာ၌ ယိုတုရှိလာခဲ့လေပြီ။

ဤယိုတုမှာ အတော်လေး သေးငယ်နေသည်။ သနားစရာကောင်းလောက်အောင် သေးငယ်သော်လည်း လုံလောက်သည်။

ဤယိုတုလေး ထွက်ပေါ်လာသည့် အချိန်တွင် မြေအောက်ဘုံအရှင်သခင်ပိစိလေးမှာ ၎င်းသည် ကြီးမားကျယ်ပြန့်သော ဖြစ်တည်မှုနှင့် ချိတ်ဆက်ဆက်နွယ်ပြီး ဖြစ်သည်ကို ခံစားလိုက်ရ၏။

ဤဖြစ်တည်မှုက ခမ်းနားပြီး စွမ်းအားကြီးလွန်းသောကြောင့် မြေအောက်ဘုံအရှင်သခင်ပိစိလေးမှာ မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း နွားမြှီးကိုပါ လှုပ်ရမ်းနေမိတော့သည်။

နဂါးချီလင်၏ သမီး ကျူဟုန်ယွီက သူ၏တင်ပါးနောက်ရှိ အမြှီးကို စူးစမ်းချင်သောကြောင့် ကိုင်ကြည့်လိုက်၏။

“မာဟာ...”

မြေအောက်ဘုံအရှင်သခင်ပိစိလေးက သူ့ကို ခပ်ပြတ်ပြတ် ငေါက်သည်။

“နားလည်ပါပြီ ဦးလေး ...” ကျူဟုန်ယွီမှာ အဆူခံလိုက်ရသဖြင့် ငိုမဲ့မဲ့အမူအရာဖြင့် ဘေးတွင် ရပ်နေတော့၏။

ဤအခိုက်အတန့်တွင် ယိုတုလေးက ရုတ်တရက် ကျယ်ပြန့်လာသည်။ တခဏအတွင်း အလျင်အမြန် ကျယ်ပြန့်သွားပြီး အသိစိတ်အလျဉ်ကောင်းကင်ဘုံ၏ ချုပ်နှောင်မှုများကို ဖောက်ထွက်သွားသည်။ အချိန်တိုအတွင်း ကမ္ဘာဦးဘုံ အရွယ်အစားတစ်ဝက်အထိ ကြီးမားကျယ်ပြန့်လာချေပြီ။

သားရဲကမ္ဘာ၏ ယိုတုက သားရဲကမ္ဘာနှင့် ထပ်နေသည်။ သားရဲကမ္ဘာတွင် တည်ရှိသော ကမ္ဘာဦးသားရဲကြီးများမှာလည်း စွမ်းအားကြီးမားသည့်အတွက် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များအောက် နိမ့်ကျနေခြင်း မရှိပေ။ သို့သော် သားရဲကမ္ဘာ၏ ယိုတု ထွက်ပေါ်လာသည့်အခါတွင် မှုမမှန်ဖြစ်မှုကိုသာ အနည်းငယ်ခံစားလိုက်ရ၏။ သို့သော် ထိုမူမမှန်မှုက မည်သည့်နေရာမှ အခြေခံသည်လဲ မသိကြချေ။

သားရဲကမ္ဘာ၏ ကောင်းကင်နန်းဆောင်ထဲတွင် ကောင်းကင်နတ်အရှင်လုံရှောင်ကလည်း သူ၏မူလဝိညာဉ်ကို တုန်လှုပ်သွားစေသည့် ထူးဆန်းသော လှိုင်းဂယက်တစ်ခုကို ခံစားလိုက်ရသည်။ သို့သော် နောက်တခဏတွင် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသဖြင့် အံ့အားသင့်သွားသည်။

“ဘာဖြစ်သွားတာလဲ…”

လုံရှောင် သတိအနေအထား ဖြစ်လာသည်။ ပုံပျက်လှိုင်းက သေးငယ်သော်လည်း သားရဲကမ္ဘာ၏ ကောင်းကင်နှင့် မြေကြီး မဟာတာအိုတွင် မူမမှန်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။ သူ့ကဲ့သို့ စွမ်းအားကြီးမားသော ဖြစ်သည်မှုတစ်ခုအနေဖြင့် မဟာတာအို၏ ပြောင်းလဲမှုမှန်သမျှကို ခံစားရလေသည်။

သူ၏ အသိစိတ်အလျဉ်ကလည်း အားကောင်းသည် မဟုတ်လော။ သူက အသိစိတ်အလျဉ်ကို ချက်ချင်း ထုတ်လွှတ်လိုက်ရင်း ကီလိုမီတာတစ်သောင်း ကျယ်ဝန်းသော ဟင်းလင်းပြင်ကို စစ်ဆေးကြည့်လိုက်သည်။ ပထမဦးဆုံးဟင်းလင်းပြင်မှ ၃၅ ခုမြောက် ဟင်းလင်းပြင်အထိ စစ်ဆေးကြည့်သော်လည်း မည်သည့်အရာကိုမှ မတွေ့ရပေ။

