ငါ့မှာ အိပ်မက်ရှိတယ်
Vol. 131 Ch. 1688
“လုံရှောင် သေသွားပြီ… ကျွန်တော်နဲ့ သူ့ကြားက မြေအောက်ဘုံအရှင်သခင်လေးစာချုပ် ပျောက်ကွယ်သွားတာ ခံစားရတယ်...”
ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံကို နားထောင်နေရင်း ဆွေးဆွေးမြေ့မြေ့ သက်ပြင်းချလိုက်သည်။ “သူ သားရဲကမ္ဘာကို ဦးဆောင်ပြီး ကောင်းကင်နတ်ဘုံကို တိုက်ခိုက်လိမ့်မယ် မျှော်လင့်ထားခဲ့တာ…. လိုအပ်တဲ့အချိန်မှာ အကူအညီကောင်း ဖြစ်လာနိုင်ခဲ့တယ်… သူ့ရဲ့ အကူအညီက အတော်လေးကို ကျေးဇူးတင်စရာ ဖြစ်ခဲ့မှာ”
ကောင်းကင်နတ်အရှင်ယွဲ့က ခေါင်းငဲ့လျက် ဗျပ်စောင်းတီးနေပြီး သူမ၏ ဆံနွယ်လေးများက လည်တိုင်တစ်ဖက်မှ ကပိုကရို ကျနေသည်။ သို့သော် ဗျပ်စောင်းသံက ပြတ်တောင်းပြတ်တောင်း ဖြစ်နေကာ ရှေ့နောက်မညီညာပေ။ “လုံရှောင်က လောဘကြီးတဲ့သူတစ်ယောက်ပဲ… ကမ္ဘာဦးခေတ်မှာတုန်းက နတ်ဘုရင်ပိုယန်ကို အားကိုးပြီး ကြီးပြင်းလာခဲ့တာ… သက်ရှိတွေအားလုံး သူ့ကို ပူဇော်ကိုးကွယ်ခဲ့ကြတယ်… သူက နတ်ဘုရင်ပိုယန်နဲ့ ဖန်ဆင်းရှင်အားလုံးရဲ့ အကျိုးအမြတ်တွေကို သိမ်းပိုက်ခဲ့တာလေ…”
“ဖန်ဆင်းရှင်တွေ သေဆုံးသွားတဲ့အခါမှာ လုံရှောင်က အကျိုးအမြတ်တွေကို လက်မလွတ်ချင်ခဲ့ပေမယ့် အသက်ကို ရင်းပြီးတော့လည်း မတိုက်ခိုက်ချင်ခဲ့ဘူး… ဒါကြောင့် သေချင်ယောင်ဆောင်ပြီး ဘိုးဘေးနန်းတော်အနောက်ခြမ်းကို ထွက်ပြေးပုန်းအောင်းလို့ ဖန်ဆင်းရှင်ခေတ်က အကျိုးအမြတ်တွေနဲ့ ဆက်ပြီး စံစားနေခဲ့တာပဲ…
“ကောင်းကင်နတ်အရှင်ဆယ်ပါးခေတ်မှာတော့ ကောင်းကင်နတ်ဘုံနဲ့ ကောင်းကင်မဟာမိတ်ကို အားကိုးပြီး သားရဲကမ္ဘာကို ဖန်တီးလို့ အကျိုးအမြတ်တွေ ဆက်လက်ခံစားနေခဲ့တယ်… သူ့နေရာကို ထိန်းသိမ်းဖို့ သူ့အသက်ကို စတေးစရာ မလိုခဲ့ဘူးလေ…
“ကောင်းကင်နတ်ဧကရာဇ်ဟောင်ခေတ်ရောက်တော့ ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ့ကို ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါးအနေနဲ့ ရာထူးပေးခဲ့တယ်…သားရဲကမ္ဘာအပေါ် သူ့ရဲ့ အုပ်ချုပ်မှုက ပြိုင်ဘက်ကင်းတဲ့အတွက် ဆက်ပြီးအကျိုးအမြတ်တွေ ခံစားနေခဲ့ပြန်တယ်…. ဒီလိုဖြစ်တည်မှုမျိုးက နင် အနာဂတ်မှာ အနိုင်ရသွားပြီး ကောင်းကင်နတ်ဘုံအသစ် ဖန်တီးရင်တော့ နင့်အနားမှာ ကပ်ပြီး အကျိုးအမြတ်တွေ ခံစားနေဦးမှာပဲ… အဲဒီအချိန်ကျ ကောင်းကင်နတ်အရှင်မူအနေနဲ့ သူ့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာက ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်…”
ကောင်းကင်နတ်အရှင်ယွဲ့သည် ရုတ်တရက် ဗျပ်စောင်းကြိုးကို ဒေါသတကြီး တောက်လိုက်၏။ “ဒီသံစဉ်ကို ဘယ်လိုမှ တီးလို့မရဘူး…”
သူမ တီးခတ်နေသည့် သံစဉ််မှာ ချင်မူပေးထားခြင်း ဖြစ်ပြီး အလွန်တရာ ထူးဆန်းသည်။ ကောင်းကင်နတ်အရှင်ယွဲ့သည် ဂီတအရာတွင်လည်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်အပြင် အင်အားကြီးသော ဂီတသိုင်းပညာရှင်တစ်ဦး ဖြစ်၏။ သို့သော် ချင်မူပေးသည့် သံစဉ်အား မတီးခတ်နိုင် ဖြစ်နေသည်။
“ဒီသံစဉ်က သခင်လေးလေးရဲ့ ကွယ်လွန်သွားတဲ့ မိန်းမ ဖန်တီးခဲ့တဲ့ သံစဉ်ပဲ… မီလော့နန်းတော်ရဲ့ သခင်လေးလေးက ဖရိုဖရဲမြစ်ထဲမှာ ဒီသံစဉ်ကို တီးခတ်လေ့ ရှိတယ်… သခင်လေးလေးကို ရင်ဆိုင်ချင်တယ်ဆိုရင် ဒီသံစဉ်ကနေ စမှဖြစ်မယ်”
ချင်မူ့အကြည့်က တောက်ပသွားသည်။ “သခင်လေးလေးမှာ အားနည်းချက် မရှိသလောက်ပဲ… အားနည်းချက်ဆိုလို့ ဒီသံစဉ်ပဲ ရှိတာ”
ကောင်းကင်နတ်အရှင်ယွဲ့က ဂီတစာရွက်ကို လှန်လှောဖတ်နေသည်။ “ဒီဟာက တီးခတ်ဖို့ တော်တော်ခက်တယ်ဟ…. ဗျပ်စောင်းဂီတစာရွက်က ခက်ခဲနေတာ မဟုတ်ဘူး အနုပညာကို ဖော်ကျူးရတဲ့ပုံက ခက်ခဲနေတာ…” တေးဂီတစာရွက်၏ အနုပညာဖော်ကျူးထားမှုမှာ အလွန်တရာ လေးနက်ကျယ်ပြန့်ပြီး ဂီတစာရွက်ကို ချန်ထားခဲ့သည့် ပုဂ္ဂိုလ်သည် ဂီတတာအို၌ ၃၆ ဘုံမြောက် ကောင်းကင်ဘုံအထိ ရောက်ရှိနေပြီး ဖြစ်လိမ့်မည်။ “ငါ့တေးဂီတမှာလည်း အောင်မြင်မှုတချို့ ရှိပေမယ့် ဒီအဆင့်အထိတော့ မကျင့်ရသေးဘူးလေ”