သားရဲကမ္ဘာရှိ ကောင်းကင်နှင့် မြေကြီးမဟာတာအိုမှာ ရုတ်တရက် တိုးပွားလာသယောင် ထင်ရသော်လည်း ထိုသို့တိုးပွားလာသည့် ကောင်းကင်နှင့်မြေကြီး မဟာတာအိုက မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။

သူ ထိုသို့တွေးနေသည့်အချိန်တွင် သူ၏ ခေါင်းကိုးလုံးနှင့် မျက်လုံး ၁၈ လုံးသည် အမှောင်ထုထဲ ကျရောက်သွား၏။

ကောင်းကင်နတ်အရှင်လုံရှောင်မှာ ခန္ဓာကိုယ် တောင့်တင်းစွာဖြင့် အမှောင်ထဲတွင် ရပ်နေမိသည်။

သူ့မှာ ကြောက်ရွံ့နေမိသည်။ ဤအခိုက်အတန့်တွင် သူ၏ ရုပ်ခန္ဓာကို မခံစားရတော့ပေ။

သူ၏ခန္ဓာကိုယ် မည်သည့်နေရာတွင် ရှိသည်လဲ မခံစားရတော့ချေ။

ယခု အမှောင်ထုထဲသို့ ရောက်ရှိနေသည်မှာ သူ၏ မူလဝိညာဉ် ဖြစ်သည်။ ခွန်အားကြီးမားသော သူ၏ ရုပ်ခန္ဓာသည် သူပင် မသိလိုက်ဘဲ မူလဝိညာဉ်မှ ကွဲထွက်သွားခဲ့၏။ မည်သည့်အချိန်၌ ကွဲထွက်ခဲ့သည်လဲ သူ မသိခဲ့ချေ။

သူ့မူလဝိညာဉ်၏ မျက်လုံးများသည် ဧရာမနေလုံးကြီး ၁၈ လုံးကဲ့သို့ အဆုံးမရှိသော မီးစွမ်းအားများ ထုတ်လွှတ်လျက် သူ့ပတ်ပတ်လည်ရှိ အမှောင်ထုကို ဖယ်ရှားနိုင်ရန် ကြိုးစားနေသည်။

သူ့တွင် ကျယ်ပြောသော ကောင်းကင်နတ်သိုင်း ရှိသည်။ သူ့ခန္ဓာကိုယ်ထဲမှ မျက်လုံးများကို ကလော်ထုတ်လိုက်ပါက စကြ၀ဠာ၏ အစစ်အမှန်နေတစ်လုံး ဖြစ်လာပေလိမ့်မည်။

သူ၏ မူလဝိညာဉ်အနေဖြင့် ရုပ်ခန္ဓာနှင့် မယှဉ်နိုင်သော်လည်း အလွန်တရာအားကောင်းသော အသိစိတ်အလျဉ် ပါရှိသေးသည်။ သူ၏မူလဝိညာဉ်သာ မြင်ယောင်ဖန်ဆင်းပါက ကြယ်တာရာများကို ဖန်ဆင်းနိုင်ရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။

သို့သော် ဤအမှောင်ထုက ထူးဆန်းလှ၏။ ၎င်းသည် သူ၏ မျက်လုံးထဲရှိ နတ်အလင်းတန်းကို စုပ်ယူနေသောကြောင့် သူ၏ မျက်လုံးများဖြင့် ပတ်ဝန်းကျင်အား မထွန်းလင်းနိုင် ဖြစ်နေစေသည်။

“မြေအောက်ဘုံအရှင်သခင်”

ကောင်းကင်နတ်အရှင်လုံရှောင်မှာ ကြက်သီးမွှေးညှင်းများ ထသွားပြီး ဖန်ဆင်းရှင်တို့၏ သဘာဝရန်သူတော်ကို ရုတ်တရက် တွေးမိသွားသည်။

ကမ္ဘာဦးနတ်ဘုရင်တစ်ပါး ဖြစ်သည့် လုံရှောင်သည် ဖန်ဆင်းရှင်များ၏ ပူဇော်ကိုးကွယ်မှုကို ခံရသော်လည်း ရှေးဟောင်းနတ်ဘုရားများအား ထိပ်တိုက်ရင်ဆိုင်ရာတွင် အသုံးချခံရ၏။ အမိကမ္ဘာမြေဖြစ်စေ၊ ကောင်းကင်ယင်နတ်ဘုရားမဖြစ်စေ၊ ရှေးဟောင်းနတ်မင်းလေးပါးဖြစ်စေ အားလုံးသည် သူ၏ ရင်ဆိုင်တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

သူ မထိန်းချုပ်နိုင်သည့်အပြင် ပြန်လည်ဖိနှိပ်ခံရသည့် ရှေးဟောင်းနတ်ဘုရားဟူ၍ တစ်ပါးတည်းသာ ရှိလေသည်။

မြေအောက်ဘုံအရှင်သခင်ပင်။

မရဏတရားကို ထိန်းချုပ်သော မြေအောက်ဘုံအရှင်သခင်သာလျှင် သူ၏ ဝိညာဉ်နှင့် အသွေးအသားကို ခွာထုတ်ကာ ယိုတုသို့ သူပင် မသိလိုက်ဘဲ ကျရောက်စေနိုင်သည်။

သို့သော်….

“သားရဲကမ္ဘာမှာ ယိုတုမှ မရှိတာ… မြေအောက်ဘုံအရှင်သခင် ဆင်းသက်မလာနိုင်ဘူး”

လုံရှောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ဦးခေါင်းကိုးလုံးက သူ၏ပတ်ဝန်းကျင်ကို သတိကြီးစွာ စိုက်ကြည့်နေသည်။ သူ၏နှလုံးသားထဲတွင် ကြောက်ရွံမှုတို့ ပြည့်နှက်နေပြီး ရတက်မအေး ဖြစ်နေမိ၏။ “ဒါ့အပြင် မြေအောက်ဘုံအရှင်သခင်က သေသွားပြီပဲဟာ”

ထိုစဉ် သူ့အရှေ့ရှိ အမှောင်ထုတွင် လိပ်ပြာပုံသဏ္ဌာန် အမှတ်အသားများ ထွက်ပေါ်လာသည်။ ထိုလိပ်ပြာပုံသဏ္ဌာန် အမှတ်အသားများက အဆက်မပြတ် ပြောင်းလဲ၍ ကြီးထွားလာနေသည်။

ထို့နောက် အမှတ်အသားများကြားတွင် ဒေါင်လိုက်မျက်လုံးတစ်လုံးက ဖြည်းဖြည်းချင်း ပွင့်လာသည်။

ကောင်းကင်နတ်အရှင်လုံရှောင်၏ နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေသည်။ သဘာဝရန်သူတော်၏ အလိုအလျောက် ဖိနှိပ်မှုက သူ၏ ဝိညာဉ်ကို တုန်ရီလာစေသည်။ သူ့မှာ ခုခံရန် မည်သည့်အတွေးမှ မတွေးမိတော့ဘဲ ဒေါင်လိုက်မျက်လုံးကိုသာ ကြောင်ကြည့်နေမိသည်။

ထိုအခိုက်အတန့်တွင် နောက်ထပ် လိပ်ပြာပုံသဏ္ဌာန် အမှတ်အသားတစ်ခုက အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။ ၎င်းက မျက်လုံးတစ်စုံ ဖြစ်ပြီး ဒေါ်လိုက်မျက်လုံးအောက်တွင် တည်ရှိနေ၏။

ထိုမျက်လုံးတစ်စုံ ပွင့်လာသည့်အခါ ကံကြွေးမီးတောက်များက ၎င်းတို့ထဲတွင် ပြင်းထန်စွာ တောက်လောင်နေကြသည်။ မရေမတွက်နိုင်သော သက်ရှိများနှင့် နတ်ဘုရားတို့၏ ဝိညာဉ်များက ၀ဋ်ကြွေးခံစားနေကြရသည့်အလား ငရဲမီးပင်လယ်ထဲတွင် ရုန်းကန်အော်ဟစ်နေကြသည်။

ထိုသက်ရှိသတ္တဝါတို့၏ အနန္တမိစ္ဆာအတွေးတို့မှာ အဆုံးမရှိသဖြင့် ကောင်းကင်နတ်အရှင်လုံရှောင်၏ အသိစိတ်အလျဉ်မှာ ဖရိုဖရဲဖြစ်လာပြီး အာရုံမစူးစိုက်နိုင်တော့ပေ။

သူ၏အရှေ့တွင် မျက်လုံးသုံးလုံးက တစ်လုံးပြီးတစ်လုံး ပွင့်လာပြီး အမှောင်ထုထဲတွင် လူငယ်တစ်ဦး၏ မျက်နှာ ထွက်ပေါ်လာသည်။

“ကောင်းကင်နတ်အရှင်မူလား…”