ချင်မူက ခန္ဓာကိုယ်ကို သူမဘက်သို့ လှည့်၍ မေးလိုက်သည်။ “မမကြီးယွဲ့၊ မမကြီးရဲ့ နေရာဟင်းလင်းပြင်ကျင့်စဉ်က ဘယ်တော့ တာအိုရမယ် ထင်လဲ”
ကောင်းကင်နတ်အရှင်ယွဲ့သည် မော့ကြည့်လာပြီး ပြုံးလိုက်၏။ “သိပ်မဝေးတော့ဘူးလို့ ခံစားရတယ်”
ချင်မူ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ပြုံးလိုက်မ်သည်။ “မမကြီး တာအိုရပြီဆိုရင် ကျွန်တော်တို့ အနိုင်ရနိုင်ချေ မြင့်တက်လာလိမ့်မယ်”
ကောင်းကင်နတ်အရှင်ယွဲ့မှာ သိချင်လာမိသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ တာအိုရပြီးရင် အနိုင်ရနိုင်ချေက ဘယ်လောက် ဖြစ်လာမယ်ထင်လဲ”
“တစ်မှတ် တိုးလာမှာဗျ” ချင်မူက လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ ငိုရခက် ရယ်ရခက်ဖြင့် မျက်လုံးဝှေ့လိုက်သည်။ “တာအိုရပြီးတာတောင် အနိုင်ရနိုင်ဖို့ တစ်မှတ်ပဲ တိုးမှာတဲ့လား… တာအို မရသေးတဲ့ ငါက အနိုင်ရနိုင်ဖို့ တစ်မှတ်တောင် မရှိဘူးပေါ့”
ချင်မူက ခေါင်းညိတ်သည်။ “အရိပ်ရဖို့အတွက်ဆို အပင်ကြီးတစ်ပင်အောက်မှာ နားတာ ကောင်းတယ်လေ…. ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်ဆိုတဲ့ သစ်ပင်အောက်မှာ နားနေတာ… သူက ပြိုင်ဘက်ကင်း ဖြစ်နေပြီ… အခုအချိန်မှာ ကောင်းကင်နတ်ဘုံရဲ့ တိုက်ကွက်တွေကို ခုခံနိုင်နေတယ်လို့ ထင်ကောင်းထင်ရနိုင်ပေမယ့် တကယ်တော့ အနိုင်ရနိုင်မယ့် အခွင့်အရေး မရှိဘူး… ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အနိုင်ရနိုင်ချေက ပိုပိုပြီး တိုးတက်လာလိမ့်မယ်”
သူ၏အကြည့်က ရွှေသင်္ဘောအပေါ် ကျရောက်သွားပြီး နှလုံးသားထဲတွင် ခံစားချက်များ ပြင်းပြစွာဖြင့် တောက်လောင်လာတော့သည်။ နောက်ထပ် ၁၆ နှစ်သာ တောင့်ခံနိုင်ပါက ခိုင်ဧကရာဇ်သည် ရွှေသင်္ဘောပေါ်၌ ပေါ်လာမည် ဖြစ်ပြီး ထိုအချိန်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် တန်ပြန်တိုက်ခိုက်နိုင်ပေလိမ့်မည်။
“နင် တောင်ကောင်းကင်ကို ဘယ်လို ထင်လဲ …”
ကောင်းကင်နတ်အရှင်ယွဲ့က မေးလာသည်။ “တောင်ကောင်းကင်မှာ လူသားတွေအများကြီး ရှိတယ်… ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက မုန့်ယွင်ကွေ့က ကောင်းကင်နတ်ဘုံကို ပုန်ကန်ပြီး လူလွှတ် အကူအညီတောင်းလာတယ်… ဧကရာဇ်ယန်ဖုန်းက မင်းသားယိုမင်းနဲ့ လုံရှန်ဆန်းရန်ကို ပို့လိုက်ပေမယ့် ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်ကလည်း အတော်လေး အင်အားကြီးတယ်… တောင်ကောင်းကင် အချိန်ကြာကြာ တောင့်မခံနိုင်တော့မှာကို ငါ စိတ်ပူမိတယ်”
ချင်မူ ခေါင်းရမ်းလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာပဲဖြစ်ဖြစ် ရွှင်ပျော်ပျော်ကျေးရွာပဲဖြစ်ဖြစ်… တောင်ကောင်းကင်ကို ထောက်ပံ့ပေးနိုင်တဲ့ အင်အား မရှိဘူး… ဒီလိုအခြေအနေမှာ တောင်ကောင်းကင်အနေနဲ့ သူတို့ဘာသာ သူတို့အားကိုးရမှာပဲ”
ကောင်းကင်နတ်အရှင်ယွဲ့လည်း မည်သည့်စကားမှ ထပ်မပြောတော့ပေ။
ကောင်းကင်နတ်ဘုံစစ်တပ်က ဆက်လက်တိုက်ခိုက်နေပြီး ရွှင်ပျော်ပျော်ကျေးရွာအား အရပ်သုံးမျက်နှာမှ ဝိုင်းထားကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွားသည့် လမ်းကြောင်းတစ်ကြောင်းသာ လစ်ဟာထားပေးသည်။
ထိုစဉ် တောင်ပင်လယ်၌ ချိမင်ဧကရာဇ်နှစ်ပါး၊ ယန်အာ၊ တောင်နတ်မင်းနှင့် ဇာမဏီနတ်မင်းတို့မှာ ကောင်းကင်နတ်ဘုံ၏ တောင်ကောင်းကင်စစ်တပ်များကို တိုက်ခိုက်နေကြ၏။ တိုက်ပွဲအခြေအနေ မတည်ငြိမ်သေးသောကြောင့် သူတို့အနေဖြင့် လာရောက် မကူညီနိုင်ပေ။
မြောက်ပိုင်းနယ်စပ်၏ စစ်မြေပြင်တွင် ဝေစွေ့ဖုန်းသည် သူ၏ လက်အောက်ငယ်သားများ ဖြစ်ကြသည့် ယွီလင်နန်းစောင့်တပ်ဖွဲ့နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်ကို ဦးဆောင်ကာ အနောက်ကောင်းကင် မဟူရာနတ်မင်း နျန့်ကွမ်းဟယ်အား အသေအကြေ တိုက်ခိုက်နေ၏။ ဝေစွေ့ဖုန်း၌ စစ်တပ် အင်အားနည်းသောကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ မကြာခဏ စစ်ကူလှမ်းတောင်းနေရသည်။
ကျန်းပိုင်ကွေ့ ဦးဆောင်သော စစ်တပ်များသာ တိုက်ပွဲအားလုံး အနိုင်ရရှိခဲ့သော်လည်း အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းကို သတိထားရလေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကျန်းပိုင်ကွေ့သည် အဆက်မပြတ် အနိုင်ရနေသော်လည်း သေးငယ်သောအောင်မြင်မှုသာ ဖြစ်ပြီး အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်း၏ စစ်တပ်ကိုတော့ အပြည့်အဝ မချေမှုန်းနိုင် ဖြစ်နေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် စစ်တပ်အင်အား အတော်လေး ကျန်ရှိနေသေးသော်လည်း စက်ရုံများမှာ စွမ်းအားအပြည့်ဖြင့် လည်ပတ်နေကြသောကြောင့် ထိုနတ်ဘုရားမိစ္ဆာများကို ကောင်းကင်လက်နက်များ ထုတ်လုပ်ရာတွင် လိုအပ်လေသည်။
စစ်မြေပြင်တွင် ကောင်းကင်လက်နက်များမှာ အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် အသုံးပြုခံနေရသည်။ ကောင်းကင်လက်နက်ကြီးများပင်လျှင် အပိုင်းပိုင်း ပျက်စီးသွားတတ်သောကြောင့် ထုတ်လုပ်နိုင်စွမ်း လိုအပ်၏။
စစ်ပွဲကို ငွေကြေးအရင်းအမြစ်၊ သိုလှောင်နိုင်မှုအင်အားနှင့် သွန်းလုပ်နိုင်စွမ်းတို့ဖြင့် တိုက်ခိုက်နေရခြင်း ဖြစ်သည်။
ကောင်းကင်နတ်ဘုံသည် သူတို့၏ အခြေခံ အရင်းအမြစ်များနှင့် သိုလှောင်ထားနိုင်မှုကို အားကိုးထားသော်လည်း စစ်ပွဲအတွင်း အချိန်နှင့် တစ်ပြေးညီ သွန်းလုပ်နိုင်စွမ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာအောက် နိမ့်ကျ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စက်ရုံအများစုသည် ပထမတွင် လူမှုရေးရာလုပ်ငန်းများအတွက် အသုံးပြုခဲ့သော်လည်း ယခုတွင်တော့ စစ်ပွဲအတွက်သာ အသုံးချထားချေပြီ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်ယန္တရားကြီးကို အသက်သွင်းလိုက်သည့်အချိန်တွင်တော့ ပေါက်ကွဲထွက်လာသည့် စွမ်းအားမှာ တစ်လောကလုံးကို တုန်လှုပ်စေနိုင်သည်ဟုပင် ပြော၍ရနိုင်သည်။
ထို့ကြောင့် ဤတိုက်ပွဲ အချိန်ကြာလေလေ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အားသာလေလေ ဖြစ်သည်။ အချိန်တိုလေလေ ကောင်းကင်နတ်ဘုံအတွက် အားသာလေလေပင်။
“ကောင်းကင်နတ်အရှင်ဟွေ့က တောင်ကောင်းကင်ကို ကျွန်ပြုထားခဲ့တာဆိုတော့ သူတို့မှာ ခုခံတွန်းလှန်ချင်တဲ့စိတ် မရှိကြတော့ဘူး… သာမန်အခြေအနေမှာ တောင်ကောင်းကင်ရဲ့ လူသားတွေရဲ့ စိတ်ကို ပြောင်းလဲနိုင်ဖို့ မျိုးဆက်သုံးဆက်ကနေ ငါးဆက်အထိ လိုအပ်တယ်… ပိုတောင် ကြာနိုင်သေးတယ်…. တောင်ကောင်းကင်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ဆင်တူအောင် လုပ်ဖို့ နှစ်ပေါင်းရာဂဏန်းလောက် ကြာလိမ့်မယ်”
ချင်မူ့အသံက တိုးလျနေသည်။ “စစ်ပွဲကတော့ မတူဘူး… ဒုက္ခခံစားရရင် မျိုးဆက်တစ်ဆက်အနေနဲ့ ပိုပြီး မြန်မြန် အသိစိတ် ဝင်လာနိုင်လိမ့်မယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ တောင်ကောင်းကင်ကို မကူညီနိုင်ဘူး.. တောင်ကောင်းကင်ရဲ့ လူသားတွေပဲ တောင်ကောင်းကင်နဲ့ သူတို့ကိုယ်သူတို့ ကူညီနိုင်မှာ”
ကောင်းကင်နတ်အရှင်ယွဲ့သည် မည်သည့်စကားမှ မပြောတော့ဘဲ ဆက်လက်၍သာ ဗျပ်စောင်းတီးခတ်နေ၏။
တောင်ကောင်းကင်၊ ယန်မင်ကောင်းကင်ဘုံတွင်