ကောင်းကင်နတ်အရှင်လုံရှောင်မှာ မှင်သက်သွားမိသည်။ ဤမျက်နှာကား ချင်မူ့မျက်နှာနှင့် တစ်ထေရာတည်းနီးပါး တူသည်။ ပို၍ထူးဆန်းသည်က ချင်မူ့ဦးခေါင်းတွင် ဦးချိုရှည်တစ်စုံ ပေါက်နေသည်။ ကမ္ဘာလောကတစ်သောင်း၏ မြေအောက်မှ ချော်ရည်ပူများက မြစ်ကြီးတစ်စင်းအလား ဦးချိုတလျှောက် စီးဆင်းနေ၏။

ဝုန်း… ဝုန်း… ဝုန်း

ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာပြီး ကောင်းကင်လှည်းဘီးခြောက်ခုက အမှောင်ထုထဲတွင် ဖွဲ့တည်လာကာ မတူညီသော အရပ်မျက်နှာများသို့ လှည့်ပတ်နေကြသည်။

“မဟုတ်ဘူး… ကောင်းကင်နတ်အရှင်မူရဲ့ အစ်ကိုပဲ”

သူတို့ မြေအောက်ဘုံအရှင်သခင်ပိစိလေး၏ စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့စဉ်တုန်းက ချင်မူသည် မြေအောက်ဘုံအရှင်သခင်လေးမှာ သူ၏ အစ်ကိုတော် ဖြစ်ပြီး ရိုင်းစိုင်းခက်ထန်သော သဘာဝရှိသည်ဟု ပြောပြခဲ့သည်။ သူပင်လျှင် သူ၏ အစ်ကိုကြီးကို ကြောက်ရသည်ဟု ဆို၏။

ထိုအချိန်တုန်းက လုံရှောင်မှာ ဟာသတစ်ခုဟုသာ ထင်မှတ်ခဲ့သည်။ နောက်ပိုင်းတွင် နဂါးချီလင်၏ နားထဲ၌ မြေအောက်ဘုံအရှင်သခင်ပိစိလေး နေထိုင်နေသည်ကို တွေ့လိုက်ရသည့်အခါ မြေအောက်ဘုံအရှင်သခင်လေးဆိုသည့် ပုဂ္ဂိုလ်မှာ ထိုကောင်လေးသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသည်။

ချင်မူ့တွင် သူနှင့် ချွတ်စွပ်တူသော အစ်ကိုတစ်ယောက် ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သို့သော် ထူးဆန်းသည်က ချင်မူသည် သူ၏ အစ်ကိုတော်ထက် အသက်များစွာကြီးမည့်ပုံပင်။

တိကျလေးနက်သော ယိုတုဘာသာစကားတို့က ပတ်ဝန်းကျင်မှ ပျံ့လွင့်လာသည်။ နဂါးချီလင်၏ ဘေးတွင်ရှိနေသော မြေအောက်ဘုံအရှင်သခင်ပိစိလေး ရွတ်ဖတ်နေသံနှင့် တူ၏။

ချင်ဖုန်းကျင့်က မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေသည်။ မြေအောက်ဘုံအရှင်သခင်ပိစိလေး စာချုပ်ကို ရွတ်ဖတ်ပြီးသောအခါတွင် ချင်ဖုန်းကျင့်က ပြောသည်။ “လုံရှောင်၊ မင်းဟာ စာချုပ်ကို နှစ်ခါတောင် ဖောက်ဖျက်ခဲ့တယ်… ဒီနေ့က စာချုပ်အတွက် ပေးဆပ်ရမယ့် နေ့ပဲ.. တခြားပြောချင်တာ ရှိသေးလား”

လုံရှောင်က နှလုံးသားထဲရှိ အကြောက်တရားကို ဖိနှိပ်ကာ ရယ်မောလိုက်သည်။ “ငါက ကမ္ဘာဦးနတ်ဘုရင်တွေရဲ့ ခေါင်းဆောင်ပဲ… ဟိုးရှေးရှေးတည်းက ရှေးဟောင်းနတ်ဘုရားတွေအပေါ် ဖိနှိပ်လာခဲ့တာ… အခု ငါက သားရဲကမ္ဘာရဲ့ အရှင်သခင်ဖြစ်တဲ့အပြင် ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆိုလည်း ဟုတ်တယ်… ကောင်စုတ်ကလေး၊ မင်းက အမွှေးအမျှင်တောင် စုံအောင် ပေါက်သေးတာ မဟုတ်ဘူး… ငါ့ကို သတ်ချင်နေတယ်ပေါ့လေ”

သူက မူလဝိညာဉ်ကို အတင်းအကြပ် အသက်သွင်း၍ အသိစိတ်အလျဉ်တို့ကို စုစည်းကာ ချင်ဖုန်းကျင့်အား တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာပင် ရုပ်ခန္ဓာကို အသည်းအသန် အာရုံခံနေ၏။