မြောက်ကောင်းကင်နတ်မင်း ရီလော့နှင့် တတိယမြောက်ကောင်းကင်ဆရာသခင် ပိုင်ယွီကျင့်တို့က စစ်တပ်ကို ဦးဆောင်၍ မုန့်ယွင်ကွေ့နှင့် သူ၏ လက်ကျန်စစ်သည်တော်များကို ဤနေရာအထိ လိုက်ဖမ်းလာခဲ့ကြသည်။ ကောင်းကင်နတ်မင်းရီလော့က မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများအား ယန်မင်းကောင်းကင်ထဲသို့ ချင်းနင်း ဝင်ရောက်၍ နေရာအမျိုးမျိုးသို့ ပျံသန်းသွားရန် အမိန့်ပေးလိုက်သည်။
ထိုနတ်ဘုရားမိစ္ဆာများက ကျယ်ပြန့်လေးနက်သော ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်လျက် ရွာတိုင်းမြို့တိုင်းသို့ ဝင်ရောက်သွားကြတော့၏။
ပိုင်ယွီကျင့် မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်ဘုရင်ရီလော့ အမိန့်က သူမကို ဇဝေဇဝါ ဖြစ်သွားစေသည်။
ထိုနတ်ဘုရားမိစ္ဆာများက ယန်မင်းကောင်းကင်ဘုံ၏ လူသားများ နေထိုင်နေသည့် နေရာများသို့ ဝင်ရောက်သွားကြသည်။ ကောင်းကင်နတ်သိုင်းများနှင့် နတ်ဘုရားသွင်ပြင်များကို ထုတ်လွှတ်၍ လူသားများကိုခြောက်လှန့်နေကြလေသည်။
ထိုနတ်ဘုရားမိစ္ဆာများ၏ အမိန့်ကြောင့် မြို့ရွာများရှိ အသက် ၄၀ ကျော် လူသားများက အလိုအလျောက် ထွက်လာကြသည်။ သူတို့က ရွာဝင်ပေါက် သို့မဟုတ် မြို့ဂိတ်ဝများထံ စီတန်းသွားရောက်၍ ထိုနေရာတွင် ရပ်ထားကြသော သင်္ဘောများထံ သူတို့သဘောဖြင့်သူတို့ တက်သွားကြ၏။
အရွယ်အစားမျိုးစုံရှိသည့် နတ်သင်္ဘောအလတ်များက ကောင်းကင်၌ ကျောက်ချထားသော ဧရာမသင်္ဘောကြီးများဆီသို့ ရွက်လွှင့်သွားကြသည်။ သင်္ဘောအလတ်များက ၎င်းတို့အထဲရှိ သင်္ဘောငယ်များကို ဧရာမသင်္ဘောကြီးများထဲ ပို့တင်၍ အရပ်လေးမျက်နှာသို့ ထွက်ခွာကာ နောက်ထပ်လူသားများကို ဆက်လက်စုဆောင်းနေကြသည်။
ပိုင်ယွီကျင့်မှာ နားမလည်နိုင်တော့ပေ။ “ကောင်းကင်နတ်မင်းရီလော့… ဒါက…”
“ကောင်းကင်နတ်ဘုံရဲ့ ကုဋေနဲ့ ချီတဲ့ နတ်ဘုရားမိစ္ဆာတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာကို တိုက်ခိုက်နေရတာလေ… အဲဒီစစ်သည်တော်တွေကို အငတ်ထားလို့ ဘယ်ဖြစ်မလဲ”
ကောင်းကင်နတ်မင်းရီလော့က ဆက်ပြောသည်။ “အရှင်မင်းကြီး မိန့်ခဲ့တာ တောင်ကောင်းကင်ဟာ ကောင်းကင်နတ်ဘုံအတွက် စပါးကျီတစ်ခုပဲတဲ့… သီးနှံတွေ အရွယ်ရောက်လာရင် ရိတ်သိမ်းပေးရမယ် မဟုတ်လား”
ပိုင်ယွီကျင့်သည် ကြက်သီးမွှေးညှင်းများထလာမိပြီး ယန်မင်းကောင်းကင်ထက်၌ ဝဲပျံနေသည့် သင်္ဘောကြီးများကို ကြောင်ကြည့်နေမိ၏။ အရွယ်အစားမျိုးစုံရှိသည့် သင်္ဘောများက ဝင်ချည်ထွက်ချည် ပျံသန်းနေကြပြီး သက်ကြီးရွယ်အို၊ လူငယ်လူရွယ်မျိုးစုံကို သယ်ဆောင်သွားကြလေသည်။
ကျွန်များဖြင့် ပြည့်နှက်နေသော တချို့သင်္ဘောများဆိုလျှင် ကောင်းကင်နတ်မြစ်သို့ ရွက်လွှင့်ထွက်ခွာသွားကြလေပြီ။
“အရှင်မင်းကြီး ကျုပ်ကို စေလွှတ်ခဲ့တဲ့ အရေးအကြီးဆုံးအရာက မုန့်ယွင်ကွေ့ကို ရှင်းလင်းဖို့ မဟုတ်ဘူး ကောင်းကင်နတ်ဘုံရဲ့ စပါးကျီကို ထိန်းသိမ်းဖို့ပဲ…. အင်း မုန့်ယွင်ကွေ့ကို ရှင်းလင်းပေးလိုက်ရင်လည်း မျက်နှာကောင်းတော့ ရတာပေါ့လေ”
ကောင်းကင်နတ်မင်းရီလော့က ပြုံးလျက် ရှင်းပြသည်။ “ပိုပြီးတော့အရေးကြီးတာက မုန့်ယွင်ကွေ့က ဒီအဆင့်အတန်းနိမ့်တဲ့ လူတွေကို ဂရုစိုက်တယ်… သူ ပုန်ကန်ရတဲ့ အကြောင်းအရင်းကလည်း တောင်ကောင်းကင်ရဲ့ လူသားတွေကြောင့်ပဲ… မုန့်ယွင်ကွေ့က နေရာရွှေ့ပြောင်း ပြေးနေပြီး ပုန်းနေတာ…. သူတို့ကို ဖမ်းနိုင်ဖို့ ခက်ခဲလိမ့်မယ်… ဒါပေမဲ့ ဒီကျွန်တွေကို ဖမ်းပြီးပြီဆိုတော့ မုန့်ယွင်ကွေ့အနေနဲ့ သင်္ဘောတွေကို ဝင်တိုက်ရုံက လွဲပြီး ရွေးချယ်စရာ မရှိဘူး… ထောင်ချောက်ဆိုတာ သိပေမယ့်လည်း သိသိရက်နဲ့ ခုန်ဆင်းရမှာပဲလေ”
သူက ရုတ်တရက် ရယ်မောလိုက်သည်။ “ကောင်းကင်ဆရာသခင်ပိုင်၊ ခင်ဗျားက ကောင်းကင်ဆရာသခင်လား ကျုပ်က ကောင်းကင်ဆရာသခင်လားပဲ… ကျုပ်တို့ တောင်ကောင်းကင်ကို ရောက်ကတည်းက ကျုပ်တစ်ယောက်ပဲ အစီအစဉ်တွေ ဆွဲခဲ့တာ… ခင်ဗျားလို ဒီလောက်နာမည်ကြီးတဲ့ ကောင်းကင်ဆရာသခင်က အစီအစဉ်တစ်ခုတောင်မှ မစဉ်းစားပေးပါလား…”