သူ၏ ရုပ်ခန္ဓာက အလွန်တရာ သန်မာအားကောင်းသည်။ အဆုံးသတ်မြို့ပျက်ထဲသို့ ပစ်ချခံခဲ့ရစဉ်တုန်းကပင် လွတ်မြောက်လာနိုင်ခဲ့၏။ သူ၏ရုပ်ခန္ဓာကိုသာ အာရုံခံနိုင်ပါက ဤမြေအောက်ဘုံအရှင်သခင်လေးသည် သူ၏ပြိုင်ဘက် မဖြစ်လာနိုင်ဟု မျှော်လင့်ထားလေသည်။

ချင်ဖုန်းကျင့်၏ ဦးခေါင်းအထက်ရှိ ချော်ရည်ပူ ဦးချိုနှစ်ခုက ပို၍ပင် အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသည်။ သူက လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်တန်း၍ လုံရှောင်ကို ဆွဲယူလိုက်ချေပြီ။

လုံရှောင်၏ ဦးခေါင်းကိုးလုံးထဲတွင် သက်ရှိအားလုံးထံမှ အာရုံထွေပြားစရာ အတွေးများနှင့် မိစ္ဆာအတွေးတို့ဖြင့် ပြည့်နှက်လာသည်။ အတွေးအားလုံးက သူ၏ အတွေးများနှင့် အသိစိတ်အလျဉ်ကို အနှောင့်အယှက်ပေးကာ အသိစိတ်အလျဉ် အသက်မသွင်းနိုင်အောင် ကာကွယ်ထား၏။ ချင်ဖုန်းကျင့်၏ ဧရာမလက်ကြီး သူ့ကို ဆွဲယူလိုက်သည်အား မြင်လိုက်ရသည့်အချိန်တွင် သူ့မှာ မောက်မာ၀ံ့ကြွားနေမှုတို့ ပျောက်ကွယ်သွားပြီး ချက်ချင်း လှည့်ကာ ထွက်ပြေးတော့သည်။

သို့သော် သူ ရောက်နေသည့်နေရာမှာ အင်မတန် ထူးဆန်း၏။ မည်သည့်နေရာသို့ ပြေးသည်ဖြစ်စေ ချင်ဖုန်းကျင့်နှင့် ကောင်းကင်လှည်းဘီးခြောက်ခုက သူ့အရှေ့တွင်သာ ရှိနေသည်။

သူက မူလဝိညာဉ်ကို ဆင့်ခေါ်၍ ချင်ဖုန်းကျင့်အား အသည်းအသန် တိုက်ခိုက်နေသည်။ ချင်ဖုန်းကျင့်ကို သူ၏ မူလဝိညာဉ်ခွန်အားဖြင့် သတ်ဖြတ်နိုင်ရန် ကြံစည်နေ၏။

သို့သော် သူ မည်မျှပင် တိုက်ခိုက်ပါစေ သူ၏တိုက်ကွက်များ ချင်ဖုန်းကျင့်၏ ခန္ဓာကိုယ်အပေါ် ကျရောက်သွားသည့်အခါ၌ မည်သည့်စွမ်းအားမှ မရှိကြတော့ပေ။ ချင်ဖုန်းကျင့်၏ လက်ဖဝါးက သူ၏ လည်ပင်းကိုးခုကို ဆွဲကိုင်ကာမြှောက်တင်လိုက်သည်။

“ရပ်လိုက်”

ကောင်းကင်နတ်အရှင်လုံရှောင်မှာ လည်ပင်းညှစ်ခံထားရသောကြောင့် မျက်ဖြူလန်လာ၏။ သူက အလောတကြီး ပြောလိုက်သည်။ “ရပ်ပါတော့…. ငါ အညံ့ခံပါတယ်… ကောင်းကင်နတ်အရှင်မူဆီမှာ အညံ့ခံပါတယ်”

ချင်ဖုန်းကျင့်က ခေါင်းခါရမ်းသည်။ “ယိုတုမှာ ကိုယ်ပိုင်စည်းမျဉ်း စည်းကမ်းတွေ ရှိတယ်… စာချုပ်ကို လက်မှတ်ထိုးပြီးရင် နောက်ဆုတ်လို့ မရတော့ဘူး… ကတိဖောက်ဖျက်တဲ့သူတွေဟာ သေရလိမ့်မယ်”

သူက ပါးစပ်ကို ခပ်ကျယ်ကျယ် ဟလိုက်သည်။ ကောင်းကင်နတ်အရှင်လုံရှောင်မှာ ဝါးမြိုခံနေရသော သူ့ကိုယ်သူ တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေမိ၏။ သူ့အသံက စူးရှနေသည်။ “ငါ့ရဲ့ခန္ဓာကိုယ်သာ ဒီနေရာမှာ ရှိရင် မင်းလက်ချက်ကြောင့် သေမှာမဟုတ်ဘူး… ငါက ဒီလို…”

ဂလု..