ပိုင်ယွီကျင့်လည်း အလျင်အမြန် ဦးညွှတ်အရိုအသေပေးကာ အမွှမ်းတင်လိုက်ရသည်။ “ကောင်းကင်နတ်မင်းရီလော့က စွမ်းအားကြီးမားတဲ့အပြင် ဉာဏ်ပညာမှာလည်း ပြိုင်ဘက်ကင်းပါတယ်… ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကို အရှက်ရအောင် မလုပ်ရဲပါဘူးရှင်”
ရီလော့က တဟားဟား ရယ်၏။ သူက ခေါင်းခါရမ်းကာ ပြောသည်။ “ခင်ဗျားနဲ့ မုန့်ယွင်ကွေ့က အတော်လေး ရင်းနှီးကြတယ်မလား…. ခင်ဗျားရဲ့ မိတ်ဆွေကို ခင်ဗျားလက်ချက်ကြောင့် မသေစေချင်တာမလား… ကောင်းကင်ဆရာသခင်ပိုင်၊ ခင်ဗျား သေသွားတာထက် အသက်ရှင်နေတာက ပိုအသုံးဝင်တယ်ဆိုတာ သိသင့်တယ်…. အနည်းဆုံးတော့ ခင်ဗျားလက်အောက် ကောင်းကင်ဘုံက ပြည်သူပြည်သားတွေကို ကာကွယ်ပေးနိုင်သေးတယ်လေ… မုန့်ယွင်ကွေ့ကတော့ ဒါကို သတိမထားမိဘူး… သူ့ရဲ့ ယွီဟွာကောင်းကင်ဘုံက အနာဂတ်မှာ သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်’’
ပိုင်ယွီကျင့်မှာ ကြက်သီးတဖြန်းဖြန်းထသွားပြီး မည်သည်မှ ထပ်မပြောတော့ပေ။
ကောင်းကင်နတ်မင်းရီလော့၏ မျက်နှာအမူအရာက အေးခဲသွားပြီး သူက အမိန့်ပေးလိုက်သည်။ “ငါ့အမိန့်ကို ဖြန့်လိုက်ကြ… ကောင်းကင်နတ်ဘုံရဲ့ စစ်သည်တော်တွေဟာ ရှေ့တန်းမှာ ကြိုးကြိုးစားစား တိုက်ခိုက်နေကြတာ… အသက်ကို ရင်းပြီး တိုက်ခိုက်နေကြရတယ်… အနည်းဆုံးတော့ ကောင်းကောင်းစားကြသင့်တယ်… ကောင်းကောင်းကင်က လူသားတွေ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သင်္ဘောပေါ်တင်ပြီး ကမ္ဘာဦးဘုံဆီ ပို့လိုက်ကြစမ်း”
ပိုင်ယွီကျင့်ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီနေတော့သည်။
ကောင်းကင်နတ်မင်းရီလော့က သူမကို တစ်ချက်ကြည့်လိုက်သော်လည်း ပိုင်ယွီကျင့်က မလှုပ်မယှက် ရပ်နေဆဲပင်။
အမိန့်ပေးခံလိုက်ရသည့်အချိန်တွင် ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များက ချက်ချင်း ဆောင်ရွက်ကြသည်။ ယခင်က ရွာထဲ ရှိလူများသည် ခုခံနိုင်စွမ်းမရှိသလို ခုခံလိုစိတ်လည်း မရှိကြချေ။ ယခုတွင် မြို့ရွာနှင့် မျိုးနွယ်တစ်ခုလုံး နတ်ဘုရားမိစ္ဆာများအတွက် အစာဖြစ်လာကြမည်ဆိုသောအခါတွင် ခုခံရန်အတွေးများ ပေါ်လာကြသည်။
ပိုင်ယွီကျင့် ငုံ့ကြည့်လိုက်သည့်အခါ တစ်ရွာပြီးတစ်ရွာသည် နတ်ဘုရားမိစ္ဆာများ၏ ဖိနှိပ်ခြင်းခံနေရသည်ကို တွေ့လိုက်ရ၏။
မြို့ရွာများထဲတွင် အော်ဟစ်ငိုယိုသံများဖြင့် ဗလောင်ဆူနေသည်။ ကလေးသူငယ်များနှင့် အမျိုးသမီးများက တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားကြသည်။ လူငယ်များက သူတို့၏ဇနီးများနှင့် ကလေးများကို ကာကွယ်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေကြသော်လည်း အချည်းနှီးသာ ဖြစ်ချေသည်။
ဤအခိုက်အတန့်တွင် သူတို့နှလုံးသားထဲရှိ ကျွန်စိတ်မှာ ပျောက်ကွယ်လာပြီဖြစ်သော်လည်း ခုခံရန် အင်အား မရှိသေးပေ။
ပိုင်ယွီကျင့်က စိတ်တည်ငြိမ်စေရန် အတတ်နိုင်ဆုံး ကြိုးစားနေပြီး ထိုမြင်ကွင်းများကို ကြည့်ရှုနေသည်။ ဤအခိုက်အတန့်တွင် သူမသည်လည်း တောင်ကောင်းကင်ရှိ လူများကဲ့သို့ ခံစားနေရ၏။ သူမတွင် မည်သည့်သွေးမှ မရှိတော့ဘဲ ကျွန်ခံလိုစိတ်သာ ကျန်ရစ်နေသည် မဟုတ်ပါလော။
ယခုတွင် တောင်ကောင်းကင်မှ လူသားများသည် သူတို့စိတ်ထဲရှိ ကျွန်စိတ်နှင့် ကောင်းကင်နတ်အရှင်ဟွေ့မှ သင်ကြားပေးခဲ့သော ကျွန်ပညာရေးကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် သူမမှာတော့ သူမ၏ စိတ်ထဲရှိ ကျွန်ခံစိတ်အား ကျော်ဖြတ်၍ မရနိုင်သေးပေ။
သူမလက်အောက်တွင် လူသားမျိုးနွယ်များဖြင့် ပြည့်နေသည့် ကောင်းကင်များ ရှိနေသေးသည်ဟု သူမကိုယ်သူမ သတိပေးနေမိသည်။ တောင်ကောင်းကင်၏ လူသားများအတွက် ကောင်းကင်နတ်ဘုံကို ပုန်ကန်လိုက်ပါက သူတို့ အသတ်ခံရပေလိမ့်မည်။