ချင်ဖုန်းကျင့်က သူ့ကို မြိုချလိုက်ပြီး သူ၏ မျက်လုံးကြီးသုံးလုံးလည်း ဖြည်းညင်းစွာ ပိတ်သွားသည်။

“မင်းရဲ့ ခန္ဓာကိုယ်က အမြဲတမ်း ရှိနေခဲ့ပြီးသား… အခု ငါနဲ့ မင်းက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာပဲ…”

သူ၏ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ကောင်းကင်လှည်းဘီးခြောက်ခုမှာလည်း အမှောင်ထုထဲသို့ တစတစ ဝင်ရောက်ပျောက်ကွယ်သွားသည်။ “လုံရှောင်၊ မင်းက တော်တော်ခေါင်းမာပါလား”

အမှောင်ထု ပျောက်ကွယ်သွားသည့်အခါ ကောင်းကင်နတ်အရှင်လုံရှောင်၏ ဧရာမခန္ဓာကိုယ်ကြီးက ကောင်းကင်နန်းဆောင်အား ရစ်ပတ်လျက် ကျန်နေခဲ့၏။ သူ၏လည်ပင်းရှည်ကြီးက မျက်လုံးများကို ပြူးကျယ်လျက် တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား ကောင်းကင်နန်းဆောင်၏ အပြင်ကောင်းကင်တွင် ရှည်လျားစွာ ဆန့်ထွက်နေသည်။

ရုတ်တရက် သူ၏ခန္ဓာကိုယ်မှာ ခွန်အားအလုံးစုံ ဆုံးရှုံးလိုက်ရသကဲ့သို့ သူ၏ဦးခေါင်းကိုးလုံးက အားပျက်စွာ တွဲကျသွားပြီး လည်ပင်းကြီးမှာလည်း အလွန်တရာ ပျော့ပြောင်းလာသည်။

သူ၏ ဦးခေါင်းများက မျက်လုံးအပြူးသားများဖြင့် ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။ သူ့မျက်လုံးများထဲရှိ မီးတောက်များမှာ ပြင်းထန်စွာ လောင်ကျွမ်းတောက်လောင်နေသည့်အတွက် ကောင်းကင်ပေါ်မှ နေလုံး ၁၈ လုံး ကျဆင်းလာနေသည့်အလား ထင်ရသည်။

သို့သော် သူ၏အရှိန်အဝါကတော့ လုံးဝပျောက်ကွယ်သွားခဲ့‌လေပြီ။

သူသည် မြေအောက်ဘုံအရှင်သခင်လေး၏ စာချုပ်ကို ဖောက်ဖျက်ခဲ့၏။ မြေအောက်ဘုံအရှင်သခင်လေး ချင်ဖုန်းကျင့်က သူ၏ ခန္ဓာကိုယ်ထဲတွင် ထွက်ပေါ်လာခဲ့၍ မူလဝိညာဉ်အား ယူသွားခဲ့သည်။

လုံရှောင်မှာ သူ၏ရုပ်ခန္ဓာကို အတင်းအကြပ် ကြိုးစား၍ အာရုံခံရှာဖွေနေခဲ့သည်။ အမှန်တွင်တော့ ထိုနေရာ၌သာ အမြဲတမ်း ရှိနေခဲ့လေသည်။

ဤအခိုက်အတန့်တွင် သားရဲကမ္ဘာတွင် ရှိသည့် ကမ္ဘာဦးသားရဲများသည် ရောက်နေကြသည့်နေရာတိုင်းမှ မော့ကြည့်လိုက်ကြမိ၏။

ကောင်းကင်ထက်မှ နေလုံး ၁၈ လုံး ကျဆင်းလာလေသည်။ လုံရှောင်၏ လည်ပင်းနှင့် ဦးခေါင်းက သူ၏ ကောင်းကင်နန်းဆောင်အပေါ် တစ်ခုပြီးတစ်ခု ပြုတ်ကျသွားပြီး နန်းဆောင်များအား ပြိုလဲသွားစေသည်။

လုံရှောင် သေဆုံးသွားခဲ့လေပြီ။

ဘိုးဘေးနန်းတော်မှ မရေမတွက်နိုင်သော ရတနာများဖြင့် တည်ဆောက်ထားခဲ့သော သူ၏ ကောင်းကင်နန်းဆောင်မှာလည်း အစိတ်စိတ်အမွှာမွှာ လဲပြိုခဲ့ရ၏။

အသိစိတ်အလျဉ်လှောင်အိမ်ထဲတွင် နဂါးချီလင်မှာ ရုတ်တရက် မြေပေါ် လဲကျသွားပြီး အော်ဟစ်ငိုကြွေးနေတော့သည်။ သူ၏မွေးစားအဖေ သေဆုံးသွားခဲ့ချေပြီ။

နန်းဆောင်ထဲတွင် မရေမတွက်နိုင်သော သားရဲများက ခြေဦးတည့်ရာ ပြေးလွှားနေကြသည်။ ကောင်းကင်နန်းဆောင်သည် ကောင်းကင်ပေါ်မှ ပြိုလဲကျဆင်းလာနေ၏။ တချို့သော သားရဲများမှာ မပျံသန်းနိုင်ကြသောကြောင့် သူတို့အား သေခြင်းတရားက ဆီးကြိုနေတော့သည်။

အသိစိတ်အလျဥ်လှောင်အိမ်ကို စောင့်ကြပ်နေကြသော ကမ္ဘာဦးသားရဲများမှာလည်း အရပ်လေးမျက်နှာသို့ ထွက်ပြေးနေကြသည်။ သားရဲများစွာက ကောင်းကင်နန်းဆောင်အစွန်းမှ ခုန်ချသွားကြသော်လည်း အစိတ်စိတ်အမွှာမွှာ ဖိချေခံလိုက်ကြရသည်။

ကောင်းကင်နန်းဆောင်ထဲတွင် နေနေရသည်က ပို၍ပင် ကြောက်စရာကောင်းသေးသည်။ ကောင်းကင်နန်းဆောင်သည် ပြိုလဲနေသည့်အပြင် မြင့်မားလှသည့်အဆောက်အဦးများမှာလည်း ပြိုလဲနေကြသည်။ ခန်းမများက သားရဲများကို စိစိညက်ညက် ကြေသွားစေသည်။

နဂါးချီလင်က ထရပ်၍ မျက်ရည်များ သုတ်လိုက်ပြီး ထူခြားသော အသံဖြင့် ဟိန်းဟောက်လိုက်သည်။

အသိစိတ်အလျဉ်လှောင်အိမ်အပြင်တွင် ဧရာမဟင်းလင်းပြင်သားရဲမိခင်တစ်ကောင်က ဟင်းလင်းပြင်ထဲမှာ ခေါင်းပြူထွက်လာပြီး ၎င်း၏ လက်သည်းရှည်ကြီးဖြင့် လှောင်အိမ်ကို ဖျက်ဆီးခုတ်ပိုင်းလိုက်၏။

နဂါးချီလင်က မြေအောက်ဘုံအရှင်သခင်ပိစိလေးနှင့် သူ၏ကလေးများကို လှောင်အိမ်ထဲမှ ခေါ်ထုတ်လိုက်ပြီး ဟင်းလင်းပြင်သားရဲမိခင်၏ ဦးခေါင်းပေါ်သို့ တက်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်အား လှုပ်ခါကာ ခန္ဓာကိုယ်အစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်၏။ သူက မိုင်တစ်သောင်းရှည်လျားသည့် ချီလင်ဦးခေါင်းနှင့် နဂါးခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားပြီး ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်သည်။ နဂါးဟိန်းသံ အဆုံးမရှိစွာ ပဲ့တင်ထပ်သွား၏။

သားရဲကမ္ဘာ၏ မြေပြင်တွင် မရေမတွက်နိုင်သော ဧရာမသားရဲကြီးများ ရုတ်တရက် ထရပ်လာကြသည်။ သူတို့က ခန္ဓာကိုယ်များအား လှုပ်ရှား၍ သားရဲဦးခေါင်းနှင့် လူသားခန္ဓာကိုယ် ပိုင်ဆိုင်သော ဧရာမဘီလူးကြီးများအဖြစ် ပြောင်းလဲသွားကြသည်။

သူတို့၏ခန္ဓာကိုယ်ထဲတွင် တံခါးများ ပွင့်လာကြသကဲ့သို့ ကျယ်လောင်သော အသံကြီးများက မြည်ဟည်းလာကြပြီး တည်ရှိနေသော ကောင်းကင်ရတနာအလွှာပေါင်းများ ပေါ်လွင်လာ၏။

ထိုရှေးဟောင်းသားရဲ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ တိမ်တိုက်များအပေါ် တက်၍ ကောင်းကင်သို့ ဦးတည်ဟိန်းဟောက်လိုက်ကြသည်။ သူတို့က ကျဆင်းလာနေသော ကောင်းကင်နန်းဆောင်ထံ ပျံသန်းသွားကြ၏။ ဘီလူးကြီးများက လက်များ၊ ပခုံးများနှင့် ကျဆင်းလာနေသော ကောင်းကင်နန်းဆောင်ကို ထောက်ကန်ပေးထားလိုက်ကြပြီး အရှိန်နှေးကွေးလာစေသည်။