ပိုက်ယွီကျင့်မှာ တိတ်ဆိတ်စွာသာ သည်းခံ၍ နာကျင်ခံစားနေရသည်။ သူမအနေဖြင့် သူမလက်အောက်ရှိ လူသားမျိုးနွယ်ကို ကာကွယ်နိုင်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ သူမ၏စိတ်ထဲတွင် အညံ့ခံလိုသည့် စိတ်ဓာတ် မရှိပေ။ အမြဲတမ်း မတ်မတ်ရပ်၍ ဒူးထောက် အရှုံးမပေးမည့် ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါလော။
သို့သော် သူမ၏ အသိစိတ်ကတော့ သူမသည် အမြဲတမ်းဒူးထောက်ခဲ့ပြီး ဘယ်တုန်းကမှ ပြန်လည်တွန်းလှန်ခဲ့ခြင်းမရှိဟု အပြစ်တင်နေသည်။
ရုတ်တရက် အဝေးရှိ ကောင်းကင်နတ်မြစ်ဆီမှ ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ မုန့်ယွင်ကွေ့သည် ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ စစ်သည်တော်တစ်ရာကျော်ကို ဦးဆောင်ကာ ကောင်းကင်နတ်ဘုံ၏ ကုန်တင်သင်္ဘောကို တိုက်ခိုက်၍ စစ်သည်တော်များအား သတ်ဖြတ်နေချေပြီ။
ကောင်းကင်နတ်မင်းရီလော့၏ မျက်လုံးများ တောက်ပလာပြီး သူ့ကျောထက်ရှိ တောင်ပံများသည် ဖွားခနဲ ပြန့်ကားလာကြ၏။ သူက ရယ်မောလိုက်သည်။ “ကောင်းကင်ဆရာသခင်မုန့်တော့ ကျုပ်ထောင်ချောက်ထဲ ကွက်တိ တိုးလာတာပဲ”
သူက ထိုနေရာသို့ ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများက ကောင်းကင်နတ်ဘုံ၏ သင်္ဘောခန်းများထဲမှ ထွက်လာကြကာ မုန့်ယွင်ကွေ့ ရှိနေသည့် သင်္ဘောထံသို့ ဦးတည်သွားကြ၏။
ကောင်းကင်နတ်မင်းရီလော့ကာား ချုံခိုတိုက်ခိုက်ရန် ပြင်ဆင်ပြီးသားဖြစ်သည်။ ထိုကောင်းကင်နတ်ဘုံ နတ်ဘုရားမိစ္ဆာများမှာလည်း အထူးတလည် ရွေးချယ်ထားသော တပ်မှူးများ ဖြစ်ကြ၏။ သူတို့၏ ကျင့်ကြံခြင်းအခြေခံများက လေးနက်ကျယ်ပြန့်ပြီး ၀င်္ကပါတို့က သိပ်သည်းကျစ်လစ်သည်။ ထိုသို့တပ်မှူးများစွာ ရှိနေသည်။
နန်းစောင့်တပ်ဖွဲ့ နှစ်သောင်းက ရှေ့ဆုံးမှ ဦးတည်ဝင်ရောက်သွားကြသည်။
နန်းစောင့်တပ်ဖွဲ့များမှာ နဂါးချီလင်၊ မုန့်ယွင်ကွေ့နှင့် အခြားသူများကြောင့် ချေမှုန်းခံခဲ့ရ၏။ အရေအတွက်အားဖြင့် နှစ်သောင်းသာ ကျန်ရစ်တော့လေသည်။ ဒဏ်ရာရသူများနှင့် ဒုက္ခိတဖြစ်သွားသူများကို ဖယ်ထားပြီးနောက် နှစ်သောင်းကျန်ခြင်း ဖြစ်၏။
နန်းစောင့်တပ်ဖွဲ့ စစ်သည်တော်နှစ်သောင်း၏ အရှိန်အဝါများက တစ်ဦးနှင့် တစ်ဦး ဆက်နွယ်နေကြသည့်အပြင် သူတို့၏ မှော်စွမ်းအင်များကလည်း ရောယှက်နေကြသည်။ သူတို့က မဟာကောင်းကင်မြေပုံကို အသက်သွင်းလိုက်ရာ ကောင်းကင်နန်းဆောင်များက ၀င်္ကပါအခင်းအကျင်းထဲတွင် မြောလွင့်ထွက်ပေါ်လာကြ၏။ ထိုကောင်းကင်နန်းဆောင်များက ကောင်းကင်နတ်ဘုံငယ်တစ်ခုကို ဖွဲ့တည်လိုက်ကြသည်။
ကောင်းကင်နတ်ဘုံငယ်အတွင်းတွင် စစ်သည်တော်နှစ်သောင်း၏ မူလဝိညာဉ်တို့က ကောင်းကင်နှင့်မြေကြီးကို ထိနေနိုင်သည့် မူလဝိညာဥ်ကြီးတစ်ခုကို ဖွဲ့တည်လိုက်ကြ၏။ ၎င်းက နတ်ဧကရာဇ်လန်ရွှမ်အသွင် ရှိပြီး လက်မြှောက်ကာ လက်ညှိုးထိုးလိုက်သည်။
ကမ္ဘာဦးနတ်လက်ချောင်း
ဤတိုက်ကွက်၏ စွမ်းအားမှာ ကောင်းကင်နတ်အရှင်တစ်ပါးနှင့် မယှဉ်နိုင်ဘဲ နတ်ဧကရာဇ်လန်ရွှမ်အောက် များစွာနိမ့်ကျသည်။ သို့သော် ဤတိုက်ကွက်၏ စွမ်းအားက မယုံနိုင်ဖွယ်ကောင်းလောက်အောင်လည်း ကြီးမားလေသည်။
စစ်သည်တော်များသာ များစွာအကျအဆုံးမရှိခဲ့လျှင် ဤတိုက်ကွက်သည် ကောင်းကင်နတ်အရှင်တစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်နိုင်မည်ဖြ စ်၏။
မဟာကောင်းကင်မြေပုံသည် မုန့်ယွင်ကွေ့ ဖန်တီးရေးဆွဲခဲ့သော ၀င်္ကပါတစ်ခု ဖြစ်ခဲ့ပြီး ယခု သူ့ပညာကို အသုံးပြု၍ သူ့အား သတ်ဖြတ်နေလေပြီ။ ကဗျာပင် ဆန်လွန်းသည်။
မုန့်ယွင်ကွေ့က သင်္ဘောပေါ်တွင် ရပ်လျက် သူ့အနောက်မှ ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ စစ်သည်တော်တစ်ရာကျော်နှင့်အတူ ၀င်္ကပါအသေးစားတစ်ခု ဖွဲ့တည်လိုက်၏။ အားလုံး၏ ချီစွမ်းအင်က ရောယှက်ဆက်နွယ်သွားကြပြီး ၀င်္ကပါကို အသက်သွင်းလိုက်ကြသည်။ မုန့်ယွင်ကွေ့သည် ဧကရာဇ်ပလ္လင်အဆင့်တွင် ဖြစ်သော်လည်း ယွီဟွာကောင်းကင်ဘုံစစ်တပ်မှ စစ်သည်တော်များကတော့ များစွာအားနည်းသည်။
အားလုံး အတူတကွ ၀င်္ကပါကို အသက်သွင်းလိုက်ကြသည့်အချိန်တွင် အသေးစား မဟာကောင်းကင်မြေပုံလေးတစ်ခုအဖြစ် ဖွဲ့တည်လာ၏။
ကမ္ဘာဦးနတ်လက်ချောင်း
ဝုန်း…
ကောင်းကင်နတ်မြစ်က ပြင်းထန်စွာ တုန်ခါသွားသည်။ မုန့်ယွင်ကွေ့၏ အရှေ့နှင့် အနောက်တွင် ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ စစ်သည်တော်များမှာ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ပန်းထွက်လာသည့်အထိ တုန်ရီသွားကြ၏။ မုန့်ယွင်ကွေ့လည်း ညည်းညူလျက် နောက်သို့ဆုတ်လိုက်ရသည်။
ဤတိုက်ကွက်၏ စွမ်းအားအများစုမှာ သူ၏ခန္ဓာကိုယ်တွင် စုစည်းသွားခဲ့သည်။ သူ၏မူလဝိညာဉ်မှာလည်း အက်ကွဲလုနီးနီး တုန်ခါသွားသည်။ ကောင်းကင်နန်းဆောင်သည်လည်း အလိုအလျောက် ပြိုလဲသွားပြီး မရေမတွက်နိုင်သောခန်းမများ ချက်ချင်း ဖျက်ဆီးခံလိုက်ရ၏။
သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ရတနာများထဲမှ တဂျွတ်ဂျွတ် အက်ကွဲသံများ ထွက်ပေါ်လာပြီး တုန်လှုပ်ဖွယ်ရာ အက်ကွဲကြောင်းများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။
နတ်စစ်သည်တော်များက ဝင်ရောက်လာကြပြီး ကျန်တပ်ဖွဲ့များက သင်္ဘောကို အရှေ့နှင့်အနောက်မှ ၀န်းရံထား၏။
မုန့်ယွင်ကွေ့က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောပြီး ခပ်ပြတ်ပြတ်ပြော လိုက်သည်။ “မင်းသား၊ အခုပဲ”
သူ၏ စကား ဆုံးသည်နှင့် ကောင်းကင်နတ်မြစ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး လှိုင်းများထန်လာ၏။ ကောင်းကင်နတ်မြစ်အောက်တွင် ဧရာမလိပ်နက်ကြီး၏ ခန္ဓာကိုယ်က ကုန်းမြေကြီးတစ်ခုအလား မြောက်တက်လာပြီး သင်္ဘောများကို ၎င်း၏ ကျောတွင် တင်ထားသည်။
မင်းသားယိုမင်းက သူ၏ ကောင်းကင်နတ်သိုင်းကို အသက်သွင်းလျက် လေနှင့် လှိုင်းများကို အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်လာစေသည်။ သူက ကောင်းကင်နတ်မြစ်၌ လှိုင်းတံပိုးတို့ ထကြွရိုက်ခတ်စေပြီးနောက် တောင်ကောင်းကင်၏ လူသားများ ပြည့်နှက်နေသော ကျွန်သင်္ဘောများကို သယ်ဆောင်ကာ ထွက်ခွာသွားတော့၏။
မင်းသားယိုမင်းမှာ ရွှမ်းဝူဧကရာဇ်နှစ်ပါး၏ အကြီးဆုံးသားတော် ဖြစ်လေသည်။ သူ၏စွမ်းဆောင်နိုင်စွမ်း၊ ကျင့်ကြံခြင်းအခြေခံနှင့် မှော်စွမ်းအင်တို့မှာ နှိုင်းယှဉ်၍မရနိုင်အောင် ကြွယ်၀၏။ ထူးကဲသော ပါရမီကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက သင်္ဘောတစ်စီးပြီးတစ်စီးကို သယ်ဆောင်သွားသောကြောင့် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများကို အငိုက်မိသွားစေ၏။ ဧရာမလှိုင်းလုံးကြီးများထဲ၌ စစ်သည်တော်အရေအတွက် မည်မျှဝါးမြိုလိုက်ရသည်ကို မသိသော်လည်း မင်းသားယိုမင်း၏ ကောင်းကင်နတ်သိုင်းကြောင့် လှိုင်းလုံးများထဲတွင် စုံးစုံးမြုပ်ကုန်ကြသည်။
ကျန်စစ်တပ်များ၏ ၀င်္ကပါများ ဖျက်ဆီးခံလိုက်ရပြီး နန်းစောင့်တပ်ဖွဲ့ စစ်သည်တော်များ၏ ၀င်္ကပါများမှာလည်း ပြန့်ကျဲသွား၏။ မုန့်ယွင်ကွေ့က ချက်ချင်းပင် အခွင့်ကောင်းကို အသုံးချ၍ သူ၏ စစ်သည်တော်များအား သင်္ဘောပေါ်မှ ထွက်ခွာစေကာ နတ်စစ်သည်တော်များဆီ ဦးတည်၍ အခြေအနေပြောင်းပြန်ဖြစ်သွားသည်အထိ တိုက်ခိုက်သတ်ဖြတ်နေသည်။
သူနှင့် သူ၏စစ်သည်တော်များ အဝိုင်းခံထားရသည့်အကြားမှ ဖောက်ထွက်နိုင်တော့မည့်အချိန်တွင် အလင်းတန်းတစ်တန်း ဖျတ်ခနဲ တောက်ပလာသည်။ ကောင်းကင်နတ်မင်းရီလော့သည် မုန့်ယွင်ကွေ့ ယခုလေးတင်ရှိ နေခဲ့သော သင်္ဘောပေါ်သို့ ဆင်းသက်လိုက်၏။
ဝှစ်….