နောက်ဆုံးတွင် ကောင်းကင်နန်းဆောင်မှာ ကျဆင်းမလာတော့ပေ။ ထိုအစား အပေါ်သို့ ဆက်လက်မြောက်တက်သွား၏။

ထိုကောင်းကင်နတ်သိုင်းပညာရှင်များစွာသည် လန်ယွီတျန်း၏ ဂိုဏ်းမှ လာကြခြင်း ဖြစ်သည့်အတွက် တခြားကမ္ဘာလောကသားများ၏ တာအိုကို ကျင့်ကြံကြသည်။ နောက်ပိုင်းတွင် ထိုကမ္ဘာလောကသားများက ဘိုးဘေးနန်းတော်၏ အနက်ရောင်တောင်တန်းများမှ ထွက်ခွာကာ နဂါးချီလင်နှင့်အတူ သားရဲကမ္ဘာသို့ လိုက်ပါလာခဲ့ကြသည်။

ဤနေရာတွင် နဂါးချီလင်က သူတို့ကို ဦးဆောင်၍ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်အား သားရဲတို့၏ ထူးခြားသော အကျင့်စရိုက်နှင့် ပေါင်းစည်းကာ သားရဲမျိုးစိတ်သာ ပိုင်ဆိုင်သည့် တမူထူးခြားသော အသိုက်အဝန်းတစ်ခုကို ဖန်တီးခဲ့သည်။

ပြီးခဲ့သော နှစ်များအတွင်း အောင်မြင်မှုများစွာ ရရှိခဲ့၏။

သားရဲကမ္ဘာကောင်းကင်နန်းဆောင်မှာ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားချေပြီ။ နဂါးချီလင်က ကောင်းကင်နန်းဆောင်၏ အလယ်တွင် ရပ်၍ တိမ်တိုက်များဖြင့် ဝန်းရံခံထားရသည်။ သူ၏အနောက်တွင်တော့ လုံရှောင်၏ ဧရာမအလောင်းကြီး တည်ရှိနေ၏။

သားရဲကမ္ဘာကောင်းကင်နန်းဆောင်၏ အပျက်အစီးများထဲတွင် သားရဲကြီးများက ခန္ဓာကိုယ်များကို လှုပ်ခါ၍ သူတို့ကိုယ်ပေါ်ရှိ အပျက်အစီးများနှင့် တိုင်လုံးများကို ဖယ်ရှားလိုက်ကြသည်။ သူတို့သည် သားရဲကမ္ဘာရှိ အမျိုးမျိုးသော မျိုးနွယ်များမှ အရှင်ဘုရင်များ ဖြစ်ကြသောကြောင့် ကောင်းကင်နတ်အရှင်လုံရှောင်ပြီးလျှင် ခွန်အားအရာ၌ ဒုတိယလိုက်ကြပြီး ကိုယ်ပိုင်မျိုးနွယ်များကို အုပ်ချုပ်ကြ၏။

သားရဲဘုရင်များက တစ်ကောင်ပြီးတစ်ကောင် ရှေ့သို့ တက်လာကြပြီး ဟင်းလင်းပြင်သားရဲမိခင်အရှေ့တွင် ရပ်လိုက်ကြသည်။ သူတို့က ဟင်းလင်းပြင်သားရဲမိခင်၏ ဦးခေါင်းအပေါ်တွင် ရပ်နေသည့် နဂါးချီလင်ကို မော့ကြည့်လိုက်ကြသည်။

ရုတ်တရက် ကမ္ဘာဦးသားရဲဘုရင်များက တစ်ကောင်ပြီးတစ်ကောင် ဒူးထောက်အရိုအသေပေးလိုက်ကြသည်။

သူ၏အနောက်တွင်လည်း ကမ္ဘာဦးသားရဲဘုရင်များက ဒူးထောက်ဦးညွှတ်အရိုအသေပေးနေကြ၏။

နဂါးချီလင်က ကျယ်လောင်လေးနက်သော နဂါးဟိန်းဟောက်သံတစ်ချက် ထုတ်လွှတ်လိုက်သည်။ ၎င်းက တောင်တန်းများနှင့် လွင်ပြင်များတလျှောက် ပျံ့နှံ့သွား၏။

ကမ္ဘာဦးသားရဲဘုရင်များက ခေါင်းမော့ကြည့်လာပြီး တောင်တန်းများနှင့် ကြယ်တာရာများကို လှုပ်ခါသွားစေသည့် ဟိန်းဟောက်သံများ ထုတ်လွှတ်လိုက်ကြသည်။

ယနေ့တွင် သားရဲကမ္ဘာ၏ အရှင်သခင်ဟောင်း သေဆုံးသွားခဲ့ပြီး အရှင်သခင်အသစ် ထွက်ပေါ်လာခဲ့လေပြီ။

All Chapters