ကောင်းကင်နတ်မင်းရီလော့က တောင်ပံများ ဖြန့်လိုက်ရာ သင်္ဘောကုန်းပတ်နှင့် အိမ်များ မြောက်တက်သွားသည်။ သင်္ဘောခန်းများထဲတွင် မရေမတွက်နိုင်သော လူများမှာ တုန်ရီကြောက်ရွံ့နေကြ၏။ လူငယ်လူရွယ်၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် သန်မာအားကောင်းသူများ၊ အားနည်းသူများဖြင့် ပြည့်နှက်နေတော့သည်။
မုန့်ယွင်ကွေ့က ရပ်၍ လှည့်ကြည့်လာသည်။ သူ၏မျက်လုံးများမှာ သွေးချင်းနီနေပြီး သူသည် ခါးကိုင်းကာ အသက်ပြင်းစွာ ရှူနေရ၏။ သူက ကောင်းကင်နတ်မင်းရီလော့အား စူးစူးရဲရဲ စိုက်ကြည့်နေသည်။
ကောင်းကင်နတ်မင်းရီလော့က ပြုံး၍ လက်ဝှေ့ရမ်းလိုက်သည်။ တောင်ကောင်းကင်မုခ်၀တစ်ခုက ကောင်းကင်နတ်မြစ်ဆီသို့ ရုတ်တရက် ကျဆင်းလာပြီး ဖိထားလိုက်ချေပြီ။
မင်းသားယိုမင်းလည်း သင်္ဘောများကို အဝေးသို့ ပို့၍ မုန့်ယွင်ကွေ့အား ကယ်တင်တော့မည့်အချိန်တွင် တောင်ကောင်းကင်မုခ်၀က သူ့အား ကောင်းကင်နတ်မြစ်ထဲမှ တွန်းထုတ်လိုက်၏။
“မင်းသား၊ သင်္ဘောတွေကို အရင်သယ်သွားပေးပါ”
မုန့်ယွင်ကွေ့က ခါးပြန်မတ်လိုက်ပြီးနောက် လှည့်ပင် မကြည့်ဘဲ အော်ဟစ်လိုက်သည်။ “ကျုပ် အနောက်က လိုက်ခဲ့ပါမယ်”
မင်းသားယိုမင်းသည် လှည့်ထွက်ကာ သင်္ဘောများနှင့် တောင်ကောင်းကင်မှ လူသားများကို အဝေးသို့ သယ်ဆောင်သွားတော့၏။
“ဒူးထောက်စမ်း” ကောင်းကင်နတ်မင်းရီလော့က မှင်သေသေ ပြောသည်။
သူ့အနောက်ရှိ သင်္ဘောပေါ်မှ လူအားလုံး ဒူးထောက်လိုက်ကြ၏။ မည်သူမှ မရပ်ရဲကြပေ။ အချို့သော ကလေးများက ငိုကြွေးချင်သော်လည်း သူတို့၏ မိခင်များက ပါးစပ်ကို ပိတ်ထားကြသည်။
ကောင်းကင်နတ်မင်းရီလော့က လက်မြှောက်၍ အမျိုးသမီးတစ်ယောက်ကို ဆွဲခေါ်လိုက်သည်။ သူက မုန်ယွင်ကွေ့ကို လှောင်ပြုံးပြုံးလျက် ကြည့်နေ၏။ “ကောင်းကင်ဆရာသခင်မုန့်၊ သူတို့တွေက ကျွန်နဲ့ အစာသက်သက်ပဲ…. ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားမိစ္ဆာတွေအတွက် ရိက္ခာတွေ…. မရေမတွက်နိုင်တဲ့ ရိက္ခာတွေကို နတ်ဘုရားတစ်ပိုင်းတွေဆီ နှစ်တိုင်း ယဇ်ပူဇော်နေကျပဲဟာ… အဲဒီတုန်းက ဘာလို့ ကောင်းကင်နတ်ဘုံကို မပုန်ကန်ခဲ့တာလဲ…. ဘာအကြောင်းကြောင့် ဒီအချိန်မှာမှ ကောင်းကင်နတ်ဘုံကို ပုန်ကန်ရတာလဲ’’
မုန့်ယွင်ကွေ့၏ အသံက ခြောက်ကပ်အက်ကွဲနေပြီး သူက ခပ်ဟဟ ရယ်လိုက်သည်။ “အရင်တုန်းက ဒီအကြောင်းတွေကို ကြားပဲ ကြားခဲ့ဖူးပြီး မမြင်ခဲ့ရဘူးလေ… ဝမ်းနည်းခဲ့ပေမယ့် သည်းခံနိုင်ခဲ့တယ်….အခု ကိုယ်တိုင် မြင်တွေ့လိုက်ရတော့ ငါ့ရဲ့ တာအိုနှလုံးသားကို ထိခိုက်စေခဲ့တယ်… ဒါကြောင့် ငါ ပုန်ကန်ချင်ခဲ့တာပဲ”
သူက ခါးမတ်၍ သူ့နှုတ်ခမ်းထောင့်ရှိ သွေးကို သုတ်လိုက်သည်။ “ကောင်းကောင်းကင်ရဲ့ လူသားတွေက ယဇ်ပူဇော်မခံရခင်အထိ အသက်ခြောက်ဆယ် ဒါမှမဟုတ် ခုနစ်ဆယ်လောက်အထိ နေနိုင်ခဲ့ကြတယ်…. ဒါပေမဲ့ ကောင်းကင်နတ်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်ပွဲက အချိန်အတော်ကြာမြင့်မှာ… တောင်ကောင်းကင်ဟာ မျိုးပြုတ်တဲ့အထိ စားသုံးခံရလိမ့်မယ်… အသက်ခြောက်ဆယ် ဆိုတာကို ကြားဖူးကြမှာတောင် မဟုတ်တော့ဘူး…. မွေးကင်းစကလေးကိုတောင် စားရင် စားကြမှာ… ဒါကို ငါ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ”
ပိုင်ယွီကျင့်မှာ ရှေ့သို့ ပျံသန်းမသွားပေ။ ထိုအစား အဝေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။
ကောင်းကင်နတ်မင်းရီလော့က ခေါင်းမော့၍ သူ ဆွဲခေါ်ထားခဲ့သည့်အမျိုးသမီးကို ဝါးမြိုလိုက်သည်။ သူက သူမကို မြိုချပြီးနောက် အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ခနဲ့လေသည်။ “သူတို့အတွက်လား… ဘယ်လို ခုခံတွန်းလှန်ရမလဲဆိုတာတောင် မသိတဲ့ တိရစ္ဆာန်တွေအတွက်ပေါ့လေ…”
သူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း သူ့အနောက်၌ဒူးထောက်နေသော လူများကို လက်ညှိုးထိုးလိုက်သည်။ “ကောင်းကင်နတ်အရှင်တွေနဲ့ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကလွဲရင် ဒီလောကမှာ ခင်ဗျားထက် ပိုပြီး အာဏာရှိတဲ့လူ ရှိပါတော့မလား… ခင်ဗျားက ကောင်းကင်နတ်ဘုံကို ဒီတိရစ္ဆာန်တွေအတွက် ပုန်ကန်ခဲ့တာပေါ့…. ဟုတ်လား ကောင်းကင်ဆရာသခင်မုန့်”
သူက ရက်စက်ကောက်ကျစ်စွာ ရယ်လိုက်သည်။ “နတ်ဘုရားတွေအကုန်လုံးက ခင်ဗျားက နံပါတ်တစ် ကောင်းကင်ဆရာသခင်ဖြစ်ပြီး ကောင်းကင်ဆရာသခင်ရှန့်ထက် သာလွန်တယ်လို့ ပါးစပ်က တဖွဖွ ပြောနေခဲ့ကြတာ… ကျုပ်အမြင်မှာတော့ ခင်ဗျားက အတုံးဆုံး ဆုံးဖြတ်ချက်ကို ချလိုက်တာပဲ”
သူ၏ အပြုံးက ရုတ်တရက် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။ “သူ့ကို သတ်လိုက်’’